WELCOME

Sunday, November 13, 2011

တွေးပြီးရီ

Hello! Thank You Visited My Blog


မဖြတ်နိုင်ဘူး


> မိန်းမ တစ်ယောက်သည် လမ်းလျှောက်လာရင် တစ်နေရာတွင်
> သူတောင်းစားမိန်းမကြီးသည်သူ့အနားသို့ချဉ်းကပ်လာသည်။ ထိုမိန်းမကြီးမှာ
> ဆံပင်တွေလည်း ရှုပ်ပွ ခန္ဓာကိုယ်ကလည်း ညစ်ပတ်ပေရေနေတယ်။ထိုမိန်မကြီးက
> လျှောက်လာတဲ့မိန်းမကို ပိုက်ဆံတောင်းလေသည်။
> ထိုမိန်းမက သူ့အိတ်ထဲက ပိုက်ဆံအထပ်ထဲမှ ဒေါ်လာ ၁၀ ထုတ်ကာ
> ရှင့်ကို ဒီပိုက်ဆံပေးလိုက်ရင် ရှင် ဝိုင်ဝယ်သောက်မှာလား ထမင်းဝယ်စားမှာလား။
> အော်ကျမ ဝိုင်ဖြတ်လိုက်တာကြာပါပြီရှင် ကျမ ထမင်းပဲဝယ်စားမှာပါ။
> ဒါဆို ဒီပိုက်ဆံနဲ့ shopping သွားမှာလား ထမင်းဝယ်စားမှလား။
> ကျမမှာ shopping ထွက်ဖို့ အချိန်လည်းမရှိပါဘူး
> အသက်ရှင်ဖို့တောင်အနိုင်နိုင်ပါ။
> ဒါဆို ရှင် ဒီပိုက်ဆံနဲ့ beauty saloon သွားမှာလား ထမင်းဝယ်စားမှာလား။
> ရှင်ရူးနေလား ကျမ ဆံပင်ပုံကိလည်းကြည့်ပါဦး ဘယ်လိုသွားမှာလဲ။
> ထိုအခါ ''ကဲဒါဆို ရှငိ့ကို ဒီပိုက်ဆံမပေးတော့ဘူး ဒီည ကျမ ယောင်္ကျားနဲ့ ညစာစားဖို့
> ချိန်းထားတယ်။ရှင့်ကိုကျမခေါ်သွားမယ်၊ရှင်အဲဒီမှာလိုက်စား
> ဟယ် ဒါဆို ရှင့်ယောင်္ကျားက စိတ်ဆိုးမှာပေါ့။ကျမလို ညစ်ညစ်ပတ်ပတ်ကိုခေါ်လာလို့လေ။
> မဟုတ်ပါဘူး ကျမက ကျမယောင်္ကျားကို ဝိုင်တွေ ၊ shopping ထွက်တာတွေ၊ beauty saloon
> သွားတာတွေ စွန့်လွှတ်လိုက်ရင် ဘယ်လိုပုံပေါက်သွားတယ်ဆိုတာပြချင်လို့ပါ။



ကြိုပြောပါလား


> လူပျိုကြီးတစ်ယောက်သည် သူ၏ အဖော်ခွေးကလေားနှင့်အတူ မြို့အစွန်အဖြားတွင်
> နေထိုင်သည်။ နှစ်တွေကြာလာတော့ သူ့ ခွေးလေးမှာ သေဆုံးသွားလေသည်။ထို လူကြီးမှာ
> သူ့ခွေးလေးကို အလွန်ချစ်သဖြင့် ကောင်းကောင်းမွန်မွန် မြေမြုပ်ပေးချင်သည်။
> သို့နှင့် သူ၏ ခရစ်ယာန်ဘုန်းတော်ကြီးဆီသွားပြီး ခွေးကလေးအတွက်
> ဆုတောင်းရွတ်ဖတ်ပေးတဲ့ပွဲလေးလုပ်ချင်ကြောင်းသွားပြောသည်။
> ဘုန်းတော်ကြီးက " ငါတို့မှာ တိရိစ္ဆာန်တွေ အတွက် ဝန်ဆောင်မှု မလုပ်ပေးပါဘူး ။
> ဒါပေမယ့် ငါကြားထားတာတစ်ခု က ဒီအနားတဝိုက်မှာ အသုဘအခမ်းအနား လုပ်ပေးတဲ့
> လုပ်ငန်းတစ်ခု အသစ်ဖွင့်တယ်ပြောတယ်။ အဲဒီကို သွားကြည့်ပါလားလုပ်ပေး မပေး
> မသေချာပေမယ့် တစ်ခုခုတော့ အဆင်ပြေအောင်လုပ်ပေးကြမှာပါ။"
> သို့နှင့် ထိုလူကြီးက " ဒါဆိုရင် ကျွန်တော် အဲဒီကိုသွားလိုက်ပါဦးမယ်။ ဒါနဲ့
> အသုဘ အခမ်းအနားအတွက် $50000 ဆို လောက်မယ်ထင်တယ်နော် "
> ဘုန်ကြီးက " ဟေ မင်းကဘာလို့ မင်းခွေးက ကသလစ် ဝင်ဆိုတာကြိုမပြောရတာလဲ,
> ငါကိုယ်တိုင်လုပ်ပေးမှာပေါ့"



အခုမှစမောင်းတာ


> လူတစ်ယောက်သည် တက္ကစီငှားစီးနေရင်း ဘေးနားမှ ကားမောင်းသမားကို စကားပြောရန်
> ပခုံးကို ပုတ်၍ ပြောရန်ဟန်ပြင်သည်။
> ကားသမားမှာ အလွန်အမင်းကြောက်လန့်ပြီး အော်ကာ ကားမှာ တိုက်မလိုပင်ဖြစ်သွားသည်။
> နောက်မှ ကားကို လမ်းဘေးသို့ ထိုးရပ်ပြီး
> ကျွန်တော်တောင်းပန်ပါတယ်ဗျာ ဟုပြောရင်း သူ့မှာ ရင်တုန်ပန်းတုန်ဖြစ်နေသည်။
> ခင်ဗျားကလည်းဗျာ ဘာလို့ ဒီလောက်ကြောက်နေရတာလဲ။
> ကားသမားက " ကျွန်တော်က ဒီနေ့မှ တက္ကစီစမောင်းတာဗျ ၊ အရင်တုန်းက ကျွန်တော်က
> နိဗ္မာန်ယာဉ် မောင်းတာဗျ။
>
>
>
> ရေကူးလို့ရလား>
>
>
> FLORIDA ကမ်းခြေသို့ နိုင်ငံခြားသား ဧည့်သည် တစ်ယောက်ေ၇ာက်လာပြီး သင်္ဘောတစ်စင်း
> ငှားကာ ငါးဖမ်းထွက်၏။ ငါးမျှားရင်းေ၇ကူးချင်လာသဖြင့် ရေကူးရန်ပြင်သည်
> ဒါပေမယ့် သူက မိကျောင်းရှိမှာဆိုးသဖြင့် ဘေးနားက ငါးဖမ်း လှေ ပေါ်မှ
> လူတစ်ယောက်ကို လှမ်းမေးသည်။
> ဒီမှာ မိကျောင်းတွေများရှိသလားဗျ။
> မရှိတော့တာနှစ်အတော်ကြာပါပြီဗျာ။
> နိုင်ငံခြားသားမှာ အားရဝမ်းသား ရေထဲခုန်ချလိုက်သည်။
> ကောင်းလိုက်တာဗျာ အေးသွားတာပဲ ။ ဒါနဲ့ မိကျောင်းတွေက ဘယ်လိုပျောက်သွားတာလဲဗျ။
> ငါးမန်းတွေရောက်လာလို့ပေါ့ဗျာ


ဓာတ်ပုံဆရာ


> ဓာတ်ပုံဆရာ တစ်ယောက်သည် သူ့သူငယ်ချင်းလင်မယားက ဖိတ်သဖြင့် ညစာထမင်းသွားစားသည်။
> ကင်မရာကိုလည်းတစ်ပါတည်း
> ယူသွားသည်။ ထို့နောက်ညစာစားရင်း ဓာတ်ပုံ အနည်းငယ်ရိုက်ပေးလိုက်သည်။ ထို့နောက်
> သူငယ်ချင်း မိန်းမက သူ့ကင်မရာမှ
> ပုံများကိုယူကြည့်ရင်း
> ဟာ ပုံတွေကလှလိုက်တာ ရှင့်ကင်မရာကောင်းလို့နေမှာနော်။
> ဓာတ်ပုံဆရာမှာ ဘ၀င်မကျသော်လည်း ဘာမှမပြောပဲ နေ၏။ထို့နောက်ပြန်ခါနီးကျမှ
> ခင်ဗျားဟင်းထမင်းတွေက အရမ်းစားကောင်း
> ပဲဗျာ ခင်ဗျားချက်တဲ့ ဒယ်အိုးတွေကကောင်းလို့ဖြစ်မှာနော်။



၁၅ မိနစ်ပဲလိုတော့တယ်


> တစ်ခါက ရဲတစ်ယောက်သည် ကင်းလှည့်ရင်း ချောင်တစ်နေရာတွင် ကားတစ်စီးတွေ့သဖြင့်
> သွားရောက်စစ်ဆေးရာ ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် အထဲတွင်တွေ့ရလေသည်။
> ကောင်လေး ၀တ္ထုစာအုပ်ဖတ်နေသည်။မိန်ကလေးကသိုးမွှေးထိုးနေလေသည်။ ရဲက
> မင်းတို့ဘာလုပ်နေတာလဲ။
> ကောင်လေးက ခင်ဗျားတွေ့တဲ့အတိုင်းပဲလေ။
> ကောင်မလေးကို အသက်ဘယ်လောက်ရှိပြီလဲ။ ရဲကမေးသည်
> နောက်၁၅ မိနစ်ဆိုရင် ၁၈ နှစ်ပြည့်ပြီ။



ဆိုင်းဘုတ်အမှား


> ခရစ်ယာန် ဘုန်းကြီးတစ်ပါးနှင့်သူ၏တပည့်တစ်ယောက်သည် ဆိုင်းဘုတ်တစ်ခုစီကို
> ကိုင်ထားကြသည်။
> သူတို့၏ ဆိုင်းဘုတ်မှာရေးထားတာက
> လမ်းဆုံးရောက်ရန်နီးနေပြီ။နောက်မကျခင် နောက်ပြန်လှည့်ကြပါကွယ်။ ဖြစ်ပါတယ်။
> သူတို့က လမ်းကလာတဲ့ကားတွေကို မြင်စေချင်လို့
> ကားတွေဘက်ကိုလှည့်ပြီးကိုင်ထားကြသတဲ့။
> ဒါနဲ့ ပထမဆုံးလာတဲ့ကားက ဆိုင်းဘုတ်ကိုကြည့်ပြီး အလကားသာသနာရူးတွေ လမ်းဖယ်စမ်း
> လို့အော်ပြီးဆက်မောင်းသွားတယ်။
> မောင်းသွားပြီးရှေ့နားအရောက်မှာ အောက်သို့ ပြုတ်ကျသံကြီးထွက်လာသည်။
> ထိုအခါ ဘုန်းကြီးက
> ငါတို့ဆိုင်ဘုတ်ကို "တံတားပျက်နေသည်" လို့ ပြင်လိုက်ရင်ကောင်မယ်ထင်တယ်နော်။


>
>


> လောင်းကြေး

>
>
>
> လူတစ်ယောက်သည် ဘားကောင်တာတွင် ထိုင်နေရင်း အရက်စပ်ပေးသူ ကို
> ခင်ဗျားနဲ့ ကျွန်တော် ဒေါ်လာ ၃၀၀ ဖိုးလောင်းရအောင်။ အခုဒီခွက်ထဲကို ကျွန်တော်
> ဟိုဘက်အခြမ်းကနေ သေးပေါက်ထည့်မယ်။ တစ်စက်မှ မဖိတ်စေရဘူးဗျာ။
> ထိုအခါ အရပ်စပ်ပေးတဲ့လူက လည်း ရယ်ပြီးတော့
> မင်းတကယ်လောင်းမှာလား။ကဲစလိုက်ကြရအောင်။
> သို့နှင့် ထိုသူမှာ ဇစ်ဖြုတ်ပြီး တစ်ဘက်ခြမ်းမှ သေးပေါက်ထည့်ရာ တစ်စက်မှ
> ခွက်ထဲမရောက်ပေ။ ထိုအခါ အရပ်စပ်ပေးသူက
> ရယ်ပြီး ကဲမင်းရှုံးပြီ ပေး ၃၀၀
> ထိုလူသည် ရေကူးကန်ဘေးက သူ့သူငယ်ချင်း ဆီသွားကာ ၁၀၀၀ ယူလိုက်ပြီး နောက် ၃၀၀
> လာပေး၏။ ထိုအခါ အရပ်စပ်ပေးတဲ့သူက မင်းကရှုံးတာတောင် ရီနေသေးတယ်။
> ထိုအခါမှ
> ခင်ဗျားကလည်း ကျွန်တော် ကကျွန်တော့် သူငယ်ချင်းနဲ့ ၁၀၀၀ ကြေးလောင်းထားတာဗျ။
> အရက်ဘား နဲ့ ခင်ဗျားပေါ်ကို သေးပေါက်ချ ပြမယ် ဒါတောင်ခင်ဗျားက ရယ်နေရမယ်လို့လေ။
>
>
>


> အာဂကြက်

>
>
>
> လယ်သမားတစ်ယောက်သည် ငယ်ရွယ် သန်မာသောကြက်ဖတစ်ကောင်ဝယ်လာသည်။
> အိမ်ရောက်ရောက်ချင်း ကြက်ဖ ကအနားက ကြက်မ အကောင် ၁၅၀ ကို မိတ်လိုက်ပြစ်လိုက်တယ်
> ထိုအခါ လယ်သမားကသဘောကျသွားသတဲ့။
> နောက် နေ့လည်ကျတော့ နောက် အကောင် ၁၅၀ ကို မိတ်လိုက်ပြန်ရော။
> ဒီတစ်ခါတော့ လယ်သမားမရယ်နိုင်တော့ပါ။
> ဘာလို့လည်းဆိုတော့ သူက ကြက်တင်မကဘူး ဘဲမတွေ ကော နွားမတွေကော ပါလာပါရော။
> လယ်သမားမှာ စိတ်ပူနေလေသည်။
> ညနေရောက်တော့ လယ်သမားသည် အိမ်ပြင်ထွက်လာရာ ထိုကြက်ဖမှာ မျက်စိကပြူးထွက်၊
> ခြေထောက်နှစ်ဖက်က ဆန့်ထွက်နေပြီး၊
> မြေတွင် တုံးလုံးလဲနေသည် ကိုတွေ့လေသည်။
> လယ်သမားက
> အေး နည်းတောင်နည်းသေးတယ် အဲလောက်တောင် အငန်းမရဖြစ်နေတာ။
> ထိုအခါ ကြက်ဖက ခေါ်င်းထောင်လာပြီး
> ရှုးတိုးတိုး လုပ်ပါဗျ ဟိုမှာ ငှက်မလေးတွေ ဆင်းလာတော့မယ်။


ကဗျာ

ငါ့ရင်မှာဟာတာတာနင်လာလာမစနဲ့ထင်တာမရမှနင် .............မဖြစ်သွားမယ်. ......

ကြင်နာပြမယ်ဆိုတုန်းကတော့နင်အရင်တစ်ခါကဟို ...............ကျကိုလွမ်းတုန်းတဲ့ ....

ငါ့ကိုယ်ငါ မသနားချင်နင်လာခုမှကြင်နာယုယပြမနေနဲ့ငါ .. မကျေနပ်ဘူးမှတ် ......

နင့်ကိုသာ အသေသတ်ချင်ငါ့ရင်ခွင် နင်ကမြင်းလို့ဒီမှာ ..လိပ်လောက်မှ မခုန်ချင် ...

နင်အရင်သာ မြန်မြန်သွားတော့မမြင်ချင်ငါ ဟိုချောင်သွားမယ် (စစ်ကိုင်းချောင်ကိုဆိုလိုသည်)ယွန်းပေါ့ ကတုံးးးးးးးးးး ......

ဟာသလေးပါပဲ

တစ်ခါက ရွာတစ်ရွာက ညောင်ပင်ကြီးတစ်ပင်မှာ အရမ်းအားနာတတ်တဲ့ ရုက္ခစိုးတစ်ပါးရှိပါတယ်။

ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့ . . . . . . . .

အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ့ တိုင်းလာပြီးပူဇော်ဆုတောင်းနေတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။

တစ်ရက်နှစ်ရက်မဟုတ် လနဲ့ ချီပြီး နေ့ တိုင်းလာဆုတောင်းနေတော့ ရုက္ခစိုးက အားနာလာပါ တယ်။

ဒါနဲ့  ကောင်မလေး လာပူဇော်တဲ့အခါ ကိုယ်ထင်ပြပြီး ဟေ့ ကောင်မလေး၊

နင်ငါ့ကို နေ့ တိုင်းလာ ပူဇော်နေတာ ဘာကြောင့်လဲ လို့  မေးတယ်။

ဒီတော့ ကောင်မလေးက ဒီလိုပါ . . .ကျွန်မအဖေမှာ အရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။

သားသမီးတွေရလာရင်ပေးစားမယ်ဆိုပြီး အဲဒီသူငယ်ချင်းနဲ့  အဖေနဲ့ ကတိထားကြပါတယ်။

ဒါပေမယ့် အဖေရော သူ့  သူငယ်ချင်းပါ သမီးတွေပဲမွေးခဲ့တော့ သူတို့ ကတိ အတွက် အရမ်းစိတ်မကောင်းဖြစ်နေကြတယ်။

ကျွန်မလည်းအဖေ့ကို စိတ်ချမ်းသာစေချင်တယ်။ အဲဒါကြောင့် ကျွန်မကိုယောကျာင်္းလေးဖြစ်အောင် အရှင်ရုက္ခစိုးကူညီပေးပါ လို့  ပြောပြပါတယ်။

ဒီတော့ ရုက္ခစိုးကြီးက ဟဲ့ နင်ယောကျာင်္လေးဖြစ်အောင် ငါကူညီဖို့ မတတ်နိုင်ဘူး။

တခြားဆုတောင်းချေ လို့  ပြောရှာတယ်။

ဒါပေမယ့် ကောင်မလေးကလည်း ဒီဆုကိုပဲထပ်တလဲလဲတောင်းနေတော့ ရုက္ခစိုးကြီးကအားနာလာပြီး

အင်း . . နင်ဒီလောက်ဆန္ဒပြင်းပြနေရင်လည်း နည်းလမ်းတစ်ခုတော့ရှိတယ်။

..................

ဒါပေမယ့် နင်ကတိတည်ရမယ်

ကျွန်မအဖေရဲ့ ဆန္ဒသာဖြည့်ဆည်းပေးနိုင်ရင် ကတိတည်ပါ့မယ်

ကောင်းပြီ။

နင့်ကိုငါ့ခါးအောက်ပိုင်းခဏငှားလိုက်မယ်။

ဒါပေမယ့် တစ်နှစ်တိတိပြည့်တဲ့နေ့ ကျရင်နင်လာပြန်လဲရမယ် ဆိုပြီး ကတိတောင်းတယ်။

ကျေးဇူးကြီးပါတယ်အရှင်ရုက္ခစိုးကြီးရယ်။. . .

ဒီလိုနဲ့ ပဲ ရုက္ခစိုးကြီးခမျာ နေရင်းထိုင်ရင်း ရုက္ခစိုးမကြီးဖြစ်သွားရှာတယ်။


ကောင်မလေးကတော့ ရုက္ခစိုးကြီးရဲ့ တန်ခိုးနဲ့ ကောင်လေးဖြစ်သွားတာကြောင့် သူ့
အဖေရဲ့ဆန္ဒအတိုင်းလက်ထပ်ပြီး ပျော်ရွှင်စွာနဲ့ နေထိုင်ခဲ့ပါတယ်။

ရုက္ခစိုးမကြီးကလည်းသူ့ ဗိမာန်မှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။

တစ်နေ့ မှာတော့ ရုက္ခစိုးမကြီးရဲ့ ဗိမာန်နားကညောင်ပင်တစ်ပင်ကို တခြားကရုက္ခစိုးတစ်ပါး Transfer နဲ့  ပြောင်း လာပါတယ်။

ဖြစ်ချင်တော့ ရုက္ခစိုးအသစ်ကသူ့ ညောင်ပင်ရဲ့ ပတ်ဝန်းကျင်ကိုလေ့လာရင်း ရုက္ခစိုးမကြီးကိုတွေ့ သွားပါလေရော။

တောအုပ်လေးထဲမှာနှစ်ပါးထဲဆိုတော့ ဟိုရုက္ခစိုးက ရင်တွေဘာတွေခုန်ပြီး ကြောင် တော့တာပဲ။

ရုက္ခစိုးမကြီးရဲ့ ညောင်ပင်ဆီ ကို အကြောင်းမရှိအကြောင်းရှာပြီးသွားလည်၊

အချိန်ရတိုင်းလည်း ရုက္ခစိုးမလေးတွေကြိုက်တတ်တဲ့ဟာလေးတွေနဲ့  ချုပ် ရတာအမော။

ရုက္ခစိုးမကြီးကလည်း သူ့ အကြောင်းသူသိတော့ ရှောင်ရှာပါတယ်။

ဒါပေမယ့် နေ့ တိုင်းနေ့ တိုင်း နားပူနားဆာလုပ်နေတာကြာတော့

ရုက္ခစိုးမကြီးကအားနာနာနဲ့ ပဲ . . . . . . . ။

ဒီလိုနဲ့ 

တစ်နှစ်ပြည့်တော့ကတိအတိုင်း ကောင်မလေးကရုက္ခစိုးကြီးရဲ့ ခါးအောက်ပိုင်းကိုလာပြန်လဲပါတယ်။

ရုက္ခစိုးကြီးကလည်း ပြန်လဲမယ်ဆိုပြီးကိုယ်ထင်ပြတဲ့အခါ ကောင်မလေးအရမ်းအံ့သြသွားပါတယ်။

မယုံနိုင်စရာပါပဲ။

ရုက္ခစိုးကြီးမှာ ကိုယ်ဝန်ရှိနေပြီလေ။

ဗိုက်ကလေးကပူလို့  . . .။

ဒီတော့ ကောင်မလေးက အရှင်ရုက္ခစိုးကြီး ကျွန်မကတိအတိုင်း တစ်နှစ်အတိမှာပြန်လာခဲ့ပါတယ်ပေမယ့်

ဒီပုံစံကြီးနဲ့ တော့ပြန်မလဲနိုင်ပါဘူး လို့ ပြောပြောဆိုဆိုနဲ့  ပြန်ပြေးသွားပါလေရော။

အားနာတတ်တဲ့ ရုက္ခစိုး(မ)ကြီးမှာတော့ ဗိုက်ကြီးတစ်လုံးနဲ့  . . . . .

တွေးပြီးရီ

အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်းရေခင်းပြတယ်၊ ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာမင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။ အခုအချိန်မှာ ၀က်ဖြစ်မှတော့မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။ မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ်ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး ဖြစ်မနေပါနဲ့လို့။ ယူမှာက မင်းကိုပါ။ ဘယ်နှယ့်သူကကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲမနေပါနဲ့လို့။ မင်းအဖေကကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာ အလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ကောင်စားမျိုးတဲ့။ ဒါပေမဲ့ပြောလိုက်ပါ ကိုယ်ဟာ ကြောင်သူတော် ကြွက်သူခိုးမဟုတ်သလိုတောမီးလောင် တောကြောင်လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ကိုယ့်ရဲ့ မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ.......နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်းမင်းအဖေလိုလူအတွက် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလိုဟိုကောင့်အတွက်ကျတော့ ကံကောင်းတဲ့ကျား သွားရင်းသမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။သူများ အကြောင်းလည်း မပြောချင်ပါဘူး အချစ်ရယ်ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး၊ ရွှေပင်နားတော့ ရွှေကျေးမျိုးတော့ဖြစ်မှာပေါ့လေ။ တကယ်တော့ သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊ ကြွက်သေတစ်ခုအရင်းပြုရုံလေးနဲ့ စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက်ကျီးနင်းခိုက်ဖြစ်လို့၊ ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိ ဖြစ်သွားသူတွေပါ။အများညီ ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့ ပြောတော့ကြောင်သူတော် ယိုတော့ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။ ဆင်သတ်အရပ်ဝေပြီးမှ ဆင်သားရေကိုဆိတ်သားရေနဲ့ဖုံးချင်တာ သူတို့အသိုင်းအ၀ိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။ အထင်လည်းမသေးပါဘူးနော်။ ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း သူစီးတဲ့မြင်း အထီးမှန်းအမမှန်းတောင် မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊ ကျီးကန်းသူကောင်း မြှောက် ချေးကောက်စားဆိုတဲ့သူမျိုးပါ။ ထားလိုက်ပါလေ။ ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။ အချိန်တန်တော့နွားပိန်ကန်ပါလိမ့်မယ်။ တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ကြွက်နားရွက်ဝက်တပ် ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်းကြောက်ပါတယ်ဆို ကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ မင်းမိဘနှစ်ပါးကြောင့် ကျွဲနှစ်ကောင်ကြားထဲကမြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့် မင်းဖြစ်အင်ကိုသာတွေးတွေးရင်မောပြီး ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်နေပါပြီ။ တကယ်ပါအချစ်ရယ် မင်းအဖေဟာငှက်တစ်ကောင် မြားတစ်စင်း၊ ရှဉ့်တစ်ကောင် မြားတစ်စင်း ဆိုတာကို မြင်ပုံမရဘူး။ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး စွတ်မိုက်နေတာ။ အင်း... မပြောချင်ပါဘူးလေ...ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ် ခေါင်းမှာစု လို့ပဲပြောပြော၊ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် လို့ပဲပြောပြော။ သူ့မိဘတွေကလည်းဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။ တကယ်တော့ အညှီရှိရာ ယင်အုံဆိုသလိုမင်းအဖေဆီကို ဒီကောင်ဟာ ငါးပွက်ရာငါးစာချဖို့ ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီးအမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင် ငါးကင်ပစ် လုပ်သွားဦးမှာ။ နောက်ဆုံးကျမှဒီကောင့်ကြောင့် လူတွင်ပါ နွားကျားကိုက်ဆိုတဲ့အချိန်၊ ကျားသေကို အသက်သွင်းလို့စင်းစင်းသေပါပြီလို့ မင်းအဖေအော်နေဦးမှာ။ အဲလို ဖွတ်ထွက်မှတောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့ မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့ကိုယ့်ယောက္ခမလောင်းကြီးရဲ့ သေချင်တဲ့ကျား တောပြောင်းအဖြစ်ကိုကိုယ်မြင်ယောင်မိနေတယ်။ မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်းသမီးတစ်ကောင် နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျသလိုပွက်ပွက်ညံနေပါရော။ တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်းခြေမြင်ပြီးသားပါနော်။ အင်း... နွားအို မြက်နုကြိုက်သလို မင်းအဖေကြီးငွေကြိုက်တာလည်း နွားငတ်ရေချ ဆိုသလို၊ ကိုယ့်အတွက်တော့ အထူးအဆန်းမဟုတ်တော့ပါဘူး။မင်းအဖေက ဆင်သွားရင် လမ်းဖြစ်မယ်လို့ ထင်နေတာလေ။ ငါးစာသာမြင် ငါးမျှားချိတ်မမြင်ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက် သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီးကြံစုပ်၊ မျောက်ပြဆန်တောင်း လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့အစွံထုတ်လို့ ပြောရင် မင်းပါစိတ်ဆိုးတော့မယ်။ အင်း... ဆင်ဖြူ့မျက်နှာဆင်မည်းမကြည့်ဝံ့ ဆိုသလို ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆိုနွားပျိုသန်လှ နွားအိုပေါင်ကျိုး သာသာပဲရှိတော့... အင်း... ယုန်အတွက်ချုံကကြောင့်ကြနေရတာပေါ့။ မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက်ကျည်တောက်စွပ်တဲ့။ မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။ဟုတ်ချင်လည်းဟုတ်မှာပါ ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်းခွေးပစ်တဲ့ တုတ်သာသာရှိတော့... ကိုယ်နဲ့ပေးစားမယ့်အစား ခွေးအမြီးဖြတ်ပြီးသာပေးစားမယ်တဲ့။ အဲဒါကို ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီးစိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက်ခွေးကောင်းနားရွက်ပြတ်ဖြစ်သွားမှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။ ကဲပါ...ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။ တစ်ခုတော့မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။ ကျန်သေးတယ်.....မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော် နွားကျတဲ့ကောင်တဲ့။ ကိုယ်ကလည်း ဘယ်ရမလဲ၊ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊ နွားသိုးကြိုးပြတ် မရမ်းတတ်ဘူးလို့နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။ အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှတုတ်ခုတ်၊ ဆင်လိုက်မှ သစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်းသမင်မွေးရင်း ကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေးခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ သမင်ကူ မမှားဖို့အရေး၊ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး Styleမျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန်ရုံ လေးပါ။ ကိုယ့်မှာတော့ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊ မင်းကိုပါလန့်ပြီးကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။ တကယ်တမ်းဆိုရင် ကိုယ်ဟာမြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း ကိုယ်ကမင်းကို ချစ်ပါတယ်ပြောတိုင်းကြိုးကြာဆို ဘာငှက်လဲ၊ ကျားကိုက်ပါတယ်ဆို နာတာရှည်လားချည်း လာလာမေးနေလေတယ်။ဆင်ကောင်ကြီးတွေ့မှတော့ ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။ ကိုယ်ကလည်းမင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး... အဲ... မိကျောင်းမင်း ရေခင်းပြတွေခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ် စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားဗျာ။ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။ ဒါမှမဟုတ်များယာလည်းညက်စေ ကြက်လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။ မပြောချင်ပါဘူး အချစ်ရယ်လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။ နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုးကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်... အဲ... နွား သွားဖြဲကြည့်မနေပါနဲ့လို့။မကောင်းပါဘူးလေ။ နှံပြည်စုတ် အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကိုလက်တုန့်မပြန်ချင်ပေမယ့်လည်း တခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီးကြွက်မနိုင် ကျီမီးရှို့ချင် ရှို့ပစ်မိတော့မှာ။ ရော့...ပတ္တမြား ရော့...နဂါးမှလုပ်တတ်တဲ့ မင်းမိဘတွေကို ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာနဲ့ပါလို့ ကြုံရင်ပြောလိုက်စမ်းပါ။ ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီးမြင်းရံစေချင်တာကို ကိုယ်သိပါတယ်။ ဒီတော့ မျောက်သားစားချင်မျောက်မျက်နှာကြည့်ဆိုသလို ကိုယ်နာလည်ပေးရမှာပေါ့။ တကယ်ပါ အချစ်ရယ် ကိုယ့်ဘ၀ဟာရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမက ကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊ ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ဒီလောက်လှတဲ့ သမီးမျိုးကို မွေးထားတဲ့ မင်းအဖေကို ပြောလိုက်ပါ။အိုင်တွေ့လို့မှမလူး ကျွဲရူး၊ ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ဘာပဲပြောပြောပါ။ မင်းမရှိတဲ့ ကိုယ့်ဘ၀ဟာ နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊မင်းဆီက ကိုယ်မျှော်နေတဲ့ အချစ်တွေကလည်း ကျားသနားမှ နွားချမ်းသာရမဲ့ဘ၀မျိုးဖြစ်နေပါပြီ။ ယုံပါ၊ ကိုယ်ဟာ မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့လူစားမျိုးလည်း မဟုတ်တာ အမှန်ပါ အချစ်ရယ်။ တကယ်ပါအချစ်ရယ်... ကိုယ့်ရင်ထဲကအချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ် ရေထဲလွှတ်သလိုမျိုးစိုင်ကော်လို့ချုံပေါ်ရောက်ပြီး ရွှေပင်မှာနားတဲ့ ရွှေကျေးလေး ဖြစ်တော့မှာပါ။

စိတ်အပန်းပြေစရာလေးပါ တွေးပြီးရီပေါ့

အုန်သီး

တစ်ခါက ချင်းတောင်က ချင်းအမျိုးသားတစ်ဦးဟာ မြစ်ဝကျွန်းပေါ်ဒေသကိုပထမဆုံးအနေနဲ့ အလည်အပတ် ရောက်လာသတဲ့ ။ ချင်းတောင်မှာ အုန်းပင် မရှိလို့အုန်းသီး တခါမှ မစားဘူးတဲ့ ချင်းအမျိုးသားက အုန်းသီးကို စားကြည့်ပြီးမှတ်ချက်ချလိုက်ပုံက " အောက်ပြည်အောက်ရွာက အုန်းသီးကောင်းတယ်ဆိုလို့စားကြည့်ပါတယ် ။ အရသာကလဲ ဖန်တွတ်တွတ်နဲ့ အစေ့ကလဲ အကြီးကြီး "

ကြက်တူရွှေး ၂

တစ်ခါက လူတစ်ယောက်ဟာ မွေးနေ့မှာ ကြက်တူရွေးတစ်ကောင်ကို လက်ဆောင်ရလိုက်တယ်။ ကြက်တူရွေးက လူစကားတတ်ပေမယ့် ရိုင်းရိုင်းစိုင်းစိုင်းတွေပဲ ပြောတယ်။

ပိုင်ရှင်က ကြက်တူရွေးကို လိမ်မာယဉ်ကျေးလာအောင်၊ သိမ်မွေ့လာအောင် သင်ပေးပေမယ့် မထူးခဲ့ဘူး။ ဒေါသထွက်ပြီး ကြက်တူရွေးကို အော်ငေါက်တော့ ကြက်တူရွေးပြန်အော်တာကို သူခံရပြန်တယ်။ ကြာတော့ ရိုင်းစိုင်းတဲ့ ကြက်တူရွေးဒဏ်ကို မခံနိုင်ဘဲ သင်္ခန်းစာပေးဖို့ သူဆုံးဖြတ်လိုက်တယ်။

ဒီလိုနဲ့ ကြက်တူရွေးကို လှောင်ချိုင့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပစ်လိုက်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကြက်တူရွေးက အေးခဲလာပြီး အတောင်တဖတ်ဖတ်နဲ့ ရုန်းတော့တယ်။ ပိုင်ရှင်က တအောင့်စောင့်ပြီး ရုန်းသံမကြားမှ တံခါးဖွင့်ပြီး ချမ်းတုန်နေတဲ့ ကြက်တူရွေးကို ထုတ်ပေးလိုက်တယ်။ ကြက်တူရွေးက "အရင်က ကျွန်တော် ရိုင်းစိုင်းခဲ့တာတွေကို ခွင့်လွတ်ပေးပါ။ လိမ်မာယဉ်ကျေးလာအောင် အပြုအမှုနဲ့ စကားတွေကို ကျွန်တော်ပြုပြင်ပါ့မယ်" လို့ ပိုင်ရှင်ကို တောင်းပန်လိုက်တယ်။

အရင်က ကြက်တူရွေးကို ခြောက်လိုက်၊ ငေါက်လိုက်သင်ခဲ့သမျှတွေ အသုံးမဝင်ဘဲ ရေခဲသေတ္တာထဲ ခဏလေးထည့်လိုက်တာနဲ့ ပြောင်းလဲသွားတဲ့ ကြက်တူရွေးကို ကြည့်ပြီး ပိုင်ရှင် နားမလည်ခဲ့ဘူး။ သိလိုစိတ်နဲ့ ကြက်တူရွေးကို မေးမယ်ကြံတုန်းမှာ ကြက်တူရွေး မေးလိုက်တာက "ဒါနဲ့ မသိလို့ မေးပါရစေ... ဟို ရေခဲသေတ္တာထဲက အမွေးပြောင်အောင် နှုတ်ထားတဲ့ ကြက်မှာ ဘာအပြစ်ရှိလို့လဲ ဟင်း" ဟူတည်း။

ပြုံးကြည့်ပါ..............၁.တစ်ခါက လူသားစားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံစီးလေသည်။လေယာဉ်မယ်........"ဘာများသုံးဆောင်မလဲရှင်။"အကြီးအကဲ..........."ခရီးသည်တွေရဲ့ နာမည်စာရင်းကို အရင်ပြစမ်းပါ။"

၂.တစ်ခါက ချစ်သူနှစ်ဦး စကားများကြသည်။မိန်းကလေး " ရှင်ဟာ ဘာမှ အသုံးမကျတဲ့ အမှိုက်ပဲ"ယောင်္ကျားလေး " အမှိုက်မှန်းသိရက်နဲ့ ဘာလို့ ချစ်ခဲ့လဲ"မိန်းကလေးမှာ ပိုဒေါသထွက်ပြီး " ရှင်ဘာသိလို့လဲ ဒါကျွန်မ recycleလုပ်နေတာရှင့်"

၃."ကျွန်တော်ဟာ ခင်ဗျားရဲ့ ပထမဦးဆုံး ချစ်သူလား"" ဒါပေါ့ရှင်.... ဘာဖြစ်လို့ ယောင်္ကျားလေးတိုင်းက ဒီမေးခွန်းကို မေးကြသလဲမသိဘူး"

၎.ကကြီး "ABCD ... ၂၆ လုံးထဲမှာ ET မရှိရင် ဘယ်နှစ်လုံးကျန်မလဲ"ခခွေး " ၂၄ လုံးကျန်မယ်"ကကြီး " မှားတယ်... ၂၁ လုံးပဲ ကျန်မယ်"ခခွေး " ဘာဖြစ်လို့လဲ"ကကြီး " ET က UFO ကိုစီးသွားရမှာ မို့လို့ပါ။"

၅.အသက်(၆၀)ရှိ လင်မယားနှစ်ဦး မွေးနေ့ပွဲ ကျင်းပကြသည်။ နတ်သားတစ်ပါးရောက်လာပြီး လိုရာဆုတောင်းစေသည်။အဘွားအို " တပည့်တော်မ ကမ္ဘာပတ်ချင်ပါတယ်"နတ်သား " တောင်းတဲ့ဆုနဲ့ ပြည့်စေ"အဘွားအိုမှာ တောင်းသောဆုပြည့်သွားသည်။အဘိုးအို " တပည့်တော်ထက် အသက်(၃၀)ငယ်တဲ့ မိန်းကလေးကို အခုအချိန်မှာပွေ့ဖက်ချင်ပါတယ်"နတ်သား "တောင်းတဲ့ဆုနဲ့ပြည့်စေ"အဘိုးအိုမှာ ချက်ချင်း အသက်(၉၀)ဖြစ်သွားသည်။ဆုတောင်းမည်ဆိုလျှင် စကားကို ရှင်းလင်းအောင်ပြောသင့်သည်။

ကလေးအတွေး

(၁)ဖခင်.....သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။သား.....ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။ဖခင်.....ဟာ....ငါ့သား တယ်တော်ပါလား...ဘယ်(၂)ခု မတတ်တာလဲ။သား.....သား "ဒီဟာ" လဲ မတတ်ဘူး။ သား "ဟိုဟာ" လဲ မတတ်ဘူး။ဖခင်.......... ^&(*&!")(!_)£tiny_mce_markerquot; (၂)ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲသား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....သားကြီးလာရင် ဘွားဘွားကိုယူမယ်။ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြောလို့မရဘူး သား..သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။ဖခင်.........^&!()%^$%!tiny_mce_markerquot;*(

(၃)ဖခင်........... သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲသား........... မသိဘူး ဖေဖေဖခင်......... လူအ..၂ ရတယ်...ဟင်း...ဒါလေးတောင်မသိဘူး။ ဒါဆိုရင်ဖေဖေနဲ့ သားပေါင်းရင် ဘာရလဲ။သား........... ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။ဖခင်...........&^!*"^!%"$!£")(*)

(၄)"နင့်အမှတ် ဘယ်လောက်ရလဲ""သုည ..နင်ကော""ငါလဲ သုညပဲရတယ်""အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိဘူး"

ဖခင်........ဟင်း....ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့...ဟင်းသား........ ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။ဖခင်............&*!^"!%"!^%"!08

(၅)ဖခင်.......... ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။သား........... ဖေဖေ....သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....ဖခင်............&*!^"!%"!^%"!08

အော်......... ယောင်္ကျား

တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင်ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအားမြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။ အမျိုးသားကသူ၏စောင်ကို အမျိုးသမီးအား ခြုံစေသည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။"ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ" အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။"ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်""ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..ကျွန်တော်ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာလို့မှ မဖြစ်နိုင်တာ"

မင်းအတွက်..........

ပန်းလေးလှတော့ လိပ်ပြာတွေ ဝဲတယ်တဲ့။ သိုးငယ်လေးလိုဖြူစင်ပြီး သမင်မျက်လုံးမှာ ဇင်ယော်တောင် မျက်ခုံးလေးနဲ့ငါးရံ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သူကလေးကို ချစ်မိသူထဲမှာ ကိုလဲအပါအဝင်ပေါ့။ သူလေးမိဘတွေရဲ့ ပြည့်စုံမှုကြောင့် တပါးသူတွေ ဆင်ကြံကြံဝံပုလွေချောင်း ချောင်းနေကြပေမယ့် ကိုကတော့ ရိုးသားစွာ ချစ်တာပါ။ သူလေးရဲ့စွန်ရဲလို စူးရှတဲ့ အကြည့်တွေမှာ အကြိမ်ကြိမ် ကျရုံးခဲ့သူလေ။ ပေတစ်သီး ၊ကျီးတစ်သားလို ပေါက်ဖွားလာတဲ့ ကို့ရဲ့အချစ်ပါ။ ကိုကတော့ ဥစ္စချော ရုပ်ပေါ ၊ဘဲလိုအသံ ၊ ကျွဲလိုအသား ၊ ဇီးကွက်မျက်လုံး ၊ လိပ်ခါးနဲ့ ဖားဖင်ငါးပါးကြံအင်လက္ခဏာ ပြည့်စုံသူပါ။ ဒါပေမယ့် ခြင်္သေ့လို တည်ကြည်ပြီး ကျားလိုရဲရင့်သူနော်။ ဘဝပေးအခြေအနေကြောင့် ကျီးကန်းနဲ့ ဗျိုင်း တုနှိုင်းလို့မရနိုင်တာကြောင့် ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ သလိုတော့ ဖြစ်မိသား။မိချောင်းမင်း ရေခင်းပြတာမဟုတ်ပေမယ့် သူလေးသေချာ စဉ်းစားဆုံးဖြတ်ပါ။အချိန်အတိုင်းအတာ တစ်ခုရောက်ရင်တော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်မယ့် အဖြေလေးပေးပေါ့။ အဖြေမရမချင်း ဝက်အစာတောင်းသလို တကျီကျီမအီမိအောင် ကျိုးစားထိန်းနိုင်ပေမယ့် ခွေးနေရာမရသလို နေမထိထိုင်မသာတော့ဖြစ်နေရမှာပါ။ ညည အိမ်မက်ထဲမှာလေ... သူလေးနဲ့ကို လားကြီးစီးလို့ကမ္ဘာအပြင်ဘက်ကို သွားကြတယ်တဲ့။ သူလေးအတိတ်မှာ မှားခဲ့တာတွေရှိရင်တောင်ကို့ဘဝတစ်ခုလုံး နွားအဖြစ်ခံပြီး သားပိုက်ကောင်လို ကို့ရင်ခွင်ထဲမှာသူလေးကိုထားပြီး ကြောင်လေးကို ယုယသလို ယုယမှု လေးတွေ ပေးချင်တယ်ကွာ။သူလေးရဲ့ မေတ္တာတွေနဲ့ တုန့်ပြန်လာမယ့် စာကလေးကို သစ်ကုလားအုပ်လိုအမျှော်လင့်ကြီး မျှော်လင့်နေမယ်နော်။ ကိုမျှော်လင့်သလိုလေး ဖြစ်လာရင်တော့ငါးသလောက်ပြုံးလေးနဲ့ မြင်းတစ်ကောင်လို အပြေးလေးလာခဲ့မယ် သူလေးရယ်....

သင်္ဘောသား

သမီး။ ။ "အမေ သမီးရဲ့ ကောင်လေးနှစ်ယောက်ကလက်ထပ်ခွင့်ေ တာင်းနေတယ်မေမေ...ဘယ်သူ့ကိုရွေး ရမလဲ မတိပါဝူး မေမေရယ်...။"အမေ။။ " ညဉ်းကလဲ နှစ်ယောက်လေးကို ၊ငါဆို .. ချစ်သူ ၅ ယောက်ထဲကမှညီအဖေကိုရွေးခဲ့တာအေ့... ဒါနဲ့.. သမီးကောင်လေး တွေ ဘာလုပ်တုန်းသမီးရဲ့...."သမီး။ ။ "ဇီကုန်း ဆိုတဲ့ ကောင်လေးကတော့ company တစ်ခုက ၀န်ထမ်းမေမေရဲ့... သာယာဆိုတဲ့ တစ်ယောက်ကတော့ သဘောင်္သား မေမေ..."အမေ။။" သြော်... ဒါများသမီးရယ် ဘာစဉ်းစား စရာရှိတုန်းအေ့...သင်္ဘောသားကိုရွေး..... သူတို့သမီးကိုချစ်တာ ၁၅၀၀ ခြင်းညီမျှတောင်ဟိုကဒေါ်လာနဲ့ ချစ်မှာသမီးရဲ့......"

ရုပ်တု

တစ်ခါကပန်းခြံတစ်ခုမှာ ယောက်ျားရုပ်တုနဲ့ မိန်းမရုပ်တု နှစ်ခုရှိသတဲ့။ရုပ်တုနှစ်တုကို မျက်နှာချင်းဆိုင် တည်ထားတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ တစ်နေ့မှာ အချစ်နတ်သား မြှားနတ်မောင်ဟာ ရုပ်တုနှစ်ခုကို တွေ့သွားပြီး "မင်းတို့နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ငေးမောကြည့်နေရတာ နှစ်ပေါင်းမနည်းတော့ဘူး။ မင်းတို့ကို သနားလို့ ဒီနေ့တော့ မင်းတို့နှစ်ယောက်ကို ၁၅မိနစ်လောက် ငါအသက်သွင်းပေးလိုက်မယ်။ ကြိုက်တာ လုပ်တော့..... " လို့ ပြောပြီး လူအဖြစ် အသက်သွင်းပေးလိုက်တယ်။

အသက်ဝင်သွားတဲ့ ရုပ်တုနှစ်ခုဟာ နှစ်ပေါင်းများစွာ ရပ်နေရတဲ့ အမြင့်ကနေ ဝမ်းသာအားရ ခုန်ချပြီး ချုံတစ်ခုထဲ ပြေးဝင်သွားကြတယ်။ ၁ဝမိနစ်အကြာမှ ချုံထဲက ပြန်ထွက်လာတဲ့ သူတို့နှစ်ယောက်ကို မြှားနတ်မောင်က " အချိန်၅မိနစ် ကျန်သေးတယ်.. ကြိုက်တာ လုပ်ကြဦး" လို့ ပြောတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ပြုံးကြည့်ပြီး ချုံထဲ နောက်တစ်ကြိမ် ပြန်ပြေးဝင်သွားကြတယ်။

ဒီတစ်ခါတော့ ချုံထဲကနေ မိန်းကလေးအသံကို ကြားလိုက်ရတယ်။ မိန်းကလေး ပြောလိုက်တာက...."ကဲ... ဒီတစ်ခါ ရှင့်အလှည့်.. ခိုကို ကျွန်မချုပ်ထားပေးမယ်။ ခိုခေါင်းပေါ် ရှင်မစင်စွန့်ချလိုက်တော့" ဟူတည်း။နံပါတ် ၄တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ဒီလိုနဲ့.....

ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းကအိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏလက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်းဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...

"ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။အရင်အသံလိုပဲ..

" ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး

" ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက

" မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်း။နာရီ.............နာရီ............. Aug 20, '08 6:17 AMfor everyone

လူတစ်ယောက်ဟာသေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးက သူ့ကိုဦးဆောင်ပြီးနတ်ပြည်အနှံ့ လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ နာရီအပြည့်ချိတ်ထားတဲ့အခန်းတစ်ခုကို ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့ နာရီတစ်ချို့ကအလုပ်လုပ်နေပြီး၊ တစ်ချို့က ရပ်နေတယ်။ နတ်သားက "ဒီနာရီတွေကလူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်းဒီထဲမှာရှိတယ်" လို့ ရှင်းပြတယ်။ နာရီတစ်ချို့က မြန်လိုက်၊ နှေးလိုက်ဖြစ်နေတာကို တွေ့တော့ နတ်သားက " လူတစ်ချို့ မုသားစကားပြောနေတဲ့ အချိန်မှာသူ့ကိုယ်စားပြု နာရီက အရမ်းမြန်နေတတ်တယ်" လို့ ထပ်ရှင်းပြတယ်။နတ်သားရှင်းပြတာကိုကြားတော့ သူက စိတ်ဝင်တစား "ဒါဆို ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့နာရီမရှိဘူးလား ကျွန်တော့်ကို ခဏပြလို့ရမလား" လို့ တောင်းဆိုလိုက်တယ်။နတ်သားပြန်ဖြေလိုက်တာက"ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။ နတ်မင်းကြီးက ပူလို့ဆိုပြီးအဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူသွားလို့ပါ" ဟူသတည်း။မိခင်နို့ရည်.................အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...အမျိုးသမီး။....။ မိခင်နို့ပါ။ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။အမျိုးသမီး။...။ ဟင်.. ဘာလို့လဲ..ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။

အမျိုးသမီးကယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။ ခဏလောက်စမ်းသပ်ပြီး ဆရာဝန်က " ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။ ဒါကြောင့် ကလေးကအာဟာရ ပြတ်နေတာပေါ့" လို့ ပြောတော့ အမျိုးသမီးက "ကျွန်မမှာ ဘယ်လိုလုပ်ပြီးမိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ" လို့ ဒေါသတကြီး ပြန်အော်လိုက်တယ်။ကြက်တူရွေး..........pet shop ၁ခုတွင်ဖြစ်သည်ဝယ်သူကတိရိစ္ဆာန်များအကြောင်းကို မေးသဖြင့်ဆိုင်ရှင်ကလိုက်လံရှငိးပြနေသည်တစ်နေရာတွင်ဆိုင်ရှင်က..."ဒီကြက်တူရွေးကဘာသာစကား၂မျိုးတတ်ပါတယ်ဘယ်ဘက်ခြေထောက်ကကြိုးကိုဆွဲရင်englishလိုပြော ပီးညာဘက်ကကြိုးဆွဲရင်စပိန်လိုပြောပါတယ်"ဟုဆိုင်ရှင်ကသေချာရှင်းပြသ ည်။ထိုအခါစကားကက်သောဝယ်သူက"နှစ်ကြိုးလုံးဆွဲရင်ဘာဖြစ်မလဲ"ဟုမေးလေ သည်။ထိုအခါကြက်တူရွေးေဲပြာလိုက်သည်မှာကား"ငါပြူတ်ကျသွားမှာငတုံးရဲ့"ဦးထုပ်..............ကျော်ကျော်တစ်ယောက်ဟာ သူ့ရဲ့ အစာအိမ်မှာ အနာဖြစ်နေတာကြောင့် ခွဲစိတ်ကုသမှုကို ခံရတယ်။ခွဲစိတ်ကုသမှုကလည်း အောင်မြင်စွာနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ခွဲစိတ်မှုပြီးလို့ သူဟာ ဘေးက လူနာ တစ်ယောက်နဲ့ စကားလက်ဆုံ ကြနေပါတယ်။ကျော်ကျော်။ ။ ကျွန်တော့် ခွဲစိတ်မှု အောင်မြင်စွာ ပြီးသွားတာ မယုံနိုင်စရာပဲဗျာ။ဘေးလူနာ ။ ။ ဟုတ်ပါတယ်။ ခင်ဗျားတော့်တော့်ကို ကံကောင်းပါတယ်။ ခင်ဗျားခွဲပေးတဲ့ဆရာက မေ့တတ်တယ်ဗျ။သူခွဲစိတ်ပေးတဲ့ လူနာအထဲကို သူရဲ့ကိရိယာ တစ်ခုခု မေ့ကျန်နေကျပဲ။ ကျွန်တော့်တုန်းကဆို သူ့ ကတ်ကြေး မေ့ကျန်ခဲ့လို့ ပြန်ခွဲ ရတယ်ဗျာ။အခု ခင်ဗျားကြတော့ ကံကောင်းပါတယ်။

အဲဒီအချိန်မှာ ခွဲစိတ်ဆရာဝန်ဟာ အခန်းထဲကို ပြေးဝင်လာပြီး အသံကျယ်ကြီးနဲ့ပြောလိုက်တာ ကတော့" ကျွန်တော့် ဦးထုပ် မတွေ့မိကြဘူးလားဗျာ့ သူ့ခေါင်း........အရူးဆေးရုံ တစ်ခုမှာပါ။အ၇ူးတစ်ယောက်ဟာ သွေးစွန်းနေတဲ့ ဓါးတစ်ချောင်းကိုင်ပြီး လှည့်ပတ်ပြေးနေတယ်။ဆရာဝန်တွေက သူ့ကိုဖမ်းပြီး ဘာလို့ ဓါးကြီးကိုင်ပြီး လျှောက်ပြေးနေတာလဲလို့မေးတော့သူ က"ကျွန်တော် ကျွန်တော့်ကုတင်ဘေးက ကောင်ကို စနေတာဗျ။ ကျွန်တော် သူအိပ်နေတုန်းသူ့ခေါင်းကို ဖြတ်ပြီး အိမ်သာ ထဲမှာ ၀ှက်ထားတာ။ သူပြန်နှိုးလာရင်ရှာလို့တွေ့တော့မှာ မဟုတ်ဘူး။ ဟီဟီဟီ။ " တဲ့။လူကြီးမင်းခေါ်ဆိုသော......................တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။

တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "

တွေးပြီးရီ

ပြင်ဆင်မှု

"သမီး မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ်ယူခဲ့စမ်း""ဘာလုပ်ဖို့လဲ မေမေ""သမီး အဖေနဲ့ စကားပြောမလို့"

ခွင့်မလွှတ်ချင်ဘူး

ယောက်ျားဖြစ်သူနှင့် စိတ်ဆိုးပြီး မိန်းမက အိမ်မှဆင်းသွားသည်။သို့သော် များမကြာမီ ပြန်ရောက်လာကာ မှားကြောင်းဝန်ခံပြီး သူ့ကိုခွင့်လွှတ်ရန်တောင်းပန်းသည်။ထိုအခါ ယောက်ျားဖြစ်သူက"မင်း အိမ်က ထွက်သွားတာကိုတော့ ခွင့်လွှတ်တယ်။ဒါပေမယ့် ပြန်လာတာကိုတော့ လုံးဝခွင့်မလွှတ်နိုင်ဘူးဟေ့"

မျှော်လင့်ချက်

"မောင် အချစ်မြစ်ထဲကိုခုန်ဆင်းရင် မောင်ကယ်မှာလားဟင်"ကောင်မလေးက ကနွဲ့ကလျမေးသောအခါ ကောင်လေးက"ကယ်မှာပေါ့လို့ မောင်ဖြေရင် အချစ်တကယ်ခုန်ဆင်းမှာလားဟင်"

အန်ချင်တယ်

ရေချိန်တော်တော်လေးကိုက်နေသော အရက်သမားတစ်ယောက် ဘတ်စ်ပေါ်တက်လာပြီးပြောသည်။"အန်ချင်တယ်။ အခုပဲ အန်လိုက်တော့မယ်"ခရီးသည်များက ၄င်းကို ၀ိုင်းပြီးတောင်းပန်ကြသည်။ မှတ်တိုင်ရောက်သည်အထိအောင့်ထားရန်၊မှတ်တိုင်ရောက်မှ စိတ်ကြိုက်အန်ရန် ပြောကြလေသည်။"ကောင်းပြီ 48 အထိရေမယ်။ 48 ပြည့်ရင် အန်မယ်။ခရီးသည်များ စိတ်သက်သာရာ ရသွားသည်။ မှတ်တိုင်ရောက်ရန် နီးနေသောကြောင့်ဖြစ်သည်။သို့သော် ချက်ချင်းပင် အမူးသမားထံမှ ထွက်လာသောအသံကြောင့်အားလုံးရှုံ့မဲ့သွားကြသည်။"8 ခြောက်လီ 48 .......... ဝေါ့".......................

မသိဘူး ........

မော်စကိုမြို့လယ် ဂေါ်ကီလမ်းအတိုင်း ညမှောင်ရီပျိုးစအချိန်တွင်ကိုချူချာ လမ်းလျှောက်လာသည်။ အရက်မူးနေသော လူတစ်ယောက်အနားကပ်ပြီးမေးသည်။"ဟေ့ ချူချာ ကောင်းကင်မှာ လင်းနေတာ နေလား၊ လလားဟင်"ကိုချူချာက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။"မသိဘူးဗျ။ ကျွန်တော်ဒီအရပ်က မဟုတ်ဘူး"

လက်ဆောင်ပေးရင် သုံးရတယ် ......

အဖိုးကြီး အဖွားကြီးလင်မယားနှစ်ယောက် စကားပြောနေကြသည်။"မစိန် မနက်ဖြန်မှာ မင်းမွေးနေ့ ငါဘာလက်ဆောင်ပေးမရမလဲ ပြော""သချို င်္င်းမှာ ကျွန်မအတွက် မြေတစ်နေရာ ၀ယ်ပေးထားပါတော် .."နောက်တစ်နှစ်ကြာသော အဘွားကြီးက အဘိုးကြီးကိုပြောသည်။"ကိုမြ မနက်ဖြန် ကျွန်မမွေးနေ့ ဘာလက်ဆောင်ပေးမလဲ ပြော""ဘာမှမပေးဘူး။ မနှစ်က ငါပေးတဲ့လက်ဆောင် မင်းအခုထိ မသုံးရသေးဘူး ..."

ဖိနပ်အသစ်တစ်ရံ

တည်းခိုခန်းတစ်ခုမှာ ဗမာတစ်ယောက်က အခန်းတစ်ခန်းယူထားပါတယ်။ သူ့အခန်းကပ်လျှက်ကတရုတ်ကြီးတစ်ယောက်နဲ့ တရုတ်မလေးတစ်ယောက် ရှိနေပါတယ်။ တစ်နေ့မှာ တရုတ်ကြီးနဲ့တရုတ်မလေးက အပြင်ကနေ shopping ပြန်လာတော့ ဗမာက ချောင်းတာပေါ့။ ဒါပေမယ့်ဘာမှမမြင်ရတော့ အသံကိုပဲ ဂရုစိုက်ပြီးနားထောင်နေရတာပေါ့။ အဲဒီအချိန်မှာ တရုတ်ကြီးက"ဒီ ...ပုံစင်... ကြိတ်လား" လို့ အသံဝဲ၀ဲနဲ့မေးတော့ တရုတ်မလေးကလဲ "ကြိတ် လယ် " လို့ပြန်ပြောသတဲ့။ အဲဒီတော့ ဗမာလဲ အာရုံကိုပိုစိုက်ပြီးနားထောင်နေတာပေါ့။ သူ့စိတ်ထဲမှာ ထင်တာတော့ သေချာပြီပေါ့လေ။ တရုတ်ကြီးက ဆက်ပြီး "ဒါဆို ..စမ်းကြည့်လေ"ဆိုတော့ တရုတ်မလေးက "ကြောက်လယ် " တဲ့။ တရုတ်ကြီးက ဆက်ပြီး "ဒါဆို ထိုးကြည့်လေ"ဆိုတော့ တရုတ်မလေးက "နာလယ်" တဲ့ ။ အဲဒီတော့ ဗမာလဲ မနေနိုင်တော့ ဘဲ တည်းခိုခန်းရဲ့ထပ်ခိုးပေါ်တက်ပြီးချောင်းတော့တာပေါ့။ အဲဒီတော့ သူဘာမြင်တယ်ထင်လဲ.................တရုတ်ကြီးက တရုတ်မလေးကို ဖိနပ်အသစ်တစ်ရံဝယ်ပေးထားလို့အစမ်းစီးခိုင်းနေပါသတဲ့။

ကန်ပြီးထွက်ပြေးတယ်

တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာသူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ်လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့်သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှလူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။"သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး" အခြားသူတွေလည်းကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီးရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက် လာကာ"ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်" ဟူ၏။တရေးတမေား

ပညာရှိကြီးတစ်ဦးက သူ့တပည့်အား မှာကြားနေသည်...."ငါ့တပည့် ဆရာ့ကို ခပ်မြင့်မြင့် စာအုပ်တစ်အုပ်ပေးကွာ "တပည့်က ဆရာ့ဗီရိုထဲမှ အတွေးအခေါ်စာအုပ်ကို ယူလာသည်..."နိမ့်သေးတယ်.... မြင့်တာယူခဲ့"နောက်တစ်ခါ ဗေဒင်ပညာ စာအုပ်ကို ယူပေးပြန်သည်..."နိမ့်သေးတယ် "နောက်တစ်ခါ ခန္ဓာဗေဒ ကျမ်းစာအုပ် ယူလာပေးသည်....."နိမ့်သေးတယ်"နောက်တစ်ခါ နက္ခတ်ပညာအကြောင်းစာအုပ်ကို ယူပေးပြန်သည်....."မရဘူး.... နိမ့်သေးတယ်..."တပည့်ဖြစ်သူ စိတ်ရှုပ်လာသဖြင့်ဆရာအားမေးသည်..."ဆရာခင်ဗျား.... ဒီစာအုပ်တွေက ဆရာ့ဆီမှာ ရှိတဲ့ အမြင့်ဆုံးစာအုပ်တွေပါခင်ဗျာ..... ဒါတွေကိုတောင် ဆရာက နိမ့်သေးတယ်ဆိုတော့ဘယ်လိုစာအုပ်မျိုးကိုများ အလိုရှိတာပါလဲခင်ဗျာ......""အိမ်း..... နေ့လည် တရေးတမော ခေါင်းခု အိပ်လို့ရအောင် မြင့်တဲ့စာအုပ်လိုချင်တာကွ..."

ရေတွင်းတူးရင်ကောဟင်း

ဆရာဖြစ်သူက တပည့်များအား အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်ရန် ဆုံးမနေသည်"အေး ငါ့တပည့်တို့ .... မင်းတို့ မသေမချင်းမှတ်ထား ...... ဘယ်အလုပ်မဆိုအောက်ခြေကစရတယ်ကွ...ပြီးမှ တဖြည်းဖြည်းချင်း အပေါ်ကို တက်ရတယ်..."တပည့်တစ်ယောက်ကမေးသည်.."ဆရာ ..... ရေတွင်းတူးရင်ကော ဟင်..."သူ့အလှ

သူငယ်ချင်း ၂ ယောက် စကားပြောနေကြသည်...."သူငယ်ချင်း ..... ခုငါကြိုက်နေတဲ့ ကောင်မလေးက တော်တော်ကိုလှတာကွ""ဟုတ်လား ""အေး.... သူ့မျက်ခုံးလေးတွေက ဇင်ယော်တောင်လေးတွေလိုပဲ..... မျက်လုံးလေးကလည်းရွှေသမင်မျက်လုံးလေး... သူ့လည်တိုင်ကလေးဆိုရင် ဗျိုင်းကလေးလိုပဲ .....လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာလေး....""ဟင်.....ဟုတ်လား........ဒါဆို မင့်ကောင်မလေးက လူနဲ့ မတူဘူးပေါ့... "မပြောချင်တော့ဘူး

သားသမီး ၈ ယောက်ရှိပြီး လက်ရှိကိုယ်ဝန် အမွှာပူးလွယ်ထားရသော လူနာအားဆရာဝန်ကလေးကမေးမြန်းနေသည်.."ဒါ... ဘယ်နှစ်ယောက်မြောက်လဲ""၉ ယောက်မြောက်ပါဆရာ...""ဟင် ဟုတ်လား..... သားကြောမဖြတ်သေးဘူးလား ....... အမျိုးသားကဘာလုပ်သလဲ..""ဆရာရယ်... အမျိုးသားကဘာလုပ်သလဲဆိုတော့ ကျမ ကလေးတစ်ယောက်ပြီးတစ်ယောက်မွေးနေတာသာ ကြည့်ပါတော့ရှင်.."တတိယအတုံး

တစ်ခါက လူတစ်ယောက်ရှိတယ်။ သူကသူ့ကိုယ်သူ ပညာရှိလို့ အထင်ကြီးနေတဲ့သူပေါ့။ သူ့တပည့် အခြွေအရံတွေကလည်း သူ့နားမှာဝိုင်း မြှောက်ပင့်စားနေတာပေါ့။ ဒီလိုနဲ့ တစ်နေ့သူ့တပည့်တွေထမ်းလာတဲ့ ဝေါယာဉ်ပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့ မြို့ထဲကိုထွက်လာရောလမ်းတစ်နေရာလည်းရောက်ရော လူတွေက သူ့ကို " ငတုံးကြီး " ဆို လက်ညိုးဝိုင်းထိုးပြီးအော်လှောင်ကြပါလေရော။ဒီတော့ ပညာရှိဆိုသူက သူ့တပည့်ကို " လူတွေက ငါ့ကို ငတုံးကြီးလို့ခေါ်နေပြီ..သွားစမ်းကွာ မင်း ငတုံးသုံးယောက် ရအောင်အမြန်သွားရှာ ဖမ်းခေါ်လာခဲ့။သူတို့ရှိမှ ငါခံသာမှာ။ မြန်မြန်သာသွားရှာချေ" လို့အမိန့်ပေးလိုက်တယ်။ဒါနဲ့ တပည့်လုပ်သူလည်း ငတုံးရှာပုံတော် ဖွင့်တော့တာပေါ့။ မြို့တစ်နေရာရောက်တော့လူတစ်ယောက်က ခေါင်းပေါ်မှာ လေးပင်တဲ့အထုပ် တစ်ထုပ်ရွက်လို့ မသက်မသာပုံစံနဲ့မြင်းစီးလာတာ တွေ့လိုက်ရတယ်။ ဒါနဲ့ " ခင်ဗျားက ဒီလောက်လေးတဲ့အထုပ်ကိုဘာလို့မြင်းပေါ်တင်မစီးဘဲ ခေါင်းပေါ်ရွက်လာရတာလည်း " လို့ မေးတယ်။ ဒီတော့မြင်းနဲ့လူက " ဒီလိုလုပ်မှ ကျုပ်မြင်းသက်သာမှာပေါ့ဗျ " လို့ပြောတယ်။ တပည့်လည်းဝမ်းသာသွားတယ်။ " ခင်ဗျားက ငတုံးဘဲ။ လာကျုပ်နောက်က လိုက်ခဲ့။ ရုံးတော်ကိုသွားကြမယ်" ဆို ဖမ်းခေါ်လာခဲ့တယ်။ဒီလိုနဲ့သွားရင်း မြို့အ၀င်ဂိတ်ကို ရောက်လာတယ်။ အဲ့ဒီမှာ လူတယောက်ဝါးလုံးတစ်လုံးနဲ့ မြို့အ၀င်ဂိတ်ကိုဖြတ်မရဘဲ အခက်ခဲတွေ့နေတယ်။ သူက၀ါးလုံးကိုအလျှားလိုက် လျိုမထည့်ဘဲ ဒေါင်လိုက်ထောင်ဝင်တော့ နိမ့်တဲ့အ၀င်ဂိတ်ထက်ပိုရှည်နေတဲ့ဝါးလုံးက ကန့်လန့်ဖြစ်ပြီး ၀င်မရဖြစ်နေတော့တာပေါ့။ ဒီတော့တပည့်လုပ်သူက " ခင်ဗျားလည်း နောက်ထပ်ငတုံးတစ်ယောက်ဘဲ။ ကျုပ်နဲ့လိုက်ခဲ့" ဆိုပြီးသူ့ဆရာပညာရှိဆိုသူရဲ့ အိမ်ကိုခေါ်လာခဲ့တယ်။အိမ်ကိုရောက်တော့ " တပည့်တော့ ငတုံး၂ယောက် ရလာပါပြီဆရာ.. နောက်တစ်ယောက်ဘဲလိုပါတော့တယ် " လို့ပြောတော့ ပညာရှိဆိုသူက ၀မ်းသာအားရနဲ့ " ငတုံးတွေရလာပြီပေါ့၊သူတို့ဘာလုပ်ခဲ့လဲ ဆိုတာအတိအကျ လျှောက်တင်စမ်း" လို့ပြောတယ်။ဒီတော့တပည့်က " တစ်ယောက်က မြင်းသက်သာအောင် ခေါင်းပေါ်အထုပ်တင်ပြီး မြင်းကိုစီးတယ်..ကျန်တစ်ယောက်က မြို့တံခါးကို ၀ါးလုံးရှည်တစ်လုံးနဲ့ ၀င်မရဖြစ်နေလို့ပါ "လို့လျှောက်တင်လိုက်တယ်။အဲ့ဒီတော ပညာရှိဆိုသူက ဟက်ဟက်ပက်ပက်ရယ်ရင်း.." ဟား..ဟား..ဟား မင်းတို့ဟာတကယ့်ကိုငတုံးတွေဘဲ၊ လာ..လာ မင်းတို့ကိုပိုပြီးတော်လာအောင် ငါပြုပြင်ပေးမယ်"" မြင်းနဲ့လူ.. မင်းက မြင်းရဲ့အလျားထက်ပိုရှည်တဲ့ တုတ်တစ်ချောင်းရှာ..ပြီးရင်တုတ်ထိပ်မှာ မင်းရဲ့လေးလှပါတယ်ဆိုတဲ့အထုပ်ကိုမြဲမြဲချည်..ပြီင်္းတော့အဲ့ဒီအထုပ်ကို ပုခုံးမှာထမ်းပြီး မြင်းစီးသွားရင် မင်းရဲ့မြင်းသက်သာသွားလိမ့်မယ်.. "" နောက်..၀ါးလုံးနဲ့လူ.. မင်းက လွှတစ်ချောင်းရှာလိုက်၊ပြီးရင်မြို့တံခါးမှာသွားတိုင်း.. တံခါးထက်ပိုရှည်ထွက်နေတဲ့အပိုင်းကိုလွှနဲ့ဖြတ်လိုက်.. ဒါဆိုမြို့ဂိတ်ဝတံခါးကို မင်းဖြတ်လို့ရသွားလိမ့်မယ် "လို့ပြောလိုက်တယ်။အဲ့ဒီတော့ ပညာရှိဆိုသူရဲ့တပည့်က သူ့ဆရာကို အခုလိုပြောလိုက်တယ်။" ဆရာရေ.. တတိယငတုံးကို တပည့်သွားရှာစရာ မလိုတော့ဘူးဗျ.."

တွေ့ခဲ့ရသော ကြော်ငြာများ

တိရစ္ဆာန်ရုံရှေ့ - ၀က်ဝံကို မထိပါနှင့်။၎င်းသည် ကုတင်ဘေးက ကော်ဇောမဖြစ်သေးပါ။

လေဆိပ်အတွင်း အချိန်မီဖက်ရမ်းနှုတ်ဆက်ကြပါ။လေယာဉ်များ သတ်မှတ်ချိန်တွင် အတိအကျ ထွက်လိမ့်မည်။

ပန်းဆိုင်တံခါးရှေ့ - အိမ်ထောင်ရှင်ယောက်ျားများပင်ဝယ်ချင်စိတ်ပေါက်လောက်အောင်ကျွန်ုပ်တို့ဆိုင်ကပန်းများ ဈေးနှုန်းချိုသာပါသည်။

တယ်လီဖုံးရုံးရှေ့ - သတ်ပုံအမှားကို ရှောင်ရှားလိုလျှင် စာမရေးပါနှင့်။တယ်လီဖုန်းဆက်ပါ။

အခုမှသိတယ်

ကိုချူချာ၏ ဇနီးသည် ကလေး 12 ယောက်မြောက်မွေးပြီးနောက်ဆေးရုံမှဆင်းရန်ပြင်သည်။သူနာပြုဆရာမက မချူချာကို လိုက်ပို့ရင်း"ကိုင်း မချူချာ။ နောက်နှစ် ဒီအချိန်လောက်မှာပဲ ကျွန်မတို့တွေ့ကြဦးမယ်နော်""ဟင့်အင်း ကျွန်မတို့ တွေ့ကြမှာ မဟုတ်တော့ဘူး""ဘာဖြစ်လို့ မတွေ့တော့ဘူးလို့ ရဲရဲကြီး ပြောနိုင်တာလဲ""ကလေးဘာ့ကြောင့်မွေးတယ်ဆိုတာ ကျွန်မနဲ့ ကျွန်မယောက်ျားအခုသဘောပေါက်သွားပြီရှင့်"ပိန်စာ

"ပိန်လိုသူတို့အတွက် အထူးထုတ်လိုက်တဲ့ စည်သွတ်ဗူးအကြောင်း ကြားပြီးပြီလား။မကြားသေးရင် ထပ်ပြောမယ်။စည်သွတ်ဗူးကိုဖွင့်လိုက်ဘာမှမပါဘူး ..."မရှိလေ ကြောက်လေ

"ရှိသမျှ လက်နက်အားလုံးနီးပါးကို ကျွန်တော်တို့ ဖျက်သိမ်းလိုက်ပြီ။ဒါပေမယ့် အနောက်အုပ်စုက ကျုပ်တို့ကို ကြောက်တုန်းပဲ""မထူးဆန်းပါဘူး။ဗိုက်ဟောင်းလောင်းဖြစ်နေတဲ့လူဟာ ကြောက်စရာအကောင်းဆုံးမဟုတ်လား"အသက်ပြည့်မှ

"အဘွားရေ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တစ်ကားကို သမီးဒီနေ့ကြည့်ခဲ့ရတယ်""ဇာတ်လမ်းကို ပြန်ပြောပြစမ်း""မပြောနိုင်ပါဘူး။ သမီးမှ အသက် 18 နှစ်မပြည့်သေးတဲ့ဥစ္စာ"

ချစ်သူဖတ်ဘို့

၁ ယောက်သောသူအတွက်၂ လုံးတည်းသောစကား ပြောကြားချင်တယ်၊၃ နေကျစကားမဟုတ်လို့၎ လေးနက်နက်နားထောင်ဖို့လိုမယ်။၅ တစ်ကောင် ကုန်းပေါ်ရောက်နေတဲ့အလား မင်းမရှိရင်၆ ကပ်အထီးကျန်မှုတွေ ခံစား နေရလို့၇ သံချီဟစ်ပြီး ဖွင့်ပြောမယ်၈ တယ် 'ချစ်တယ်' အချစ်ရယ်။၉ ကွယ်ရာမဲ့ ရေတိမ်နစ်နေတဲ့နလုံးသား၁၀ ယူဖေးမလို့ ကြင်နာသနားပါ။၁၁ ကြိုးကဝေအတတ်နဲ့ ပြုစားခံရလို့၁၂ ရာသီအလွမ်းဖျားတွေနဲ့ ငါ့အသဲနှလုံး မင်းမရှိရင်၁၃ လို့ မရတော့အောင်ကွဲကြေနိုင်တဲ့အရေး ကာကွယ်ပေးဖို့၁၄ ရက်(ချစ်သူများနေ့)အမှီ တုံ့ ပြန်မေတ္တာပေးလှည့်ပါနော်။

ကျေးဇူးတင်စကားတစ်ခွန်းတော့ပြောပါ
...................................................................................

အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့ လူတစ်ဦးကဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူဝက်အူကျပ်ပေးနိုင်မလဲလို့ အော်ဟစ် အကူအညီတောင်း လိုက်တယ်။ ကားရဲ့ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့်ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲလှုပ်ရှားနေခဲ့တယ်။ ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့အမျိုးသမီးတစ်ဦးကဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ် လို့ပြောတော့ကားပိုင်ရှင်ဟာ တန်ဖိုးကြီးငွေစက္ကူတစ်ရွက်ကို အလျှင်အမြန်ထုတ်ပြီးဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်လို့ ပြောလိုက်တယ်။ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့်ဘေးလူတစ်ယောက်ကပိုက်ဆံရှိသူတွေရဲ့ စကားကိုမယုံနဲ့ဆိုပြီးလှမ်းဆွဲလိုက်တယ်။ အဲဒီအချိန်မှာ ကလေးငယ်တစ်ဦးကထွက်လာပြီးကျွန်တော် ကူမယ် လို့ပြောလိုက်တယ်။ ကလေးငယ်က ကားအောက်ထဲဝင်ပြီးဝက်အူကို ကျပ်ပေးလိုက်တယ်။ တစ်မိနစ်တောင် မကြာတဲ့အချိန်နဲ့ ကားအောက်ကထွက်ပြီး ကားပိုင်ရှင်ကို မျှော်လင့်ချက်မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ကားပိုင်ရှင်က ကလေးငယ်ကို အခုနားက ငွေကိုလှမ်းပေးမယ်အလုပ်မှာ အမျိုးသမီးကဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ ပဲပေးလိုက်ပါ လို့ ဝင်ဟန့်တယ်။ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကိုလှမ်းပေးလိုက်တယ်။ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားကဝေဖန်သံတစ်ချို့ထွက်လာတော့ ကားပိုင်ရှင်က အကြွေ တစ်ချို့ ထပ်ပေါင်းပြီးကလေးကိုကမ်းပေး ပြန်တယ်။ ကလေးငယ်က ခေါင်းခါပြန်တော့ စိတ်ဆိုးပြီးဘာလဲ?မင်းကနည်းသေးတယ်လို့ ထင်လား? နည်းတယ်ထင်ရင် လုံးဝမပေးတော့ဘူးနော် လို့အော်လိုက် တယ်။ နည်းတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဆရာမက ပြောပါတယ်။လူတွေကို ကူညီတာ အကျိုးအမြတ် ရဖို့အတွက် မဟုတ်ပါဘူး လို့ ကလေးငယ်ကပြန်ပြောတော့ဒါဆို မင်းဘာဖြစ်လို့ မသွားသေးတာလဲ? ကားပိုင်ရှင်ကစိတ်ပျက်လက်ပျက် မေးပြန်တယ်။ ခင်ဗျားဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတစ်ခွန်းကို ကျွန်တော်စောင့်နေတာပါ လို့ ကလေးက ပြန်ပြော လိုက်တယ်။လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေးကြောက်ဖို့ကောင်းမှန်း ဒီပုံပြင်က ပြော သွားခဲ့ပါတယ်။ တူညီတဲ့အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က ကြည့်ရင်တစ်မျိုး၊ တစ်ခြားလူဖက်ကကြည့်ရင်တစ်မျိုး စတဲ့ အမြင်မတူတာတွေ ရှိတတ်ကြတယ်။ ဘာသာစကားကလူတွေကြားမှာရှိတဲ့ လွဲမှားတဲ့ နားလည်မှုကို အဆက်အသွယ်လုပ်ပေးခဲ့တယ်။ဒါပေမယ့် ဘာသာစကားက လူတွေရဲ့ ကြားအထင် အမြင်လွဲမှားမှုကိုတကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ မရှိသင့်တဲ့အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?

ဆေးခန်းတစ်ခုမှာ

ဆေးစစ်ခန်းအပြင်ဘက်မှာ ကလေးနှစ်ယောက်ထိုင်စောင့်နေတယ်။သူတို့အထဲက တစ်ယောက်က ငိုနေတယ်။အဲ့ဒါနဲ့>ပထမကလေး။ ။ ဘာကြောင့်နင်ငိုနေတာလဲ?>ဒုတိယကလေး။ ။ ငါသွေးလာစစ်တာ။>ပထမကလေး။ ။ ကြောက်လို့ငိုနေတာလား?>ဒုတိယကလေး။ ။ မဟုတ်ဘူး။ သူတို့က ငါ့လက်ကို ဖြတ်ပြီးစစ်မှာတဲ့..အဲ့ဒီလို ဖြေလိုက်တော့ ပထမကလေးက ထပြီး ရှိုက်ကြီးတငင်ငိုပါလေရော။ဒုတိယကလေးက အံ့အားသင့်စွာနဲ့....>ဒုတိယကလေး။ ။ နင်က ဘာဖြစ်လို့ထငိုနေရတာတုန်း?>ပထမကလေး။ ။ ငါ့ကိုကျတော့ သူတို့က ဆီးစစ်မလို့တဲ့.... အီးးးးးးးးးးးးးးးးး

ဟာသလေးပါ

ပင်လယ်ပြင်တွင်သင်္ဘောပျက်၍ အသက်ကယ် ဖောင်လေးနှင့် လွတ်မြောက်လာသူ ကိုဒသဂီရိ ၊ကိုဇော်ဂျီ ၊ ကိုစကူ သုံးဦး သည် ကျွန်းတကျွန်းပေါ်သို့ ဆိုက်ရောက်လာသည်။

ထိုကျွန်းပေါ်ရှိ လူသားစား လူရိုင်းများက ၎င်းတို့ကို ဖမ်းဆီး လိုက်ကာလူရိုင်းဘုရင်ထံ ခေါ်ဆောင်သွား သည်။

လူရိုင်းဘုရင်က "အေး ဒီကျွန်းပေါ် ရောက်လာသူတွေကို ငါတို့က သတ်စားလေ့ရှိတယ်။ဒါပေမယ့် မသတ်ခင် မှာတော့ အခွင့်အရေး တခုပေးတယ်။ အဲဒါက မင်းတို့ တွေ တနာရီအတွင်းမှာ သစ်သီး ၁၀ လုံးစီ ယူလာဖို့ပဲ။ အဲဒါ မင်းတို့ သစ်သီး ဆယ်လုံးစီအမြန်သွားရှာခဲ့ကြ။"

သုံးယောက်သား အပြေးလေး ထွက်သွားကြသည်။ပထမဆုံး ကိုဒသဂီရိ က ပန်းသီး ဆယ်လုံးကောက်ယူ၍ ပြန်ရောက်လာသည်။

ထိုအခါ လူရိုင်းဘုရင်က "အဲဒီ ပန်းသီး ဆယ်လုံးကို မင်းစအိုထဲကို တလုံးချင်းသွင်းရမယ်။ မင်း မျက်နှာမှာ ဘာခံစားချက်မှ မပြရဘူး။ တကယ်လို့ မင်းမျက်နှာမှာတစုံတရာ စိတ်ခံစားမှုပြသရင် မင်းကို သတ်စားမယ်။"

ကိုဒသဂီရိ က အကောင်းဆုံး ကြိုးစားသည်။ သို့သော် သုံးလုံးမြောက်တွင်နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားမိ၏။ ချက်ချင်း အသတ်ခံလိုက်ရသည်။

ထို့နောက် ဒုတိယ ကိုဇော်ဂျီ ပြန်ရောက်လာ၏။ သူ့လက်တွင် ညောင်သီး ဆယ်လုံးပါလာသည်။ လူရိုင်းဘုရင်က သူ့ကို ပထမ လူအတိုင်း စေခိုင်းသည်။ ဒုတိယ လူက သူ့အတွက်အခက်အခဲမရှိနိုင်ကြောင်း သိ၍ ၀မ်းသာသွား သည်။ သို့သော် ၉ လုံးမြောက် ညောင်စေ့သွင်းပြီး ချိန်တွင် မအောင့် မအီးနိုင် ရယ်မောလိုက်မိသည်။ ထို့နောက်အသတ်ခံလိုက်ရသည်။

ကိုဒသဂီရိ နှင့် ကိုဇော်ဂျီတို့ နှစ်ယောက် တမလွန်ဘ၀တွင် ဆုံဆည်းမိကြ၏။

ကိုဒသဂီရိ - "ဟေ့ကောင် မင်းတော်တော်ညံတဲ့ကောင်ပဲ။ ငါ့ရဲ့ပန်းသီးတွေကအကြီးကြီးတွေမို့ ထားပါတော့၊ မင်းညောင်သီးလေးတွေက ဘာခက်တာမှ မဟုတ်ဘူး။ အဲဒါမင်းက ဘာလို့ အောင်မြင်ခါနီးကျမှ ရယ်ရတာလဲ။"

ကိုဇော်ဂျီ - "မင်းငါ့ကို အပြစ်မတင်နဲ့။ မင်းလည်း ငါ့နေရာမှာဆိုဒီလိုဖြစ်မှာပဲကွ။"

ကိုဒသဂီရိ - "ဘယ်လိုဖြစ်လို့လဲကွ။"

ကိုဇော်ဂျီ - "ဘယ်လိုဖြစ်ရမလဲ ငါ့ကို ညောင်သီး ၉ လုံးသွင်းပြီးသွားတဲ့အချိန်မှာ ဟိုကောင်စကူ က ဒူးရင်းသီးကြီး ဆယ်လုံး ထမ်းပြန်လာတယ်လေကွာ---"

တဖြောက်ဖြောက်ကျဆင်းနေတဲ့မိုးရေစက်တွေ လွင့်အမြောမှာအလွမ်းတွေပါ စီးဆင်းနေခဲ့တယ်...တိတ်တခိုးနဲ့ချစ်နေရသူ ငါ့အဖို့တမ်းတခြင်း လွမ်းရခြင်းတွေသာအထပ်ထပ်ရစ်နှောင်လို့လက်တွဲဖို့အိပ်မက်ကအိပ်မက်သာဖြစ်နေခဲ့တယ်...မတူညီတဲ့နေရာနှစ်ခုကြားကတူညီတဲ့နှလုံးသား
တစ်စုံရှိခဲ့ပေမယ့်အချိန်တွေကနှောင်းခဲ့ပြီလေ...ခြားထားတဲ့စည်းတွေရဲ့ ဟိုတစ်ဖက်မှာမင်းနဲ့ငါ့အတွက်တစ်စုံတစ်ရာရှိနေပေမဲ့တစ်ဖက်စွန်းကိုလျှောက်လှမ်းဖို့မဖြစ်သင့်တဲ့အခြေအနေမှာဖြစ်သင့်တာကမေ့လိုက်ဖို့တဲ့လား
ရှင်သန်ဖို့တောင်မ၀ံ့ရဲပါဘူး...ချစ်သူရေ...ငါ့ဘ၀ ငါ့အချစ်ကိုမင်းနှုတ်ဖျားထက်မှာပဲ အပ်နှံခဲ့ပြီမို့လို့ကျေးဇူးပြုပြီးတစ်ခုပဲတောင်းပန်ပါရစေငါမက်မောခဲ့ရတဲ့အပြုံးတွေဖန်ဆင်းပေးနိုင်တဲ့ မင်းနှုတ်ဖျားထက်ဟာဓါးသွားကဲ့သို့ မဖြစ်ပါစေနဲ့.........။

၇ ရက်သားသမီးဗေဒင်

Sundayတနင်္ဂနွေတနင်္ဂနွေသားသမီးများ အူတူတူ အတတ ဖြစ်နေတတ်ပြီး အူကြောင်ကျားများကို ဆရာတင်မိသဖြင့် အုတ်ကြားမြက်ပေါက် ဖြစ်သွားတတ်သည်။ ကူးသန်းရောင်းဝယ်ခြင်းများ အကျိုးပေးဖွယ်ရှိသဖြင့် လူကုန်ကူးခြင်း၊ ဘိန်းရောင်းခြင်းများကို အဖမ်းခံရသည်အထိ လုပ်ပါ။ ကျန်းမာရေးတွင် ပရမ်းပတာဖြစ်နေတတ်သည်။ ယခုမှစ သုံးလအတွင်း ဦးခေါင်း၊ ခြေ၊ လက်၊ ခန္ဓာကိုယ် ဝမ်းဗိုက်နှင့်ဆိုင်သော ရောဂါကြီးများရတတ်ပြီး ကျန်ကိုယ်အင်္ဂါများမှာ အကောင်းပကတိရှိနေနိုင်မည်။ နှလုံးသားရေးရာတွင် ဆွေးစရာလေးများကို ဝမ်းနည်းစရာလေးများ ဖြည့်စွက်လာတတ်သဖြင့် အပျော်ကြီးပျော်ရမည်။ ပညာရေး အကောင်းအညံ့သည် စာမေးပွဲခန်းစောင့် ဆရာမပေါ်တွင် မူတည်နေသည်ကို သတိပြုပါ။ ယတြာအနေဖြင့် ဘူတာနားမှ စမူဆာ ကုလားကို "မူယာများလှချည်လား" ဟု လူတကာ အလည်တွင် စွပ်စွဲကာ ကြံသကာနှင့်ပစ်ပါ။

Mondayတနင်္လာတနင်္လာသားသမီးများ ဟင်းမပါဘဲ ထမင်းစားရသည့်နေ့များ ဆက်နေမည်။ "တက်နိုင်ဖျားရောက်" ဆိုသော စကားကို လက်ကိုင်ထားသင့်သည့်အလျောက် အုန်းပင်၊ ထန်းပင်တက်ခြင်း၊ ကန်ထရိုက်တိုက်ဆေးသုတ်ခြင်း၊ ဘုရားငြမ်းဆင်ခြင်းများ အကျိုးဖြစ်ထွန်းမည်။ မနက်အိပ်ယာနိုးနိုးချင်း ဆီးသွားတတ်လျှင် သင့်တွင် ရောဂါကြီးတစ်ခုခု ရှိနေပြီဟု သတိပြုပါ။ စာမေးသောဆရာသည် သူ မသိသောကြောင့် သင့်ကိုမေးခြင်းလည်း ဖြစ်နိုင်သဖြင့် "ဆရာရော သိလို့လား" ဟု မကြာခဏ ပြန်မေးပါ။ ချစ်စရာကောင်းသူလေးများကြောင့် ခြစ်ချုပ်စုထားသော ငွေစလေးများ ပြောင်သွားဖွယ်ရှိသည်။ ယတြာချေလိုသူများသည် ဘုရားစောင်းတန်းတစ်ခုမှ ဗေဒင်ဟောခန်းဆိုင်းဘုတ်တစ်ခုကို ထိုဗေဒင်ဆရာရှိနေစဉ် ကြေမွသွားအောင် ဖျက်ဆီးပေးခြင်းဖြင့် လက်ငင်းအကျိုး ခံစားရမည်ဖြစ်သည်။

Tuesdayအင်္ဂါအင်္ဂါနံဖြစ်သော ဆင်ရုပ်များပါသည့် ငွေစက္ကူများ ထုတ်ဝေလာခြင်းကြောင့် အင်္ဂါသားသမီးများသည် စပယ်ယာလက်ထဲမှ ငွေစက္ကူကဲ့သို့ လုံးလည်ချာလည်လိုက် ချေမွခံရလတ္တံ့။ ငါးထောင်တန်ကဲ့သို့ပင် တန်ဖိုးကြီးသလောက် ရုပ်ထွက်ညံ့နေတတ်သည်။ ကံကြမ္မာဆိုးများက ကျန်းမာရေးတွင် ချမ်းသာမပေးဘဲ လမ်းဘေးတွင်ပင် အိမ်သာတက်ရကိန်းရှိသဖြင့် သွားလေရာ ဂန်ဖလားဆောင်သွားပါ။ ပညာရေးလိုက်စားသူများ အကျိုးပေးနည်းနေသဖြင့် လိုက်မစားဘဲ အိမ်တွင်ဝယ်စားပါ။ ကိုယ့်ထက်ငယ်သူများနှင့် အဆင်မပြေ ဖြစ်ချိန်တွင် ကိုယ့်ထက်ကြီးသူများကလည်း အဖတ်မလုပ်တော့သဖြင့် ရင်ကွဲနာကျလတ္တံ့။ ယတြာအနေဖြင့် အင်္ဂါနေ့တိုင်း ခွေးတစ်ကောင်နှင့် ပန်းကန်တစ်ချပ်တည်း ထမင်းအတူတူစားပေးပါ။

Wednesdayဗုဒ္ဓဟူးအရက်မူးသမားက ရိုက်နှက်လိုက်၍သော်လည်းကောင်း၊ ကိုယ်တိုင်အမူးလွန်သွား၍သော်လည်းကောင်း ရဲစခန်းရောက်ကိန်း မြင်သဖြင့် နှစ်သက်ရာကို ကြိုတင်ရွေးချယ်ထားပါ။ ကံနိမ့်နေသဖြင့် လူရာအသွင်းမခံရဘဲ စိန်ပြေးတမ်းကစားလျှင်ပင် ထမင်းမစား၊ ကွမ်းမစား အဆင့်ကသာ ကစားရတတ်သည်။ စီးပွားရေးလုပ်ရန် စိတ်ကူးသူများ အနေဖြင့် သံလွင်ကဝိ၏ နှစ်ချုပ်ဟောစာတမ်းကို ဘတ်စ်ကားပေါ်လိုက်ရောင်းခြင်းဖြင့် အကျိုးပေးလတ္တံ့။ ပညာရေး အားနည်းသူများ အနေဖြင့် ဖဲရိုက်ခြင်းကဲ့သို့သော အားလျှင်ကစားသည့် အားကစားဘက်ကို ပြောင်းသင့်သည့် အချိန်ကောင်းဖြစ်သည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသွားလျှင် စိတ်မညစ်ပါနှင့်။ မကြာခင် ပြန်ကွဲသွားသဖြင့် ဂုဏ်ရှိသော တစ်ခုလပ်ဖြစ်ခွင့်ရှိနေပါသည်။ ယတြာသိပ်ချေချင်နေပါက ဘလိတ်ဓါးကို မနက်တစ်ချောင်း၊ ညတစ်ချောင်းဖြင့် ၅ ရက်ခန့် ဝါးစားပါ။ အားလုံးပြတ်ပြတ်သားသား ဖြစ်သွားစေရမည်။

Thursdayကြာသပတေးပ၊ဖ၊ဗ၊ဘ၊မ နံများပါသော ကြာသပတေးသားသမီးများအနေဖြင့် မီးပျက်သောအရပ်၊ ဖုန်ထူသောအရပ်၊ ဘိန်းစားပေါသော အရပ်တို့တွင် ပြိတ္တာကဲ့သို့ အငတ်ငတ် အပြတ်ပြတ်ဖြင့် ကျင်လည်ရလတ္တံ့။ မစားရသောနေ့ထက် ငတ်သောနေ့က ပိုများနေတတ်သည်။ သို့သော်လည်း သင့်ပတ်ဝန်းကျင်က ကြင်နာတတ်သဖြင့် တောင်းရမ်းစားခြင်းသည် အကောင်းဆုံး စီးပွားရေးပင်ဖြစ်အံ့။ တက္ကသိုလ်မှ ဘွဲ့မရနိုင်သေးခင် ဘုန်းကြီးဝတ်၍ ဆရာတော်ပေးသော ဘွဲ့ကိုအရင်ရအောင် ယူထားသင့်သည်။ ကွေးသောလက်မဆန့်မီ ဘဝပြောင်းသွားနိုင်သဖြင့် အပျော်အပါးကို အချိန်ရသမျှ လိုက်စားပါ။ ချစ်သူထည်လဲ ထားတတ်သူများအတွက် ဝေဘာဂီအပြင် မင်္ဂလာဒုံတွင်လည်း ကူးစက်ဆေးရုံသစ်ကြီး ဖွင့်လှစ်ပြီးဖြစ်သဖြင့် စိတ်အေးနိုင်ပြီဖြစ်သည်။ ကံတက်စေမည့် ယတြာမှာ ညာဘက်ခြေထောက်တွင် နို့ဆီခွက် ၂ ခွက်ချည်၍ ဖိနပ်မစီးဘဲ Shoppping ထွက်ပါ။

Fridayသောကြာသောကြာသားများ၏ ခေါင်းဆောင်မှုကြောင့် တိုင်းပြည်တွင် သောကများကာ ကြန့်ကြာမှုများရှိတတ်သည်။ အပြောင်းအလဲသည် တကယ့်အပြောင်းအလဲ မဟုတ်ပါက အပြောင်းအလဲ လိုလားသူများအနေဖြင့် အပြောင်းအလဲဖြစ်ရန်အတွက် ၎င်းတို့ကိုယ်တိုင်က အပြောင်းအလဲလုပ်၍ အပြောင်းအလဲ မလုပ်လိုသူများကို အပြောင်းအလဲဖြစ်လာစေရန်အတွက် အပြောင်းအလဲ၏ ကောင်းကျိုးကို ရှင်းပြပြီး အပြောင်းအလဲအတွက် အားထုတ်သင့်သည့် ကာလဖြစ်သည်။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအများ အားနည်းနေချိန်တွင် အချစ်ရေး အထူးကံတက်နေသဖြင့် ယောက်ျားချင်းပင် မေတ္တာသက်ဝင် ချစ်ခင်သွားတတ်သည်။ လူကဲခတ်ညံ့သူအနေဖြင့် မိမိသတို့သမီးမှာ ယောက်ျားကြီးမှန်း မင်္ဂလာဦးညမှ သိရတတ်သည်။ အကောင်းဆုံး ယတြာမှာ အခေါင်းကောင်းကောင်း တစ်လုံးဝယ်ပြီး နေအိမ် ဧည့်ခန်းတွင် ထောင်ထားပါ။

Sundayစနေနိုင်ငံရေးခိုလှုံခွင့် တောင်းခံခြင်း၊ နိုင်ငံသားပြောင်းလဲခံယူခြင်းတို့ ကြောင့် ထောင်ကျမည့်ဘေးမှ လွတ်ဖွယ်ရှိသည်။ စီးပွားရေး လုပ်ငန်း စတင်လိုသူများအနေဖြင့် နတ်ဝင်သည်လုပ်ခြင်း၊ နာရီအလစ်သုတ်ခြင်း၊ ထမီလိုက်ရုတ်ခြင်းတို့မှာ ထင်ထင်ရှားရှား အကျိုးပေးဖွယ်ရှိသည်။ ၂၀၁၂ တွင် ကမ္ဘာပျက်မည်ဆိုသောကြောင့် မပျက်ခင် အကြွေးယူသုံးခြင်း၊ အရစ်ကျပေးချေမှုဖြင့် တန်ဖိုးကြီးပစ္စည်း ဝယ်ယူခြင်းများ ပြုလုပ်သင့်သည်။ ကျန်းမာရေးတွင်တော့ မပြောပလောက်သော ဝေဒနာလေးများကြောင့် ခြေလက်များ ဖြတ်ရခြင်း၊ မျက်စိကွယ်ခြင်းများ ကြုံတွေ့နိုင်သည်။ ပညာရေးနှင့် အကျိုးပေးသည့် စနေသားသမီးများအနေဖြင့် ကျောင်းတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်ရသွားခြင်း သို့မဟုတ် သန့်ရှင်းရေးလုပ်သူနှင့် အိမ်ထောင်ကျကိန်းများ ရှိသည်။ ယတြာအနေဖြင့် မှတ်ပုံတင် သို့မဟုတ် ပတ်စ်ပို့ကို မီးရှို့ပစ်ပါ။

၇ ရက်သားသမီးများအတွက် ယတြာကောင်းများ

"နွေ" ကာလရောက်လာချိန်တွင် "တနင်္ဂနွေ" သားသမီးများသည် မီးနားနေရသလို ပူစပ်ပူလောင်ဖြစ်လတ္တံ့ ။တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင်တနင်္ဂနွေသားအိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျ ခံနေရသော တနင်္ဂနွေနံနာမည်ရှိ အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့ ။နံတူအကျိုးပေးလုပ်ငန်းများကို ထင်ရှားစွာတွေ့မြင်နေရသဖြင့်အိမ်သာကျင်းတူးခြင်း ၊ အုတ်ဂူဆောက်ခြင်းတို့ကို အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်သင့်သည် ။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့် ရောဂါကြီးများကိုအောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည် ။ အချစ်ရေးတွင် အထာကျသည့်ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့် အကြောင်းပါသွားသဖြင့်အုတ်အော်သောင်းနင်း ဖြစ်တတ်သည် ။ ယတြာချေလိုသူများအနေဖြင့် အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ ။

"ကျားဆိုမှကျား" တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း ၊ ကျပ်မပြည့်ခြင်းတို့ကြောင့်ကျက်သရေမရှိဖြစ်တတ်သည် ။ ခြေထောက် ၊ ခါး ၊ ခေါင်းစသည့်တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည် ။ကိုယ်ပိုင်အရည်အချင်းဖြင့် ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ မလုပ်ပါနှင့် ။ချစ်သူနှင့် ချိန်းတွေ့စဉ် ချောင်းရိုက်ခံရတတ်သဖြင့် သတိပြုပါ ။ ချက်တင်း(Chatting) ဝင်သူများ ချူစားခံရလတ္တံ့ ။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း ၊စာမေးပွဲကို ခွေးကျကျခြင်းများဖြစ်တတ်သဖြင့် ဖြစ်နိုင်လျှင်ကျောင်းမသွားပါနှင့် ။ ဂေါ်လီရိုက်ခြင်း ၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း ၊ကူလီထမ်းခြင်းများကို ယခုလအတွင်း တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်း သောလုပ်ငန်းများအဖြစ် မြင်နေရသည် ။ အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ(အင်လျားကန်) ကဲ့သို့သော ကန်ဘောင်တစ်ခုသို့ အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ"ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ" ဟု သက်စေ့ကြွေးကြော်ပါ ။

ယခုလအတွက် အကောင်းဆုံး ဇာတာရှင်များမှာအင်္ဂါသားသမီးများပင်ဖြစ်သည် ။ မကြာခဏ အလှူအဖိတ်ခံရခြင်း ၊ လိုင်းကားပေါ်တွင်ထိုင်စရာရတတ်ခြင်းတို့ကြောင့် အနေအစားချောင်နေနိုင်သည် ။စုတ်ပြတ်နေသည့်တိုင်အောင် "ဆရာကြီး" ဟု အထင်ခံရနိုင်သည် ။ဆွဲကြိုးချသတ်သေသည့်တိုင် ဇက်မကျိုးဘဲ လှလှပပ အသက်ထွက်သွားမည့်အင်္ဂါသားသမီးများဖြစ်သည် ။ စစ်သားများ ဆီးသွားရာတွင် ဇယားကပ်နိုင်သည် ။စီးပွားရေး ကောင်းနေစဉ် ညရေးညတာ သွားလာရေးအဆင်ပြေစေရန် ဆင်တစ်ကောင်ဝယ်ထားသင့်သည် ။ ကျန်းမာရေးတွင်မူ ဆိုးဆိုးရွားရွားကြီးမဟုတ် သော်လည်းဆေးများ ဆက်တိုက်ဆိုသလို သောက်နေရတတ်သည် ။ နှလုံးသားရေးရာတွင်စိတ်ဖောက်ပြန်နေ သူများ ၊ ဇိမ်မယ်များ ၊ ဇီဇာကြောင်သူများ ၊ညစောင့်များနှင့် စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိနေသည် ။ ယတြာအနေဖြင့် ဇော်ဂျီအဝတ် အစားများဝတ်ပြီး ဈေးဝယ်ထွက်ပါ ။

ကံဇာတာမှေးမှိန်နေခြင်း မဟုတ်သည့်တိုင်တောက်ပနေခြင်းမျိုးလည်းမဟုတ်သဖြင့် ဗုဒ္ဓဟူးသားသမီးများ အလယ်တွင် လတ်နေတတ်သည် ။ ယမကာကြိုက်တတ်သူများ ရန်များအံ့ ။ လေထိုးကျွတ်ဖာလုပ်ငန်းလုပ်ကိုင်နေသူများ လျှမ်းလျှမ်း တောက် အောင်မြင်အံ့ ။ လောင်းကစားကြောင့်ယောက္ခမနှင့် ရင်ဆိုင်ရဖွယ်ရှိသည် ။ ဝ သောသူများ ဝိတ်မချနိုင်ပါကဝက်နှင့်တူလတ္တံ့ ။ ပညာရေးတွင် ယောင်ချာချာဖြစ်နေသူများလျက်ဆားပြောင်းရောင်းသင့်သည် ။ ရုပ်ဆိုးသော ၊ ယုတ်မာသော ၊ လော်မာသောအိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့ ။ အကန်းလည်း ပေးလတ္တံ့ ။ယတြာချေလိုပါက တစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ်ခဏလေးလှဲအိပ်ပါ ။

မူယာမာယာများတတ်သော ကြာသပတေး သားသမီးများအတွက်ပြတ်ပြတ်သားသား ကြိုးစားရမည့်အချိန်ပင်ဖြစ်သည် ။ ပြဿဒါးကိန်းထဲရောက်သဖြင့်ပြောင်ချော်ချော်လုပ်ခဲ့သမျှ ပြဿနာတတ်နိုင်သည် ။ စီးပွားရေးတွင်ပူဖောင်းရောင်းခြင်း ၊ ဖိနပ်စောင့်ခြင်း ၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့ ။ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည် ပန်းညှိုးပန်းသေ ၊ မျက်စိကွယ် ၊ဖုတ်လှိုက်ဖုတ်လှိုက် နှင့် အသက်သေသည်အထိဖြစ်တတ်သဖြင့်ဘုရားတရားလုပ်ချိန်တန်ပြီဟု ဆိုချင်သည် ။ ပညာရေး တွင်ပထမရရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသဖြင့် ပန်းရံဆရာဖြစ်သွားအံ့ ။နှလုံးသားရေးတွင် ချစ်ရေးဆို လာသူကို ပဲများပြီး ပါးရိုက်မိပါကမိုက်မဲခြင်းသာဖြစ်ပြီး မည်သူ့ကိုမဆို မြန်မြန်လက်ခံလိုက်သင့်သည် ။ကံကောင်းစေ မည့် ယတြာမှာ ပိတ်စတစ်ခုတွင်"ဘိန်းဖြူရောင်းသည်" ဟုရေးပြီးမ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ ။

သောကြာသားသမီးများ ကြွက်ကလေးများလိုတွင်းအောင်းနေရအံ့ ။ အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေး များလိုထောင်ချောက်မိကာ ထောင်ကျအံ့ ။ အလုပ်အကိုင် အကြံအစည်များကို သိုသိုသိပ်သိပ်ကြံစည်သည့်တိုင်အောင်သောကများနေနိုင်သည် ။ ကျန်းမာရေးတွင် သေလောက်သည့် ကံများမရှိသော်လည်းသစ်ပင်ပိခြင်း ၊ ဟီးနိုးကား အတိုက်ခံရခြင်း တို့ကြောင့်ဆေးရုံဆေးခန်းရောက်ရန်ရှိသည် ။ "သိပ်ချစ်မိနေပြီ ကလေးရယ်" ဟုပြောလာသူရှိပါက "ရူးချင်ယောင် ဆောင်မနေနဲ့" "ရှေ့မှာ သေခြင်းရဲ့ တံခါးများ"ဟု ပြန်ပြောရန် ဝန်မလေးပါနှင့် ။ ကံတက်စေမည့် ယတြာမှာ - တစ်ခုသောသောကြာနေ့တွင် သိက္ခာရှိ သူတော်ကောင်းတစ်ဦးကို သဲနှင့်ပက်ပြီး"သိပ်တတ်နေတယ် ပေါ့လေ" ဟု သက်စေ့ရေရွတ်ပါ ။

တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ "ဒုက္ခ"ဆိုသော စကားလုံးနှင့် ရင်းနှီးပြီး တဲထိုးနေရကိန်းများ ရှိနေသဖြင့်သတိရှိစေချင်သည် ။ နိုင်ငံရေးသမားများ ထောင်ကမလွတ်လာသေးသည့်တိုင်အောင်တရားရုံးထပ်တက် ရဖွယ်ရှိသည် ။ နိဗ္ဗာန်ယာဉ်လုပ်ငန်းများ နေပြည်တော်တွင်အောင်မြင်အံ့ ။ ပညာရေးလိုက်စားသူများ နိုင်ငံခြားမထွက် နိုင်ပါကပြည်တွင်းတွင်ပဲ နေရလတ္တံ့။ နေမကောင်းသူများ နှုတ်ဆက်ချိန်ပင်မရလိုက်ဘဲအသက်ပါသွားအံ့ ။ တရားဝင်လက်ထပ်ထားသည့်သူ ရှိနေသည့်တိုင်အောင်တောင့်တောင့်ဖြောင့်ဖြောင့် အငယ်အနှောင်း ထပ်ရရန်ရှိနေ သဖြင့်အိမ်ထောင်ဘက်ကို အလစ်မပေးသင့်ပေ ။ အဆိုးများ ပြေပျောက်သွားမည့် ယတြာမှာနှာစေးနေသူတစ်ဦးထံမှ နှပ်ချေးနည်းနည်းတောင်းစားပါ ။

Click here to edit.

ခင်ဗျားတို့ကိုး

ဆေးရုံမှ လင်မယာနှစ်ဦး ထွက်လာသည်။ လမ်းတွင် တက်စီငှားသည်။ မိန်းမက တက်စီသမားအား

"ကျေးဇူးပြုပြီး ဖြေးဖြေးမောင်းပေးပါနော်.ကျွန်မတို့နှစ်ယောက် မနေ့ကအမောင်းကြမ်းတဲ့ ဒရိုင်ဘာနဲ့တွေ့တာ ဆေးရုံတက်လိုက်ရတယ်။"

တက်စီသမား။ ။"ဪ....ခင်ဗျားတို့ကိုး။ ကြည့်စမ်း၊ ရုတ်တရက် မမှတ်မိဘူး"

ရပါတယ်

အဆိုသင်တန်းတွင် သင်တန်းသူတစ်ဦးက နည်းပြအားမေးသည်။

"ဆရာ။ ကျွန်မကို ရှင်းရှင်းပဲ ပြောပါဆရာ။ ကျွန်မအသံက ဘယ်နေရာမှာမှသုံးစားလို့ မရတော့ဘူးလား"

"ဟာ...ဒီလိုလဲ မဟုတ်ပါဘူး။ ဥပမာ - မီးလောင်တာတို့၊ ရေနစ်တာတို့၊ဓပြတိုက်ခံရတာတို့ဆိုရင် ခင်ဗျားအသံဟာ အစားထိုးလို့ကို မရဘူး။တကယ်ပြောတာ"

ဉာဏ်ကြီးရှင်

လေးနှစ်သားကိုတိုး နှင့် ခြောက်နှစ်သားကိုဖြိုးတို့ မျောက်ညီနောင်သူတို့အဘွားအိမ်သို့ အလည်ရောက်နေသည်။ ညအိပ်ချိန်တွင် မျောက်ညီနောင်အားအဘွားမှ ဘုရားရှိခိုး ခိုင်းဧ။်၊ ဘုရားရှိခိုးပြီးသောအခါ

ကိုတိုး ။ ။ စက်ဘီးတစ်စီးနဲ့ ဂိမ်းစက် တစ်လုံး ရ ရိုရပါလိုဧ။် ဘုရား(ကျယ်လောင်စွာဆုတောင်းလေသည် )။

ကိုဖြိုး။ ။ ဟေ့ကောင် ဘာလို့ အကျယ်ကြီးဆုတောင်းနေတာတုန်းကွ ၊ ဘုရား က နားမလေးပါဘူး။

ကိုတိုး။ ။ အင်း ဘုရား က တော့ နားမလေးပါဘူး ၊ ဒါပေမယ့် အဘွားကတော့ နားလေးတယ်ဟ။

မှားပါတယ်

ကိုအူ တစ်ယောက် ရုပ်ရှင်ကြည့်ရန် လက်မှတ်ရုံတွင် လက်မှတ်ဖြတ်နေသည်။ တခဏာအကြာတွင် ကိုအူ တစ်ယောက် လက်မှတ်လာ ဖြတ်ပြန်သည်။ သိပ်မကြာလိုက်လက်မှတ်ရုံသို့ ကိုအူ ပြန်ရောက်လာကာ လက်မှတ် ဖြတ်ပြန်သည်။

လက်မှတ်ရောင်းသူ- (အံသြ စွာဖြင့်) စောစောတုန်းက လက်မှတ်နှစ်ခါ လာဝယ်တာနောင်ကြီးပဲ မဟုတ်လား၊ ဒါကောဆို သုံး ခါရှိသွားပြီနော်။ ဘာလို့လဲဗျ။

ကိုအူ- ဘာဖြစ်ရမှာလဲဗျ။ ရုံပေါက်က လူပေါ့၊ တော်တော်ဆိုးတယ်ဗျာကျုပ်လက်မှတ်ကို တောင်းပြီး စုတ်ဖြဲပစ်လိုက်တယ်။

လွဲ ချက်ကနာ

တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကိုအူ တို့သုံးဦးအားရာဇဝတ်မှုဖြင့် သေဒဏ်ပေးရန် ပြင်ဆင်နေသည်။ အစောင့်ဖြစ်သူက ကိုဖြူအားအချုပ်ကားတွင်းမှ ပထမဆုံး ခေါ်ထုတ်လာသည်။ ထို့ နောက် အရာရှိဖြစ်သူကသေနတ်သမားအား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေး)

အရာရှိ- "Ready",'Aim".

ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,' Earthquake!'

လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေးလွတ်မြောက်သွားသည်။

နောက် ကိုကြူအလှည့်

အရာရှိ-- 'Ready', 'Aim'

ကိုကြူ- 'Tornado!'

ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူလည်း ထွက်ပြေးလွတ်မြောက်သွားပြန်သည်။

နောက်ဆုံး ကိုအူ့အလှည့်

အရာရှိ-' Ready', 'Aim'

ကိုအူလည်း ကျန်လူများကို အတုယူ၍ အော်လိုက် ပုံ က "Fire!"

အတတ်နိုင်ဆုံး ကြိုးစား၍ ဘာသာပြန်ပါသော်လည်း မိမိကိုယ်ကိုကျေပ်မှုမရှိပါ။ ထို့ကြောင့် သီးခံပေးပါရန် တောင်းပန်အပ်ပါသည်။

(မှတ်ချက်။ ။ Fire ဆိုတာ ပစ်လို့ အမိန့်ပေးတာပါ၊ စကားလုံးတွေကိုသူ့နေရာနှင့် သူသုံးနိုင်ကြပါစေ)

အားကြီးချစ်တယ် – မောင်ကောင်းထိုက် (နှီးပဒေါ)
သမီးရည်းစားနှစ်ယောက် ချိန်းတွေ့ရင်း စကားပြောနေကြသည်။
“မောင်၊ မကို ချစ်ရဲ့လား”
“သိပ်ချစ်တာပေါ့”
“အာဒမ်က ဧ၀ကို ချစ်သလိုပဲလား”
“အဲဒီထက် ပိုတာပေါ့”
“ဟုတ်ရဲ့လား မောင်ရဲ့”
“သိပ်ဟုတ်တာပေါ့၊ အာဒမ်မှာ ရွေးစရာ မရှိခဲ့ဘူးလေ”

ငှက်တွေလို ပျံတတ်လို့လား - ဟာသဂျပိုး
သင်္ဘော ကပ္ပတိန်တစ်ယောက်သည် ၎င်းင်းတို့၏အသိုင်းအ၀ိုင်း၌ ရေးမကူးတတ်သူအဖြစ် လူသိများသူဖြစ်၏။
တစ်ရက်တွင် သတင်းထောက်တစ်ယောက်က ထိုသင်္ဘောကပ္ပတိန်ကို မေးလိုက်သည်။
ရေမကူးတတ်တဲ့ သင်္ဘောကပ္ပတိန်ဆိုတာ ခင်ဗျားလား”
ထိုကပ္ပတိန်က ပြန်ဖြေလိုက်၏။
ဟုတ်ပါတယ်၊ ကျုပ်ရေမကူးတတ်ပါဘူး။ ဒါပေမယ့်ဗျာ ငှက်တွေလို ပျံတတ်တဲ့ လေယာဉ်ပျံ ပိုင်းလော့ကိုရော ခင်ဗျားတို့ တွေ့ဖူးလို့လားဗျ”

အဓိပ္ပါယ်ရှိရှိပြောတတ်သူ – မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
ငါ့မိန်းမကကွာ၊ ငါနဲ့စကားများရန်ဖြစ်တိုင်း သူ့အမေအိမ်ပြန်မယ်ချည်းပဲ ပြောတယ်ကွ၊ အဲဒါ ငါ့ကို ခြိမ်းခြောက်တာလား၊ အကျပ်ကိုင်တာလား”
သူ့အမေအိမ် ပြန်သွားမယ်လို့ပြောရင် အဲဒါမင်းကို အကျပ်ကိုင်တာ၊ ဒါပေမယ့် သူ့အမေကို ခေါ်လာမယ်လို့ပြောရင်တော့ ဒါဟာ မင်းကို အကြီးအကျယ် ခြိမ်းခြောက်တာပဲ”

သင်ချင်တဲ့အပိုင်း - ကံချွန်
ပြင်သစ်စာသင်ရတာ ခက်သလား ဖေဖေ”
ပထမပိုင်းသာ ခက်တာပါ၊ နောက်ပိုင်းကျတော့ လွယ်သွားတာပါပဲ”
အဲဒါဆို နောက်ပိုင်းတစ်ဝက်ပဲ သင်ချင်တယ် ဖေဖေ”

သူ့မှတ်တမ်း - ခင်မောင်တိုး (မိုးမိတ်)
အမျိုးသားတစ်ဦး နေ့စဉ်မှတ်တမ်းရေးနေ၏။
ကျွန်တော်သည် စံပြယောက်ျားတစ်ဦး ဖြစ်၏။ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ညကလပ်များသို့လည်း မသွား၊ ကျွန်တော့် မိန်းမအပေါ်တွင်လည်း သစ္စာရှိသူဖြစ်သည်။ သူများသားသမီးအပေါ် စိတ်ဖြင့်ပင် မပြစ်မှားပါ။ ည ၈ နာရီဆိုလျှင် ပုံမှန် အိပ်ရာ ၀င်၍ မနက်စောစောထပါသည်။ အချိန်မှန် လေ့ကျင့်ခန်းလုပ်၍ အချိန်မှန်လည်း အလုပ်လုပ်ပါသည်။”
အင်း၊ ဒီအပြုအမူတွေအားလုံး ကျွန်တော်ထောင်က လွတ်တာနဲ့ ချက်ချင်းပြောင်းသွားတော့မှာ အမှန်ပါပဲ” ဟုလည်း မှတ်တမ်း ရေးအပြီးတွင် ညည်းညည်းညူညူ ရေရွတ်လိုက်ပါသေး၏။

* * * * * *
ဖတ်မိတဲ့ စာအုပ်အမျိုးမျိုးထဲက သဘောကျတာလေးတွေကို ရွေးထုတ်ဝေမျှလိုက်တာပါ။ ရယ်မောပျော်ရွှင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့သစ်တစ်ခု ဖြစ်ကြပါစေဗျာ။

No comments: