ဒီတစ်ခေါက် Tutorial ကတော့ Crushed Gold Text လို့တင်စားရမယ့် လိမ်တွန့်ကြွေပြုန်း ရွှေစာလုံးပဲဖြစ်ပါတယ်။
၁) ထို့အတွက် Background Color ကို #3c0101 ထားပါ။ နီညိုရောင် ခပ်ရင့်ရင့်ဖြစ်ပါသည်။ လိုအပ်သော Text ကို အဖြူဘက်သန်းသော Grey Color တစ်ခုပေး၍ ရိုက်ပါ။ Width ထူသော Text ဖြစ်က ပိုကောင်းပါသည်။











၁) ထို့အတွက် Background Color ကို #3c0101 ထားပါ။ နီညိုရောင် ခပ်ရင့်ရင့်ဖြစ်ပါသည်။ လိုအပ်သော Text ကို အဖြူဘက်သန်းသော Grey Color တစ်ခုပေး၍ ရိုက်ပါ။ Width ထူသော Text ဖြစ်က ပိုကောင်းပါသည်။

၂) ထို Text ကို (Filter > Stylize > Diffuse) နှင့် (Filter > Distort > Ripple) စသည့် Effect များထည့်ပါ။ ပုံအတိုင်းတွေ့ရမည်။

၃) ပြီးလျှင် Blending Options သို့ဝင်ပြီး အောက်ပါအတိုင်း Layer Styles များကိုထည့်ပါ။ ပထမဦးဆုံး Drop Shadow ကိုဝင်ပါ။ လိုအပ်သော Angle, Distance, Size များကို ပြင်ပါ။

၎) Bevel & Emboss အတွက် Technique ကို Chisel Hard သို့ပြောင်းပြီး Depth=300 နှင့် Size=9 သို့ပြောင်းပါ။ ပုံ၏ Resolution နှင့် Text Width ကို လိုက်ပြီး အတိုးအလျှော့လုပ်နိုင်ပါသည်။ (Highlight Mode Color = #e5d266, Color Dodge) နှင့် (Shadow Mode Color = #5a3015) များသို့ထားပါမည်။

၅) Bevel & Emboss အတွက်လိုအပ်သော Texture ကို Wrinkles နှင့် Scale ကို 150, Depth ကို -5 သို့ ပြောင်းပါ။

Satin အတွက် လိုအပ်သော Color မှာ #254e46 ဖြစ်သည်။ ရွှေရောင်မှာ အမှန်အားဖြင့် လိမ္မော်ရောင်သမ်းသောကြောင့် Shadow အနေဖြင့် Satin Color ကို အစိမ်းဖက်သမ်းသောအရာင်ကို ရွေးရခြင်းဖြစ်ပါသည်။ ပြီးလျှင် (Opacity=61) (Angle=132) (Distance=38) (Size=59) (Contour=Ring) စသည်ဖြင့် ပြောင်းပါ။

၆) ပြီးလျှင်Pattern Overlay သို့ဝင်ပြီး Wood Pattern ကိုရွေးပါ။ အကယ်၍ Wood Pattern ကိုမတွေ့ပါက Preset setting ကို Reset လုပ်ဖို့လိုအပ်ပါလိပ့်မည်။

အထက်က အဆင့် (၃) မှ (၆) အထိ တစ်ခုမကျန်ပြုလုပ်ခဲ့လျှင်တော့ အောက်ပါအတိုင်း ရွှေရောင် Text ကိုတွေ့ရပါမည်။ သို့သော်ပို၍သဘာဝကျ စေရန် Lighting Effect အနည်းငယ် ထည့်ပါမည်။

၇) သို့အတွက် (Layer > Flatten Imgae) ကို လုပ်ပြီး Layer များကိုပေါင်းလိုက်ပါ။ ပြီးလျှင် (Filter > Render > Lighting Effect) သို့ဝင်ပါ။ Light Type ကို Omni သို့ပြောင်းပြီး လိုအပ်သော Lighting Intensity ကိုပေးပါ။ ကျန်တာအားလုံး Default Setting များသာဖြစ်သည်။


Diffuse, Distort များမပါဘဲ ဖန်တီးထားသော Gold Text တစ်ခုကို အောက်မှာနမူနာဖော်ပြပေးလိုက်ပါတယ်။ ဒီပုံကိုတော့ Omni Lighting ၃ခုနဲ့ ဖန်တီးထားပါတယ်။ Design ကောင်းတစ်ခုဆိုတာ ဖန်တီးသူရဲ့ Creativity, Flexibility, Patience, Feeling, Mood စတာတွေအပေါ်မှာ မူတည်ပါတယ်။ သင့်စိတ်ကူးတွေ ဖွင့်ထုတ်နိုင်သရွေ့ Design ခပ်မြူးမြူးတွေ လွှင့်ထုတ်နေနိုင်မှာပါ။

No comments:
Post a Comment