WELCOME

Thursday, October 20, 2011

FTTx စနစ် မြန်မာပြည်ရဲ့ FTTx စနစ်

ခေတ်မီ အဆင့်မြင့် ဆက်သွယ်ရေး ဆိုင်ရာ ဖိုင်ဘာကြိုး တစ်ချောင်းသွယ် တန်း ရယူခြင်း ဖြင့် အင်တာနက် ဖျော်ဖြေ မှု များကို ကြည့်ရှု နိုင်သည့် IPTV မြန် နှုန်းမြင့် အင်တာနက်၊ အသံကြည်လင် ပြတ်သား သည့် VOIP တယ်လီဖုန်း သုံး မျိုး သုံးနိုင် သည့် FTTx စနစ်ကို ပြင်ဦး လွင် နှင့် မန္တလေးမြို့၌ စီစဉ် ဆောင်ရွက် လျက် ရှိနေပြီး မကြာမီ ရန်ကုန်မြို့၌ လည်း ရောက်ရှိ လာတော့ မည်ဖြစ်ကြောင်း သိရ သည်။ မိတ်ဆက်ပြသ

ရန်ကုန် ပြည်သူ လူထု အတွက် FTTx မိတ်ဆက် ပြသမှုကို ELITE TECH IT SERVICE CO., LTD သည် ရန် ကုန်မြို့ တပ်မတော် ခန်းမ၌ ကျင်းပ ခဲ့သည့် လူနေမှု နှင့် မော်တော်ယာဉ် ပြပွဲ ၂၀၁၀ တွင် တခမ်း တနား ပြသ ခဲ့သည်။

အဓိပ္ပာယ်

FTTx ဆိုသည်မှာ Fiber to the x ဖြစ်ကြောင်း၊ X သည် မသိကိန်း ကိုယ် စားပြုခြင်း ဖြစ်ပြီး Home (အိမ်)၊ Building (အဆောက်အအုံ)၊ Enterprise သို့မဟုတ် Coporate များအဖြစ် ပြောင်းလဲ သုံးစွဲ နိုင်ခြင်းကို ညွှန်း ဆိုခြင်း ဖြစ်ကြောင်း သိရသည်။ နေအိမ်သုံး အတွက် ဆက်သွယ်လျှင်FTTH (Fiber to the Home) ဖြစ်ကြောင်း၊ အဆောက် အအုံသုံး အတွက် ဆက်သွယ်လျှင် FTTB (Fiber to the Building) ဖြစ် ကြောင်း စသည်ဖြင့် ဖွင့်ဆိုချက် များကို သိရသည်။

နိုင်ငံတကာ

အဆိုပါ စနစ်ကို ယူအေအီး၊ တ ရုတ်၊ စပိန်၊ စင်ကာပူ စသည်တို့ တွင် အသုံးတွင် ကျယ်လျက် ရှိကြောင်း သိရ သည်။

သုံးမျိုးအသုံး

အဆိုပါ FTTx စနစ်ကို ဆက် သွယ်အသုံးပြုလျှင် IPTV အတွက်၊ Internet အတွက်၊ VOIP တယ် လီဖုန်းအတွက် သုံးမျိုး အသုံးပြု နိုင်ကြောင်း သိရသည်။

တီဗီအသုံး

IPTV အသုံးပြု နိုင်မှုမှာ I-Movies ဇာတ်လမ်း ရုပ်ရှင်များ၊ I-Series စိတ်ဝင်စားဖွယ် ကောင်းသော ဇာတ် လမ်း တွဲများ၊ I-Sports နိုင်ငံတကာ အား ကစား ရုပ်သံ လိုင်းများ နှင့် သတင်းများ၊ I-Music နိုင်ငံ တကာ မှ နာမည်ကျော် သီချင်းများ အပြင် အခြား နာမည်ကျော် ရုပ်သံ လိုင်းများကို အဆင့်မြင့် နည်း ပညာ High Defination ရုပ်ထွက်ဖြင့်ဖမ်းယူ ကြည့်ရှု နိုင်ကြောင်း သိရသည်။ အထူးဝန် ဆောင်မှု အဖြစ် မိမိ နှစ်သက် ရာ ဇာတ် လမ်း Movies များနှင့် အစီအစဉ်များကို ရွေးချယ် ကြည့်ရှု နိုင်မည့် video on demand ၀န်ဆောင် မှု ရှိကြောင်း သိရသည်။ ထို့အပြင် Interactive Web Portal မှ တစ်ဆင့် မိုးလေ၀သ ဆိုင်ရာ သတင်းများ၊ နိုင်ငံတကာ သတင်းများ၊ ဗဟုသုတ ဆိုင် ရာ သတင်းအချက် အလက်များကို အချိန် နှင့် တစ်ပြေးညီ သိရှိ နိုင်ကြောင်းသိရသည်။

အင်တာနက်အသုံး

အင်တာနက် အသုံးပြုနိုင် မှုမှာ မြန် နှုန်းမြင့် 30 Mbps ရှိသော high speed internet access ဖြစ်ခြင်း၊ Upload နှင့် download ကို speed တူညီစွာဖြင့် အသုံးပြုနိုင်ခြင်း၊ အင်တာနက် အသုံးပြု နိုင်ရေး အတွက် တယ်လီဖုန်း လိုင်းနှင့် modem များ မလိုအပ်ခြင်း စသည့် ထူး ခြားချက်များ ရှိကြောင်း သိရသည်။

တယ်လီဖုန်း အသုံး

တယ်လီဖုန်း အသုံးပြု နိုင်မှုမှာ သာ မန် PSTN တွင် ပြောဆို နေ ရသကဲ့သို့ အသံ အလွန် ကြည်လင်ပြတ် သား မှုရှိသော VOIP Telephone Service ဖြစ်ကြောင်း၊ Fax Service ကို လည်း အသုံးပြု နိုင်ကြောင်း သိရသည်။

ရတနာပုံတယ်လီပို့

အဆိုပါ FTTx စနစ်ကို ရတနာပုံ တယ်လီပို့က ၀န်ဆောင်မှု ပေး ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း၊ အဆိုပါ စနစ်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ တွင် ပြုလုပ် ခဲ့ သည့် ရတနာပုံ အိုင်စီတီ ရက်သတ္တပတ် တွင် စတင် မိတ် ဆက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းစနစ်ကို ၂၀၁၀ ခုနှစ်အတွင်းဝန် ဆောင်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက် ရှိကြောင်း၊ ၀န်ဆောင်မှု အပြင် လို အပ်သည့် ပစ္စည်း အစိတ် အပိုင်း အချို့ ကို လည်း စက်ရုံ တည်ဆောက် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

တပ်ဆင်ခ

အဆိုပါ လိုင်း တပ်ဆင်ခမှာ ကျပ် ၁၀ သိန်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းပြီး လစဉ်ကြေး မှာလည်း ထိုက် သင့်သ လောက်သာ ရှိမည် ဖြစ်ကြောင်း သိရ သည်။ မန္တလေး တွင် ရတနာပုံ တယ်လီ ပို့က ၂၀၁၀ နှစ်လယ်ပိုင်း အတွင်း ပြု လုပ် ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တွင် အဆိုပါ ကိစ္စကို ရှင်းလင်း ပြောကြားခဲ့ ကြောင်း သိရသည်။

No comments: