WELCOME

Sunday, November 13, 2011

ဟာသများ Fwd(၃)

Hello! Thank You Visited My Blog

အမြန်အလိုရှိသည်

၁။ အရောင်းစာရေး (၅) ဦး ( က၊ခ ရေးတတ်လျှင် တော်ပြီ )....
၂။ မန်နေဂျာ တစ်ဦး ( A,b,c,d ရေးတတ်လျှင် တော်ပြီ ).....
(မှတ်ချက် )။ ။ အမျိုးသားများ (လုံးဝ) လျှောက်ထားခွင့် မပြု။
အမျိုးသမီး ဖြစ်ပါကလည်း ရုပ်ရည် ချောရမည်။
စကတ်ဝတ်လျှင် တိုနိုင်သမျှ တိုရမည်။
အကျီင်္ဝတ်လျှင် ဟိုက်နိုင်သမျှ ဟိုက်ရမည်။
(လန်ကွတ်တီကုမ္ပဏီလီမိတက်)
........ ....
( မှတ်ချက်။ ။ ဘာမှ မလိုပါ...ဘာဆိုဘာမှ မလိုပါ၊ ဘာမှ မပါလေ ကောင်းလေ ဖြစ်သောကြောင့်..ဟီး)

ထူးဆန်းထွေလာ စပ်စုလေ့လာပို့ဆောင်ရေး

၁။ ဝါးဟားဟားမြို့နှင့် ကြောက်မက်ဖွယ်ရာ ဥယျာဉ်မြို့တော် ( ၅ ) ရက် ခရီးဆက်.........ကမ္ဘာလဆန်း တစ်ရက်နေ့ စထွက်မည်။
၂။ ဟာသ သရဲပွဲတော်၊ အူကြောင်ကြောင် ပွဲတော်နှင့် ရယ်သူရွှင်မြူးပွဲတော် ( ပွဲတော် ကာလအတွင်း ပါးစပ်မပိတ်နိုင်အောင် ဟားရမည်ဟု ရဲရဲကြီး အာမခံပါသည်။ )
၃။ အလွန်အမင်း ထူးဆန်းပြီး စကားများများ မပြောရ၊ အကျယ်ကြီး အော်မရယ်ရ၊ လျှာခလုတ်မတိုက်ရ အမိန့်ထုတ်ပြန်ထားခြင်း ခံရသော “ ဒေါသအိုး ” ရွာသို့ ခရီးစဉ်.....
၎။ သေမင်းတမန်တောင်နှင့် ငမိုက်သားတို့၏ လားရာ မရဏ နယ်မြေသို့ ပျော်ရွှင်ဖွယ် ခရီးစဉ်.....
....စိတ်ဝင်စားပါက ဆက်သွယ်ရန် လိပ်စာမှာ
ထူးဆန်းထွေလာ စပ်စုလေ့လာ ခရီးသွား ပို့ဆောင်ရေးလုပ်ငန်း
တိုက်အမှတ်(၀)၊ တုသိတာနတ်ပြည်အောက်
သချိင်္ုင်းကုန်းလမ်းဆင်း။
....... ......

................................................

အဘွားကြီး။ ။ တော့..ကိုဖိုးထင်...တော်ဘာစာရွက်ကိုကြည့်နေတာလဲ။
အဘိုးကြီး။ ။ ဘာမှမဟုတ်ပါဘူးကွာ။
အဘွားကြီး။ ။ ဘာ..ဘာမှမဟုတ်ရမှာလဲ....တော်အဲဒီစာရွက်ကိုကြည့်နေတာ(၃)နာရီကျော်ပီတော့.... ကျုပ်ကိုမှန်မှန်ပြောနော်...ပြီးမှကျုပ်ကိုအဆိုးမဆိုနဲ့။
အဘိုးကြီး။ ။ မဟုတ်ပါဘူးကွာ....ငါတို့ရဲ့လက်ထပ်စာချုပ်ပါ.....စားသောက်ကုန်တွေမှာပါသလို
expire date များပါမလားလို့ရှာကြည့်နေတာ.... ။

မယုံနဲ့

“ ယောင်္ကျားတွေကို လုံးဝ မယုံနဲ့၊ သူတို့အားလုံး လူညာတွေချည်းပဲ ”
“ ဘာဖြစ်လို့လဲ ”
“ ဘာဖြစ်ရမှာလဲ၊ ချစ်လှချည်ရဲ့၊ ကြိုက်လှချည်ရဲ့လို့ ယောင်္ကျားတွေ အများကြီးက ကျွန်မကို ပြောတယ်လေ၊ ဟော....ခုတော့ တစ်ယောက်တည်းကပဲ ကျွန်မကို လက်ထပ်ခဲ့တယ် ”
...... ......
( မှတ်ချက်။ ။ ယောင်္ကျားများ၏ စကားကို ပြောတိုင်းမယုံပါနှင့် )

အချစ်ည၀တ်အင်္ကျီ

အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။ > > " ဒါ ဘာလုပ်တာလဲ" > "ယောကျာ်းအပြန်ကို စောင့်နေတာလေ" > "ဘာမှ မ၀တ်ဘဲ စောင့်နေရသလား" > "ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်" > "လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ" > "ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" > > ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။ > > တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ > > "ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက > " ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။
...... ....
( အတုမြင် အတတ်သင်တတ်တဲ့ သယ်ရင်းများအတွက်၊ အတုခိုး မမှားကြစေဖို့ )

လက်ထပ်ပြီးစီးခြင်း
..............

....ငွေချူမြို့၊ ခါးပိုက်နှိုက်ရပ်၊ အကြွေးထူလမ်း၊ အမှတ်(၁၅၀၀) နေ......
(ဦးငွေမက်+ ဒေါ်ချူစား)၊ ဦးငွေကြွယ်+ ဒေါ်မာယာမြူတို့၏ မြေး...
ဦးလောဘ ( နယ်လှည့်လိမ်စား ကုမ္ပဏီ ) + ဒေါ်ဓနရှင် တို့၏
ဒသမမြောက်သား......မောင် ဂျလေဘီထောင်ထွက် ( လယ်ရာလယ်စားရေး ကုမ္ပဏီ ) နှင့်
.....မစိန်မြို့၊ ပတ္တမြားမြို့နယ်၊ ကျောက်စိမ်းလမ်း၊ အမှတ် ( ၅၂၈ ) နေ......
ဦး မဟူရာ မဲနက်ကျော် (ရွှေပေါင်ကုမ္ပဏီ) + ဒေါ်နီလာဝင်းဝင့်ကြွယ် တို့၏
ဒါဇင်ကျော်မြောက် သမီးလတ်.........မကြွားဝါဝါမဲနီလာဝင်းဝင့်ကြွယ် (တီကောင်ရောင်းဝယ်ရေး ပွဲစားကုမ္ပဏီ)
တို့သည် ၀၈-၂၁-၀၈၊ ကလေးမြို့ပြင် သုသာန်ဇရပ်၌ ဂုဏ်သရေရှိ ဂျလေဘီများ၊ ထောင်ထွက်လူကြီးမင်းများ၊ ဝရမ်းပြေးများနှင့် လောင်းကစားသမားများ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လက်ထပ်ပြီးစီးကြောင်း။
( နှစ်ဖက်သော မိဘများနှင့်
မောင်ဂျလေဘီထောင်ထွက် + မကြွားဝါဝါမဲနီလာဝင်းဝင့်ကြွယ်)
........ ......

....................................................................................

ဆိုင် တစ်ဆိုင်မှာ ထိုင်နေရင်း ကောင်လေး တစ်ယောက်ဟာ သူ့ရဲ့ နောက်မှာ အရမ်းကို ချောမောလှပတဲ့ မိန်းကလေး တစ်ယောက်ထိုင်နေတာကို သတိပြုမိတယ်။ ဒါနဲ့ ကောင်လေးက...“မင်းနာမည် ဘယ်လိုခေါ်လဲ ” လို့ စပြီး မေးလိုက်တယ်။ ထိုအခါ မိန်းမချောက ချိုမြတဲ့ အပြုံးလေးနဲ့...“ ကျွန်မနာမည်က stacy ပါ” လို့ ဖြေလိုက်တယ်။ “ ကိုယ့်နာမည်ကတော့ Jim ပါ ”...။ အဲလိုနဲ့ ခဏကြာတော့ ကောင်မလေးက “ ရှင် ကျွန်မအိမ်ကို အလည်မလိုက်ချင်ဘူးလားဟင်၊ အခုပေါ့ ” ဆိုပြီး ပြုံးစစနဲ့ မေးလိုက်တယ်..။ ကောင်လေးခဗျာ ဝမ်းသာလုံးဆို့ပြီး လာသွားကြစို့ပေါ့...။ အဲလိုနဲ့ ကောင်မလေး အခန်းထဲ ရောက်တော့ ကောင်လေးက စားပွဲပေါ်က ယောင်္ကျားတစ်ယောက် ဓာတ်ပုံကိုတွေ့တယ်...။ အဲဒါနဲ့ “ အဲဒါ မင်း အစ်ကို ဓာတ်ပုံလား ”လို့ ကောင်ကလေးက မေးတယ်။
“ ဟင့်အင်း...ကျွန်မ အစ်ကို ပုံ မဟုတ်ပါဘူး”
“ဒါဆို ...မင်း ယောင်္ကျားပုံလား ” ကောင်လေးက မေးပြန်သည်...။
“ ဟင့်အင်း...ကျွန်မ ယောင်္ကျားပုံလည်း မဟုတ်ပါဘူး ” ဟု ဖြေသည်..။
“ ဒါဆို အဲဒါ မင်းချစ်သူပုံပဲ ဖြစ်ရမယ် ” လို့ ကောင်လေးက ပြောပြန်သည်။
“ဟင့်အင်း...အဲဒါလည်း မဟုတ်ပြန်ဘူး..ရှင်မှားပြန်ပြီ ” ဆိုပြီး ကောင်မလေးက ရီနေပြန်သည်။
ကောင်လေးက စိတ်မရှည်သော လေသံဖြင့် “ ဒါဖြင့် အဲဒါ ဘယ်သူ့ပုံလဲကွာ ” မေးပြန်သည်။
“ အဲဒါ ကျွန်မ ခွဲစိတ်မူ့ မပြုလုပ်မှီက ပုံလေ ” ဟု ဖြေသော အခါ.....
ကောင်ကလေးမှာ............အံ့အားသင့်စွာဖြင့်.....(((((((((((( ဗျာ )))))))............................။
......... ....
( မှတ်ချက်။ ။ သေချာ စူးစမ်းလေ့လာပြီးမှ ယုံကြည်ပါ)

နောက်တစ်ယောက်က ဘယ်သူလည်း
........................................

ယာင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ ချစ်ခင်မြတ်နိုးလို့ လက်ထပ်လိုက်ကြတယ်။ အဲဒီနောက် အတူတကွ ပေါင်းသင်းနေထိုင်ကြတယ်။ တစ်နေ့တော့ မိန်းမမှာ ကိုယ်ဝန်ရှိလာတာပေါ့။ ဒါနဲ့ ကလေးလေးကို မွေးမယ့်အချိန်ရောက်တော့ ယောင်္ကျားက ဆေးရုံကို ပို့ပေးတာပေါ့။ မိန်းမလက်လေးကို ကိုင်ပြီး အားပေးတာပေါ့။ ဒီလိုနဲ့ နောက်ဆုံးတော့ သူတို့ရဲ့ ကိုယ်ပွားလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပါရော...။ ဒါပေမယ့် ကလေးက အမွှာကလေး ဖြစ်နေတယ်။ ကလေး နှစ်ယောက် ဘယ်လို ဖြစ်လာတာကို နားမလည်နိုင်တဲ့ အဖေဖြစ်သူက...မိန်းမကို လှည့်ကြည့်ပြီး ဒေါသတကြီးနဲ့....“ ပြောစမ်းပါဦး॥ကလေး အဖေ နောက်တစ်ယောက်က ဘယ်သူလဲ” တဲ့။ ဘယ်သူများ ဖြစ်နိုင်မလဲ ကွယ်တို့..................း)
........ .......

ချစ်သူဘ၀နှင့် အိမ်ထောင်သည်ဘဝ
........................................

ချစ်သူဘ၀။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏
အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏
ချစ်သူဘ၀။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏
အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏
ချစ်သူဘ၀။ ။ ကလေး ဘယ်နှယောက်ယူလိုက်မည်ဟုစိတ်ကူး၏
အိမ်ထောင်သည်ဘ၀။ ။ ကလေးမယူဖြစ်ခဲ့ရင်အကောင်းသားဟု တွေး၏
ချစ်သူဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏
အိမ်ထောင်သည်ဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေးထားလို၏
ချစ်သူဘ၀။ ။ မွှန်နေသော်လည်း ကိစ္စမရှိ
အိမ်ထောင်သည်ဘ၀။ ။ ကိစ္စရှိမှ မွှန်၏
ချစ်သူဘ၀။ ။ တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောလျှင် တိုးတိုးလေးပြော၏
အိမ်ထောင်သည်ဘ၀။ ။ ဖုန်းထဲမှအော်လိုက်ရသည်ကိုပင်အားမရ
ချစ်သူဘ၀။ ။ သူ့မွေးနေ့ကို အလွတ်ရ၏
အိမ်ထောင်သည်ဘ၀။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ
ချစ်သူဘ၀။ ။ လူတောထဲတွင် လက်ချင်းချိတ်၍သွားလေ့ရှိ၏
အိမ်ထောင်သည်ဘ၀။ ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍သွားလေ့ရှိ၏
ချစ်သူဘ၀။ ။ ချစ်သူအကြောင်းသာပြော၏
အိမ်ထောင်သည်ဘ၀။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏
ချစ်သူဘ၀။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏
အိမ်ထောင်သည်ဘ၀။ ။ လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏
...... ....

လေဒီရူးလေးကို ပခုံးမှာချိတ်

လင်မယားစုံတွဲ တစ်တွဲ ရှိတယ် .... တစ်နေ့ .. ပင်လယ်ကမ်းခြေ အပန်းဖြေ ခရီးထွက်ဖို. မိန်းမရဲ. သူငယ်ချင်းတွေက လာခေါ်တယ် .. ယောက်ျားကလဲ လိုက်လို့မရတဲ့ အလုပ်ကိစ္စတွေ ရှိနေလို့ လိုက်မသွားနိုင်ဘူး ... ဒါပေမဲ့ သူ.မိန်းမကို လေဒီရူး တစ်ရံ ၀ယ်ပေးလိုက်တယ် ... ပြီးတော့ မှာလိုက်တာက .... " မိန်းမရေ .. ဒီလေဒီရူးရဲ. အပေါ်ပိုင်းကို ဘယ်သူ.မှ ထိခွင့်မပေးနဲ့" တဲ့ .... ကမ်းခြေ ရောက်ပြီးတဲ့နေ့ကစပြီး .. မိန်းမက သူ.ယောက်ျားမှာတာကို တသွေမတိန်း လိုက်နာတယ်တဲ့ ...လေဒီရူးကို ပခုံးမှာချိတ်လို့ ......။
..... .....

အဓိပ်ပါယ်က

အမျိုးသမီးများ၏အဆိုကို အောက်ပါအတိုင်း နားလည်အပ်ရာ၏။
ဟုတ်တယ်= ဟုတ်တယ်
မဟုတ်ဘူး= ဟုတ်တယ်
ဟုတ်မှာပါ= မဟုတ်ဘူး
ဟုတ်ချင်မှဟုတ်မှာပါ= ဟုတ်တယ်
လိုအပ်သလားလို့= လိုချင်တယ်
ကျွန်မအရမ်းဝမ်းနည်းတယ်= ရှင် ၀မ်းနည်းရမယ်
ကျွန်မပြောစရာရှိတယ်= ရှင် ဘုရားတပေတော့
ဆက်လုပ်၊ ဆက်လုပ်= ရှင် သိပ်မဟန်သေးဘူး
ရှင်ဘာလိုချင်သလဲ= ရှင်ဘာပေးနိုင်သလဲ
ကျွန်မ မသွားချင်ဘူး= ရှင် သွားရဲသွားကြည့်
ကျွန်မ အလေးမထားဘူး= ရှင် အလေးထားရမယ်
(အမျိုးသားတို့၏အဆိုကို အောက်ပါအတိုင်း နားလည်အပ်ရာ၏။)
ဗိုက်ဆာတယ်= ဗိုက်ဆာတယ်
အိပ်မရဘူး= အိပ်မရဘူး
မောတယ်ဗျာ= မောတယ်ဗျာ
လှလိုက်တာ= ချစ်ချင်တယ်
ချစ်တယ်= ချစ်ချင်တယ်
ပျင်းလိုက်တာ= ချစ်ချင်တယ်
ဘာလုပ်ပေးရမလဲ= ချစ်ချင်တယ်
ရုပ်ရှင်ကြည့်မလား= ချစ်ချင်တယ်
ဘာစားချင်လဲ= ချစ်ချင်တယ်
လိုချင်တာ စဉ်းစားထားနော်= ပိုက်ဆံမရှိသေးဘူး

အမလေးနော်

သူ့မိန်းမ က အဲဒီ့ အံဆွဲလေးကို အမြဲ သော့ခတ်ပြီး သော့ကိုသိမ်းထားတယ်။ သူတောင်းကြည့်လည်း ပေးမကြည့်ဘူး တရက်တော့ သူ့မိန်းမ ခရီးထွက်သွားတော့ သော့ ကိုဖျက်ဆီးပြီး ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ ဒေါ်လာ ၁သောင်း နဲ့ ကြက်ဥ ၃ လုံးကို တွေ့တယ်။ သူ့မိန်းမပြန်လာတော့ မေးတာပေါ့...... (ယောက်ျား)...“ မိန်းမ ဒီပိုက်ဆံနဲ့ ကြက်ဥ ၃ လုံးက ဘာလုပ်တာလဲ”။ (မိန်းမ)....“ ကျွန်မ တခါ ဖေါက်ပြန်တိုင်း ကြက်ဥ ၁လုံးဝယ်တယ။် (ယောက်ျား)...“ အော် ငါမင်းကိုခွင့်လွှတ်ပါတယ် ငါနဲ့ပေါင်း လာတဲ့ နှစ်တွေဒီလောက်ကြာတာတောင် မင်း၃ခါပဲ ဖေါက်ပြန်ခဲ့တာပေါ့.... ဒါနဲ့ ဒီ ဒေါ်လာ ၁ သောင်းကရော”။ (မိန်းမ)...“ ကြက်ဥ ၁ ဖာ ပြည့်တိုင်း သွားသွားရောင်းတယ်လေ”
......... ......

