WELCOME

Showing posts with label Ubuntu. Show all posts
Showing posts with label Ubuntu. Show all posts

Monday, November 7, 2011

Ubuntu 11.10 အသစ်မှာ လိုအပ်တဲ့ ဆော့ဝဲလ် တွေ တင်မယ်


Ubutnu 11.10 မှာ လိုအပ်မယ် ဆော့ဝဲလ်တွေ အသုံးတဲ့မယ် ဆော့ဝဲလ်တွေ တစ်ခါတည်း တင်ပြီးသားပါပါတယ်။ သီချင်းနားထောင်မလား၊ ရုပ်ရှင်ကြည့်မလား၊ အင်တာနက်သုံးမလား အိုကေပါတယ်။ Developer အနေနဲ့အသုံးပြုမယ်ဆိုရင်တော့ Image Editors တို့ Design fonts တို့ စသည်ဖြင့် နည်းနည်းပါးပါး ထပ်ပြီး install လုပ်ရအုံးမှာပါ။
default ပါပြီးသား application တွေကို မကြိုက်လို့ပဲ ဖြစ်ဖြစ်၊ အသုံးပြုရတာ ကိုယ်နဲ့ လိုက်လျှောညီထွေမှု မရှိလို့ပဲ ဖြစ်ဖြစ် အသစ် အသစ် တွေကို ကိုယ့်စိတ်ကြိုက်ပြန်တင်ခွင့်လည်း Ubuntu 11.10 မှာ ရှိနေပြီးသားပါ။
ubutnu 11.10 ကို ထပ်ပြီး တင်သင့်တဲ့ ဆော့ဝဲလ် ၁၀ ခုလောက် ကြည့်ကြည့်ရအောင်။
၁၊ Update Ubutnu (Repository cache)
ပထမဆုံးလုပ်သင့်တာကတော့ Update ပါပဲ။ ဘယ် Libiary တွေ အသစ်ထွက်လည်း၊ နောက်ဆုံး ထွက်တဲ့ ဆော့ဝဲလ် တွေ သူဟာသူ Update လုပ်သွားပါလိမ့်မယ်။
update လုပ်နည်း နှစ်မျိုးရှိပါတယ်။
command ကနေလုပ်ချင်ရင်တော့၊ (Ctrl + Alt + t) command line terminal ဖွင့်လိုက်ပါ။ ပြီးတော့ အောက်ပါ Command နှစ်ခုကို ရိုက်လိုက်ပါ။
sudo apt-get update
sudo apt-get upgrade
နောက်တစ်နည်းကတော့ update manager ကနေလုပ်တာပါ။

၂၊ "Ubuntu Restricted Extras" codecs/plugins
mp3 ဖိုင်တွေ ဖွင့်နားထောင်ဖို့အတွက် mp3(MPED Layer3) decoders တင်ဖို့လိုပါတယ်။ youtube(HTML 5 နဲ့ ကြည့်လို့ ရအောင် လုပ်ထားပေမယ့်လည်း) နဲ့ တစ်ခြား video တွေ အင်တာနက်မှာ ကြည့်လို့ရဖို့အတွက် Adobe Flash Player လည်း တင်ဖို့လိုပါတယ်။ အဲဒီလိုအပ်တဲ့ဟာတွေ သင့်တင့်လျှောက်ပတ် သလို တင်သွားစေချင်တယ် ဆိုရင်တော့ "ubuntu restricted extras" ကို တင်လိုက်ပါ။
Ubuntu software center ကနေ တင်လို့ ရသလို Command Teminal( ဖွင့်ရန် Ctrl + Alt + t) ကနေလည်း တင်လို့ရပါတယ်။
sudo apt-get install ubuntu-restricted-extras
Restricted library/packages for playing encrypted DVD's
ubutnu-restricted-extras တင်လိုက်ရင် (mp3,avi,flv ..) စသည့်ဖိုင်များ ဖွင့်လို့ရပြီ ဖြစ်ပေမယ့် တစ်ချို DVD ဖိုင်တွေက CSS(Content Scramble System) နဲ့ encrypted လုပ်ထားတာတွေ ရှိနေပါသေးတယ်။ အဲဒီဖိုင်တွေကို ဖွင့်နိုင်ဖို့အတွက်တော့ libdevcss2 ကို တင်ပေးဖို့လိုပါတယ်။ Command Teminal( ဖွင့်ရန် Ctrl + Alt + t) ဖွင့်ပါ။ အောက်ပါ command ရိုက်ပါ။
sudo apt-get install libdvdread4
sudo /usr/share/doc/libdvdread4/install-css.sh
၃၊ Install Additional (graphics card and webcam) drivers
သင့်စက်က 3D Graphics/vidoe card ပါတယ် ဆိုရင်တော့ (အထူးသဖြင့် laptop တွေမှာပါတတ်ပါတယ်. Nvidia, ATI စသည်ဖြင့်) Ubuntu unity ဒါမှမဟုတ် Gnome-shell ကို 3D effects တွေနဲ့ အသုံးပြုလို့ရပါလိမ့်မယ်။ များသောအားဖြင့် Ubuntu က အဲဒီ Driver တွေကို Auto Detect လုပ်ပြီး Install လုပ်ဖို့ လာမေးတတ်ပါတယ်။ အဲဒါဆိုရင် သင့်တော့ရာ တစ်ခုခုကို ရွေးပြီး Activate လုပ်ပေးလိုက်ရုံပါပဲ။

Auto detect မလုပ်ဘူးဆိုရင်လည်း စိတ်မပူပါနဲ့အုံး။ System Settings -> Additional Drivers ကို ဖွင့်ပါ။ ခန စောင့်နေလိုက်ပါ။ ကိုယ့်စက်မှာ ရှိတဲ့ Driver ကို ရှာပြီး လာပြပါလိမ့်မယ်။ Activate လုပ်ပေးလိုက်ပါ။
cheese – webcam software/driver for your webcam
သင့်ရဲ့ webcam နဲ့ ဓါတ်ပုံရိုက်ချင်တယ်၊ video ရိုက်ချင်တယ်ဆိုရင်တော့ webcam ဆော့ဝဲလ် တစ်ခုတင်ဖို့လိုပါလိမ့်မယ်။ လူသုံးအများဆုံးဖြစ်တာကတော့ cheese ပါ။ Ubuntu software center ကနေ တင်လို့ ရသလို Terminal ကနေလည်း တင်လို့ရပါတယ်။
sudo apt-get install cheese
၎၊ Chromium Web browser for faster browsing
Ubuntu 11.10 မှာ Default web brower Firefox ပါ။ Firefox က တစ်ခါတစ်လေကျရင် အရမ်းလေးလေးနေတတ်ပါတယ်။ RAM ကိုလည်း အများကြီး ပေးထားတတ်ရပါတယ်။ (tabs တွေအများကြီးဖွင့်ထားတာမျိုး၊ Add-on တွေ အများကြီးထည့်ထားတာမျိုးဆိုရင်) အဲဒါဆိုရင် မြန်လည်း မြန်တဲ့၊ ပေါ့ပေါ့ပါးပါးလည်း ရှိ၊ လူသုံးလည်း အရမ်းများလာတဲ့၊ Google က ထုတ်ထားတဲ့ Chromium browser ကို အသုံးပြုနိုင်ပါတယ်။ Ubuntu software center ကနေပြီး တင်လို့ရပြီး အရမ်း ပေါ်ပြူလာဖြစ်နေပါတယ်။ terminal (Ctrl+Alt+T ) ကနေ တင်ချင်တယ် ဆိုရင်တော့
sudo apt-get install chromium-codecs-ffmpeg-extra
၅၊ VLC Player
VLC player ကတော့ Open source မှာ ပေါ်ပြူလာ အဖြစ်ဆုံးပါ။ all in one media player လို့တောင် ခေါ်ကြပါတယ်။ အခု ခေတ်ပေါ် မီဒီယာ(mp3,mp4,avi,fly etc) တွေ အကုန်လုံးဖွင့်လိုရမယ့် Feature တွေပါပါတယ်။ ubuntu 11.10 မှာ ရှိသင့်တဲ့ ဆော့ဝဲ တစ်ခုပါ။ Ubuntu Software Center ကနေလည်း တင်လို့ရပါတယ်။ terminal (Ctrl+Alt+T ) နေတင်ချင်တယ်ဆိုရင်တော့
sudo apt-get install vlc

၆၊ Image editing program
ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ ပြင်ချင်တယ်။ Design တွေဘာတွေလည်း နည်းနည်းပါးပါး လုပ်ချင်တယ်ဆိုရင်တော့ အောက်ပါ image editor လေးတွေ တင်ထားသင့်ပါတယ်။
GIMP

ပေါ်ပြုလာအဖြစ်ဆုံး Open source image editor ပါ။ အခမဲ့ရပါတယ်။ Adobe Photoshop လောက်နီးပါး အသုံးပြုနိုင်ပါတယ်။ အလယ်အလတ်တန်းစား Graphits designs/images လုပ်ဖူးတဲ့သူတွေ အသုံးပြုဖို့ အတွက်သင့်တော်ပါတယ်။ Ubuntu Software Center ကနေလည်း တင်လို့ ရပါတယ်။ terminal (Ctrl+Alt+T ) ကနေတင်ချင်တယ်ဆိုရင်တော့
sudo apt-get install gimp
extra plugin (brushed, web 2.0 gradients, etc...) တွေလည်း တင်လို့ရပါသေးတယ်။
sudo apt-get install gimp-data-extras
sudo apt-get install gimp-plugin-registry
Pinta

image editor အခုမှ စသုံးမယ့်သူတွေ အတွက် သင့်တော်ပါတယ်။ အသုံးပြုရလွယ်ကူပြီး MS Paint program နဲ့ တူပါတယ်။ Ubuntu Software Center ကနေလည်း တင်လို့ ရသလို terminal (Ctrl+Alt+T ) ကနေတင်ချင်တယ်ဆိုရင်တော့
sudo apt-get install pinta
၇၊ Gnome shell ကို ကြိုးစားသုံးကြည့်ပါအုံး။
Ubutnu 11.10 မှာ Unity က Default UI/window manger ပါ။ ဒါပေမယ့် ubuntu 11.10 က Gnome 3 ကို အခြေခံထားပါတယ်။ ဒါကြောင့် Unity ကော Gnome shell နှစ်ခုလုံး တင်သုံးလို့ပါတယ်။ gnome-shell အသုံးပြုရတာကတော့ အမြင်တစ်မျိုးဆန်းစေပြီး၊ Desktop user တွေ အတွေ့အကြုံအသစ်တွေ အပြောင်းအလဲ အများကြီး ဖြစ်ပေါ်အောင် စွမ်းဆောင်ထားတာတွေ ပါပါတယ်။ Next generation Desktop လို့တောင် ညွှန်းဆိုထားပါသေးတယ်။ Ubuntu 11.10 မှာ official repository ပါလာပါပြီ။ တင်ချင်တယ် ဆိုရင်တော့ terminal (Ctrl+Alt+T )
sudo apt-get install gnome-shell

၈၊ setup an online file backup program
အရေးကြီးတဲ့ ကိုယ့် ဖိုင်တွေကို အွန်လိုင်းမှာ သိမ်းထားချင်တယ် ဆိုရင်တော့ အခုခေတ်မှာ cloud backup လုပ်လို့ရတာတွေ အများကြီး ရှိနေပါပြီ။ Ubuntu 11.10 မှာဆိုရင်တော့ "Ubuntu One" 2GB လောက် အခမဲ့ပေးထားပါတယ်။ (သီချင်းဖိုင်တွေကိုလည်း ဆာဗာပေါ်ကနေတိုက်ရိုက် နားထောင်လို့ရပါသေးတယ်။) "Dropbox" ကတော့ sync features ပါပါလို့ အသုံးတည့်ပါတယ်။

Ubuntu One
သူကတော့ Ubuntu 11.10 တင်ကတည်းက တစ်ခါတည်း ပါလာပြီးသားပါ။ Ubuntu One launcher ကနေ၀င်ပြီးတော့ အဆင့်အဆင့် ပြုလုပ်သွားယုံပါပဲ။ ကိုယ်တင်ထားတဲ့ ဖိုင်တွေကို တစ်ခြား device (Android, iPhone) တစ်ခုခုကနေလည်း လှမ်းဖွင့်လို့ရပါတယ်။ အဲဒီ device ကနေတစ်ဆင့် သီချင်းတွေပါ တစ်ခါတည်း ဖွင့်နားထောင်လို့ ရပါတယ်။
Dropbox

သူကတော့ File share and backup အတွက် ပေါ်ပြူလာ အဖြစ်ဆုံး ဆော့ဝဲလ် ပါ။ အကောင့်စစဖွင့်ချင်း 2GB အခမဲ့ သိမ်းလို့ရပါတယ်။ အလုပ်တူတူတွဲလုပ်တဲ့ သူတွေ နဲ့ File တွေ အလွယ်တကူ ဝေမျှ နိုင်ပါတယ်။ ဖျက်လိုက်တဲ့ ဖိုင်တွေကိုတောင် မှ ရက် ၃၀ အတွင်း ပြန်ယူလို့ ရပါသေးတယ်။ Ubuntu 11.10 မှာ တော့ Dropbox က File explorer ဖြစ်တဲ့ Nautilus နဲ့ တွဲထားပါတယ်။ Ubuntu Software Center ကနေလည်း တင်လို့ ရသလို terminal (Ctrl+Alt+T ) ကနေတင်ချင်တယ်ဆိုရင်တော့
sudo apt-get install nautilus-dropbox
၉၊ gnome tweak tool
Gnome3 UI ကို ဟိုဟာ ဒီဟာ နည်းနည်းပါးပါး ပြောင်းသုံးကြည့်ချင်တယ်ဆိုရင်တော့ Gnome-tweak-tool ကို တင်သင့်ပါတယ်။ windows look/behavior, theme, fonts စတာတွေ ပြောင်းလို့ရပါတယ်။ default ပါတဲ့ appearance settings က သိပ်များများစားစား လုပ်လို့မရတဲ့အတွက် ထပ်တင်သင့်တာပါ။

sudo apt-get install gnome-tweak-tool
၁၀၊ themes / icons
Default ကိုမကြိုက်ရင်လည်း တစ်ခြား themes တွေတင်လို့ရပါသေးတယ်။ လူတစ်ကိုယ် စိတ်တစ်မျိုးပေါ့ဗျာ။ Ubuntu 11.10 မှာ တစ်ခြား Themes တွေ တော်တော်များများ ပါပါတယ်။ ဒါမှ မကျေနပ်သေးပဲ ဒေါင်းလုပ်လုပ်ပြီး တင်ချင်တယ်ဆိုရင်တော့ ဒီမှာပါ။
ဘယ်လို တင်မလည်းဆိုရင်တော့ ဒေါင်းလုပ်လုပ် ထားတာကို ဖြည့်လိုက်ပါ။ ပြီးတော့ /usr/share/themes မှာသွားထားပါ။ gnome-tweak-tool ကို ဖွင့်ပါ။ ပြီးတော့ စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ (GTK, Icon, window etc...) ဒါလေးပါပဲ။
ဒါတွေမှ မကျေနပ်သေးဘူးဆိုရင်တော့ Ubuntu software center မှာ ရှာပြီး စိတ်ကြိုက် ကိုယ်လိုချင်တာတွေ အလွယ်တကူ တင်လို့ရပါတယ်။
Additional
မြန်မာစာ (zawgyi) တင်ချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းလုပ်လုပ်ပါ။
ဒေါင်းလုပ်လုပ်ထားတာကို ဖြေပါ။ zawgyi folder ထဲကို သွားပါ။
sudo sh install.sh
မေးခွန်းလေး အနည်းငယ် ဖြေလိုက်ပါ။ တင်ပြီးသားဖြစ်သွားပါလိမ့်မယ်။ Keyboard ပေါ်အောင် ဆိုရင်တော့ System Settings > Keyboard Layout > Layouts က ဘယ်ဘက်အောက် ဒေါင့်နားက + လေးကို နိပ်လိုက်ပါ။ Burmese ကို မှတ်ပြီး Add button ကို နိပ်လိုက်ပါ။ Options button ကို ထပ်နိပ်ပါ။ Keys(s) to change layout က တော့ English နဲ့ မြန်မာစာ ပြောင်းချင်တဲ့ Key ပါ။ ကြိုက်တာ ရွေးပေးလို့ရပါတယ်။ laptop ဆိုရင်တော့ Left Win က အဆင်ပြေပါတယ်။ ပါတ်ဆင့်တွေရိုက်ဖို့အတွက်တော့ Key(s) to change 3rd level မှာ ရွေးပေးရပါမယ်။ laptop ဆိုရင်တော့ Right Alt က အဆင်ပြေပါတယ်။ အဆင်မပြေတာ ရှိရင်လည်း comment မှာ ရေးထားခဲ့နိုင်ပါတယ်။
Games
Counter-Strike လိုပစ်ခတ်ချင်တယ်ဆိုရင်တော့ OpenArena ရှိပါတယ်။ Dota ခုတ်သလိုမျိုးဆိုရင်တော့ battle-for-wesnoth ရှိပါတယ်။ ကားမောင်းချင်တယ်ဆိုရင်တော့ TORCS ရှိပါတယ်။ ၃ ခုလုံး အခမဲ့ပါ။ 3D Graphic လိုပါတယ်။ Ubuntu Software Center ကနေ တင်လို့ရပါတယ်။
Source: sudobits

နောက်ဆုံး အသစ်ထွက်လာသော Ubuntu 11.10 အကြောင်း တစေ့တစောင်း




တစ်ကမ္ဘာလုံးစောင့်မျှော်နေကြတဲ့ ubuntu 11.10 Oneiric Ocelot ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေက ထွက်လာပါပြီ။
11.10 ကတော့ အရင်ရှိပြီးသား အဟောင်းများနဲ့ အသစ်အသစ် ထပ်ထုတ်ထားတဲ့ Open-source နည်းပညာတွေ ပေါင်းစပ်ပြီး အရည်အသွေးမြင့်မြင့် နဲ့ အသုံးပြုရ အလွန်လွယ်ကူအောင် လုပ်ဆောင်ထားပါတယ်လို့လည်း အဲဒီထုတ်ကုန် အဖွဲ့က သူတို့ website ရဲ့ Unbutu 11.10 ကြော်ငြာမှာ ထည့်သွင်းရေးသားထားပါတယ်။
Unbutu 11.10 က ဘာသာစကား ၃၈ မျိုးနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပြီး Canonical က ထုတ်လုပ်တဲ့ အခမဲ့ Llinux Operation System ဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ website မှာ Download လုပ်နိုင်ပါတယ်။ သူ့ အရင် version ဖြစ်တဲ့ Ubuntu 11.04 အသုံးပြုသူတွေကတော့ Ubuntu ထဲမှာပါရှိတဲ့ Update Manager ကနေတစ်ဆင့် Upgrade လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို Upgrade လုပ်ဆောင်ရမလည်း ဆိုတာကိုလည်း website မှာ အဆင့်အဆင့် အလုပ်လုပ်ပုံတွေကို ရှင်းပြထားပါတယ်။
Ubuntu 11.10 က ဘယ်လိုတွေ အလုပ်လုပ်လည်းဆိုတာ ကနဦးအနေနဲ့ လေ့လာချင်သေးတယ်ဆိုရင်တော့ Online tour မှာ စမ်းသပ်အသုံးပြုကြည့်နိုင်မှာဖြစ်ပြီး slide-show အနေနဲ့လည်း အွန်လိုင်းမှ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Ubuntu 11.10 အတွက် ပုံမှန် update ကိုတော့ ဧပရယ် ၂၀၁၃ အထိ နောက် ၁၈ လ အထိပေးထားမှာဖြစ်ပြီး Long Term Support(LTS) ကာလရှည် အတွက်ကတော့ နောက်နှစ် ဧပရယ်လမှာ အသစ်ထွက်မယ့် Ubuntu 12.04 Precise Pangolin မှာ ရမှာဖြစ်ပါတယ်။
A Smoother Unity
အရင် version 11.04 မှာပါတဲ့ မိုဘိုင်းစတိုင် Unity Interface ကို ပဲ အနည်းအကျဉ်းပြုပြင်ပြီး ပုံသေအနေနဲ့ ထားပေးထားပါတယ်။ ဒါပေမယ့်လည်း Gnome က အသစ်ထုတ်ထားတဲ့ Gnome3 (Gnome-shell) ကိုလည်း သွင်းပြီး အသုံးပြုနိင်မှာ ဖြစ်ပါတယ်။
အသုံးပြုသူများရဲ့ စမ်းသပ်လေ့လာချက်များအရတော့ Ubuntu 11.10 မှာ Unity Interface ကိုပဲ ပိုမိုကောင်းမွန်နဲ့ အသုံးပြုရလွယ်ကူအောင် လုပ်ထားတာပဲ ဦးတည်နေပါတယ်လို့ဆိုကြပါတယ်။
Open for Business
ကိုယ်အသုံးပြုချင်တဲ့ အသုံးတည့်မယ့် ဆော့ဝဲလ် တွေကို ရှာဖွေ တင်သွင်းဖို့ကတော့ Ubuntu Software Center က အခုဆိုရင် ပိုမိုလွယ်ကူအောင် ရှာဖွေရ မြန်ဆန်အောင် လုပ်ပေးထားပါတယ်။ အုပ်စုအလိုက် ရှာဖွေ၍ ရသလို ဆော့ဝဲလ် နာမည်နဲ့လည်း ရှာဖွေရတာ လွယ်ကူစေပါတယ်။ ဆော့ဝဲ တော်တော်များများကိုလည်း မျက်စိပဌာသ ဖြစ်အောင် အသုံးပြုချင်စိတ်ပေါက်အောင် အလှဆင်ပေးထားပါသေးတယ် လို့ Project team က ညွှန်းထားပါသေးတယ် ခင်ဗျ။
ကျွန်တော်ကတော့ Thunderbird နဲ့ အသစ်တစ်ခုဖြစ်တဲ့ Deja Dup Backup tool ပါလာတာကို အကြိုက်ဆုံးပါပဲ။ Thunderbird က Evolution ထက် လူကြိုက်ပိုများပြီး သုံးလို့ပိုကောင်းတယ်ထင်လို့ပါ။ Deja Dup Backup ကတော့ ကလိရင်း ခနခန Data တွေ ပျက်ပျက်ကုန်တာကို ကောင်းကောင်း အကူအညီပေးမယ့်ဆော့ဝဲလ် ပဲလေ။
Ubuntu 11.10 က Open for business အတွက်အသေအချာပါပဲ။ Desktops, Servers and Clouds အတွက် ရွေးချယ်စရာ အခမဲ့ ဆော့ဝဲလ် အများအပြားနဲ့ တစ်ခြား လိုချင်သေးတယ်ဆိုရင် full-service support and consulting တွေကိုပါရနိုင်ပါသေးတယ်လို့လည်း Canonical က ပြောပါတယ်။
20 Million Strong
ငွေကုန်ကြေးကျ သက်သာစွာနဲ့ အခမဲ့ ဆော့ဝဲများကို Micorsoft WIndows မဟုတ်ပဲ တစ်ခြား Operation system တစ်ခုခု ကို Windows လိုပဲ End user အနေနဲ့ အသုံးပြုချင်တယ်ဆိုရင်ဖြင့် သင်တို့ဘေးနားလေးမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် 20 millon လောက်အသုံးပြုနေကြတဲ့ Ubuntu ကရှိနေမှာပါလို့လည်း Canonical ကထပ်ပြောပါသေးတယ်ခင်ဗျ။
ကျွန်တော်လည်း Ubuntu fan ပါခင်ဗျာ။ အခုလက်ရှိလည်း Ubuntu 11.10 အသုံးပြုနေပါတယ်။ စာဖတ်သူတို့လည်း Windows ကလွဲပြီး တစ်ခြားတစ်ခုခုကို ပြောင်းသုံးချင်တဲ့ ဆိုရင်တော့ အခုအချိန်က အသင့်တော်ဆုံးအချိန်ပဲလို့ အကြံပြုပါရစေ။
မြန်မာနဲ့ အသုံးပြုချင်တယ်ဆိုရင်တော သာလွန် ကို အသုံးပြုနိုင်ပါတယ်။
Source:computerWorld