WELCOME

Showing posts with label phone. Show all posts
Showing posts with label phone. Show all posts

Saturday, March 17, 2012

အခ မဲ့ ဖုန်းဂိမ်းများ--

Thank You Visited My Blog.


ဒီဆိုဒ် လေးကတော့ ဖုန်းနဲ့ ဂိမ်းဆော့ ချင်တဲ့ သူများ အတွက် အခမဲ့ ဖုန်းဂိမ်းလေး တွေကို ဒေါင်းလို့  ၇တဲ့ဆိုဒ်လေး ဖြစ် ပါတယ်--
လိုချင်တဲ့ သူများ အောက်က လင့်လေးကို ကလစ်ပေးပြီး သွားယူလိုက်ပါ----

http://www.cell11.com/

Tuesday, October 11, 2011

ဖုန်းနှင့်ပတ်သက်သောအမေးအဖြေများ


iPhone မှာ Lock code လည်းဖြည်ထားတယ် ဖုန်းလည်းပြောလို့ရတယ်။ ဒါပေမယ့် အခြား Application တွေထည့်လို့မရတာ ဘာကြောင့်ပါလဲ။

iPhone မှာ Lock code ကိုဖြည်ထားရုံနဲ့ Application တွေထည့်လို့မရနိုင်ပါဘူး။ တစ်ခါတစ်လေမှာ Lock code ဖြည်ထားတာက ဖုန်းပြောလို့ရယုံအတွက် Sim Card Lock ကိုပဲဖြည်ထားတာပါ။ အဲဒါကြောင့် ဖုန်းပဲပြောလို့ရတာပါ။ အခြား iPhone Application တွေကို ထည့်ချင်တယ်ဆိုရင်တော့ ဖုန်းကို modified လုပ်သလိုမျိုး jailbreak ပြန်လုပ်မှရပါမယ်။ ဒါမှ Application တွေကိုထပ်ထည့်နိုင်မှာပါ။


CDMA 450 တွေမှာ ဘာကြောင့်ဘက်ထရီက ကြာကြာမခံတာပါလဲ။


CDMA 450 တွေမှာ ဘက်ထရီကြာကြာမခံတာကတော့ သူဖုန်းမှာပါတဲ့ နဂိုဘက်ထရီကိုက အဲလိုဖြစ်နေတာပါ။ ဘက်ထရီသိပ်မကောင်းပါဘူး။ အဲ့ဒါအပြင် CDMA 450 က လိုင်းဆွဲအားပြင်းပါတယ်။ အဲဒီအတွက်ကြောင့် သူက GSM ထက် ဘက်ထရီပိုစားပါတယ်။ အဲဒါကြောင့် ကြာကြာမခံတာပါ။


Sony Ericsson ဖုန်းတွေမှာပါတဲ့ Face Detection စနစ်ဆိုတာဘာပါလဲ။


Sony Ericsson ဖုန်းတွေရဲ့ ကင်မရာတွေမှာပါတဲ့ Face Detection ဆိုတဲ့စနစ်ကတော့ ဓါတ်ပုံရိုက်တဲ့နေရာမှာ ဓါတ်ပုံရိုက်ခံသူတွေ တစ်ဦးချင်းစီရဲ့မျက်နှာတွေကို ကြည်လင်ပြတ်သားရှင်းလင်းအောင် ပြု လုပ်ပေးတဲ့စနစ်တစ်ခုပါ။ အဲဒီ function နဲ့မျက်နှာတွေကို ဖမ်းယူနိုင်ပါတယ်။


ဖုန်းခေါ်လိုက်ရင် လိုင်းမ၀င်ပဲ voice mail message ထားခဲ့ဖို့ပဲပြောနေတာ ဘာကြောင့်ပါလဲ။


ဖုန်းခေါ်လိုက်ရင် လိုင်းမ၀င်ပဲ voice mail message ထားခဲ့ဖို့ပြောနေတာကတော့ ဖုန်းက ဆက်သွယ်မှုပြင်ပဖြစ်နေရင်ဖြစ်တတ်
ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဖုန်းမှာပါတဲ့ voice mail service ကြောင့်လည်း ဖြစ်တတ်ပါတယ်။


Encryption Key ဆိုတာဘာပါလဲ။

ဖုန်းတွေမှာပါတဲ့ Encryption Key ဆိုတာကတော့ ဖုန်းမှာပါတဲ့ ဖုန်း memory နဲ့ card memory ကိုပိတ်တဲ့ function တစ်ခုပါ။ အဲဒီ function ကိုအသုံးပြုပြီးတော့ memory ကို password ပေးပြီး ပိတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုပိတ်တဲ့နေရာမှာတော့ code တွေကအရေးကြီးပါတယ်။ Code မေ့သွားမယ်ဆိုရင် ဘာမှပြန်လုပ်လို့ရမှာမဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ function ကရိုးရိုး password ပေးပြီးပိတ်တာထက် ပိုပြီး security ကောင်းလို့ပါ။


ဖုန်းထဲမှာပါတဲ့ Tunning Control ဆိုတဲ့စနစ်ကဘာပါလဲ။


ဖုန်းထဲမှာပါတဲ့ Tunning Control ဆိုတဲ့စနစ်ကတော့ ဖုန်းကိုလှုပ်လိုက်တာနဲ့ ဖုန်းလာနေရင်ဖြစ်စေ၊ ဖုန်းကို Alarm ပေးထားရင်ဖြစ်စေ ပိတ်သွားနိုင်မယ့် function တစ်ခုပါ။ သူ့ကိုသုံးချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Tunning Control ထဲမှာ silent call ကိုသွားပါ။ အဲဒီထဲကမှ ON/OFF နဲ့ Snoozing call ဆိုတာရှိပါတယ်။ ON လုပ်လိုက်ရင် ဖုန်းအ၀င်ရော Alarm တွေကိုပါ ပိတ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းကိုထိရုံလှုပ်ရုံလေးနဲ့တော့ မရပါဘူး။ သူက screen မှာရှိတဲ့ Accelerometer Sensor ကိုအခြေခံထားတဲ့အတွက် ဖုန်းရဲ့ screen ကို လည်သွားအောင်လုပ်လိုက်မှရပါမယ်။


ဖုန်းထဲမှာ Antivirus တွေကိုအမြဲ Run ထားရင်ဘာဖြစ်တတ်ပါသလဲ။


ဖုန်းထဲမှာ Antivirus တွေကို Run ထားရင်ဝင်လာတဲ့ Virus တွေကို သူကစစ်ပေးသတ်ပေးနေမှာပါ။ ဒါပေမယ့် အဲလို Run ထားတဲ့အတွက် စက်ရဲ့ process တွေကိုတော့ လေးလံသွားစေပါတယ်။ အမြဲတမ်း Run မထားသင့်ပါဘူး။ တစ်ရက်တစ်ခါမဟုတ်ရင် တစ်ပတ်တစ်ခါလောက်မှပဲ Run သင့်ပါတယ်။


5800 ဖုန်းတွေမှာ Wallpaper လုပ်ရင် ဘာကြောင့်အပြည့်မပေါ်ပဲ ပုံကတစ်ဝက် တပျက် ဖြစ်နေရတာပါလဲ။


5800 ဖုန်းတွေမှာ Wallpaper တွေလုပ်တဲ့အခါမှာ Screen အပြည့်မပေါ်ပဲ တစ်ဝက်တပျက်ဖြစ်နေရတာကတော့ ဖုန်းရဲ့ Display Pixel နဲ့ ကိုယ်တင်လိုက်တဲ့ပုံရဲ့ဆိုက်က မညီလို့ဖြစ်ရတာပါ။

jeffymobilephone2.jpg



Barcode ဆိုတဲ့ Function ကဘာလဲ။


Barcode ဆိုတဲ့ Function ကတော့ Code တွေကို ဖတ်တဲ့စနစ်တစ်ခုပါ။ သူကတော့ ဖုန်းအတွက် ၀က်ဘ်ဆိုက်တွေမှာ ဆော့ဖ်ဝဲတွေ ဂိမ်းတွေကိုရှာတဲ့နေရာမှာ အဲဒါတွေအတွက် Download လုပ်မယ်ဆိုရင် Download လုပ်စရာမလိုပဲ Application အတွက် ဖိုင်မှာပါတဲ့ Barcode ကိုဖုန်းမှာပါတဲ့ Barcode function နဲ့ တိုက်ရိုက်ဖတ်ပြီးထည့်နိုင်ဖို့အတွက် လုပ်ပေးထားတဲ့စနစ်တစ်ခုပါ။


Optical Joystick Navigation ဆိုတဲ့စနစ်က ဘာအတွက်လဲ။


Optical Joystick Navigation ဆိုတဲ့စနစ်ကတော့ Sony Ericsson X1 Windows Mobile မှာပါတဲ့ စနစ်တစ်ခုပါ။ သူကတော့ ဖုန်းရဲ့ Navigator Wheel နေရာမှာပါတဲ့ အကွက်နေရာလေးကို ကွန်ပျူတာရဲ့ Mous တစ်ခုလိုအသုံးပြုနိုင်မယ့် Function တစ်ခုပါပဲ။


Touch Screen ဖုန်းတွေနဲ့ အမြင့်ပိုင်းမော်ဒယ်မြင့်ဖုန်းေ
တွမှာ ဂိမ်းအနိမ့်တွေကိုထည့်လို့ရပါလား။

Touch Screen ဖုန်းတွေနဲ့ အမြင့်ပိုင်းမော်ဒယ်မြင့်ဖုန်းတွေမှာ ဂိမ်းအနိမ့်တွေကိုထည့်လို့ရပါတယ်။ ဒါပေမယ့် ဂိမ်းရဲ့မြင်ကွင်းကိုတော့ Screen မှာ အပြည့်မြင်ရမှာမဟုတ်ပါဘူး။ တစ်ဝက်ပဲမြင်ရမှာပါ။ ဖုန်းရဲ့ Screen Resolution နဲ့ ဂိမ်းရဲ့ Resolution မကိုက်လို့အဲလိုဖြစ်ရတာပါ။

jeffymobilephone1.jpg

Proximity Sensor ဆိုတာဘာလဲ။


Proximity Sensor ဆိုတာကတော့ Touch Screen ဖုန်းတွေမှာ ဖုန်းပြောနေတုန်း နားနဲ့ဖုန်းကိုကပ်လိုက်တဲ့အခါ Screen ကို မတော်တဆထိမိလိုက်ရင် ဖုန်းပိတ်သွားတာတို့ အခြား Function တစ်ခုကိုချိန်းသွားတာတို့ကို မဖြစ်အောင် တားဆီးပေးထားတဲ့စနစ်တစ်ခုပါ။ သူကတော့ ဖုန်းရဲ့အပေါ်ဖက်နားမှာ အပေါက်လေးတစ်ခုရှိပြီး သူ့ကိုလက်နဲ့ဖြစ်ဖြစ် တစ်ခုခုနဲ့ ပိတ်မိလိုက်တာနဲ့ Screen ကိုပိတ်ပေးတဲ့စနစ်ပါ။ အဲလို Screen ပိတ်နေတဲ့အချိန်မှာ Touch Screen ကအလုပ်မလုပ်ပါဘူး။ ဖုန်းပြောလို့ ဖုန်းကိုနားနဲ့ကပ်လိုက်ရင် သူ့ကိုပိတ်မိသွားတဲ့အတွက် Screen ကိုနားနဲ့ထိမိလည်း ဘာမှမဖြစ်နိုင်တော့ပါဘူး။

Nokia 5800 မှာ Office Application တွေကို အသုံးပြုတဲ့အခါမှာ error ဖြစ်ဖြစ်နေတာ ဘာကြောင့်ပါလဲ။
Nokia 5800 မှာ Office Application တွေကို သုံးတဲ့နေရာမှာ error ဖြစ်ဖြစ်သွားရတာကတော့ ၅၈၀၀ ဟာ Touch Screen ဖုန်းဖြစ်နေလို့ပါ။ Office Application တွေက Touch Screen ဖုန်းတွေနဲ့ဆို အဲလိုပါပဲ အဆင်မပြေဖြစ်တက်ပါတယ်။


ဖုန်းတွေထဲမှာပါတဲ့ Accelerometer Sensor for Auto rotate ဆိုတဲ့စနစ်က ဘာကိုပြောတာပါလဲ။

ဖုန်းတွေထဲမှာပါတဲ့ Accelerometer Sensor for Auto rotate ဆိုတဲ့စနစ်ကတော့ ဖုန်းနဲ့ ဓါတ်ပုံရိုက်တဲ့အချိန်မှာဖြစ်ဖြစ် ဖုန်းထဲကဓါတ်ပုံတွေကို ကြည့်တဲ့အချိန်တွေမှာပဲဖြစ်ဖြစ် ဓါတ်ပုံကိုကိုယ်လိုချင်တဲ့ View ပုံစံကို ရွှေ့စရာမလိုပဲ ဖုန်းကို စိတ်ကြိုက်လှည့်လိုက်တာနဲ့တင် ဖုန်းရဲ့ Screen မှာပေါ်နေတဲ့ပုံဟာလည်း အလိုအလျောက်လိုက်လှည့်ပေးမယ့် စနစ်တစ်ခုဖြစ်ပါတယ်။


ဖုန်းတွေမှာပါတဲ့ GPS စနစ်နဲ့ AGPS စနစ်က ဘယ်လိုကွာခြားပါသလဲ။


ဖုန်းတွေထဲမှာပါတဲ့ GPS စနစ်ကတော့ GPS Function ကိုအပြည့်အ၀အသုံးပြုနိုင်မှာဖြစ်တဲ့ GPS စနစ်စစ်စစ်ပါ။ AGPS စနစ်ကတော့ Assistant GPS စနစ်လို့ခေါ်ပါတယ်။ GPS စနစ် စစ်စစ်မဟုတ်ပါဘူး။


CDMA 450 ဖုန်းတွေမှာ ဘက်ထရီကကြာကြာမခံတာ ဘာကြောင့်ပါလဲ။ ဖုန်းပူလာကလည်း ဘာကြောင့်ပါလဲ။


CDMA 450 ဖုန်းတွေမှာ ဘက်ထရီကြာကြာမခံတာကတော့ နဂိုကတည်းက CDMA ဖုန်းရဲ့ ဘက်ထရီကဖြစ်တာပါ။ ပြီးတော့ CDMA ကလိုင်းဆွဲအားမြင့်တဲ့အတွက် ဘက်ထရီပိုစားလို့ပါ။ ဖုန်းပူလာရတာကတော့ CDMA ဖုန်းတွေမှာဖြစ်နေကျတစ်ခုလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ CDMA ရဲ့လိုင်းဆွဲအားဟာ GSM ရဲ့လိုင်းဆွဲအားထက် ပိုမြင့်ပြီးပိုပြင်းပါတယ်။ ဒါကြောင့် ဖုန်းပြောချိန်ကြာလာတာနဲ့အမျှ ဖုန်းကလိုင်းဆွဲအားကြောင့် ပူလာတာပါ။

jeffymobilephone3.jpg




ဖုန်းမှာပါတဲ့ကင်မရာတွေမှာ shutter မပွင့်ပဲ screen မှာလည်းမည်းနေတက်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။

ဖုန်းတွေမှာပါတဲ့ ကင်မရာတွေမှာ shutter လည်းမပွင့်ပဲ screen မည်းနေတာကတော့ ဖုန်းရဲ့သက်တမ်းကြာရှည်လာပြီး ကင်မရာအသုံးပြုမှုများလာတာကြောင့် error ဖြစ်နေတာပါ။ ဒီလို shutter error ဖြစ်လာရင် ကင်မရာထဲက function setting ထဲမှာ restart ကိုဖွင့်လိုက်မယ်ဆိုရင်ပြန်ကောင်းလာနိုင်ပါတယ်။


ဖုန်းတွေမှာပါတဲ့ memory card ကို card reader နဲ့ ချိတ်ပြီး data ရွှေ့ပြောင်းလုပ်လို့ရပါသလား။
ဖုန်းတွေမှာပါတဲ့ memory card ကို card reader နဲ့ချိတ်ပြီး data ရွှေ့ပြောင်းလုပ်လို့ရပါတယ်။ အဲဒီမှာအသုံးပြုတဲ့ card reader ကတော့ Universal card reader နဲ့ဆိုပိုအဆင်ပြေနိုင်ပါတယ်။


Bluetooth နဲ့ hand free ကိုသုံးမယ်ဆိုရင် ဘယ်လိုအမျိုးအစားတွေကိုသုံးသင့်ပါသလဲ။ဘယ်အမျိုး အစားတွေကကောင်းပါသလဲ။
Bluetooth နဲ့ Handfree တွေကိုသုံးမယ်ဆိုရင်တော့ singapore made တွေကိုသုံးတာအကောင်း ဆုံးပါပဲ။ china made တွေကတော့ သိပ်ကြာကြာမခံပါဘူး။ ပြီးတော့လိုင်းဆွဲအားကလည်းကွာပါတယ်။ singapore made တွေက လိုင်းဆွဲအားကောင်းပြီး china made တွေကတော့လိုင်းဆွဲ အားသိပ်မကောင်း ပါဘူး။အသံကြည်လင်မှုနဲ့ အကွာအဝေးတွေက ကွာခြားပါတယ်။


ဖုန်းရေစိုသွားခဲ့မယ်ဆိုရင် ပထမဦးဆုံးဘာကိုအရင် လုပ်သင့်ပါသလဲ။
ဖုန်းကရေစိုသွားခဲ့မယ်ဆိုရင်တော့ ပထမဆုံး ဖုန်းရဲ့ battery ကိုအရင်ဆုံးဖြုတ်သင့်ပါတယ်။ ပြီးတော့မှ ရေစိုနေတဲ့အစိတ်အပိုင်းတွေနဲ့ ကတ်ထည့်တဲ့နေရာတွေကိုရေပြောင်အောင်သုပ်သင့်ပါတယ်။ ဖုန်းရဲ့ပါဝါ ကိုအရင်ဆုံးပိတ်တာမျိုး ကိုမလုပ်သင့်ပဲ battery ကို အရင်ဆုံးဖြုတ်တာကအန္တရာယ်ပိုကင်းနိုင်ပါတယ်။

GSM နဲ့ CDMA နှစ် ကတ်တွဲသုံးတဲ့ဖုန်းတွေမှာ GSM ကိုအ၀င်အထွက်ရအောင်လုပ်လိုက်ရင် CDMA ဘက်ကိုထိခိုက်နိုင်ပါသလား။
GSM နဲ့ CDMA နှစ်ကတ်တွဲသုံးတဲ့ဖုန်းတွေမှာဆိုရင် GSM ဖက်ကိုအ၀င်အထွက်ရအောင်လုပ်မယ်ဆိုရင် GSM Setting ထဲက Line 1 နဲ့ Line 2 ထဲက Line 1 ကိုပေးထားလိုက်ရင်ရပါတယ်။ အဲဒီလိုလုပ်လိုက်လို့ CDMA ဖက်ကိုဘာမှထိခိုက်မှုမရှိနိုင်ပါဘူး။


ဖုန်းထဲမှာ ကိုယ်မလိုချင်တဲ့ဖုန်းနံပါတ်ကို ပိတ်ထားလို့ရနိုင်ပါသလား။ ကိုယ်မကိုင်ချင်တဲ့ဖုန်းတွေကို တားလို့ရပါသလား။
ဖုန်းထဲမှာ ကိုယ်မလိုချင်တဲ့ဖုန်းနံပါတ်တွေကိုပိတ်ထားလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ကဖုန်းထဲကနံပါတ်တွေကိုပိတ်ထားမယ်ဆိုရင် ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ဖုန်းနံပါတ်တွေက ကိုယ့်ကိုခေါ်လို့မရနိုင်တော့ပါဘူး။


မိုဘိုင်းဖုန်းတွေမှာပါတဲ့ GPS စနစ်နဲ့ AGPS စနစ်က ဘယ်လိုကွာပါသလဲ။
မိုဘိုင်းဖုန်းတွေမှာပါတဲ့ GPS စနစ်နဲ့ AGPS စနစ်ကမတူပါဘူး။ GPS ဆိုတာက GPS စနစ်အစစ် ပါ။ AGPS စနစ်ကတော့ GPS စနစ်အစစ်မဟုတ်ပါဘူး။ သူ့ကိုတော့ Assistant GPS လို့ခေါ်ပါတယ်။


ဖုန်းထဲမှာပါတဲ့ Bluetooth စနစ်ထဲမှာ Bluetooth with A2DP ဆိုတာဘယ်လိုစနစ်မျိုးလဲ။
ဖုန်းထဲမှာပါတဲ့ Bluetooth စနစ်ထဲမှာ Bluetooth with A2DP ဆိုတာကတော့ ဖုန်းလာတဲ့ချိန်မှာ သီချင်းနားထောင်တဲ့ချိန်မှာ Bluetooth ကိုသုံးမယ်ဆိုရင် နားကြပ်တစ်ဖက်တည်းကြားရမယ့်မိုနိုပုံစံမျိုး မဟုတ်ပဲနားနှစ်ဖက်လုံးကြားရမယ့်စတူဒီယိုစနစ်တစ်ခုပါ။


Bluetooth with A2DP ဆိုတာဘာလဲ။
Bluetooth with A2DP ဆိုတာက Advance Audio Distribution Profile ဖြစ်ပါတယ်။

ဖုန်းတွေမှာ GPS System မပါတာကိုထည့်လို့ရပါသလား။

ဖုန်းတွေမှာ GPS System မပါတာက ဆော့ဖ်ဝဲပိုင်းကမပါတာဆိုရင် ထပ်ထည့်လို့ရပါတယ်။ Hardware ပိုင်းကမပါတာဆိုရင်တော့ ထပ်ထည့်လို့မရပါဘူး ။ ဖုန်းမှာ စလာကတည်းက GPS အတွက် function ပိုင်းကမပါတာဆိုရင်တော့ ထည့်လို့မရနိုင်ပါဘူး။


GSM နဲ့ CDMA နှစ်ကတ်တွဲသုံးတဲ့ဖုန်းတွေမှာ CDMA ကအ၀င်အထွက်ရပြီး GSM က အထွက်မရတာဘာကြောင့်လဲ။
GSM နဲ့ CDMA နှစ်ကတ်တွဲ သုံးတဲ့ဖုန်းတွေမှာ CDMA ကအ၀င်အထွက်ရပြီး GSM က အထွက် မရတာကတော့ GSM Setting ထဲမှာ Line 1 နဲ့ Line 2 ဆိုတာရှိပါတယ်။ Line 2 ပေးထားရင်အထွက် မရပါဘူး။ Line 1 ပေးထားမှ အ၀င်အထွက်ရပါမယ်။


ကတ်နှစ်ကတ်တွဲသုံးတဲ့ဖုန်းတွေမှာ GSM ပြောနေတုန်း CDMA ၀င်လာရင် ဘယ်လိုမျိုးဖြစ်နိုင်မလဲ။
ကတ်နှစ်ကတ်တွဲသုံးတဲ့ဖုန်းတွေမှာ GSM ပြောနေတုန်း CDMA ၀င်လာရင်တော့ call waiting ဆိုပြီး second call တက်လာမှာဖြစ်ပါတယ်။


SMS ပို့တဲ့အခါမှာ အပြည့်မပေါ်ပဲတစ်ဝက်ပဲပေါ်ပြီး some text missing လို့ပေါ်နေတာ ဘာကြောင့်လဲ။
SMS ပို့တဲ့အခါမှာအပြည့်မပေါ်ပဲတ၀က်ပဲပေါ်ပြီး some text missing ဆိုပြီးပေါ်နေတာကတော့ နှစ်ခုဖြစ်နိုင်ပါတယ်။ တစ်ခုက ကိုယ်ပို့တဲ့စာကဟန်းဆက်က လက်ခံနိုင်တဲ့စာလုံးရေ ၁၆၀ ထက် ကျော်နေ လို့မဖတ်နိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တစ်ခါတလေမှာပို့တဲ့ message က အထွက်မှာရပြီး server မှာပြတ်ကျန်နေခဲ့တာကြောင့်လည်းဖြစ်နိုင်ပါတယ် ။

Computer မှာလို office application တွေကို စုံစုံလင်လင်နဲ့ဖုန်းမှာသုံးချင်ရင် ဘယ်လိုဖုန်းမျိုးကို သုံးသင့်ပါသလဲ။

Computer မှာလို office application တွေကိုဖုန်းမှာလည်းသုံးချင်တယ်ဆိုရင်တော့ Nokia ရဲ့ E series ဖုန်းတွေမှာ office application လို့ပါတဲ့ ဖုန်းအမျိုးအစားတွေကိုသုံးမယ်ဆိုရင်တော့ office application တစ်ခုလုံးကိုကွန်ပျူတာလိုသုံးနိုင်မှာပါ။


Walkman Touch Player ဆိုတာဘယ်လို Function မျိုးလဲ။


Walkman Touch Player ဆိုတာကတော့ Sony ericsson ရဲ့ W960 မှာပါတဲ့ function တစ်ခုပါ။ သီချင်းနားထောင်နေတဲ့အချိန်မှာဖုန်းရဲ့ screen မှာအလင်း icon လေးတွေပေါ်လာပြီး Touch နဲ့သုံးနိုင်တဲ့ function တစ်ခုပါ။ ဒါပေမယ့်အဲဒါကသီချင်းနားထောင်တဲ့အချိန် music ပိုင်းအတွက်ပါပဲ။ ကျန်တဲ့ အချိန်မှာမရပါဘူး။


ဖုန်းထဲမှာပါတဲ့ memory ကိုဘယ်လိုခေါ်ပါသလဲ။ Internal memory လို့သိထားပါတယ်။ အခြားအခေါ်အဝေါ်ရှိပါ သလား။


ဖုန်းထဲမှာပါတဲ့ memory ကို Internal memory လို့ခေါ်ပါ တယ်။ အဲဒါအပြင်ကို user memory, shared memory, device memory, built in memory လို့လည်းခေါ်ပါတယ်။ Nokia N95 hand set မှာပါတဲ့ 8GB ရှိတဲ့ memory ကို mass memory လို့ခေါ်ပါတယ်။


ဖုန်းထဲမှာပါတဲ့ VOIP software ကိုဒီမှာသုံးလို့ရပြီလား။


ဖုန်းထဲမှာပါတဲ့ VOIP software ကိုဒီမှာသုံးလို့မရနိုင်သေးပါဘူး။ မြန်မာ့ဆက်သွယ်ရေးကမပေးသေးလို့ပါ။ မြန်မာ့ဆက်သွယ်ရေးကပေးရင်သုံးလို့ရပါပြီ။


မိုဘိုင်းဖုန်းတွေမှာ Handwriting recognition system ဆိုတာဘာလဲ။

မိုဘိုင်းဖုန်းတွေမှာပါတဲ့ Handwriting recognition system ဆိုတာကတော့ဖုန်းရဲ့ screen မှာ pentouch နဲ့ရေးပြီးဖုန်းထဲမှာတင် save ထားနိုင်တဲ့စနစ်တစ်ခုပါ။ ဒီလိုရေးထားတဲ့စာကို message အနေနဲ့လည်းပို့လို့ရပါတယ်။ဒါပေမယ့်လက်ရေးမူနဲ့ တော့ရောက်မှာမဟုတ်ပါဘူး။


Sony Ericsson W 910 မှာစက်လေးသွားတာဘာကြောင့်လဲ။


Sony Ericsson W910 မှာ စက်လေးသွားရတာကတော့ဟန်းဆက်နဲ့ဆော့ဖ်ဝဲကြောင့်ဖြစ်တာပါ။ ဆော့ဖ်ဝဲပြန်ရေးခြင်းနဲ့ဖြေရှင်းနိုင်ပါတယ်။ ဆားဗစ်ဆိုင်တွေမှာ ဆားဗစ်အကုန်လုပ်ရမှာဖြစ်ပါတယ်။ ဖုန်းထဲက data တွေအချက်အလက်တွေဆုံးရှုံးနိုင်ပါတယ်ဆော့ဖ်ဝဲကို ပြန်ပြင်မယ်ဆိုရင် လေးသောင်းခွဲဝန်းကျင်လောက်ကျပါမယ်။ ဆော့ဖ်ဝဲကိုပြန်ပြင်မယ်ဆိုရင်တစ်ရက်လောက်ကြာပါမယ်။


Prepaid card တွေရဲ့ message center နံပါတ်ကဘာလဲ။

Prepaid card တွေရဲ့ message centereံပါတ်ကတော့ +9595930003 ဖြစ်ပါတယ်။


Nokia 6120 မှာ music palyer ဖွင့်လို့မရတာဘာကြောင့်လဲ။

Nokia 6120 မှာ music player ဖွင့်လို့မရတာကတော့ memory card မကောင်းတော့လို့ဖြစ်ပါတယ်။ memory card ကို လဲလိုက်မယ်ဆိုရင်ဖြေရှင်းနိုင်ပါမယ်။


ဖုန်းထဲမှာရှိတဲ့ဖိုင်တွေ ကိုမမြင်အောင်လုပ်လို့ရပါသလား။

ဖုန်းထဲမှာရှိတဲ့ဖိုင်တွေကိုမမြင်အောင်လုပ်လို့ရပါတယ် ဒါပေမယ့် Smart ဖုန်းအမျိုးအစားတွေမှာပဲလုပ်လို့ရနိုင်ပါတယ် Smart ဖုန်းတွေမှာဖိုင်ဖွက်လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။ အဲဒီဆော့ဖ်ဝဲကတော့ Best Crypto ဖြစ်ပါတယ်။


ဖုန်းတွေမှာပါတဲ့ ringtone တွေမှာ Polyphonic tone နဲ့ MP3 tone ကဘာကွာပါသလဲ။

ဖုန်းတွေမှာပါတဲ့ ringtone တွေမှာ Polyphonic tone ကတော့ တီးလုံးသံစဉ်တွေ ပဲပါပြီး MP3 tone ကတော့ တခြားလူသံနဲ့သီချင်းသံတွေကိုပါထည့်သွင်းနိုင်မှာဖြစ်ပါတယ်။


jeffymobilephone3.jpg


Sony Ericsson မှာပါတဲ့ Shake Control ကဘာလဲ။

Sony Ericsson မှာ ပါတဲ့ Shake Control ကတော့ သီချင်းကိုကျော်တဲ့ Function တစ်ခုပါ။ ဖုန်းရဲ့ထိပ်မှာပါတဲ့ ခလုတ်ကိုဖိပြီးဒီ Function နဲ့ ဖုန်းကိုကိုင်ပြီး သီးချင်းကျော်ချင်တဲ့ဖက်ကို လက်ကိုရမ်းပေးယုံနဲ့ သီချင်းကိုတစ်ပုဒ်ချင်းကျော်ပေးနိုင်မယ့် Function တစ်ခုပါ။


Shake Control System က ဘာကိုအခြေခံပြီး လုပ်ထားတာလဲ။ ဘယ်ဖုန်းတွေမှာပါတတ်လဲ။


Shake Control System ကတော့ Accelerometer ကို အခြေခံပြီးထုတ်ထားတဲ့ Function တစ်ခုပါ။ Sony ရဲ့ W series တွေမှာပါတတ်ပါတယ်။ W 910, W580 တွေမှာပါပါ တယ်။


Accelerometer Sensor For Auto-Rotate ဆိုတာဘာလဲ။


Accelerometer Sensor Fro Auto-Rotate ဆို တာကတော့ ဖုန်းရဲ့ Screen မှာ ပေါ်တဲ့ပုံတွေကို လိုက်လှည့်ပေးစာရာမလိုပဲနဲ့ အလိုအလျှောက်လှည့်ပေးနိုင်တဲ့ စနစ်တစ်ခုပါ။


Sony Ericsson မှာရော Hand Shake ကိုကာကွယ်နိုင်ပါသလား။


Sony Ericsson မှာဆိုရင်တော့ Sony Ericsson G700 မှာ Image Stabiliser ပါတာတွေ့ရပါ တယ်။ ကျန်တဲ့ဟာတွေမှာတော့ မတွေ့သေးပါဘူး။


မိုဘိုင်းဖုန်းတွေမှာပါတဲ့ T9 Function က ဘာအတွက်သုံးတာလဲ။


မိုဘိုင်းဖုန်းတွေမှာပါတဲ့ T9 Function ဆိုတာကတော့ Message ပို့တဲ့နေရာမှာ စာရိုက်ဖို့အတွက် အဆင်ပြေအောင် လုပ်ပေးထားတဲ့ Function တစ်ခုပါ။ ဒီ Function ကိုသုံးမယ်ဆိုရင်တော့ဖုန်းနဲ့ စာရိုက်တဲ့အခါမှာ အင်္ဂလိပ်စာလုံးတွေကို လိုက်ရှာနေစရာမလိုဘဲ ကိုယ်လိုချင်တဲ့စာလုံးကိုနှိပ်ယုံနဲ့ဖုန်းက သူ့ဟာသူရှာပေးနိုင်မယ့် စနစ်တစ်ခုပါ။


ဖုန်းမှာTrack ID Music Recognitionာ ဆိုတဲ့ funciton ကဘာလုပ်တဲ့ဟာလဲ။


Track ID Music Recognition ဆိုတာကတော့ ဖုန်းထဲကို သီချင်းတွေ download ထည့်သွင်းတဲ့အခါမှာ သွင်းတဲ့သီချင်းရဲ့စီးရီးနာမည်နဲ့ သီးချင်း နာမည်ကိုမသိရင် Internet မှတစ်ဆင့်ရှာနိုင်တဲ့ စနစ်တစ်ခုပါ။ ဒီမှာတော့ သုံးလို့သိပ်အဆင်မပြေပါဘူး။ ဒီမှာက GPRS စနစ်သုံးလို့သိပ်အဆင်မပြေလို့ပါ


Security Keyguard ကိုသုံးတာကောင်းပါသလား။ code ကိုမေ့သွားရင် ပြန်ပြင်နိုင်ပါသလား။


Security Keyguard ကို သုံးတာတော့ကောင်းပါတယ်။ code ကိုမေ့သွားခဲ့ရင်လည်း software ပြန်ပြင် ရေးလို့ရပါတယ်။


မိမိဖုန်းက အခေါ်နည်းပေမယ့် ဖုန်းဘီလ်အဆမတန် တက်နေတာဘာကြောင့်ပါလဲ။

ဖုန်းကအခေါ်နည်းပြီးတော့ ဖုန်းဘီလ်တက်နေတာကတော့ ဖုန်းကိုပြန်ပြီးစစ်ဆေးသင့်ပါတယ်။ phone card ကို ပွားထားခြင်းကြောင့်၊ ဒါမှမဟုတ် ဖုန်းကအခေါ်နည်းပေမယ့်လည်း ပြောချိန်ကြာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


Message မှာ message content ပေါ်ပြီးတော့ ကိုယ်ပို့တဲ့ message ကိုရောက်ရှိကြောင်းမပြဘဲ၊ message မရောက်တာဘာကြောင့်လဲ။


Message content ပေါ်ပြီးတော့ message မရောက်တာကတော့ တစ်ခါတရံမှာကိုယ်ပို့တဲ့ center ဖုန်းနံပါတ်မှာ 09 ကို ဖြုတ်ပြီးပို့ကြည့်ပါ။ တစ်ခါတလေမှာ message center ရဲ့ဖုန်းနံပါတ်မှာ 09 ပါ နေရင် message ပို့လို့မရတတ်ပါဘူး။


အင်ဗာတာနဲ့ ဖုန်းအားသွင်းရင် ဘာဖြစ်နိုင်ပါသလဲ။
အင်ဗာတာနဲ့ ဖုန်းအားမသွင်းသင့်ပါဘူး။ အင်ဗာတာတို့၊ မီးစက်တို့က မီးအားမငြိမ်ပါဘူး။ အခုနောက်ပိုင်း မှာလာတဲ့ ဖုန်းအားသွင်းစက်တွေက Coil Type တွေမဟုတ်တော့ဘဲ Circuit Type တွေဆိုတော့ မီးအား မငြိမ်ရင် အပျက်များပါတယ်။ ဖုန်းရဲ့ဘက်ထရီကိုလည်းထိခိုက်နိုင်ပါတယ်။ အရေးကြီးအခြေအနေတွေနဲ့ မဖြစ် မနေမှသာသွင်းသင့်ပါတယ်။


"112" Emergecy call ဆိုတာ ဘယ်အချိန်မှာခေါ်လို့ရပါသလဲ။
"112" Emergecy call ကို Local မှာတော့သုံးလို့မရနိုင်ပါဘူး။ တခြားနိုင်ငံတွေမှာဆိုရင်တော့ Sim card မရှိဘဲလည်း ခေါ်လို့ရနိုင်ပါတယ်။


Reset Setting ဆိုတာ ဘာအတွက်ပါလဲ။
Reset Setting ဆိုတာက ဖုန်းရဲ့ပုံမှန်အခြေအနေမှာ သုံးဖို့မလိုအပ်ပါဘူး။ Smart phone တွေမှာလုံးဝ phone hang သွားပြီဆိုမှသုံးတဲ့ setting မျိုးပါ။


GSM ဖုန်းနဲ့ အင်တာနက်ချိတ်နိုင်ပါသလား။ Anti Virus software ကို ဖုန်းတိုင်းမှာတင် လို့ရပါသလား။

GSM ဖုန်းနဲ့ အင်တာနက်ချိတ်လို့ရပါတယ်။ Anti Virus Software ကို ဖုန်းတိုင်းမှာတင်လို့ရပါတယ်။ ဒါပေမယ့် smart ဖုန်းတွေမှာပဲ virus ကိုက်တာများတဲ့အတွက် smart ဖုန်းတွေအတွက်ပဲလိုအပ်ပါတယ်။ Java ဖုန်းတွေအတွက်တော့ သိပ်မလိုပါဘူး။

Smart Phone ထဲမှာ Sim card ထည့်ထားပေမယ့် offline ဖြစ်ပြီး Signal မတက် တာကို ဘယ်လိုလုပ်ရမလဲ။


Nokia phone တွေ မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာ တစ်ခုဖြစ်တဲ့ Sim card ထည့်ထား ပေမယ့် Offline ဖြစ်ပြီး Signal မတက်တာတွေအတွက် အဲဒီ hand set ရဲ့ အပေါ်ထိပ်မှာရှိတဲ့ power patten ကို တစ်ချက်ဖိရ ပါမယ်။ အဲဒီလိုဖိလိုက်ရင် profile ကို ပြောင်းလို့ရတဲ့ seeting ပေါ်လာပါမယ်။ အဲဒီ Setting ထဲ မှာ General ကို နှိပ်လိုက်ပါ။ အဲဒီ အခါကျရင် ok ပေါ်လာပါလိမ့် မယ်။ Ok ကို နှိပ်လိုက်ပါ။ Ok ထဲ ကမှ yes ကို နှိပ်လိုက်ပါ။ Offline ကနေ online ဖြစ်ရလာပါလိမ့် မယ်။


Phone မှာပေါ်နေတဲ့ Digital နာရီကို Anlog ပြောင်း ချင်ရင် ဘယ်လိုပြောင်းရမလဲ။


Phone မှာပေါ်နေတဲ့ Digital နာရီကို Anlog ပြောင်း ချင်တယ်ဆိုရင်တော့ ပထမဆုံး menu ထဲကို ၀င်ရပါမယ်။ Menu ထဲမှ Setting ထဲကို ထပ်ပြီးဝင်ရ ပါမယ်။ Setting ထဲမှာ Date and time ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲဒီထဲကမှ Clock Type ထဲကိုဝင် ပြီး Digital ကို Anlog ပြောင်း ပေးလိုက်ရင် ရပါပြီ။


Say Caler's name ဆိုတာ ဘယ်လိုသုံးရပါမလဲ။


Say Caler's name ဆိုတာကတော့ ဖုန်းခေါ်တဲ့လူရဲ့ နာမည်ကို ဖုန်းက အရင်ဆုံးပြော ပါလိမ့်မယ်။ ပြီးတော့မှ ဖုန်းသံ ဆက်မြည်မယ့်စနစ်ပါ။ ဒီ function ကို သုံးဖို့အတွက် name နဲ့ phone နံပါတ်ကို အရင်ဆုံးမှတ်ရ ပါမယ်။ ဒီ function ကို သုံးချင် တယ်ဆိုရင်တော့ menu ထဲကိုဝင် ပါ။ menu က ထဲမှာ Tool ထဲကိုဝင် ပါ။ Tool ထဲမှာ profile ကို နှိပ် ပါ။ Profile ထဲမှ General ထဲကို ၀င်ပါ။ General ထဲမှာ personalize ကို ၀င်လိုက်ရင် Say Caler's names ဆိုတာရှိပါတယ်။ အဲဒီထဲမှာ off ကို on ပြောင်း လိုက်ရင် သုံးလို့ရပါပြီ။


Smart ဖုန်းတွေမှာ Auto key pad log ကို သုံးချင်ရင် ဘယ်လိုဖွင့်ရပါ မလဲ။


Smart ဖုန်းတွေမှာ Auto key pad log ကို သုံးချင် တယ်ဆိုရင်တော့ menu ထဲကို ၀င်ပါ။ အဲဒီထဲကမှ Tool ထဲသို့ ၀င်ပါ။ Tool ထဲကမှ Setting ထဲ သို့ သွားပါ။ Setting ထဲမှာ phone and sin ဆိုတာ တွေ့ပါ လိမ့်မယ်။ အဲဒီထဲကမှ Auto log perious ထဲကို ၀င်ပြီး user defined ပြောင်းလိုက်ပါက အချိန် တောင်းမှာဖြစ်ပါတယ်။ မိမိလိုချင် တဲ့ အချိန်ကို ပေးထားနိုင်ပါပြီ။


Anykey answer ဆိုတာ ဘာကိုခေါ်တာပါလဲ။


Anykey answer ဆိုတာ ဖုန်းကို ပုံမှန်အားဖြင့် အ၀င် call ၀င်သည့်အခါတွင် နှိပ်ရသည့် ခလုတ်ကို နှိပ်စရာမလိုဘဲ ကြိုက် နှစ်သက်ရာ keypad အပေါ်မှ ခလုတ်ကို နှိပ်လိုက်ခြင်းအားဖြင့် အ၀င် call ကို လက်ခံနိုင်မှာဖြစ်ပါ တယ်။ Anykey answer ကို အသုံးပြုမယ်ဆိုရင် on/off နှစ်ခု ရှိရာတွင် on ကို ဖွင့်ထားမယ်ဆို ရင် သုံးနိုင်မှာဖြစ်ပါတယ်။


Smart phone မှာ content တွေကို ဘယ်လိုပြောင်း ရွှေ့မလဲ။


Smart phone ထဲမှာ ရှိတဲ့ ရာချီနေတဲ့ဖုန်းနံပါတ်တွေ၊ မှတ်စုတွေကို တခြားဖုန်းတစ်လုံး သို့မဟုတ် ဖုန်းအသစ်တစ်လုံး အတွင်းသို့ ပြောင်းရွှေ့မည်ဆိုပါက အခက်အခဲရှိနိုင်သည်။ အဘယ် ကြောင့်ဆိုသော် တစ်ခုချင်းစီကို ဖွင့်၍ content အတွင်းရိုက်ထည့် နေရမည်ဖြစ်သောကြောင့်ဖြစ်သည်။၎င်းဒုက္ခမှ ကင်းဝေစေရန် content ကို software ဖြင့် တစ်ဖုန်း နှင့် တစ်ဖုန်းပြောင်းရွှေ့နိုင်သည်။ပြောင်းရွှေ့ပုံမှာ menu ထဲမှာရှိတဲ့ Tool ထဲမှာ Transfer ဆိုတာကို Setting ထဲကနေတစ်ဆင့် တစ်ဘက် ဖုန်းသို့ Bluetooth မှပို့ခြင်း ဖြစ်ပါတယ်။


Smart phone ထဲမှာ ပါတဲ့ Quick time office ကို ဘယ်လို run မလဲ။


Smart phone ထဲမှာ ပါတဲ့ quick time office , microsoft ရဲ့ Word file များ၊ Excel file များကို ဖွင့်၍ကြည့်နိုင် မှာဖြစ်ပါတယ်။ N-series ဖုန်းများ တွင် quick time office ပါဝင်၍ ၎င်းသည်ဖွင့်၍ကြည့်ရှုရန်သာ အဆင်ပြေပြီး edit ပြုလုပ်၍ မရ ပေ။ E-series ဖုန်းများတွင်တော့ ဖွင့်၍ကြည့်ရှုနိုင်သည့်အပြင် file အတွင်းရှိ အချက်အလက်များကို လည်း edit ပြုလုပ်နိုင်မှာဖြစ်ပါ တယ်။


ဖုန်းထဲမှာရှိတဲ့ လက်ရှိ သုံးနေတဲ့ ဆော့ဖ်ဝဲ version အမျိုးအစားထက် ပိုမြင့်တဲ့ version ထပ်တိုးလိုက်ရင် ဘာတွေ ပိုရနိုင်မှာလဲ။


ဖုန်းမှာလက်ရှိသုံးနေတဲ့ version ကို ထပ်တိုးလိုက်မယ်ဆို ရင် ပထမဦးဆုံး software bug လို့ခေါ်တဲ့အရာတွေပျောက်သွား မယ် (သို့မဟုတ်) နည်းသွားနိုင် တယ်။ အကယ်၍ version မပြောင်းခင်က လိုင်းအားကျနေ မယ်ဆိုရင် version upgrade လုပ်လိုက်တာနဲ့ ဖုန်းလိုင်းအားဟာ ပိုပြီးတက်သွားမှာ ဖြစ်ပါတယ်။ Application, Game များထည့် သွင်းသည့်အခါ ယခင်က စွမ်းအား လျော့နည်း၍ လုပ်ဆောင်အား နှေးကွေးနေမည်ဆိုပါက upgrade လုပ်လိုက်ခြင်းအားကြောင့် application, game များ သုံးစွဲ ရာတွင် ပို၍လျင်မြန်သွားမည်ဖြစ် သည်။


ဖုန်းထဲမှာသုံးတဲ့ Memory Card တွေက ကွန်ပျူတာထဲရောက်ရင် ဘာလို့မပေါ်တာလဲ။


ဖုန်းထဲမှာ memory card ကို password ပေးထားလို့ ကွန်ပျူတာထဲမှာမပေါ်တာပါ။ ဘယ်လိုဖြေရှင်း ရမလဲဆိုရင် ဖုန်းထဲမှာ memory card ရှိတဲ့နေရာကိုသွားရပါမယ်။ ရောက်လျှင် option ခေါ်ပြီးတော့ Delete password ကို select ပေးပြီး မိမိထည့်ထားတဲ့ password ကိုပြန်ပေးလိုက်ရင် password ပျက်သွားပါ မယ်။ အဲဒီတော့မှ Memory card က ကွန်ပျူတာထဲမှာပေါ်ပြီး Data တွေ transfer လုပ်နိုင်ပါမယ်။


စမတ်ဖုန်းတွေမှာ call log မပေါ်တာ ဘာကြောင့်ပါလဲ။


Log Setting ထဲမှာ No Log ကို ရွေးထားလို့ပဲဖြစ်ပါတယ်။ ဖြေရှင်းချင်ရင်တော့ Menu ထဲက Log ကို select ပေးရပါမယ်။ ပြီးလျှင် option ခေါ်ပြီး setting ကိုရွေးပေးပါ။ No log လို့ပေါ်နေတာကို select ပေးပြီး Log Turation သတ်မှတ်ပေးလိုက်ရင် call log ပြန်ပေါ်လာပါလိမ့်မယ်။


Nokia ဖုန်းတွေမှာ Sim Card ထဲက Content တွေမပေါ်တာ ဘာကြောင့်ပါလဲ။


Content ထဲက Setting ထဲမှာ Memory in use ကို ဖုန်းတစ်ခုထဲရွေးထားလို့ဖြစ်ပါတယ်။ Memory in use နေရာမှာ phone and sim ကိုရွှေ့လိုက်ရင် content တွေပေါ်လာပါလိမ့်မယ်။


အချို့စမတ်ဖုန်းတွေမှာ wallpaper တွေ change လို့မရတာ ဘာကြောင့်လဲ။


စမတ်ဖုန်းများမှာ wallpaper တွေချိန်းလို့ရပါတယ်။ ဒါပေမယ့် အချို့ဖုန်းတွေမှာ မူလပါတဲ့ wallpaper ကိုချိန်းချင်ရင် အရင်းနှီးဆုံး wallpaper ကိုဖျောက်ပြီး ပြန်တင်ရပါတယ်။ ပြုလုပ်ပုံကတော့ menu ထဲက tool ထဲကိုဝင်ပြီး themes ထဲကိုဝင်ပါ။ လက်ရှိအသုံးပြုနေတဲ့ themes ကို edit မှာ wallpaper ကို defult လုပ်လိုက်ရင်ပျောက်သွားပြီး မိမိပြောင်းချင်တဲ့ wallpaper ကိုပြန်တင်နိုင်ပါတယ်။


Nokia ဖုန်းများတွင် လူတစ်ယောက်ချင်းစီအတွက် အသံများသတ်မှတ်ရအောင် ဘယ်လို လုပ်ရမလဲ။

Nokia ဖုန်းများမှာ အရင်ကလူတစ်ယောက်ချင်းစီအတွက် အသံ melody များသတ်မှတ်နိုင်ခြင်းက အရင် မော်ဒယ်အနိမ့်တွေမှာ ပြုလုပ်လို့မရပါဘူး။ ဒါပေမယ့် Sony Ericsson ကိုင်ဆောင်သူတွေကတော့ အသုံးပြု လို့ရနိုင်ပါတယ်။ Sony Ericsson မဟုတ်ဘဲ မိမိဖုန်းက Nokia ဆိုရင် 6300 မော်ဒယ်ကနေအထက် နောက် ပိုင်းထွက်လာတဲ့ဖုန်းတွေမှာ သုံးလို့ရအောင်လုပ်လို့ရပါတယ်။ ပြုလုပ်ရမယ့်ပုံကတော့ ဖုန်းထဲက content ထဲကိုဝင်လိုက်ပြီး add detail ထဲမှာ မိမိဖွင့်လိုတဲ့အရာကို select ပေးထားလိုက်မယ်ဆိုရင် သုံးလို့ရနိုင်မှာဖြစ်ပါ တယ်။


Music Player ထဲကို သီချင်းတွေအကုန်မရောက်သေးရင် ဘယ်လိုလုပ်ရမလဲ။


Music Player ထဲကို ဖုန်းထဲမှာရှိတဲ့ သီချင်းတွေအကုန်လုံးမရောက်သေးဘူးဆိုရင် music player ကို update ပြုလုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။ Music player ကို update ပြုလုပ်လိုက်ရင် မှတ်ဉာဏ်ကတ်အတွင်း တွင်ရှိသော သီချင်းများအားလုံးကို Music Player ထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ Music player ထဲက option ထဲက update music library ကိုပြောင်းလိုက်မယ်ဆိုရင် ဖုန်းတစ်ခုလုံးမှာရှိတဲ့ သီချင်းတွေကို music player ထဲကိုရောက်ရှိနေမှာဖြစ်ပါတယ်။


ဖုန်း message file size ကြီးကြီးပိုချင်ရင် ဘယ်လိုလုပ်ပါသလဲ။


ဖုန်းထဲမှာ memory နည်းနေတဲ့အချိန်မှာ တစ်ဖက်ဖုန်းမှ file size ကြီးကြီးပို့မယ်ဆိုရင် အချို့ကလက်မခံ နိုင်ဘဲဖြစ်နေတတ်ပါတယ်။ အကယ်၍ လက်ခံချင်တယ်ဆိုရင် smart phone ဖြစ်ရမည်ဖြစ်ပြီး မှတ်ဉာဏ်ကတ် ပါဝင်လျှင် ပိုမိုသင့်တော်မှာဖြစ်ပါတယ်။ ဖုန်းအတွင်း internal memory နည်းနေလျှင် ကတ်ထဲသို့လမ်းကြောင်း လွှဲပေးခြင်းဖြစ်ပါတယ်။ ပြုလုပ်ပုံက ာန််ေါန ထဲမွာ message setting ထဲက other save message ထဲမွာ phone memory card ကိုရွေးပြီး လမ်းကြောင်းပေးလိုက်ရင် ပို့လို့ရနိုင်မှာဖြစ်ပါတယ်။


ကင်မရာရဲ့ Picture folder ထဲဝင်အောင် ဘယ်လိုလုပ်ရပါသလဲ။


မိမိရိုက်သမျှ ကင်မရာထဲမှဓာတ်ပုံတွေကို အခြားနေရာတွေထဲကိုပြန့်ကြဲမနေစေဘဲ phone ထဲမှာ သတ်မှတ် ထားတဲ့ picture folder ထဲကိုရောက်အောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။ ပြုလုပ်ပုံက camera ထဲမှ camera setting ထဲကိုဝင်ပြီး image video storage တွင် default folder ကို other ကိုပြထားမယ်ဆိုရင် image ကိုရွေးချယ်၍ picture folder ကိုလမ်းကြောင်းပေးလိုက်မယ်ဆိုရင် ကင်မရာကရိုက်သမျှဓာတ်ပုံတွေ picture ထဲကိုရောက်မှာဖြစ်ပါတယ်။


အချို့ဖုန်းများ၌ ဖုန်းခေါ်သံ ningtones များအတွက် အသင့် preloaded အချို့ဖုန်းများ၌ မိမိအလိုရှိရာ ringtones များကို ထည့်မည်ဆို လာထည့်သွင်းနိုင်ရန် ခွင့်ပြုထားသည်။ ယင်းသို့ထည့်သွင်းရန် built in composer နဲ့ writing notes ရေး၍ ဖြစ်စေ special SMS, MMS များမှ download ချ၍ဖြစ်စေ၊ အင်တာနက်မှ download ချ၍ဖြစ်စေ ရယူနိုင်သည်။ အလွယ်ကူဆုံး custom ringtones ရယူနည်းမှာ USB data cable, Bluetooth နှင့် Memory Card reader များမှ ရယူကူးထည့်ခြင်း ဖြစ်သည်။ သတိပြုရမည့်အချက်မှာ မိမိဖုန်းအနေဖြင့် ယင်း custom ringtones များ၏ file formats များအား Support လုပ်ပေးနိုင်ခြင်းရှိမရှိ ကြိုတင်ဆန်းစစ်ရန် ဖြစ်သည်။