WELCOME

Sunday, October 16, 2011

တရုတ်တွင် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတား ဖွင့်လှစ်

AddThis Social Bookmark Button
w64009
တရုတ်နိုင်ငံ အရှေ့ဘက် စာန်းတောင်ပြည်နယ်၊ ကျင်တောင်တွင် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတားကို တရုတ်က စတင် ဖွင့်လှစ်ပေးခဲ့သည်။ အရှေ့ဘက်ကမ်းရိုးတန်းမြို့ ကျင်တောင်နှင့်ကျောင်ကျိုး ပင်လယ်အော်ရှိ ဆင်ခြေဖုံး ဟွမ်တောင်မြို့တို့ကို ချိတ်ဆက်ပေးမည့် ၂၆ ဒသမ ၄ မိုင် (၄၂ ဒသမ ၄ ကီလိုမီတာ) ရှည်လျားသော ယင်းတံတားသည် ကျင်တောင်မြို့လယ်မှ ဟွမ်တောင်မြို့ကို ခရီးကြာချိန် မိနစ် ၂၀ နှင့် သွားလာနိုင်မည် ဖြစ်သည်။
w64010
ဇွန်လ ၂၇ ရက်နေ့က တံတား တည်ဆောက်ရေးနှင့် ပတ်သက်သည့် စမ်းသပ်မှုများ ပြီးစီးသွားခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ယာဉ်များ သွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ တရုတ်၏ ပင်လယ်ကူးတံတားသည် လက်ရှိ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတား ဖြစ်သည့် အမေရိကန်၊ လူဝီစီးယားနားပြည်နယ်မှ Lake Pontchartrain Causeway ထက် ၄ ကီလိုမီတာ ပိုမို ရှည်လျားသည်။ တံတားတည်ဆောက်ရန် ဒေါ်လာ ၁ ဒသမ ၅၅ ဘီလျံ သုံးစွဲခဲ့ရပြီး လေးနှစ်ကြာ တည်ဆောက်ခဲ့ရကြောင်း တံတားကို တိုင်ပေါင်း ၅၂၀၀ ကျော်ဖြင့် တည်ဆောက်ထားကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ ထိုတံတားပေါ်တွင် တစ်ရက်လျှင် ကား ၃၀၀၀၀ ကျော် ဖြတ်သန်းသွားလာမည်ဟု မျှော်လင့်ထားကြပြီး ကျင်တောင်နှင့် ဟွမ်တောင်မြို့ကြား သွားလာချိန်ကို မိနစ် ၄၀ အထိ လျော့ချနိုင်မည် ဖြစ်သည်။
သို့သော်လည်း ဤတံတားသည် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး မှတ်တမ်းကို ကြာကြာ ကိုင်စွဲထားနိုင်မည် မဟုတ်ပေ။ တရုတ်သည် ကုန်ထုတ်လုပ်ရေး ဗဟိုချက် ကွမ်တုံကို မကာအို၊ ဟောင်ကောင် တို့ကို ချိတ်ဆက်မည့် ၃၁ ဒသမ ၁ မိုင်ရှည် တံတားတစ်စင်းကို ၂၀၀၉ ခုနှစ်က စတင် တည်ဆောက်နေပြီး ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်

No comments: