WELCOME

Showing posts with label ကျင့်စဉ်. Show all posts
Showing posts with label ကျင့်စဉ်. Show all posts

Saturday, January 21, 2012

ပရာဏဓါတ်ဆိုတာ

Thank You Visited My Blog.

မိမိရဲ့ ကိုယ်ခန္ဒာထဲမှာ ပရာဏဓါတ်ငွေ့ အားကောင်းထက်မြက်လာအောင် ပရာဏဓါတ်စုဆောင်းရမယ်။မွေးမြူရမယ်။ ပရာဏဓါတ်ငွေ့ တွေကို စုပ်ယူနိုင်တဲ့ ချက္ကရတွေကို ကြံ့ခိုင်အောင်လုပ်ထားရမှာဖြစ်ပါတယ်။အသက်ရှုတဲ့အခါမှာ လေတွေဝင်လာတယ်။အာကာသမှာရှိတဲ့ပရာဏဓါတ်ငွေ့ တွေကို လေရှုရင်းရှုသွင်းနိုင်တယ်။သာမန်အသက်ရှုရုံနဲ့ ပရာဏဓါတ်ငွေ့ တွေ
မ၀င်နိုင်ဘူး။တမင်တကာပရာဏဓါတ်ကို စိတ်နဲ့ ရည်စူးပြီးရှုသွင်းနိုင်မှရနိုင်တယ်။ဒီလို  ပရာဏဓါတ်ကိုရှုသွင်းတာကို သက္ကတဘာသာနဲ့  ပရာဏမယကျင့်စဉ်လို့ ခေါ်တယ်။
တရားထိုင်တော့မယ်ဆိုရင် ငါးမိနစ်လောက် အသက်ရှုရင်းပရာဏဓါတ်ငွေ့ တွေကို ရှုသွင်းတဲ့လေ့ကျင့်ခန်းလုပ်ပါ။အသက်ရှုသွင်းတဲ့ အခါ စိတ်အာရုံ ငြိမ်သက်စေဖို့ အတွက် အထောက်အပံ့သာဖြစ်တယ်။တရားမှတ်ဖို့ မဟုတ်ပါဘူး။ပရာဏဓါတ်ဟာ တရားရှုမှတ်ရာမှာ ဘယ်လို အကျိုးပြုသလဲဆိုတာကတော့ စိတ်ညှို့ ပညာရဲ့ နယ်နိမိတ်ကျော်သွားလို့  မဖော်
ပြတော့ပါဘူး။
အဲဒီပရာဏဓါတ်ဟာ အထူးအဆန်းကြီးမဟုတ်ပါဘူး။ဂမ္ဘီရမဟုတ်တော့ဘူး။ရှင်းလင်းနဲ့မိုးကောင်းကင်ကိုမော့ကြည့်လိုက်ရင် မိမိနဲ့ လေးငါးပေအကွာမှာအဖြူမှုန်ကလေးတွေ ရွစိ ၊ ရွစိလှုပ်ရှားနေတာကို မြင်ရမယ်။နှစ်မိနစ်လောက်သာ အသာလေးကြည့်လိုက် ၊ တစ်ခါတစ်ရံအလင်းစက်ကလေး ရွှီခနဲပေါ်သွားလိမ့်မယ်။တစ်မှုန်ကိုမြင်ရရင် ကျန်တဲ့အမှုန်တွေကို
အားလုံးမြင်ရလိမ့်မယ်။မိုးကောင်းကင်နဲ့ အပြည့်ပါပဲ။ဒီပရာဏအမှုန်တွေကို ရူပဗေဒက အိုင်ယွန်လို့ ခေါ်တယ်။အဏုမြုတစ်ခုမှာ ၀တ်ဆံကို ဗဟိုပြုပြီးတော့ အီလက်ထရွန်တွေက
ပတ်နေတယ်။အီလက်ထရွန် (၄၀ – ၅၀)လောက်ပတ်နေရာက အီလက်ထရွန်တစ်ခုဟာဝတ်ဆံကိုမပတ်တော့ဘဲ အဏုမြူထဲက အပြင်ကိုထွက်သွားတယ်။အဲဒီလို သာမန်အဏုမြူထဲ
က သာမန်ထက်သေးငယ်သွားတဲ့ အဏုမြူကိုအိုင်ယွန်လို့ ခေါ်တယ်။အဲဒီအိုင်ယွန်မှာ လျှပ်စစ်ဓါတ်ငွေ့ ရှိတယ်။အဲဒီလို သဘာဝအတိုင်းလျှပ်စစ်ဓါတ်ငွေ့ တွေရှိနေတဲ့ အိုင်ယွန်ကို
ပရာဏလို့ ခေါ်တာပါ။ဒါကြောင့် ပရာဏကိုရှုသွင်းရင် လျှပ်စစ်ဓါတ်တွေကို ရှုသွင်းတာပါပဲ။အဲဒီလျှပ်စစ်ဓါတ်သက်ဝင်နေတဲ့ ပရာဏဓါတ်ငွေ့ တွေကို မိမိရဲ့ ခန္ဒာကိုယ်ထဲမှာ စုဆောင်း
သိုလှောင်ပြီး အလိုရှိတဲ့အခါလက်သပ်ကုထုံးနဲ့ ပယောဂကုသတဲ့အခါ ထုတ်သုံးလိုက်နိုင်ပါတယ်။
- ပရာဏကိုရှုသွင်းရင် သာမန်အသက်ရှုသွင်းရုံနဲ့  မရနိုင်ပါဘူး။ဖြည်းဖြည်းကလေးရှုသွင်း ၊ ပြည့်သွားရင် ဖြည်းဖြည်းကလေး ရှုထုတ် ၊ အကုန်ထုတ်။ရှုသွင်းချိန် အနည်းဆုံး ငါးစက္ကန့် ၊
ရှုထုတ်ချိန်အနည်းဆုံး ကြာရမယ်။စိတ်အာရုံကလည်း အာကာသမှာရှိတဲ့ ပရာဏဓါတ်တွေကိုရှုသွင်းနေတယ်လို့ အာရုံပြုထားရမယ်။အသွင်းအထုတ် နှစ်ခုပေါင်းခုနှစ်ကြိမ်လုပ်ရမယ်။
ခြောက်ကြိမ် ၊ ရှစ်ကြိမ်ဆိုရင် နရီစည်းပျက်တယ်။နှစ်မိနစ်လောက်ပဲကြာမယ်။
ဒါကိုနေ့ စဉ်လုပ် ၊ မပျက်မကွက်လုပ်ရင် မကြာခင်မှာ ပရာဏဓါတ်တွေအားကောင်းလာမယ်။လက်သပ်ချစိတ်ညှို့ ကုထုံးနဲ့ ပယောဂ အပါအ၀င် ရောဂါတွေကို ကုသနိုင်လာမယ်။
သိပ်မခက်ပါဘူး။စမ်းကြည့်ပါ။

စာဖတ်သူများအားလုံး ကျန်းမာရွှင်လန်းနိုင်ကြပါစေသော်ဝ်။

အချစ်ရေးနှင့် စိတ်ညှို့ ပညာ

Thank You Visited My Blog.

အချစ်ဆိုသောအရာ
အချစ်ဆိုသော အရာသည် လူသားတိုင်းနှင့် လုံးဝကင်းကွာလို့ မရတဲ့အရာ။ အားလုံးနှင့် သက်ဆိုင်နေသောအရာ၊ အားလုံးထဲမှာ ရှင်သန်နေသောအရာ၊ ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့အရာ ဖြစ်တယ်။ မချစ်တတ်သော လူသားဆိုတာက လောကကြီးမှာ မရှိသလောက်ရှားတယ်။ တစ်ရာမှာ တစ်ရာ-ရာခိုင်းနှုန်းမှာ ချစ်တတ်တဲ့စိတ်ဟာ မွေးဖွားလာပြီဆိုကတည်းက ပူးတွဲပါဝင်လာကြတာ။ လူနည်းစုလောက်သာ ချစ်တတ်တဲ့စိတ်ကို မချစ်တတ်တဲ့စိတ်ဖြစ်အောင် ကြိုးစားအားထုပ်သွား ကြတာမဟုတ်လား။ ဒါကြောင့် လူသားတိုင်းမှာ မွေးဖွားလာပြီ ဆိုကတည်းက ပူးတွဲပါဝင်လာတဲ့ ဒီချစ်တတ်တဲ့စိတ် ဆိုတာကို ကောင်းတယ်လို့ ပြောလို့မရသလို မကောင်းဘူးလို့ ပြောလို့လည်း မရပြန်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီအချစ်ဆိုတဲ့ အရာဟာ သဘာဝတရား များစွာထဲက သဘာဝတစ်ခုပဲ မဟုတ်လား။
အချစ်ကိုဘယ်လိုရင်ဆိုင်မလဲ
အိုကေနော်….။ ဒီအချစ်ဆိုတဲ့ အရာကြီးကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲ။ လူဆိုတာကလည်း လူအမျိုးမျိုး ရှိတာဆိုတော့ အချစ်ဆိုတဲ့ အရာကို တွေ့ဆုံရင်ဆိုင်လာကြရတဲ့ အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း ၊ ခံစားချက်ခြင်း မတူညီကြတဲ့အတွက် ရင်ဆိုင်ပုံခြင်းလည်း မတူညီကြပြန်ဘူး။ တစ်ချို့က နူးနူးညံ့ညံ့လေး ရင်ဆိုင်ကြတယ်။ တစ်ချို့တော့ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကတော့ ဘာသာတရားနဲ့ လက်တွဲပြီး ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကြပြန်တော့ အရက်ဆိုင်ကနေ ရင်ဆိုင်တတ်ကြတယ်။ ကဲ… ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကိုပဲ လိုက်ကြည့်လိုက်ပါဦး။ တစ်ယောက်နဲ့ တစ်ယောက် တူညီကြသလားလို့။
အချစ်ရဲ့အကျိုးသက်ရောက်မှု့
နောက်တစ်ခုက အကျိုးသက်ရောက်မှု့။ တစ်ချိုကတော့ အချစ်ကြောင့် ကောင်းသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆိုးသွားကြတယ်။ တစ်ချို့ကြပြန်တော့ ကြီးပွား ချမ်းသာသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆင်းရဲ မွဲတေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ ကိုယ့်ကိုကို သတ်သေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ အသက်ကို ရှည်သထက်ရှည်အောင် နေထိုင်သွားကြတယ်။ တစ်ချို့ကြတော့ အောင်မြင် သွားကြပြီး တစ်ချို့ကြတော့ ကျရှုံးသွားကြတယ်။ ဒါတွေက အချစ်ရဲ့ အကျိုးသက်ရောက်မှု့တွေပေါ့။
အဲဒီတော့ ကျွန်တော်တို့ ရင်ထဲကို အချစ်ဆိုတဲ့ အရာက ၀င်ရောက်လာပြီ ဆိုကြပါစို့။ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ အခု ကျွန်တော်က စိတ်တန်ခိုးနဲ့ ပါတ်သက်ပြီး ပြောမှာဆိုတော့ ဒီပြင့်အပြင်က ကြိုးစား အားထုပ်မှု့တွေကို မပြောတော့ဘူး။ စိတ်တန်ခိုးနဲ့ ပါတ်သက်တာကိုပဲ ပြောတာကောင်းတယ်။ အဲဒီတော့ ခေါင်းစဉ်တစ်ခုလောက် ပေးကြမယ်။ ပေးလိုက်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ရှင်းအောင်ရေးတာ ဆိုတော့ နားလည်ပေးပါ။
ကိုယ်ကြိုက်နေသူက ကိုယ့်ကို ပြန်ကြိုက်အောင်-စိတ်တန်ခိုးနဲ့ ညှို့နည်း
အဲဒီတော့ ဒီနေရာမှာ ကျွန်တော်က ယောက်ျားလေးဆိုတော့ ယောက်ကျားလေး နေရာကနေ ရေးမယ်နော်။ ဥပမာ ကျွန်တော်က ကောင်မလေး တစ်ယောက်ကို ကြိုက်နေပြီ ဆိုကြပါစို့။ အရေးကြီးတာက အဲဒီကောင်မလေး ကျွန်တော်ကို ပြန်ချစ်အောင် ၊ ပြန်ကြိုက်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ တစ်ခု သတိပြုရမှာက ဒီနေရာမှာ ကျွန်တော်တို့ လုပ်မှာက စိတ်အလုပ်ကို လုပ်မှာနော်။ ရုပ်အလုပ် မဟုတ်ဘူး။
အဆင့် (တစ်)- ပြင်းပြသောစိတ်နှင့်ယုံကြည်ချက်ရှိရမယ်။
ကျွန်တော်တို့မှာ အရမ်းအရေးကြီးတာက စိတ်အား ထက်သန်ခြင်း ဆိုတာပါပဲ။ မိမိလုပ်တဲ့ အလုပ်ကို ယုံကြည်ရမယ်။ ငါ ဒီစိတ် အလုပ်ကို လုပ်တယ်။ တစ်နေ့ထက် တစ်နေ့ ငါအလိုရှိတဲ့ အရာနဲ့ ပို၍ပို၍ နီးစပ်လာပြီ ဆိုတာကို လေးလေးနက်နက် ယုံကြည်ထားရမယ်။ နောက်ပြီး စိတ်ဇောထက်သန်စွာနဲ့ နေ့စဉ်ပုံမှန် လုပ်သွားရမယ်။ ဦးတည်ချက်ကလည်း တိကျနေရမယ်။ အကြီးလိုလို အငယ်လိုလို မရဘူးနော်။0တ်မှုန်ရွှေရည်ဆိုရင၀တ်မှုန်ရွှေရည်ပဲ။ ၀တ်မှုန်ရွှေရည်ကို မရရင် မိုးဟေကိုကွာ အဲဒီလိုမရဘူး။ ကိုယ့်ရဲ့ ဦးတည်ချက်၊ ကိုယ့်ရဲ့ ပစ်မှတ်က ကွက်တိဖြစ်နေရမယ်။ တစ်ခုခုကို သေသေချာချာ ဦးတည်ထားရမယ်။
နောက်တစ်ခုက ကိုယ်က ဘာလိုချင်နေတာလဲ။ ကောင်မလေးရဲ့ မေတ္တာတရားနော်။ အဲဒီတော့ သူ့ဆီက စစ်မှန်တဲ့ မေတ္တာတရားကို ကိုယ်က လိုချင်နေတာ ဆိုရင် ကိုယ့်ဆီမှာလည်း မေတ္တာတရား ရှိနေရမယ်နော်။ စစ်မှန်ရမယ်။ ကိုယ်က အတုကြီးဆိုရင် သူ့ဆီကလည်း အတုကြီး ပြန်လာလိမ့်မယ်နော်။ ဒါဟာ အမှန်တရားပဲ။ တန်ပြန်သက်ရောက်မှု့ပဲ။ တူညီတဲ့ တုန့်ပြန်မှု့ပဲ။
အဆင့်(၂)- သူ့မျက်နှာကို တိတိကျကျ ပြတ်ပြတ်သားသား မြင်ယောင်နိုင်ရမယ်။
ဒါကိုတော့ နိမိတ်လို့ ပြောရင်ရမလားပဲ။ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးရဲ့ ပုံကို ပြတ်ပြတ်သားသား အာရုံပြုနိုင်ရမယ်။ ၀ါးတားတားကြီး ဖြစ်နေလို့ မရဘူးနော်။ ရှင်းရှင်းလင်းလင်း မြင်ယောင်နိုင်ရမယ်။
အဆင့်(၃)- သူနဲ့ ကိုယ်နဲ့ အပြင်မှာ စကားပြောနေသလို မြင်ယောင်ရမယ်။
အိုကေ…။ စပြီ။ ကောင်မလေးကို ညှို့တော့မယ်။ အရင်ဆုံး ငြိမ်ငြိမ်လေး ထိုင်နေပြီးစရမယ်။ ငြိမ်ငြိမ်လေးထိုင်ရမယ်ဆိုတာက ကိုယ့်ရဲ့ ယောက်ယက်ခတ်နေတဲ့ စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် စုစည်းလိုက်တာပဲ။ ဘာကြောင့်လဲဆိုတော့ တည်ငြိမ်တဲ့ စိတ်ကသာ အောင်မြင်စေမှာဖြစ်တယ်။ ဒါကိုလည်း သမာဓိလို့ ပြောရင်ရမလား။ ဘယ်လိုပဲပြောပြော အဓိကကတော့ သင့်ရဲ့ စိတ်ဟာ အေးချမ်းပေါ့ပါးနေရမယ်။ တည်ငြိမ်နေရမယ်။ ယောက်ယက် ခတ်မနေရဘူး။ ဟိုရောက်ဒီရောက် ဖြစ်မနေရဘူး။ ကိုယ်ချစ်ခင် စွဲလန်းနေတဲ့ ကောင်မလေးဆီကို ကိုယ့်ရဲ့ စိတ်အာရုံကို အပြည့်အ၀ စေလွှတ်တော့မှာ ဖြစ်တယ်။
အဆင့်(၄)- ကိုယ်ကြိုက်တဲ့ ကောင်မလေးကို စိတ်ကူးနဲ့ အရင်သွားတွေ့ရမယ်။
အိုကေ …။ နောက်တစ်ဆင့်တက်ပြီ။ သွားတွေ့တော့မယ်။ အ၀တ်အစား သန့်သန့်ရှင်းရှင်း ၀တ်ပြီး တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကောင်မလေးကို သွားတွေ့မယ်။ ရောက်ပြီ။ ကောင်မလေးကို တွေ့ရပြီ။ ကိုယ်က ကောင်မလေးကို အရင်ဆုံး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်။ အဲဒီမှာ ကောင်မလေးကလည်း ကိုယ့်ကို လှိုက်လှဲဖော်ရွှေစွာ ပြန်လည်ပြုံးပြတယ်နော်။ အဲဒီမှာ ကိုယ်က ကောင်မလေးကို အချစ်တွေ၊ မေတ္တာတွေ ပြည့်ဝနေတဲ့ မျက်ဝန်းတွေနဲ့ ကောင်မလေးရဲ့ မျက်ဝန်းကို စိုက်ပြီး ကြည့်လိုက်တယ်။ ကောင်မလေးကလည်း ကိုယ့်မျက်ဝန်းတွေကို ပြန်လည် စိုက်ကြည့်နေပြီ။ သူနဲ့ ကိုယ်နဲ့ မျက်လုံးခြင်းဆုံ နေပြီနော်။ မျက်စိကို လုံးဝမလွဲလိုက်နဲ့။ စိုက်သာကြည့်နေ။ ပြီးတော့မှ ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို တစ်လုံးချင်းချင်း သူ့ကို ပြောပြလိုက်မယ်။
ဒီမှာ မ၀တ်မှုန်။ ကျွန်တော် မကို စကား ပြောချင်တယ်။ ကျွန်တော့် စကားကို သေသေချာချာ နားထောင်နော်။ ကျွန်တော်ကတော့ မကို အရမ်းချစ်တယ်။ စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ တကယ်မြတ်မြတ်နိုးနိုး ချစ်တာပါ။ အရမ်းလည်း စွဲလန်းနေပါတယ်။ ကျွန်တော်က မကို စွဲလန်းချစ်ခင် နေသလိုပဲ မကလည်းကျွန်တော်ကို ပြန်ချစ်ရမယ်။ ပြန်ချစ်တယ် မဟုတ်လားလို့ တစ်ခါတည်း ပြန်မေးလိုက်တယ်။ အဲဒီမှာ သူက ကိုယ့်ကို တစ်ခါတည်း ပြုံးပျော် ရွှင်လန်းစွာနဲ့ စကားပြန်ပြောတယ်။ ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်ရှင်ပေါ့။
(ဒါက ဥပမာ ပြောတာနော်။ တော်ကြာ ကိုယ့်မှာ ချစ်သူရှိတဲ့လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေဦးမယ်။ ကိုယ့်မှာ ချစ်သူရည်းစားရှိတဲ့ လူတွေကြပြန်တော့ ကိုယ့်ချစ်သူရဲ့ ရင်ထဲကို ၀င်ပြီး ကိုယ့်ကို ပိုချစ်သထက်ချစ်အောင် ၊စွဲလန်းသထက် စွဲလန်းအောင် ၊ သတိယသထက် သတိယအောင် ၀င်ပြီး ကိုယ်ချစ်သူလေးရဲ့ စိတ်ကို ညှို့လို့ရတာပေါ။)
အခု အပေါ်မှာ ပြောခဲ့တာတွေ အားလုံးဟာ စိတ်ကူးနေတာနော်။ စိတ်ကူးနေတာ။ အဲဒီလို နေ့တိုင်း စိတ်ကူးရမယ်။ ထက်သန်တဲ့ စိတ်၊ တက်ကြွတဲ့ စိတ်နဲ့ နေ့တိုင်း စိတ်ကူးရမယ်။ ဘယ်နှစ်ရက်လုပ်ရမလဲ လို့တော့ မမေးပါနဲ့။ ကိုယ့်ရဲ့ စိတ်အားထက်သန်ရင် ထက်သန်သလောက် မြန်မယ်။ ကိုယ့်စိတ်က စွဲလန်းရင် စွဲလန်းသလောက် မြန်မယ်။ တကယ်လုပ်ရင် သေချာပေါက် အောင်မြင်မှာလားလို့ မေးရင်တော့ တကယ်ကို သေချာပေါက် အောင်မြင်ပါ့မယ်ဆိုတာကို အာမခံပေးလိုက်ပါတယ်။
အဆင့်(၅)- ဘယ်အချိန်လုပ်ရင် အကောင်းဆုံးလဲ။
အကောင်းဆုံးကတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေး အိပ်စက်တဲ့အချိန် လုပ်တာ အကောင်းဆုံးပါပဲ။
မိတ်ဆွေများခင်ဗျား။ စိတ်ပညာနှင့် ပါတ်သက်၍ ကျွန်တော်ဟာ ပညာရှင်မဟုတ်ပါ။ ဆရာသခင် လမ်းပြပေးခဲ့သော နည်းနာများကို အခြေခံ၍ စိတ်တန်ခိုးဆိုသော လမ်းရှည်ကြီးကို စိတ်ရှည်လက်ရှည် ဆက်လက်ခရီးဆက်နေသော သာမန်လူတစ်ဦးပင်ဖြစ်ပါတယ်။ ကျွန်ုပ်သည် ကောင်းကင်ပေါ်လည်း ပြန်သန်း နိုင်သော တနခိုးကို မလိုချင်ပါ။ ရေထဲမှာ သွားနိုင်သော သူလည်း မဖြစ်လိုပါ။ အရာ ၀တ္ထုများကို မတို့မထိပဲ ရွေ့ရှားအောင်လည်း မစွမ်းဆောင်ချင်ပါ။ ကျွန်ုပ်လိုချင်သော စိတ်တန်ခိုး ဆိုသည်မှာကား ကျွန်ုပ်နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော လူမှု့ရေး၊ စီးပွားရေး၊ လုပ်ငန်းဆောင်တာ ကိစ္စများကို သာ ကျွန်ုပ် ဆန္ဒရှိသည့်အတိုင်း စေစားနိုင်သူသာ ဖြစ်ချင်ပါသည်။ ထို့ကြောင့် အောင်မြင်သော ဘ၀ခရီးလမ်းကို ကျွန်ုပ်ကဲ့သို့ ရှေ့ရှု့ကြကုန်သော သူအပေါင်းတို့အတွက် ရည်ရွယ်၍ သိသလောက် ရေးသားပေးလိုက်ရခြင်း ဖြစ်ပါတယ်။

အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး တန်ခိုးဓာတ်ကို စတင်ဖွင်လှစ်ခြင်း

Thank You Visited My Blog.

အရေးကြီးဆုံးက ကျန်းမာရေးကောင်းဖို့ လိုတယ်။ ရောဂါမဖြစ်ဖို့လိုတယ်။ အဲဒီတော့ ရောဂါတွေက ဘယ်ကလာလည်းဆိုတော့ အစာအိမ်က အများဆုံးလာတာ။ ဒါကြောင့် ကျန်းမာရေး ကောင်းချင်တယ်၊ ရောဂါတွေ မဖြစ်ချင်ဘူးဆိုရင် ကိုယ့်ရဲ့ အစာအိမ်ကို ဂရုစိုက်ရမယ်။ အရင်ဆုံးလိုက်နာရမည့် အချက်က ဘယ်အခါပဲ ဖြစ်ဖြစ် အစာကို ၀အောင်မစားရဘူး။ အစာစားပြီး နာရီဝက်အတွင်း လဲလှောင်းခြင်း မပြုရဘူး။ တစ်ပါတ်မှာ တစ်ခါလောက်တော့ အဖတ်မစားပဲ အရေကြီး သောက်တဲ့အကျင့်ကို လုပ်သင့်တယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ နေရာ (၆)နေရာရှိတယ်။အဲဒီနေရာ (၆)နေရာကို ကြာပွင့် (၆)ပွင့်လို့ အလွယ်ခေါ်ကြရအောင်။ အဲဒီ ကြာပွင့် ခြောက်ပွင့်ကို ချက္ကရာလိုပ ခေတယ်။ ပါဠိလိုတော့ စက်လို့ အဓိပ္ပါယ်ရ ပြီးမြန်မာလိုတော့ စက်လို့ ခေါ်လို့ရမယ် ထင်တယ်။ တစ်ချို့ဆရာတွေကတော့ ချက္ကရာ(၇)ခုရှိတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် (၆)ခုလို့ လွယ်လွယ်ကူကျူမှတ်ထားလို့ ရတယ်။
ကျွန်တော်တို့ စအိုနဲ့ဆီးစပ်ကြားမှာ ချက္ကရာ တစ်ခုရှိတယ်။ ၀မ်းဗိုက်က ချက်နဲ့တည့်တည့်မှာ ချက္ကရာတစ်ခု ရှိတယ်။ ဒီနေရာမှာ ကုလားစကားတွေ၊ သက္ကတစကားတွေ၊ ပါဠိစကားတွေ ၊ မှတ်ရတာ မှတ်ရခက်တယ်။ အဲဒီတော့ လွယ်လွယ်ကူကူပဲ မှတ်ရအောင်။ ပထမချက္ကရာကို မူလချက္ကရာလို့ မှတ်ထားပေါ့။ ချက်တည့်တည်ြ ချာကရာကို ချက်က္ကရာလို့ မှတ်ထားပေါ့။ ရင်ညွန့်တည့်တည့် ချာကရာကို ရင်ညွန့်ချာကရာလို့ မှတ်လိုက်ပေါ။ လည်ပင်းမှာရှိတဲ့ ချာကရာကိုကြတော့ လည်ပင်းချာကရာလို့ မှတ်ထားလိုက်ပေါ့။ ပြီးတော့ မျက်ခုံးမွေးနှစ်ခုရဲ့ကြား နဖူးအောက်တည့်တည့်မှာ ရှိတဲ့ ချာကရာကို တတိယမျက်လုံး ချာကရာပေါ့။ ငယ်ထိပ်မှာ ရှိတဲ့ ချာကရာကိုကြတော့ ပြီးမြောက်မှု့ ချာကရာလို့သာ မှတ်ထားလိုက်ပေါ့။ မှတ်တာကတော့ ဘယ်လိုပဲ မှတ်မှတ်ပေါ့ဗျာ။ အရေးမကြီးပါဘူး။ အရေးကြီးတာက ချက္ကရာ(၆)ပါးရှိတယ်ဆိုတာကို သိဖိုပပါပဲ။
အဲဒီချာကရာတွေကို ဘယ်လို နှိုးမလဲ…
အဲဒီချာကရာတွေကို တစ်ခုဆီ နှိုးရမယ်။ ဘယ်လို နှိုးရမလဲဆိုတော့ ချာကရာတစ်ခုဆီ တစ်ခုဆီကို ဖယောင်းတိုင် မီးကလေး လင်းနေတယ်လို့ အာရုံပြုပြီး စိတ်နဲ့ မြင်အောင်ကြည့်ရမယ်။ ကြည့်နေတဲ့အတောအတွင်း မှာလည်း ၀င်သက်ထွက်သက်ကို သတိနဲ့ စောင့်ကြည့်ရမယ်။ ကိုယ်ကိုတိုင်ကတော့ ကိုယ့်စိတ်နဲ့ ထွန်းညှိထာတဲ့ မီးတောက်ကလေးကို အာရုံစိုက်ထားရမယ်။ အဲဒီတော့ တပြိုင်နက်တည်းမှာပဲ အသက်ရှူတာကိုလည်း မှတ်ထားရမယ်။ ချာကရာမှာ စိတ်နဲ့ ထွန်းညှိထားတဲ့ မီးတောက်ကလေးကိုလည်း အာရုံက မြဲနေရမယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ နှခေါင်းကို လေ၀င်သွားတဲ့အခါ ၀င်တယ်လို့ မှတ်ရမယ်။ ထွက်သွားတဲ့အခါမှာလည်း ထွက်တယ်လို့ မှတ်ရမယ်။ မီးတောက်ကလေး လင်းနေတာကိုလည်း လင်းတယ်လို့ မှတ်ရမယ်။ ကိုယ့်စိတ်က ဘယ်လို ဖြစ်နေမလဲဆိုတော့ ၀င်တယ်၊ ထွက်တယ်၊ လင်းတယ်လို့ တရစပ်မှတ်နေရမယ်။ မခက်ပါဘူး။
အဲဒီလို လုပ်နေရင် ဘာတွေ ဖြစ်လာမှာလဲ…။ ချာကရာတွေ နိုးကုန်မှာပေါ့။ ဘာတွေဖြစ်လာမှာလဲဆိုတော့ ချာကရာတွေ ပွင့်ကုန်မှာပေါ့၊ ချာကရာတွေ ပွင့်ကုန် နိုးကုန်ရင် ကိုယ်လိုချင်နေတဲ့ သိဒ္ဓိတွေ တန်ခိုးတွေ ရလာမှာပဲပေါ့။ အဲဒီလို ကျင့်နေတဲ့အချိန်မှာ အရေးကြီးဆုံးက ထိန ၊ မိဒ္ဓလို့ ခေါ်တဲ့ ပျင်းရိခြင်းရယ် ငိုက်မျဥးခြင်းရယ်ဆိုတာ ကိုယ့်ဆီ ၀င်မလောအောင် ကြိုးစာပေတော့။
တန်ခိုးတွေရတာ မရတာကို နောက်ထားဦး။ လောလောဆယ် ကိုယ်ရှင်သန် ကြီးပြင်းနေတဲ့ ပတ်ဝန်းကျင်မှာတော့ ကိုယ်ဟာ တန်ခိုးသြဇာအာဏာတွေ မြင်မားလာမယ်။ အောင်မြင်လာမယ်။ လူတကာကိုလွှမ်ဒမိုးထားနိုင်မယ်။ ပူပန်သောကတွေ အေးလာမယ်။ ခေါင်းအေးအေးနဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတာကိုတော့ လက်တွေ့ ကြုံလာမှ ယုံကြည်ကြပါကုန်…. ပုံလေးတွေကတော့ google က ရှာပြီး တင်ပေးလိုက်တာပါ။
Ref :  ဆရာဟိန်းတင့်ဇော် ၏ ဘလောဂ့်တစ်ပုဒ်ကိုကူးယူဖော်ပြပါသည်။

ဒိဗ္ဗစက္ကုကျင့်စဉ်

Thank You Visited My Blog.

ကျွန်ုပ်သည် အဘမင်းသိင်္ခ၏ နတ်မျက်စိကဲ့သို့ အရာအားလုံးကို ထိုဖောက်၍ မြင်နိုင်သော ကျင့်စဉ်ကို အောက်တွင် အသေးစိပ် ဖော်ပြပေးလိုက်ပါသည်။ မသိသူကျော်သွား သိသူဖော်စား ဟူသောစကားအရ ၀ါသနာပါသော သူများ လိုက်နာ ကျင့်ဆောင်၍ အမြင်များပေါက်မြောက် အောင်မြင်နိုင်ကြပါစေကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ရပါသည်။

နတ်မျက်စိကျင့်စဉ်ဆိုတာ….
အရာအားလုံးကို မြင်နိုင်စွမ်းရှိတယ်။ အမေးတိုင်းကို အဖြေ ထုပ်နိုင်တယ်။ မည်သည့် ပညာရပ်နှင့်မဆို အစမ်းသတ်ခံနိုင်တယ်။ အဝေးက အရာဝတ္ထုကိုလည်း ဟောနိုင်တယ်။ ဖုံးထားတဲ့ အရာဝတ္ထုကိုလည်း ဖွင်ချ ဟောပြောနိုင်တယ်။ အတိတ် အနာဂါတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး ဝေဖန် ပိုင်းဖြား ဟောပြောနိုင်သော ပညာရပ် တစ်ခုပါပဲ။
ဒီကျင့်စဉ်မှာက Crystal Gazing ခေါ် ဓာတ်ဖန်လုံးကို အသုံးပြု၍ ကျင့်ယူရမယ်။ ဓာတ်ဖန်လုံး မရှိရင်ရော။ ရပါတယ်။ ဓာတ်ဖန်လုံးကတော့ အကောင်းဆုံးပေါ့။ ဓာတ်ဖန်လုံး မရှိရင်တော့ ရေတို့ မှန်တို့နဲ့ လေ့ကျင့်လို့ ရပါတယ်။
ဒီလောက် အာနိသင်ထက်မြက်တဲ့ ကျင့်စဉ်ကို လူတိုင်းလေ့ကျင့်လို့ ရမလား၊ အောင်မြင်မလား။
အောင်မြင်ပါတယ်။ လူတိုင်း လေ့ကျင့်လို့ရပါတယ်။ ဒါပေမယ့် မြန်တာနဲ့ နှေးတာပဲ ရှိတယ်။ လူတစ်ယောက်ကို ကြည့်လိုက်ရင် ထောင်ထောင်မောင်းနဲ့ ဘာလုပ်လုပ် တက်တက်ကြွကြွ ရှိတတ်တဲ့ လူမျိုးတွေရယ် ခန္ဓာကိုယ် ဖွဲစည်း တည်ဆောက်ပုံအရ အရိုးအဆစ်တွေ ကြီးမား ကျယ်ပြန့်တဲ့ လူတွေ ဖွံ့ထွားတဲ့လူတွေဟာ ဒီလိုကျင့်စဉ်ကို လေ့ကျင့်ရင် သူတကာတွေထက် ပိုပြီး ပေါက်မြောက်အောင်မြင်လေ့ရှိတယ်။
တစ်ချို့ကြတော့ ကြည့်လိုက်ရင် ကုတ်ချောင်ချောင်နဲ့။ သူတို့ အသံက ညောင်နာနာနဲ့။ စကားပြောရင်လဲ မပွင့်တပွင့်နဲ။ ခိုကြောင် ခိုးဝှက် လုပ်တတ်တယ်။ ဘာလုပ်လုပ် တက်တက်ကြွကြွ မရှိဘူး။ အဲဒီလို လူတွေကြတော့ ကြာတတ်တယ်။ နောက်ဆုံးတော့ နှစ်ယောက်စလုံးက အောင်မြင်တာချဉ်းပါပဲ။ မြန်တာနဲ့ ကြာတာ နှစ်မျိုးပဲ ရှိပါတယ်။
ကဲ… ဘယ်လို ကျင့်ကြမလဲ။
ဓာတ်ဖန်လုံး ရှိရင်တော့ ဓာတ်ဖန်လုံးနဲ့ ကျင့်ပေါ့။ ဓာတ်ဖန်လုံး မရှိဘူးဆိုရင်တော့ ဖန်ခွက်ထဲကို ရေထည့်ပြီး လေ့ကျင့်လို့ ရပါတယ်။ စမ်းချောင်းရေဆို ပိုကောင်းတယ်လို့ အဘပြောဖူးတယ်။ ဖန်ခွက်ကတော့ ပြောင်နော်။ လုံးလုံး။ လေးဒေါင့်တို့ ပန်းတွေ ဘာတွေပါတဲ့ ဖန်ခွက်ဆို မရဘူး။ ပြောင်ချောမှ ကောင်းတယ်။ အဲဒီ ဖန်ခွက်ထဲမှာ ရေထည်။ ကိုယ့်ရှေ့က စားပွဲပေါ်တင်ပြီး ကြည့်ရမယ်။ ဒါပါပဲ။ အရေးကြီးတာက ကိုယ်ကြည့်တဲ့ ဖန်ခွက်ထဲကို ဘေးက အရိပ်တွေ အလင်းတွေ မ၀င်အောင် ဂရုစိုက်ရမယ်။ ကောင်းတာကတော့ ကျင့်မယ့်လူရဲ့ နောက်ကျောမှာ မီးထွန်းထားရင်တော့ ပိုကောင်းမယ်။
တစ်နေ့ကို အနည်းဆုံး ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် စပြီး တစိမ့်စိမ့် ကြည့်ရမယ်။ နောက်တော့လည်း ကြည့်တဲ့ အချိန်တွေ တဖြေးဖြေး တိုးသွားပေါ့။ ပါးစပ်က ဂါထာတွေ မန္တာန်တွေ ရွတ်နေစရာ မလိုဘူး။ ကိုယ့် စိတ်ထဲကလည်း ဘာမှ မှတ်နေစရာမလိုဘူးနော်။ တွေးနေစရာလည်း မလိုဘူး။ ပုတီး စိပ်နေဖို့လည်း မလိုဘူး။ အဲဒီ ရေထည့်ထားတဲ့ ဖန်ခွက်ကို တစိမ့်စိမ့် ကြည့်နေတဲ့ အလုပ်တစ်ခုပဲ လုပ်ရမှာ။ ကြည့်နေတာ တစ်ခုပဲ လုပ်ရမှာ။ ဒါအရေးအကြီးဆုံးပဲ။
အဲဒီလို ကြည့်နေရင်းနဲ့ ဖန်ခွက်ထဲကရေတွေဟာ အုန်းရည်တွေလို နောက်လာလိမ့်မယ်။ နောက်တော့ ပိုပို နောက်လာမယ်။ ဆန်ဆေးရေးလို နောက်လာမယ်။ နောက်တော့ ဖန်ခွက်ထဲကို မီးခိုးတွေ မှုတ်သွင်းထားသလို လှုပ်လှုပ် ရွရွ ဖြစ်လာမယ်။ နောက်ဆုံးတော့ ရုပ်ရှင်ကြည့်နေသလို ကိုယ်သိချင်တဲ့အကြောင်းအရာဟာ ပီပီသသ ပြတ်ပြတ်သားသား ပေါ်လာလိမ့်မယ်။ နောက်ဆို ဖန်ခွက်မလိုတော့ဘူး။ ကိုယ်သိချင် မြင်ချင်တာလေး အာရုံပြုလိုက်တာနဲ့ ပေါ်လာတော့တာပဲ။
နောက်ဆုံးတစ်ခုက တစ်နေ့တာ ကျင့်စဉ် ကျင့်လို့ ပြီးသွားရင် ဖန်ခွက်ထဲက ရေတွေကို သွန်ပစ်လိုက်။ ဖန်ခွက်ကို ရေစင်အောင် သုတ်ပြီး ကိုယ်အိပ်တဲ့ ခေါင်းအုန်းအောက်မှာ ထည့်ပြီးအိပ်ရမယ်။ အဘမင်းသိင်္ခ ပြောခဲ့တာကတော့ လူတစ်ရာ ကျင့်ရင် လူအယောက် (၉၀)လောက်က အောင်မြင်ပါတယ်တဲ့။မိတ်ဆွေများလည်း လူ အယောက် (၉၀)ထဲမှာပါနိုင်အောင်
ကျင့်ကြံနိုင်ကြပါစေဗျာ။