WELCOME

Sunday, November 6, 2011

ဖုန်းနှင့်တွဲဖက်သုံးစွဲနိုင်သည့် Bluetooth ပါ နာရီ


Citizen မှ Bluetooth နည်းပညာပါနာရီကို ထုတ်လုပ်ပေးလိုက်ပါတယ်။
ဆဲလ်ဖုန်းများနှင့် တွဲဖက်သုံးစွဲနိုင်ဖို့အတွက် ပထမဆုံးထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဖုန်းတွေကို အိတ်ထဲမှာထည့်ထားတဲ့အခါ ဘယ်သူကခေါ်ဆိုတယ်ဆိုတာကို ထုတ်ပြီးကြည့်ဖို့အတွက် အခက်အခဲရှိတဲ့ အချိန်တွေလည်းရှိကြမှာပါ။ အဲဒီလိုအခါမျိုးမှာ နာရီကနေ ဖုန်းခေါ်ဆိုမှုတွေကိုကြည့်နိုင်ခြင်း၊ အဖြေပေးနိုင်ခြင်း text message တွေ သို့မဟုတ် email တွေကို ကြည့်ရှုနိုင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ကင်မရာ shutter ကိုလည်း အဝေးကနေထိန်းချုပ်နိုင်မှာပါ။ ရောင်းချမည့်ဈေးနှုန်းကတော့ မသိရသေးပါဘူး။
@အင်တာနက်ဂျာနယ်

No comments: