WELCOME

Monday, October 17, 2011

Event Viewer

သင်ဟာHardware Technician တစ်ယောက်သာဆိုရင်တော့ Event Viewer ကိုမသိလို့မဖြစ်ပါဘူး။
သင့်စက် ရဲ့ လုပ်ဆောင်ချက်တွေထဲကလွဲမှားမှုတွေကိုမကြာခဏ၀င်ကြည့်ဖို့သိပ်ကို
လိုအပ်တဲ့အတွက်ဖြစ်ပါတယ်။Server အတွက် ဆိုပိုပြီးအရေးကြီးပါတယ်။
Start>Settings> Control Panel > Administrative tool တွေအောက်မှာ Event Viewer ရှိပါတယ်။
ဒါမှမဟုတ် Windows Logo နဲ့ R တွဲနှိပ်ပြီး Run Box ခေါ်လိုက်ပြီးရင် eventvwr  ရိုက်ထည့် ရင်လည်းရပါတယ်။


System Crash ဖြစ်တာ Application Hung တာတွေ တိုင်းမှာ Windows ရဲ့ event viewer ဟာ
Errorတွေကို Log လုပ်ပေးပါတယ်။ Utility ရဲ့ System Note ဟာ Windows ဆိုင်ရာ -
အထူးသဖြင့် Network ဆိုင်ရာတွေကို Log လုပ်ပေးပြီး Application Note ကတော့ ဆော့ဝဲတွေနဲ့
ပတ်သက်တဲ့ Log တွေကိုလုပ်ပေးပါတယ်။ Error အမျိုးအစားတွေကို အသေးစိတ်သိချင်ရင်
www.eventid.net ကနေ event ID တွေရိုက်ထည့်ပြီးကြည့်နိုင်ပါတယ်။

သိသင့်တဲ့ log
တွေကိုမှတ်ထားမယ်ဆိုရင် Professional လုပ်ဆောင်ချက်တွေအတွက် အဆင်သင့်ဖြစ်စေပါလိမ့်မယ်။
ဥပမာ။  ။ windows ဖွင့်တဲ့အချိန် နဲ့ပိတ်တဲ့ အချိန်တွေအတွက် သတ်မှတ်ပေးတဲ့ event log ကတော့
6066 ဖြစ်ပါသတဲ့ ။

No comments: