WELCOME

Tuesday, October 25, 2011

PC suite နဲ့ application များ phone ထဲ install ထည့်ပုံ


အားလုံးမင်္ဂလာပါ...။ဒါကတော့ PC suiteနဲ့ application များ install လုပ်ပုံများကို ဗဟုသုတလည်းဖြစ်၊ ထည့်လည်းထည့်တတ်ရအောင် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ application များကို copy paste လုပ်လို့ရပေမယ့်
bluetooth နဲ့ ပြန်ဖွင့်ရတာ အလုပ်ရှုပ်ပါတယ်။ဒါကြောင့် pc suite နဲ့ တစ်ခါတည်း ထည့်လိုက်ရင် ပုံမှန်ဖွင့်လို့ အဆင်ပြေသွားပြီလေ။ Dictionaryဘဲ ဖြစ်ဖြစ်၊ phone antivirus ဘဲဖြစ်ဖြစ် ထည့်ချင်ရင် အောက်မှာ ပုံစံပြထားတဲ့အတိုင်း လုပ်သွားရုံပါပဲ။ဒါက nokia phone များအတွက် လုပ်သွားပုံ ပြမှာဖြစ်ပါတယ်။ ကျန်တဲ့ ဖုန်းတွေလည်း သူ့ဆိုင်ရာ pc suite နဲ့ လုပ်သွားရုံပါပဲ။
ပထမဆုံး မိမိဖုန်းကို ကွန်ပျူတာနဲ့ connect လုပ်လိုက်ပါ။ ပြီးရင် အောက်မှာ ပုံအတိုင်း pc suite ကို ဖွင့်လိုက်ပါ။
နောက် application ဆိုတော့ icon ကို နှိပ်လိုက်ပါ။

အောက်မှာ box တစ်ခု ကျလာရင် မိမိကွန်ပျူတာမှာ ဒေါင်းလုတ်ထားတာပဲဖြစ်ဖြစ်၊ ကူးယူထားတာပဲဖြစ်ဖြစ် ရွေးယူလိုက်ပါ။



ပြီးရင် အလည်မှာ မြားလေးနဲ့ပြထားတာကို နှိပ်လိုက်ပါ။နောက် မိမိဖုန်းထဲမှာ ကြည့်ုလိုက်ပါ။ install လုပ်ဖို့ စာတန်းတက်လာမှာဖြစ်ပါတယ်။ ဖုန်းထဲက ပြထားတဲ့အတိုင်း install လုပ်လိုက်ရုံပါပဲ။ အားလုံးပြည့်စုံသွားပြီဆိုရင် မိမိထည့်ထားတဲ့ application များကို ဖွင့်သုံးလို့ ရပါပြီခင်ဗျာ။ ဖုန်းထဲကို anti virus ဆော့ဝဲထည့်ချင်ရင် အောက်မှာ လင့်ပေးထားပါတယ်။ မိမိဖုန်းမော်ဒယ်အလိုက် ရွေးပြီးတော့ ဒေါင်းလုတ်ယူပါ။ အဆင်ပြေပါစေဗျာ။
kaspersky mobine security

No comments: