WELCOME

Thursday, September 22, 2011

Mirror Effect 1


Reflection ဖြစ်စေတဲ့မျက်နှာပြင်ပေါ်မှအရာဝတ္တုတွေရဲ့ပုံရိပ်တွေကို Photoshop နဲ့ဖန်တီးကြည့်ရအောင်ပါ၊ လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ Mirror Effect လေးပါ။
အရင်ဆုံး 500 x 400 pixel နဲ့ New Document တစ်ခုကို Create လုပ်ပါမယ်၊ ပြီးရင် Background Layer ကို အပြာရောင် Fill လိုက်ပါမယ်၊ အဲဒီနောက်မှာတော့ အောက်ပါအတိုင်း ပုံလေးတစ်ခုကိုပါ ဖြည့်လိုက်ပါတယ်။ အခုဆိုရင် Document မှာ Background layer နဲ့ Layer 1 ဆိုပြီး Layer နှစ်ခုဖြစ်နေပါပြီ။
နောက်တစ်ဆင့်အနေနဲ့ Layer 1 ကို Duplicate လုပ်ပါမယ် (Ctrl + J)၊ အခုဆိုရင် Layer 1 copy ဆိုတဲ့ Layer အသစ်တစ်ခုကိုမြင်ရမှာပါ၊ အဲဒီ Layer 1 copy ဆိုတဲ့ Layer ကို Edit>Transform>Flip Vertical ယူပြီးဒေါင်လိုက် Flip လုပ်လိုက်ပါမယ်၊ ဒါဆိုရင်ပုံကိုအခုလို မြင်ရပါပြီ။
ပြီးရင် အဲဒီ Layer 1 copy ကိုပဲ Move tool သုံးပြီး Layer 1 ရဲ့အောက်ခြေအစွန်းနားထိရောက်အောင် Move လုပ်သွားပါမယ်။
Drag လုပ်ပြီးသွားရင်တော့ Layer Palette မှာအဲဒီ Layer 1 copy ရဲ့ Opacity ကို 30 % လောက်ထိလျှော့ချလိုက်ပါမယ်၊ အခုဆိုရင် ပုံကိုဒီလိုမြင်နေရမှာပါ။
ပိုပြီးကြည့်လို့ကောင်းသွားအောင် Lighting Effect နဲနဲထည့်လိုက်ပါမယ်၊ Filter>Render>Lighting Effects ကို Click လုပ်ပါမယ်။ Setting တွေကတော့ အောက်မှာပြထားပါတယ်။
ဒီအဆင့်တွေပြီးသွားရင်တော့ Mirror effect နဲ့ ပုံလေးကိုဒီလိုလေးမြင်နေရမှာပါ။
မှတ်ချက်။     ။ Mirror effect ပြုလုပ်ချင်သော Ko Min Naing မေးခွန်းအားဖြေဆိုထားခြင်းပါ၊ ဆွေးနွေးခြင်းအတွက်ကျေးဇူးတင်ပါသည်။ Mirror effect 2 ကိုလည်းဆက်လက်ရေးသားပါဦးမည်။

No comments: