WELCOME

Wednesday, September 21, 2011

firefox ကို default browser အဖြစ်သုံးချင်ပါတယ်။

 firefox ကို default browser အဖြစ်သုံးချင်ပါတယ်။ (browser နဲ့ ပွင့်ရမယ့် ဘယ်လင့်ကိုပဲ နှိပ်လိုက် နှိပ်လိုက် firefox နဲ့ပဲ ပွင့်ချင်တာပါ)။ အခု Internet Explorer နဲ့ ပွင့်နေပါတယ်။ ဘယ်လိုပြောင်းရမလဲ။..........
  ဒါက Default program ရွေးထားတာနဲ့ ဆိုင်ပါတယ်။ windows system ကနေ ပြောင်းမယ် ဆိုရင်တော့ restart ပေးပြီးမှ ပြောင်းပါတယ်။ မိမိပြောင်းချင်တဲ့ program ကနေပဲ ပြောင်းပေးလိုက်တာ အကောင်းဆုံးပါပဲ။ ဥပမာ – firefox ကို Default သုံးချင်တာဆိုရင် firefox ရဲ့ menu မှာ Tools – Options ကိုနှိပ်။ ပေါ်လာတဲ့ Options box ရဲ့ Advanced tab မှာ Always check to see if Firefox is the default browser on startup ကို check ပေးပြီး Check Now ခလုပ်ကို နှိပ်။ OK ပေးလိုက်ရင် firefox က Default browser ဖြစ်သွားပါပြီ။ IE ကို Default ပေးချင်တာဆိုရင် IE ရဲ့ menu မှာ Tools – Internet Options ကိုနှိပ်ပြီး Programs tab မှာ Make default ခလုပ်ကို click ပါ။ Default browser ဟုတ်မဟုတ် သတိပေးစေလိုရင် Tell me if Internet Explorer is not the default web browser ဆိုတာကို check ပေးထားလိုက်ပါ။ အခြားသော browser များကိုလည်း Default ဖြစ်စေလိုရင် ဒီနည်းလမ်းအတိုင်းပဲ လုပ်ပါ။ (browser အများစုက IE နဲ့ မတူရင် Firefox နဲ့ တူလိမ့်မယ်)

No comments: