WELCOME

Tuesday, October 25, 2011

myanmarbloggers.org ဖြင့် ဒိုမိန်းခွဲ ပြုလုပ်ခြင်း


အခုတစ်လော Co.CC ကနေယူထားတဲ့ သူတွေအနေနဲ့ အခက်တွေ့နေတာလေးတစ်ခုပါ အဲ့ဒါကတော့ အမြဲတမ်းအလကားပေးမယ်ပြောပြီး အခုတော့ တစ်နှစ်ပဲပေးတော့ပါတယ်။ CO.CC ကို ပြောင်းလိုက်ခြင်းဖြင့် ပြည်တွင်းမှ ကျော်ကြည့်စရာမလိုအောင် ပြောင်းကြခြင်းဖြစ်ပါသည်။
ထို့အတူ မြန်မာဘလော့ဂါ {myanmarbloggers.org} အမည်ဖြင့် ဒိုမိန်းခွဲပြီး ပေးနေပါပြီ။ ထိုဒိုမိန်း အမည်အား ရရှိထားရင်ဖြင့် ပြည်တွင်းမှ ကျော်ကြည့်စရာမလိုပါ။ မြန်မာဘလော့ဂါ အမည်ပါသောကြောင့် ပို၍ခန့်ညားပါ၏ :D။ ထို့ကြောင့် အောက်ပါ ပိုစ့်အား ကိုအရုပ်ကလေး ထံမှ ကူးယူ၍ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။



myanmarbloggers.org ဒိုမိန်းဖြင့် ဒိုမိန်းခွဲများအား မည်သူ့ကိုမဆို ပြုလုပ်ပေးနေပါသည်။ ထိုသူသည် ဘလော့ဂ်တစ်ခု ရှိရန်သာ လိုအပ်ပါသည်။ myanmarbloggers.org ဒိုမိန်းအား တောင်းခံလိုသူများသည် bloggers@myanmarbloggers.org သို့ အီးမေးလ်ပို့ တောင်းခံနိုင်ပါသည်။ တောင်းခံနေသူများအား အီးမေးလ် နမူနာ ဖော်ပြပေးလိုက်ပါသည်။

Subject >> "Subdomain တစ်ခု တောင်းခံခြင်း"

ယခုလက်ရှိ သုံးစွဲနေသော ဘလော့ဂ်လိပ်စာ - http://idulize.blogspot.com
ပြောင်းလဲလိုသော လိပ်စာအသစ် - http://idulize.myanmarbloggers.org
တောင်းခံသူ နာမည် - အရုပ်ကလေး

Wordpress သမားများ အနေဖြင့် ဒိုမိန်းတောင်းဆိုလိုပါက မိမိ ဘလော့ဂ် တင်ထားသော ဆာဗာ၏ လိပ်စာပါ ထည့်ပေးရမည် ဖြစ်ပါသည်။ မိမိ Hosting Server ၏ လိပ်စာ သိမှသာ အသစ်ပေးမည့် လိပ်စာမှာ အလုပ်လုပ်မည် ဖြစ်ပါသည်။ ထို့ကြောင့် အီးမေးလ်ထဲတွင် အောက်ပါ ပုံစံဖြင့် တစ်ကြောင်း ပိုထည့်ပေးရပါမည်။

Sample >> ဘလော့ဂ်ဆာဗာ လိပ်စာ - ghs.google.com.

Blogspot သမားများ ဒိုမိန်း ပြောင်းလဲရန် နည်းပညာ အခက်အခဲ ရှိပါက ကိုပီကေ ရေးသား ဖော်ပြထားသော ပို့စ်တွင် သွားရောက် လေ့လာနိုင်ပါသည်။
How to setup Custom Domain in Blogger.com
http://knowhow.myanmarbloggers.org/2008/08/custom-domain.html

မှတ်ချက် ။
ဒိုမိန်းတောင်းခံသူများသည် အီးမေးလ် မပို့ခင် (သို့) ပို့ပြီးပြီးချင်း Setting ကို မပြောင်းပစ်သေးဘဲ ဒိုမိန်း ပြုလုပ်ပြီးကြောင်း အကြောင်းကြားစာ ရမှသာ Setting များ ပြောင်းလဲပေးပါရန် တောင်းဆိုအပ်ပါသည်။

myanmarbloggers.org ဖြင့် သုံးစွဲနေပြီးသူများသည် မိမိ ကိုယ်ပိုင်ဒိုမိန်းအသစ် (သို့) တခြား ဒိုမိန်း တစ်ခုခုသို့ ပြောင်းရွှေ့လိုပါက အီးမေးလ်ပို့ အကြောင်းကြားပေးပါရန် တောင်းဆိုအပ်ပါသည်။

myanmarbloggers.org ဒိုမိန်းအား တောင်းဆိုသူ မည်သူ့ကိုမဆို ဘလော့ဂ်ရှိရုံဖြင့် အခမဲ့ ပြုလုပ်ပေးနေပါသည်။ သို့သော် myanmarbloggers.org ဒိုမိန်းဖြင့် သုံးစွဲနေသူများသည် MBS ၏ ဂုဏ်သိက္ခာကို ထိပါးစေသော အပြုအမူ လုပ်ရပ်များ အထင်အရှား ရှိခဲ့ပါလျှင် ကျူးလွန်သူ မည်သူ့ကိုမဆို ဒိုမိန်းသုံးစွဲခွင့် ရုတ်သိမ်းပစ်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

bloggers@myanmarbloggers.org သို့ ပေးပို့သော တောင်းခံစာများကိုသာ လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

myanmarbloggers.info ဖြင့် ရှိနှင့်ပြီးသူများ myanmarbloggers.org အဖြစ် ပြောင်းလဲလိုပါကလည်း လက်ခံဆောင်ရွက်ပေးပါမည်။

No comments: