ဒီ tutorial လေးကတော့ မိမိနှစိသက်တဲ့ စာလုံးတွေမဗာ မိမိပုံကို ထည့်သွင်းပုံဖေါ်ခြင်းလို့ပဲ အတိုချုံ့ပြီးပြောပါရစေ...
ဒီ tutorial အတွက် လိုအပ်တာကတော့ မိမိပြုလုပ်မဲ့ file အသစ်တစ်ခုရယ်.....စာလုံးတွေမှာ ထည့်သွင်းအသုံးပြုမဲ့ ပုံတွေရယ်ပါပဲ.....
ကဲ.........စပြီး ပြုလုပ်ကြည့်ရအောင်.............
1/ File အသစ်တစ်ခုခေါ်ပါ။ File > New (or ) Ctrl+N
File name- WYTU
Background- Width;6 / Height ;4 နှင့်ပုံမှာပြထားတဲ့အတိုင်း setting ဖြည့်ပြီး OK ကို ကလစ်လိုက်ပါ။
2/ File အသစ်ရပြီဆိုတာနဲ့ Tool Box ထဲက Horizontal Type Tool ( T ) ကိုရယူလိုက်ပါ။

3/ Tool Box ထဲက Foreground Colour ကို Click လိုက်ရင် Foregroundcolour Picker Box ကိုမြင်တွေ့ရမှာပါ။
Colour Picker မှာ အရောင်တစ်ခုကိုရွေးချယ်လိုက်ပါ။ ကျွန်တော်က တော့ အနီရောင်ကိုပဲယူလိုက်ပါတယ်...ပြီးရင် OK ကို Click လိုက်ပါ။အောက်မှာပြထားတဲ့အတိုင်းပေါ့။

4/ Font Family မှာ Impact ကိုရွေးလိုက်ပါတယ်။ Font Size ကိုတော့ 150pt လို့ရိုက်ထညိ့လိုက်ပါတယ်။

5/ File New ပေါ်မှာ Click တစ်ချက်နှိပ်ပြီး ဆွဲယူလိုက်ပါ။ လေးထောင်အကွက်လေးပေါ်လာပါလိမ့်မယ်။အဲဒီအကွက်ထဲမှာ WYTU ဆိုပြီးရိုက်ထည့်လိုက်ပါ။

6/ Layer Pattle မှာ opacity 30 %လောက်ထိလျှော့လိုက်ပါ။

7/ Tool Box ထဲက Move Tool (V) ကိုရွေးယူလိုက်ပါ။

8/ စာလုံးတွေထဲမှာ အစားသွင်းမဲ့ ပုံတွေကို ဖွင့်လိုက်ပါမယ်။ကျွန်တော်ကတော့ www.wytumyanmar.com
ရဲ့ မော်ဒယ်ဖြစ်တဲ့ Sandy ပုံတွေကို ဖွင့်လိုက်ပါတယ်။
9/ ဖွင့်ထားတဲ့ Picture file တွေကို တစ်ပုံချင်းဆီ Move Tool (V) နဲ့ WYTU file ထဲကို Drug ဆွဲထည့်ပါမယ်။
10/ Layer Pattle မှာ WYTU Layer ဟာအောက်ကိုရောက်ျနပါလိမ့်မယ်။သူ့ ကိုအပေါ်ဆုံးသို့ပို့လိုက်ပါ။

11/ Edit>Free Transform ကိုအသုံးပြုပြီး Picture File လေးတွေကို စားလုံးလေးတွေထဲမှာနေရာချပါ။ဒီလိုနေရာချပြီး ချိန်တဲ့အခါမှာ Layer Pattle မှာ မိမိပြုလုပ်မဲ့ Layer ကိုပဲရွေးထားရပါမယ်။ Transform ကို သုံးတဲ့နေရာမှာလဲ Shift Key ကိုဖိပြီး အသုံးပြုပါ။တစ်ပုံချင်းစီ စိတ်ကြိုက်နေရာချပြီးတိုင်း Enter ခေါက်ပါ။

12/ ပုံတွေအားလုံးကိုနေရာချပြီးရင် Layer Pattle မှာ Picture layer တွေကိုပေါင်းလိုက်ပါမယ်။ဒီလို Layer တွေကိုပေါင်းစပ်တဲ့အခါမှာ ကိုယ်ပေါင်းစပ်မဲ့ Layer တစ်ခုစီပေါ်မှာ Ctrl Key ကိုဖိပြီး Click တစ်ချက်စီနှိပ်သွားပါ။ပြီးလျှင် Ctrel +E ကိုနှိပ်လိုက်ပါ။ Picture Layer တွေဟာ တစ်ခုတည်းဖြစ်သွားပါပြီ။

13/ Ctrl Key ကိုဖိထားပါ။ပြီးလျှင် Layer Pattle က WYTU Layer ရဲ့ လေးထောင်ကွက်လေးကို Click တစိချက်နှိပ်လိုက်ပါ။ထိုအခါ WYTU စာလုံးရဲ့ ဘေးပတ်ပတ်လည်မှာ selection area လေးတွေပြေးနေပါပြီ။ပြီးလျှင် Ctrl+Shift+I ကိုနှိပ်လိုက်ပါ။အဲဒီအခါမှာ selection area ဟာ ပြင်ပက Background လေးထောင့်ကွက်ပေါ်မှာပါ ပြေးနေတာကိုတွေ့ရမှာပါ။ပြီးရင် Delete ကို Click လိုက်ပါ။စာလုံးရဲ့ပြင်ပ Background ဟာပျက်သွားပါပြီ။

14/ Ctrl +D ကို Click လိုက်ပါ။ဘေးက selection တွေဟာ ပျောက်သွားပါပြီ။
15/ Layer Pattle ထဲက Picture Layer ကို click လုပ်ပြီး WYTU Layer က မျက်လုံးပုံလေးကို Click လုပ်ပြီး ပိတ်လိုက်ပါ။ထိုအခါ ကျွန်တော်တို့ စပြီးလုပ်တုန်းက ရွေးထားတဲ့ အနီရောင် နောက်ခံတွေဟာပျောက်ပြီး မိမိပုံတွေပဲကျန်ခဲ့မှာဖြစ်ပါတယ်။
16/ ထပ်မံပြီး Layer > Layer Style > Drop Shadow ကိုရွေးချယ်လိုက်ပါ။

16/ အောက်ပါ setting အတိုင်းပြင်လိုက်ပါ။

17/ ထပ်မံပြီး Layer > Layer Style > Bevel and Emboss ကိုရွေးလိုက်ပါ။အောက်ပါ setting အတိုင်းပြင်လိုက်ပါ။လှပတဲ့ စားလုံးလေးတွေရရှိလာပါလိမ့်မယ်။

18/ WYTU ဆိုတဲ့ စားလုံးလေးရဲ့ နောက်မှာ လှပတဲ့ Background တစ်ခုနဲ့ အစားထိုးကြည့်ရအောင်။Background Image File တစိခုကို ဖွင့်ပါ။
19/ Layer Pattle မှာ WYTU Background ကိုရွေးချယ်ထားပါ။
20/ Tool Box ထဲက Move Tool (V) ကိုရွေးချယ်ပြီး Drug ဆွဲ၍ထည့်လိုက်ပါ။
21/ Edit > Free > Transform ကိုအသုံးပြုပြီး လိုသလို ပြုလုပ်လိုက်မယ်ဆိုရင် WYTU စာလုံးလေးဟာ လှပစွာတည်ရှိနေတာကိုတွေ့မြင်ရမှာဘဲဖြစ်ပါတယ်။အောက်တွင်ပုံရိပ်ရောင်ပြန်ထည့်တဲ့အဆင့်ကိုတော့ ရှည်မှာစိုးတဲ့အတွက် ဖော်မပြတော့ပြီ။
ကဲနောက်ဆုံးတော့ ဒီလို လှပတဲ့ စာသားနဲ့ ပုံလေးရရှိလာပါပြီ။

အားလုံး အဆင်ပြေဖို့မျှော်လင့်ပါတယ်။

No comments:
Post a Comment