WELCOME

Wednesday, September 21, 2011

Computer user များသိထားသင့်တာလေးတွေ

(၁) window operation system မှာ antivirus program ကို တစ်ခုထက်ပိုပြီး မသုံးသင့်ပါဘူး microsoft ကလဲ အဲ့ဒီ့အကြောင်းကို သတိပေးထားပါတယ် . ကိုသဘောကျ နှစ်သက်တဲ့ anti virus program တစ်ခုခုကို သုံးပါ . ကျွန်တော်ကတော့ kaspersky 2010 ကိုသုံးပါတယ် . လူသုံးလဲများ တဲ့အပြင် security ဖက်ပိုင်းနဲ့ တစ်ခြားအားသာချက်တွေမှာ kaspersky က နံပါတ်(၂) နေရာမှာ နေရာယူထားပါတယ် .

(၂) နောက်တစ်ခုက processor က 100% ဖြစ်နေတယ်ဆိုတာကတော့ ကွန်ပျူတာကို ဖွင့်ပြီးသုံးနေစဉ်အတွင်း program ကို ၂ ခု လောက်ပဲဖွင့်ပါ မလိုအပ်ပဲ program တွေလဲ ၄-၅ ခု ဖွင့်ထားမယ် . သီချင်းလဲနားထောင်မယ် . တစ်ချိန်တည်းမှာပဲ virus စစ်နေမယ်ဆိုရင် 100% ပါ ကျော်ချင်ကျော်သွားနိုင်ပါတယ် . အဲ့တော့ ကျွန်တော်တို့အနေနဲ့ တစ်ခုသတိထားစေချင်တာက virus program တစ်ခုခုနဲ့ full scan စစ်မယ်ဆိုရင်တော့ ဖွင့်ထားသမျှ program တွေကို ပိတ်မယ် . Download လုပ်ထားတာတွေကို ရပ်ဆိုင်းထားမယ် . ကွန်ပျူတာကို အားလုံးအနားပေးထားတဲ့ အချိန်ကျမှ virus စစ်ပါ . လုပ်ငန်းလုပ်နေတဲ့အချိန် virus မစစ်ပါနဲ့ . လုပ်ငန်းကျန့်ကြာစေတဲ့အပြင် လုပ်ငန်းတွေ မတန်တဆ ခိုင်းထားခြင်းဖြင့် cpu ရဲ့ heat လဲ တက်လာနိုင်ပါတယ် . ဒါလေးကိုသတိထားပေးပါ .

No comments: