WELCOME

Showing posts with label ကိုယ်ဘယ်အချိန် သေမလည်းတွက်ကြည့်မလား. Show all posts
Showing posts with label ကိုယ်ဘယ်အချိန် သေမလည်းတွက်ကြည့်မလား. Show all posts

Wednesday, March 14, 2012

ကိုယ်ဘယ်အချိန် သေမလည်းတွက်ကြည့်မလား

Thank You Visited My Blog.

Death.gif
          လဝန်းညိုတစ်ကောင် ဘာပေါက်ကရ ရေးဦးမလည်း လို့တော့ မပြောနဲ့နော်။ အပျင်းပြေ ကလိစရာလေးတစ်ခု မျှဝေပေးမလို့။ လောကကြီးမှာ ရှိသမျှလူအားလုံး သေခြင်းတရားနဲ့ ကင်းနိုင်တယ့် သူဘယ်သူမှ မရှိကြပါဘူး။ ဒါပေမယ့် လူတိုင်းလူတိုင်း သေမှာ တော့တစ်နည်းမဟုတ်တစ်နည်း ကြောက်ကြတယ့် သူတွေ ချည်းပါပဲ။ ဒီလိုကြောက်နေသားနဲ့ကို သေခြင်းဆိုတယ့် အကြောင်းကိုလည်း မစဉ်းစားပဲ မနေနိုင်တာကလည်း လူတွေရဲ့ စပ်စုတတ်တယ့် ညဉ်ကလေးကြောင့်ဖြစ်မှာပါ။ လူသားအားလုံး စပ်စုတတ်ပါသည် (ပုံ လဝန်းညို) ဒီလိုဆိုတော့ လဝန်းညိုလည်း ဘာသားနဲ့ထုထားတာမို့လည်းနော် လူပဲဟာ ကိုယ်ဘယ်နေ့သေမလည်းတော့ သိချင်သေးတာပေါ့။ ဒါနဲ့ပဲ The Death Clock ဆိုတယ့် Website လေးကိုတွေ့တာနဲ့ အငမ်းမရ ဝင်ပြီး တွက်ချက်လိုက်တာ ဟီးဟီး တော်သေးတာပေါ့ လဝန်းညိုက သက်ဆိုးရှည်မယ်လို့ တွက်ပေးလိုက်လို့။ နောက်ထပ် နှစ်လေးဆယ်ကြီးများတောင်နေရဦးမယ် ဆိုတော့ ပျော်လိုက်တာပေါ့နော်။ ဒီလိုပဲ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကိုယ်ဘယ်အချိန်သေရမယ်ဆိုတာ သိချင်တယ့်သူများ  www.deathclock.com မှာဝင်ပြီး တွက်ချက်လိုက်ကြပါ။
အသက်ရှည်ကြပါစေ။