ကျနော်အနေနဲ့ အရင်ဆုံး Photoshop Program ကို ဖွင့်လိုက်ပြီး ကျနော်လိုချင်တဲ့ ဓါတ်ပုံကို Open ယူလိုက်ပါတယ်၊

{ကျနော်အနေနဲ့ ဒီနေကြာပန်းပုံလေးကို ရွေးထားလိုက်ပါတယ်}
အောက်ပါပုံအတိုင်း ပွင့်သွားပြီဆိုတော့ အရောင်ခွဲဖို့ကျန်ပါတယ် အရင်ဆုံးအရောင်မခွဲခင် အခုရှိနေတဲ့ ပုံကို အဖြုအမဲဖြစ်အောင် လုပ်ရပါတယ်

အလွယ်ကူဆုံးနည်းအနေနဲ့ Ctrl+Shift+U ကို တွဲနိပ်ပေးလိုက်မယ်ဆိုရင် အောက်မှာပြထားတဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်...

{အဖြူအမဲ လိုချင်ရင်လည်း ထိုနည်းအတိုင်းလုပ်ယူလို့ရနိုင်ပါတယ်}
အဖြူအမဲပုံဖြစ်လာပြီဆိုရင် အရောင်ခွဲဖို့ပဲကျန်ပါတော့တယ် အဲ့ဒီအတွက် History Brush Tool ကိုသုံးရပါတယ် အောက်ပါ ပုံကို ကြည့်နိုင်ပါ၏။

History Brush Tool ကိုရွေးပြီးတော့ ပုံထဲက မိမိလိုချင်တဲ့ နေရာကို လိုက်၍ ပွတ်ပေးလိုက်ရုံပါပဲ၊

History Brush Tool သုံးပြီး မိမိလိုချင်တဲ့နေရာကို Bursh နဲ့ လုပ်ပြီးပွတ်ပေးလိုက်တာနဲ့တင် အဖြူအမဲထဲကမှ အရောင်နဲ့ထွက်လာပါတယ်၊

{အထက်ပါနည်းအတိုင်း လုပ်လိုက်တဲ့ အခုလိုပုံရလာပါတယ်}
တစ်ကယ်တော့ History Brush Tool သုံးပြီး လုပ်တာ အဆင့်နှစ်ခုပဲရှိပါတယ် ပထမက- Ctrl+Shift+U ကို တွဲနိပ်ပေးတာနဲ့ ဒုတိယက History Brush Tool သုံးတာ အဲ့ဒါပဲ ရှိပါတယ်၊ စမ်းကြည့်ပါ အလွယ်ကူဆုံး ပြထားပါ၏

{Blogger Day တုန်းက ပြည်က ရွှေဆံတော်ဘုရားမှာရိုက်ခဲ့တဲ့ပုံတစ်ချို့ကို အထက်ပါနည်းအတိုင်းပြုပြင်ထားပုံ}


No comments:
Post a Comment