WELCOME

Thursday, September 22, 2011

Photo in Fish Bowl


အခုတစ်ခေါက်တော့ ရေထဲမှာ ဓါတ်ပုံတစ်ပုံကို ဘယ်လိုထားမလဲ လေ့လာကြည့်ကြရအောင်။ အရင်ဆုံးလိုအပ်တဲ့ ပုံတစ်ပုံကိုဖွင့်လိုက်ပါတယ်။
photo from http://mottahedehchina.blogspot.com/2011_03_01_archive.html
အဲဒီနောက် ရေထဲမှာသွားထားမယ့် ပုံလေးကိုတော့ Girls Generation အဖွဲ့က Seo Hyun ပုံလေးကို သုံးပါမယ်
photo from http://girlsgeneration93.blogspot.com/2009/10/091020-seo-hyun-in-oh-boy-magazine.html
ဒီပုံလေးကို ငါးကန်ထဲကို Drag ဆွဲသွားလိုက်ပါမယ်၊ အဲဒါဆိုရင် ငါးကန်ပုံလေးမှာ Background layer နဲ့ Layer 1 ဆိုပြီး Layer နှစ်ခုဖြစ်လာပါပြီ၊ ငါးကန်ထဲက ကျောက်ခဲလေးတွေမှာ ဓါတ်ပုံကို သွားထောင်ထားတဲ့ပုံစံ ဖန်တီးမှာဖြစ်ပါတယ်။ အဲဒီတော့ ဓါတ်ပုံရှေ့နားက ကျောက်ခဲလေးတွေကို ပေါ်လာအောင်တော့ Seo Hyun ပုံရဲ့ အောက်နားလေးတွေကို ဖျက်ပေးရမှာပါ။ ပုံမှာကြည့်ပါ အနီရောင် marking ပြထားပါတယ်။
အရင်ဆုံး Seo Hyun ပုံကို visible ဖျောက်ထားလိုက်ပါမယ်။ နောက် Polygon Lasso tool သုံးပြီး Select လုပ်လိုက်ပါမယ်။
ပြီးရင် keyboard ကနေ Delete key နှိပ်ပေးလိုက်ပါမယ်၊ ဒါဆိုပုံကိုဒီလိုမြင်နေရပါပြီ။
နောက်တစ်ဆင့် အနေနဲ့ Filter>Liquify ရွေးလိုက်ပါမယ်၊ Liquify dialog ပေါ်လာတဲ့ အခါ Bloat tool ကိုရွေးလိုက်ပါမယ်၊ Bursh size ကိုပုံတစ်ခုလုံးငုံမိအောင် ကြီးပေးပါမယ်၊ Keyboard ကနေ [ နဲ့ ] တွေဟာ brush size အကြီးအသေး Option တွေပါ။ ပုံတစ်ခုလုံးငုံမိသွားရင်တော့ Click တစ်ချက်ပဲနှိပ်ပါမယ်၊ အကြာကြီး နှိပ်ထားတာမျိုးမဟုတ်ပါဘူး၊ အဲဒီ Bloat tool ဟာ ကြာကြာနှိပ်ထားလေ Effect များလာလေမို့ပါ။
ဒီအဆင့်ပြီးရင်တော့ ပုံလေးကို ဒီလိုမြင်ရပါမယ်၊ Distortion နဲနဲပါနေတဲ့ပုံမျိုးပါ၊ ဒီအဆင့်ဟာ ရေထဲကပုံမို့လို့ Distort ဖြစ်တာကိုဖန်တီးတာပါ၊
နောက်အဆင့်အနေနဲ့တော့ ဖန်အိုးထဲက ရေရဲ့ အရောင်ကို Seo Hyun ရဲ့ပုံပေါ်မှာ တင်ပေးမှာပါ၊ ဒါကြောင့် Eyedropper tool ကိုသုံးပြီပုံမှာပြထားတဲ့နေရာလေးကို Click ပေးလိုက်ရုံပါပဲ၊ ဒါဆို အဲဒီနေရာမှာရှိတဲ့ အရောင်ဟာ Foreground color ဖြစ်သွားပါတယ်။
နောက်ဆုံးအဆင့် အနေနဲ့တော့ Layer palette မှာ Seo Hyun ပုံဖြစတဲ့ Layer 1 ပေါ်မှာ Ctrl key ကိုနှိပ်ထားပြီး Click နှိပ်လိုက်ပါမယ်၊ ဒါဆို Layer 1 ကို select လုပ်ပြီးသားဖြစ်သွားပါတယ်၊ Edit>Fill ကိုနှိပ်လိုက်ပါမယ်၊ ပေါ်လာတဲ့ Fill dialog ကနေအောက်ပါ Setting တွေအတိုင်းပေးပြီး Ok နှိပ်လိုက်ပါမယ်။
ဒါဆိုပုံလေးကိုဒီလိုရနေပါပြီ၊ ရေထဲမှာပုံလေးကိုသွားထားတဲ့ ပုံစံမျိုးမြင်နေရမှာပါ။

No comments: