WELCOME

Showing posts with label Photoshop. Show all posts
Showing posts with label Photoshop. Show all posts

Saturday, March 17, 2012

Photoshop မှတ်စု(၂)

Thank You Visited My Blog.
  Photoshop မှတ်စု () လေးကို အောက်ပါ တင်ပေးလိုက်ပါတယ်----
အသုံးတည့်တဲ့ သူများ  PDF ဖိုင်လေး နဲ့  အောက်က download လင့်လေးကနေ ယူသွားလိုက်ပါ---






Photoshop မှတ်စု (၁)

Thank You Visited My Blog.


  Photoshop မှတ်စု() လေးကို ဖော်ပြပေးထားပါတယ်---Photoshop နှင့်ဆိုင်သော လုပ်ပုံလုပ်နည်းလေးများ ကိုေ၇းသား ထားတာ ဖြစ်ပါတယ်----
လိုအပ်တဲ့ သူများ PDF ဖိုင်လေးနဲ့  အောက်က download လင့်လေးကနေ ယူသွားလိုက်ပါ----


< download PDF >

Friday, October 14, 2011

ရွှေအိုရောင်လို မှုန်းတဲ့စာသား


ဒီတစ်ခေါက် Tutorial ကတော့ Crushed Gold Text လို့တင်စားရမယ့် လိမ်တွန့်ကြွေပြုန်း ရွှေစာလုံးပဲဖြစ်ပါတယ်။
၁) ထို့အတွက် Background Color ကို #3c0101 ထားပါ။ နီညိုရောင် ခပ်ရင့်ရင့်ဖြစ်ပါသည်။ လိုအပ်သော Text ကို အဖြူဘက်သန်းသော Grey Color တစ်ခုပေး၍ ရိုက်ပါ။ Width ထူသော Text ဖြစ်က ပိုကောင်းပါသည်။
၂) ထို Text ကို (Filter > Stylize > Diffuse) နှင့် (Filter > Distort > Ripple) စသည့် Effect များထည့်ပါ။ ပုံအတိုင်းတွေ့ရမည်။
၃) ပြီးလျှင် Blending Options သို့ဝင်ပြီး အောက်ပါအတိုင်း Layer Styles များကိုထည့်ပါ။ ပထမဦးဆုံး Drop Shadow ကိုဝင်ပါ။ လိုအပ်သော Angle, Distance, Size များကို ပြင်ပါ။
၎) Bevel & Emboss အတွက် Technique ကို Chisel Hard သို့ပြောင်းပြီး Depth=300 နှင့် Size=9 သို့ပြောင်းပါ။ ပုံ၏ Resolution နှင့် Text Width ကို လိုက်ပြီး အတိုးအလျှော့လုပ်နိုင်ပါသည်။ (Highlight Mode Color = #e5d266, Color Dodge) နှင့် (Shadow Mode Color = #5a3015) များသို့ထားပါမည်။
၅) Bevel & Emboss အတွက်လိုအပ်သော Texture ကို Wrinkles နှင့် Scale ကို 150, Depth ကို -5 သို့ ပြောင်းပါ။
Satin အတွက် လိုအပ်သော Color မှာ #254e46 ဖြစ်သည်။ ရွှေရောင်မှာ အမှန်အားဖြင့် လိမ္မော်ရောင်သမ်းသောကြောင့် Shadow အနေဖြင့် Satin Color ကို အစိမ်းဖက်သမ်းသောအရာင်ကို ရွေးရခြင်းဖြစ်ပါသည်။ ပြီးလျှင် (Opacity=61) (Angle=132) (Distance=38) (Size=59) (Contour=Ring) စသည်ဖြင့် ပြောင်းပါ။
၆) ပြီးလျှင်Pattern Overlay သို့ဝင်ပြီး Wood Pattern ကိုရွေးပါ။ အကယ်၍ Wood Pattern ကိုမတွေ့ပါက Preset setting ကို Reset လုပ်ဖို့လိုအပ်ပါလိပ့်မည်။
အထက်က အဆင့် (၃) မှ (၆) အထိ တစ်ခုမကျန်ပြုလုပ်ခဲ့လျှင်တော့ အောက်ပါအတိုင်း ရွှေရောင် Text ကိုတွေ့ရပါမည်။ သို့သော်ပို၍သဘာဝကျ စေရန် Lighting Effect အနည်းငယ် ထည့်ပါမည်။
၇) သို့အတွက် (Layer > Flatten Imgae) ကို လုပ်ပြီး Layer များကိုပေါင်းလိုက်ပါ။ ပြီးလျှင် (Filter > Render > Lighting Effect) သို့ဝင်ပါ။ Light Type ကို Omni သို့ပြောင်းပြီး လိုအပ်သော Lighting Intensity ကိုပေးပါ။ ကျန်တာအားလုံး Default Setting များသာဖြစ်သည်။
Diffuse, Distort များမပါဘဲ ဖန်တီးထားသော Gold Text တစ်ခုကို အောက်မှာနမူနာဖော်ပြပေးလိုက်ပါတယ်။ ဒီပုံကိုတော့ Omni Lighting ၃ခုနဲ့ ဖန်တီးထားပါတယ်။ Design ကောင်းတစ်ခုဆိုတာ ဖန်တီးသူရဲ့ Creativity, Flexibility, Patience, Feeling, Mood စတာတွေအပေါ်မှာ မူတည်ပါတယ်။ သင့်စိတ်ကူးတွေ ဖွင့်ထုတ်နိုင်သရွေ့ Design ခပ်မြူးမြူးတွေ လွှင့်ထုတ်နေနိုင်မှာပါ။

ရှင်းရှင်းလေးဖြစ်အောင်

အဲဒါအတွက် Desktop Wallpaper အရွယ် (1280 x 800 pix) New File တစ်ခုဖွင့်လိုက်မယ်။ Background Color ကို ခင်ဗျားတို့ကြိုက်မယ့် မိတ်ကပ်ရောင် ခပ်ပြေပြေလေး (#EDDBB0) ထည့်လိုက်မယ်။

ပြီးရင် (3 x 3 pix) New File တစ်ခုနဲ့ Diagonal Scan Line Pattern တစ်ခုကို ဖန်တီးမယ်၊ Layer အသစ်တစ်ခုထပ်ခေါ်ပြီး Fill လုပ်လိုက်မယ်။ ဒါမှ ခေတ်ဆန်တဲ့ အသွင်သဏ္ဍာန်မျိုးကို ရမှာ...။ (မှတ်ချက်။ Horizontal Scan Line Pattern ဖန်တီးခြင်းအား Special Effect ထဲမှ Tutorial သင်ခန်းစာ (၁၀) တွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။)
ပြီးရင် အရောင်တွေ စုံသွားအောင် နောက်ထပ် New Layer တစ်ခုခေါ်ပြီး သက်တန့်ရောင် Transparent Rainbow နဲ့ Gradient Fill လုပ်လိုက်မယ်။
ပြီးရင် Filter > Blur > Gaussian Blur နဲ့ ၀ါးပစ်မယ်။ Pixel Size က အများဆုံးဖြစ်တဲ့ 250 pix ဖြစ်တယ်။ အဲဒါပြီးတော့ အဲဒီ Layer မှာပဲ Layer Mask တစ်ခုခေါ်ပြီး Soft Rounded Brush နဲ့ မိတ်ကပ်ရောင်လေးပြန်ပေါ်လာအောင် ခပ်ပြေပြေလေး ဖျက်ပစ်ပါမယ်။ ပြီးရင်တော့ ဒီအတိုင်း တွေ့မှာပေါ့ဗျာ။
ပြီးရင် စောစောက ဓာတ်ပုံလေးကို Copy ကူးပြီး ထည့်လိုက်မယ်။ ဒီမှာ အရေးအကြီးဆုံး လုပ်ရမှာက စောစောက လုပ်ထားတဲ့ Layer တွေ (Background Layer အပါအ၀င်) အားလုံးကို ခဏပိတ်ထားပြီး အဲဒီ လူပုံရှိတဲ့ Layer ကိုပဲ ဖွင့်ထားရပါမယ်။

ပြီးရင်တော့ Channel Tab ထဲကို သွားပြီး Red, Green, Blue Channel သုံးခုထဲက အတောက်ပ၊ အဖြူစင်ဆုံး Channel ကိုရွေးမယ်။ ဒီပုံမှာတော့ အနီရောင် Red Channel ဖြစ်တယ်။ ပြီးလျှင် အဲဒီ Channel ကို Right Click နဲ့ထောက်ပြီး Duplicate Channel လုပ်လိုက်မယ်။
ပြီးသွားရင် Soft Rounded Brush တစ်ခုနဲ့ အဖြူရောင် (#FFFFFF) ကိုရွေးပြီး ပုံရဲ့ အနောက်က Background ကို အဖြူရောင်ခြယ်ပစ်လိုက်မယ်။ ပြီးလျှင်တော့ ဒီလိုမြင်ရမယ်ဗျာ။
အဲဒါပြီးသွားရင် အဲဒီ Channel ကို (Ctrl + Left Click) နဲ့ထောက်ပြီး Select လုပ်မယ်၊ ပြီးရင် Shift + Ctrl + I (သို့) Select > Inverse နဲ့ Selection ကို ပြောင်းပြန်လုပ်မယ်။ ပြီးရင် Layer Tab ကိုပြန်သွား၊ New Layer တစ်ခုခေါ်ပြီး ခပ်ရင့်ရင့် မီးခိုးရောင် (#494949) နဲ့ Fill လုပ်လိုက်မယ်။ ပြီးတဲ့အခါ စောစောက ပိတ်ထားတဲ့ Layer တွေအကုန်ပြန်ဖွင့်ပါမယ်။ မူရင်း လူပုံပါတဲ့ Layer တစ်ခုသာ ပိတ်ထားပါမယ်။
ဒါဆိုရင် ပုံအတိုင်းတွေ့ရမှာဖြစ်တယ်။
`ကဲ... ရပြီဗျို့...´
`ဟင့်အင်း၊ မကြိုက်သေးဘူး၊ ဒီထက်နည်းနည်းလေး ခပ်ရှုပ်ရှုပ်ဖြစ်အောင် စာသားလေး ဘာလေး ထည့်ပေးပါလား။
`ဟုတ်ပြီဗျာ...၊ အဲဒီတော့ ပုံကို နည်းနည်းရွှေ့ပြီး နောက်ထပ် Layer အသစ်တစ်ခုခေါ်၊ ပြီးတော့ ခပ်ရှုပ်ရှုပ်ဖြစ်စေမယ့် လိုင်းတွေ ဆွဲလိုက်မယ်၊ ဆွဲပြီးရင် သိပ်မထင်အောင် Soft Rounded Eraser Tool နဲ့ ပြန်ဖျက်လိုက်မယ်...´
နောက်ထပ် Layer တစ်ခုထပ်ခေါ်ပြီး Photoshop မှာ ပါပြီးသား ညောင်ရွက်ပုံ Brush နဲ့ Paint လုပ်မယ်ဗျာ။ ပြီးရင် လိုတဲ့ စာတန်းလေး တစ်ခုနှစ်ခု ထပ်ထည့်မယ်။ ဒါဆိုရင်တော့...

ဆံကေသာရောင်ဆန်းများ

ဆရာသဲရေလွယ်တာလေးလုပ်ကြည့်ဦး..

အခုခေတ်မှာ ဆံပင်ဟာအနက်ရောင်ပါလို့ ပြောရင်ရာနှုန်းပြည့်မမှန်တော့ပါဘူး။ တချို့ကအနီ တချို့ကအနက် တချို့ကတော့ …….။ သင်လည်းသင့်ရဲ့ဆံပင်ကို အရောင် ပြောင်းကြည့်ဖို့များ စိတ်ကူးမိသလား၊ ဆံပင်ကိုဆေးမဆိုးခင် ဘယ်အရောင်ဟာ သင်နဲ့လိုက်ဖက်ညီမလဲလို့ အရင်သိဖို့လိုမယ်နော်။
ကဲလက်တွေ့စမ်းကြည့်ဖို့ အခုပဲကျွန်တော့်အချစ်ဆုံးရဲ့ ပုံလေးတစ်ပုံကိုဖွင့်လိုက်ပါတယ်။ (သူမသိစေနဲ့နော်)
အဲဒီပုံလေးကဆံပင် နေရာတွေကို Polygon lasso tool သုံးပြီး အခုလိုမျိုး selection တစ်ခုပြုလုပ်လိုက်ပါတယ်။
တစ်ခုသတိထားစေချင်တာက selection ကို ဆံပင်ရဲ့ အလင်းရောင်ရှိတဲ့နေရာတွေ (reflection) ကိုပဲ ရွေးထားပါတယ်။ ညာဘက်လည်ပင်း နားကဆံပင်တွေကိုမရွေးထားပါဘူး။ ဘာကြောင့်လဲဆိုတော့ အလင်းရောင်များတဲ့ဘက်သာလျှင် အရောင်ကူးပြောင်းရာမှာ အသိသာဆုံးမို့ပါ။ အဲဒီနောက်မှာတော့ Image>Adjustments>Hue/Saturation ကိုရွေးပါ (Ctrl + U)။ Hue/Saturation Dialog box မှာတော့ Colorize ဆိုတဲ့ Check box ကိုရွေးပေးပါ၊ Hue တန်ဖိုးကို 55 မှာထားပြီး Saturation ကို 60 မှာထားလိုက်ပါတယ်။ (မိမိ အသုံးပြုသော Document နှင့် Color များပေါ်မူတည်ပြီးတော့ ကွဲပြားနိုင်ပါတယ်)။ OK ကိုနှိပ်ပါမယ်။
ပြီးရင် Deselect (Ctrl +D နှိပ်ပါ) ပြန်လုပ်လိုက်တဲ့အခါ အခုလိုပုံလေးကို မြင်တွေ့ရမှာပါ။
ကဲသင်လိုချင်တဲ့ အရောင်ကိုသာ Hue/Saturation ကစားပေးလိုက်ပါ၊ ဆံပင်အရောင် လှလှလေးတွေ ရလာမှာပါ။ အရောင်ဆိုးပြီးသား ဆံပင်ကနေ အနက်ရောင်ကို ပြန်သွားချင်ရင်တော့ အဲဒီဆံပင်ကို select လုပ်ပြီးတော့ Image>Adjustments>Desaturate ကိုရွေးပေးလိုက်ရုံပါပဲ။

Monday, September 26, 2011

History Brush Tool ဖြင့် အရောင်ခွဲထုတ်ခြင်း


ကျနော်အနေနဲ့ အရင်ဆုံး Photoshop Program ကို ဖွင့်လိုက်ပြီး ကျနော်လိုချင်တဲ့ ဓါတ်ပုံကို Open ယူလိုက်ပါတယ်၊

{ကျနော်အနေနဲ့ ဒီနေကြာပန်းပုံလေးကို ရွေးထားလိုက်ပါတယ်}

အောက်ပါပုံအတိုင်း ပွင့်သွားပြီဆိုတော့ အရောင်ခွဲဖို့ကျန်ပါတယ် အရင်ဆုံးအရောင်မခွဲခင် အခုရှိနေတဲ့ ပုံကို အဖြုအမဲဖြစ်အောင် လုပ်ရပါတယ်


အလွယ်ကူဆုံးနည်းအနေနဲ့ Ctrl+Shift+U ကို တွဲနိပ်ပေးလိုက်မယ်ဆိုရင် အောက်မှာပြထားတဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်...

{အဖြူအမဲ လိုချင်ရင်လည်း ထိုနည်းအတိုင်းလုပ်ယူလို့ရနိုင်ပါတယ်}

အဖြူအမဲပုံဖြစ်လာပြီဆိုရင် အရောင်ခွဲဖို့ပဲကျန်ပါတော့တယ် အဲ့ဒီအတွက် History Brush Tool  ကိုသုံးရပါတယ် အောက်ပါ ပုံကို ကြည့်နိုင်ပါ၏။


History Brush Tool ကိုရွေးပြီးတော့ ပုံထဲက မိမိလိုချင်တဲ့ နေရာကို လိုက်၍ ပွတ်ပေးလိုက်ရုံပါပဲ၊

History Brush Tool သုံးပြီး မိမိလိုချင်တဲ့နေရာကို Bursh နဲ့ လုပ်ပြီးပွတ်ပေးလိုက်တာနဲ့တင် အဖြူအမဲထဲကမှ အရောင်နဲ့ထွက်လာပါတယ်၊


{အထက်ပါနည်းအတိုင်း လုပ်လိုက်တဲ့ အခုလိုပုံရလာပါတယ်}

တစ်ကယ်တော့ History Brush Tool သုံးပြီး လုပ်တာ အဆင့်နှစ်ခုပဲရှိပါတယ် ပထမက- Ctrl+Shift+U ကို တွဲနိပ်ပေးတာနဲ့ ဒုတိယက History Brush Tool သုံးတာ အဲ့ဒါပဲ ရှိပါတယ်၊ စမ်းကြည့်ပါ အလွယ်ကူဆုံး ပြထားပါ၏


{Blogger Day တုန်းက ပြည်က ရွှေဆံတော်ဘုရားမှာရိုက်ခဲ့တဲ့ပုံတစ်ချို့ကို အထက်ပါနည်းအတိုင်းပြုပြင်ထားပုံ}
Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Friday, September 23, 2011

photoshop နောက်ခံ နဲ့ စာလုံးဒီဇိုင်း လုပ်ကြည့်ရအောင်

ကဲစမယ်လိုက်လုပ်ကြည့်..ဟီး..အားမှပါ..

ဒီလောက်ဆိုရင်အလန်းလေးရလာပါပီ :)