WELCOME

Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts

Wednesday, January 11, 2012

Drive တစ်ခု ထပ်ခွဲမယ်

Thank You Visited My Blog.
 တစ်နေ့က မိတ်ဆွေတစ်ယောက်က သူရဲ့ Hard disk (D:) က ပြည့်နေလို့ ကူညီပါအုံးတဲ့။ ဒါနဲ့ သူစက်ရဲ့ System (C:) ကို ကြည့်လိုက်တော့ ပိုနေတာတွေ ရှိသေးတယ်။ ဒါနဲ့ စိတ်မပူနဲ့ လုပ်ပေးမယ်ဆိုပြီး လုပ်ပေးခဲ့တယ်။ G: drive တစ်ခု ထပ်ပေါ်လာတာပေါ့။ လုပ်နည်းလေးကတော့ အောက်ကအတိုင်းပဲ။

(၁) My Computer ကို Right Click လုပ် Manage ကို ရွေး။
(၂) ပြီးရင် Disk Management ကို Click လုပ်။ ညာဘက်မှာ C: , D: ဆိုတာ ပေါ်လာလိမ့်မယ်။ အောက်ကအတိုင်း။



(၃) C: အကွက်ကို Right Click လုပ်။ Shrink Volume ဆိုတာကို ရွေး။ ခဏစောင့်။
(၄) Box တစ်ခု ကျလာလိမ့်မယ်။ Enter the amount of space to shrink in MB: ဆိုတဲ့အကွက်က C: မှာ လွတ်နေတဲ့ ပမဏာပဲ။ အဲဒီအကွက် အကုန်လုံးကို မယူသင့်တဲ့အတွက် မိမိ လိုချင်သလောက်ခွဲယူ။
(ဥပမာ- C: က 60 GB ဆိုပါတော့။ သုံးထားတာက 30 GB ။ ဒါဆို 30 GB ပိုနေတယ်။ အကုန်လုံး မယူသင့်တဲ့အတွက် 20 GB လောက်ပဲ ခွဲယူပါ။ 20 GB ဆိုရင် 20240 လို ရိုက်ထည့်လိုက်။ ပြီးရင် Shrink ကို နှိပ်။
(၅) ဒါဆို Drive တစ်ခု ထပ်ပေါ်လာလိမ့်မယ်။ အဲဒီ Drive ကို Right Click လုပ်။ New ဆိုတာနဲ့ သူပြောတဲ့ အဆင့်တွေ အတိုင်း လုပ်သွားလိုက်။ ဒါဆို Drive တစ်ခု ပိုထွက်လာပြီပေါ့။

Monday, December 12, 2011

စက်ထဲမှာ Website တွေကို ပိတ်မယ်..

Thank You Visited My Blog.


တစ်နေ့ကျွန်တော့်ဆီကို သူငယ်ချင်းတစ်ယောက်ဆီကနေ မေးလ်တစ်စောင်ရောက်ရှိလာပါတယ် .
. သူ့ဆီမှာ Blogger ကိုဖွင့်လို့မရဘူး လို့ပြောတယ် .. Blogger ကြီး အဲဒီတုန်းကပိတ်တဲ့နေရာ
ပိတ်ပြီး .. မပိတ်တဲ့နေရာမပိတ်ဘူးဆိုတာ သူလည်း သိတယ် ..အခုက အဲဒါကို ပြောတာမဟုတ်ဘူး
... တဲ့ သူကရိုးရိုးဘဲဖွင့်တာ ..တစ်ခြားဟာတွေအကုန်ဖွင့်လို့ရတယ် .. ဒီ Blogger ကြီးကျမှဘဲ
connection ခဏခဏ fail (လူကြည့်အများဆုံးဆိုဒ်) နဲ့မှ လာလာတိုးနေတယ် .. Connection
ကျနေတာလည်း မဟုတ်ဘဲ .. ဒီဆိုဒ်ကြီးကျမှ ဘာလို့အဲလိုဖြစ်နေရတာလဲ ... စဉ်းစားမရဘူးတဲ့ .
. ကျော်ပြီးဖွင့်တော့ရတယ် တဲ့အခါရတယ်.... မရတဲ့အခါလည်းမရဘူး..သူကအိမ်နားက
ဆိုင်မှာဘဲ သုံးနေကျ ဆို တော့ .. ပထမတော့ ရသေးတယ် .. နောက်ပိုင်းမှဖြစ်လာတာတဲ့ ..
တစ်ခြားနေရာကိုလည်း နည်းနည်းလှမ်းလို့ မသွားချင်ဘူး ပေါ့ .. ကျွန်တော် စဉ်းစားမိတာ
တစ်ခုရှိတယ် .. ကျွန်တော်တို့ ကျောင်းမှာတုန်းက(အပြင်ကကျောင်းမှာပါ) .. Assingnment
တွေလုပ်ခိုင်းထားရင် .. အွန်လိုင်းကနေ ဂိမ်းဆော့ကြတာတွေများတယ် .. တစ်နေ့တော့
ဆရာ(Net Administrator) ကသိသွား တယ်ပေါ့ .. နောက်နေ့ကျတော့ .. အဲဒီဆိုဒ်ကြီးက
ဝင်လို့မရတော့ ဘူး .. နောက်မှဘယ်လိုသိရလဲဆိုတော့ .. ကျွန်တော် တို့ ဆရာက ..
Hosts ဖိုင်ထဲမှာ သူဘန်းချင်တဲ့ ဆိုဒ်ရဲ့ IP (သို့) address ရိုက်ထည့်ထားရင် အဲဒီဆိုဒ်ကြီးက
မတက်တော့ဘူးပေါ့ ..
path က ဒီလို C:Windowssystem32driversetchosts ဆိုတဲ့ဖိုင်ကို
Notepad နဲ့ဖွင့် ပြီး အောက်ဆုံးမှာ 127.0.0.1 local host အောက်မှာ ဒီလိုရေးထားတာ တွေ့
လိမ့်မယ် 127.0.0.2 xxx.xx.xx.xx (သို့)
www.xxxx.com
အဲဒါကြီးဖျက်လိုက်တော့ မ
ှ ရသွားတော့ တယ် .. nslookup သုံးဖူးတဲ့သူများကတော့ သိမယ်ထင်ပါတယ် .. တစ်ချို့သော
ဆိုက်ဘာကဖေးများဟာလည်း ဒီလိုဘဲလုပ်တတ်ကြတယ် .. ဘာဖြစ်လို့လဲတော့မသိဘူး
ပညာများပြချင်(ထမင်းရှင်တွေကိုစော်ကားချင်)ကြတာ လား .. ဒါမှမဟုတ် ဟိုကနေများ
ဝိုင်းကျပ်လို့လား တော့ မသိဘူး .. ကျွန်တော် ကသူ့ကို အဲလိုကြီးပြောလိုက်တော့မှ
ဟုတ်တယ်တဲ့ .. အဲဒီအောက်မှာ IP code တစ်ခုရိုက်ထည့်ထားတာတွေ့တယ် လို့ပြောတယ်
.. အဲဒါကြီးကို ဖျက်ပြီး Save လုပ် ပြီး exit လိုက်ပြီး ပြန်ဖွင့်တော့မှ အဆင် ပြေ သွားတယ်
လို့ပြောတယ် .. (အခုထက်ထိလည်း ဘယ်လောက်ပင်ကျော်စေကာမူ .. blog posting
တင်ခြင်းကိစ္စကတော့ တစ်ချို့သောနေရာများတွင် အဆင်မပြေမှုများရှိနေဆဲပါ) .
.

PDF လုပ်နည်း (Adobe Acrobat 3D 8.1.7)

Thank You Visited My Blog.




ဟုတ်ကဲ ခင်ဗျာ...PDF လုပ်နည်းကအမျိုးမျိုးရှိပါတယ်.. ကိုယ်က စာအုပ်လေးတအုပ်လုပ်ချင်တယ်.ပြီးတော့ ကိုယ်က Microsoft မှာစာရိုက်ထားတယ်.ဆိုရင်တော့
အောက်ပါအတိုင်းပေါ့
1) Microsoft word မှာကိုယ်ရေးထားတဲ့ file ကိုဖွင့်ပြီး
2) File ကနေ Print ကိုသွားပါ..(Ctrl+P)
3) ဒီမှာ Name ဆိုပြီး အပေါ်ဆုံးမှာ Adobe PDF ကိုရွေးပေးပါ.
4) အောက်က Page Range ကွပ်လပ်မှာ ကိုယ်ရေးထားသမျှစာရွတ်တွေအများကြီးကို လုပ်ချင်တာဆိုရင်
All ကိုပေးပါ..လက်ရှိစာမျက်ဘဲလိုချင်ရင် Current Page ကိုရွေးပေးပြီး
5) အောက်ဆုံးက OK ကိုနှိပ်ပါ.
6) ကိုယ့်ရဲ့ PDF File ကို Save မဲ့နေရာကို မေးတာဖြစ်ပါတယ်. ကြိုက်တဲ့နေရာကိုရွေးပြီး Save ပါ.
7) ပြီးတဲ့ အခါမှာ Loading ဆိုပြီး လုပ်ဆောင်နေပါပြီး..ပြီးတာနဲ့ တပြိုင်နက်ထဲ PDF ကိုမြင်တွေ့ရမှာဖြစ်ပါတယ်.
ပြန်ပြီးဖွင့်ချင်ရင် ကိုယ် PDF file ကို save တဲ့နေရာကနေပြန်ဖွင့်နိုင်ပါတယ်.

ဒီအဆင့်တွေမတိုင်ခင်မှာ လိုအပ်တဲ့

DOWNLOAD Adobe Acrobat 3D 8.1.7 270 Mb (by dl4all)
http://hotfile.com/dl/14919334/0a9e107/Adobe_Acrobat_3D_8.1.7.part1.rar.html
http://hotfile.com/dl/14919421/a46b71c/Adobe_Acrobat_3D_8.1.7.part2.rar.html
http://hotfile.com/dl/14919456/c97c22b/Adobe_Acrobat_3D_8.1.7.part3.rar.html

Sunday, November 27, 2011

အမှန်တရားကိုဖြည့်ဆည်းပါ

Thank You Visited My Blog.


အမှန်တရားကို မသိနိုင် မမြင်နိုင်သူဟာ တစ်ကိုယ်ကောင်းဆန်တယ်။
  • တစ်ကိုယ်ကောင်းဆန်သူဟာ အလိုလောဘကြီးတယ်။
  • တစ်ကိုယ်ကောင်းဆန်သူဟာ တစ်ကိုယ်ရေစည်းကမ်းမရှိဘူး။
  • တစ်ကိုယ်ကောင်းဆန်သူဟာ စကားကို ပေါ့ပေါ့တန်တန်ပြောတယ်။
  • ဒီလိုလူမျိုးကို ကိုယ်ကျင့်တရား မရှိသူလို့ ခေါ်တယ်။
  • ဒီလိုလူမျိုးကို အသိပညာကင်းမဲ့သူလို့လည်း ခေါ်တယ်။

ဆရာသမားရဲ့ ကျေးဇူးသစ္စာကို အခါခပ်သိမ်း စောင့်ထိန်းသူဟာ ဘာသာတရား စိတ်ထက်သန်သူဖြစ်တယ်။
  • ဒီလိုလူမျိုးဟာ လေ့လာသင်ယူလိုစိတ် ထက်သန်သူလည်းဖြစ်တယ်။
  • ဒီလိုလူမျိုးဟာ စကားပြောရာမှာ၊ အလုပ်လုပ်ရာမှာ တစ်ဖက်သားကို ထောက်ထားစာနာတယ်။
  • ဒီလိုလူမျိုးဟာ ဆုံးမသွန်သင်တာကို ခံယူထိုက်တယ်။ အမြင့်ဆုံးသော အမှန်တရားကို ရှာဖွေသူဟာ စာပေကျမ်းဂန်ကို လေ့လာဆည်းပူးတယ်။

သင့်ကိုယ်သင် အပြစ်ကင်းစင် စေနိုင်ဖို့ သင့်အနေနဲ့ သူတစ်ပါးကို အပြစ်ကင်းစင်စေနိုင်ဖို့ အမှန်တရားကို ရှာဖွေပါ။ အမှန်တရားကို ဖြည့်ဆည်းပါ ။။

Thursday, November 24, 2011

lose Folder Options (ပျောက်ဆုံးခြင်း)

Thank You Visited My Blog.
ကျနော့်ကွန်ပြူတာမှာ Folder Options ပျောက်သွားလို့ ခဏလောက်တော့ ခေါင်းစားသွားရပါတယ်။ စဉ်းစားခန်းဖွင့်လိုက်သေးတယ်။ ဘယ်နဲ့ပျောက်သွားရတာပါလိမ့်။ Folder Option ဆိုတာကို မိမိရဲ့ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် အများကိုမမြင်မတွေ့စေချင်တဲ့ file (or) folder များကို မြင်ကွင်းမှ ဖျောက်ထားခြင်း၊ မြင်ကွင်းပေါ်သို့ ပြန်ရောက်အောင် ပြန်ခေါ် ခြင်းတို့မှာ များသောအားဖြင့် အသုံးပြုတတ်ကြပါတယ်။

ကျနော်လည်း file တစ်ချို့ကို ဖျောက်ထားမလို့ လုပ်မယ်အကြံမှာ Tools ထဲမှာ Folder Options ရှိမနေဘူး။ ဒါများ ခက်တာမှတ်လို့ Control panel ထဲကိုသွားမှာပေါ့။ ရော အဲဒါမှ ခက်ပြီး . . . Control panel ထဲမှာ လည်း မရှိဘူးဗျ။ ဘယ်လိုလုပ်ရမလဲ ? အဲဒီတော့ ကျနော့်ဆရာတွေအထဲက ကျနော်နဲ့အနီးဆုံးရှိနေတဲ့ ဆရာကိုမေးရတော့မှာပေါ့။ အဲလိုနဲ့ ကျနော့်ဆရာတစ်ဦးဖြစ်တဲ့ google.com ဆီဝင်မေးလိုက်ရပါတယ်။

Folder Options ပျောက်ဆုံးခြင်းဟာ ဗိုင်းရပ်စားတာ ဖြစ်နိုင်ပါတယ်တဲ့။ ကဲ့ ပျောက်သွားတဲ့ Folder Options ကို ကျနော်တို့ ပြန်ခေါ် ကြရအောင် . . .

အရင်ဆုံး Start ထဲက Run ဆီကိုသွားရပါမယ်။
Run box ထွက်လာတဲ့အခါမှာ gpedit.msc ကိုရိုက်ပြီး ok ပေါ့။

ကဲ ပေါ်လာတဲ့ box ထဲမှာမှ . . . .
User Configuration -> Administrative Template -> Windows Components -> Windows Explorer
အဲလို တစ်ဆင့်ပြီးဆင့်သွားလိုက်ပေါ့။

ထွက်လာတဲ့ Box လေးထဲမှ Removes Folder Options menu from Tools menu ကိုရှာလိုက်ပြီး ၂ချက် ကလင့်လိုက်ပါ။ ထပ်ထွက်လာတဲ့ box ထဲက Disable ကိုရွေးလိုက်ပေါ့။

ကဲ့ အဲဒါတွေအားလုံးပြီးရင်တော့ ကျနော်တို့ Control panel ထဲမှာရော Tools ထဲမှာပါ Folder Options ပြန်တွေ့ ပါလိမ့်မယ်။ အားလုံးအဆင်ပြေကြပါစေဗျာ . . .။

Tuesday, November 22, 2011

Software များကို Crack လုပ်နည်းမျိုးစုံ

Thank You Visited My Blog.

(၁) Serial Number Cracking
တကယ်တမ်း ငွေပေးဝယ်ရတဲ့ Software တစ်ခုကို တင်ပြီးတဲ့အခါမှာ Serial Number တောင်းပါတယ်။ ကျွန်တော်တို့ Installer CD တွေဝယ်တဲ့အခါ CD ထဲမှာ Software အပြင် Keygen ဆိုတဲ့ Program အသေးစားလေးပါလေ့ရှိပါတယ်။ အများအားဖြင့် Crack ဆိုတဲ့ Folder အောက်မှာ ရှိတတ်ပါတယ်။ Software ကို Install လုပ်ပြီးတဲ့အခါမှာ တောင်းတဲ့ Serial Key ကိုသိချင်ရင် အဲဒီ Keygen လေးကိုနှိပ်၊ Generate ကိုနှိပ်လိုက်ရင် Serial Key ထွက်လာပါမယ်။ အဲဒီ Key ကို Copy လုပ်ပြီး Key တောင်းတဲ့နေရာမှာ Paste လုပ်လိုက်ရင် သုံးလို့ရသွားပါပြီ။

(၂) Activation Cracking
Serial Key က ပြန့်သွားနိုင်တယ်၊ ဒါကြောင့် Acivation ထပ်လုပ်ရမယ်ဆိုပြီး Software company တွေက ကြိုးစားပြန်ပါတယ်။ Activation ဆိုတာက ကျွန်တော်တို့ရဲ့ Serial Key ကို အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ်။ သူတို့က အဲဒီ Serial Key ကို အစစ်ဟုတ်မဟုတ်စစ်၊ ဟုတ်တယ်ဆိုမှ Activation code ပြန်ထုတ်ပေး၊ အဲဒီ Activation Code ကိုမှ ကျွန်တော်တို့သုံးနေတဲ့ Software မှာ ပြန်လာထည့်၊ အဲဒီဖြစ်စဉ်ကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ သူတို့ ဘယ်လိုပဲ ထိန်းချုပ်ထိန်းချုပ် အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ် ဆိုတဲ့နေရာမှာ အင်တာနက်မရှိတဲ့သူတွေအတွက် ဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ် ပြောဆိုရမယ်ဆိုပြီး ရွေးချယ်ခွင့်ပေးရသေးပါတယ်။ အဲဒါဟာ အဓိကအားနည်းချက်ပါပဲ။ ဥပမာပြောရရင် Photoshop CS2 ကို တင်တဲ့အခါမှာ Serial Key ထည့်ရတယ်။ ပြီးရင် Photoshop က Activation လုပ်ရပါတယ်။ Activation ဖို့အတွက် Photoshop က Activation Number ထုတ်ပေးပါတယ်။ တကယ်တမ်းလုပ်ရမှာက အဲဒီ Activation ID ကို သူ့တို့ဆီ အင်တာနက်၊ ဒါမှမဟုတ် ဖုန်းကတစ်ဆင့် ပြန်ပို့။ ပြီးကျမှ သူတို့က Activation Code ပြန်ပို့ပေး။ အဲဒါကို Cracker တွေက သူတို့ထုတ်ပေးတဲ့ Activation Number ပေါ်မူတည်ပြီး Activation Code ရအောင်ထုတ်ပါတယ်။ Photoshop CS2 ကို Activation လုပ်တဲ့အခါမှာ Photoshop ကထုတ်ပေးတဲ့ Activation Number ကို copy ကူးရပါတယ်။ ပြီးတော့ Keygen ထဲမှာ သွား Paste လုပ်၊ Generate Activation Code ကိုနှိပ်။ ထွက်လာတဲ့ Activation Code ကိုမှ ပြန် copy ကူးပြီး Photoshop မှာ ပြန်သွားထည့်ရပါတယ်။ Photoshop ကိုထုတ်တဲ့ Adobe Company ကို မဆက်သွယ်ဘဲ Keygen လေးနဲ့တင် ခိုးသုံးလိုက်တာလို့ ပြောနိုင်ပါတယ်။

(၃) Executable File & Others File Adding Cracking
တစ်ချို့ Software တွေကျတော့ Serial လည်းမတောင်းပါ။ Activation
လည်းမတောင်းပါ။
ဒါပေမဲ့ သုံးပြီး တစ်ပတ်လောက်နေမှ register လုပ်ခိုင်းပါသည်။
အင်တာနက်နှင့်သာ လုပ်ခိုင်းပါသည်။
ထိုကဲ့သို့ software မျိုးဆိုလျှင် Exe file replace လုပ်ခြင်းဖြင့် Crack လုပ်ရပါသည်။
ဥပမာပြရလျှင်
Photoshop CS3 ဆိုလျှင် ထိုကဲ့သို့လုပ်ရပါသည်။ Installer CD အတွင်းရှိ
Crack Folder ထဲတွင်ရှိသော
Photoshop.exe File ကို Copy ကူးပြီး C:\Program Files\Adobe\Photoshop CS3 Folder
ထဲသို့ Replace
လုပ်ရခြင်းမျိုးကို ခေါ်ပါသည်။ တခါတရံတွင်တော့ .exe File မဟုတ်ဘဲ .dll ဖိုင်များကို သွားထည့်ရခြင်းမျိုးလည်းရှိတတ်ပါသည်။

(၄) Registration File Cracking
တစ်ချို့ Company တွေကထုတ်တဲ့ Software တွေကျတော့ သူတို့ software
ကို သုံးနိုင်ရန် registration file လေးတစ်ခုကို ထည့်ပေးရခြင်းမျိုးလည်း ရှိပါသည်။
ဥပမာ Kaspersky Antivirus 7.0 ဆိုလျှင် ထိုကဲ့သို့ ဖြစ်ပါသည်။ Kaspersky
ကို သုံးနိုင်ရန်အတွက် License Key ဆိုသော ဖိုင်တစ်ဖိုင်ကို ထည့်ပေးရပါသည်။
တစ်နှစ်သုံးနိုင်သော License key၊ နှစ်နှစ်ခံသော License Key စသည်ဖြင့် များစွာရှိပါသည်။ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး License Key တူ၍မရပါ။ Kaspersky ကို
Crack လုပ်ရန် ထို License key ကို အင်တာနက်ထဲရှာရပါသည်။
တွေ့တဲ့အခါမှာ ကောက်ထည့်။ ပြီးတော့မှ Automatic Updates ကို
disable လုပ်ရပါသည်။ မဟုတ်လျှင် Automatic Updates လုပ်တဲ့အခါ
ကိုယ့် Kaspersky ရဲ့ License Key ကို လှမ်းကြည့်တဲ့အတွက် ခိုးသုံးထားမှန်း
သိသွားနိုင်ပါသည်။


Crack လုပ်ခြင်း၏ အကျိုးရလဒ်များ
Crack ပြုလုပ်ခြင်းဖြင့် Software ကို Free သုံးရသည်တော့မှန်ပါသည်။
သို့သော်လည်း ထို Crack File များတွင် Virus များ၊ Spyware များ ပါလာလေ့ရှိပါသည်။
ထို့ကြောင့် ဗိုင်းရပ်စ်အကိုက်ခံရခြင်း၊ အချက်အလက်များ အခိုးခံရခြင်းမျိုးများ ဖြစ်နိုင်ပါသည်။



အဆင်ပြေကြပါစေဗျာ

Desktop ပေါ်မှာလှုပ်ရှားနေတဲ့ Gif ဖိုင်ပုံလေးတင်ကြည့်ရအောင်

Thank You Visited My Blog.
Run box မှာ control desktop လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ

Desktop option အောက်က customize desktop ဆိုတဲ့ button ကို click ပါ
Desk Itoms dialog box မှ web ကို click ပါ new , New Desktop Item မှာ မိမိထည့်ချင်တဲ့
Gif file ကို browse ကနေရွေးပြီး ထည့်လိုက်ပါ

ပြီးရင်တော့ ok , apply, ok ပေါ့

ကျွန်တော့် တို့ Desktop ပေါ်မှာ Gif ပေါ်လာပါပြီ
ပြီးရင်တော့
ကိုလိုချင်တဲ့ နေရာမှာထားလိုက်ပေါ့ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Desktop ပေါ်မှာ
right click ထောက်ပြီး Desktop Item ဆိုတဲ့ dialog box ထိရောက်အောင်ပြန်သွား လိုက်ပါဦး
Lock desktop item ဆိုတဲ့စာသားလေး check ပေးပြီး Ok ,Apply,Ok…….
အခုဆိုရင် gif file ဟာ မိမိစိတ်ကြိုက်ထား ထားတဲ့နေရာမှာလှပစွာနဲ့ မြင်တွေ့ ရပါလိမ့်မယ်


 

Quick Format နှင့် Regular Formatအကြောင်း

Thank You Visited My Blog.
ဟ့ဒ်ဒစ်စ်ကိုအကြောင်းအမျိုးမျိုးကြောင့်ဖော်မက်တွေချကြပါတယ်။အဲ့ဒီမှာ
Quick Format နှင့် Regular Formatဆိုတဲ့အပိုင်းလေးတွေကိုသတိမထားမိဘဲ
အလွယ်တကုချကြတာကိုတွေ့ ရပါတယ်။
အဲ့ဒီအကြောင်းကိုသိပြီးလုပ်ဆောင်ရင်ပိုကောင်းမယ်ထင်လို့ ဒီပို့ စ်လေးကိုတင်
ပေးလိုက်ပါတယ်။
ကျွန်တော်တို့ Windows တင်တဲ့အခါမှာ Hard disk formatting နဲ့
ပက်သက်လို့ အောက်ပါအတိုင်းတွေ့ရပါတယ်။
တစ်ချို့ Windows တွေမှာ FAT File System မပါရှိတော့ပါဘူး
NTFS File System ဘဲ ပါပါတော့တယ်။နောက်ပြီး no Changes
လဲ ပါမလာတာတွေ ရှိပါတယ်။
Quick Format နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။

ဒီနေရာလေးထဲမှာ

Format the partition by using the NTFS file system (Quick)
Format the partition by using the FAT file system (Quick)
Format the partition by using the NTFS file system
Format the partition by using the FAT file system
Leave the current file system intact (no changes)

Quick Format


ကျွန်တော်တို့ Quick Format နဲ့ တင်တဲ့ အခါမှာ Windows တင်တဲ့ အပိုင်းက Disk ထဲက
File တွေကို ဖယ်ရှား (Remove) ပေးပါတယ်။ ဒါပေမဲ့ Drive ရဲ့ bad Sectors တွေကို
Scans မလုပ်ပေးပါဘူး။ တစ်နည်းအားဖြင့် Bad Sectors ရှိရဲ့သားနဲ့
bad Sectors ကို Scan မလုပ်ဘဲ badsector ကိုကျော်ပြီး ကောင်းတဲ့
နေရာမှာဘဲ တင်သွားတာပါ။
ဒါကြောင့် Quick Format က Windows တင်တာ မြန်ပေမဲ့ bad Sectors တွေကို
Scan မလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် မိမိ Drive မှာ Bad Sectors ရှိရဲ့သားနဲ့
မစစ်ဆေးဘဲ Quick Format နဲ့ဘဲ တင်နေမယ်ဆိုရင်
Hard Disk က ရေရှည်ခံနိုင်ရည် ရှိမရှိ စဉ်းစားသင့်ပါတယ်။
Disk Error ရှောင်ရှား နိုင်သလား ကိုယ်တိုင် စဉ်းစားကြည့်ပါ။

Regular Format

Regular Format လို့တော့ မပြပါဘူး။ Quick လို့ မပြတဲ့ အပိုင်းက Regular လို့ ခေါ်ပါတယ်။
Regular Format ကတော့ Files Permanently ကို ဖျက်ပေးရုံတင်မက bad Sectors တွေကိုပါ
Scan လုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် Quick Format ထပ်စားရင်
Drive မှာ Disk Error တွေကို ရှောင်းရှားနိုင်ပါတယ်။
ဒါကြောင့် Regular နဲ့ Quick ဘယ်သူ ပိုကောင်းသလဲ
ဆိုတာ ကိုယ်တိုင်သာ ဆုံးဖြတ်ကျပါတော့။

ဒာချိန်လေးနဲနဲပေးရတာ ဘာမှ မကြာပါဝူးရယ်...ပြီးတော့ ဟက်ဒစ်တွေကလည်း
ပမာဏများတာရှိရင်လည်း သီးခံပြီးပေးကြပါ..ကျွန်တော်ဆို
ဟက်ဒစ် ဂစ် ၁၀၀၀ ကို ၂၀၀ဂစ်ဆီ (၅) ခုခွဲပြီး regular format နဲ့ ပေးတာ
၃ နာရီခွဲကြာခဲ့တယ်...


အဆင်ပြေကြပါစေဗျာ။

ကွန်ပျူတာShutdown လုပ်သည့်အချိန် ကြာမြင့်လွန်းလျှင်

Thank You Visited My Blog.
ကွန်ပျူတာသမားတော်တော်များများကတော့ Nvidia Driver Helper Service (Nvidia Video Card မှသုံးသည်) ဟာ Shutdown လုပ်တဲ့အချိန်ကို ကြာစေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း အဲဒီပြဿနာကို Nvidia Video Card Driver ကို Update လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ တစ်ချို့သူတွေကတော့ Terminal Service ကို Disable လုပ်လိုက်ရင် Shutdown လုပ်တဲ့အချိန် သိသိသာသာကို မြန်သွားတယ်လို့ ပြောကြပြန်ပါတယ်။ Terminal Services ဟာ Remote Assistance, Remote Desktop နဲ့ Fast User Switching တွေအလုပ်လုပ်နိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်။ သုံးမျိုးစလုံးကို မြန်မာနိုင်ငံက ကွန်ပျူတာသုံးစွဲသူတွေ မသုံးသလောက်နီးပါးရှိတဲ့အတွက် အဲဒီ Terminal Services ကို ပိတ်ထားလိုက်လို့ရပါတယ်။ ပိတ်နည်းကတော့
၁။ Start>Run မှတစ်ဆင့် services.msc ဟုရိုက်ပြီး Enter ခေါက်ပါ။
၂။ Services Window ပွင့်လာပါလိမ့်မည်။ Services အမည်များကိုလည်း တန်းစီပြီး တွေ့ရပါလိမ့်မည်။
၃။ ထိုအထဲတွင် Terminal Services ကိုတွေ့အောင်ရှာပါ။ တွေ့လျှင် Double Click နှိပ်ပါ။
၎။ Properties Dialog box တစ်ခုကျလာပါလိမ့်မည်။ Startup type drop down list box ကိုနှိပ်ပြီး Disabled ကိုရွေးပါ။ OK နှိပ်ပါ။
၅။ Computer ကို Restart လုပ်ပါ။ နောက်တစ်ခါ Shutdown လုပ်ကြည့်ပါ။ ပိုမြန်လာပါလိမ့်မည်။
shutdown အချိန်ကို ကြာမြင့်စေတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Windows ဟာ shutdown လုပ်တဲ့အခါမှာ Virtual Memory နဲ့ Hibernation Cache ကို ဖျက်ဖို့ ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို Virtual Memory နဲ့ Hibernation Cache ကို ဖျက်ခြင်းဟာ Shutdown လုပ်တဲ့အချိန်ကို အရမ်းကြာမြင့်စေပါတယ်။ တကယ်တမ်းတော့ အဲဒီဖျက်တဲ့ Function ကို Windows က ပိတ်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ software တွေက အဲဒါကို ပြန်ဖွင့်တတ်ပါတယ်။အဲဒီလို သွားဖျက်တဲ့ Feature လေး ကိုယ့်ပီစီမှာ ဖွင့်ထားသလား၊ ပိတ်ထားသလား ဆုံးဖြတ်ဖို့အတွက် Run ထဲမှာ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပွင့်လာရင် ဘယ်ဘယ်မှာရှိတဲ့ Computer Configuration>Windows Settings>Security Settings>Local Policies>Security Options ကို ရောက်အောင်သွားပါ။ ပြီးရင် ညာဘက်မှာပေါ်လာတဲ့ စာတန်းတွေထဲကနေ Shutdown: Clear virtual memory page file ဆိုတဲ့ စာသားလေးကို ရှာပါ။ Disabled ဖြစ်နေတယ်ဆိုရင် ပိတ်ထားတာပါ။ Enabled ဖြစ်နေတယ်ဆိုရင် Disabled လုပ်ပစ်ရမှာပါ။ Disabled လုပ်ဖို့အတွက် အဲဒီစာသားပေါ်မှာ Double Click နှိပ်ပြီး Disabled ကိုရွေးပါ။ OK ပေါ် နှိပ်ပါ။ ကွန်ပျူတာကို Restart လုပ်ပါ။

COMPUTER ကိုဘယ်သူသုံးသေးလဲ

Thank You Visited My Blog.
နည်းလေးကတော့လွယ်လွယ်လေးပါ။မသိသေးတဲ့လူတွေအတွက်ပါ။
ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ Run ကနေ Recent လို့ ရိုက်ပြီး ဘာတွေ ဖွင့်လဲဆိုတာ ကြည့်ရင်သိမှာပေါ့လို့ပြောမယ်ထင်တယ်။ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင်ကော ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်တော့ဘူးမလား။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာသူတို့ သုံးခဲ့တဲ့ နေ့ရက် အချိန်နာရီတွေနဲ့ ဘာတွေကို ဘယ်လိုသုံးခဲ့လည်းဆိုတာတွေ့ပါလိမ့်မယ်။
 

Tuesday, November 8, 2011

ဇော်ဂျီယူနီကုဒ်ဖေါင့်ဖြင့် မြန်မာစာရိုက်ခြင်း

ပထမဆုံး ဇော်ဂျီ လက်ကွက်ကို ဒေါင်းလုဒ် လုပ်ပြီး အင်စတောလ် လုပ်ပါ။ [Link]။ စက်ထဲတွင် အခြား မြန်မာ ယူနီကုဒ် အမျိုးအစားများ မရှိစေရန် သတိပြုရပါမည်။ ရှိနေခဲ့ရင် Uninstall လုပ်ပစ်လိုက်ပါ။ ဇော်ဂျီ အင်စတောလ် လုပ်ပြီးလျှင်-
1. Control Panel > Regional and Language ကိုသွားပါ။
2. Regional Language Box မှ Language ဆိုသော ခလုတ်လေးကို နှိပ်ပါ
3. Language > Detail ကိုရွေးချယ်ပါ။

အဆိုပါ Box ထဲမှာ Default Input Language ဆိုတဲ့ နေရာလေးကို စစ်ဆေးပါ။ ဇော်ဂျီ ကီးဘုတ်ကို မြင်နေရမည် ဖြစ်သည်။ ထို့နောက် အောက်ဆုံးက -

4. Preference > Language Bar ကိုသွားပါ။
5. Desktop မှာ Keyboard အလွယ်တကူ ချိန်းနိုင်ရန် အဆိုပါ ဗောက်စ်ထဲမှ အကွက် လေးများကို Check လုပ်ပေးပါ။
6. OK နှိပ်ပါ။

အဲဒီအခါ ၀င်းဒိုးစ်ရဲ့ အောက်ညာဘက် နာရီအချိန် ပြတဲ့ နေရာမှာ ကီးဘုတ်ပုံလေး ပေါ်လာပါလိမ့်မယ်။
7. မြန်မာ စာသားကို ရိုက်လိုတဲ့အခါ Clt+Shift ကိုနှိပ်ရပါမယ် (၀ဘ်ဆိုဒ်များနှင့် ၀ဘ်ပေ့ခ်ျ များတွင်သာ သုံးနိုင်သည်)။ အင်္ဂလိပ်စာကို ရိုက်လိုလျှင် အဆိုပါ Clt+Shift ကို ထပ်နှိပ် ပေးရပါမည်။

[ ကိုညီလင်းဆက် Blog မှ ကူယူမှတ်သားထားခြင်း ဖြစ်သည် ]

Tuesday, October 25, 2011

Drive တစ်ခု ထပ်ခွဲမယ်


တစ်နေ့က မိတ်ဆွေတစ်ယောက်က သူရဲ့ Hard disk (D:) က ပြည့်နေလို့ ကူညီပါအုံးတဲ့။ ဒါနဲ့ သူစက်ရဲ့ System (C:) ကို ကြည့်လိုက်တော့ ပိုနေတာတွေ ရှိသေးတယ်။ ဒါနဲ့ စိတ်မပူနဲ့ လုပ်ပေးမယ်ဆိုပြီး လုပ်ပေးခဲ့တယ်။ G: drive တစ်ခု ထပ်ပေါ်လာတာပေါ့။ လုပ်နည်းလေးကတော့ အောက်ကအတိုင်းပဲ။

(၁) My Computer ကို Right Click လုပ် Manage ကို ရွေး။
(၂) ပြီးရင် Disk Management ကို Click လုပ်။ ညာဘက်မှာ C: , D: ဆိုတာ ပေါ်လာလိမ့်မယ်။ အောက်ကအတိုင်း။


(၃) C: အကွက်ကို Right Click လုပ်။ Shrink Volume ဆိုတာကို ရွေး။ ခဏစောင့်။
(၄) Box တစ်ခု ကျလာလိမ့်မယ်။ Enter the amount of space to shrink in MB: ဆိုတဲ့အကွက်က C: မှာ လွတ်နေတဲ့ ပမဏာပဲ။ အဲဒီအကွက် အကုန်လုံးကို မယူသင့်တဲ့အတွက် မိမိ လိုချင်သလောက်ခွဲယူ။
(ဥပမာ- C: က 60 GB ဆိုပါတော့။ သုံးထားတာက 30 GB ။ ဒါဆို 30 GB ပိုနေတယ်။ အကုန်လုံး မယူသင့်တဲ့အတွက် 20 GB လောက်ပဲ ခွဲယူပါ။ 20 GB ဆိုရင် 20240 လို ရိုက်ထည့်လိုက်။ ပြီးရင် Shrink ကို နှိပ်။
(၅) ဒါဆို Drive တစ်ခု ထပ်ပေါ်လာလိမ့်မယ်။ အဲဒီ Drive ကို Right Click လုပ်။ New ဆိုတာနဲ့ သူပြောတဲ့ အဆင့်တွေ အတိုင်း လုပ်သွားလိုက်။ ဒါဆို Drive တစ်ခု ပိုထွက်လာပြီပေါ့။

အွန်လိုင်းမှာ ကွန်ပျူတာလေးတစ်လုံးဖန်တီးကြည့်ပါ


အွန်လိုင်းသုံးသူ များ အွန်လိုင်းကွန်ပျုတာတစ်လုံး ကို အပိုင်ရအောင်လုပ်ကြည့်ကြမယ်ဗျာ. ကဲ.. ဒီလင့် ထဲကို ၀င်လိုက်ပါ. အောက်က ပုံလေးလိုတွေ့ပါလိမ့်မယ်.
ယင်းအထဲကမှ Sing up ကိုကလစ်ပါ. အောက်ကပုံလေးလိုထပ်တွေ့ပါလိမ့်မယ်.
Choose a G.ho.st ID နေရာမှာ မိမိကြိုက်နှစ်သက်ရာ အမည်ပေးပါ. လိပ်စာက ဥပမာ- akmkuntha@G.ho.st အဲလိုဖြစ်ရမှာလေ. Choose Password ကတော့ ကြိုက်သလိုပေးပါတော့နော်.
Existing email address နေရာမှာတော့ မိမိအသုံးပြုချင်တဲ့ မိမိရဲ့ Gmail ကို ရိုက်ထည့်ပါ. ရှိပြီးသားကိုနော်.
Enter the code shown နေရာမှာတော့ တစ်ဘက်ကပေးထားတာကို မှန်အောင်ရိုက်ထည့်ပါ. ပြီးရင် I'm over 13 years old and...စသည်ဖြင့် ရေးထားတဲ့ ရှေ့က ကွပ်လပ်လေးထောင့်တုန်းလေးမှာ အမှန်ခြစ်ပြီ Submit ကိုကလစ်လိုက်ပါ..တစ်ကယ်လို့ မရဘူးဖြစ်တက်ပါတယ်. ထိုအခါ မရသည့် အကြောင်းအရာရှေ့မှာ Star အနီလေး ပေါ်လာပါလိမ့်မယ်. ယင်းနေရာကိုပြန်ပြင်ဆင်ပါ...ဒီအဆင့်အဆင်ပြေသွားရင် မိမိ အပေါ်မှာ ထည့်ထားတဲ့ မေးကိုဖွင့်ပါ. မေးထဲမှာ မေးအသစ်ဝင်နေပါလိမ့်မယ်. ယင်းမေးကိုဖွင့်ပါ. အောက်ပါအတိုင်းတွေရင်
ယင်းအထဲက Click Here ကိုကလစ်လိုက်ပါ. လင့်အသစ်ထွက်လာပြီ. ပွင့်လာပါလိမ့်မယ်. ယင်းအထဲမှာ အောက်ပါအတိုင်းတွေ့ပါလိမ့်မယ်.
ယင်းအထဲမှာ ဖြည့်ပါတော့ မိမိကြိုက်ရာအမည်ကို အစ အလယ် အဆုံး နှင့် နိုင်ငံ ပြီးရင် Finish ကိုပဲကလစ်လိုက်ပါ.အောက်ပါအတိုင်းပေါ်လာပါလိမ့်အုံးမည်
ဖတ်ကြည့်ပါ. တတ်သလောက်ပေါ့. ကျွန်တော်ကိုယ်တိုင်လည်းဘာမှမသိပါ. 15 GB hard disk ရမည်. 10 GB mail box နဲ့ပေါ့. အကြမ်းဖျင်းလေ. ဘာမှလုပ်နေစရာမလိုပါဘူး Finish ပဲကလစ်ပါ. နောက်တစ်ပုံပေါ်လာပါလိမ့်မယ်.
ယင်းအထဲမှာ အောက်ဘက် ညာထောင့်က လေးထောင့်ကွက်ကို အမှန်ပေးပြီ ok လိုက်ပါတော့အောက်ပါအတိုင်း အွန်လိုင်းထက်က မိမိကိုယ်ပိုင် ကွန်ပျူတာတစ်လုံးရပါပြီ.

ကဲမိတ်ဆွေ သင့်အွန်လိုင်းကွန်ပျူတာကို right click လုပ်ပြီ refresh လုပ်ကြည့်လိုက်ပါ. တစ်ကယ်အစစ်တိုင်းဖြစ်နေပါလိမ့်မယ်. ဒါဆိုသင်ဥာဏ်ရှိသလို သင့်အွန်လိုင်းကွန်ပျူတာကို ကလိပြီး အသုံးချပါတော့ခင်ဗျာ.

Thursday, October 20, 2011

စာတွေကို ကျော်ဖတ်ကြမှာလား…?

နည်းကတော့ လွယ်ပါတယ်။ ကျွန်တော်တို့  Google Reader ထဲမှာ ဆိုဒ်နိမ်းကို ထည့် လိုက်တာပါ။
ကိုယ်ဝင်ရောက်ချင်တဲ့ လင့်ကို Add a subscription နိပ်ပြီးထည့် လိုက်ယုံပါပဲ။အဲဒါဆိုရင်တော့  blogspot က ပိုစ်တွေကို သူက
သင့်ရဲ့ Google Reader ထဲမှာ လာရောက်ပြသမှာဖြစ်ပါတယ်။ပိုစ်တစ်ခုခြင်းဆီကို ဖတ်ရှုလို့ ရပါပြီ။ :D ဆိုဒ်ဒီဇိုင်းတွေ ဘာတွေတော့ မမြင်ရဘူးပေါ့ဂျာ :P
ကျော်နည်းကောင်းတွေထဲမှာ လုံခြုံမှုရှိပြီးတော့ …ကျော်ရအလွယ်ဆုံးဖစ်လို့ ဒါလေးကို ပြန်လည်မျှဝေတာပါ။
ပျော်ရွှင်ကြပါစေခင်ဗျ :D ။ ။

RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင်

မိမိမှာ ရှိတဲ့ RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင် နည်းတစ်ခုပြောပြပါ့မယ်။ Hacking နည်းလမ်းတစ်ခုဖြစ်တဲ့ အတွက် အရမ်းတော့ save မဖြစ်ပါဘူး။ CPU ကို over clock တင်သလိုပါပဲ ။ software လိုင်စင်တွေရဲ့ စကားတိုင်းပြောရရင်တော့ သင့်ရဲ့ ကိုယ်ပိုင် စွန့်စားမှုသာဖြစ်ပါတယ် ။ :P
My Computer ကို R-Click လုပ်ပြီး properties ကိုသွားပါတယ်။ ပေါ်လာတဲ့ system properties က Advanced ကို click ပါတယ်။ Performance က Settings ကို click ပါတယ်။
Image Hosting by Picoodle.com

Performance Options မှ Advanced ကိုရွေးပြီး Programs နှစ်ခုကို check ပေး Virtual memory က Change ကို click ပါတယ် ။

Image Hosting by Picoodle.com
အောက်ပါအတိုင်း Virtual memory ပေါ်လာပါမယ်။ Initial size နဲ့ Maximum size က တန်ဖိုးနှစ်ခုကို ရေးမှတ်ထားလိုက်ပါ ။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ ရင် Default လုပ်နိုင်အောင်ပါ။
Image Hosting by Picoodle.com
Virtual Memory ဆိုသည်မှာ RAM က Hard disk memory ကို ငှားသုံး ခြင်းဖြစ်ပါတယ် ။ (ဥပမာ – Default Initial size = 1500 Mb(nearly 1.5Gb) , Hard Disk free space = 5 Gb ရှိတယ် ဆိုကြပါစို့ Initial size ကို 2000 Mb ( 2Gb ) တင်လိုက်ပါက Hard disk free space သည် 4.5 Gb ဖြစ်သွားပါလိမ့်မယ် ။ ( မည်သို့ပင် memory transfer လုပ်နိုင်သည် ဖြစ်စေ System Memory က ပဲ တစ်ကယ် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ) ကျနော့်မှာ Initial 1500 ရှိပြီးသား ဖြစ်လို့ 2000 လို့ပေးပြီး၊ Maximum ကို 3500 ပေးလိုက်ပါတယ် ။ ပြီးရင် Set ကို နိုပ်ပါတယ် ။
Image Hosting by Picoodle.com
ပြီးရင်တော့ OK ပေါ့ ။ Restart တောင်းလာပါလိမ့်မယ် ။ window ပြန်တက်လာ ရင်တော့ ခင်ဗျားစက် အရင်ထက်ပိုမြန် နေတာ တွေ့ရပါလိမ့်မယ် ။ CPU ရဲ့လုပ်ဆောင်နိုင်ရည်ကို ကြည့်ပြီး တင်သင့်ပါတယ်။ Memory များရင် စက်မြန်တယ် ဆိုပြီး memory အများကြီး စိုက်ပြီး CPU မလိုက်နိုင်လို့ ပိုလေး သွားတဲ့ စက်တွေ တွေ့ဘူးပါတယ်။ အားလုံး အဆင်ပြေကြပါစေ ။

Monday, October 17, 2011

How to Change the Logon Screen Background in Windows 7

How would you like to change the logon screen background in Windows 7 so as to give your Windows a customized look and feel? With a small tweak it is possible to customize the Windows 7 logon screen and set your own picture/wallpaper as the background. Changing logon screen background in Windows 7 is as simple as changing your desktop wallpaper. Well here is a step by step instruction to customize the logon screen background.
 
1. The image you need to set as the background should be a .jpg file and it’s size should not exceed 245KB.
2. The image resolution can be anything of your choice. However I prefer 1440 x 900 or 1024 x 768. You can use any of the photo editing software such as Photoshop to compress and set the resolution for your image. Once you’re done, save this image as backgroundDefault.jpg.
3. You will need to copy this image to
C:\Windows\system32\oobe\info\backgrounds
You will need to create that path if it does not already exist on your computer.
4. Now open the Registry Editor (Start -> Run -> Type regedit) and navigate to the following key
HKLM\Software\Microsoft\Windows\CurrentVersion\Authentication\
LogonUI\Background
If Background does not exist rightclick LogonUI, select New and then Key, and then name it Background. Now locate OEMBackground (listed on the right side). If it does not exist, right-click Background and select New and then DWORD and name it OEMBackground.
5. Double-click on OEMBackground and set the Value Data to 1.
6. Now log-off to see the new logon screen background. If you would like to revert back to the default background, just set the Value Data back to 0.
I hope you like this trick. Just try out and give your feedback!

Sunday, October 16, 2011

Using image printer


ဒီတစ်ခါပြောမှာက AutoCAD ရဲ့ Image Printer အကြောင်းပါ။ ရှေ့ Tutorial တွေမှာ ပါခဲ့ပြီးတဲ့အတိုင်း AutoCAD Drawing တွေကို Raster Image အဖြစ်ပြောင်းရာမှာ အထောက်အကူပြုတဲ့ Printing method တစ်ခုပါပဲ။
AutoCAD software ကိုဖွင့်လိုက်ပါ။ ပြီးရင် File menu ထဲက Plotter Manger ကို Click လုပ်ပါ။
ဒါဆိုရင်အောက်ပါပုံအတိုင်း Plotters window တစ်ခုတက်လာပါလိမ့်မယ်။ Add-A-Plotter Wizard ကို Click နှိပ်ပါ။
ပြီးရင် Add Plotter-Introduction page ပေါ်လာမှာပါ။ Next ကို Click နှိပ်ပါ။
Add Plotter-Begin Window ပေါ်လာမှာပါ။ To Configure a new plotter မှာ My Computer ကိုရွေးပေးပါ။ ပြီးရင် Next ကိုနှိပ်ပါ။
Plotter model window ပေါ်လာမှာပါ။ Manufacturers မှာ Raster File Formats ကိုရွေးပါ။ Model ကို Independed JPEG Group ကိုပေးထားပေးပါ။ ပြီးရင် Next ကို Click လုပ်ပါ။
ပြီးရင် Import Pcp or Pc2 window ပေါ်လာမှာပါ။ Next ကိုပဲနှိပ်ပါ။
Ports window ပေါ်လာရင် Plot to file ကိုရွေးပြီး Next ကို Click လုပ်ပါ။
Plotter name window တက်လာမှာပါ။ မိမိနှစ်သက်ရာ Plotter name ကိုပေးလို့ရပါတယ်။ ကျွန်တော်ကတော့ Image Printer လို့ပဲပေးလိုက်ပါတယ်။ ပြီးရင် Next ကိုနှိပ်ပါ။
Finish window ပေါ်လာရင် Edit Plotter Configuration ကို Click နှိပ်ပါ။ မိမိအများဆုံးအသုံးပြုလိုတဲ့ Setting တွေကိုချိန်ထားလို့ရပါတယ်။
Plotter Configuration Editor ပေါ်လာရင် Graphic Menu ကို Select လုပ်ပါ။ ဒါဆိုအောက်ပုံပါအတိုင်း တွေ့ရမှာပါ။ Color Depth နဲ့ Resolution ကိုလိုသလိုချိန်ညှိလို့ရပါတယ်။ ကျွန်တော်ကတော့ Monochrome ကိုရွေးပြီး Resolution ကို 100 dpi မှာပဲ လုပ်ထားပါတယ်။
ပြီးရင် User-defined Paper Size & Calibration Menu ထဲက Custom Paper Size ကို ရွေးပြီး Add လုပ်ပေးပါ။
Custom Paper Size ကိုစလုပ်လို့ရပါပြီ။ Start from scratch ကိုရွေးပြီး Next ကို Click လုပ်ပါ။
Media Bounds မှာ Pixel dimension ကိုချိန်ပေးရမှာပါ။ ကျွန်တော်ကတော့ 12” x 8” paper size ကို Resolution 300 နှင့်လိုချင်လို့ width 3600, height 2400 ကို set လုပ်ထားပါတယ်။ ပြီးရင် Next ကို Click နှိပ်ပါ။
Paper size ကိုနာမည်ပေးပါ။ ကျွန်တော်ကတော့ 360x2400 ဆိုပြီး ပေးထားပါတယ်။ ပြီးရင် Next ကို Click လုပ်ပါ။
ပြီးရင် PMP File name ကိုပေးပေးပါ။ လောလောဆယ် My Setting လို့ပေးပါမယ်။ Next ကိုနှိပ်ပါ။
ဒါဆိုရင်တော့ Finish ကို Click နှိပ်လို့ရပါပြီ။
Printer Configuration Editor ပေါ်လာရင် Media Menu ကိုရွေးပေးပါ။ ပြီးရင် Media Source Paper Size မှာခုနက အသစ်လုပ်ထားတဲ့ 360x2400 ကိုရွေးပေးပါ။ ပြီးရင် Ok ကိုနှိပ်ပါ။
ဒါဆိုရင်တော့ Add plotter window ပြန်ပေါ်လာပါပြီ။ Finish ကို click နှိပ်ပါ။
ပြီးရင် AutoCAD ရဲ့ Plotter ရွေးတဲ့ Box ထဲမှာ Image Printer.pc3 ဆိုပြီး ပေါ်နေပါပြီ။ Setting တွေကိုကြိုပြီးချိန်ညှိထားတဲ့အတွက် Print ကိုတစ်ခါတည်း လွယ်ကူစွာလုပ်နိုင်ပါပြီ။ Acrobat Distiller နဲ့ ပုံစံအတူတူပါပဲ။ ဒါပေမယ့် Print ထုတ်တဲ့အခါ Scale အတိအကျနဲ့လိုချင်တာမျိုးဆိုရင်တော့ Scale ကိုပြန်လည် တွက်ချက်ရပါမယ်။ Scale မလိုချင်ရင်တော့ Scale to fit နဲ့ပဲ print ထုတ်ပါ။
Mmphotoshop မှာ AutoCAD အကြောင်းတွေလာပြောနေတယ်လို့ စိတ်မဆိုးကြပါနဲ့ဦး။ mmautocad မဟုတ်ဘူးဆိုတာကို ကျွန်တော်လည်း သိပါတယ်။ Scale ချိန်တတ်စေချင်တဲ့ စေတနာနဲ့ပါ။ ကျွန်တော် setting လုပ်ထားတဲ့ Paper size က 3600 x 2400 pixel ပါ။ ဒါပေမဲ့ Photoshop မှာက Default resolution 72 နဲ့ပဲပေါ်မှာပါ။ အဲဒါကြောင့် 12” x 8” size ကိုလိုချင်ရင် Image Size ထဲကိုဝင်ပြီး Resolution ကို 300 ပြောင်းပေးရမှာပါ။ အဲဒီအချိန်မှာ Resample Image ကို Uncheck လုပ်ထားရမှာပါ။ ဒါမှ 12” x 8” Canvas size ကို Resolution 300 နဲ့ရမှာပါ။ AutoCAD ကိုပြန်သွားရအောင်။ AutoCAD print scale မှာက 1 unit အစား 1 pixel နဲ့ပဲ စံနှုန်းထားထွက်ပေးမှာပါ။ ဒါကြောင့် AutoCAD မှာရှိတဲ့ dimension အတိုင်း Photoshop မှာလိုချင်တယ်ဆိုရင် Photoshop resolution ကို 1 pixel နဲ့စားပေးရမှာပါ။ ခေါင်းရှုပ်သွားမယ်ဆိုရင် ဥပမာ ပြပါမယ်။
AutoCAD မှာ 6” အရှည်ရှိတဲ့ Line တစ်ကြောင်းကို print လုပ်တဲ့အခါ 6” အတိုင်း ပြန်ပေါ်စေချင်တယ် ဆိုပါစို့။ တကယ့် printer အစစ်နဲ့ print ထုတ်တာကိုပြောတာနော်။ ဒါဆိုရင် Print Scale က 1 unit ကို 1 inch ဖြစ်မှာပါ။ ရှင်းပါတယ်နော်။ 3” ပဲပေါ်ချင်ရင် 1 unit ကို 2 inches ဖြစ်မှာပေါ့။ ကဲဒါဆိုရင် 6” အရှည်ရှိတဲ့ line ကို Photoshop မှာ 6” အတိုင်းပဲပေါ်ချင်တယ် ဆိုပါစို့။ Image Printer နဲ့ပဲထုတ်မှာပါ။ print scale မှာ 1 pixel ကို unit ဘယ်လောက်ပေးရမှာလဲလို့ ဆိုလိုချင်တာပါ။
စပြီးတွက်မယ်ဆို Paper ရဲ့ pixel dimension ကစရမှာပါ။ (3600 x2400) pixel ကို 12” x 8” လိုချင်ရင် resolution က 300 ppi (pixel per inch) ရမှာပါ။ ဘာလို့လဲဆိုတော့ Resolution ရဲ့ formula က အောက်ပါအတိုင်းဖြစ်နေလို့ပါ။

R = P/ inch    (R= resolution, P= pixel)
အဲဒီကနေဘာကိုသိလဲဆိုရင် inch ကိုလိုချင်ရင် pixel နဲ့ Resolution ကိုစားပေးရမှာပါ။ ကျွန်တော်တို့က 6” အမှန်အတိုင်းပေါ်ချင်တာကိုး။ အဲဒီတော့ resolution က 300 ပါ။ pixel က 1 ပဲထားရမှာပါ။ 1/300 ရမှာပါ။ print scale မှာ 1 pixel လို့ပေးထားသလို 1 ထားရတာပါ။ အဲဒီတော့ 1/300 ဆိုတာ 0.00333333 လောက်ရှိပါတယ်။ အဲဒီတော့ print scale မှာ 1 pixel ကို 0.00333333 unit ထားပြီး print ထုတ်လိုက်ပါ။ အဲဒါဆိုရင်အဆင်ပြေသွားပါပြီ။ တစ်ခုရှိတာက Decimal ကိုရှစ်လုံးလောက်ယူပေးပါ။ မဟုတ်ရင်နဲနဲလွဲနေပါလိမ့်မယ်။ တခြား scale တွေနဲ့လဲ မိမိဖာသာ စမ်းကြည့်စေချင်ပါတယ်။ နောက် Tutorial မှာ အဲဒီ Scale အကြောင်းဆက်ရေးပါမယ်။ စမ်းတော့စမ်းကြည့်ပါဦး။

Email ကိုသူများ Huck လုပ်လို့ မရအောင်

သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ Email
အဟက်ခံရတယ်ဆိုတာဟာ များသောအားဖြင့် ဟောဒီအချက်တွေကြောင့်ပဲ
ဖြစ်နိုင်ပါတယ်။ ၁။ social engineering ဆိုတဲ့ အယုံသွင်းပြီး password
ကိုယူသွားတာ ၂။ cookies အခိုးခံရတာ ၃။ key logger လိုဟာမျိုးနဲ့
ကိုယ်ရိုက်ထားသမျှတွေထဲကနေ password ကိုသိသွားတာ ကျွန်တော် သိသလောက်ကတော့
ကျွန်တော်တို့ဆီမှာ ကြုံကြရတာဟာ အမှတ်(၁) အမျိုးအစားကများပါတယ်။Gmail
team ကလိုလို၊ တခြား ယုံကြည်ရတဲ့ Site တစ်ခုခုက လိုလိုနဲ့စာတွေပို့ပြီး
အယုံသွင်းတတ်ကြပါတယ်။ များသောအားဖြင့် အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူတွေ
ပိုပြီးခံရကြပါတယ်။ ပြီးတော့ လူ့လောဘကို အသာလေးဆွပေးလိုက်တဲ့
စာမျိုးတွေလည်း လာတတ်ပါသေးတယ်။ တစ်ခြားသူတစ်ယောက်ယောက်ရဲ့ password
ကိုသိချင်ရင် သူပို့လိုက်တဲ့ အထူးပရိုဂရမ်ကိုသုံးကြည့်ဖို့ပေါ့လေ။
လူတိုင်းဟာ သူများရဲ့ အတွင်းရေးကို သိချင်ကြသူတွေချည်းပဲမဟုတ်လား။
အဲဒီအချိန်မှာ သတိလွတ်သွားပြီး သူတောင်းတဲ့အတိုင်း ကိုယ့် password ကို
ပေးလိုက်မိပါတယ်။ ပြီးရင် တစ်ဖက်က စာပြန်လာတတ်ပါတယ်။ မင်းသိချင်တာအတွက်
အလုပ်လုပ်နေဆဲမို့လို့ ခဏစောင့်ပါ ဘာညာပေါ့လေ။ အဲဒါကတော့ auto responder
လုပ်ထားလို့ ပြန်ရောက်လာတဲ့စာပါပဲ။ ကိုယ့်မေး(လ်) နဲ့ password ကတော့
သူ့ဆီရောက်သွားပါပြီ။ ကြုံဖူးရင်ကြုံဖူးကြမှာပါ။ ဒီတော့ကာ အဲဒီလို
စာမျိုးတွေကို ဘယ်တော့မှ မယုံပါနဲ့။ ဒီလိုလုပ်လို့ သူများ password ကို
ဘယ်လိုမှ မသိရနိုင်ပါဘူး။ တစ်ဖက်က mail server ထောင်ထားတဲ့သူတွေကလဲ
သူငယ်နှပ်စားလေးတွေမှ မဟုတ်တာ။ သူတို့ဒီလောက်တောင် အ, ရင်
ကုန်သွားတာကြာပြီပေါ့။ အမှတ်(၂) အမျိုးအစားကတော့ ခင်ဗျားတို့လောလောဆယ်
အီးမေး(လ်)ကဲ့သို့သော login name နဲ့ password သုံးရတဲ့
ဆိုက်မျိုးတစ်ခုခုကို ၀င်နေချိန်မှာ အဲဒီ အချက်အလက်တွေကို ခင်ဗျားတို့ရဲ့
browser က ယာယီဖိုင်ကလေးတွေဖြစ်တဲ့ cookies လေးတွေအဖြစ် စက်ထဲမှာ
သိမ်းထားပါတယ်။ အဲဒါမျိုးကို တစ်ဖက်ဆာဗာကနေ java code, php code လို
script လေးသုံးပြီး ယူလိုက်လို့ရပါတယ်။ ပြီးရင် သူ့ဆာဗာတစ်နေရာမှာ
သိမ်းထားလိုက်မှာပေါ့လေ။ နောက်တော့မှ အဲဒီ cookies တွေကို သူ့ browser
ထဲကို import လုပ်လိုက်ရင် ခုနက ခင်ဗျား login ၀င်ထားတဲ့
အနေအထားမျိုးပြန်ဖြစ်သွားပြီး ခင်ဗျားရဲ့
မေး(လ်)ထဲကိုရောက်သွားပါလိမ့်မယ်။ အဲဒီလို cookies ခိုးတာဟာ server side
script ရော client side script ရော နှစ်မျိုးစလုံးနဲ့ လုပ်လို့ရပါတယ်။
Firefox plug-in တွေဖြစ်တဲ့ grease monkey တို့ chicken foot
တို့လိုဟာမျိုးတင်ထားပြီး၊ java script ထည့်ထားရင် အဲဒီ ပရိုဂရမ်ဟာ
background process အဖြစ်နဲ့ ခင်ဗျားရဲ့ cookie တွေကို အချိန်တိုင်း
သူ့ဆာဗာဆီကို လှမ်းပို့နေပါလိမ့်မယ်။ အဲဒါမျိုးကို antivirus
တွေမသိနိုင်ပါဘူး။ ဒီတော့ကာ ဆိုင်မှာသုံးတဲ့အခါ ကိုယ်သုံးမဲ့ Firefox က
add-on နေရာမှာ ဘာတွေရှိနေသလဲဆိုတာအရင်ကြည့်ကြည့်ပါ။ grease monkey တို့
chicken foot တို့တွေ့ရင် uninstall လုပ်လိုက်ပါ။ ပြီးတော့က WOT Web of
Trust ဆိုတဲ့ Firefox plug-in တစ်ခုကိုတင်ထားစေချင်ပါတယ်။ သူက စိတ်ချရတဲ့
Site အဆင့်အတန်းကို ၀ါ စိမ်း နီ အရောင်နဲ့ပြပါတယ်။ အနီရောင်ဆိုရင်
ဝင်မကြည့်သင့်ပါဘူး။ များသောအားဖြင့် crack.ms တို့လို password တွေ
serial တွေပေးတဲ့ Site တွေ နဲ့ porn site တွေဟာ စိတ်မချရပါဘူး။
နောက်ပြီးတော့ Beef ဆိုတဲ့ browser exploitation framework
တစ်ခုရှိပါသေးတယ်။ ဟောဒီ link ကနေ သွားကြည့်ကြပါ။
http://www.bindshell.net/tools/beef အဲဒီဟာကတော့ server side
application တစ်ခုဖြစ်ပြီး ကိုယ်ဆာဗာပေါ်မှာ အဲဒါကိုတင်ထားပြီး
သူလုပ်ခိုင်းတဲ့အတိုင်း configuration လုပ်ထားရင်၊ admin panel ကနေ
ကိုယ့်ဆီလာကြည့်သမျှစက်တွေထဲကို လုပ်ချင်တာလုပ်လို့ရနေတဲ့ သဘောရှိပါတယ်။
XSS proxy ပုံစံမျိုးပါပဲ။ XSS နားလည်တဲ့သူတွေကတော့
သဘောပေါက်ကောင်းပေါက်နိုင်ပါတယ်။ ဒေါင်းပြီး ကိုယ့်စက်ထဲမှာ
စမ်းကြည့်လို့လဲရပါတယ်။ တကယ်ဖြစ်ပါတယ်။ ကျွန်တော်စမ်းပြီးသားပါ။
အဲဒီလိုဟာမျိုးတွေကိုလဲ ကြောက်ရပါတယ်။ အမှတ်(၃) အမျိုးအစားဖြစ်တဲ့ key
logger ဆိုတာကတော့ ကီးဘုတ်က ရိုက်သမျှတွေအကုန်လုံးကို စက်ထဲမှာ
ဖိုင်လေးတွေဖွင့်ပြီး သိမ်းထားတဲ့ဟာမျိုးပါပဲ။ ဒီတော့ကာ
ခင်ဗျားရိုက်သမျှကိုသိရပြီပေါ့ဗျာ။ ဒါကတော့ task manager ကနေကြည့်ရင် ဘာ
run နေလဲဆိုတာသိနိုင်ပါတယ်။ စိတ်မချရတဲ့ဆိုက်ဆိုရင် မသွားနဲ့ပေါ့။
ပြီးတော့ user name တို့ password တွေရိုက်တဲ့အခါမှာ
အမှားတွေရောပြီးရိုက်လိုက် back space နဲ့ ပြန်ဖျက်လိုက်၊ ထပ်ရိုက်လိုက်
... အဲဒါမျိုးရိုက်ထည့်ပါ။ အဲဒါဆိုရင် key logger က log file
ကိုကြည့်တဲ့အခါ တော်တော် ခေါင်းစားပြီး password အမှန်ကို သိအောင်
တော်ကြိုးစားရပါလိမ့်မယ်။ များသောအားဖြင့်ကတော့ key logger တွေကို
antivirus တွေက လက်မခံပါဘူး။ ဒီတော့ကာ အခုပြောခဲ့သမျှတွေကို
သေချာနားလည်အောင်ဖတ်ပြီး ကာကွယ်ကြပါတော့။ အကောင်းဆုံးကတော့ password ကို
မကြာမကြာပြောင်းပေးဖို့ပါပဲ။ တစ်ချို့ကလဲ password မှန်သမျှကို
တစ်မျိုးထဲ ထားတတ်ကြပါတယ်။ ဒါလဲ မလုပ်သင့်ပါဘူး။ ပြီးတော့ security
question တွေကို လေးလေးနက်နက်သဘောထားပြီး
ခန့်မှန်းလို့ခက်မဲ့အဖြေမျိုးတွေကိုပဲ ဖြေကြစေချင်ပါတယ်။ ပြီးတော့ကာ
secondary mail ကို သူများမေး(လ်) မထားကြပါနဲ့။ သူများကိုလဲ
မေး(လ်)မလုပ်ခိုင်းပါနဲ့။ ခုခေတ်မှာ ရည်းစားနဲ့ မေး(လ်)ချင်း
ဖလှယ်တာတွေကို အမြဲတွေ့နေရပါတယ်။ တကယ်တမ်းကတော့ အပြန်အလှန်
လျှို့ဝှက်ချက်မရှိကြောင်း သက်သေထူချင်တာပါပဲ။ ချစ်ဆိပ်တက်နေတုန်းမှာ
ဘာမှ မဖြစ်ပေမယ့်၊ ရန်ဖြစ်ကြပြီဆိုရင် တစ်ဖက်လူက ကိုယ့်မေး(လ်)က ဟာတွေ
အကုန်ရသွားပါလိမ့်မယ်။ ဒါမျိုးနဲ့
အရှက်တကွဲအကျိုးနည်းရတာတွေကြားဖူးပါတယ်။ hackerတွေရဲ့ skills မှာ
ပေါင်းသင်းဆက်ဆံရေး ကောင်းတာလဲတခု အပါအဝင်လို့ပြောချင်ပါတယ် ကိုယ် hack
ချင်တဲ့လူနဲ့ ခင်အောင်ပေါင်းပြီးသူ့ရဲ့ Security Question ကို Guess
လုပ်တာပါ Exp... Birthday, mother middle name ... etc.... Site, Company
တခု ကို hack တော့မယ်ဆိုရင်အဲ့ဒီ company မှာလုပ်နေတဲလူနဲ့
တည့်အောင်ပေါင်းပြီး information ကိုရအောင်ယူကြတယ်။ Exp... Hardware,
Software, network topology, server OS, etc....... That's social
engineering. ဒါကြောင့် အပျော်သုံးဖို့နဲ့ အလုပ်လုပ်ဖို့ စသဖြင့်
မေး(လ်)တွေ အမျိုးမျိုးခွဲထားပါ။ မြန်မာပြည်မှာ password
အခိုးခံရတာဆိုတာတော့ အများအားဖြင့် သုံးစွဲသူတွေရဲ့ security
အသိပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် များပါတယ်.. g-mail ကို server ထိ
လိုက် hack ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါ။ 1) g-talk, gmail သေချာ sign
out လုပ်ပါ။ login ၀င်လျှင် remember password ကို check မပေးပါနဲ့။
never for this site သာချပါ။history, cookies တို့ကို clear လုပ်ခဲ့ပါ။
2) g-lite တွေကို ဖြစ်နိုင်ရင် မ၀င်ပါနဲ့ ။ php နည်းနည်းလေးသိတာ
လောက်နဲ့တင် အလွယ်တကူ ခိုးယူလို့ရပါတယ်။ 3) g-mail, yahoo, hotmail
အစရှိသော mail တို့ရဲ့ password တောင်းရာ site တွေကို လုံးဝ password
မပေးပါနဲ့။ ဥပမာ (friendster, multiply, zorpia, hi5 etc.,)
ကိုယ့်သူငယ်ချင်းတွေဆီ spam မေးတွေရောက်သလို။ ကိုယ့် အကောင့်နဲ့
သူချယ်လှယ်ချင်တာ ချယ်လှယ်တာ ခံရပါလိမ့်မယ်။ 4) ကိုယ့်သုံးတဲ့ စက်မှာ
golden eye, key logger အစရှိသော user အား trace လိုက်ရာ program များ
run ခြင်းရှိမရှိ စစ်ကြည့်ပါ။ မသကာၤပါက end process သာ ကစ္ပစ္ပါ။ restart
မှတပါး ဘာမှ ပြဿနာ မရှိနိုင်၊ မဖြစ်နိုင်ပါ။ Cyber Café မှ သုံးသူများ
အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။ တော်တော်များများက Gmail
password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ
password ကို သိချင်ကြမှန်း မသိဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး။ တချို့
Forum တွေ Blog တွေမှာ ရေးကြတာကတော့ connection ကျအောင်အရင်လုပ် gtalk က
password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့
ကြည့်ပေါ့ဗျာ။ အင်း ... အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see password
လို့ ခေါ်တယ်။ ဒီ software လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ
မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။
အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် ..
window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ
လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ဒါကြောင့် ရှိမရိလညှ်း
မသိရတော့ဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse
နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ
ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user
name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့
နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တချို့တွေ
credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက်
ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် Cyber ကနေ သုံးရတဲ့လူတွေ
တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊
အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်..
မင်းသား/မင်းသမီးတွေလို ဖြစ်သွားမယ် ။ ) အဲဒါကို ရှိမရှိ ကြည့်ဖို့
ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျွန်တော် ပြောပြပါ့မယ်။
ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။
တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. Software
ရှာပြီး စမ်းကြည့်ပေါ့ဗျာ။ ကဲ ကြာပါတယ် .. ကိုယ်ရေးတာတွေ password တွေ
ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့
Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး
msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။ ရှိတယ်ဆို keylogger
သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။
အဲဒါဆိုရင်တော့ key logger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab
ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး
ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို
ရိုးရိုး user တွေအနေနဲ့က ဘယ်လို file က အချက်အလက်တွေကို
ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end
process လုပ်ပြီး ကိုယ်သုံးတဲ့ Application ကိုပဲ manually ခေါ်သုံးတာ
အကောင်းဆုံးပါပဲ။ အဲ့ဒီ Software က media server ဆိုတဲ့ အရေခြုံထားတာပါ။
internal name ကတော့ KeyLogger.exe ပါ။ Data Doctor Key Logger
လို့လဲခေါ်ကြပါသေးတယ်။ OS ကိုလိုက်ပြီး သိမ်းတဲ့နေရာကွဲသွားပါတယ်။
C:\Windows\System for Windows 95/98/ME C:\Winnt\System32 for Windows
NT/2000 C:\Windows\System32 for Windows XP and Vista အဲဒီနေရာတွေမှာ
ရှာကြည့်ပါ။ ပြီးရင် Registry ထဲက Run, RunOnce, RunServices ဒါမှမဟုတ်
RunServicesOnce နေရာတွေမှာရှာပြီးဖျက်ပစ်ပါ။ အောက်မှာပြထားတဲ့
နေရာတွေနဲ့ file တွေတွေ့ရင် delete လုပ်ပစ်ပါ။ safe mode နဲ့ လုပ်ပါ။
%ProgramFiles%\KeyLog\Key.exe %ProgramFiles%\KeyLog\Uninstall.exe
%ProgramFiles%\KeyLog\msdts.exe %UserProfile%\Desktop\Key.exe ဒါက DLL
file တွေကို ကစ်ဖို့ .. %ProgramFiles%\KeyLog\Registration.dll
%ProgramFiles%\KeyLog\Support.dll %System%\Urncb.dll
%System%\Urncbc.dll ဒါကတော့ registry မှာ ရှာဖို့၊ တွေ့ရင်ဖျက်...။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Uninstall\Data
Doctor KeyLogger (Trial) 2.0.1.5 အဲ့ဒီ Software ဟာ default home page
ကိုလဲ change သွားတတ်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီနည်းနဲ့ Hack
ခံခဲ့ရဖူးပါတယ်။

ဖိနပ်ကြိုး ချည်နည်းများ