WELCOME

Showing posts with label Software Engineering. Show all posts
Showing posts with label Software Engineering. Show all posts

Saturday, March 17, 2012

Software Engineering အကြောင်း

Thank You Visited My Blog.

ယနေ့ ခေတ်မှာ အိုင်တီ နည်းပညာဟာ နယ်ပယ်ရပ်အသီးသီးကို မရှိမဖြစ်ပံ့ပိုး ကူညီပေးနေ တဲ့ နည်းပညာရပ် တခုဆိုတာ မည်သူမှ မငြင်းနိုင်တော့ ပါဘူး။ ဒါကိုလည်းလက်ခံယုံကြည်လာကျပြီဖြစ်ပါတယ်။ အိုင်တီနည်းပညာ ရဲ့ ဖွံဖြိုးတိုတက်မှု အရှိန်ဟာ အရမ်းကိုမြန်ဆန် လွန်းပြီ လူသားတွေ ကိုလည်း အစစအရာရာကို လွယ်ကူ သက်သာ စေဖို့ အတွက် ကူညီ လာနေပါပြီ။ လူငယ်အတော် များများဟာ လည်းအိုင်တီ ကို စိတ်ဝင်စား မှုများလာ သလို လေ့လာ မှုများလာကျပါတယ်။

Software Engineering ဆိုတာ ဘာလဲ ? ပြီးတော့ Software Engineering နဲ့  ကွန်ပျုတာ Science နဲ့ ဘာကွာလဲ။။
 Computer သိပ္ပံဆိုတဲ့ ဘာသာရပ် ကြီးရဲ့ အောက်မှာ Network Engineering, Software Engineering , Database Management System Administration စတဲ့ဘာသာရပ်တွေ ရှိပါတယ်.ကွန်ပျုတာ သိပ္ပံကိုလေ့လာမယ် ဆိုရင် တော့ အဆိုပါဘာသာရပ် များ အားလုံးကိုအခြေပြု theory and fundamentals ကိုလေ့လာရမှာဖြစ်ပြီး academic education ဆန်ပါတယ်။ Software Engineering ဟာ Computer Science အောက်က ဘာသာရပ် တခုဖြစ်ပြီး Developing လုပ်ငန်းတွေကို လက်တွေ့ ပိုင်းအားဖြင့်အများစုလေ့လာ ကျရပါတယ်။


ဒီလို လက်တွေ့ လုပ်ရာမှာ delivering useful software များကို အသုံးပြုပြီးတော့ လက်တွေ့ ပိုင်းပိုဆန် ပါတယ်။ Delivering useful software ဆိုတာ ကတော့ application တခုရဖို့ အသုံးပြုရတဲ့ OS ဒါမှ မဟုတ် အဲ application တခုရဖို့ အသုံးပြုရတဲ့ ဆော့ဝဲလ်ပါ။။ ဥပမာအားဖြင့် Java language software နဲ့ application တခုရေး သလိုပေါ့ အဲလိုမျိုးပါပဲ Java ဟာ Delivering useful software ပဲပေါ့.။ SE တရောက်ဟာ Computer Science ရဲ့  theory ပိုင်းဆိုင်ရာ ဗဟုသုတများလည်းရှိထားရမှာပါ။ Electrical Engineer တယောက် ဟာ Physics ဘာသာရပ်ရဲ့ concept ကိုသိရမှာဖြစ်သလိုပေါ့။။ SE ဟာ Computer Science ရဲ့ အောက်က ဘာသာရပ်တခုဖြစ်တယ်လို့ နားလည်ထားလို့ ရပါတယ်။





Software Engineering ဆိုတာ ကကော ဘာတွေလုပ်တာလဲ ။။

Engineering ဆိုတဲ့လုပ်ငန်းရဲ့  အဓိကရည်ရွယ်ချက်က တခုခု ကို တည်ဆောက်ဖို့ ပဲ ဖြစ်ပါ တယ်။ မြို့ ပြအင်ဂျင်နီယာက တံတားတွေ စတာတွေဆောက်တည်ဆောက်တယ်၊ လေကြောင်းနှင့် အာကာသ Engineer က လေယဉ်ပျံတွေတည်ဆောက်တယ်၊ လျှပ်စစ် အင်ဂျင်နီယာက circuit တည်ဆောက်ပါတယ် ။ Software Engineering တွေကတော့ Software application သို့ မဟုတ် Software system တွေကိုတည်ဆောက် ထုတ်လုပ်ကျပါတယ်။ ခု ကျနော်တို့ လေ့လာမယ့် Software Engineering ဆိုတဲ့ဘာသာရပ်ဟာ ကျနော်တို့ လိုချင်တဲ့ Product ရဖို့ လာဖို့ အတွက် ဘယ်လို လုပ်ငန်းစဉ်တွေ ဘာနည်း ဥပဒေတွေကိုလိုက်နာ ရမယ် ဆိုတာတွေကိုလေ့လာမှာဖြစ်ပါတယ်။ Product ကောင်းတခုထွက်ဖို့ အတွက် Process ကောင်း တခုရွေးချယ် တက်ဖို့ ကအရေးကြီးတာကိုး ..။ ဒီနည်း ဥပဒေတွေဟာ အများအားဖြင့် logical thinking ကနေ ထွက်ပေါ်လာ တဲ့ abstract statements ဖော်ပြချက် တွေပါပဲ။ ဒါဟာ methodology တခုကိုလေ့လာ တာပါပဲ။ Methodology ဆိုတာ နည်းစနစ် (method) နှင့် နည်းပညာ (technique) ကို အတူတကွပေါင်းစပ်ထား တာပဲဖြစ် ပါတယ်။ Methodology ဟာ ပျက်သနာတရပ်ကို ဖြေရှင်းဖို့ ရာ နည်းလမ်း( to solving a problem) ပဲဖြစ်ပါတယ်------