WELCOME

Sunday, November 13, 2011

ဟာသများ Fwd(၂)

Hello! Thank You Visited My Blog

လူပျိုကြီးရဲ့ ရာဇ၀င်

အသက်(40) ရှိပြီဖြစ်သည့် လူပျိုကြီးသည် သူခေါ်ပြသည့် အမျိုးသမီးတိုင်းကို သူ့မိခင်မှ မနှစ်မြို့ကြောင်း ပြောနေသဖြင့် သူငယ်ချင်းကို ရင်ဖွင့်လိုက်နေလိုက်သည်။
“ဒါဆိုလည်း မင်းအမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြလိုက်ပေါ့ကွာ”
သူငယ်ချင်း၏ အကြံပေးချက်အတိုင်း ကြိုးစားဆောင်ရွက်လေတော့သည်။ ခြောက်လခန့်ကြာသောအခါ မူလ သူငယ်ချင်းနှင့် ပြန်ဆုံတွေ့ရလေသည်။
“ဘယ့်နှယ့်လဲ....... ငါပေးတဲ့ အကြံနဲ့ အိုကေသွားပြီလားကွ”
“ ဟင့်အင်း....... အမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြီး ခေါ်ပြပြန်တော့ အမေက သဘောကျပေမယ့် အဖေက အပြင်းအထန် ကန့်ကွက်တယ်ကွ”

ဒါဆိုမှားနေပြီ

“ငါးဟင်းစားရင် ဦးနှောက်ကောင်းတယ် ဆိုပါလား”
“သိပ်မှန်တာပေါ့...ငါဆိုရင် နေ့တိုင်း ငါးဟင်းပဲ စားတယ်”
“အင်း...ဒီအတိုင်းဆို ဒီအဆိုပြုချက် မှားနေပြီပေါ့”

ပြောမိတာမှားပါတယ်

တစ်နေ့မှာ မူလတန်းကျောင်းတစ်ကျောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူက လာရောက် စစ်ဆေးတယ်။ သူက ကျောင်းသားတစ်ယောက်ကို မေးလိုက်တယ်။``ရောမ အင်ပါယာကြီး ပြိုပျက်သွားစေတဲ့ အဓိက လက်သည်ဟာ ဘယ်သူလဲ´´

ကျောင်းသားက ပျာပျာသလဲနဲ့…
``ကျွန်တော်လုပ်တာ မဟုတ်ပါဘူး´´တဲ့။

တာဝန်ရှိသူက အတန်းပိုင်ဆရာကို ဒီအကြောင်းပြောပြတော့ ဆရာကလည်း
``ဟုတ်ပါလိမ့်မယ်။ ဒီကလေး မလုပ်လောက်ပါဘူး။ သူဟာ လူရိုးလေးပါ´´
တာဝန်ရှိသူ တော်တော် မကျေမနပ်ဖြစ်သွားပါလေရော။ ဒါနဲ့ ကျောင်းအုပ်ကြီးကို သွားတိုင်တော့…
``အဲဒီ ဆရာရော၊ ကျောင်းသားပါ အင်မတန် ရိုးကြပါတယ်။ သူတို့ပြောတာ မှန်ပါလိမ့်မယ်´´

တာဝန်ရှိသူက အတတ်ပညာရေးဆိုင်ရာ ဘုတ်အဖွဲ့ကို ဒီအကြောင်း တင်ပြပါလေရော။ ခဏနေတော့ ဘုတ်အဖွဲ့က ဆုံးဖြတ်ချက် ကျလာတယ်။
``ပျက်ပြီးသား ရောမအင်ပါယာကြီးလည်း ပျက်ပါစေတော့။ ဟိုကျောင်းသားလေး လုပ်တာဆိုရင်လည်း ဘယ်သူမှ မသိအောင် ဒီကိစ္စ ဒီမှာတင် ရပ်ပါတော့´´
***** ****** ***** *****

မဆုတ်သာ မတိုးသာ

အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။ ငါ့တို့ နိုင်ငံ့ခြားကိုတစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။ အတွင်းရေးမှူးမက သူ့ယောင်္ကျားထံ ဖုန်းဆက်၏။ ကျွန်မ သူဌေးနဲ့ ကျွန်မနိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ်ကြည့်နေနော် ယောကျာင်္းက သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။ ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ် ကြာသွားရလိမ့်မယ်။ ဒါကြောင့်ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။ တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့် ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ ငါ တစ်ပတ်လောက် အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး ကောင်လေးက သူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့ တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး အချိန်ဖြုန်းရအောင်။ အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးကို ဖုန်းဆက်သည်။ ဒီအပတ်ငါမြေးနဲ့အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကိုမတက်နိုင်တော့ဘူး။ အတွင်းရေမှူးက သူ့ယောင်္ကျားကို ဖုန်းခေါ်သည်။ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲ လုပ်စရာလေးတွေ ရှိတယ်။ ခရီးစဉ်ကို ဖြက်လိုက်တယ်။ ယောင်္ကျားကသူ့ တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။ ငါတို့ ဒီတစ်ပတ် အတူတူအချိန် မဖြုန်းနိုင်တော့ဘူး ။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။ တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။ ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။ ကောင်လေးက သူ့အဘိုးထံဖုန်းဆက်သည်။ ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။ ကျူရှင်တက်ရမယ်တဲ့ အဘိုးနဲ့ အဖော်မလူပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။ အဘိုး (အလုပ်ရှင်)က သူ့အတွင်းရေးမှူးထံ ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့။ အဲဒီ အစည်းအဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့်စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။
အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်သည်။ :2:

လှေကားလာမလှုပ်နဲ့

ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို မြင်ခဲ့ကြရတယ်။ နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့က လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို ဗဟုသုတအနေနဲ့ ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။
ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”
“ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲ။” ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့ ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့ ဟုတ်ပြီလား။” ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း”
မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင် အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။
အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။” “ပီတာလေးရဲ့ အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ” ဟုဖြေလိုက်တယ်။
ဆရာမလဲ အံ့အားသင့်သွားတယ် “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို့  ဆရာမက ပီတာလေးကိုမေးလိုက်တယ်။ ဒါနဲ့ပီတာလေးက “အဲဒီလူကြီးက” “အေဘေးလေးအောက်ကနေ လှေခါးလာမလှုပ်နဲ့”လို့ပြောလို့ပါ ဆရာမ။

ကြိုတင်သတိပေးချက်

“ဟဲလို မီးသတ်ဌာနကပါလား ခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
“ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင် စိုက်ထားတာ တော်တော်လေး အေင်မြင်ပါတယ်။

တစ်နေ့ရောင်းကြေးဟာ နှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျား မှားနေပြီ ဒါမီးသတ်ရုံးဗျ စိုက်ပျိုးရေးဌာနမဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခုကျွန်တော့်အိမ်ဘေးမှာမီးလော င်နေပါတယ်။ ခင်ဗျားတို့ မီးလာသတ်ရင်

ကျွန်တော့်စိုက်ခင်းက အပင်တွေကို နင်းမိမှာစိုးလို့ပါ”

၇ ရက်သောက်ရမည့်အတူတူ

တနေ့သောအခါ .. အလုပ်သင် ဆရာဝန်မလေးနှင့် သူ၏ သူငယ်ချင်းများသည် ဆေးရုံနှင့်ဝေးသော ကျေးလက်ဒေသ သို့သွားရန် (၂) ပတ်ကြာမျှ ကျမ်းမာရေး ကွင်းဆင်းလေ့လာရန်သွား ရောက်ကြရသည် ။ ထိုဒေသတွင်နေထိုင်ကြသော လူများသည် ကျမ်းမာရေး ဗဟုသုတနည်းပါး၍ ရိုးသားကြသည်။ လုပ်သင်ဆရာဝန်မလေး သည် လယ်ထဲတွင် အလုပ်လုပ်ရင်း ခြေထောက်တွင် ဒဏ်ရာရ၍ အနာရင်းကာ ပြည်တည် နေသော လူနာအား စမ်းသပ်ပြီး ပဋိဇေ၀ဆေး (Antibiotic) ဆေးသောက်၇န် လိုကြောင်း၊ ဆေးကို တနေ့ သုံးကြိမ်၊ (၈)နာရီခြား၊ အစားအစာ နှင့်ဝေးဝေး သောက်ရမည် (၇) ရက်ဆက် တိုက်သောက်ရ မည်ဆိုသည်ကို သေချာစွာ ရှင်းပြပါသည်။ လူနာက အလုပ်လုပ်ရမည် ဖြစ်သဖြင့် ဆေးသောက်ရန် အဆင်မပြေသည့် အကြာင်း၊ မမှတ်တတ်ကြောင်း၊ဆေးသောက်ရန်လည်း ပျင်းသည့်အကြောင်း ပြန်ပြောပါသည်။ ထိုအခါ အလုပ်သင် ဆရာဝန်မလေး လူနာသေချာ နားမလည်ပုံပေါက်သဖြင့် ထပ်၍ မနက် (၈) နာရီ၊ နေ့ လည် (၂)နာရီ၊ ည(၁၀) နာ၇ီ သောက်ရန်ပြော၍ ဆေး (၂၁) လုံးကိုပေးလိုက်ပါသည်။ နောက် (၂) ရက်အကြာတွင်ပြန်ပြ၇န်မှာလိုက်ပါသည်။ နောက် (၂) ရက်အကြာ - အလုပ်သင်ဆရာဝန်မလေး ကစိတ်မချ၍ ဆေးဘယ်နှလုံး ကျန်ပါသေးသလဲ ဟုမေးလိုက်ရာ လူနာပြန်ပြော လိုက်သည်မှာ - အိမ်ရောက်တာနှင့်(ရ) ရက်သောက်ရမည့် အတူတူ ဆေးအားလုံးတခါထဲ သောက်လိုက်သည်ဟူ၏။

နေရတာခက်လို့

“သူဌေးခင်ဗျား လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးကို တိကျတဲ့ တာဝန်ပေးစေချင်ပါတယ်”

“ဘာလို့လဲ”

“သူက တစ်နေကုန် ဘာမှမလုပ်ဘဲ ကျွန်တော်တို့ကိုပဲ ထိုင်ကြည့်နေတော့ အနေရ အထိုင်ရ ခက်တာပေါ့

စိတ်ဆိုးစရာလား
............

“ဘာလို့ အလုပ်က ထွက်လာတာလဲ”

“သူဌေးက အပြောအဆိုမတတ်လို့ပါ”

“ဟေ ဘယ်လိုပြောလို့လဲ”

“ကျွန်မကို သိပ်လှတာပဲတဲ့”

“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”

“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”

ဥာဏ်ကြီးရှင် ဖေဖေ

ရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေ ဖြစ်သူကို သားငယ်က မေးသည်။
“လမင်းဟာ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေတာလဲဟင်”
“လမင်း ဟုတ်လား ၊ မသိပါဘူး သားရယ်”
“ကြယ်တွေကျတော့ သေးသေးလေးနော်…. ဘာဖြစ်လို့လဲ ဖေဖေ”
“ကြယ်တွေ ဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”
“ဖေဖေ၊ ဘာဖြစ်လို့ ..”
အမေက ၀င်ပြောသည်။
“ဟဲ့သား၊ ဖေဖေ ပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေ ထုတ်မနေစမ်းနဲ့”
“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။

အသက်ရှူခြင်း
..........................................

ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်ကြတာ မောင်းပြီး၃ နာရီလောက်ကြာတော့
လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီး ရပ်ထားတာတွေ့တ ယ် ။
စက်ဖုံးကြီးလဲဖွင့်လို့ပေါ့ ။
ငပွေးက တင်အောင်ကိုလှမ်းမေးတယ် ။ "ဟေ့ကောင်ဟိုကားဘာဖြစ်တာလဲ"
တင်အောင်လည်း ရွာမှာဆရာကြီးဆိုတော့ ...
"အ ပါ့ကွာ ..သူလဲဒီလောက်အဝေးကြီးပြေးလာရတာ မောလို့ ပါစပ်ဟပြီးအသက်ရှုနေတာပေါ့ကွ"
ငပွေး အူကြောင်ကြောင်ဖြစ်ပြီး ရပ်ထားတဲ့ကားကိုတအံ့တသြ ကြည့်နေရှာတယ်။
တစ်နေရာလည်း ရောက်ရော သူတို့စီးလာတဲ့ကားက ထိုးရပ်သွားတယ်။
"ခရီးသည်များအားလုံး ကျွန်တော်တို့ကားအင်ဂျင်ပူသွားလို့ ခဏနားပါမယ်။ အောက်ခဏဆင်းပြီး အပေါ့အပါးသွားနိုင်ပါတယ် " ဆိုတဲ့ စပါယ်ယာ အော်သံထွက်လာတယ်။
ငပွေးနဲ့တင်အောင်လည်း အောက်ကိုဆင်းကြတာပေါ့။
အောက်လည်းရောက်ရော ငပွေးက တင်အောင်ကို မျက်စပစ်ပြပြီး နှစ်ယောက်သား မျက်စိမျက်နှာပျက် သွားကြတယ်။ ကားပေါ်ကိုခပ်ကုပ်ကုပ်လေး ပြန်တက်ထိုင်နေလိုက်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက်လည်း စကားတောင်မပြောနိုင်တော့ဘူး။
ရန်ကုန်ကားဂိတ်ရောက်တော့ သူတို့ဘကြီးက စောင့်နေနှင့်တာပေါ့။
"ငပွေးနဲ့တင်အောင် မင်းတို့ မျက်နှာလဲမကောင်းပါလား ဘာဖြစ်လာ…. "
ဘကြီးတောင် စကားမဆုံးသေးဘူး ... ဘကြီးလက်ကို နှစ်ယောက်သားဆွဲပြီး ပြေးလိုက်တာ
အ၀တ်အိတ်တွေ မနိုင်မနင်းနဲ့ ကားဂိတ်နဲ့ခပ်ဝေးဝေးလဲရောက်ရော …
"ဘကြီးရာ ပြောမနေပါနဲ့တော့...သူများကားတွေ မောလို့အသက်ရှုတာ
ပါးစပ်ဖွင့်ပြီးရှုပါတယ်... ကျွန်တော်တို့ကားကျမှ ဖင်လှန်ပြီးရှုရတယ်လို့ …
ရှက်လွန်းလို့ ကားနားတောင်မနေရဲတော့ဘူး " တဲ့ …။

သေမင်းနှုတ်ခမ်း ခရီးသွား

- အလုပ်ဖိစီးပြီး စိတ်ပင်ပန်းနေသူများ
- သမက်နှင့်မတည့်သော ယောက္ခမများ
- ယောက္ခမနှင့် မတည့်သော သမက်များ
- အိမ်ထောင်ရေး အဆင်မပြေသည့် ယောင်္ကျားနှင့် မိန်းမများ အတွက် မေတ္တာလက်ဆောင် ဝယ်ပေးသင့်သည့် “ သေမင်းနှုတ်ခမ်း ” ခရီးစဉ်များနှင့် ဝန်ဆောင်မူ့များမှာ......
၁။ ဘရိတ် မကောင်း၊ စက် မကောင်း၊ ကြမ်းခင်း မကောင်းသည့် ကားများဖြင့် သွားရမည်။
၂။ လမ်းခရီးတွင် ထမင်းကျန်၊ ဟင်းကျန်၊ ထမင်းသိုး၊ ဟင်းသိုးများဖြင့် ဧည့်ခံမည်။
၃။ လမ်းခရီးတွင် ရေငတ်ပြေစေရန် ငံပြာရည် ပုလင်းများကို လိုသလောက် ပေးမည်။
၎။ လမ်းခရီးတွင် အမူးအမော ပြေစေရန် နာမည်ကြီး “ ချေးလူးသေးလူး ကုမ္မဏီ ” မှ ထုတ်လုပ်သည့် ချေးချော့ကလက်၊ ချေးပရုတ်ဆီများ ( ကြော်ငြာသည့် အနေဖြင့် ) ကို အခမဲ့ ပေးမည်။
၅။ အေးအေးဆေးဆေး တည်းခိုလိုသူများအတွက် ရေခဲတိုက် စီစဉ်ပေးမည်။
၆။ ဇိမ်ခံလိုသူများအတွက် ကြမ်းပိုးကိုက်သည့် အိပ်ရာများ စီစဉ်ပေးပါမည်။
၇။ အဆင့်မြင့်မြင့် တည်းခိုလိုသူများအတွက် ထန်းပင်ထိတ်ဖျားတွင် ပုခက်ဆင်ပေးပါမည်။
၈။ လမ်းခရီးတွက် အပျင်းပြေစေရန်အတွက် အစအဆုံး ရန်ဖြစ်သည့် မြန်မာ ဗွီဒီယိုကားများဖြင့် ဖျော်ဖြေပေးပါမည်။
ကျွန်မတို့ သွားမည့် ခရီးစဉ်များမှာ.....
၁။ ပင်လယ်မျော့ ပေါသည့် ရေချိုးဆိပ်တွင် တစ်ညအိပ် ( ထိုမှ )
၂။ ငါးပူတင်းပေါသည့် ရေချိုးဆိပ်တွင် တစ်ညအိပ် (ထိုမှ)
၃။ ငါးမန်းပေါသည့် ရေချိုးဆိပ်တွင် တစ်ညအိပ် (ထိုမှ ခရီးသည်များ ကျန်သေးလျှင်)
၎။ တောင်တက်ခရီးစဉ် ( အင်းလေးကန်အတွင်းသို့ ကန်ချသည့်) အပန်းဖြေ ခရီးစဉ်....( ထိုမှ ခရီးသည် ကျန်သေးလျှင်)
၅။ တောင်အောက်ခရီးစဉ် ( သတိ ဘရိတ်ပိုက် ဖြုတ်ပေးမည်)
ပိုက်ဆံ မတတ်နိုင်ပါက...အလကား ခေါ်ဆောင်ပါမည်။

၉၇ ပါး ပျောက်စေကြီး

မိတ်ဆွေ........
ကျွန်ုပ်တို့ “ စိတ်ချပါ ” ဆေးဝါး ဖြန့်ဖြူးထုပ်လုပ်ရေးမှ
(၁) ယုန်ချို
(၂) လိပ်မွှေး
(၃) ပုစွန်သွေး
(၄) နှစ်တစ်ရာ ခွေးချေး
(၅) စိန်
(၆) သံပုရာ စသည့်...စသည့်....အစွမ်းထက်လှသော တိုင်းရင်းဆေးအမယ်များဖြင့် အထူးစီမံ ဖော်စပ်ထားသော (၉၆) ပါးရောဂါ အကုန်ပျောက်သည့် “ ပြည်သူ့သက်ပျောက်” အသက်ရှည် နုပျိုဆေးကြီးကို သောက်သုံးပါ။ အာမခံနှင့် ကုပါသည်။ ဥပမာ......
သင် ခေါင်းကိုက်လျှင် ကျွန်ုပ်တို့ဆေးကို သောက်ပါ။ နှာပါစေးလာလိမ့်မည်။ ထိုသို့ဖြင့် ရောဂါ တစ်ခု တိုးလာတိုင်း ဆေးကို ယုံယုံကြည်ကြည်နှင့် သောက်ပါ။ သင့်ရောဂါ (၉၆) ပါးစုံသည်နှင့် တပြိုင်နက် ပျောက်သွားပါလိမ့်မည် (အသက်)။
ဖြန့်ချီရေး....ကိုသင်းမေ
သုန်းချိုင်းကင်းရက်ကွက်
တမလွန်မြို့နယ်၊ နောက်ဘဝမြို့
အမြို့မြို့ အနယ်နယ်ရှိ သုသာန်များတွင် ဝယ်ယူရရှိ နိုင်ပါသည်။
ထုတ်လုပ်သူ....ဆေးဆရာကြီး ဦးရှောဘရားသား (ခေတ္တ...ငရဲပြည်)
......... .....
(မှတ်ချက်။ ။ လုံးဝ ပျောက်လိမ့်မည်ဟု အာမခံပါသည် (အသက်)

လက်ထပ်ပြီးစီးခြင်း

....ငွေချူမြို့၊ ခါးပိုက်နှိုက်ရပ်၊ အကြွေးထူလမ်း၊ အမှတ်(၁၅၀၀) နေ......
(ဦးငွေမက်+ ဒေါ်ချူစား)၊ ဦးငွေကြွယ်+ ဒေါ်မာယာမြူတို့၏ မြေး...
ဦးလောဘ ( နယ်လှည့်လိမ်စား ကုမ္ပဏီ ) + ဒေါ်ဓနရှင် တို့၏
ဒသမမြောက်သား......မောင် ဂျလေဘီထောင်ထွက် ( လယ်ရာလယ်စားရေး ကုမ္ပဏီ ) နှင့်
.....မစိန်မြို့၊ ပတ္တမြားမြို့နယ်၊ ကျောက်စိမ်းလမ်း၊ အမှတ် ( ၅၂၈ ) နေ......
ဦး မဟူရာ မဲနက်ကျော် (ရွှေပေါင်ကုမ္ပဏီ) + ဒေါ်နီလာဝင်းဝင့်ကြွယ် တို့၏
ဒါဇင်ကျော်မြောက် သမီးလတ်.........မကြွားဝါဝါမဲနီလာဝင်းဝင့်ကြွယ် (တီကောင်ရောင်းဝယ်ရေး ပွဲစားကုမ္ပဏီ)
တို့သည် ၀၈-၂၁-၀၈၊ ကလေးမြို့ပြင် သုသာန်ဇရပ်၌ ဂုဏ်သရေရှိ ဂျလေဘီများ၊ ထောင်ထွက်လူကြီးမင်းများ၊ ဝရမ်းပြေးများနှင့် လောင်းကစားသမားများ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လက်ထပ်ပြီးစီးကြောင်း။
( နှစ်ဖက်သော မိဘများနှင့်
မောင်ဂျလေဘီထောင်ထွက် + မကြွားဝါဝါမဲနီလာဝင်းဝင့်ကြွယ်)
........ ......

လူပျောက်ကြေငြာ

ကျွန်တော်၏ တစ်ကောင်တည်းသော သားဖြစ်သူ မောင်ဗရွတ်ရွှတ်ဖတ်သည် ရယ်စရာ မဂ္ဂဇင်း စာအုပ်ကို ဖတ်ပြီး တခွိခွိ တခွက်ခွက်၊ တဟီးဟီး ရယ်နေပါသဖြင့် ရူးပြီဟု သတ်မှတ်ကာ စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့လိုက်ပါသည်။ ယခု ထိုဆေးရုံမှ ထွက်ပြေးသွားပါသဖြင့် တွေ့ရှိပါက....အကြောင်းမကြားပါနှင့်။ တစ်အိမ်လုံး ဓာတ်ကူးသွားမည် စိုးရိမ်သောကြောင့် ဖြစ်ပါသည်။ ထိုကဲ့သို့ ကြော်ငြာသည်ကို မသိဘဲ အိမ်သို့ ခေါ်ဆောင်ကာလာပါက ခေါ်လာသူကို ဆော်ပလော်တီးလွှတ်မည် ဖြစ်ပါကြောင်း....။ သနားသောကြောင့် မိမိအိမ်တွင် တင်ကျွေးထားပါက ကျေးဇူးဆပ်ပါမည်။ လက်ဝယ်တွေ့ရှိသူကို ဂုဏ်ပြုညစာ ကျွေးမွေးကာ သူ့အား သင့်အိမ်သို့ ခေါ်သွားပါလေ....။ ( ဦးရှလွတ်ရွှတ်ဖတ်)
မှတ်ချက် ။ ။ စုံစမ်းမေးမြန်းခြင်း သည်းမခံပါ။

No comments: