Mirror effect ကိုနောက်တစ်မျိုးဖန်တီးထားတာပါ၊ တစ်ချို့သောပုံတွေမှာတော့ အရှေ့မှာဖော်ပြခဲ့တဲ့ Mirror effect1 ကလိုမျိုး နည်းလမ်းနဲ့သိပ်အဆင်မပြေတော့ပါဘူး။ ဥပမာ ဒီလိုပုံစံဆိုရင်ပေါ့















Background Layer ကအဖြူရောင်နဲ့ Layer 1 က Box လေးတစ်ခုဆိုပါစို့။ ဒီပုံကိုအရင် Mirror effect 1 အတိုင်းပြုလုပ်ရင်ဒီလိုပဲရမှာပါ

သဘာဝမကျလှပါဘူး၊ ဒါကြောင့်ပိုမိုကောင်းမွန်တဲ့ Mirror effect ကိုရဖို့အတွက် ဒီလိုလုပ်ကြရအောင်
အဆင့်(၁) အရင်ဆုံးရှေ့ Tutorial မှာဖော်ပြခဲ့တဲ့အတိုင်း Layer 1 ကို Duplicate (Ctrl +J) လုပ်ပါမယ်။ Layer 1 copy ဆိုပြီး layer တစ်ခု ဖြစ်လာမှာပါ၊ အခုဆို Layer ၃ခုဖြစ်သွားပါပြီ။ ပြီးရင် Edit>Transform>Flip Vertical ကိုသုံးပြီး ပြောင်းပြန်ရအောင်ပြုလုပ်ပါမယ်။
အဆင့်(၁) အရင်ဆုံးရှေ့ Tutorial မှာဖော်ပြခဲ့တဲ့အတိုင်း Layer 1 ကို Duplicate (Ctrl +J) လုပ်ပါမယ်။ Layer 1 copy ဆိုပြီး layer တစ်ခု ဖြစ်လာမှာပါ၊ အခုဆို Layer ၃ခုဖြစ်သွားပါပြီ။ ပြီးရင် Edit>Transform>Flip Vertical ကိုသုံးပြီး ပြောင်းပြန်ရအောင်ပြုလုပ်ပါမယ်။

အဆင့်(၂) အခုရတဲ့ပုံကိုသေချာကြည့်ပါ၊ တကယ်လို့ ကြမ်းပြင်ပေါ်မှာ Reflection ပေါ်လာတယ်ဆိုရင် Box ရဲ့အပေါ်မျက်နှာပြင်ဟာ မြင်ရစရာအကြောင်းမရှိပါဘူး ဒါကြောင့်အဲဒီနေရာကို Polygon Lasso tool သုံးပြီး Select လုပ်ပါမယ်။

ပြီးရင်တော့ အဲဒီ Selection နေရာကို Delete key နှိပ်ပြီးဖျက်လိုက်ပါမယ်

အဆင့်(၃) Rectangular Marquee tool သုံးပြီး Layer 1 copy ကို ဒီလို Select လုပ်လိုက်ပါမယ်

အဲဒီနောက်မှာ Layer>New>Layer Via Cut (or Shft+Ctrl+J) လုပ်ပြီး New Layer ကို Layer 1 copy ရဲ့ Selection ပေးထားတဲ့ နေရာကနေ Create လုပ်လိုက်ပါတယ်။ အခုဆိုရင် Layer palette ကိုကြည့်ရင် Background, Layer 1, Layer 1 copy, Layer 2 ဆိုပြီး Layer လေးခုဖြစ်သွားမှာပါ။
အဆင့်(၄) အခု Active ဖြစ်နေတဲ့ Layer 2 ကို (Ctrl+T) key ကိုတွဲနှိပ်ပြီး Free Transform လုပ်ပါမယ်။ ပုံမှာ အနီရောင်လေးပြထားတဲ့ Node လေးကို Mouse ရဲ့ Left Click နှိပ်စဉ် Ctrl+Shft key ပါတွဲနှိပ်ပြီး အပေါ်ကိုဆွဲတင်မှာပါ။
အဆင့်(၄) အခု Active ဖြစ်နေတဲ့ Layer 2 ကို (Ctrl+T) key ကိုတွဲနှိပ်ပြီး Free Transform လုပ်ပါမယ်။ ပုံမှာ အနီရောင်လေးပြထားတဲ့ Node လေးကို Mouse ရဲ့ Left Click နှိပ်စဉ် Ctrl+Shft key ပါတွဲနှိပ်ပြီး အပေါ်ကိုဆွဲတင်မှာပါ။

Layer 2 ရဲ့အပေါ်ဘက်အနားသတ်အစွန်းလေးကို ရေပြင်ညီအတိုင်းရတဲ့အထိ အပေါ်ကိုဆွဲတင်မှာပါ။ ပုံမှာကြည့်ပါ

အဆင့်(၅) OK ဒီအဆင့်ရောက်ရင်လုပ်ရမှာက Layer Mask ကိုသုံးဖို့ပါ Layer 2 မှာပဲ Layer>Add Layer Mask>Reveal All ကိုရွေးလိုက်ပါမယ်၊ ပြီးမှ Gradient Tool ကို အဖြူအမဲနှစ်ရောင်သုံးပြီး Layer ရဲ့အပေါ်ဘက်ကို ချန်ခဲ့ပြီး အောက်ဘက်ကို ဖျောက်ထားမှာပါ။ ပုံကိုကြည့်ပါ (Layer Mask အကြောင်းကို Basic Concept သင်ခန်းစာတွင်ဖော်ပြထားပါတယ်)။

အဆင့်(၆) Layer 1 copy ကိုလဲ အဆင့်(၄ နဲ့ ၅) အတိုင်းပဲလုပ်လိုက်ရင် ဒီလိုဖြစ်လာမှာပါ။

အဆင့်(၇) ဒီအဆင့်မှာတော့ Layer 1 copy နဲ့ Layer 2 ကို အဆင့်၎ အတိုင်း Free Transform ပြုလုပ်ကြမှာပါ၊ အပေါ်က Box နဲ့ Layer 1 copy, Layer 2 တို့ကို ထိကပ်ပေးပါ။ Result က ဒီလိုဖြစ်လာမှာပေါ့။

အဆင့်(၈) Layer 1 copy နဲ့ Layer 2 ရဲ့ Opacity တွေကို 40% လောက်ထိလျှော့ချလိုက်ပါမယ်

အထက်အပြောခဲ့တဲ့ အဆင့်တွေအတိုင်းပြုလုပ်ခဲ့ရင်တော့ Mirror effect လှလှလေးနဲ့ ပုံလေးကိုဟောဒီလိုမြင်ရမှာပါ။

အောက်မှာပြထားတဲ့ပုံဆိုရင်တော့ ဗူးအဖုံးလေးကို Duplicate လုပ်ပြီး Layer Mask နဲ့အောက်ဘက်ကို ဖျောက်ထားတာပါ၊ Vertical Flip လုပ်မထားပါဘူး။ Design တစ်ခုဆွဲရာမှာ ဘယ်ဟာကိုဘယ်လိုလုပ်လို့ ပုံသေပြောလို့မရပါဘူး အခြေအနေကိုလိုက်ပြီး သဘာဝကျအောင် ပြုလုပ်သင့်ပါတယ် အခုကတော့ လွယ်မယ်ထင်တဲ့ ဥပမာလေးတစ်ခုကို ပြောပြရုံပါ။

No comments:
Post a Comment