WELCOME

Tuesday, October 25, 2011

Spam အကြောင်း သိကောင်းစရာ (၂)


Spam အကြောင်း သိကောင်းစရာ (၂)

Spam ပို့လွှတ်သူအများစုဟာ Hoax e-mail အသုံးပြုပြီး e-mail လိပ်စာ အများအပြားကို ရယူကြပါတယ်။ တစ်ခါတစ်ရံတွင်
ထူးဆန်းသော Message များဖန်တီးပေးပို့ကြပြီး ဆက်လက်၍ ဖြန့်ဝေရန် နှိုးဆော်စာများ ပါရှိပါတယ်။
လူအချို့ကတော့ ထိုစာသား Message များကို ယုံကြည်ကြပြီး အခြားသူများထံသို့ ဆက်လက်ပေးပို့တာကြောင့်
အချိန်တိုအတွင်း Spam များ အများအပြား ပြန့်ပွားကုန်ကြပါတယ်။ ထို့အတွက် Spam ပေးပို့သူများဟာ e-mail လိပ်စာ
အများအပြားရရှိစေဖို့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
တကယ်တော့ Spam ပေးပို့မှုဟာ တရားမ၀င်လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထို Spam များ မိမိ e-mail ထဲသို့
မရောက်ရှိအောင် ကာကွယ်ဖို့ကတော့ အတော်လေးခဲယဉ်းပါတယ်။ ထို့ပြင် Spam ပေးပို့သူများ သိရှိနိုင်ရန်နှင့်
ဖမ်းဆီးနိုင်ရန်ကတော့ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် ထို Spam များရန်မှ ကာကွယ်သင့်ပါသလဲ။
(၁)    မိမိ e-mail အတွင်း Spam များ မရောက်ရှိအောင် Spam Filter ကို အသုံးပြုသင့်ပါတယ်။ G-mail, Yahoo, Hotmail
များတွင် ထို Filter ဟာ Default ပါဝင်ပါတယ်။ ထို Filter ဟာ Spam များအား
အလိုအလျောက် Spam Folder အတွင်းသို့ ရွှေ့ပြောင်းကာ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အချို့ Spam များကို
ထိရောက်စွာ မကာကွယ်ပေးနိုင်ပါဘူး။

(၂)    ဖိုရမ်များ၊ Chatroom များတွင် သင်၏ e-mail address ကို အသုံးမပြုသင့်ပါဘူး။ ထို Site များတွင် အခြား e-mail
လိပ်စာကိုသာ အသုံးပြုသင့်ပါတယ်။
(၃)    Website များတွင် e-mail လိပ်စာတောင်းယူပါက e-mailaddress@yoursite.come-mailaddress@yoursite.com ဟု မရေးသားဘဲ
e-mailaddress[at]yoursite.com ဟုရေးသားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ထို့အပြင် မိမိ e-mail လိပ်စာအတွင်းသို့
Spam-mail များ ၀င်ရောက်လာပါက ဆက်လက်၍ မပေးပို့ဘဲ ဖျက်ပစ်ရမှာပဲ ဖြစ်ပါတယ်။
အထက်ပါအချက်များအား လိုက်နာအသုံးပြုခြင်းအားဖြင့် Spam များ ၀င်ရောက်လာခြင်းကို အတော်အသင့်
ရှောင်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။
source:ICT Reader

No comments: