WELCOME
Showing posts with label News. Show all posts
Showing posts with label News. Show all posts
Friday, April 6, 2012
တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား နာရီသန်းပေါင်း ၁၉ဝ ထုတ်လုပ်နိုင်မည့် ကွန်း ရေအားလျှပ်စစ်စီမံကိန်း မေလတွင်ဖွင့်မည်
Thank You Visited My Blog.
တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား နာရီသန်းပေါင်း ၁၉ဝ ထုတ်လုပ် နိုင်မည့် ကွန်းရေအားလျှပ် စစ်စီမံကိန်းကို မေလအတွင်း ဖွင့်လှစ်နိုင် မည်ဟု သတင်း ရရှိသည်။ အဆိုပါ စီမံကိန်းသည် ဖြူးမြို့နယ်အတွင်း တည်ရှိပြီး မြန်မာနိုင်ငံ တွင် အရှည်ဆုံးရေသွယ်ဥမင်လိုဏ်၊ အမြင့်ဆုံး ရေထိန်းမျှော်စင်ဖြစ်ကြောင်း ၊ ရေသွယ်ဥမင်လိုဏ်အရှည်မှာ ၅၇၅၇ ပေဖြစ်ကြောင်း၊ မဂ္ဂါဝပ် ၂ဝ စီထုတ် လုပ်နိုင်သော စက်သုံး လုံးဖြင့် ပုံမှန်လည်ပတ်ပါက မဂ္ဂါဝပ် ၆ဝ ထုတ် လုပ်နိုင် မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို ၂ဝဝဝ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ အမှတ် (၃) တည်ဆောက်ရေးမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းပြီး စီးခဲ့ပြီဖြစ်၍ လျှပ်စစ်ဓာတ်အားပြည့်ပြည့် ဝဝရရှိတော့မည် ဟု ဒေသခံပြည်သူ များ မျှော်လင့်နေကြကြောင်း သတင်းရရှိသည်။
 Popular Myanmar News Journal
Saturday, March 17, 2012
လူပွဲစားလက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ အလုပ်သမား ၅၄ ဦး ထိုင်းရဲ လွှတ်ပေး
Thank You Visited My Blog.
ထိုင်းနိုင်ငံ ဆဖန်ဘူရီခရိုင်က အိမ် ၃ လုံးမှာ ပြန်ပေးငွေနဲ့ ရွေးယူဖို့ လူမှောင်ခိုပွဲစားတွေက ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းအာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က မနေ့က ပြောပါတယ်။
(Photo: AFP)
ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP)
တချိန်ထဲမှာလည်း မြန်မာ ၂ ဦးအပါဝင် ထိုင်း ၄ ဦးပါတဲ့ အဲဒီလူမှောင်ခိုအဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားမ၀င် ဖမ်းဆီးချုပ်နှောင်မှု၊ အတင်းအကြပ် ငွေကြေးတောင်းခံမှုတွေနဲ့ ဖမ်းဆီး အရေးယူလိုက်ပါတယ်။ လူပွဲစားတွေဟာ မြန်မာ အလုပ်သမားတွေကို ဒီ အိမ် ၃ လုံးမှာ ရက်အနည်းငယ် ချုပ်နှောင်ထားခဲ့တယ်လို့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ဒေသဆိုင်ရာ ရဲမင်းကြီး ဗိုရာပေါင်းက ပြောပါတယ်။ ဒါပေမယ့် အခု မြန်မာ အလုပ်သမား ၅၄ ဦးကိုလည်း ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ တရား စီရင်ပြီး ပြည်နှင်ဒဏ်ပေးမယ်လို့လည်း သူက ပြောပါတယ်။ ဒီလူမှောင်ခိုဂိုဏ်းကို ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေထဲက တဦးရဲ့ ဆွေမျိုး နီးစပ်သူ တဦးက သတင်းပေးချက် အရ ထိုင်းရဲက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ တချိန်ထဲမှာလည်း ထိုင်းနိုင်ငံ တပ်ခရိုင် အနောက်ဖက်မှာ ထရပ်ကားငယ်တွေမှာ တင်ခေါ်လာတဲ့ တရားမ၀င် မြန်မာ အလုပ်သမား ၇၆ ဦးကို ဖမ်းဆီးခဲ့ သလို နောက်ထပ် မြန်မာ အလုပ်သမား ၁၀၀ ခန့်လည်း မြို့တော် ဘန်ကောက် အနီးမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမား ၂ သန်းခန့်ရှိပြီး အများစုဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကဖြစ်ပါတယ်။
ရောင်းစားခံရတဲ့ မြန်မာကလေး (၇) ဦး တရုတ် ရဲတပ်ဖွဲ့က ကယ်တင်
Thank You Visited My Blog.
2011-11-11
တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယူယောင်းမြို့က အထည်အလိပ် စက်ရုံတစ်ခုမှာ ကျွန်လို ခိုင်းစေခံနေရတဲ့ မြန်မာကလေး ၇ ဦးကို တရုတ် ရဲတပ်ဖွဲ့က မနေ့က ကယ်တင် လိုက်နိုင်တယ်လို့ သိရပါတယ်။
Photo: AFP)
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ အရွယ်နှင့်မမျှ အလုပ်လုပ်နေကြသော ကလေးသူငယ်များ ဖြစ်ပါသည်။ (Photo: AFP)
စက်ရုံက ထွက်ပြေးပြီးနောက် အဝေးပြေး လမ်းမကြီးပေါ်မှာ ၃ ရက်လောက် အစာရေစာ ပြတ်လပ်ပြီး ပင်ပန်းကြီးစွာ လမ်းလျှောက်နေတဲ့ မြန်မာ ကလေးငယ် ၂ ဦးကို ရဲက တွေ့ရှိခဲ့တာကြောင့် ကယ်တင်နိုင်ခဲ့တာလို့ အဲဒီဒေသထုတ် သတင်းစာ တစ်စောင်က ဖော်ပြပါတယ်။ အဲဒီ ဆယ်ကျော်သက်ရွယ် မြန်မာကလေး ၂ ဦးဟာ တရုတ် မြန်မာ နယ်စပ်မှာ ကျင်းပတဲ့ အလုပ်သမား ရှာဖွေရေးပွဲ တစ်ခုမှာ စုဆောင်းခံခဲ့ရတာလို့ ဆိုပါတယ်။ စက်ရုံကို စရောက်တာနဲ့ သူတို့ နိုင်ငံကူး လက်မှတ်တွေနဲ့ လက်ကိုင်ဖုန်းတွေကို အလုပ်ရှင်က သိမ်းယူလိုက်ပြီး ထွက်မပြေးအောင် အစောင့်တွေ ချထားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်ရုံကို တံခါးပိတ်ထားပြီး လုပ်ခလည်း လုံးဝ မပေးဘူးလို့ ဆိုပါတယ်။ အလုပ်ရှင်ဆီမှာ လုပ်အားခ တောင်းဆိုတိုင်း အရိုက်ခံကြရတယ်လို့ မြန်မာကလေးတွေက ပြောပါတယ်။ အဲဒီ မြန်မာ ကလေး နှစ်ယောက်ရဲ့ ဖွင့်ဟ ပြောဆိုချက်တွေအရ တရုတ်ရဲတွေက စက်ရုံကို ၀င်ရောက် စီးနင်း ရှာဖွေရာမှာ နောက်ထပ် မြန်မာ ကလေး ၅ ယောက် တွေ့ရှိခဲ့ပါတယ်။ ဒီမြန်မာကလေးတွေ အလုပ်လုပ်ရတဲ့ နေရာဟာ ရွှံ့တွေဗွက်တွေနဲ့ ၀က်ခြံတစ်ခုလို ညစ်ပတ် ပေရေနေတယ်လို့ တရုတ်ရဲတွေက ပြောပါတယ်။ စက်ရုံ ပိုင်ရှင်ကတော့ ရဲတွေ ရောက်မလာခင် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း၊ ဒီအမှုကို ရဲက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီး ၇၀ နီးပါး ထိုင်းရဲက ကယ်တင်
Thank You Visited My Blog.
2011-11-14
ထိုင်းနိုင်ငံ Chanthaburi ခရိုင်မှာ ဖွင့်ထားတဲ့ အနှိပ်ခန်း တစ်ခုက မြန်မာ အမျိုးသမီး ၇၀ နီးပါးကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ကယ်တင်လိုက်ကြောင်း သိရပါတယ်။
RFA
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စိုက်ထူထားသော လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ပိုစတာ ဆိုင်းဘုတ်တခု ဖြစ်ပါသည်။ (Photo: RFA)
ကယ်တင်လိုက်တဲ့သူတွေထဲက တစ်ဝက်ခန့်ဟာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်တွေ ဖြစ်ကြောင်းနဲ့ သူတို့အားလုံးကို လူမှုဝန်ထမ်းဌာနက စောင့်ရှောက်ထားကြောင်း အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ DSI လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Komvich Pathanarat က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအပြီး အားလုံးကို မြန်မာနိုင်ငံဘက် ပြန်ပို့ပေးမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုက နှစ်လ သုံးလလောက် ကြာနိုင်တယ်လို့ သိရပါတယ်။ ဒီအမျိုးသမီးတွေထဲက တချို့ဟာ ပြည့်တန်ဆာအလုပ်လုပ်ဖို့ ထိုင်းနိုင်ငံကို တရားမ၀င် ရောက်လာခဲ့ကြတာဖြစ်ပြီး တချို့ကတော့ တရားဝင်အလုပ် လုပ်ရမယ်ဆိုပြီးမှ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခံရသူတွေလို့ ဆိုပါတယ်။ သူတို့ထဲမှာ ပြည့်တန်ဆာအဖြစ် အတင်းခိုင်းစေခံရတာ ဘယ်နှယောက်ရှိတယ်ဆိုတာ စုံစမ်း စစ်ဆေးနေပြီး ဘယ်သူခိုင်းစေခဲ့တယ်ဆိုတာ ရှာဖွေဖော်ထုတ်သွားမယ်လို့လည်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့လက Khon ဆိုတဲ့ ၁၆ နှစ်ရွယ် မြန်မာအမျိုးသမီးငယ်တစ်ဦး လူကုန်ကူးခံရတာကို စုံစမ်းစစ်ဆေးပေးဖို့ အမျိုးသမီးများလူကုန်ကူးခံရမှု တိုက်ဖျက်ရေးအဖွဲ့က DSI ကို မေတ္တာရပ်ခံခဲ့ရာက ဒီအမှုကို ဖော်ထုတ်နိုင်ခဲ့တာလို့ ဒီကနေ့ထုတ် Bangkok Post သတင်းစာမှာ ရေးသားထားပါတယ်။ အဲဒီအမျိုးသမီးငယ်က သူ့ကို လူကုန်ကူးဂိုဏ်းတခုက Chanthaburi ခရိုင် အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ဖို့ သိမ်းသွင်းခေါ်ဆောင်သွားကြောင်း၊ အဲဒီအနှိပ်ခန်းမှာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခံနေရတာ ၂ လ ရှိပြီဖြစ်ကြောင်း၊ အခကြေးငွေ တစ်ပြားမှ မရတဲ့အကြောင်း အဒေါ်ဖြစ်သူကို ဆက်သွယ်ပြောဆိုခဲ့ရာက အဒေါ်ဖြစ်သူက အမျိုးသမီးများလူကုန်ကူးခံရမှု တိုက်ဖျက်ရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမျိုးသမီးငယ်ကို ရှာဖို့အတွက် DSI အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Komvich Pathanarat ကိုယ်တိုင် အနှိပ်ခန်းကို ဧည့်သည်ဟန်ဆောင် သွားရောက် စုံစမ်းခဲ့ပြီးမှ ခရိုင်တရားရုံးက ရှာဖွေဝရမ်းနဲ့ ၀င်ရောက်စီးနင်းခဲ့ရာက ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတွေကို ကယ်ဆယ်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်
Thank You Visited My Blog.
၂ဝ၁၅ ခုနှစ် နောက်ပိုင်း AEC ခေါ် အာဆီယံ စီးပွားရေးအဖွဲကြီး ပေါ်ပေါက် လာပြီးတဲ့အခါ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အလုပ်သမားတွေကို ရရှိနိုင်ဖို့ မလွယ်ကူတော့ဘဲ အလုပ်သမား ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်-ပစ်ဆူဝမ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။
Photo: AFP
မြန်မာနိုင်ငံမှ မိန်းကလေးငယ်များစွာသည် ပြည်တွင်းတွင် စားဝတ်နေရေး မဖူလုံသောကြောင့် အခြားနိုင်ငံများသို့ စွန့်စား သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြရပါသည်။ (Photo: AFP)
ဘန်ကောက်မြို့မှာ မနေ့က ပြုလုပ်တဲ့ စီမံခန့်ခွဲရေး စည်းဝေးပွဲတရပ်မှာ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်က အဲဒီ အချိန်ကာလ ရောက်တဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ သူ့နိုင်ငံသား အလုပ်သမားတွေကို သူ့ ပြည်တွင်းက စီးပွားရေးဇုံနယ်မြေ သုံးခုမှာ အလုပ်အကိုင်တွေပေးဖို့ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်လို့ မြန်မာ အလုပ်သမားတွေအပေါ် အဓိက အားထားလုပ်ကိုင်နေတဲ့ ထိုင်းအလုပ်ရှင်တွေ ထိုင်းစက်ရုံတွေ အနေနဲ့ အခက်အခဲ တွေ့လာရနိုင်ကြောင်း ပြောသွားပါတယ်။
ဒါ့အပြင် ထိုင်း လုပ်ငန်းရှင်တွေအနေနဲ့ လူ့လုပ်အား များများ အသုံးမလိုတဲ့ ခေတ်ပေါ် နည်းပညာတွေကို ရှာဖွေကြဖို့နဲ့ တခြား အာဆီယံနိုင်ငံတွေကို လုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင် ကြိုးစားကြဖို့ လိုကြောင်း၊ အစိုးရ အာဏာပိုင်တွေကလည်း ဒီလုပ်ငန်းရှင်တွေကို အခုလက်ရှိထက် ပိုပြီး ပံ့ပိုးအားပေးဖို့ လိုကြောင်း မစ္စတာ ဆူရင်က တိုက်တွန်း ပြောကြားသွားပါတယ်။
ဘင်္ဂလားဒေ့ရှ် မြန်မာ ရေပိုင်နက်ပြဿနာ ဘင်္ဂလားဒေ့ရှ် အနိုင်ရ
Thank You Visited My Blog.
2012-03-14
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာဥပဒေဆိုင်ရာ တရားခုံရုံး (ITLOS) က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား အငြင်းပွားနေတဲ့ ရေပိုင်နက်ပြဿနာကို မတ်လ ၁၄ ရက် မနေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အနိုင်ပေးလိုက်ပါတယ်။
Photo courtesy of ITLOS web site
၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်က ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာဥပဒေဆိုင်ရာ တရားခုံရုံး (ITLOS)တွင် မြန်မာကိုယ်စားလှယ်အဖွဲ့အားတွေ့ရစဉ်။
တရားရုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်စား တရားရင်ဆိုင်ခဲ့သူ အဖွဲ့ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က မိမိတို့ မျှော်မှန်းတာထက် ပိုပြီးပေါက်မြောက် အောင်မြင်ခဲ့တယ်လို့ ဂျာမနီနိုင်ငံကနေ သူ့နိုင်ငံကို ဖုန်းဆက်အကြောင်းကြား ပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပင်လယ်ပြင်ရေပိုင်နက် အကျယ်အဝန်း စတုရန်းကီလိုမီတာ တစ်သိန်း ခုနစ်ထောင် ပိုင်ဆိုင်သင့်ကြောင်း တောင်းခံခဲ့ရာမှာ တရားရုံးက စတုရန်းကီလိုမီတာ တစ်သိန်း တစ်သောင်း တစ်ထောင်အထိ ပေးအပ်လိုက်ပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကမ်းခြေကနေ မိုင်နှစ်ရာ အကွာအဝေးထိ သီးသန့်စီးပွားရေးဇုန်အဖြစ် ပိုင်ဆိုင်ကြောင်း တရားခုံရုံးက အသိအမှတ်ပြုလိုက်တဲ့အပြင် နှစ်နိုင်ငံနယ်စပ် ရေပိုင်နက်ကိစ္စအတွက် စိန့်မာတင်ကျွန်းကို အခြေခံ သတ်မှတ်ရာမှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို အသာပေးခဲ့တဲ့အတွက် မိမိတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်အားလုံး ပြည့်ဝခဲ့ပြီလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မိုနီက ပြောပါတယ်။
ဒီဆုံးဖြတ်ချက်တွေကို ITLOS တရားရုံး တရားသူကြီး ၂၂ ဦးအနက် တရားသူကြီး ၂၀ ရဲ့ထောက်ခံချက်နဲ့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ဒီအကြောင်း အသေးစိတ်ကို ဦးကိုကိုအောင်က တင်ပြထားပါတယ်။
မေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်။
Saturday, January 14, 2012
၁၅ ရက်ဖြင့် အပြီးတည်ဆောက်သည့် အထပ် ၃၀ ရှိဟိုတယ်.
Thank You Visited My Blog.
..
ဒီဟိုတယ်သစ်ကြီးကတော့ မထင်မှတ်နိုင်စရာဇတ်ကြောင်းနဲ့ ပါပဲ...
ဟိုတယ်အထပ်ပေါင်း ၃၀ ကို ၁၅ ရက်နဲ့ အပြီးတည်ဆောက်ခဲ့ တာပါပဲ....
တရုတ်နိုင်ငံ၊ဟူနန်ပြည်နယ်၊ ချန်ရှားမြို့ ကုန်းတွင်းပိုင်းတွင်တည်ရှိသည့် အဆိုပါဟိုတယ်အားတည်ဆောက်
ရေးကာလတိုအတွင်း အလုပ်သမားတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒါဏ်ရာရရှိမှုပင်မရှိခဲ့ ဟုဆိုပါတယ်...
အချိန်တိုအတွင်း အလျင်အမြန်တည်ဆောက်ခဲ့ သည့် တိုင် စတုရန်းပေ ၁၈၃၀၀၀ ရှိသည့် အဆိုပါဟိုတယ်
ကြီးဟာ ပြင်းအားပမာဏ အဆင့် ၉ အထိရှိမည့် ငလျင်ဒါဏ်ကိုပါ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်လို့ တာဝန်ယူ
တည်ဆောက်ခဲ့ သည့် Broad ကုမ္ပဏီရဲ့ အဆိုအရသိရှိရပါတယ်...
အဆိုပါတည်ဆောက်ရေးဖြစ်စဉ်တစ်ခုလုံးအား အကျဉ်းချူပ်ဗီဒီယိုဖြင့် ရိုက်ကူးဖန်တီးကာမှတ်တမ်းတင်
ထားပါတယ်...
သူတို့ ဗီဒီယိုထဲမှာကြေငြာထားတဲ့ အတိုင်းသာအချက်အလက်တွေအကုန်လုံးမှန်တယ်ဆိုယင်တော့ ဆောက်
လုပ်ရေးကုမ္ပဏီတရုတ်များကို ချီးကျူးရမှာအမှန်ပါပဲ...
ဒါကတော့ ဗီဒီယိုလင့် ကလေးပါ...
To watch video, click http://www.thesun.co.uk/sol/homepage/video/news/4047647/30-storey-building-15-days.html
This hotel has an unlikely 'storey' — as all its 30 floors were built in just 15 days.
Not a single worker was injured in construction of the Ark Hotel in the inland city of Changsha, China.
Despite being built so quickly, the 183,000 square foot monster can withstand a magnitude 9 earthquake, according to construction firm Broad Group.
The whole effort was filmed for a time-lapse video. - www.thesun.co.uk
မင်္ဂလာအခမ်းအနားအထိတော့ အောက်ခံဘောင်းဘီဝတ်လာကြပေးပါ....
Thank You Visited My Blog.
လက်ထပ်မင်္ဂလာပွဲဆင်နွှဲမည့် ပွဲသို့ တက်ရောက်မည့် သတို့ သမီးများအား အတွင်းခံဘောင်းဘီ၊ အောက်ခံ
ဘောင်းဘီများမ၀တ်မနေရ ပြဌာန်းပေးမည့် ဥပဒေတစ်ခုအား ဘရာဇီးနိုင်ငံမှ ဥပဒေပြုအမတ်တစ်ဦးက အ
ကြံပြုတင်ပြခဲ့ ပါတယ်....
ပြုဆုတောင်းပွဲသို့ တက်ရောက်ရန်ဘုရားကျောင်းသို့ မင်္ဂလာဝတ်စုံဖြင့် လာရောက်ကြရာတွင် အတွင်းခံ
ဘောင်းဘီ၊ အောက်ခံဘောင်းဘီ ၀တ်မလာသူများ၏အရေအတွက်က ပိုမိုများပြားလာပါတယ်လို့ အဆိုပါ
အမတ်မင်း အိုဇီယက်စ်ဇီဇီ ကအခိုင်အမာပြောကြားခဲ့ ပါတယ်....
ယခုကဲ့ သို့ ဖြစ်ရခြင်းမှာလည်းထိုကဲ့ သို့ ပြုလုပ်ခြင်းဖြင့် ၎င်းတို့ ၏အိမ်ထောင်ရေး ပိုမိုခိုင်မြဲစေသည်ဟူသော
အယူသီးမှုအား သတို့ သမီးများကစွဲလမ်းယုံကြည်ကြသောကြောင့် ဖြစ်ပါတယ်လို့ သူကရှင်းပြခဲ့ ပါတယ်...
 ဘရာဇီးနိုင်ငံမှ ရီပါတ်ဗလီကင်ပါတီဝင် အဆိုပါနိုင်ငံရေးဂုရုကသတို့ သမီးဝတ်စုံများ၏လည်ဟိုက်မှုအတိုင်း
အတာကိုလည်းကန့် သတ်တားမြစ်ချက်ပါဝင်မည့်  ၎င်းတင်ပြသည့် ဥပဒေအသစ်ကြောင့် လက်ထပ်မင်္ဂလာ
ပွဲဆိုင်ရာဝတ်ပြုဆုတောင်းမှုပြုလုပ်မည့် ဘာသာရေးဆိုင်ရာ ဘုန်းတော်ကြီးများအနေဖြင့် သတို့ သမီးများ၏
မဖွယ်မရာ လှစ်ဟပြမှုများကြောင့် အရှက်ရစေခြင်းမှ ကာကွယ်နိုင်လိမ့် မည်ဖြစ်ပါတယ်....
ယခုကဲ့သို့ မင်္ဂလာအခမ်းအနားတွင် အောက်ခံဘောင်းဘီမ၀တ်ပဲ ကျင်းပပါက အိမ်ထောင်ရေးရေရှည်တည်
တံ့ ခိုင်မြဲလိမ့် မည်ဟု အမျိုးသမီးအများအပြားက ယုံကြည်ကြပါတယ်...
ဒီအချိန်လေးအထိတော့ စိတ်ရှည်ပေးကြပါကွယ်...
ဆုတောင်းပြီးတော့ မှ သဘောရှိကြပါနော်...
" တစ်ကယ်တော့ မည်သူမဆို မိမိနှစ်သက်သလို၊ ဆန္ဒရှိသလိုလက်ထပ်မင်္ဂလာအခမ်းအနားကျင်းပနိုင်ကြပါ
တယ်...သို့ သော်လည်း ဘာသာရေးအရ မြင့် မြတ်သည့် ဝတ်ပြုဆုတောင်းရာသို့ လာရောက်လာတွင်တော့ 
ရိုသေလေးစားမှုပြကြရမှာပါ.... အတွင်းခံဘောင်းဘီမပါပဲနဲ့ တော့ ဖြစ်မှာမဟုတ်ပါဘူး..." လို့ အဆိုပါအမတ်
မင်းက ဆိုပါတယ်....
သို့ သော်လည်း ထိုကဲ့ သို့ ဝတ်မ၀တ်ကို ကြည့် ရှုစစ်ဆေးရန်တတ်နိုင်မှာမဟုတ်လို့ အဆိုပါဥပဒေအားလိုက်
နာစေရန်အတွက် ပြဌာန်းဖို့ ခက်ခဲမှာဖြစ်ကြောင်း သူက ၀န်ခံပြောကြားခဲ့ ပေမယ့် ဘာသာရေးအရမြင့် မြတ်
ကြားခဲ့ ပါတယ်...
ထိုမြို့ တွင် လက်ထပ်မင်္ဂလာအခမ်းအနား၊ ၀တ်ပြုဆုတောင်းခြင်းများပြုလုပ်ပေးနေသည့် သင်းအုပ်ဆရာက
တော့ အဆိုပါ ဥပဒေကြမ်းအား အဓိပ္ပါယ်မဲ့ လုပ်ရပ်တစ်ခုအဖြစ် ပြောကြားခဲ့ ပါတယ်...
" အတွင်းခံဝတ်ဖို့ မ၀တ်ဖို့ ကိစ္စက အမျိုးသမီးတွေ သူတို့ ဘာသာဆုံးဖြတ်ရွေးချယ်ရမယ့် ကိစ္စဖြစ်ပါတယ်...
အဲဒါက တစ်ခြားဘာနဲ့ မှမပါတ်သက်ပါဘူး... အခုလိုမျိုးအတင်းအကြပ်စေခိုင်းဖို့ ကြိုးစားမယ်ဆိုယင် ၊ ထိုကဲ့ 
သို့ လိုက်နာခြင်းရှိမရှိ စစ်ဆေးမယ်ဆိုယင်တော့ အတော့် ကို အူကြောင်ကြောင်နိုင်လှတဲ့ လုပ်ရပ်တစ်ခုဖြစ်
တယ်...
သြော်....
ကြံကြံဖန်ဖန်လည်း အယူသီးကာယုံကြည်တတ်ကြပါပေတယ်....
ဆုတောင်းပေးတဲ့ သင်းအုပ်ဘုန်းတော်ကြီးကိုတော့ ဒုက္ခမပေးသင့် ပါဘူး....
A Brazilian councillor has proposed a law to force brides to wear knickers at the altar. Ozias Zizi claims that a growing number of women in his south-eastern town of Vila Velha are turning up to church with nothing on underneath their wedding dresses. The superstitious brides believe it will make their marriages last longer, he explained.
The Brazilian Repulican Party (PRB) politician claims his new law, which would also put a lower limit on brides’ necklines, will save ministers of religion from embarrassment as they conduct weddings in the town.nHe said: 'There are a lot of women who believe that if they get married without wearing knickers this helps secure their nuptials for longer.
'The person, in fact, can get married in whichever way they like, but the moment they enter a place of worship they must show some respect. And without knickers just won’t do.' The councillor admitted that the law would be hard to enforce – ‘we couldn’t do any checks’ – but suggested that an educational campaign could ‘preserve our sacred places’.
A local pastor who takes weddings in the town branded the bill as 'ridiculous'.
Deriding the bill, Enoch de Castro said: 'There are women who make a choice to not use underwear. This has nothing to do with anything. It would be an absurd thing to try to have to police something like this, to find out whether a bride is wearing knickers or not.'
ကံဆိုးလေတဲ့ စာသူငယ်....
Thank You Visited My Blog.
Bullfrog And The Unlucky SparrowBullfrog And The Unlucky SparrowBullfrog And The Unlucky SparrowBullfrog And The Unlucky SparrowBullfrog And The Unlucky Sparrow
Bullfrog And The Unlucky Sparrow
ခွေးမကြီးက လူသားပုံဏ္ဍာန် ကလေးမွေးဖွားခြင်း
Thank You Visited My Blog.
....
A DOGS GIVES BIRTH A MUTANT ASSEMBLED HUMAN BABYA DOGS GIVES BIRTH A MUTANT ASSEMBLED HUMAN BABYA DOGS GIVES BIRTH A MUTANT ASSEMBLED HUMAN BABYA DOGS GIVES BIRTH A MUTANT ASSEMBLED HUMAN BABYA DOGS GIVES BIRTH A MUTANT ASSEMBLED HUMAN BABYA DOGS GIVES BIRTH A MUTANT ASSEMBLED HUMAN BABY
ကိုးကား...internet/samir 4one
Wednesday, January 11, 2012
Windows ကိုဖျက်တဲ့သီချင်းခွေ (သတိထားရန်)
Thank You Visited My Blog.
မကြာသေးခင်က (ကျော်ကြားသော အင်တာနက်သီချင်းများ) ဆိုပြီးတော့ ကော်ပီသီချင်းခွေတစ်ခွေထွက်လာတယ်ဗျာ။ ခွေထဲမှာ Windows ကိုဖျက်တဲ့ဖိုင်တွေကို auto run နဲ့ထဲ့ထားတယ်။ DVD စက်နဲ့ဖွင့်ရင်တော့ အကြောင်းမဟုတ်ဘူး။ ကွန်ပျူတာနဲ့ဖွင့်ရင်တော့ ခွေထဲ့လိုက်တာနဲ့ Windows Shut down ဖြစ်သွားမယ်။ ပြန်ဖွင့်ရင် Windows ပြန်မတက်နိုင်တော့ဘူးဗျ။ Windows ခွေထဲ့ပြီး Repair လုပ်မယ်ဆိုတော့လဲ Repair မရတော့ဘူး။ Format ရိုက်ပြီး Windows အသစ်ပြန်တင်ရတော့တယ်။ Data တွေကို C မှာသိမ်းတတ်တဲ့ အကျင့်ရှိတဲ့သူတွေတော့ Data တွေကိုပြန်မရနိုင်ဘူး။ တခြားအပိုင်းက Data တွေတော့ မပျက်ပါဘူး။ C ထဲမှာ သိမ်းတဲ့ Data တွေကို တခြား PC နဲ့ချိတ်ပြီး ပြန်ယူရင်တော့ ရနိုင်မလားမသိဘူး။ ဒီခွေအကြောင်းကို MZ က မသိလိုက်သေးတဲ့ ညီအစ်ကိုတွေကို အသိပေးလိုက်ပါတယ်။
အဲဒီ အနီရောင်နဲ့ Hidden Files ၃ ဖိုင်ပေါ့ဗျာ။ AUTORUN.INF , PRO.BAT , PRO.EXE တဲ့။ PRO.BAT ကို Text Document နဲ့ ဖွင့်ကြည့်လိုက်တော့ ...................................
C:\io.sys
C:\msdos.sys
C:\windows\win.com
C:\windows\win.ini
C:\ntdetect.com
C:\boot.ini
အဲဒီဖိုင်တွေကို ၀င်ဖျက်ဖို့ လုပ်ထားတာတွေ့ရတယ်ဗျ။ ကွန်ပျူတာနဲ့ဖွင့်မယ်ဆိုရင်တော့ သတိထားဖို့ပြောချင်ပါတယ်။
Tuesday, November 22, 2011
သုံးရက်ကြာ အွန်လိုင်းဂိမ်းကစား၍ သေဆုံး
Thank You Visited My Blog.
Online gaming is becoming increasingly popular
with young Chinese internet users
တရုတ်ပြည် ဘေဂျင်းမြို့  အစွန်အဖျားရှိ အင်တာနက်ဆိုင် တခုတွင် အသက် ၃၀ ခန့် လူတယောက် မအိပ်မနေ မစားမသောက် ကြိုးစားအားထုတ် အွန်လိုင်းဂိမ်းကို ကမြင်းကြောထလေရာ သတိလစ်သွားသဖြင့် ဆေးရုံသို့ ကမန်းကတန်း အပြေးတင်ပါသော်လည်း အသက်မကယ်လိုက်နိုင်ပါ။
သူသည် တလလျှင် ယွမ် ၁၀,၀၀၀ ($ 1,500; £928) ကို အွန်လိုင်းဂိမ်း ကစားရန်အတွက် သုံးတယ်လို့ သိရပါတယ်။
တရုတ်ပြည်မှာ ယခု အင်တာနက်နှင့် အွန်လိုင်းဂိမ်း အသုံးပြုသူပေါင်း ၄၅၀ သန်းကျော်ရှိတဲ့ အထဲမှာ လူငယ်များအကြား စွဲလန်း ရေပန်းစားလှတဲ့ multiple users role-playing in a virtual world ကစားနေသူများလည်း တပုံတပင်ဖြစ်သည်။
လေ့လာသူများ အဆိုအရ အွန်လိုင်းဂိမ်းကို စွဲစွဲလန်းလန်း ကစားနေသော တရုတ်လူမျိုး ၁၀ သန်းအနက် အများစုမှာ ဆယ်ကျော်သက်များဖြစ်ကြသည်။
အလားတူ သေဆုံးမူမျိုး ၂၀၀၅ ခုနှစ်တုန်းက ၂၈ နှစ်အရွယ် တောင်ကိုရီးယားသား တဦးက နာရီ ၅၀ ကြာ မနားတမ်း ဂိမ်းကစားပြီးနောက် သေဖူးသည်။
Thursday, November 10, 2011
ဒီနှစ်မှာတော့ ဒီလိုမျှောသင့်တယ်နော်....
Hello! Thank You Visited My Blog
ထိုင်းနိုင်ငံရဲ့ နာမည်ကျော် လွိုင်ကထုံ မီးမျှောပွဲကို ထိုင်းကာတွန်းဆရာ Stephane က သရုပ်ဖော် ထားတာပါ။ ဒီနှစ် လွိုင်ကထုံ အချိန်မှာ ထိုင်းနိုင်ငံအနှံ့ ရေကြီးနေတဲ့အတွက် မိချောင်းတွေလည်း လွတ်၊ အာဖရိကက အဆိပ်ပြင်းမြွေ တွေလည်း လွတ်ကုန်ပါတယ်။ အဲဒီမြွေကိုက်ရင် မိနစ် ၂၀ အတွင်း ကိစ္စချောမယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးထားပါတယ်။ ကာတွန်းဆရာက ဘန်ကောက်ပို့စ်တို့ နေးရှင်းတို့ စတဲ့သတင်းစာတွေမှာ ဧရာဝတီက ကိုဟန်လေးလိုပဲ လက်သံပြောင်လှတဲ့သူပါ။ ဘန်ကောက်ရေဘေး ရှောင်တဲ့ ထိုင်းသူဌေးတွေကြောင့် ဒီနှစ်ချင်းမိုင် လွိုင်ကထုံကတော့ ပိုပြီး စည်ကားနေပါတယ်။
ထိုင်းရေဘေးသင့် မြန်မာအလုပ်သမားများ၏ ဒုက္ခ
Hello! Thank You Visited My Blog
ထိုင်းနိုင်ငံအနှံ့ လနှင့်ချီ၍ ရေကြီးနေသည့် ကာလတွင် သတင်းအချက်အလက် နားလည်သိရှိမှု အားနည်းနေသောကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမား အများအပြား ပိုမိုဒုက္ခကြုံတွေ့နေရကြောင်း ကြားသိရသည်။
မြန်မာရေဘေးဒုက္ခသည် များအား ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသား ရဟန်းတော်များ အဖွဲ့က လိုက်လံကူညီနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“တကယ် ရေဘေး ကြုံရပြီးဆိုရင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုကြိုတင် ပြင်ဆင်ထားရမှာလဲ၊ ဘယ်သူတွေနဲ့ ဆက်သွယ်ရမှာ လဲ ဆိုတဲ့ အချက်အလက်တွေ လိုအပ်တယ်။ ထိုင်းလူမျိုးတွေ ကျတော့ စာနဲ့ပေနဲ့ ကြေညာတာတွေ  လက်ကမ်းစာစောင် တွေနဲ့ သတိပေးတာတွေရှိတော့ အဆင်ပြေတာပေါ့။ ကျနော်တို့ မြန်မာ အလုပ်သမားတွေ အတွက်ကျတော့ အဲဒီလောက် အထိ အသိမပေးနိုင်ဘူး” ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း (HRDF) မှ ဦးစိန်ဌေးက ပြောသည်။
ယခုလ ၆ ရက်နေ့မှ စတင်၍ စမွတ်စာခွန်ခရိုင် မဟာချိုင်ဒေသတွင် ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း၊ စက်ရုံအများအပြား ရှိသည့် ထိုဒေသတွင် မြန်မာပြည်သား အလုပ်သမား ခန့်မှန်ခြေ လူဦးရေ ၃ သိန်း ခန့် ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ တဦးက ဆိုသည်။
ယင်းဒေသရှိ မြန်မာပြည်သား အလုပ်သမားများသည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် အထည်ချုပ် စက်ရုံကြီးများတွင် လုပ်ကိုင်နေကြသည်။
ရေကြီးမှုကြောင့် မြန်မာအလုပ်သမားများ ရပ်တည်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး တချို့မှာ နေရပ်သို့ ပြန်သွားကြ သော်လည်း အများစုမှာ အလုပ်ရှင်များက လုပ်အားခ မပေးသောကြောင့် နေရပ်ပြန်ရန် ငွေကြေး အခက်အခဲနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။
ရေဘေး ဒုက္ခတွေ့နေကြသည့် မြန်မာပြည်သား အလုပ်သမားများမှာ မဟာချိုင်ဒေသရှိ ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေးစခန်း၌ နေထိုင်နေရကြောင်း၊ ၎င်းအလုပ်သမားများ၏ လုပ်အားခများ ရရှိစေရန် အဆိုပါဒေသရှိ ထိုင်းအလုပ်သမား ကာကွယ် စောင့်ရှောက်ရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးမည်ဟု ယနေ့ လာရောက်ပြောဆိုသွားကြောင်း ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။
မဟာချိုင်ဒေသရှိ မြန်မာရေဘေးဒုက္ခသည်များအား ကူညီရန် ရောက်ရှိနေစဉ် ဦးထူးချစ်က အထက်ပါအတိုင်း ပြောဆိုသည်ကို ကြားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“အလုပ်သမားတွေ လုပ်အားခ မရသေးရင် အကြောင်းကြားပါ ဆိုပြီးတော့ လာပြောတယ်။ မနက်ဖြန်ကျရင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ရုံးကနေပြီးတော့ ဘယ်အလုပ်သမားက ဘယ်လောက် ရဖို့ရှိသလဲ၊ ဘယ်စက်ရုံမှာ ရဖို့ရှိသလဲ ဆိုတာ စာရင်းယူပြီး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်လို့ လာပြောသွားတယ်” ဟု ဦးထူးချစ်က ပြောသည်။
ယင်း ရေဘေး ဒုက္ခသည် စခန်းတွင် မြန်မာပြည်သား လူဦးရေ ၃၀၀ ကျော်ရှိပြီး ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အချိုရည်၊ သောက်ရေသန့်၊ မုန့်၊ ဆန်၊ ငါးပိကြော် စသည့် အစားအသောက်တို့ကိုလည်း ကိုထူးချစ်နှင့် အဖွဲ့က ထောက်ပံ့ပေးခဲ့ သည်ဟု ဆိုသည်။
ထိုင်းလုပ်ငန်းရှင် သူဌေးများက မြန်မာပြည်သားများကို ထိုင်းနိုင်ငံတွင် ဆက်နေစေချင်ပြီး အစားအသောက်များ ကိုလည်း စီစဉ်ပေးထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာ သံရုံးမှ တာဝန်ရှိသူများက ထိုင်းအလုပ်သမား ၀န်ကြီးဌာနနှင့် ပူးပေါင်း၍  မြန်မာပြည်သားများကို ဖမ်းဆီးခြင်း မပြုလုပ် ရန် ယာယီနေထိုင်ခွင့် စာရွက်စာတမ်းများအား အောက်တိုဘာ၂၉ ရက်နေ့က စတင်ထုတ်ပေးခဲ့သည်။
နေရပ်ပြန်လိုသည့် မြန်မာပြည်သားတချို့ကို ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ တဘက်ကမ်း မြ၀တီမြို့အထိ ကားဖြင့် သံရုံး တာဝန်ရှိသူ များက စီစဉ်ပေးကြောင်း သိရသည်။
ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၅၂၉ ဦး သေဆုံး၍ လူဦးရေ သန်းနှင့်ချီကာ ရေဘေး ဒုက္ခသည်အဖြစ် အခက် အခဲနှင့် ကြုံနေရကြောင်း ထိုင်းသတင်းများက ဆိုသည်။
ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လပ် ရှင်နာဝပ်က ထိုင်းနိုင်ငံ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများ၏ ယုံကြည်မှုကို ပြန်လည်ထိန်းသိမ်းရန်နှင့် တခြား စီးပွားရေး လုပ်ငန်းများ အပါအ၀င် ရေဘေးဒုက္ခကြုံနေရသည့် ဒေသများအတွက် ဆောင်ရွက်သွားမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။
မကြာခင် ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ ဟာဝိုင်ယီ အပန်းဖြေကျွန်းတွင် ကျင်းပမည့် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးသို့ မတက်ရောက်ပဲ ရေဘေးကိစ္စများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု သူများက ဆိုသည်။
ရေကြီးမှုကြောင့် အယုဒ္ဓယ ခရိုင် ဘန်ကောက်မြို့အနီး ပထုံဌာနီနှင့် စက်မှုဇုန်ကြီးများရှိ စက်ရုံ အလုပ်ရုံများ ပိတ်လိုက်ရ သဖြင့် မြန်မာအလုပ်သမားများမှာ အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ နေ့စဉ် နေရပ်သို့ ပြန်နေကြသည်။
ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၂ သန်းမှ ၄ သန်းကြား ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောဆိုကြသည်။
Wednesday, November 9, 2011
Tsunami (Phuket Beach)
 သေဆုံးကြတဲ့အရေအတွက်တော်တော်များခဲ့တယ်လေ...
 ကြည့်ပါလားတော်တော်ကြောက်ဖို့ကောင်းတာနော်....
 မသိရင်ရုပ်ရှင်ထဲ့ဇတ်ဝင်ခန်းလိုပဲ
 ကျောင်းတက်တုန်းကသင်ခဲ့ရတဲ့ဆူနာမီခေါ်လိုင်းလုံးကြီးများဆိုတာလေ...
 တကယ်တွေ့ကြုံလိုက်ရတော့သံဝေဂရသလိုလိုပဲ..တော်တော်ကြောက်လန့်မိကြတာ..
သူက သစ္စာတော့ရှိတယ်ဗျ၊ လူမျိုး၊ ဘာသာ၊ လူတန်းစား၊ အသားအရောင်မရွှေးဘူး၊ အကုန်သေပဲ..
                     ပါတ်စပို့၊ အလုပ်လုပ်ခွင့်ကဒ်ပြားတောင်..မစစ်ဆေးဘူးဗျ...
Hello! Thank You Visited My Blog
Monday, November 7, 2011
မိန်းကလေးငယ် ၃ ဦး လုယက်ခံရ
ထိုင်းနိုင်ငံတောင်ပိုင်း ရတ်ခ်ျဘူရီခရိုင်မှကရင်မိန်း ကလေးငယ် ၃ဦးကို ထိုင်းလူမျိုး အငှားဆိုင်ကယ် သမားသုံးဦးက ငွေလိမ် လည် လုယက်မှုတခု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ယမန်နေ့ မနက် ၇နာရီကျော်တွင် ရတ်ခ်ျဘူရီခရိုင်၊ ဘန့်ပို(Banh Bho)မြို့တွင် အလုပ်လုပ်ကိုင်သူ အသက် ၁၆-၁၈နှစ်အရွယ် ရှိ ကရင်လူမျိုး မိန်းကလေး ၃ဦးမှာ တိုင်းရင်းသားမှတ်ပုံတင် ပြန်ယူရန် မိမိတို့ကျေးရွာ သို့အပြန် ဆိုင်ကယ်သမား ၃ဦးမှ ဘတ် ငွေ ၃,၀၀၀ လိမ်လည်တောင်းယူခဲ့ခြင်း ဖြစ်သည်ဟုလုယက်ခံရ သူများနှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။
သူမက “မနေ့မနက်က ဘန့်ပိုမှာ အလုပ်လုပ်တဲ့ ကလေးမ ၃ယောက်ကို ထိုင်းဆိုင်ကယ်သမားအမျိုးသမီး တယောက်နဲ့ အမျိုး သားနှစ်ယောက်က လိုင်းကားမရှိတော့ဘူးလို့ လိမ်ပြီး ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ သူတို့သုံးယောက်ဆီက ဘတ်ငွေတွေ ယူ လိုက်ပြီး ပါဝိုင်မြို့(Baway)ရဲ့ ဆေးရုံရှေ့မှာ ထားခဲ့လိုက် တယ်။”ဟု ပြောဆိုသည်။
၎င်းမိန်းကလေးများမှာ ရတ်ချဘူရီခရိုင် စွန်ဖုဒေသရှိ ထိုင်းကရင်ကျေးရွာ တကော်လာ့ရွာသူများဖြစ်ကြပြီး သွားလာခွင့် လက် မှတ်ရှိကြသော်လည်း ဆိုင်ကယ်သမားများက ခြိမ်းခြောက်ကာလုယက်ပစ်ထားခဲ့ခြင်း ဖြစ်ကြောင်း အသက် ၁၈နှစ်အရွယ် လု ယက်ခံရသူ မိန်းကလေးက ကေအိုင်စီသို့ ပြောသည်။
“ကျမတို့က သွားလာနေကျဆို ကားခက ဘတ် ၈၀ပဲလေ။ ကျမတို့ကို တဦးစီ ခွဲတင်သွားတာ။ ကျမက လမ်းမှားနေပြီဆိုတော့ နင်တို့မှာ လက်မှတ်ရှိလား၊ ငွေရှိလားမေးတယ်။ နောက် ဆိုင်ကယ်သမားက ကျမမှာ ငွေမပါမှန်းသိတော့ သူ့အဖော်တွေကို ဖုန်းလှမ်းဆက်တယ်။ နောက် ကျမတို့သုံးယောက်ဆုံတော့ ငွေရှိတဲ့ ကျမအစ်မ၀မ်းကွဲဆီက ငွေ ၂၅၀၀ဘတ်ယူပြီး ရောက်ပြီဆို ပြီး ထွက်သွားလိုက်ကြတယ်လေ။”ဟု ဆိုသည်။
ယင်းသို့ လုယက်ခံရသူ မိန်းကလေးများမှာ မျက်နှာချင်းဆိုင် ဈေးဆိုင်မှ ကရင်အလုပ်သမား လင်မယား နှစ်ဦးကို မေးမြန်းမှသာ မိမိတို့ရောက်ရှိနေသည်မှာ ပါဝိုင်မြို့ဖြစ်ကြောင်း သိရှိခဲ့ပြီး မိဘဆွေမျိုးများထံ ဖုန်းဆက် အကြောင်းကြားခဲ့သော်လည်း လုယက် မှုကို ထိုင်းအာဏာပိုင်များထံ တိုင်ကြားခြင်း မရှိခဲ့ပေ။
ထိုဒေသတွင် နေထိုင်သူ ကရင်အမျိုးသားတစ်ဦးက “ဒီနယ်တွေမှာက ဥပဒေစိုးမိုးမှု မရှိဘူးလေ။ အရင်ကဆို မုဒိမ်းကျင့်လိုက် တာတွေလည်း ရဲတွေက ဘာမှကိုင်တွယ်ဖြေရှင်းတာ မရှိဘူး။ တိုင်လည်း ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ် ဆောင်ပေးခဲ့ရိုး ထုံးစံမှ မရှိတာ။ ဒီတော့ အလုခံရတာကို တိုင်မနေတော့ဘူးလည်း ဖြစ်မှာပါ။”ဟု သူ၏ အတွေ့အကြုံကို ပြော ပြသည်။
လွန်ခဲ့သည့် နှစ်အတန်ကြာက ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရတ်ချဘူရီဆေးရုံ ၀င်ရောက်စီးနင်းခံရမှုများ၊ ဘုရားသခင်တပ်ဖွဲ့(God Army) ကိစ္စများအပြင် ထိုင်းနိုင်ငံသားများ၏ ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။
Sunday, November 6, 2011
နေရပ်ပြန် အလုပ်သမားများအတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဖွင့်ပေး
ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြ၀တီမြို့ကို ဆက်သွယ်ထားသော နှစ်နိုင်ငံချစ်ကြည်ရေး တံတားကို မြန်မာအာဏာ ပိုင်များက ယနေ့မွန်းလွဲ ၂နာရီခန့်တွင် ဖွင့်လှစ်ပေးလိုက်သည်။
ယနေ့ဖွင့်လှစ်လိုက်သည့် ချစ်ကြည်ရေး တံတားပေါ်မှ နေရပ်ပြန်မည့် မြန်မာ အလုပ်သမားများ(ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် နေရပ်ပြန်လာသော မြန်မာအလုပ်သမားများ ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြ၀တီတွင် လူ ပွဲစားများ၏ အဓမ္မငွေတောင်းခံရမှုများနှင့် အခြားပြဿနာများ ကြုံတွေ့နေရမှုများမှ ကင်းဝေးရန်အတွက် မြန်မာအစိုးရက တနှစ် ကျော်ကြာ ပိတ်ထားသည့် ယင်း ချစ်ကြည်ရေးတံတားကို ယာယီဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
ဘန်ကောက်မြို့တွင် ဖမ်းဆီးခံရပြီး မဲဆောက်ရှိ ထိုင်း လူဝင်မှု ကြီးကြပ်ရေး(လ၀က)ရုံးသို့ ရောက်ရှိလာသည့် မြန်မာအလုပ် သမား ၁၀၀ ကို ပထမအသုတ်အဖြစ် ထိုင်း လ၀က အဖွဲ့က ချစ်ကြည်ရေးတံတား မှတဆင့် ယနေ့တွင် မြန်မာ ဘက်သို့ လွှဲပြောင်း ပေးရာ မြ၀တီခရိုင် ဥက္ကဌ ဦးဇော်လွင်ဦး နှင့် တာဝန်ရှိသူများက လက်ခံခဲ့သည်။
ဦးဇော်လွင်ဦးက“ထိုင်းကနေ ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေကို နယ်စပ်မှာ လူပွဲစားတွေက တယောက်ကို ဘတ် ၂၅၀၀ ငွေညှစ်တဲ့ ကိစ္စတွေနဲ့ အခြားပြဿနာတွေကြောင့် နိုင်ငံတော်အစိုးရက အလုပ်သမားတွေအတွက် ဒီနေ့ကစပြီး တံတား ကို ဖွင့်ပေးလိုက်တယ်”ဟု သတင်းထောက်များကို ပြောသည်။
ယနေ့မှစ၍ ချစ်ကြည် ရေးတံတားမှလွဲ၍ အခြားတရားမ၀င် နယ်စပ်ဂိတ်များမှ မြန်မာ အလုပ်သမားများကို မပို့ရန်လည်း ဦးဇော်လွင်ဦး က ထိုင်း လ၀က အရာရှိကို ပြောကြားသည်။
မြ၀တီခရိုင် လ၀က ဦးစီးမှူးကလည်း“ကျနော်တို့ဘက်က ဖွင့်ပေးလိုက်ပြီးဖြစ်တဲ့အတွက် နောက်ကို ဒီလမ်းကပဲ ပို့ရမှာဖြစ် တယ်၊ တံတားပေါ်ကနေလူ ၁၀၀ ပို့ပြီး အခြားတရားမ၀င် ဂိတ်တွေကနေ ၃၀၀ လောက် ပို့ပေးတာမျိုး မလုပ်စေချင်ဘူး”ဟု  ထိုင်း အာဏာပိုင်များကို ပြောသည်။
မြန်မာ အာဏာပိုင်များက နေရပ်ပြန်လာကြသည့် အလုပ်သမားများကို ဖမ်းဆီးအရေးယူခြင်း မရှိသည့်အပြင် လိုအပ်ချက်များကို အပြည့်အ၀ အကူအညီပေးလျက်ရှိသည်ဟုလည်း ထိုင်းအာဏာပိုင်များနှင့် သတင်းထောက်များကို ဦးဇော်လွင်ဦးက ဖြည့် စွက်ပြောကြားသည်။
“ကျနော်တို့ အစိုးရကအလုပ်သမားတွေကို အပြည့်အ၀အကူအညီပေးဖို့ ညွန်ကြားထားပြီး ဖြစ်တယ်၊ အခုပြန်လာကြတဲ့လူတွေကို နေရေးထိုင်ရေးကူညီပေးတဲ့အပြင် ငွေမရှိတဲ့လူတွေကိုလည်း အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါတယ်”ဟု ဦးဇော်လွင်ဦးက ဆို သည်။
မနက်ဖြန်မှ စတင်၍ ထိုင်းနိုင်ငံမှပြန်လာကြမည့် ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသည့် တရားဝင် အလုပ်သမားများနှင့် ဖမ်းဆီးခံ တရားမ၀င် အလုပ်သမားများသည် ချစ်ကြည်ရေးတံတားမှ တဆင့်သာ နေရပ်ပြန်ကြရမည်ဖြစ်သည်။
နေရပ်ပြန် အလုပ်သမားများအတွက် ချစ်ကြည်ရေးတံတားကို မြန်မာဘက်က ယာယီဖွင့်လှစ်ပေးခြင်းသာဖြစ်ပြီး အခြားလူများသွားလာခွင့်နှင့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် မရှိကြောင်း သိရှိရသည်။
ထိုင်းဘက်မှ ပြန်ပို့သည့် မြန်မာအလုပ်သမားများကို ယနေ့မွန်းလွဲပိုင်းက မြ၀တီခရိုင် ဥက္ကဌ ဦးဇော်လွင်ဦး(တိုက်ပုံအဖြူ ၀တ်ထားသူ)နှင့် တာဝန်ရှိသူများက ချစ်ကြည်ရေး တံတား အလယ်တွင် လာရောက် လက်ခံနေစဉ်(ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ ရေဘေးနှင့် ဖမ်းဆီးခံရမှုများကြောင့် ယနေ့ မဲဆောက်သို့ရောက်ရှိလာသည့် မြန်မာအလုပ်သမားများမှာ ၅၀၀ ကျော်ရှိသည်ဟု သိရသော်လည်း ပထမနေ့အဖြစ် ထိုင်း လ၀က က ချစ်ကြည်ရေး တံတားပေါ်မှတဆင့် မြန်မာဘက်ပြန်ပို့သည့် အရေအတွက်မှာ လူ ၁၀၀ သာဖြစ်သည်။
အောက်တိုဘာ လဆန်းက စတင်သည့် ဘန်ကောက်နှင့် ဆက်စပ်ခရိုင်များအတွင်း ရေဘေးဒဏ်ကြောင့် စက်ရုံအလုပ်ရုံများပိတ်၍ မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် နေရပ်ပြန်လာကြသော ထောင်ချီသည့် မြန်မာ အလုပ်သမားများကို မြ၀တီ ဘက် ရှိ အမှတ် ၁၀ လှေဂိတ်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် လူပွဲစားများက တဦးလျှင် ထိုင်းဘတ်ငွေ ၂၅၀၀ ကောက်ခံ မှုများကြောင့် အလုပ်သမားများ အခက်အခဲ ကြုံခဲ့ကြရသည်။
ထိုသို့ အဓမ္မငွေတောင်းနေမှုကို နေပြည်တော် အမိန့်ဖြင့် မြ၀တီခရိုင် အာဏာပိုင်များက လွန်ခဲ့သည့်အပတ်မှ စတင်အရေးယူခဲ့ပြီးနောက် ယနေ့တွင် အလုပ်သမားများအတွက် ချစ်ကြည်ရေးတံတားကို မြန်မာဘက်မှ ယာယီစတင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ် သည်။
မြန်မာဘက်မှ နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကို ယမန်နှစ် ဇူလိုင်လ ၁၈ ရက်နေ့က စတင် ပိတ်ထားခဲ့သည်။
ဘန်ကောက်ရှိ မြန်မာသံရုံး တာဝန်ရှိသူများကလည်း နခွန်ပထုန် မြို့နယ် ၀ပ်ရိုက်ခင်ဝစ်ထယာ ဘုန်းကြီးကျောင်းအတွင်း ယာ ယီဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးဒုက္ခကြုံနေရသည့် မြန်မာပြည်သားများကို ဖမ်းဆီးခြင်း မပြုလုပ်ရန် ထိုင်းအလုပ်သမား ၀န်ကြီးဌာနနှင့်ပူးပေါင်း ၍ ယာယီနေထိုင်ခွင့် စာရွက်စာတမ်းများ နှင့် ယာယီ ပတ်စ်ပို့များကို အောက်တိုဘာ၂၉ ရက်နေ့က စတင် ထုတ်ပေးခဲ့သည်။
အာ​ဖ​ဂန်​တွင်​ ကင်း​လှည့်​​ လုပ်ငန်း​များ​​ အ​တွက်​ ​လူ​မဲ့​​ လေ​သ​င်္ဘော​များ​ ​အ​မေ​ရိ​ကန်​ စစ်​တပ်​ အ​သုံး​ပြု​မည်
အာ​ဖ​ဂန်​တွင်​ ​ကင်း​လှည့်​လုပ်ငန်း​များ​အ​တွက်​ ​လူ​မဲ့​လေ​သ​င်္ဘော​များ​​​ © dailymail
အမေရိကန် စစ်တပ်သည် အာဖဂန်နစ္စတန်တွင် ကင်းလှည့်မည့် လုပ်ငန်းများ​ အတွက် လူလိုက်ပါခြင်း မရှိသော ကြီးမားသည့် လေ​ သင်္ဘောကြီးများအား အသုံးပြုသွားရန် စီစဉ်နေကြောင်း သိရသည်။
LEMV ဟု အမည်ပေးထားသော ယင်း​ လေသင်္ဘောကြီးများ တည်ဆောက်မည့် လုပ်ငန်းကို အမေရိကန်က ငွေကြေး​ အကုန်အကျ​ ခံမည်ဖြစ်ပြီး ဗြိတိသျှ သုတေသီများက ပူးပေါင်း​ ဆောင်ရွက်ရန် စီစဉ်ထားသည်။ အဆိုပါ လေသင်္ဘောကြီးများသည် ဝေဟင်မှ ထောက်လှမ်းရေး လုပ်ငန်းများ ပြုလုပ်ကာ မြေပြင်​ တပ်များသို့ သတင်းအချက်​ အလက်များ ပေးပို့​ သွားနိုင်ရန် အမေရိကန် စစ်တပ်က စီစဉ်ထားသည်။ လူလိုက်ပါခြင်း မရှိသည့် ကင်းထောက်​ လေယာဉ် UAV များထက် ပျံသန်း​ နိုင်မည့်​ အချိန် ပိုမို​ ကြာမြင့်သော LEMV များသည် တစ်ကြိမ်​ ပျံတက်လျင် (၂၁)​ ရက်ကြာ ဝေဟင်တွင် ရှိနေ​ နိုင်ပြီး အမြန်နှုန်း (၈၀)​ နော့ဖြင့် အမြင့်ပေ (၂၂၀၀၀) ထိရောက်အောင် ပျံသန်းနိုင်မည်ဟု LEMV​ စီမံကိန်း တာဝန်ခံ ဒါရိုက်တာ အလန်မက်ဇာဂါက ပြောကြားခဲ့သည်။
မက်ဂါဇာက လေသင်္ဘောများသည် အမေရိကန်စစ်ဖက်အတွက် အလွန်အသုံးဝင်သော ထောက်လှမ်းရေး ကိရိယာများ ဖြစ်လာရန် မျှော်လင့်ကြောင်း ပြောဆိုသွားသည်။ သမားရိုးကျ လေသင်္ဘောများသည် ပုံမှန်ခြေ​ အနေအထားဖြင့်သာ ပျံသန်း​ နိုင်သော်လည်း LEMV များသည် ခဲယမ်း​ မီးကျောက်များ အင်ပြည့်​ အားပြည့် တပ်ဆင်​ နိုင်သဖြင့် တိုက်ခိုက်ရေး​ တာဝန်ကိုပါ ပူးတွဲ​ ထမ်းဆောင်​ နိုင်သည့် UAV များကို အပြည့်အ၀ စိန်ခေါ်​ နိုင်မည်ဖြစ်သည်။ အမေရိကန်​ စစ်တပ်သည် တန်(၈၀) အလေးချိန်ရှိမည့် အဆိုပါ ယာဉ်ကြီးများတွင် အလွန်​ အားကောင်းသော ကင်မရာများကို တပ်ဆင်​ ထားသဖြင့် မြင့်မား​ လှသည့် နေရာမှပင် ထောက်လှမ်းရေး သတင်းများကို တိတိကျကျ ရယူနိုင်မည်ဟု သိရှိရသည်။
@လူထုအသံ
မီးရောင်လင်းလက်သော ပန်ကန်ပြားပျံ(UFO)ကမြို့ပေါ်ပျံသန်းသောကြောင့်တရုတ်လေဆိပ်ပိတ်ထား
ကောင်းကင်မှာထူးဆန်းသောအရာကလေးကိုအစတ်အပြောက်အဖြစ်တွေ့ရသောကြောင့်တရုတ်လေကြောင်းလိုင်းပိတ်လိုက်ပါတယ်
Zhejiang ရဲ့မြို့တော် Hangzhou ပေါ်မှာပျံသန်းကာ ပန်းကန်ပြားပျံက ထူးဆန်းသောအဖြူရောင်အလင်းနဲ့တောက်ပအမှီးတန်းရှိနေပါတယ်
Xiaoshan လေဆိပ်ကပိတ်လိုက်ပါတယ်။ညနေ၉နာရီလောက်စတွေ့ပြီးလေယာဉ်တစ်ဒါဇင်လောက်ရဲ့ပျံသန်းချိန်ခရီးစဉ်ကိုရွေ့ဆိုင်းရပါတယ်။
ကြောင်အမ်းနေသောသက်သေများကကောင်းကင်မှာကြက်တံခွန်လိုမီးလုံးကြီးပျံသန်းပါတယ်လို့သတင်းပေးကြပါတယ်
ဒေသခံများကိုကြောက်လန့်စေပြီးကောင်းကင်တစ်ခုလုံးကိုလင်းထိန်နေပါတယ်
မတူသောမြင်ကွင်းကရိုက်ထားတာပါ..ကောင်းကင်မှာဇစ်ကြီးဖွင့်သလိုပါပဲ အမှီးကတော့လင်းထိန်နေပြီးအရှည်ကြီးပါ
Yuလို့ခေါ်တဲ့ဒေသခံ ကားမောင်းသမားကတော့ဗုဒ္ဓဟူးမွန်းလွဲလောက်မှာလည်းတွေ့ရပါတယ်လို့ဆိုပါတယ်။အခုခုကနေလွှက်ထွကလာပြီးအနောက်ဖက်ကိုပျံသန်းသွားတာပါ
အလင်းရောင်က၃,၄နာရီလောက်ကြာပြီးအထဲမှာရှိတဲ့လေယာဉ်တွေကိုအနီးနားမှာရှိတဲ့လေဆိပ်ကိုရွေ့ထားရပါတယ်
တရုတ်ကျွမ်းကှင်သူတွေကတော့ဒါဟာအမေရိကန်ရဲ့တိုက်တစ်တိုက်ကနေ နောက်တိုက်တစ်တိုက်ပစ်နိုင်သောဒုံးကျည်(US intercontinental ballistic missile)ရဲ့အပိုင်းအစလို့အခိုင်အမာပြောနေကြပါတယ် :gun :gun
တရုတ်အာဏာပါများကတော့ဒါဟာဘာလည်းဆိုတာကိုသိပါတယ်။စစ်ဘက်ဆိုင်ဖြစ်လို့ပြည်သူတွေကိုအသိပေးမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။
တရားဝန်ကြေညာချက်ကိုတော့ယနေ့သိရမယ်လို့မျှော်မှန်းနေကြပါတယ်
ကိုးကား
-http://www.dailymail.co.uk/sciencetech/index.html
အဆင့်မြင့် ထောက်လှမ်းရေးစက်ရုပ်သစ်
မက်ရှီကန်တက္ကသိုလ်မှ သတင်းထောက်လှမ်းရန်အတွက် စက်ရုပ်တိရိစ္ဆာန်တစ်မျိုးကို တီထွင်ပေးလိုက်တာဖြစ်ပါတယ်။
၎င်းလုပ်ငန်းစဉ်အတွက် အမေရိကန်အစိုးရမှ အမေရိကန်ဒေါ်လာဆယ်သန်းကို ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ အရွယ်မှာခြောက်လက်မသာရှိပြီး ၎င်းတိရိစ္ဆာန်စက်ရုပ်မှာ အချက်အလက်များကို အမြင်၊ အသံနှင့် အနံ့အာရုံတို့ဖြင့် လက်ခံနိုင်မည်ဟုဆိုထားပါတယ်။ သတင်းအချက်အလက်တွေကို ကြိုးမဲ့နည်းဖြင့် ချက်ခြင်းပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ နေရောင်နှင့် လေအားတို့ကိုသုံးစွဲပြီး စွမ်းအင်ရယူမှာဖြစ်ပါတယ်။
 @အင်တာနက်ဂျာနယ်