WELCOME

Thursday, November 10, 2011

Windows 7 Repair Disc ဖြင့် Windows ပြန်မတက်တဲ့ ပြဿနာများကိုရှင်းမယ်

Hello! Thank You Visited My Blog
   

ဒီကောင်လေးက ၀င်းဒိုး Boot ပြန်မတက်တာ Screen ပြာတက်နေတာ ၀င်းဒိုး Restart ခဏခဏကျတာတွေအ
တွက်ပြန်လည်ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ကျွန်တော်ဖြစ်တဲ့ပြဿနာလေးကို ပြော
ပြချင်ပါတယ်။
     ကျွန်တော်လက်တော့တစ်လုံးကို အခြားနိုင်ငံတစ်ခုကနေမှာလိုက်ပါတယ်။Dell Inspiron 2nd generation
Intel Core i7 အမျိုးအစားပါ။Genuine Win7 Home Premium 64 Bit Service Pack 1 နှင့်ပါ။ရောက်လာတော့
Partation တစ်ခုတည်းဖြစ်နေလို့  ထုံးစံအတိုင်း MyComputer > Manage ကနေ၀င်ပြီးတော့ Partation တွေ
ခွဲပါတယ်။အရင်လည်းလုပ်နေကျပါ။ပြီး Restart ချလိုက်တဲ့အခါမှာတော့ Windows ပြန်တက်မလာတော့ဘဲနဲ့ 
BOOTMGR  is missing စာကြောင်းရယ် Press  Ctrl+Alt+Del to restart ဆိုတဲ့စာကြောင်းနဲ့  Screen မဲမဲ
ကြီးကပေါ်လာပါတယ်။သူပြောသလို Restart လုပ်တာလည်းမရပါဘူး။တော်တော်စိတ်ညစ်သွားတာပါ။ကိုယ့်မှာ
ရှိတဲ့ ဝင်းဒိုးနဲ့ ပြန်တင်ရင် ရပေမဲ့ သူ့ စက်ထဲမှာထည့်ပေးလိုက်တဲ့ Software လေးတွေကို သဘောကျနေလို့ ဝင်း
ဒိုးအသစ်လည်းပြန်မတင်ချင်တာနဲ့  အခြားစက်တစ်လုံးနဲ့ ဂူဂဲလ်ထဲမှာရိုက်ရှာပြီး အလားတူပြဿနာမျိုးတွေဖြေ
ရှင်းထားတဲ့ ဗီဒီယိုဖိုင်တွေကို Youtube မှာကြည့်တော့ဒီ Windows 7 Repair Disc ဆိုတာလေးနဲ့ ဖြေရှင်းတာ
ကိုတွေ့ တာနဲ့  ဂူဂဲလ်မှာဘဲရှာဖွေဒေါင်းယူကာ CD အဖြစ် ရရှိလာတဲ့ ISO ဖိုင်လေးကို Burn ယူလိုက်ပါတယ်။
ပြီးတော့ ပြဿနာဖြစ်နေတဲ့စက်ကို FirstBoot မှာ CD/DVD ပြောင်းလည်းပေးပြီး Repair ချပ်ကိုစက်ထဲထည့်
ကာ Restart ချလိုက်ပါတယ်။ပြန်တက်အလာမှာ“Press any key to boot from CD or DVD”- ဆိုတော့ ကီး
တစ်ခုခုနှိပ်ပေးလိုက်ပါတယ် ၀င်းဒိုတင်သလိုပါဘဲ Language တွေဘာတွေရွေးပေးပြီး Repair your Computer
ကိုရွေးပေးကာ Next နဲ့ သွားပါတယ်။နောက်တစ်ခါ System Recovery Option မှာလည်း Next ဘဲဆက်ပေး
လိုက်ပါတယ်။သူ့ လုပ်ငန်းစဉ်များပြီးသွားတာနှင့် Finish ပေးလိုက်ယုံပါဘဲ။Windows ကအရင်အကောင်းအတိုင်း
ပြန်တက်လာပါတော့တယ်။

     ကဲကျွန်တော်လိုပြဿနာကြုံသူများ မသိရှိသေးသူများ ဆောင်ထားလိုသူများအတွက် ဒီကောင်လေးကိုပြန်
လည်ဝေငှလိုက်တာပါ။32 Bit အတွက်ကော 64 Bit အတွက်ကောတင်ပေးထားပါတယ်။အားလုံးအဆင်ပြေနိုင်
ကြပါစေ။Windows 7 အမျိုးအစားအားလုံးကို Repair လုပ်ပေးနိုင်ပါတယ်။150 MB သာသာပမာဏရှိပါတယ်။
(၁)  Win7 64 Bit Repair Disc
(၂)  Win7 32 Bit Repair Disc

No comments: