လူ့လောကတွင် သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ရန်
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ရန် ကြိုးစားရသော လူသည် လောဘ၊ မောဟ၊ ဒေါသ၊ ကိလေသာတို့နှင့်မဝေးပါဘူး။ ယနေ့ခေတ်ကြီးတွင် လူအချင်းချင်းစီးပွါးရေးအရ ဆက်ဆံရာမှာ လည်းဖြစ်လာရသော ဒေါသတို့၊ စိတ်မွန်းကျပ်မှုတို့သည် မိမိကိုယ်ကိုပြန်ဖိစီးနေပါတယ်။ ဒီလိုနှင့်ချမ်းသာလာကြသော သူဌေးကို ကိလေသာထဲက သူဌေးလို့မြင်နိုင်ပါတယ်။
လူတိုင်းတွင် အသက်ကြီးလာသည်နှင့်အမျှ ဘဝ၏ရင့်ကျက်မှု ရလာကြတယ်။ လေးနက်စွာတွေးခေါ်လာတတ်ကြတယ်။ ဘဝ၏အဓိပ္ပါယ်တစ်ခုရစေရန်မိမိတို့
ဗုဒ္ဓတရားတော် ဆုံးမစာများတွင် ကောင်းသောအရာကိုစဉ်းစား၊ ကောင်းသောအရာကိုလုပ်၊ ကောင်းသောစကားကိုပြောရန်ပါရှိပါ
** ကောင်းသောအရာကိုလုပ်ရန် - လူ့ဘဝသက်တန်းတစ်လျှောက်လုံးတွင် ကောင်းမှုကုသိုလ်များ လုပ်စရာတွေအများကြီး ရှိနေပါတယ်။
** ကောင်းသောစကားပြောရန် - မိမိ၏စကားတစ်ခွန်းသည် လူတစ်ဘက်သားကို မထိခိုက်စေရန်လို အပ်ပါတယ်။ နှစ်ဘက်စိတ်ချမ်းသာစေမဲ့စကား၊ အကျိုးရှိစေမဲ့စကားများသာ ပြောသင့်ပါတယ်။
ကောင်းသောအရာကိုစဉ်းစား၊ ကောင်းသောအရာကိုလုပ်၊ ကောင်းသောစကားကိုပြောခြင်းဖြင့် လူတစ်ယောက်နှင့်တစ်ယောက် ခွင့်လွှတ်တတ်ခြင်း၊ စာနာတတ်ခြင်း၊ လေးစားတတ်ခြင်း တို့ဖြစ်ပေါ်စေပါတယ်။ ဤသည် မိမိနှင့်မိသားစု အပါအဝင် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် လုံးကိုငြိမ်းချမ်းမှုဖြစ်စေပါ
ကိလေသာနည်းလျှင် သတိဆိုသောအရာက မိမိ၏အရှက်နှင့်ဂုဏ်သိက္ခါတို့
ငွေဟူသောအရာတစ်ခုတည်းက မိမိအား သန်းကြွယ်သူဌေးဖြစ်စေခြင်းမဟုတ်
ငါသာငါထက် မာန်မတက်နှင့်
အထက်နေမင်း
လေကျွန်းချဉ်းလည်း
မလင်းတိမ်တိုက်
တစ်ကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ
ဤအရာကို
ပညာရှိက သတိရလိ့မ်။
(ရှင်မဟာသီလဝံသ)
No comments:
Post a Comment