WELCOME

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Saturday, March 17, 2012

Computer Security ပိုင်းကို ခြိမ်းခြောက်မှု အများစုမှကာကွယ်၇န် နည်းလမ်းများ.

Thank You Visited My Blog.


ကွန်ပျူတာလောကဟာ အလွန်ပင်ကျယ်ပြန့်ပါတယ်။
ကွန်ပျူတာကိုင်တွယ်အသုံးပြုသူတွေထဲမှာ ကွန်ပျူတာကို အင်တာနက်နှင့်ချိတ်ဆက် အသုံးပြုမယ်ဆိုရင်ဘယ်လို လုံခြုံမှုတွေရှိအောင်ကာကွယ်မလည်းဆိုတာကို မသိသေးသူများအတွက် ရေးသားလိုက်ပါတယ်။ 
ကျွန်တော်တို့ ကွန်ပျူတာ security ပိုင်းကို ခြိမ်းခြောက်မှုအများစုကို ကာကွယ်နိုင်ရန်အတွက် ရှောင်ရန်ဆောင်ရန် အချက်များစွာရှိပါတယ်..။

(၁)။အသုံးပြုနေသော operating system windows နှင့် Office Software တို့ကို update ဖြစ်စေရန် မှန်မှန် check လုပ်၍ လိုအပ်ပါက Microsoft website မှတဆင့် service packs များ security patch များကို download ရယူပါ။

(၂)။Personal firewall တစ်ခုကို install လုပ်၍ကာကွယ် မှုပြုလုပ်ပါ။

(၃)။Antispyware တစ်ခုခုကို install လုပ်ထားပါ။

(၄)။ကွန်ပျူတာတွင် password များအသုံးပြုရာတွင် ခိုင်မာစိတ်ချရသော password များကို အသုံးပြုသင့်တယ်( letter and number)။password ကို မကြာခဏ ပြောင်းလည်းပေးပါ။

(၅)။Email application(Outlook,Outlook express)တို့အတွက် security update များကိုလည်း မှန်မှန်စစ်ဆေး၍ download ရယူပြီး install လုပ်ဆောင်ပေးပါ။

(၆)။Antivirus software တစ်ခုခုကို install လုပ်ဆောင်ထားပြီး virus definition ကို အမြဲ update ဖြစ်နေစေရန် ဆောင်ရွက်ပေးပါ။

(၇)။ကွန်ပျုတာ၏ security ပိုင်းကို ချိန်းခြောက်နိုင်သည့် မကြခဏထွက်ပေါ်နေသော ခြိမ်းခြောက်မှု threats များကို မျက်ခြေမပြတ်ပဲ အမြဲသိရှိနိုင်ရန်အတွက် အသုံးပြုနေသော OS ထုတ်လုပ်သည့် website များမှာ မကြာခဏ သွားရောက်လေ့လာ ရှာဖွေပါ။

(၈)။မိမိထံရောက်ရှိလာသော Email များ စာဖိုင်များကို အလွယ်တကူ မဖတ်ရှုပဲနှင့် မည်သူ့ဆီကလာတယ် ဘာတွေလည်းဆိုတာကို သေချာလေးလေ့လာပြီးမှလုပ်ဆောင်သင့်ပါတယ်...။

အင်တာနက်ကို အသုံးပြုနေသောသူများအတွက် ထိုအချက်များကို အသေချာအလေးထားဆောင်ရွက်သွားသင့်ပါ တယ်ခင်မျာ။သို့မှသာလျှင် ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးကို စိတ်ချမ်းသာစွာနှင့်ကြာရှည်စွာ အသုံးပြုနိုင်ပါမယ်။

Friday, March 16, 2012

ဟက်ကာတစ်ယောက် ဘယ်လိုဖြစ်လာသလဲ

Thank You Visited My Blog.

Hacker Culture ဆိုတာလည်းရှိပါတယ်။ စိတ်ဝင်စားစရာ
ပြသနာတွေကိုသင်ကဖြေရှင်းမယ်။ ရလာတဲ့ သင့်ရဲ့ Solution တွေက
တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်းအသင်းတွေ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။မှတ်သားထားရမယ့်တ စ်ခုက သင့်ကိုယ်သင်
Hacker လို့သတ်မှတ်ထားတာဆိုရင်အဲဒါက သံသယဖြစ်စရာကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ

သင်တကယ
့် Hackerဖြစ်တာပါ။ သင့်ရဲ့ တတ်မြောက်မှုကိုအခြားသူတွေသိဖို့ Reputation
ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့တခြားသူတွေကို ကူညီဖို့လိုပါတယ်။
Open Source Software တွေရေးကိုရေးရပါမယ်။အဲဒါကအခြေခံအကျဆုံးပါပဲ။
သင်ရေးပြီးရင်လည်း တခြား ဟတ်ကာတွေ လေ့လာသူတွေအတွက်
ပြန်အသုံးပြုနိုင်ဖို့ပဲဖြစ်ဖြစ် Soruce တွေကိုချပြရပါမယ်။
အဲဒီ Software မျိုးကိုလူတွေက Free Software လို့ခေါ်တတ်ကြပါတယ်..
တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။
ဒါပေမယ့် သမိုင်းထဲမှာတော့ 1996 ခုနှစ်ပိုင်းလောက်အထိတော့
ဟက်ကာဆိုတာ Closed Program Closed Source တွေပဲရေးသားခဲ့တာပါ။
1997 နောက်ပိုင်းကြမှ ဒီ Culture ကပြောင်းလဲလာတာလို့ဆိုနိုင်ပါတယ်။
Hacker Community နဲ့ Open Source Developers ဆိုတာ
ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ
Newbie တစ်ယောက်ဖြစ်ရင်တော့ ကူညီရေးသားခြင်းကနေအစပြုသင့်ပါတယ်။
သင်စိတ်ဝင် စားတဲ့ အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။
သူ့ရဲ့ progressက Program တွေကိုကူညီစမ်းပေးမယ်။
ကူညီအမှားရှာပေးမယ်။ကူညီပြီးmodify လုပ်ပေးမယ်…
အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီးသင်သိလာပါလိမ့်မယ်။
နောက်တစ်ခုအရေးကြီးတယ်နော် သင့်ကို နောက်ပိုင်းမှာ
ပြန်ကူညီမယ့်သူတွေနဲ့ Karma ကောင်းကောင်းဖြစ်စေမှာပါ။
စိတ်ဝင်စားစရာကောင်းပြီးအသုံးဝင်တဲ့ အချက်အလက်တွေကို
လူတွေကိုပြောပြတဲ့သူဖြစ်ရင်ကောင်းပါတ ယ်။ ဥပမာ FAQs
လိုဟာမျိုးတွေသင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကိုလူတွေပိုလေးစားလာမှာပေါ့။
ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ရှိလေ့မရှိပါဘူး..
အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစားပေးပါတယ်။

အခုကျွှန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။

ကွန်ပျူတာရှေ့မှာ်မရှိနေတဲ့အချိန် ဟက်ကာအများစုလုပ်လေ့ရှိတဲ့အရာ
တွေကိုလမ်းညွန်ချင်တာပါ ။ သင်လည်းလုပ်ချင်ရင်လုပ်လို့ရတာပေါ့။
သင့်ရဲ့မိခင်ဘာသာစကားကို ကျွှမ်းကျင်စွာ ရေးသားပြောဆိုနိုင်ပါစေ။
သင်သိရဲ့လား ဟက်ကာတွေက စာရေးအင်မတန်ကောင်းတဲ့သူတွေပါတဲ့။
Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ ဟက်ကာတွေ့လေ့ကျင့်ကြတာတွေရှိတယ် ကရာတေး တိုက်ကွန်ဒို ကွန်ဖူးတွေလေ။ သေနတ်ပစ်တာလည်းကောင်းပါတယ်။ တရားဥပဒေနဲ့ညှိမယ်နော်…. ။
တေးဂီတကိုခံစားတတ်ပါစေ။ Muscial Instrument တစ်ခုခုကို
တီးတတ်ရင်ကောင်းပါတယ်။ ဒါတွေက အရမ်းကြီးအရေးမပါပေမယ့် တစ်စုံတရာကောင်းကျိုးတော့ပေးနိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်ကျဉ်းမြောင်းတဲ့ ကျွှမ်းကျင်မှုတွေနဲ့ မကျေနပ်နေပါနဲ့။
ဟက်ကာအများစုကအများအမြင်မှာတော့ Programmer တွေပါပဲ။
ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့အပိုင်းတွေမှာလဲ
ကျွှမ်းကျင်သူတွေပါ။ System Administration, web design ပြီးတော့
PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း ကျွှမ်းကျင်ကြပါတယ်။
System Administrator လို့ပြောတဲ့ ဟက်ကာတစ်ယောက်က
Script Programming နဲ့ Webdesign အပိုင်းတွေမှာလဲ
Skill ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် သူတို့တွေက ယောင်ဝါးဝါးတွေတော့
မဟုတ်ကြဘူးနော်… သူတို့အကျွှမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်းရှိပါတယ်။ ကျွှန်တော်ရဲ့ဒီဆောင်းပါးကိုသင်ဖတ်ပြီးရင်သင် ကျွှန်တော့်ကိုမေးခွန်းတွေထပ်မေးချင်မှာ
သေချာသလောက်ရှိပါတယ်.. အဲဒီမေးခွန်းတွေကိုတခါတည်းကျွှန်တော်ဖြေပေးလိုက်ပါမယ်။

Q: ကျွှန်တော်ဟက်ကာတစ်ယောက်ဖြစ်ပြီဆိုတာဘယ်လိုသိနို င်မလဲ ?
A: *သင် Coding တွေကို အရမ်းကိုကျွှမ်းကျွှမ်းကျင်ကျင်ရေးနိုင် ဖတ်နိုင် အသုံးချနိုင်နေပြီလား?
* Hacker Community ရဲ့ ရည်ရွယ်ချက်တွေနဲ့ တန်ဖိုးရှိမှုတွေကို သေချာသဘောပေါက်နားလည်လား?
* Hacker Community ထဲက Senior Member တစ်ယောက်ကသင့်ကို ဟက်ကာလို့ခေါ်လား။
ဒီသုံးခုစလုံး သင်က ဟုတ်တယ်ဆိုရင် တော့ သင်ကဟက်ကာပေါ့.. နှစ်ခုလောက်ပဲမှန်သေးရင်တော့ မဟုတ် သေးပါဘူး .. ကြိုးစားလိုက်ဦးနော်။


Q: ဘယ်လိုဟက်ကင်းလုပ်ရတယ်ဆိုတာ ကျွှန်တော့်ကိုသင်ပေးမှာလား?

A: ကျွှန်တော်ဒါရေးရင်ဒီလိုအပြောခံရမယ်ဆိုတာသိတယ်။ ကျွှန်တော့်မှာ
သင့်ကိုသင်ပေးဖို့အချိန်လည်းမရှိဘူး.. Energy တွေကိုလည်းအသုံးမချနိုင်ဘူး
ကျွှန်တော့်ရဲ့ ကိုယ်ပိုင် Project တွေနဲ့ကို ကျွှန်တော့ ရဲ့ အချိန် 110 % လောက်
ကုန်နေ ရလို့ပါဗျာ။ထားပါတော့ ကျွှန်တော်ကသင်ပေးမယ်ပဲ..။ ခက်တာက Hacking ဆိုတာ ကိုယ့်ဟာကိုယ် သင်ယူရမယ့် attitude နဲ့ Skill ဖြစ်နေတာဗျ။ သင်အဲဒီလိုသာ သူများကိုသင်ပေးဖို့လိုက်ပြီးပြောနေရင် ဘယ်ဟက်ကာမှသင့်ကိုလေး စားမှာမဟုတ်ဘူး။ စိတ်မဆိုးနဲ့ ချစ်လို့ပြောတာ။ (ကျွှန်တော်လည်းဟက်ကာမဟုတ်ပါ)


Q: ဒါဖြင့်ရင် ကျွှန်တော်ဘယ်လိုစရမှာလဲ?
A: Linux User Group တစ်ခုခုအရင်ရှာပြီးရင်အကူအညီတောင်းအရင်ဆုံး Linux တစ်ခု install လုပ်လိုက်တာ အကောင်း ဆုံးဖြစ်မယ်ထင်တယ်။ အလွယ်ဆုံးကိုပြောကြည့်တာပါ။

Q: ကျွှန်တော်စဖို့နောက်များကျနေပြီလားမသိဘူးနော် ?
A: သင်စိတ်အားထက်သန်နေတဲ့အချိန်ဆိုရင် အခုပဲစတာကောင်းပါတယ်။
လူအများစုကတော့ 15 ကနေ 20 ကြားထဲမှာ စ ကြတာပဲဗျ။ ဒါပေမယ့် မတူဘူးပေါ့တစ်ယောက်နဲ့တစ်ယောက်ကတော့။


Q: ကျွှန်တော် Hack နိုင်ဖို့ဘယ်လောက်ကြာမလဲဟင်?
A: သင့်မှာ အရည်အချင်း(Talent) ဘယ်လောက်ရှိတဲ့ ဘယ်လောက်ကြိုးစား
လဲဆိုတဲ့ပေါ်မှာပဲမူတည်မှာပေါ့ဗျာ။ တစ်နှစ်ခွဲ နှစ်နှစ်လောက်တစ်စိုက်မက်မက်
မရပ်မနားလေ့လာရင် တော့ ဖြစ်သွားကြတာပါပဲ။ ဒီလောက်နဲ့တော့မပြီးဘူးနော်
တ ကယ့် Master ဖြစ်ချင်ရင်တော့ ဆယ်နှစ်အနည်းဆုံးပဲ။
ဟက်ကာအစစ်တစ်ယောက်ဖြစ်သွားပြန်ရင်လည်း နောက်ကျ
ကျန်မနေအောင်တော့ တစ်သက်လုံးလေ့လာရတော့မှာပေါ့။


Q: Visual Basic နဲ့ကျွှန်တော်စလိုက်ရင်ဘယ့်နှယ့်လဲ?
A: ဒီလိုမေးရင်တော့ သင် Microsoft Windows နဲ့နှစ်ပါးသွားချင်ပြီထင်တယ်။
ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုတော့ မဟုတ်
ဘူးနော်။ မလုပ်ပါနဲ့လားဗျာ.. ။ အဲဒါရုပ်ဆိုးလွန်းပါတယ်။ Python တို့
C တို့ ကို ကျွှန်တော် recommend လုပ်ထား
တယ်လေ။ ပိုသင့်တော်လို့ပြောတာပါဗျာ။
အသေးစိတ်တော့မပြောနိုင်တော့ဘူး။


Q: ကျွှန်တော် System တစ်ခုကို Crack လုပ်ချင်လို့ ကူညီပါလားဗျာ..။
ဒါမှမဟုတ်သင်ပေးပါလား ?

A: ဆိုးပါတယ်ဗျာ။ ဒီ FAQ တွေကိုဖတ်ပြီးတာတောင်သင်ဒါမျိုးမေးဦးမယ်ဆိုရင် သင်ဟာ educable မဖြစ်သေးဘူး တော်တော်လေးကို stupid ဖြစ်တာပဲဗျာ။ ဒါမျိုးကို Email နဲ့ မေးရင်လည်း ကျွှန်တော်လျှစ်လျှူရှုထားမှာပဲ။

Q: ကျွှန်တော်တခြားသူရဲ့ Gmail အကောင့်ရဲ့ password ဖြစ်ဖြစ်ပေါ့… အဲဒါဘယ်လိုယူလို့ရမလဲ ?

A: ပြသနာပဲ..။ အဲဒါ Cracking လို့ခေါ်တယ်ဗျ..။ အဲဒါမျိုးအားမပေးပါ။

Q: ကျွှန်တော် Cracked လုပ်ခံလိုက်ရတယ်ဗျာ.. ။ ကူညီပေးပါ။

A: ဒါမျိုးမေးရင် သင်သုံးတာ Microsoft Windows ဖြစ်မယ်ထင်တယ်။ Windows System က ပုံမှန်အားဖြင့် Crack လုပ်တာကို ကောင်းကောင်း မကာကွယ်နိုင်ဘူးဗျ။ အကောင်းဆုံးက Linux ဖြစ်ဖြစ် well Design ဖြစ်တာ ပြောင်း သုံးဗျာ။

Q: ဟက်ကာအစစ်တွေနဲ့ ဘယ်နားမှာတွေ့နိုင်မလဲ?
A: သင့်ပြည်တွင်းက Unix or Linux user group တွေရှာပြီး တွေ့လို့ရတယ်လေ။
IRC နဲ့ Gtalk လိုဟာမှာတော့ မတွေ့နိုင်လောက်ဘူးနော်..။ဟီး

Q: ဟက်ကာဖြစ်ဖို့ Maths ကောင်းစရာလိုလားမသိဘူး?

A: ကောင်းစရာတော့မလိုပါဘူး..။ trigo တို့ calculus တို့မလိုလောက်ပါဘူး..
(ချွှင်းချက်ရှိနိုင်သည်) formal logic နဲ့ Boolean algebra တွေတော့လိုလိမ့်မယ်။
အဓိကက logical ကျကျတွေးနိုင်ရမယ်။ reasoning ကောင်းရမယ်။ intelligence ရှိရမယ်။


Q: ကျွှန်တော်စလုပ်ချင်နေပါပြီ..။ စလုပ်ဖို့ တစ်ခုခုပေးပါ။
A: သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ Talent ကိုမသိပဲကျွှန်တော်ဘာမှလုပ်ပေးလို့မရပါဘူး
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ့်အားကိုယ်ကိုးရမယ် သူများချပေးတဲ့လမ်း
ကြောင်းကိုလျှောက်ရင် အောင်မြင်မှုနဲ့ဝေးသွားမှာပေါ့ဗျာ။


Q: Mircrosoft ကိုမုန်းသင့်သလား?
A: Mircrosoft ကမုန်းစရာလားဗျာ။မုန်းမယ့်အစား ကိုယ်လုပ်စရာရှိတာသာလုပ်။

Q: Open Source ကြီးပဲရေးတော့ Programmer တွေရပ်တည်မှုအတွက်
အဆင်ပြေပါ့မလား။?
A: မဟုတ်သေးဘူးဗျ။ Open Source Software Industry ရှိလာတဲ့အတွက်
အလုပ်တွေပိုတိုးလာတာပဲ ရှိမယ်။ လျှော့မသွားဘူးလေဗျာ။
သူ့ဘာသူ open source ပဲဖြစ်ဖြစ် ရေးတဲ့သူက ပိုက်ဆံရမှာပဲလေ။
free software တွေဘယ်လောက်ပဲများများ သင်ပိုက်ဆံရမယ့်
နည်းလမ်းရှိကိုရှိနေဦးမှာပါ။ သိပ်စိတ်ပူစရာမရှိပါဘူး။
ဝန်ခံချက်: Eric Steven Raymond ရေးသားသည့်
How To Become A Hacker ကို အဓိကကိုးကား ရေးသားပါသည်။

Banned Websiteတွေကို ၀င်နိုင်တဲ့ နည်းလမ်း

Thank You Visited My Blog.
  ကျော်ခွပြီးဝင်တာက မြန်မာနိုင်ငံကလူတွေနဲ့လည်း ယဉ်ပါးပြီးသားပါ... ကျနော်က အထူးအဆန်းလုပ်ပြီး တင်တာတော့ မဟုတ်ပါဘူး... မသိသေးသူတွေများ ရှိနေမလားဆိုပြီး တင်ပေးလိုက်တာ... banned website တွေကို access လုပ်နိုင်တဲ့ နည်းလမ်းပေါင်း မြောက်မြားစွာရှိပါတယ် ... အဲဒီထဲက ထိပ်တန်းရောက်နေတဲ့ (၁၀) ခုလောက်ကို မသိသေးသူများအတွက် ဖော်ပြလိုက်ပါတယ်... သိပြီးသားသူတွေကတော့ ဖတ်မနေပါနဲ့ ... အချိန်ကုန်ပါတယ်။

၁။ IP address ကိုအသုံးပြုခြင်း

ဒီနည်းလမ်းကတော့ ၀င်ရောက်ဖို့ ကန့်သတ်ထားတဲ့ domain name တွေကို ဖြတ်ကျော်ဝင်ရောက်ဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဥပမာ... www.webstuffscan.com ကဲ့သို့သော domain name အစား direct IP address ကို အသုံးပြုတာဖြစ်ပါတယ်။ IP address ကိုရှာဖွေဖို့အတွက် ဒီ site လိုမျိုး online IP ပြောင်းလဲပေးတဲ့ free host တစ်ခုကို အသုံးပြုနိုင်ပါတယ်။

၂။ Google cache အသုံးပြုခြင်း

အကယ်၍များ site တစ်ခုခုကများ banned website ကို ဖွင့်နိုင်လေမလားဆိုပြီး စိတ်ရှည်လက်ရှည်နဲ့ ရှာနိုင်မယ်ဆိုရင်တော့ Google cache က အကောင်းဆုံးဖြစ်ပါတယ်။ သင်ဖွင့်ချင်တဲ့ banned site ကို Google search မှာ ရိုက်ထည့်ပြီး search results အောက်မှာရှိတဲ့ cached link ကို click ပြီး ၀င်ကြည့်ဖို့ပဲဖြစ်ပါတယ်။

၃။ Anonymizer တစ်ခုကို အသုံးပြုခြင်း
ဒီနည်းက သုံးရတာပိုအဆင်ပြေစေပါတယ်...။ Anonymizer ဆိုတဲ့အတိုင်းပဲ ဖော်ပြထားခြင်းမရှိတဲ့ proxy တစ်ခုနဲ့ ၀င်ရောက်ခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းမှာတော့ သင်ဟာ third party site တစ်ခုကနေ ၀င်ကြည့်ရမှာဖြစ်ပြီး ၄င်းက သင် တောင်းဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်အောင် လိုအပ်တဲ့ server ဆီသို့ ပြောင်းလဲပေးပါတယ်။ အချို့ serviceတွေကတော့ URL ကို encryption လုပ်ပေးခြင်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုရှိတာကတော့ အဲဒီ serverအများစုက သိပ်ကြာကြာ free မရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ service တွေကတော့ အလုပ်လုပ်နေဆဲပါ

Daily Best Links - မူလ URL ကိုဖျောက်ပစ်လိုက်ပြီး အဆင်ပြေတဲ့ လမ်းကြောင်းကနေ
ဝင်ရောက်နိုင်ဖို့ စီစဉ်ပေးပါတယ်။
အကောင်းဆုံး free server တွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။
Anonymouse - ဒီဟာကလည်း သင့်ကို ကောင်းကောင်း အကူအညီပေးနိုင်ပါလိမ့်မယ်...
ဒါပေမယ့် URL က visible ဖြစ်နေပါတယ်... ဒါကြောင့် filtering software
တွေကနေ block လုပ်ဖို့ ဖြစ်နိုင်ခြေရှိနေပါတယ်။

၎။ Online Translation Tool များကို အသုံးပြုခြင်း
ဒီနည်းလမ်းကတော့ ကျနော်တို့ မြန်မာဘာသာနဲ့တင်ထားတဲ့ site တွေအတွက်
သိပ်မကောင်းဘူးလို့ ထင်တာပါပဲ။ ဒီနည်းလမ်းမှာတော့ translation service
တွေကို web proxy တစ်ခုကဲ့ သို့ အသုံးပြုနိုင်ပါတယ်။ အောက်မှာ အကောင်းဆုံး
Link တွေကို ဖော်ပြပေးထားပါတယ်။

Altavista Babel fish - လွယ်ပါတယ် Babel fish site
ထဲကို သွားကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ သင် လိုချင်တဲ့ site ကို ထည့်လိုက်ရုံပါပဲ။
Google Translate - ဒါကလည်း Babel fish နဲ့ အတူတူပါပဲ။


၅။ Google Mobile Search ကို အသုံးပြုခြင်း

Google mobile search ကလည်း အလုပ်လုပ်ပေးနိုင်ပါတယ်။
ဒါပေမယ့် ကောင်းကောင်းမဖော်ပြပေးနိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။
ဒီဟာကို အသုံးပြုရတာ Web proxy တစ်ခုကို အသုံးပြုရတာနဲ့ အလွန်ဆင်တူပါတယ်။


၆။ Public Proxy server တစ်ခုကို အသုံးပြုခြင်း

အခုဖော်ပြထားပေးမယ့် Website ထဲမှာ free proxy server တွေ အများကြီးပါဝင်ပါတယ်။
တော်တော် အားရဖို့ကောင်းပါတယ်။ တစ်ခုမှတ်ထားရမှာကတော့
ဒါတွေကို အသုံးပြုတဲ့အခါမှာ IE (သို့ ) သင် အသုံးပြုနေတဲ့ browser
ထဲမှာရှိတဲ့ internet connection setting တွေကို ပြောင်းလဲရပါတယ်။
ဒီကနေပြီး ၀င်သွားလိုက်ပါ။


၇။ Email မှတဆင့် web pageများကို ရယူခြင်း

အကယ်၍ သင်က Web page တစ်ခုထဲကို လိုချင်တယ်ဆိုရင်တော့
ဒီနည်းလမ်းက အသုံးဝင်ပါတယ်။ ကြီးမားတဲ့ file တွေကို access
လုပ်ဖို့မဖြစ်နိုင်ဘူးဆိုတာတော့ သိကြမှာပါ။ အောက်မှာ ဥပမာပြထားပါတယ်..

- message ရဲ့ body မှာ SEND http://www.yahoo.com/ ဆိုပြီး အသုံးပြုနိုင်ပါတယ်။ ပြီးရင် ၄င်းကို - agora@dna.affrc.go.jp ကို send ပြီး yahoo.com home page ကို ပြန်ရယူနိုင်ပါတယ်။
- web2mail ဆိုတဲ့ service မှာလည်း check out လုပ်နိုင်ပါတယ်။
- Expita.com မှာလည်း server တွေအများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီစာရင်းထဲက အများစုကတော့ ကြာကြာရှည်ရှည်အလုပ် မလုပ်ပါဘူး။


၈။ Tor Distributed Proxy ကိုအသုံးပြုခြင်း

Tor ဆိုတာကတော့ anonymous server အစုအပေါင်းတွေကို အသုံးပြုထားတဲ့
advanced proxy server တစ်ခုဖြစ်ပါတယ်။
ဒီနည်းလမ်းမှာတော့ application တစ်ခုကို download ချပြီး install လုပ်ထားဖို့လိုက်ပါတယ်။





၉။ Alternate content providerများကို အသုံးပြုခြင်း

တစ်ခုနဲ့မှာ အဆင်မပြေဘူးဆိုရင်တော့ သင်ဟာ Alternate service provider တွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ သင်ရဲ့ နေရာမှာ Gmail ကို banned ထားတယ်ဆိုရင် သင်ဟာအခြား မထင်ရှားတဲ့
mail address တွေကို ရယူအသုံးပြုနိုင်ပြီး Gmail မှ email forward
ကို enable လုပ်နိုင်ပါတယ်။



[ web proxy ( ၃၀၀ ) ကျော်ကို ဒီ blogမှာ သွားပြီး ယူသုံးနိုင်ပါတယ်...။]

Thursday, March 8, 2012

facebook ပေါ်က အလွယ်တကူ Eng-Myan Dictionary

Thank You Visited My Blog.
 အခု Facebook က English - Myanmar Dictionary အကြောင်းမိတ်ဆက်ပေးချင်ပါတယ်။ English - Myanmar Dictionary ဆိုတာ ငါတို့gtalk ထဲမှာလဲရှိတာပဲ ဆိုပြီးတော့ ဆန္ဒမစောလိုက်ပါနဲ့ အခုတလော en2mm@mmgeeks.org ကပျောက်ချက် သားကောင်းနေပါတယ်။ တချို့တွေကတော့ gtalk မသုံးပဲ Facebook ကိုအရမ်း crazy ဖြစ်တဲ့သူတွေရှိပါတယ်။

Facebook crazy ဖြစ်လို့ သူတို့english meaning တစ်ခုကိုသိချင်တယ်ဆိုရင် gtalk ကလဲမသုံးတော့ အခက်တွေ့ပြန်ရော software dictionary တွေလဲ ရှိပါတယ်။ ဒါပေမဲ့ run ရဦးမယ်။ ကိုယ်သုံးတဲ့ Facebook ကနေပဲ လွယ်လွယ်ကူကူရှာချင်တယ်ဆိုရင် English - Myanmar Dictionary
(ဒါကတော့ English - Myanmar Dictionary ရဲ့ facebook page ပါ)
ဆိုတာလေးကို လမ်းညွှန်ပေးချင်ပါတယ်။အဲ့ကနေ အလွယ်တကူ ကိုယ်သိချင်တာကို ရိုက်ထည့်ပြီးရှာလိုက်ရုံပါပဲ။ အသုံးပြုနည်းကလည်း အရမ်းလွယ်ကူရိုးရှင်းပါတယ်။










 Copy From :  http://mgshwepyisoe.blogspot.com

Do you Know? လွယ်ကူ ပေါ့ပါး နည်းလမ်းများ

Thank You Visited My Blog.

မူးမော်သူများ၊အညော်မိတက်သူများ အနေဖြင့် ကြက်ဟင်းခါးရွက်ကို ပွတ်ခြေကာ ရူပေးခြင်းဖြင့်သက်သာစေပါသည်။
ဓါးတွင် ကြက်သွန်နံ့များမပျောက်ပါက အာလူးအခွံနဲ့ ပွတ်တိုက်ပါ။တအောင့်ကြာလျင် ဆပ်ပြာဖြင့်ပွတ်တိုက်ဆေးကြောပါ
ဖိနပ်လည်သာများ အရောင်တင်လိုပါက ငှက်ပျောသီးအတွင်းခွံနဲ့ ပွတ်တိုက်ပေးပါ။ ပြောင်စင်လာပါလိမ့်မည်။
အမှိုက်ပုံးများအနံ့ထွက်နေလျင် သံပုရာသီးအခွံများကိုထည့်ပြီး အဖုံးအုပ်ထားလိုက်ပါ။ခဏကြာလျင်
အနံ့များပျောက်သွားပါလိမ့်မည်။

သစ်ခွပင်များကိုရေလောင်းပါက ရေအစား ရေခဲတုံးလေးများထည့်ပေးခြင်းက ပိုမိုလွယ်ကူအဆင်ပြေစေပါလိမ့်မည်။

မျက်နှာတွင်ဝက်ခြံများပေါက်နေပါကသံပုရာရည်နစ်စက်၊ဆားနှင့်အပွေးကုန်သွားသောသနပ်ခါးတုံးကို ရော
ကာသွေးလိမ်းပါ။ပေါက်ကင်းပါလိမ့်မည်။
အဆီပြန်သူများအတွက် သလဲသီးနှင့် မျက်နှာကို ပွတ်တိုက်ပေးပါ။သက်သာပါလိမ့်မည်။

နှလုံးအားနဲနေသူများအတွက် ချောကလက်နှင့် ပန်းသီးကို ကျွေးပေးပါ။

အသားဟင်းများ အနူးလိုနေလျင် သဘောင်္သီးအစိမ်း ထည့်ချက်ပါ။အလျင်အမြန်နူးပါလိမ့်မည်။

နှာစေးနှာပိတ်နေသူများအတွက် ခြေထောက်ကို အနွေးဓာတ်ရစေရန် ဖယောင်းတိုင် (သို့မဟုတ်)
မီးခဲ ဖြင့် ခြေဖ၀ါးကိုကင်ပေးပါ။နွေးနေအောင်ကင်ပေးပါ။
ဆံသားတွေကျန်းမာနေစေရန် ဦးရေပြားကို ငါးမိနစ်လောက် နှိပ်ပေးပါ။
FWD Mail
amalinaeds@gmail.com

Tuesday, November 22, 2011

ဆိုက်ဘာကဖီး(သို့ )အင်တာနက်ဆိုင်ဖွင့်ကြည့်ရအောင်။(၁)

Thank You Visited My Blog.


အင်တာနက်ဆိုင်ဆိုတဲ့ဆိုက်ဘာကဖီးဆိုင်ဖွင့်တယ်ဆိုတာလက်ရှိမြန်မာပြည်မှာ
ရေပန်းအစားဆုံးနဲ့ ခေတ်အမီဆုံးလုပ်ငန်းတစ်ခုဆိုရင်မမှားပါဘူး။
ဒါကြောင့်အွန်လိုင်းမှာမေးလာကြတဲ့သူငယ်ချင်းတွေအတွက်ဆိုင်ကိုဘယ်လိုစီစဉ်ဖွင့်လှစ်ရင်
ကောင်းမလဲဆိုတာလုပ်ခဲ့တဲ့အတွေ့ အကြုံနဲ့ အင်တာနက်မှာရှာဖွေပြီးသိသလောက် ဖော်ပြလိုက်ပါတယ်။
အရင်ကျွန်တော်အင်တာနက်ဆိုင်ဖွင့်တုန်းကလွယ်ကူမယ်ထင်ခဲ့ပါတယ်နောက်ပိုင်းလုပ်
ကြည့်မှအတော်အလုပ်ရှုပ်တဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်းတွေ့ ခဲ့ရပါတယ်။

၁။အင်တာနက်ဆိုင်ဖွင့်ဖို့ ပထမဦးစွာလိုအပ်တာကတော့စိတ်တိုတတ်တာတွေ။စိတ်မရှည်မှု့ 
တွေကိုအရင်ဦးစွာလျှော့ရပါ့မယ်။ဥပမာ(ခပ်တည်တည်လာပြီးဂျီတော့ခ်။ဂျီမေးလ်မသုံးတတ်
တာ။သူတို့ တို့ ဘာသာကလိကြပြီး ဆိုင်ကလူကိုလာမေးတတ်တာတွေမျိုးပေါ့)

အင်တာနက်ဆိုင်အတော်များများဟာ။များသောအားဖြင့်ဂိမ်း(Game)ဆိုင်နဲ့ တွဲထားတတ်
ကြပါတယ်။(Game)ဂိမ်းဆော့တဲ့သူတွေကအုပ်လိုက်လာအော်ဟစ်ကြတာတွေရှိပါတယ်များ
သောအားဖြင့်ပေါ့လေ။အင်တာနက်သုံးတဲ့သူတွေကတော့အေးဆေးစွာသုံးချင်ကြတာများပါ
တယ်။ဆူညံတဲ့ဂိမ်းနဲ့ အင်တာနက်ကိုတွဲဖွင့်မယ်ဆိုရင်အခန်းကိုကန့် ထားသင့်ပါတယ်။
အမှန်ဆိုအင်တာနက်သုံးတဲ့စက်တွေမှာကွန်ပျူတာအရည်အသွေး(Performance)
ဟာဂိမ်းဆော့တဲ့ စက်တွေလောက်တပ်ဆင်စရာမလိုအပ်ပါဘူး။ဘာလို့ လည်းဆိုတော့
အင်တာနက်သုံးသူအတော်များများဟာချက်တင်ထိုင်။စာဖတ်။သတင်းကြည့်။ဖိုရမ်လို့ ခေါ်တဲ့
ဆိုရှယ်နက်ဝပ်တွေ။အများဆုံးလိုအပ်ရင်သူတို့ လိုချင်တဲ့ဖိုင်တွေကိုဒေါင်းလုပ်လုပ်တာ
လောက်တင်ဖြစ်နေတတ်လို့ ပါ။ အင်တာနက်ဆိုင်ရှင်အတော်များများဟာအင်တာနက်သုံးဖို့ အတွက်စက်တွေကို
ဂိမ်းဆော့တဲ့စက်တွေကဲ့သို အရည်အသွေ့း(Performance)ကောင်းစွာတပ်ဆင်လေ့ရှိပါတယ်။
ကွန်ပျူတာတွေကိုအရည်အသွေးကောင်းအောင်ဆင်ရင်တပ်ဆင်သလောက်ငွေကုန်ကြေးကျ
များပြီးပျက်စီးပါကလည်းငွေကြေးပိုကုန်ကျတဲ့အတွက်အရင်းများပြီးအမြတ်မရှိဖြစ်တတ်ကြပါတယ်။
အမှန်ဆို အင်တာနက်သုံးဖို့ စက်က

CPU = 2 Ghz
MEMORY = 1Ghz
HDD = 80Gb

VGA = 64 Mb

လောက်ဆိုလုံလောက်စွာသုံးစွဲနိုင်ပါတယ်။

အင်တာနက်ဆိုင်တစ်ခုမှာလူမသိသူမသိအရေးကြီးတာတွေရှိပါတယ်။ဒါတွေကတော့

အင်တာနက်အသုံးပြုဖို့ နေရာကိုတတ်နိုင်ရင်ကိုယ်သုံးနေတာကိုတခြားလူအလွယ်တကူ
မမြင်ရအောင်လုပ်ထားသင့်ပါတယ်။ဘာလို့ လည်းဆိုတော့အင်တာနက်သုံးစွဲသူအတော်
များများဟာသူတို့ ရဲ့
ကိုယ်ရေးကိုယ်တာတွေ။စိတ်ခံစားချက်တွေကိုတစ်ခါတစ်လေအွန်လိုင်းမှာဖော်ပြတတ်ကြပါတယ်
ကိုယ်သုံးနေတာတခြားလူမမြင်တဲ့အတွက်ဘေးကလူအတွက်လည်းအနှောင့်အယှက်။
မဖြစ်တော့ပါဘူး

အင်တာနက်ကွန်ပျူတာတပ်ဆင်ရာမှာ Keyboard နဲ့  Mouseကိုအကောင်းဆုံးကိုတပ်ဆင်သင့်ပါတယ်
ဘာလို့ လည်းဆိုတော့ဆိုင်အတော်များများဟာ
စက်ကကောင်းနေတတ်ပြီး Keyboard နဲ့  Mouse ကိုသာမန်ဈေးပေါတာတပ်ကြပြီးခနခနပျက်ပါကအသုံးပြုသူ
စိတ်ညစ်စေတတ်ပြီးနောက်တစ်ခါမလာချင်စိတ်ဖြစ်တတ်ပါတယ်။

နောက်ထိုင်ခုံတွေကိုသက်တောင့်သက်သာရှိတဲ့ခုံတွေအသုံးပြုသင့်ပါတယ်သက်တောင့်
သက်သာမရှိတဲ့ခုံတွေဟာလာသုံးတဲ့သူတွေကိုပြန်ပါတော့လို့ နှင်ထုတ်နေသလိုပါဘဲ။
တတ်နိုင်ရင်ရွှေပြောင်းရလွယ်ပြီးနေရာမယူတဲ့ခုံမျိုးကိုအသုံးပြုသင့်ပါတယ်။
အင်တာနက်ဆိုင်အခန်းကိုအေးစိမ့်စွာထားသင့်ပါတယ်။အရမ်းအေးရင်လည်းပြင်ပအပူချိုန်နဲ့ 
ကွာပြီးလူကိုထိခိုက်စေနိုင်ပါတယ်။နေပူထဲကလာတဲ့သူ။မိုးရွှာထဲကလာတဲ့သူအတွက်အန္တရယ်
ရှိနိုင်ပါတယ်။
နောက်ကွန်ပျူတာတွေကို အပူထွက်နည်းပြီးပါဝါစားသက်သာတဲ့ပစ္စည်းတွေကိုအသုံးပြုသင့်ပါတယ်။
ဥပမာ ။ CRT မော်နီတာနေရာမှာ LCD မော်နီတာသုံးတာမျိုး ပုံစံပေါ့။
နည်းနည်းလေးသက်သာပေမဲ့အရေအတွက်ကိုအများကြီးသုံးတာဖြစ်တဲ့အတွက်အများ
ကြီးသက်သာစေပါတယ်။
ဒါကြောင့်မီးပျက်တဲ့အချိုန်မှာမီးစက်နဲ့ အသုံးပြုရင်အဆင်ပြေမှာဖြစ်သလို
လစဉ်မီတာခလျှော့ကျတဲ့အတွက်သင်ဝမ်းသာပါလိမ့်မယ်။
နောက်ဆိုင်မှာထားတဲ့ဝန်ထမ်းတွေကလည်းစိတ်ရှည်ပြီးသဘောကောင်းတာရွှေး
ခန့် သင့်ပါတယ်။ဝန်ထမ်းကသူ့ ဘာသူချက်တင်တက်အဆင်မပြေလို့ မေးတဲ့အခါ
အော်ငေါက်တာနဲ့ ဆိုသင့်ဆိုင်နာမည်ကျပါလိမ့်မယ်။

နောက်တစ်ခုကအင်တာနက်ဆိုင်ကကောင်တာမှာထားတဲ့ဆာဗာအကြောင်းပါ။
အင်တာနက်ဆိုင်တွေမှာကောင်တာမှာထားတဲ့ဆာဗာကွန်ပျူတာတွေကို….


ဆက်လက်ဖော်ပြပါမည်...

ကွန်ပျူတာအစုတ်တစ်လုံးနှင့်စိတ်မညစ်စေဖို့ ရာ

Thank You Visited My Blog.


အခုတလောလူတိုင်းစိတ်ဝင်စားလာ အလွယ်တကူကိုင်ဆောင်လို့ ရပြီးစတိုင်ထုတ်လို့ ကောင်းတဲ့
NOTE BOOK လို့ ခေါ်တဲ့လပ်တော့ပ်ကွန်ပျူတာလေးတွေဟာ။ဈေးနှုန်းတွေလည်းအတော်ချိုသာ
လာတာတွေ့ ရပါတယ်။သွားလေရာမှာယူဆောင်ရလွယ်ပြီးအလုပ်လည်းအတော်ဖြစ်ကြတော့
လူတိုင်းကိုင်ဆောင်ချင်လာကြပါတယ်။
အဲ့နေရာမှာ အသစ်အသစ်ဆိုပြီး ပိုက်ဆံတတ်နိုင်သူတွေရှိသလို။လုပ်ငန်းအတွက်တကယ်လိုအပ်ပြီး
ပိုက်ဆံရောစီးပွားရေးအတွက်ပါသုံးမဲ့သူတွေအတွက်လည်း။တပတ်ရစ်လပ်တော့ပ်ဈေးကွက်က
ကျယ်ပြန့် လာပါတယ်။တစ်ချို့ ကလည်း အသစ်ဘယ်လောက်ကောင်းကောင်းဘရန်းတက်လို့ 
ခေါ်တဲ့နာမည်ကြီးတပတ်ရစ်လပ်တော့ပ်တွေရဲ့ခိုင်မာမှု့ အကြမ်းခံမှု့ တွေကိုနှစ်သက်ပြီး
ဘရန်းတက်တပတ်ရစ်လပ်တော့ပ်တွေကိုကိုင်ဆောင်ကြပါတယ်။
တပတ်ရစ်လပ်တော့ပ်ကိုဝယ်ယူရာမှာ အာမခံနည်းပါးမှု့ ။ပြန်လည်ပြုပြင်ထားမှု့ ။
တချို့ စက်တွေမှာမမြင်ရတဲ့ပြစ်ချက်ပေါင်းများစွာရှိမှု့ တွေနဲ့ အတူ စိတ်ညစ်စရာတွေ
ဖြစ်ပေါ်လာပြီး တပတ်ရစ်ကွန်ပျူတာလပ်တော့ပ့်ကိုမသုံးစွဲချင်စိတ်တွေဖြစ်ပေါ်လာပါတယ်။

ဘယ်လိုအကြောင်းဘဲဖြစ်ဖြစ်။တပတ်ရစ်လပ်တော့ပ်ကိုကိုင်ဆောင်တော့မယ်ဆိုရင်တော့ဖြင့်
အောက်ကအချက်များကိုမှတ်သားပြီးဝယ်ယူပါကအတော်အတန်စိတ်ညစ်မှု့ ပြေပျောက်ပါလိမ့်မယ်။
တပတ်ရစ်လပ်တော့ကိုဝယ်ယူတော့မယ်ဆိုရင်ဖြင့်.....

ပထမဦးစွာ လပ်တော့ပ်ဘော်ဒီကိုသေချာကြည့်ရှု့ ပါပြုတ်ကျလို့ ကွဲပြီးပြန်ဖာထေးထားတာ
တွေရှိလားဆိုတာ။

CPU ရဲ့တန်ဖိုးကို ကြည့်ပါ။အိမ်သုံးကွန်ပျူတာတွေမှာ CPU ကိုအဆင့်မြှင့်တာလွယ်ပေမဲ့
လပ်တော့ပ်မှာတော့။CPU လဲလှယ်ဖို့ အဆင်မပြေဘူးဆိုတာသတိရပါ။

လပ်တော့ကိုပါဝါဖွင့်ပြီး စမ်းပါက ဟာ့ဒ်ဒစ်ကနေအသံတွေအတော်ထွက်နေပြီလားဆိုတာ
နားထောင်ပါ။အသံထွက်နေပါကမကြာခင်မိတ်ဆွေဆီကနေပိုက်ဆံထပ်ထွက်တော့မှာပါ။


လပ်တော့မှာ WIFI တံဆိပ်ပါရှိတယ်ဆိုပြီး ရမ်းသမ်းမယူပါနဲ့  တချို့ လပ်တော့တွေကအင်တာနယ်
ဆားကဒ်ပျက်နေတတ်သလို။ဝိုင်ဖိုင်ကဒ်မပါလာတာတွေရှိပါတယ်။


USB function အပေါက်တွေအလုပ်လုပ်မလုပ်စမ်းကြည့်ပါ။တစ်ပတ်ရစ်လပ်တော့ပ်တွေမှာ
USB functionတွေပျက်စီးတတ်တာတွေရှိတတ်ပါတယ်။

Optical Drive လို့ ခေါ်တဲ့ CD,DVD ,ကိုအခွေထည့်ပြီးဖတ်မဖတ်သေချာစမ်းကြည့်ပါ။
သူလည်းအပျက်များတဲ့စာရင်းမှာပါပါတယ်။

ကီးဘုတ်ကစာတွေအကုန်ရိုက်ရမရnotepad or wordနဲ့ 
သေချာစွာစစ်ဆေးပါ။အိမ်ကျမှဟိုဟာနှိပ်မရဒီဟာနှိပ်မရနဲ့ ဖြစ်တတ်ပါတယ်။

လပ်တော့ပ်မှာရှိတဲ့မောက်စ်အလုပ်လုပ်မလုပ်စစ်ဆေးပါ။လပ်တော့မော့က်စ်တွေလည်း
ကပ်ပြီးကြောင်တောင်တောင်လုပ်တတ်ပါတယ်။

လပ်တော့ပ်မှာရှိတဲ့ NETWORK အပေါက်ကောင်းမကောင်း တပ်ဆင်စစ်ဆေးပါ။

လပ်တော့ပ်ပုံဖော်မျက်နှာပြင်မှာတုန်နေတာကြာမှမှိန်သွားတာ။တဖြတ်ဖြတ်ခပ်နေတာတွေ
ရှိမရှိ။ပုံဖော်မျက်နှာပြင်မှာပစ်ဇယ်လို့ ခေါ်တဲ့အစက်အပြောက်ရှိမရှိကိုတည်ငြိမ်တဲ့နောက်ခံ
ပုံဖော်ပြီးစစ်ဆေးပါ။

ဒါတွေအားလုံးကောင်းမွန်ပါကစတင်ဈေးဆစ်ကာဝယ်ယူပါလို့ အကြံပေးပါတယ်။

တပတ်ရစ်ကွန်ပျူတာစိတ်ညစ်မှု့ ကင်းဝေးကြပါစေ။


အဆင်ပြေကြပါစေဗျာ။ 

Tuesday, October 25, 2011

သူယောင်မယ်သီး


imagebam.com imagebam.com

သူယောင်မယ်သီးဆိုပြီး မြန်မာ့ရှေးဟောင်းကျမ်းတွေမှာ ဆိုပါတယ်။ ပါးစပ်ရာဇ၀င်အရ ၀ိဇ္ဇာ၊ဇော်ဂျီ၊တပသီစတဲ့လောကီထွက်ရပ်ပေါက် ပုဂ္ဂိုလ် များဟာ သူတို့ ရဲ့ လောကီဣဒ္ဓိပ္ပါဒ်အစွမ်းဖြင့် အသက်ဝင်အောင် ဖန်တီးပြီး ပျော်ပါးလေ့ရှိကြောင်း အဆို အမိန့် များရှိကြပါတယ်။ မိန်ခလေးသဏ္ဌာန်နဲ့  အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတောင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲထပ်မံသိရပါသေးတယ်။ Naree ဆိုတာကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။ မိန်းကလေးသစ်ပင်ပေါ့ဗျာ..။ အားလုံး ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

Spam အကြောင်း သိကောင်းစရာ (၂)


Spam အကြောင်း သိကောင်းစရာ (၂)

Spam ပို့လွှတ်သူအများစုဟာ Hoax e-mail အသုံးပြုပြီး e-mail လိပ်စာ အများအပြားကို ရယူကြပါတယ်။ တစ်ခါတစ်ရံတွင်
ထူးဆန်းသော Message များဖန်တီးပေးပို့ကြပြီး ဆက်လက်၍ ဖြန့်ဝေရန် နှိုးဆော်စာများ ပါရှိပါတယ်။
လူအချို့ကတော့ ထိုစာသား Message များကို ယုံကြည်ကြပြီး အခြားသူများထံသို့ ဆက်လက်ပေးပို့တာကြောင့်
အချိန်တိုအတွင်း Spam များ အများအပြား ပြန့်ပွားကုန်ကြပါတယ်။ ထို့အတွက် Spam ပေးပို့သူများဟာ e-mail လိပ်စာ
အများအပြားရရှိစေဖို့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
တကယ်တော့ Spam ပေးပို့မှုဟာ တရားမ၀င်လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထို Spam များ မိမိ e-mail ထဲသို့
မရောက်ရှိအောင် ကာကွယ်ဖို့ကတော့ အတော်လေးခဲယဉ်းပါတယ်။ ထို့ပြင် Spam ပေးပို့သူများ သိရှိနိုင်ရန်နှင့်
ဖမ်းဆီးနိုင်ရန်ကတော့ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် ထို Spam များရန်မှ ကာကွယ်သင့်ပါသလဲ။
(၁)    မိမိ e-mail အတွင်း Spam များ မရောက်ရှိအောင် Spam Filter ကို အသုံးပြုသင့်ပါတယ်။ G-mail, Yahoo, Hotmail
များတွင် ထို Filter ဟာ Default ပါဝင်ပါတယ်။ ထို Filter ဟာ Spam များအား
အလိုအလျောက် Spam Folder အတွင်းသို့ ရွှေ့ပြောင်းကာ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အချို့ Spam များကို
ထိရောက်စွာ မကာကွယ်ပေးနိုင်ပါဘူး။

(၂)    ဖိုရမ်များ၊ Chatroom များတွင် သင်၏ e-mail address ကို အသုံးမပြုသင့်ပါဘူး။ ထို Site များတွင် အခြား e-mail
လိပ်စာကိုသာ အသုံးပြုသင့်ပါတယ်။
(၃)    Website များတွင် e-mail လိပ်စာတောင်းယူပါက e-mailaddress@yoursite.come-mailaddress@yoursite.com ဟု မရေးသားဘဲ
e-mailaddress[at]yoursite.com ဟုရေးသားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ထို့အပြင် မိမိ e-mail လိပ်စာအတွင်းသို့
Spam-mail များ ၀င်ရောက်လာပါက ဆက်လက်၍ မပေးပို့ဘဲ ဖျက်ပစ်ရမှာပဲ ဖြစ်ပါတယ်။
အထက်ပါအချက်များအား လိုက်နာအသုံးပြုခြင်းအားဖြင့် Spam များ ၀င်ရောက်လာခြင်းကို အတော်အသင့်
ရှောင်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။
source:ICT Reader

Spam အကြောင်း သိကောင်းစရာ (၁)


Spam အကြောင်း သိကောင်းစရာ (၁)

အင်တာနက်အသုံးပြုသူ လူတိုင်းလိုလိုဟာ နေ့စဉ်နှင့်အမျှ စိတ်ပျက်ဖွယ်ကောင်းသော Spam Mail များ
ဝင်ရောက်လာမှုကို ကြုံတွေ့ခဲ့ရပါတယ်။ သင့်အနေဖြင့် E-Mail Account တစ်ခုကို ရယူသုံးစွဲလိုက်သည်နှင့်တစ်
ပြိုင်နက် မကြာမီရက်ပိုင်းအတွင်း Spam များ ၀င်ရောက်လာတာကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ထို Spam များဟာ
မည်သည့်နေရာမှ ၀င်ရောက်လာပါသလဲ။ ဘာကြောင့် ထို Spam များ ၀င်ရောက်လာကြပါသလဲ။
Spam ဆိုတာဟာ Electronic Messaging System စနစ်အရ အသံလွှင့်မီဒီယာများ၊ Website များ၊
Electronic စက်ရုံ၊ အလုပ်ရုံများမှ ကြော်ငြာပေးပို့ခြင်းဖြစ်ပါတယ်။ ထို Spam များဟာ ကုမ္ပဏီ၏ စေခိုင်းချက်အရ
Spammer (Spam ပို့လွှတ်သူများ) မှ ပို့လွှတ်ခြင်းဖြစ်ကြောင်း တစ်ကြိမ်တည်းဖြင့် E-Mail လိပ်စာထောင်ကျော်ကို
ပို့လွှတ်နိုင်ကြောင်း သိရှိရပါတယ်။ ထို Spam ပို့လွှတ်သူများဟာ Manually အနေဖြင့် ပို့လွှတ်ကြပြီး တစ်ခါတစ်ရံ
မှာတော့ အလိုအလျောက် Spam ပေးပို့နိုင်သော Spambot ကို အသုံးပြုလေ့ရှိကြပါတယ်။
Spam ပို့လွှတ်ရခြင်း၏ ရည်ရွယ်ချက်ကတော့ ၎င်းတို့၏ ကြော်ငြာ (သို့မဟုတ်) Message များအား လူအများ
မှတ်မိသိရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဥပမာအနေဖြင့် လူတစ်ယောက်ဟာ အင်တာနက်ပေါ်မှတစ်ဆင့်
E-book စာအုပ်များ ရောင်းဝယ်လုပ်ကိုင်ရာ၌ ကြော်ငြာအသုံးပြုမယ့်အစား Spam များပေးပို့လုပ်ဆောင်ခဲ့ပါတယ်။
Spam ပေးပို့သူများအနေဖြင့်လည်း စာအုပ်တစ်အုပ်ဝယ်ယူတိုင်း ၁၀ဒေါ်လာခန့်ရရှိပြီး E-Mail တစ်သောင်းဆီသို့
ကြော်ငြာပို့လွှတ်ပါက ဒေါ်လာတစ်သိန်းခန့်ရရှိမှာ ဖြစ်ပါတယ်။ ထို့ကြောင့် Spam ပေးပို့သူများဟာ E-Mail လိပ်စာ
များနိုင်သမျှများအောင် ပို့လွှတ်ကြပါတယ်။
ကျွန်ုပ်တို့နေ့စဉ် အသုံးပြုနေသော အင်တာနက်ပေါ်ရှိ Website အချို့ဟာ e-mail ID များအား စုဆောင်းရယူ
ထားကြပြီး Spam ပို့လွှတ်သူများထံသို့ ထို e-mail လိပ်စာများအား ပြန်လည်ရောင်းချကြပါတယ်။
ထိုအတွက်ကြောင့် မိမိ၏ e-mail လိပ်စာဟာ Spam ပို့လွှတ်သူများထံသို့ရောက်ရှိပြီး Spam ပို့လွှတ်မှုကို
ခံကြရပါတယ်။ ထို Spam Webiste များထဲတွင် သတင်းအဖွဲ့အစည်းများ၊ ဖိုရမ်များ၊ အင်တာနက် Chatroom များ
အများစုပါဝင်ကြကြောင်း သိရှိရပါတယ်။

Sunday, October 23, 2011

လူတော်များရဲ့ အမူအကျင့် ..

လူတော်လူမော်တွေအမြဲတစေလက်ကိုင် ထားတတ်တဲ.အမူအကျင်.(၁၀)မျိုး




၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်

သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။ သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

၂။ လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်

ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင် လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။ မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။

၃။၊ ဂရုဏာစိတ်ထားတယ်

တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့ မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။ ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။

၎။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်

ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊ ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့ သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။

၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်

ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊
နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင်
အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့ အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။

၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်

တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ
ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့ ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့ မသင့်တော့ဘူး။

၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်

အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊ အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။ ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီက မြစ်ဖျားခံတာပဲ။

၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်

အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိတ်အပိုင်း တော်တော်များများမှာ လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။

၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်

စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊ နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့ ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။

၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်

အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။ အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊ ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို ထိန်းထားနိုင်လိမ့်မယ်။

ourmandalay.net မှကူးယူဖေါ်ပြပါသည်..။

ဆောင်ရန် ၊ ရှောင်ရန်....

၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ


၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ

၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ

၎. အသားအရည် ကြမ်းတမ်းသော မိန်းမ

၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ

၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ

၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ

၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ

၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ

၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ

၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ

၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ

၁၃. အသုံးအဖြုန်းကြီးသော မိန်းမ

၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ

၁၅. သဘောထား သေးသိမ်သော မိန်းမ

၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ

၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ

၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ

၁၉. ဟာသဥာဏ် မရှိသော မိန်းမ

၂၀. မြူဆွယ်တတ်သော မိန်းမ

၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ

၂၂. အပြောအဆို မတတ်သော မိန်းမ

၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ

၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ

၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ

၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ

၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ.....။
 
-----------------------------------------------------------------------
 
၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား


၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား

၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား

၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား

၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား

၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား

၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား

၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား

၉. အာပုပ်စော်နံသော ယောက်ျား

၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား

၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား

၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား

၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား

၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား

၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား

၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား

၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား

၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား

၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား

၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား

၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား

၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား

၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား

၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား

၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား

၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား

၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား

၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား

၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား

၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား

၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား

၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား...။

Thursday, October 20, 2011

မလေးစကားလေး လေ့လာကြည့်ဖို့

Awal = Early

Bagus = Good

Besar = Big

Benar = Real

Busuk = Bad Smell

Banyak = Many

Buruk = Ugly
Baru = New

Cepat = Fast

Cantik = Beauty

Jahat = Bad Boy

Kotor = Dirty

Kaya = Rich

Kecil = Small

Lambat = Late

Lama = Old

Mahal = Expensive

Murah = Chief

Malas = Lazy

Malu = Shame

Pandai = Clever

Panas = Hot

Penting = Important

Panjang = Long

Pendek = Shot

Senang = Easy

Sedih = Unhappy

Segak = Handsome

Sejuk = Cool

Sedap = Delicious

Sama = Same

Salah = Wrong

Seronok = Happy

Teruk = Bad





Abang = Brother

Adik/KaKak= Sister

Dia /Lelaki = He

Dia/Wanti = She

Kami = We

Kawan = Friend

Kmu/Awak = You

Mereka = They

Somore = All

Saya/Aku = I

Kita = You and Me

Air = Water

Biasa = Simple

Bintang = Star

Contoh = Example

Kedai = Shop

Langit = Sky

Muka = Face

Mimpi = Dream

Rumah = House

Udara = Air

Hujan = Rain

Bilik = Room





Apa = What

Bila = When

Bagaimana/Macammana = How

Berapa = How much

Di mana = Where

Kenapa = Why

Pukul Berapa = What time

Yang mana = Which

Siapa = Who

Sebab = Because

Bulan = Month

Cuti = Holiday

Hari = Day

Hari-ini = Today

Kelmarin = Yesterday

Besok = Tomorrow

Lusa = After tomorrow

Malam = Night

Minggu = Week

Petang = Evening

Pagi = Morning

Pukul = Time

Setiap Hari = Every day

Tengah = Afternoon

Tahun = Year

Atau = Or

Bersama = Together

Bagi/Untuk = For

Di antara = Between

Dari = From

Di = At

Dengan = With

Hanya = Just

Jagadiri =Take care

Kadang- kadang = Sometime

Kalau/Jika = If

Ke/Kepada = To

Lagi = Next

Munguin = May be

Nanti/Sekejap = Movement

Pasti =Sure

Pun = Too

Punya = Of

Sebelum = Before

Selepas = After

Sesuatu = Something

Sendiri = Alone

Sahaja = Only

Sekarang = Just now

Sangat = Very

Selamanya = Forever

Seperti = As

Selalu = Always

Sudah Tentu = Of couse

Tetapi = Beside

Tadi = Before now

Di atas = Upper

Di bawah = Under

Di tepi = Beside

Di dalam = Inside

Di luar = Outside

Di depan = In front of

Di belakang = Behind

Di kiri = left

Di  kanan = Right

Ikut saya = Follow me

Jumpa lagi = See you later

Jangan = Don't

Maaf = Sorry

Maafkan saya = Excuse me

Mae sini = Come here

Selamat Datang = Welcome

Terimakasih = Thank you

Tak apa = Nevermine

Tak payah = No need



Angkat = Lift

Ambil = Bring

Awas = Be careful

Ada = Have

Ankat = Collet

Bagi/kasih/memberi = Give

Boleh = Can

Benci = Hate

Beli = Buy

Buka = Open

Buat = Do

Bangun = Wake up

Bukan = Not

Biasa = Normal

Berat = Heavy weight

Belum = Not yet

Buang = Throw

Balik = Go back

Belajar = Learn

Belanja = Free

Betul = Right

Cari = Find/Search

Cuba = Try

Cinta = Love

Cium = Kiss

Cukup = Enough

Cakap = Say

Curi = Thief

Duduk = Sit down

Demam = Feavour

Dapat = Get

Dengar = Listen

Datang = Came

Fikir = Think

Faham = Understand

Guna = Use

Habis = Finish

Harap = Hope

Hidup = Life

Ingat = Reminder

Jual = Sell

Janji = Promise

Jumpa = Meet

Jatuh = Drop

Jalan = Walk

Kira = Count

Kacau/Ganggu = Disturb

Lupa = Forget

Lapar = Hungry

Letih = Tired

Lari = Run

Mati = Die

Main = Play

Masak = Cook

Menangis = Cry

Makan = Eat

Mula = Start

Marah = Angry

Menang = Win

Milik = Owe

Mahu = Want

Menarik= Interest

Nampak/Lihat = See

Nanti/Tunggu = Wait

Nyanyi = Sing

Panggil = Call

Pakai = Wear

Perlu = Need

Pergi = Go

Potong = Cut

Perlahan = Slow

Pinjam = Borrow

Penuh = Full

Pilih = Choice

Risau = Worry

Rindu = Miss

Rugi = Lose

Sakit = Sick

Suka = Like

Sembahyang = Pray

Simpan = Save

Senyum = Smile

Tinggal = Stay

Tanya = Ask

Tolong = Help

Tahu = Knew

Tidur = Sleep

Tiba/Sampai = Arrive

Tukar/Ganti = Change

Tutup = Close

Tengok = Look

Taruh/Letak = Put

Tinggal = Live

Kawin = married

ကုလားစကား အနည်းငယ်ပေါ့ ရှာထားတာလေးတွေပါ....

ကုလားပြည် ဆိုတာ( အိန္ဒိယနိုင်ငံ) ကိုပြောတာနော်။
ကျွန်တော် ရောက်တာ ခုဆိုလေးခေါက်မြောက် ဆိုတော့ ကုလားစကားလဲ
တောင် တလုံးမြောက်တလုံး တတ်နေပါပြီ။
ရေ= ဒီဟာ
ဟို= ဟိုဖက်
ဂျာနာဟဲ= သွားမယ်
အာရေကား =လာပြီ
ဆီဒါဂျောင်း= တည့် တည့် သွား
ခဘေး = ဘယ်ဘက်
ဧ= တစ်
ဒို= နှစ်
တိင်= သုံး
ချာ= လေး
ပန့်ခ်ျ= ငါး
ချေဲး= ခြောက်
ဆာတ့် = ခုနှစ်
အတ်ဒ်= ရှစ်
နော်န်= ကိုး
သတ်စ်= တစ်ဆယ်
ဧက်ရှော= ၁၀၀
ဒိုရှော= ၂၀၀
အက်ဟဇား= ၁၀၀၀
သတ်စ်ဟာဇာဒ= ၁၀၀၀၀
ပြောနေတာ ကိုတော့ တော်တော် လေးနားရည်ဝလာတော့ သိလာတယ်။
နောက် လိုက်ပြောတော့ နဲနဲ တတ်လာပါတယ်။
သူတို့  စကား ကတော့ ပါဌိ နဲ့ လည်း တော် တော် နီးစပ်တယ်ပြောတယ်။
နောက် ယဉ်ကျေးမှု့ အားဖြင့် တော့ နှစ်ပေါင်းမြောက်များ စွာ ကြာခဲ့ တော့ ကြွယ်ဝတာတော့ အမှန်ပါ။
ဘာသာ ရေး ကလည်း မြောက်ပိုင်းမှာ က ဆစ်ခ် နဲ့  ဟိန္ဒူ ဘာသာကလွှမ်းမိုးထားပါတယ်။
တောင်ပိုင်း နဲ့  အလယ်ပိုင်း ကတော့ ရောနေပါတယ်။ အရှေ့ ပိုင်း နဲ့  အလယ်ပိုင်း ကတော့ မူစလင်ဘာသာ
ဝင်များပါတယ်။
ဒေသတစ်ခုနဲ့ တခု ကွဲပြားတာနဲ့  ဘာသာစကား ကလည်း ကွဲပြားသွားပါတယ်။

ဘယ်အချိန်က Website တွေပေါ်ခဲ့တာလဲ ? ဗဟုသုတလေးတစ်ခုပါ..


ဟိုစာလိုက်ဖက်၊ ဒီစာလိုက်ဖက်ရင်းနဲ့  ဒါလေးကိုတွေ့ လို့ ကူးပြီးတော့ဖော်ပြပေးတာပါ..။တနေ့ တနေ့  ဖွင့်လိုက်တဲ့ Website တွေ၊ Website တွေ ..။

အများကြီးပဲ...။ဘယ်လိုစတင် ပေါ်ပေါက်လာတယ်ဆိုတာကို မနေ့ ကမှ ကျွန်တော်လဲ သိခဲ့တာပါ..။ကျွန်တော့်လိုပဲ လူတိုင်းသိစေချင်ပါတယ်..။

၁၉၈၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မှာရှိတဲ့ ရူပဗေဒ ဓာတ်ခွဲခန်းဌာန(CERN) ခပ်ငယ်ငယ်လေးတစ်ခုမှ Web

ကိုစတင်ပါတယ်..။

ကွန်ရက်ကြီးတစ်ခုပေါ်တွင် Document များကို သက်ဆိုင်ရာ ချိတ်ဆက်မှု လင့်များနဲ့  အတူ

'hypertext' process ကို အသုံးပြုပြီး information management system တစ်ခုကို

ကွန်ပျူတာသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Tim Berners-lee က ပထမဦးဆုံး ဆွေးနွေးတင်ပြခဲ့ပါတယ်။

သူနှင့်အတူ Robert Cailliau တို့သည် Web ၏ မူလပုံကြမ်းကို အကောင်အထည်ဖော်ကာ တင်ပြပေးခဲ့ခြင်း

ဖြစ်ပြီး အများ၏ လက်ခံဆောင်ရွက်မှုနှင့်အတူ ဖြစ်ပေါ်လာသော Web ၏ အစပိုင်း နှစ်အတော်ကြာအထိ Webpage

များမှာ text ဖြစ်သာ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၂ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ရေတွက်မယ်ဆိုရင်

Websever ၅၀ ခန့်ရှိခဲ့ပါတယ်။ Web ကြီးထွားမှု အရှိန်အ၀ါကိုလည်း ၁၉၉၂ ခှုစ်မှ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ ၁၉၉၂ ခုနှစ်မှာ ပထမဆုံး graphical browser (NCSA Mosaic) ကို စတင်မိတ်ဆက်လာခဲ့သောကြောင့် ဖြစ်ပါတယ်တဲ့။

ထိုအချိန်မှစပြီး သုတေသနလုပ်ငန်း အသိုင်းအ၀ိုင်းက ပြင်ပမှာရှိတဲ့ ထုထည်ကြီးမားတဲ့ ဆက်သွယ်မှုတွေ ရှိလာစေနိုင်သော mass media ကို

ရောက်ရှိသွားတာကြောင့် ဖြစ်ပါတယ်။ Web ဖွံ့ဖြိုးတိုးတက်တဲ့ ကိစ္စအ၀၀ကို Massachusetts Institute of

Technology (MIT)
မှာရှိတဲ့ အပျော်တမ်း ဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုမှ World Wide Web Consortium (W3C)

အမည်နှင့် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်...။

Monday, October 17, 2011

What's Joomla?

Joomla ဆိုတာ CMS စနစ်သုံး Web ဖန်တီးတဲ့ App တစ်ခုဖြစ်ပါတယ် ။ CMS ဆိုတာကတော့ Content Management
System ရဲ့ အတိုကောက်ကိုပြောတာဖြစ်ပြီး


မြန်မာလို ပြောရရင် သတင်းမီဒီယာတွေကို စီမံ ခန့်ခွဲ တဲ့ စနစ်လို့ပြောလို့ရမယ်ထင်ပါတယ်။

CMS စနစ်နဲ့ ရေးတဲ့ Website တွေဟာ ရိုးရိုးဆိုက်တွေထက် စီမံခန့်ခွဲ တဲ့နေရာမှာ ပိုမိုလွယ်ကူတာ အမှန်ပါပဲ …

Joomla ကို September 1, 2005 မှာ Mambo ကို အဆင့်မြှင့်တင်ပြီးနောက် ခေါ်ဝေါ်ခဲ့တယ်လို့ သိရပါတယ် ။ Joomla
1.0.0 ကိုတော့ September 16, 2005


 မှာစတင် နိုင်ခဲ့တယ်လို့ ဆိုပါတယ် ။ ယနေ့ ခေတ်မှာ Joomla နဲ့ ဖန်တီးတဲ့ဆိုက်ပေါင်း

30 million ရှိနေပြီး www.Joomla.org  ဆိုက်ကို register ပြုလုပ်ထားသူပေါင်း 110,000 နဲ့

အကြီးမားဆုံး Community တစ်ခုအဖြစ်ရှိနေပါပြီ ။ လက်ရှိ Joomla 1.5.22 ဟာ နောက်ဆုံး

Version ဖြစ်ပါတယ် ။ Joomla အခုလောက်ထိ တွင်ကျယ်လာရတာကတော့

သူက Complete Free ဖြစ်တာကြောင့်ရယ် ( ပြောရရင် Open source & Charge Free)

ပြီးတော့ free  extensions and modules တွေ အများအပြားရယူနိုင်တာတွေ ရယ်ကြောင့်

ဖြစ်ပါတယ် ။ အရင် Version တွေမှာ Loading နှေးတဲ့ ပြသနာရှိခဲ့ပေမယ့် အခု Version မှာ
ဖြေရှင်းပြီးဖြစ်ပါတယ် ။ဒါပေမယ့် အားနည်းချက်နဲ့ အားသာချက်တွေကတော့
အမျိုးမျိုးကျန်ရှိနေဦးမှာပဲဖြစ်ပါတယ် ။


 ကဲ  Joomla နဲ့ ဆိုက်တစ်ခုဖန်တီးကြည့်ရအောင် -







 ပထမဦးဆုံး ကတော့ သူ့ ကို run ပေးမယ့် Server လိုပါတယ် ။PHP နဲ့ My SQL database

လိုပါတယ် ။အရင်ကတစ်ခုချင်းလိုက်တင်ပေးရပေမယ့် အခုအခါ တစ်ပေါင်းတည်း ပါဝင်ထားတဲ့ Software
Package တွေရှိနေပြီဖြစ်လို့ တစ်ဆင့်တည်းနဲ့ပြီင်္းပါတယ် ။ Server


အတွက် WAMP နဲ့ပဲ စမ်းကြည့်လိုက်ရအောင် ။ ဒီဆိုက်ကနေ  WAMP
Server ကို ဒေါင်းလိုက်ပါ ။ ပြီးရင် Double Click နှိပ်ပြီး  Run ပါ။ Next လုပ်သွားယုံနဲ့ အဆင်ပြေ စွာ
ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ပြီးရင်တော့ ဒီဆိုက်ကနေ Joomla နောက်ဆုံး Version ကို


လှမ်းဆွဲလိုက်ပါ ။ပြီးရင်တော့ Zip ဖိုင်ကိုဖြေလိုက်ပါ (Extract to file နဲ့ပဲ Zip ဖြေပါ ) ။အဲဒီ
ဖိုင်ကို ကူးပြီး C ထဲက wamp ဖိုင်ထဲက www ဖိုဒါထဲမှာထည့်ပေးလိုက်ပါ ။ ဒါဆိုသူ့


ကို သုံးဖို့ အဆင်သင့်ဖြစ်ပါပြီ ။ Server ကို Double
Click နှိပ်ပြီး Run ပါ ။  task bar မှာ
ဒီလိုလေးပေါ်လာပါလိမ့်မယ် ။





Put online လုပ်ပါ ။ Start all service လုပ်ပါ ။ ပြီးရင် တော့

Php Mydamin ကိုရွေးလိုက်ပါ ။ ကိုယ့်ဆိုက်အတွက် Database ဆောက်ပေးဖို့ဖြစ်ပါတယ် ။





သင့်တော်တဲ့နာမည်နဲ့ Database တစ်ခုဆောက်လိုက်ပါ ။ ဒါဆိုရင် တော့ Local Server မှာ

Joomla ကို Install လုပ်ဖို့အဆင်သင့်ဖြစ်ပါပြီ ။



ညာဘက်ထောင့် taskbar က Server မှာ localhost ကိုနှိပ်မယ် ။ အဲဒီကမှ Joomla ကိုရွေးမယ် ။ installing ပထမအဆင့်ပါ ။English ကိုပဲရွေးပါမယ် ။ ပြီးရင် Next-
Pre-installation Check လုပ်ခိုင်ပါမယ်။ ညာဘက်ထောင့်က Next ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။

နောက်တစ်ဆင့်မှာGNU General Public License: အကြောင်းရှင်းပြပေးထားပါမယ်။ ညာဘက်ထောင့်က Next ဆိုတဲ့ Button ကိုပဲထပ်နှိပ်လိုက်ပါ။နောက်တစ်ဆင့် ရောက်ပါပြီ။









ပုံမှာပြထားတဲ့ အတိုင်း တွင် localhost ၊ တွင် root ကို ဖြည့်ပါ။ Password
ဘာမှမပေးထားပါက သည်အတိုင်းပဲထားလိုက်ပြီး Database name ကို ကိုယ် ကြိုတင်သတ်မှတ်ထားတဲ့ Name ပဲပေးလိုက်ပါ။
ပြီးရင် Advance ကိုဆက်သွားကြည့်ပါ ။ အဲဒီမှာသူပေးထားတဲ့ jos_ ဆိုတဲ့ table name ကိုပြောင်းလဲသင့်ပါတယ်
 မပြောင်းလည်းရပါတယ် ။ ဒါပေမယ့် ပြောင်းလိုက်တာက ပိုပြီးလုံခြုံပါမယ်။
နောက်တစ်ဆင့် FTP Configuration:ပါ။ ဘာမှမလုပ်ပဲ ညာဘက်ထောင့်က Next ဆိုတဲ့ Button ကိုပဲထပ်နှိပ်လိုက်ပါ။နောက်တစ်ဆင့် Main Configuration
လုပ်ရပါမယ်။ Site Name တွင် မိမိပေးလိုသော အမည်ကိုဖြည့်ပါ။ Email နှင့် Password
နေရာမှာ မိမိရဲ့ Email နဲ့ Pw ကို ထည့်ပါ။ မိမိပေးလိုက်သော PW ကို
အသုံးပြုရမည်ဖြစ်၍ သေသေခြာခြာမှတ်ထားဖို့တော့ လိုပါမယ်။ပုံကိုကြည့်ပါ။

အဲဒီ အဆင့်မှာသူပြထားပေးတဲ့ Button လေးကိုနှိပ်ပြီး sample data တွေကို install လုပ်ခဲ့ဖို့လိုပါမယ် ။
ဒါဆိုရင်တော့ Installing ပြီးပါပြီ ဒါပေမယ့်သူက installing file ကိုဖျက်ခိုင်းထားပါတယ် ။ မဖျက်ရင်နောက်တစ်ခါ
ဝင်ရင်နောက်ထပ် ထပ်ပြီး install လုပ်ခိုင်းမှာမို့လို့ပါ။ပုံကိုကြည့်ပါ။

သူက C အောက်က WAMP ထဲက www ထဲက Joomla ထဲမှာ ရှိပါတယ်။ဖျက်ပြီးရင်တော့ ဆိုက်တစ်ခုအနေနဲ့
ရပါပြီ ။

ပြင်ဆင်မှုတွေ တော့မလုပ်ရသေးပါဘူး ။ ပြင်ဆင်မှူတွေ အကြောင်းကတော့စာတစ်အုပ်စာထက်ကိုပို သေးတာမို့လို့ကိုယ့်ဖာသာလေ့လာစေချင်ပါတယ် ။
 လေ့လာရမယ့် စာအုပ်တွေကို ဒီဆိုက်က ဒေါင်းလုတ်စာမျက်နှာကနေ ယူလိုက်ပါဗျာ။

Event Viewer

သင်ဟာHardware Technician တစ်ယောက်သာဆိုရင်တော့ Event Viewer ကိုမသိလို့မဖြစ်ပါဘူး။
သင့်စက် ရဲ့ လုပ်ဆောင်ချက်တွေထဲကလွဲမှားမှုတွေကိုမကြာခဏ၀င်ကြည့်ဖို့သိပ်ကို
လိုအပ်တဲ့အတွက်ဖြစ်ပါတယ်။Server အတွက် ဆိုပိုပြီးအရေးကြီးပါတယ်။
Start>Settings> Control Panel > Administrative tool တွေအောက်မှာ Event Viewer ရှိပါတယ်။
ဒါမှမဟုတ် Windows Logo နဲ့ R တွဲနှိပ်ပြီး Run Box ခေါ်လိုက်ပြီးရင် eventvwr  ရိုက်ထည့် ရင်လည်းရပါတယ်။


System Crash ဖြစ်တာ Application Hung တာတွေ တိုင်းမှာ Windows ရဲ့ event viewer ဟာ
Errorတွေကို Log လုပ်ပေးပါတယ်။ Utility ရဲ့ System Note ဟာ Windows ဆိုင်ရာ -
အထူးသဖြင့် Network ဆိုင်ရာတွေကို Log လုပ်ပေးပြီး Application Note ကတော့ ဆော့ဝဲတွေနဲ့
ပတ်သက်တဲ့ Log တွေကိုလုပ်ပေးပါတယ်။ Error အမျိုးအစားတွေကို အသေးစိတ်သိချင်ရင်
www.eventid.net ကနေ event ID တွေရိုက်ထည့်ပြီးကြည့်နိုင်ပါတယ်။

သိသင့်တဲ့ log
တွေကိုမှတ်ထားမယ်ဆိုရင် Professional လုပ်ဆောင်ချက်တွေအတွက် အဆင်သင့်ဖြစ်စေပါလိမ့်မယ်။
ဥပမာ။  ။ windows ဖွင့်တဲ့အချိန် နဲ့ပိတ်တဲ့ အချိန်တွေအတွက် သတ်မှတ်ပေးတဲ့ event log ကတော့
6066 ဖြစ်ပါသတဲ့ ။

Sunday, October 16, 2011

စိတ်ဝိညာဉ်အတွက် ပုံပြင်တိုလေးများ

(၁)
ကျွန်တော်အလယ်တန်းတုန်းက ကျောင်းမှာ အတန်းလိုက် ရူပဗေဒအသိပညာပြိုင်ပွဲတစ်ခု ကျင်းပခဲ့တယ်။ အမှတ်တွေမြင့်အောင်၊ အဆင့်တွေရအောင်
ဆရာမက ပြိုင်ပွဲရဲ့အရေးပါတဲ့အချက်တွေ ကျွန်တော်တို့ကို ပြောပြနေခဲ့တယ်။ အဲဒီနောက် ဆရာမက အတန်းနောက်ဆုံးမှာထိုင်နေတဲ့ ရူပဗေဒဘာသာမှာ အဆင့်အနိမ့်ဆုံးရ ကျောင်းသားဆီသွားပြီး "ဒီတစ်ခေါက် ရူပဗေဒအသိပညာပြိုင်ပွဲမှာ အဆင့်ချိတ်ဖို့ မင်းကို အားကိုးရလိမ့်မယ်" လို့ ခေါင်းကိုပွတ်သပ်ပြီး ပြောလိုက်ပါတယ်။

ဆရာမစကားကို တစ်တန်းလုံးက နားမလည်ခဲ့ကြဘူး။ ဒါကို ဆရာမက ဖြေးဖြေးညင်သာနဲ့ ရှင်းပြပါတယ်။

"ဒီအတန်းထဲက အတန်းသားအားလုံးကို ဝိုင်းဖွဲ့စုစည်းလိုက်ရင် သစ်သားစည်ကြီးတစ်ခုနဲ့ တူနေပါတယ်။ အတန်းထဲက ကျောင်းသားတစ်ယောက်တိုင်းဟာ စည်ပတ်လည်က သစ်သားချပ်လေးတစ်ချပ်ဖြစ်တယ်။ ဒီစည်ကြီးထဲ ရေဘယ်လောက်ထည့်နိုင်မယ်၊ မထည့်နိုင်ဘူးဆိုတာ အရှည်ဆုံးသစ်သားချပ်ပေါ် မူတည်တာမဟုတ်ပါဘူး။ အတိုဆုံးသစ်သားချပ်ပေါ်မှာပဲ မူတည်တာပါ"

နောက်ဆုံးပြိုင်ပွဲမှာ ကျွန်တော်တို့အတန်းက ပထမရခဲ့သလို အဲဒီကျောင်းသားကလည်း တိုးတက်မှုရှိခဲ့ပါတယ်။

(တကယ်တော့.... အဖွဲ့တစ်ဖွဲ့ ထူးချွန်မှုရှိမရှိ၊ စည်းလုံးမှုရှိမရှိဆိုတာကို အညံ့ဆုံးအဖွဲ့ဝင်က အဆုံးအဖြတ်ပေးပါတယ်)


(၂)
အပြောကျယ်တဲ့ သဲကန္တာရတစ်နေရာမှာ သူဌေးသားတစ်ဦးနဲ့ ဆင်းရဲသားတစ်ဦး ဦးတည်ရာပျောက်ပြီး တဝဲလည်လည်ဖြစ်နေခဲ့ကြတယ်။

သူဌေးသားက "လူတွေ ငါ့ကိုလာကယ်လိမ့်မယ်။ ငါတို့အိမ်က ချမ်းသာတယ်။ ငါ့အဖေက ဟယ်ရီကော်ပတာငှားပြီး ငါ့ကိုအရှာခိုင်းလိမ့်မယ်။ ငါ့ကိုရှာတွေ့တဲ့လူ ဆုတွေအများကြီးရမှာ သေချာတယ်"ဆိုပြီး နေရာမှာတင်ရပ်ပြီး လူတွေလာရှာတာကို စောင့်နေခဲ့တယ်။

ဆင်းရဲသားက ဘာမှမပြောဘဲ ရှေ့ဆက်လျှောက်နိုင်သမျှ လျှောက်တယ်။ ကုလားအုတ်တွေရဲ့ ခြေရာတွေကို ကြိုးစားရှာရင် ရေရှိရာနေရာကို သူရှာတွေ့ခဲ့တယ်။ နေကိုမော့ကြည့်ပြီး အရပ်လေးမျက်နှာခွဲလို့ သူရှေ့ဆက်လျှောက်ခဲ့တယ်။

ရက်အတန်ငယ်အကြာမှာ ဆင်းရဲသားက သဲကန္တာရကနေ လွတ်မြောက်ခဲ့တယ်။ ဟယ်ရီကော်ပတာတွေ သူဌေးသားကိုရှာတွေ့ချိန်မှာ သူဟာသေဆုံးနေပြီးဖြစ်တယ်။

(တကယ်တော့... ငွေကြေးက နေရာတိုင်းမှာ အရေးပါနိုင်တာမဟုတ်ပါဘူး။ အသိဉာဏ်နဲ့လှုပ်ရှားမှုလည်း လိုအပ်ပါသေးတယ်)


(၃)
မိုးပျံပူဖောင်းတစ်လုံးဟာ ကောင်းကင်အမြင့်ထက်ကို ပျံတက်သွားတယ်။ တိမ်ဖြူဘေးကိုရောက်တော့ တိမ်ဖြူက "အမြင့်ကို ဆက်မပျံနဲ့တော့ အန္တရာယ်ရှိတယ်"လို့ သတိပေးတယ်။ ဒါကို မိုးပျံပူဖောင်းက မာနကြီးကြီးနဲ့ သူအမြင့်ပျံနိုင်တာကို တိမ်ဖြူမနာလိုလို့ ထင်ပြီး အမြင့်ပေါ်ဆက်ပျံသွားတယ်။ လေထုတွေ တဖြေးဖြေးနည်းလာတယ်။ လေထုဖိအားအပြောင်းအလဲကြောင့် မိုးပျံပူဖောင်းဟာ "ဖောင်း"ခနဲ ကွဲထွက်သွားတော့တယ်။

(တကယ်တော့.... တတ်နိုင်သလောက်ပဲ သင့်တင့်မျှတလုပ်တာက အကောင်းဆုံးဖြစ်တယ်)


(၄)
မြို့နယ်အဆင့် သချာင်္ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ဒုတိယတန်းကျောင်းသားလေးတွေထဲက ကျောင်းကိုယ်စားပြု ကျောင်းသားတစ်ဦးကို ဆရာ/ဆရာမတွေက ရွေးချယ်နေကြတယ်။ နောက်ဆုံးမှာ မောင်မောင်နဲ့ အောင်အောင်လို့ခေါ်တဲ့ ကျောင်းသားနှစ်ဦးဟာ အဆင့်တူ၊ အမှတ်တူနေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ တစ်ကျောင်းမှာ တစ်ယောက်ပဲဝင်ပြိုင်ရမှာဆိုတော့ ဆရာ/ဆရာမတွေက မေးခွန်းတစ်ခုထုတ်လိုက်တယ်။ မေးခွန်းက တြိဂံတစ်ခုရဲ့ထောင့်သုံးခုအဖြေကို အချိန်အတိုဆုံးအတွင်းမှာ ဖြေဆိုဖို့ဖြစ်တယ်။

မောင်မောင်က တြိဂံရဲ့ထောင့်တစ်ခုစီကို တိတိကျကျတိုင်းတာတယ်။ အောင်အောင်က တြိဂံရဲ့အနားတွေကို တိုင်းတာတယ်။

မောင်မောင်ရော ၊ အောင်အောင်ရော ထောင့်တထောင့်စီဟာ ၆ဝံဆိုတဲ့အဖြေကို မြန်မြန်ဆန်ဆန်ရခဲ့ပါတယ်။ ဒါပေမဲ့ အောင်အောင်က ဆရာမကို "တြိဂံကိုကြည့်လိုက်တာနဲ့ သုံးနားညီတြိဂံဖြစ်မယ်လို့ ကျွန်တော်ထင်လိုက်တယ်။ သေချာအောင် အနားတွေကို ကျွန်တော်တိုင်းလိုက်တယ်။ ကျွန်တော်ထင်ထားသလိုပါပဲ... နောက်တော့ အနားညီတြိဂံရဲ့နိယာမနဲ့အညီ ထောင့်တစ်ခုစီဟာ ၆ဝံဖြစ်တယ်ဆိုတာကို ရလိုက်တယ်"လို့ ပြောပြပါတယ်။

နောက်ဆုံးမှာ ဆရာမတွေက အောင်အောင်ကို မြို့နယ်သချာင်္ပြိုင်ပွဲဝင်ပြိုင်ဖို့ ရွေးလိုက်ပါတယ်။ အကြောင်းက အောင်အောင်ဟာ တတိယတန်းဖြေရှင်းနည်းကို သုံးတတ်ခဲ့လို့ဖြစ်တယ်။

(တကယ်တော့.... ယှဉ်ပြိုင်မှုတွေထဲမှာ အသိဉာဏ်၊ အမြင်ကို ဦးဆောင်နိုင်ခဲ့ရင် ကိုယ့်ပြိုင်ဖက်ကို ပိုအလဲဖြိုနိုင်မှာဖြစ်တယ်)


(၅)

ဦးစိမ်းနဲ့ဦးလွန်းတို့က ကုမ္ပဏီတစ်ခုရဲ့ လက်ထောက်မန်နေဂျာတွေဖြစ်တယ်။ ကုမ္ပဏီက အထပ်ငါးထပ်မှာရှိတာမို့ ဦးစိမ်းက အမြဲတမ်း ဓာတ်လှေကားစီးတယ်။ ဘယ်တော့မှ လှေကားဖက်ကနေ လမ်းလျှောက်မတက်ဘူး။ ဦးလွန်းက ဓာတ်လှေကား အစီးနည်းတယ်။ အမြဲတမ်းလှေကားတွေပဲ အသုံးပြုတယ်။

နှစ်အတန်ကြာတော့ ကုမ္ပဏီက ဦးလွန်းကို မန်နေဂျာရာထူးခံအပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို ဦးစိမ်းက မကျေနပ်ဘူး။ အကြီးအကဲ ရုံးခန်းနားသွားပြီး ဖြေရှင်းချက်တောင်းတယ်။

အကြီးအကဲက ဖြေဖြေချင်းရှင်းပြပါတယ်။

"ဦးလွန်းက နေ့တိုင်း လှေကားကနေတက်ဆင်းတယ်။ အထပ်တိုင်းမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ ခေါ်ပြောနှုတ်ဆက်တယ်။ သန့်ရှင်းရေးလုပ်တဲ့ အဒေါ်ကြီးပါမကျန် အလုပ်အကြောင်း၊ မိသားစုအကြောင်း ဆွေးနွေးတယ်။ ကုမ္ပဏီရဲ့ လည်ပတ်မှုတိုင်းကို သူသိတယ်။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အကြိုက်တွေကို သူနားလည်တယ်"

(တကယ်တော့.... လူလုပ်တယ်ဆိုတာ အမြင့်ဆုံးမှာပဲနေဖို့ မဟုတ်ပါဘူး။ ကြိုးကြိုးကုတ်ကုတ်၊ ဖော်ဖော်ရွေရွေနဲ့ နေရာ(ရာထူး၊ ဂုဏ်)ကိုလည်း လက်လွတ်တတ်ဖို့ ပိုလိုအပ်ခဲ့ပါတယ်)


(၆)
ကိုစိုင်းဟာ ငယ်ငယ်လေးကတည်းက အားကစားသမားတစ်ဦးဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ ဟန်ချက်ကို သူရှာမတွေ့ခဲ့ဘူး။ သူ့ရဲ့ခန္ဓာကိုယ်ဟန်ချက်က အရမ်းညံ့ခဲ့တယ်။ ဒါကြောင့် ခန္ဓာကိုယ်ဟန်ချက်ညီအောင်ဆိုပြီး ကျောင်းဆင်းအိမ်ပြန်တိုင်း ရထားသံလမ်းတစ်လျှောက် သူလမ်းလျှောက်ပြန်ခဲ့တယ်။ အထက်တန်းအောင်တဲ့အထိ တိုးတက်မှုမရှိပေမယ့် အားကစားတစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ကိုတော့ သူလက်မလွတ်ခဲ့ဘူး။

ကျောင်းပြီးတဲ့နောက် ကိုယ့်နေရပ်ကိုပြန်ပြီး သံထည်အနုပညာဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဟိုးအရင် သံလမ်းပေါ်မှာလမ်းလျှောက်ခဲ့တုန်းက သံထည်တွေရဲ့ပုံစံမျိုးစုံကို သူသတိရပြီး သံထည်နဲ့ အနုပညာပုံအမျိုးမျိုး သူပြုလုပ်ခဲ့တယ်။ သူ့ရဲ့သံထည်ပစ္စည်းတွေ ရောင်းအားတက်ပြီး နောက်ဆုံးမှာ နာမည်ရှိတဲ့ သံထည်အနုပညာတစ်ယောက်ဖြစ်ခဲ့တယ်။

(တကယ်တော့.... ငယ်အိပ့်မက်တွေက အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်မှုက သင်ကြီးပြင်းရာလမ်းတလျှောက်မှာ ရှိနေပါတယ်)


(၇)
နာမည်ကြီးစန္ဒယားဆရာတစ်ဦးက တပည့်ရွေးမယ်ဆိုလို့ ကျောင်းပေါက်ဝမှာ တပည့်ခံဖို့ လာလျှောက်ကြတဲ့ ကျောင်းသားတွေနဲ့ ပြည့်ကြပ်နေတယ်။ စလျှောက်ချိန်မရောက်ခင် ငါးမိနစ်အလိုမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။ လမ်းမပေါ်မှာ အဘွားအိုတစ်ဦးမေ့လဲသွားတာပါ။ အဲဒီအချိန်မှာပဲ ကားတစ်စီးရောက်လာပြီး ကားထဲကနေ လူလတ်ပိုင်းတစ်ဦး ဆင်းလာပါတယ်။ အဲဒီလူဟာ အဘွားအိုကို ဆေးရုံပို့ဖို့ ထူလိုက်ရင်းက ကျောင်းပေါက်ဝဖက်လှည့်ပြီး "အဘွားအိုကို ဆေးရုံပို့ဖို့ တစ်ယောက်ယောက်လာကူပါဦး" လို့ အော်လိုက်တယ်။

ကျောင်းသားတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘယ်သူမှ နေရာက မခွာချင်ခဲ့ကြဘူး။ စလျှောက်ချိန်လည်း နီးလာလို့ဖြစ်တယ်။ အဲဒီအချိန်မှာ ကျော်ကျော်ရောက်လာပြီး "ကျွန်တော်ကူမယ်"လို့ ဆိုပါတယ်။

နောက်ဆုံးတော့ ကျော်ကျော် အရွေးခံလိုက်ရပါတယ်။ အဲဒီ ကားမောင်းလာတဲ့လူဟာ တပည့်ရွေးဖို့လာတဲ့ နာမည်ကြီးစန္ဒယားဆရာဖြစ်လို့ပဲဖြစ်တယ်။

(တကယ်တော့.......... အောင်မြင်ဖို့ရာ ချစ်ခြင်းမေတ္တာလည်းလိုအပ်ပါတယ်)


(၈)
လက်ထောက်မန်နေဂျာတစ်ဦး နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ (၈ဝဝ)တန်လက်ကိုင်ဖုန်းကို အလုံး(၅ဝဝ)ဝယ်ဖို့ သွားရောက်ဆွေးနွေးခဲ့တယ်။ သဘောတူစာချုပ်မချုပ်ခင် အထက်မန်နေဂျာကို သဘောတူမတူ မက်ဆေ့ပို့ခဲ့တယ်။ အထက်မန်နေဂျာက ဒီဈေးနှုန်းဟာဈေးမြင့်ပြီး တကယ်လို့ ဝယ်ယူရင် ရှုံးနိုင်တယ်ဆိုတာကိုသိတော့ သဘောမတူလို့ မက်ဆေ့ပြန်ပို့လိုက်တယ်။

ဒါပေမဲ့ စာရိုက်ချိန်မှာ သဘောမတူကို သဘောတူလို့မှားရိုက်မိလိုက်တယ်။ နောက်ဆုံးမှာ သဘောတူစာချုပ် ချုပ်ခဲ့မိတဲ့အတွက် ကုမ္ပဏီက အရှုံးနဲ့ရင်ဆိုင်လိုက်ရတယ်။

(တကယ်တော့.... အောင်မြင်ဖို့ရာ အသေးစိတ်ဖို့လည်း လိုပါတယ်)


(၉)
ငယ်ရွယ်တဲ့စိုက်ပျိုးရေးသမားတစ်ဦးဟာ တောင်ဖက်ဒေသမှာ ပန်းသီးပင်တွေပျိုးဖို့ ဆုံးဖြတ်လိုက်တယ်။ သက်ကြီးစိုက်ပျိုးရေးသမားတွေက တောင်ဖက်ဒေသတွေက ရာသီဥတု၊ မြေဆီလွှာတွေဟာ ပန်းသီးစိုက်ဖို့ မသင့်တော်ကြောင်း ဒီစီမံကိန်းကို လက်လွတ်ဖို့တားတယ်။ ဒါပေမဲ့ လူငယ်က သူတို့စကားကို နားမထောင်ခဲ့ဘူး။ သူ့ဆုံးဖြတ်ချက်အတိုင်း ပန်းသီးပင်တွေကို စပျိုးခဲ့တယ်။ နောက်ဆုံးမှာ ပန်းသီးတွေ အသီးသီးလာပါတယ်။ ဒါပေမဲ့ ပန်းသီးတိုင်းက မချိုဘဲဖန်နေတာကို တွေ့ရတယ်။

ဒါကို လူငယ်က စိတ်မပျက်ခဲ့ဘူး။ ပန်းသီးပင်အားလုံးကို သစ်တော်သီးပင်နဲ့ သူကိုင်းဆက်လိုက်တယ်။ နောက်တစ်နှစ်မှာ သူ့ပန်းသီးပင်ကနေ ချိုမြတဲ့ ပန်းသစ်တော်တွေ သီးခဲ့ပြီး အရောင်းသွက်ခဲ့ပါတယ်။

(တကယ်တော့.... အောင်မြင်ဖို့ရာ အခြေအနေလိုအပ်သလို ဆန်းသစ်ထီထွင်တတ်ဖို့လည်း ပိုလိုအပ်ပါတယ်)

မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း


လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။

(၁)
အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။
ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)

(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)

(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )

Wednesday, October 5, 2011

ဘဝတွင် ရှင်သန်ရပ်တည်နိုင်ရေး သင်ခန်းစာ (၅) ခု

  1. သင်ခန်းစာ (၁)

    ကျွန်တော်လမ်းတစ်ခုအတိုင်း ဆင်းလာတယ်
    အဲဒီလမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်အပေါက်တစ်ပေါက် ရှိနေတယ်
    ကျွန်တော်ပြုတ်ကျသွားတယ်
    ကျွန်တော်ကျရှုံးသွားတယ်
    ကျွန်တော့်ကို ကူညီမယ့်သူမရှိဘူး
    ဒါကျွန်တော့အမှားမဟုတ်ဘူး
    ပြန်ထွက်နိုင်ဖို့တော့ အချိန်အတော်ကြာလိမ့်မယ်....။

    Chapter 1

    I walk down the street. There is a man hole in the street.
    I FALL IN ......!!! I am lost ....! I am helpless. It isn't my fault!!! It takes forever to get out.
  2. သင်ခန်းစာ (၂)

    ကျွန်တော် အရင်လမ်းအတိုင်း ဆင်းလာတယ်
    လမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်အပေါက်တစ်ပေါက် ရှိနေတယ်
    ကျွန်တော်မမြင်ချင်ယောင်ဆောင်လိုက်တယ်
    ကျွန်တော်ပြုတ်ကျပြန်ပြီ
    မယုံနိုင်လောက်အောင်ပဲ.. အရင်နေရာမှာ အရင်အတိုင်းပဲ ပြုတ်ကျတယ်
    ဒါပေမယ် ဒါကျွန်တော့အမှားမဟုတ်ဘူး
    ပြန်ထွက်နိုင်ဖို့တော့ အချိန်အတော်ကြာလိမ့်ဦးမယ်....။

    Chapter 2

    I walk down the same street. There is a man hole in the street. I pretend I don't see it.
    I FALL IN AGAIN ......!!! I can't believe I am in the same place. But, it isn't my fault. It still takes forever to get out.
  3. သင်ခန်းစာ (၃)

    ကျွန်တော် အရင်လမ်းအတိုင်းပဲ ဆင်းလာတယ်
    လမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်အပေါက်တစ်ပေါက် ရှိနေတယ်
    အဲဒါကို ကျွန်တော်မြင်လိုက်တယ်
    ကျွန်တော်ပြုတ်ကျတယ်
    ဒါက ကျွန်တော့အတွက် အလေ့အထဖြစ်နေပြီ
    ကျွန်တော့်မျက်လုံးတွေဖွင့်လိုက်တယ်
    ကျွန်တော်ဘယ်ရောက်နေလဲဆိုတာ ကျွန်တော်သိတယ်
    ဒါကျွန်တော့အမှားပဲ
    ကျွန်တော် ချက်ချင်း ပြန်ထွက်ခဲ့တယ်...။

    Chapter 3

    I walk down the same street. There is a man hole in the street. I see it is there.
    I FALL IN ...... It's a habit !!! My eyes are open. I know where I am .....! It is my fault. I get out immediately.
  4. သင်ခန်းစာ (၄)

    ကျွန်တော် ဒီလမ်းအတိုင်းပဲ ဆင်းလာတယ်
    လမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်တစ်ပေါက် ရှိနေတယ်
    ကျွန်တော်ဘေးကနေ ပတ်သွားလိုက်တယ်....။

    Chapter 4

    I walk down the same street. There is a man hole in the street. I walk around it.
  5. သင်ခန်းစာ (၅)

    ကျွန်တော် တခြားလမ်းကို ပြောင်းပြီးလျှောက်နေပါပြီ။


    Chapter 5

    I walk down a different street.