WELCOME

Sunday, October 16, 2011

၊ ဘ၀သစ်တွင် ပဋိသန္ဓေနေသောသူသည်





' ဘန္ဒေ နာဂသေန ၊ ဘ၀သစ်တွင် ပဋိသန္ဓေနေသောသူသည် ရှေးဘ၀က သူပင်လော ၊ သို့မဟုတ် အခြားသူလော''

'' မဟာရာဇ ၊ ရှေးဘ၀က သူလည်းမဟုတ် ၊ အခြားသူလည်းမဟုတ် ''

'' ဥပမာ ပြပါဦး ဘန္ဒေ ''

'' မဟာရာဇ ၊ သင်သည် ပက်လက်အိပ်သော ကလေးသူငယ်ဖြစ်ခဲ့၏ ၊ ယခုအခါ ကြီးလာသော သင်သည် ထိုခလေးသူငယ်ပင်လော ''

'' ဘန္ဒေ မဟုတ်ပါ ၊ ယခုအခါ ကြီးလာသော ငါက တခြားဖြစ်ပါ၏။ ''

'' မဟာရာဇ သို့ဖြစ်ပါလျှင် အမိ အဖ ဟူ၍လည်းကောင်း ဖြစ်နိုင်တော့မည်မဟုတ် ၊ ဆရာသမား ၊ သီလရှိသူ ၊ အတတ်အညာတတ်သူဟူ၍လည်း ဖြစ်နိုင်တော့မည်မဟုတ် ၊ မဟာရာဇ အသို့နည်း ၊ ဘ၀အစ ကလလ ရည်ကြည်
တည်စဉ်က အမိတစ်ယောက် ၊ အမြုပ်ဖြစ်စဉ်က အမိတစ်ယောက် ၊ သားတစ် အတုံးအခဲဖြစ်စဉ်က အမိတစ်ယောက် ၊ သုငယ်ဖြစ်စဉ်က အမိတစ်ယောက် ၊ ကြီးသောအခါ အမိတစ်ယောက်ဖြစ်ပြီး အတတ်ပညာသင်ကြားသူက တစ်ယောက် ၊အတတ်ပညာတတ်သူက တစ်ယောက်ဖြစ်မည်လော၊ အခြားတစ်ယောက်က မကောင်းမှုပြု၍ အခြားတစ်ယောက်က အပြစ်ဒဏ်ခံရမည်လော ''

'' ဘန္ဒေ ၊ ထိုသို့မဖြစ်နိုင်ပါ၊ အကယ်၍ အရှင့်အား တစ်စုံတစ်ယောက်က ဤမေးခွန်းကို မေးခဲ့ပါလျှင် အရှင်ဘယ်သိုဖြေမည်နည်း ''

'' မဟာရာဇ ငါသည် ပက်လက်အိပ် သော ကလေးသူငယ်ဖြစ်ခဲ့ပြီး ၊ ငါသည်ပင် ယခုအခါ ကြီးရင့်၏ ၊ ဤကိုယ်ကိုသာအမှီပြုပြီး ၊ ထိုအလုံးစုံသော သူငယ်အရွယ် စသည်တို့သည် တပေါင်းတစည်းတည်းဖြစ်ကုန်၏ ''

'' ဥပမာပြပါဦး ဘန္ဒေ ''

'' မဟာရာဇ တစုံတယောက်သည် ညဥ့်ဦးက မီးထွန်းထား၏ ၊ ထိုမီးသည် တညလုံးပင် ထွန်းလင်းတောက်ပနေရာ ညဥ့်ဦးယံက မီးသည် တခြားလော ၊ သန်ကောင်ယံက မီးသည် တခြားလော ၊ မိုးသောက်ယံမီးသည် တခြားလော ''

'' မဟုတ်ပါ ဘန္ဒေ ၊ ထိုညဥ့်ဦးယံမီးကိုသာ အမှီပြု၍ တညလုံးထွန်းလင်းနေပါ၏ ''

'' မဟာရာဇ ထိုအတူပင် တရားအစဉ်အဆက်သည် ရှေ့နောက် ဆက်စက်၏ ၊ အခြားတရားတပါး ဖြစ်ပေါ်လာ၏ ၊ အခြားတရားတစ်ပါး ချုပ်ငြိမ်း၏ ၊ မရှေးမနှောင်းတစ်ပြိုင်နက်ကဲ့သို့ ရှေ့နောက်ဆက်စပ်၏ ၊ ထိုသို့ တစ်ပြိုင်နက် ကဲ့သို့ဖြစ်၍ ချုပ်ပျက်ဆက်စပ်ခြင်းကြောင့် ထိုရှေးသူလည်းမဟုတ် ၊ အခြားသူလည်းမဟုတ် ၊ ရှေးဝိညာဏ်တွင် နောက်ဝိညာဉ် ပေါင်းဆုံခြင်းဖြစ်၏ ''

'' ဥပမာ ပြပါဦး ဘန္ဒေ ''

'' ညှစ်သောနိ့သည် ကြာလျှင် နိ့ဓမ်းဖြစ်၏ ၊ နို့ဓမ်းမှ ဆီဦး ၊ ဆီဦးမှ ၊ ထောပတ်ဖြစ်၏ ၊ ယင်းနို့ပင်လျှင် နိ့ဓမ်း၊ ထင်းနို့ဓမ်းပင်ဆီဦး ၊ယင်းဆီဦးပင် ထောပတ်ဟုပြောလျှင် မှန်မည်လော ''

'' မမှန်နိုင်ပါ ဘန္ဒေ ၊ ထိုနို့ကိုအမှီပြု၍သာ နို့ဓမ်း စသည် ဖြစ်ရပါ၏ ''

'' မဟာရာဇ ထို့အတူသာ ဆိုခဲ့သည့်အတိုင်း တရားအစဉ်အဆက် ရှေ့နောက် ဆက်စက်နေခြင်း ဖြစ်လေသည် ''

No comments: