WELCOME

Monday, October 17, 2011

USB Drive ရဲ့အသုံးဝင်တဲ့လျှို့ဝှက်ချက်တွေ

အသုံးဝင်တဲ့လျှို့ဝှက်ချက်ဆိုတော့ အသုံးဝင်တာပဲပြောပါမယ်။ USB Drive ကို Icon အနေနဲ့ သုံးနိုင်ပါတယ်။
တကယ်လို့ ကွန်ပျူတာမှာ USB Hub တစ်ခုကိုသုံးစွဲမယ်ဆိုရင် နောက်ပြီး USB အများကြီးနဲ့ Multiple
USB Port တွေထားရှိသုံးစွဲမယ်ဆိုရင် အဲဒီ Port ကိုကွဲပြားခြားနားတဲ့ Icon တွေ အဖြစ်ပေးထား
လို့ရပါတယ်။လွယ်တာကတော့ R-Click> Custom Icon ကနေပေးထားတဲ့ပုံစံထဲကတစ်ခုချိန်းယူတာမျိုးပါ ။
နောက်ထပ်လုပ်ဆောင်နိုင်တာကတော့ (.ico) Format ကို Drive ထဲ အရင်ထည့်ထားပြီး မှ ပြောင်းတာပါ။
Convert icon ဆော့ဝဲလေးကနေလည်း format ပြောင်းယူနိုင်ပါတယ် ။ Icon တွေကွဲပြားစွာပြပေးနေမှာ
ဖြစ်လို့ ဘယ် USB ကဘာ file တွေပါတယ်ဆိုတာ အလွယ်တကူသိနိုင်ပါတယ်။
Google OSကို USB Drive မှာထည့်ပြီး လိုအပ်တဲ့အခါထုတ်သုံးနိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက် Custom ပြုလုပ်
ထားနိုင်ပါတယ်။ Open Source OS တစ်ခုလည်းဖြစ်ပါတယ်။
Democary Key ကိုဒေါင်းလုပ်ချပြီး stick ထဲထည့်ထားပါ ။ Windows ပေါ်မှာ Web Application တစ်ခုလို
အသုံးပြုနိုင်ပါတယ် ။ မေးလ်စစ်တာ ၊ကိုယ်ရေးကိုယ်တာတွေကို Encrypt လုပ်တာနဲ့ Browse လုပ်တာတွေ
ဝန်ဆောင်ပေးနိုင်ပါတယ်။လုံခြုံမှုလည်းရှိပါတယ်။
XBMC Media Player ကို Drive ထဲထည့်ထားမယ်ဆိုရင် Net Book မှာပဲဖြစ်ဖြစ် Laptop မှာပဲဖြစ်ဖြစ်
Media File တွေကိုလွယ်လွယ်ကူကူ ကြည့်ရှုခံစားနိုင်ပါတယ်။
ကိုယ့် Thumb Drive ထဲမှာ Ubunutu ကိုထည့်သွင်းထားမယ်ဆိုရင်Windows ရဲ့ Error တွေအားလုံးကို
Ubunutu ကတစ်ဆင့် Boot လုပ်ပြီးဝင်ကြည့်ရင်း ပြင်ဆင်နိုင်ပါတယ်။အသေးစိတ်လုပ်ဆောင်ချက်တွေကို
တော့ www.lifehacker.com မှာ ၀င်ကြည့်လို့ရပါတယ်။
www.portableapps.com ကနေ အလွယ်တကူသုံးလို့ ရတဲ့ ဆော့ဝဲလေးတွေကို ရယူထည့်သွင်း
ထားမယ်ဆိုရင် windows ရဲ့ Memory ကိုချွေတာရာရောက်ပြီးပိုမိုမြန်ဆန်စွာအသုံပြုနိုင်စေပါမယ်။
USB Safeguard ဆော့ဝဲလေးက ကိုယ့်စတစ်ကို လုံခြုံအောင်ဖန်တီးပေးနိုင်ပါတယ် ။
အရေးကြီးတဲ့ ဒေတာတွေကို စတစ်ထဲထည့်ပြီး ဖိုင်ကိုဝှက်ထားတာမျိုးတွေ ၊ပုံစံဖျောက်ထားတာမျိုးတွေ
Password ပေးထားတာမျိုးတွေလုပ်လို့ ရပါတယ်။
Data တွေကိုလွယ်ကူစွာ သယ်လို့ပို့လို့လည်းရတယ်နော် ။။ခုဆိုရင် USB 3.0 အမြန်နှုန်းပါရနေပါပြီ။
Linux အနွယ်ဝင်တွေမှာ Portable Linux OS(Eg- Slax , OS-X) ရှိတဲ့အတွက် Drive ထဲထည့်ထားပြီး Virus ရှိနိုင်တဲ့စက်တွေ
အကြားမှာ အဆင်ပြေစွာ ဒေတာကူးပြောင်းနိုင်ပါတယ် ။ Linux ပေါ်မှာ Virusအများစု(မရှိသလောက်ပဲ)အလုပ်မလုပ်ဖူးလေ ။

No comments: