WELCOME

Showing posts with label Virus. Show all posts
Showing posts with label Virus. Show all posts

Tuesday, October 25, 2011

Virus ကာကွယ်ရေးအတွက်လမ်းညွှန်၂၃ချက်


၁။ Anti-virus ဆော့ဖ်ဝဲလ်တွေဟာ မလုံလောက်ပါ။ ‘Removal tools’ ကိုinstall လုပ်ပါ။ (virus ကာကွယ်ရေး ဆော့ဖ်ဝဲလ် တွေဟာ ပီစီ ကို spyware ဒါမှမဟုတ် adware တွေငြိကပ် ကူးစပ်တဲ့အခါ မဆိုင်သလို လုပ်နေလေ့ ရှိတတ်ပါတယ်။

၂။ spyware/adware removal tools ကိုအနည်းဆုံး၂ခုထားပါ။ (anti-virus tool တွေ ကသာ အချင်းချင်း ရန်စောင် ပြဿနာ တက်တတ် ကြပေမယ့် spyware ကာကွယ်ရေး ဆော့ဖ်ဝဲလ်တွေ ကတော့ အချင်းချင်း သင့်မြတ် ကြလေ့ ရှိပါတယ်။

၃။ Firefox လား? IE လား? သေချာစွာ စဉ်းစားပါ။ (များသောအားဖြင့် spy-ware တွေဟာ အဲဒီလို browser နှစ်ခုအကြား ဗျာများ နေတဲ့ အချိန်မှာ ဝင်လာ တတ်ပါတယ်။ တချို့ website တွေ ဟာတတ်ပါတယ်။ တချို့website တွေဟာတတ်ပါတယ်။ တချို့ website တွေဟာ IE နဲ့အလွမ်းသင့်ပြီး တချို့ကျတော့ firefox နဲ့မှ အဆင်ပြေ တတ်ကြတဲ့ အတွက် တွေဝေမှုကို လျှော့ချပါ။

၎။ P2P ကွန်ရက်ကို သတိထားပါ။ (’.torrent’ တွေကနေ တစ်ဆင့် adware/spyware တွေ ကူးစက်တတ်တာ ခုနောက်ပိုင်းမှာ ပုံပြင် သစ်တွေ ဖြစ်လာနေပါပြီ။ မလိုအပ်ရင် P2P မသုံး ဘဲ ရိုးရိုးသာ download ချပါ။

၅။ Bazooka Scanner ကို down-load ရယူပါ။ (spyware,adware) ရှိမရှိ အဓိက စစ်ဆေးပေးတ bazooka scan-nerကိုအခမဲ့ ရနိုင် ပါတယ်။

၆။ ဆော့ဖ်ဝဲလ် update ကို ကိုယ်တိုင်တိုင် လုပ်ပါ။ (တစ်ခါတလေမှာ ဆော့ဖ်ဝဲလ် update လုပ်ပေးပါမယ် ဆိုတိုင်း အတင်းကာရာ လက်မခံ လိုက်ပါနဲ့။ အရင်ဆုံး ကိုယ့်ရဲ့ anti-spyware ဟာ update ဖြစ်မဖြစ် စစ်ဆေးပါ။)

၇။ firewall ကို ကိုယ်ကိုယ်တိုင် တည်ဆောက်ပါ။ (ဥပမာ Zonealarm လိုမျိုး firewall ဟာ အမြင်ကတ်စရာ ကောင်းလောက်အောင်ကို တာဝန်ကျေပြီး ကိုယ်သုံးစွဲ ချင်တဲ့၊ ယုံကြည်ရတဲ့ software list တွေကို သူ့ကို ပေးထား လိုက်ရုံနဲ့ အဆင်ပြေပါတယ် firewall ထားရှိတဲ့အတွက် RAM ကတော့ မသိမသာ ထပ်လိုပါမယ်။)

၈။ EULA ကို ဖတ်ပါ။ (end user license agreement ဆိုတာဟာ ဆော့ဖ်ဝဲတိုင်းနဲ့ website အတော် များများမှာ ပါဝင် တတ်ပါတယ်။ ဆော့ဖ်ဝဲလ် အသစ်တစ်ခုဟာ ကိုယ့်နဲ့ မရင်းနှီးသေး ရင် EULA ကို အဓိကထားပြီး ဖတ်ရှုပါ။

၉။ back up လုပ်ပါ။ back up လုပ်ပါ။ back up လုပ်ပါ။ (ပညာရှင်တိုင်း လိုလိုက data တွေကို back-up လုပ်ဖို့ အကြံပြုခဲ့ပေမယ့် user တိုင်းလိုလိုက မေ့လျော့ နေကြဆဲပါ။ အရေးကြီးတဲ့၊ တန်ဖိုးရှိတဲ့ အချက်အလက်တွေ မဆုံးရှုံးစေဖို့ နည်းလမ်းကောင်းတွေထဲက တစ်ခုက back up လုပ်ခြင်းပဲဖြစ်ပါတယ်။)

၁၀။ home page ပြောင်းလဲ သွားတာမြင်တာနဲ့ scan လုပ်ပါ။ (ကိုယ်တိုင်မသိလိုက် ပါပဲနဲ့ home page ပြောင်းလဲ သွားပြီ ဆိုတာနဲ့ ချက်ချင်း scan လုပ်ပါ။ အဲဒါဟာ spyware ဖြစ်ဖို့ အခွင့်အလမ်း များနေပါပြီ။)

၁၁။ window ကို အဆင့်မြှင့် တင်ပါ။ (အကယ် XP သုံးစွဲနေရင် service pack 2 ကို ပြောင်းလဲ သင့်ပြီး XP SP2 သုံးစွဲနေရင် vista ကို အဆင့်မြှင့် တင်သင့် ပါတယ်။ လူသိ နည်းနေတဲ့ OS ဟာ အတိုက်အခိုက် ခံရမှု နည်းပါး နေဦးမှာပါ။)

၁၂။ ကြော်ငြာတွေဟာ spyware တွေလား။ (မသေချာပါ။ ကြော်ငြာတိုင်းဟာ spyware မဟုတ်သလို spyware တိုင်း ကတော့ Advertising တိုင်းဆီကနေ ၀င်ရောက် လာတာပဲ ဖြစ် ပါတယ်။)

၁၃။ Keylogger တွေကို ကာကွယ်လို့ ရနိုင်ပါတယ်။ (တကယ်လို့ကိုယ်ပိုင် ဗဟုသုတ နည်းပါး နေရင် keylogger တွေ ရဲ့ သွင်ပြင် လက္ခဏာ တွေကို ရှာဖွေ ဖတ်ရှုပါ။ ‘Ctrl+Alt+Del’ သုံးစွဲပြီး system မှာ run နေတဲ့ မသင်္ကာတဲ့ ‘exe’ ဖိုင် မှန်သမျှကို ဖယ်ရှား ပစ်ပါ။ အဲဒီလို ဖယ်ရှားပစ်ခြင်း အားဖြင့် system ဖိုင်အစစ်တချို့ ဆိုရင် လတ်တလောမှာ အလုပ် မလုပ် တော့တာကလွဲပြီး ဘာမှ မဖြစ်နိုင်ပါ။)

၁၄။ အများသုံး ကွန်ပျူတာတွေ ဆီမှာ ကိုယ်ပိုင် အချက်တွေ မသုံးစွဲ ပါနဲ့။ (လူအများနဲ့ စပ်တူ သုံးစွဲရတဲ့ ကွန်ပျူတာ တွေဆီမှာ လိုအပ် ချက် ကြောင့် (ဥပမာ cyber cafe လိုမျိုး နေရာ) ကိုယ်ပိုင် အချက်အလက်တွေ သုံးစွဲ ရမယ်ဆိုရင် သတိ ထားပါ။ ကွန်ပျူတာကနေ ထွက်ခွာ မယ်ဆိုင်ရင် ကိုယ့် history တွေကို ရှင်းလင်းပစ်ခဲ့ပါ။

၁၅။ Upload ဖိုင်တွေကိုလဲ သတိထားပါ။ (ဓာတ်ပုံ သို့မဟုတ် အခြား အချက် အလက်များ မဖြစ်မနေ တင်ပို့ ရပြီ ဆိုပါရင် secure ရှိတဲ့web host တွေကို သုံးစွဲပါ။)

၁၆။ anit-spyware software အခမဲ့ပေးတဲ့ website- ဥပမာအားဖြင့် AVG anit-spyware website ကနေ အခမဲ့ ပေးထား ပါလျက်နဲ့ download ချလို့မရနိုင်တာမျိုးရှိပါတယ်။ (အဲဒါဟာ သိပ်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ပီစီမှာ spyware ၀င်နေတာကို AVG ကသိနေလို့ပါ။ နောက်တစ်မျိုးက ကိုယ့်ရဲ့ spyware က anti-spyware ကိုလက်မခံလို့ပါ။ ဒါဆိုရင်တော့ သတိကြီးကြီးနဲ့ ရှင်းလင်းပစ်ရပါလိမ့်မယ်။)

၁၇။ DOS တိုက်ခိုက်မှု ရှိလာနိုင်သလား။ ကွန်ပျူတာရဲ့ အတွင်းပိုင်းစနစ်အထိ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်တိုက်ခိုက်မှု ဖြစ်ပါတယ်။ P2P network မှာ ကိုယ်မသိတဲ့ လူတွေဆီကို sharing မလုပ်ဖို့နဲ့ အခမဲ့ရတဲ့ software တိုင်းကို မယုံကြည်ဖို့ zip/ rar file တွေကို သတိ ထားဖို့ လိုပါမယ်။

၁၈။ icon တွေကို desktop ပေါ်မှာအတင်းအကျပ် နေရာယူပြီဆိုရင် spyware ဖြစ်နေပါပြီ။ (ဆော့ဖ်ဝဲတိုင်းမှာ desktop icon shortcuts သဘောမျိုးဖန်တီးပေးပေမယ့် သုံးစွဲသူ ခွင့်မပြုဘဲ နေရာ မယူတတ်ကြပါ။)

၁၉။ အချက်ပေးပုံသဏ္ဍာန်တွေ မှားယွင်နေတဲ့အခါ anti-spyware ဆော့ဖ်ဝဲလ်တွေဟာ ပြီးပြည့်စုံမှု မရှိပါ။ သူတို့ကိုရှင်းလင်း ပစ်တိုင်းမှာ uninstall ကို အသေအချာ ပြုလုပ်ပါ။ သဘောတရားအရပြောရရင် anti-spyware ဆော့ဖ်ဝဲလ် ကိုယ်က spyware တစ်ခုပါပဲ။

၂၀။ Remote Access Trojan ဆိုတာ virus လိုမျိုး။ program ငယ်ကလေး တစ်ခုကို ကွန်ပျူတာ စနစ်အတွင်း ကိုယ်မသိ လိုက်ရပါပဲ ၀င်ရောက်စေခဲ့ပြီး အဲဒီပရိုဂရမ်ကလေးဟာကိုယ်လုပ်နေသမျှသတင်းအချက်တွေနဲ့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စ၀ိစ္စ မှန်သမျှကို ပိုင်ရှင် ဆီကိုသတင်းပြန်လည်ပေးပို့နေလေ့ ရှိပါတယ်။

၂၁။ Drive-By Download ဆိုတာ အဓိက အားဖြင့် ပုဂ္ဂလိက အချက်အလက်တွေနဲ့ လုံခြုံမှုကို ထိပါးစော်ကားတဲ့ တိုက်ခိုက်မှုတစ်မျိုးကို ခေါ်ဆိုပါတယ်။ တကယ်လို့ ကြော်ငြာ pop-up တွေကို သတိထားပြီး တားဆီးမယ်ဆိုရင် တိုက်ရိုက်ထိတွေ့ခံရမှု မရှိနိုင်ပါ။ Pop-up blocker ပါဝင်တဲ့ firefox လို borwser မျိုးကို သုံးစွဲသင့်ပါတယ်။

၂၂။ Search bar တွေကို မယုံကြည်ပါနဲ့။ google.com နဲ့ google toolbar… Yahoo နဲ့  Yahoo toolbar တို့လို ယုံကြည်စိတ်ချ ရတဲ့ အရာတွေ ရှိနေပြီးတဲ့ အချိန်မှာ web ကို အထူး ရှာဖွေပေးမယ် ဆိုတဲ့ toolbar တွေကို ယုံကြည်ကိုးစား မနေပါနဲ့တော့။ www.google.com လို့ address bar မှာ ရိုက်လိုက်ရတာဟာ မရေရာ မသေချာတဲ့ toolbar တွေကို install လုပ်လိုက်နေတာထက် အများကြီး လုံခြုံမှုရှိပါတယ်။

၂၃။ ဒီနေရာကိုသွားပါ။ Virus နဲ့ ပတ်သက်ပြီး အကောင်းအဆိုးတွေကို ပုံမှန် သတင်းပေးရင်း ကာကွယ် ဖို့နည်းလမ်းတွေကို အခမဲ့ ဖြန့်ချီနေတဲ့ နေရာတွေ ရှိသလို အခု website တွေကတော့ spyware, adware, malware စတာတွေကို ရင်ဆိုင် ဖြေရှင်းဖို့ သတင်း တွေ၊ tools တွေ၊update new တွေ ရနိုင်ပါတယ်။

(ကွန်ပျူတာ ဂျာနယ် ၂၀၀၈ခုနှစ်၊ မေလ၊ အမှတ် ၁၇၁)


အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း


တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်


တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility


RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

All-in-one diagnostic Tools
Autoruns


ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။

Process Explorer

ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။

Hijack This

Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို


Malware Bytes

Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။
Download Links:






Ref:Ref: mediasection/www.planetcreator.net & World wide myanmar

Virus ၏ ပင်ကိုယ်သဘောကို ရှင်းပြခြင်း


အခုထွက်နေတဲ့ သတင်းတွေ၊ Web Site Forum တွေမှာ ကြည့်လိုက်ပါ...။


ဘာတွေအတွေ့များလဲ။ ကျွန်တော့်စက်မှာတော့ Folder Option မပေါ်တော့ပါဘူး။ Virus ကိုက်နေပြီ။ ဘယ် Virus
အသစ်တွေကတော့ ပေါ်လာပြန်ပြီ။ ကယ်ကြပါ...ဒီမှာ ဘယ်လိုသတ်သတ် မသေဘူး အဲဒါတွေများနေတယ်မလား။
ဟုတ်တယ် Virus..Virus..။ လူတွေကို တော်တော် ဒုက္ခပေးတယ်။ ကုမ္ပဏီတွေကိုလည်း ဒုက္ခပေးတယ်။ ကြီးကြီးငယ်ငယ်
အရွယ်အားလုံးကို ဒုက္ခပေးတယ်။ ကြားရင်တော့ ရယ်စရာကောင်းနေမလားမသိဘူး။
ကွန်ပျူတာ Virus ဆိုတာ သတင်းတွေ၊ အချက်အလက်တွေအားလုံးအတွက် အံ့ဩဖွယ်ရာသက်တမ်း အရှည်ဆုံးဖြစ်ပါတယ်။
နောက်တစ်ခုပြောသေးတာက Virus  ဆိုတာ ကိုယ်တွေဘယ်လောက် တန်ဖိုးရှိလည်း တော်လဲတတ်လဲဆိုတာ
ပြောပြပေးတဲ့ကောင်တဲ့။ အင်း.. ဒီလိုဆိုတော့ Virus ကို ထိုင်တောင် ရှိခိုးချင်စိတ်ပေါက်သွားပြီ။
သေသေချာချာ ထွင်ထားတဲ့ Virus  တစ်ခုကဆိုးကျိုးပေးတာ၊ ထိခိုက်စေတာ ပိုများတယ်။
နောက်ပိုက်ဆံသန်းပေါင်းများစွာကို နစ်နာစေတယ်။ ဟုတ်တယ်နော်..သူပြောထားတာလည်း ဟုတ်သားပဲ။ Virus တစ်ခု
ပေါ်လာတာက လူတွေကြောင့်ပဲ မဟုတ်လား။ ဒီတော့ သူတို့က ပိုထိခိုက်စေလေ လူတွေတော်ကြောင်း ပိုကြွားသလို
ဖြစ်လေပဲပေါ့။ ထွင်တဲ့လူတွေကိုပဲ ကျေးဇူးတင်ပါတယ် လိုက်ပြောရမလိုပဲနော်။
Virus ဆိုတာကလည်း တစ်နှစ်ပြီးတစ်နှစ်ကို ပေါ်လာတာအမျိုးမျိုးပဲ။ ၂၀၀၄၊ ဇန်န၀ါရီတုန်းကဆို Mydoom Worm
ပေါ်လာပြီး တစ်ရက်တည်းမှာတင် မီလျံလေးပုံတစ်ပုံလောက် ရှိတဲ့ Computer တွေကို ကူးသွားတာ။ ပြီးခဲ့တဲ့ ၁၉၉၉
မတ်လတုန်းကလည်း ကြည့်ပါလား။
Melissa Virus  ဆိုပြီး ပေါ်လာတယ်လေ။ Microsoft နဲ့တစ်ခြားကုမ္ပဏီ အကြီးကြီးတွေ အားလုံး Virus ရှိနေသမျှ သုတို့
E-mail System တွေကို သုံးလို့မရဘူးဖြစ်သွားတာ။
၂၀၀၀ ပြည့်နှစ်တုန်းက I Love You Virus  တုန်းကလည်းဒီအတိုင်းပဲ။ ဟော.. ၂၀၀၇၊ ဇန်န၀ါရီလည်း ရောက်ရော Storm
ဆိုတဲ့ Worm တစ်ကောင်ပေါ်လာပြန်ရော။ အဲဒီ Virus ကြောင့် အောက်တိုဘာလလည်းကျရော ကွန်ပျူတာပေါင်း သန်း ၅၀
အထက်ကို အကူးခံရပါရောလား။ ကဲကြည့်လေ..ဘယ်လောက်တောင် အထင်ကြီးစရာကောင်းတဲ့ Virus တွေလဲလို့..။
IT နဲ့ ပတ်သက်တဲ့ သတင်းတွေကို နားထောင်တဲ့လူတိုင်းက Virus ကူးပုံကူးနည်းအမျိုးမျိုး အကြောင်းကြားနေရမှာ အမှန်ပဲ။
ဒီအောက်မှာဖော်ပြပေးထားတဲ့ Viruses တွေကို ဖော်ပြပေးထားပါတယ်။

(၁)Viruses

Virus  ဆိုတဲ့ကောင်က Software လေးပဲ။ Software မှာမှ တကယ့် လူတွေအသုံးများတဲ့၊ သုံးနေတဲ့ Program တွေ၊
နောက်မှာကပ်ပါးလျက်ပါး ခိုးကြောင်ခိုးဝှက်လိုက်လာတဲ့ ကောင်တွေပေါ့။ ဥပမာပြောရရင် Spreadsheet Program လေး
နောက်မှာ Virus လေးကကပ်ပါလာတယ်ဆိုပါတော့။ ဒီတော့ အဲဒီ Spreadsheet Program Run တိုင်း၊ Run တိုင်းမှာ
Virus Program လေးကလည်းလိုက် Run နေတာပေါ့။ ဒီကောင်က Program တစ်ခုမှာ ကပ်ရုံနဲ့
မပြီးဘူး။ဂြိုလ်သားတွေလိုပဲ.. ပွားနိုင်တယ်။ အခု ဒီ Program ကနေ၊ နောက် Program တွေကိုလည်း
လိုက်ကပ်နိုင်သေးတယ်။

(၂)Email Virus

Email Virus ကတော့ Email Virus ဆိုတဲ့အတိုင်းပဲ။ လူတွေ လူတွေ ပို့သမျှ Email နောက်ကနေ ကပ်လိုက်သွားတာလား။
လိုက်လည်းလိုက်သွားပြီးရော အကူးခံရတဲ့ လူရဲ့ Address Book ထဲကနေ၀င်ပြီး တစ်ခြားလူတွေဆီ သူ့ဟာသူ အော်တို
Mail တွေ ပို့တော့တာပဲ။
အဲဒီတော့ အပို့ခံရတဲ့ လူကမသိ၊ ဖွင့်လည်းဖွင့်လိုက်ရော သူ့ Address Book ထဲ ပါဝင်ပြီး ကူးပြီးတော့ နောက်လူတွေပါ
ဆက်ပို့တော့တာပဲ။ တစ်ဆင့်ကူး၊ တစ်ဆင့်ကူးနဲ့ ပလူပျံကုန်တော့ တာပေါ့။ G-Galk Virus က အဲဒီလိုမျိုးသွားတာလေ။

(၃)Trojan Horses

Trojan Horses ကလည်း ကွန်ပျူတာ Program တစ်ခုပဲ။ ဒါပေမယ့် ဒီကောင်က အယောင်ဆောင်ကောင်။ ဥပမာ-Game
လိုလို၊ ဘာလိုလို အယောင်ဆောင်ထားတာပေါ့။ ကိုယ်ကမသိလို့သွားလည်း Run
လိုက်ရော...ကိုယ့်စက်ကြီးဖျက်ခံရပါလေရော..။
အခန့်မသင့်ရင် Hard Disk ကိုတောင် ၀င်ကိုက်သွားတာနော်။ ဒါပေမယ့် ဒီကောင်က သူ့ဟာသူမပွားနိုင်ဘူး။

(၄)Worms

Worm ကတော့ Network တွေ၊ Security တွေရဲ့ ယိုပေါက်တွေကနေ တစ်ဆင့် ကူးပြီး သူ့ဟာသူ ဆက်ပွားသွားတာ။
Worm ရဲ့ Copy ကောင်က ဘယ်စက်မှာ Security ပိုင်း ယိုကွက်/ ဟာကွက်ရှိနေလဲလိုက်ချောင်း၊
ချောင်းပြီးလို့တွေ့တာနဲ့ကူးတော့တာပဲ။
ကူးပြီးတာနဲ့ ဘယ်စက်ကို ထပ်ကူးရင်ကောင်းမလဲ ထပ်ရှာတယ်။ အဲဒီလိုနဲ့ မျိုးပွားတဲ့ ကောင်တွေ၊ ရောက်ရာအရပ်မှာ
မျိုးစေ့ချတယ်လေ။ ကဲ ဒါကတော့ Worms Virus ပါပဲ။

Monday, October 17, 2011

Conflicker ဆိုတဲ့ Virus

Conflicker ဟာ worm အမျိုးအစားဖြစ်ပြီး w32.Downup,Downadup နဲ့ W32.Kido
အဖြစ်ကွန်ပျူတာသမားများသိထားကြပါတယ်။
worm အမျိုးအစား Virus ၀င်ရောက်ရန်လွယ်ကူသောကွန်ပျူတာများကတော့
အားနည်းတဲ့ Password သုံးထားတဲ့ ကွန်ပျူတာSecurity Update မဖြစ်တဲ့ကွန်ပျူတာ Antivirus မတင်ထားတဲ့
ကွန်ပျူတာတွေ ပြီးတော့Antivirus တော့တင်ပါတယ် နောက်ဆုံးထုတ်  Update ဖြစ်နေတဲ့ Security မဟုတ်ပဲ Shared
ပေးထားတဲ့ စက်တွေ နဲ့ Unsecure မလုပ်ထားတဲ့စက်တွေ ကူးစက်ဝင်ရောက်ဖို့လွယ်ကူပါတယ်။
Virus Update မဖြစ်တဲ့ကွန်ပျူတာတွေမှာဝင်ရောက်ဖို့အထူးပဲလွယ်ကူပါတယ် ။Conflicker  W၀rm Virus ကို
2008 ခုနှစ်နိုဝင်ဘာလမှာ ပထမဆုံးတိုက်ခိုက်မှုကိုခံရပြီးWindows စနစ်ကိုအဓိကတိုက်ခိုက်တာလည်းဖြစ်ပါတယ်
Conflicker ဟာ windows Software ရဲ့ အားနည်းချက်နဲ့ Dictonary Software တို့ရဲ့ အားနည်းချက်ကို အခွင့်အရေးယူ
ကာ Administrator Password ကိုစတင်တိုက်ခိုက်ပါတယ်။
အဲဒီကနေ Link တွေချိတ်ဆက်ပြီးအဝေးကနေညွှန်ကြားချက်တွေပေးပို့ကာတိုက်ခိုက်တတ်ပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း 200 ကျေုာ်မှာ အစိုးရ အိမ်သုံးစီးပွားရေးလုပ်ငန်းခွင်တွေမှာ ကွန်ပျူတာ ၇ သန်းကျော်ကိုဒုက္ခပေးခဲ့တယ်လို့
သိရပါတယ်။
win32/Conflicker.B(or) Conflicker.C တို့ဟာ Network က၀င်ရောက်နိုင်သလို Removable Drives တွေကလည်းတစ်ဆင့်
ဝင်ရောက်ပါတယ်။
Conflicker Worm ဟာလုံခြုံမှုလုပ်ငန်းကိုအလုပ်မလုပ်အောင်ထိမ်းချုပ်နိုင်ပါတယ်။အဲဒီလုပ်ငန်းစဉ်ကိုထိမ်းချုပ်ထားပြီး Web Online
တွေကနေတိုက်ခိုက်တယ်လို့ဆိုပါတယ်။
Win32/Conflicker ကိုဖယ်ထုတ်ဖို့ရာ Single PC Removal Tools(3MB) နဲ့ Network Removal Tool (13 MB)
တို့ကို အသုံးပြုနိုင်ပါတယ်။  Win 32 Conflicker မှာ A.,B.,C., ဆိုပြီးနောက်ဆက်တွဲတွေရှိတာသတိပြုပါ။Microsoft Security Essentials
ကလည်းတားဆီးပေးနိုင်ပါတယ်