အရင် တစ်ခေါက်က Mirror Effect နှစ်ခု ပြောပြပြီးပါပြီ။ အခုတစ်ခါမှာတော့ ရေထဲမှာ အရိပ်ပြန်တာမျိုးနဲ့ ရေထဲမှာ ရောက်နေတာ မျိုးနှစ်ခုကို ပြောပြသွားပါမယ်။
ပထမဦးဆုံး ရေထဲမှာ Reflection ပြန်တဲ့ Effect ကို စမ်းကြည့်ကြပါစို့။
၁) အဲဒီအတွက် လိုအပ်တဲ့ပုံကို ဖွင့်ပါ။ နမူနာပုံက (900 x 1200 Pix) ရှိပါတယ်။











ပထမဦးဆုံး ရေထဲမှာ Reflection ပြန်တဲ့ Effect ကို စမ်းကြည့်ကြပါစို့။
၁) အဲဒီအတွက် လိုအပ်တဲ့ပုံကို ဖွင့်ပါ။ နမူနာပုံက (900 x 1200 Pix) ရှိပါတယ်။

၂) Mirror ရိုက်ရန် နေရာအတွက် Image > Canvas size သို့ဝင်ပြီး ပုံ၏ size ကို အောက်ဘက်သို့ မိမိလိုအပ်သလောက်ချဲ့ယူပါ။ ဒီ Tutorial မှာတော့ မူလပုံ၏ တစ်ဆခွဲကို ယူထားပါသည်။

ပြီးလျှင် ပုံအတိုင်းတွေ့ရမည်ဖြစ်သည်။

၃) ယခုအဆင့်ကိုတော့ ယခင် Tutorial ဖြစ်သည့် Mirror Effect 1 မှအတိုင်း ပြုလုပ်ပါမည်။ သို့သော် Lighting Effect အစား ရေကဲ့သိုဖြစ်စေရန် Filter > Distort > Ocean Ripple (သို့) Ripple (သို့) Wave စသည့် Effect များထည့်ပါမည်။ ဒီပုံမှာတော့ Wave Effect ကိုအသုံးပြုထားပါသည်။

Mirror ပွားပြီးသော ပုံကိုလည်း Transform ဖြင့် အပေါ်သို့ ဆွဲချုံ့ပစ်ပါသေးသည်။ ပိုပြီး သဘာဝကျစေရန် အပေါ်မှ Reflection Layer တွင် Layer Mask တစ်ခု အသုံးပြုပြီး Layer နှစ်ခုဆက်သော နေရာအချို့ကိုလည်း ခပ်ဝါးဝါး ဖျက်ပစ်ပါသည်။ ဒီနေရာမှာ တချို့က ရေထဲရောက်နေတဲ့ Reflection ကို ပိုပြီးသဘာဝကျအောင် အပြာရောင် Filter အနည်းငယ်ထည့်တတ်ပါသေးသည်။ စိတ်တိုင်းကျ ဖန်တီးပြီးလျှင်တော့ ပုံအတိုင်း တွေ့ရပါမည်။

ယခုတခါ ရေထဲ ရောက်နေသလိုမျိုးဖြစ်အောင် ဘယ်လိုဖန်တီးသလဲဆိုတာကို ပြောပြပါမည်။
၎) လိုအပ်သည့် ပုံကိုဖွင့်ပြီးသည့်နောက် ထို ပုံကို Ctrl + J ဖြင့် Copy Layer တစ်ခု ပွားပါမည်။
၎) လိုအပ်သည့် ပုံကိုဖွင့်ပြီးသည့်နောက် ထို ပုံကို Ctrl + J ဖြင့် Copy Layer တစ်ခု ပွားပါမည်။

၅) ပြီးလျှင် အထက်က အဆင့် ၃ အတိုင်း Ripple, Ocean Ripple, Wave စသည့် Effect တစ်ခုခုဖြင့် ထို Layer ကို ရေကဲ့သို့ဖြစ်အောင် ဖန်တီးပါမည်။ ဒီ Tutorial မှာတော့ Wave ကို အသုံးပြုထားပါသည်။ Smudge Tool, Liquify စသည်တို့ဖြင့်လည်း စိတ်ရှည်လက်ရှည် ဖန်တီးနိုင်ပါသေးသည်။ ပြီးလျှင် ပုံအတိုင်း တွေ့ရမည်ဖြစ်သည်။

၆) ပြီးလျှင် ထို Layer အား Layer Mask တစ်ခု အသုံးပြုကာ ရေထဲမရောက်လိုသော ပုံ၏ အပေါ်ပိုင်းနေရာများကို ဖျက်ပစ်ပါမည်။

အဆုံးသတ်ပြီးသွားလျှင်တော့ အောက်ပါအတိုင်း ရေတစ်ဝက်နစ်နေသော Effect မျိုးကို ရရှိပါလိမ့်မည်။

တင်စားပြီး ပြောရရင်တော့ Photoshop ဆိုတာ Graphic Designer တစ်ယောက်ရဲ့ စုတ်တံတွေ ဆေးခွက်တွေလိုပါပဲ။ အဲဒီတော့ တကယ့်ကို နက်ရှိုင်းတဲ့အနုပညာနဲ့သာ ပေါင်းစပ် ဖန်တီးလိုက်မယ်ဆိုရင် Photoshop လက်ရာတွေဟာ သဘာဝနဲ့မခြား ထွက်ပေါ်လာမှာပါလို့ ဆိုလိုက်ပါရစေ။


No comments:
Post a Comment