KZO: ဗျို့ဆရာသမား ကျုပ်ဒီနေ့ရိုက်လာတဲ့ပုံတွေ ဘာတွေဖြစ်နေတာတုန်း ကြည့်ပေးပါဦးဗျာ
ZMO: ဟာ ခင်ဗျားက Exposure ကိုသေသေချာချာမှ မချိန်ခဲ့ပဲကို အဲဒါကြောင့် ဒီလိုဖြစ်နေတာ
KZO: Exposure ကြောင့်လား
ZMO: အင်းလေ ပတ်ဝန်းကျင်အခြေအနေကိုကြည့် နဲနဲမှောင်တယ်ထင်ရင် exposure တင်ပေး၊ လင်းနေရင်တော့ exposure လျှော့ပေးရတယ်ဗျ၊ exposure အကြောင်းအသေးစိတ်ကိုတော့ ဒီမှာဖတ်ဗျာ
KZO: အခုဟာကိုပြင်ပေးလို့မရဘူးလား
ZMO: Photoshop မှာပြင်လို့ရတယ်ဗျ Over Multi, Under Screen လို့မှတ်ထားရင်ရပြီ
KZO: Over Multi, Under Screen အင်းဟုတ်အဓိပ္ပာယ်လေး ပြောပြပါဦးဗျ
ZMO: လက်တွေ့လုပ်ပြမယ်၊ အခု အလင်းများနေတဲ့ ပုံကိုဖွင့်လိုက်

ZMO: အဲဒီ Layer ကို Ctrl + J key နှိပ်ပြီး Duplicate လုပ်လိုက်မယ်(Layer>Duplicate Layer ကိုနှိပ်လဲရပါသည်) ပြီးရင်ပေါ်က Layer ရဲ့ Blending mode ကို Multiply ပြောင်းလိုက်ရုံပဲ။

ZMO: တွေ့လားပုံကို ဒီလိုမြင်နေရပြီ

KZO: ဟုတ်ပါ့ တော်တော်လေးကောင်းသွားပြီဗျ
ZMO: အင်းဒါမှ စိတ်တိုင်းမကျသေးရင် အပေါ်မှာရှိတဲ့ Blending mode ပြင်ထားတဲ့ Layer ကို Duplicate သာထပ်ခါထပ်ခါ လုပ်လိုက်ပေတာ့။ ဒါဆို Over Multi ဆိုတာသိပြီပေါ့

KZO: ဟဟ Over exposure ဖြစ်နေတဲ့ပုံဆိုရင် duplicate layer လုပ်ပြီး Blending mode ကို Multiply သုံးလို့ပြောတာပဲ၊ ဒါဆို Under exposure ဖြစ်နေတဲ့ပုံဆိုရင်တော့ duplicate layer လုပ်ပြီး Blending mode ကို Screen သုံးပေါ့ ဟဟ သိပြီ။

No comments:
Post a Comment