မမေ့ကြစေဘို့

အသက် 85 နှစ်အရွယ် အဘိုးကြီးနဲ့ အသက် 18 နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ရဲ့ မင်္ဂလာဦးညမှာပေါ့။
အဘိုးအို ။ ။ မင်း မင်္ဂလာဦးညကို ဘယ်လို ဖြတ်သန်းရသလဲ ဆိုတာ သိရဲ့လား။
ကလေးမ ။ ။ မသိပါဘူးရှင့်။
အဘိုးအို ။ ။ ဟင်၊ မင်းအမေက မပြောပြဘူးလား။
ကလေးမ။ ။ မပြောပြဘူးရှင့်။
အဘိုးအို ။ ။ ဒုတ်ခပဲကွာ။ မင်းကလဲ မသိ။ ငါကလဲ မေ့ကုန်ပြီ။
.......... .......

ဥာဏ်ကြီးရှင် ဖေဖေ

ရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေ ဖြစ်သူကို သားငယ်က မေးသည်။
“လမင်းဟာ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေတာလဲဟင်”
“လမင်း ဟုတ်လား ၊ မသိပါဘူး သားရယ်”
“ကြယ်တွေကျတော့ သေးသေးလေးနော်…. ဘာဖြစ်လို့လဲ ဖေဖေ”
“ကြယ်တွေ ဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”
“ဖေဖေ၊ ဘာဖြစ်လို့ ..”
အမေက ၀င်ပြောသည်။
“ဟဲ့သား၊ ဖေဖေ ပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေ ထုတ်မနေစမ်းနဲ့”
“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။”

အချိန်ရဲ့ပြောင်းလဲခြင်း
.......................................................................................................

တစ်ခါကချစ်သူ၂ယောက်ကန်ရေပြင်နား မှာတွေ့ဆုံနေစဉ်..ကောင်းကင်ယံမှာငှက်ကလေးတွေပျံသန်းသွားတာ ကို တွေ့လို့ကောင်မလေးကချစ်သူကိုမေး ရာ..
ကောင်းမလေး:: မောင်..အဲဒါဘာငှက်ကလေးတွေလဲ?
ကောင်းလေး::အော်အချစ်ရယ်..အဲဒါအချစ်ငှက်က လေးတွေပေါ့ကွယ်..

သူတို့၂ယောက်လက်ထက်ပြီးကလေး၂ယော က်ရတဲ့အချိန်..ကောင်းလေးကအလုပ်သွားမလို့လုပ်တုန်းကောင်
မလေးက အိမ်ခေါင်မိုးပေါ်မှငှက်ကလေးတွေပျံသွားတာကိုမြင်လို့မေးရာ. .
ကောင်မလေး::မောင်..အဲဒါဘာငှက်ကလေးတွေလဲဟင်?
ကောင်လေး::အဲဒါနင့်အမေလင်ငှက်တွေဟေ့..ဒီ မှာအလုပ်နောက်ကျနေပါတယ်ဆိုမှ..တောက်

ဖြူဖြူကျော်သိန်းနှင့် အင်တာဗျူး -၂

မေး-ဖြူဖြူကသီချင်းဆိုတာတဖက်နဲ့ ကျောင်းကတဖက်ဆိုတော့ တော်တော်ပင်ပန်းခဲ့မှာပေါ့နော်ဖြေ- အော်ဒါကတော့ ဖြူဖြူ့ရဲ့ မမကျေးဇူးလို့ပြောရင်ရတယ်လေ။ဖြူဖြူ့ရဲ့ မမက စာတော်တော့ ဆရာ ဆရာမတွေက မမကိုချစ်ကျတယ်လေ။ဖြူဖြူကတော့စာမရ တာများတယ်လေ။အဲတော့ မမကပဲဆရာတွေကို ကန်တော့ပြီးဖြူဖြူ့ကိုမအောင်အောင်လို့ကို လုပ်ပေးခဲ့တာပေါ့။ဆရာတွေကလဲ ဒီတိုင်းတော့ လုပ်မပေးဘူးလေ ဖြူဖြူနဲ့ ဖြူဖြူ့အမကို ဂတိတခုတောင်းတယ်.....ဆေးကျောင်းပြီးသွားရင်ဆေးမကုစားပါဘူးလို့လေ။ မေး-ဖြူဖြူ့ရဲ့ ပထမဦးဆုံးအခွေနဲ့ပတ်သက်ပြီး ပြောပြပါအုန်းဖြေ-ဖြူဖြူကလဲ ကြွားချင်....အဲလေ...ပြောချင်နေတာ။အဲဒီအချိန်တုန်းက အဆိုတော်တွေ ရေခမ်းလို့ ရေခပ်နေတဲ့အချိန်ပေါ့လေ။ပာိုး....ရှင်းရှင်းပြောရရင် ပြန်ဆို တေးတွေဆိုပြီး ပရိသတ်ဆီက ငွေချူ နေတဲ့ အချိန်ပေါ့။ပြီးတော့လဲ အဲဒီအချိန်တုန်းက အတွဲအခွေတွေခေတ်စားနေတဲ့အချိန်မှာ ဖြူဖြူ့အခွေကိုထုတ်တာပါ။အဲဒီ အချိန်တုန်းက အခွေထွက်တဲ့နေ့မှာပဲ ဖေဖေ က သူ့သူငယ်ချင်းတွေနဲ့ နီးစပ်ရာတွေကို ပိုက်ဆံပေးပြီး ဖြူဖြူ့အခွေတွေကိုပြန်ဝယ်ခိုင်းလိုက်တယ်လေ.....ပြီးတော့လဲစပြီးထုတ်ထဲ က နည်းနည်းလေးပဲ ထုတ်တာဆိုတော့ ခဏလေးနဲ့ကုန်ပြီး အခွေတွေကရောင်းကောင်းတဲ့ပုံစံမျိုး လုပ်ယူရတာပေါ့နော်။လူတွေကိုလဲ ဖြူဖြူအခွေကို ကောင်းတယ်ပြော အောင်လို့ ဘုရားကိုပဲ ဘယ်လောက်ကြီးယုံကြည်ပြီးကျေးဇူးတော်ကို ဘာညာဘာညာပေါ့နော်........ တော်တော်ကြီးကိုလုပ်ယူရတာပါ။ပြီးတော့လဲ ဖြူဖြူကိုယ်တိုင် ပလန်းနက်တို့၊ပုဂံနက်တို့မှာ nick မျိုးစုံနဲ့ ဖြူဖြူကျော်သိန်းက အတော်ဆုံး၊အကောင်းဆုံးတွေ လျှောက်ရေးတာပေါ့။ မေး-နာမည်ကြီးအဆိုတော်တွေရဲ့ အခွေတွေခိုးကူးခံကျရတယ်နော်....ခိုးကူးခံရတယ်ဆိုတာကလဲ နာမည်ကြီးအဆိုတော်ဖြစ်မှ ဆိုတော့ ခိုးကူးခွေတွေနဲ့ ပတ်သက်တဲ့သဘောထား လေးပြောပြပါအုန်းဖြေ-အော် ဒါက ဖြူဖြူအနေနဲ့ပြောရရင်တော့ (ဗမာစကားနဲ့ ပြောရရင်ပေါ့နော်)....၀ဋ်လည်တယ်လို့ပဲ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖြူဖြူက အတန်းစဉ်စာခိုးချ ခဲ့တယ်၊ပြီးတော့လဲ သူများသီချင်းတွေကို ကော်ပီတင်မပာုတ်ဘူး စတိုင်ကိုပါခိုးတာဆိုတော့ ဖြူဖြူကတော့ခိုးချင်ခိုးပါစေပေါ့နော်...ဖြူဖြူခိုးခဲ့တဲ့ ငရဲတွေ ချေပေး တယ် လို့ပဲမှတ်ပါတယ်။(ဒီနေရာအင်တာဗျူးပြုလုပ်သူကိုကိုမောင်အရမ်းကိုအံ့သြပါတယ်။မြန်မာပြည်မှာမွေး၊မြန်မာပြည်မှာကြီးပြင်းပြီး ဗမာစကားနဲ့ပြောရရင်လို့ ပြောလို့ပါ) မေး-ဖြူဖြူ့ကို အိုင်စီက စင်တင်ပေးတာနဲ့ပတ်သက်ပြီး ပြောပြပါအုန်း။ဖြေ-အဲဒီအချိန်တုန်းက ပေါကြောင်ကြောင်လုပ်ပြမှခေတ်စားတာဆိုတော့ အိုင်စီအနေနဲ့ ကပေါကြောင်ကြောင်လုပ်မဲ့သူလိုက်ရှာနေတဲ့အချိန်ပေါ့။ သူတို့က ဖြူဖြူကို လဲတွေ့သွားတော့ လိုက်ရှာစရာမလိုတော့ဘူး...ပာန်ကျပြီဆိုပြီးဖြူဖြူ့ကို စင်တင်ပေးကျတာပဲပေါ့။ဦးကိုကိုလွင်ကဆို စဆိုမဲ့နေ့မှာ ဖြူဖြူက အဖြူရောင်ဝတ်လာ တော့ဘာပြောလဲဆိုရင် ငါတို့လူရွေးမမှားဘူးတဲ့ အသားမဲ အရဲဆင်တဲ့ ဒီကောင်မလေးစင်ပေါ်မှာ ပေါတောတောလုပ်ပြဖို့ပဲလိုတယ်တဲ့။ အဲဒါနဲ့ ကိုချစ်စမ်းမောင် တို့ကလဲဝိုင်း ပြီးဆုတောင်းပေးကျတယ်..ပြီးတော့ ဘာမှမကြောက်နဲ့၊တက်သာတက်လိုက်၊လုပ်ချင်တာလုပ်ခဲ့၊စိတ်ထဲရှိတဲ့အတိုင်းပေါတောတောတွေလုပ်ခဲ့လို့ ၀ိုင်းမြှောက် ပေးကျတယ်။ ဖြူဖြူကလဲမြှောက်ပေးစရာတောင်မလိုပါဘူးလေ...ယောင်္ကျားလေးသာဆို တက်ပြီးတော့သေတယ်.... မေး-ပိာုတလောက ရခိုင်လေဘေးနဲ့ပတ်သက်ပြီး ဖြူဖြူ ကဗျာရွတ်လိုက်သေးတယ်နော်..ဒါနဲ့ပတ်သက်ပြီးတော့ တခုခုလောက်ပြောပါအုန်းဖြေ-ဖြူဖြူအပေါ်မှာပြောခဲ့သလိုပဲလေ...ဖြူဖြူကိုယ်တိုင်လဲကဗျာစပ်တယ်ဆိုတာ...လေဘေးဆိုရင်ဖြူဖြူကအရမ်းကိုရင်ခုန်တယ်လေ..ဘာလို့လဲဆိုတော့ ဖြူဖြူကိုယ် တိုင်ကလဲ လေဘေးထည်တွေပဲ တစိုက်မတ်မတ်အားပေးခဲ့တာကိုး.........ခစ်ခစ်ခစ်ပြီးတော့လဲ သီချင်းဆိုတာခေတ်မကောင်းတော့ရင် လိုင်းပြောင်းရတာ အဆင်ပြေအောင်လို့အခုထဲက ကြိုပြီး စာပေလောကနဲ့ ပတ်သက်အောင်လုပ်ယူထားရတာပါ..........ဖြူဖြူရဲ့ ပေါတောတောတွေကို လူတွေကရိုးသွားရင် စာပေ လိုင်းထဲပြောင်းရအောင်လွယ်အောင်လို့ အခုထဲက ကဗျာရွတ်တာတို့လုပ်ထားတာပေါ့။ မေး-ဖြူဖြူကိုယ်တိုင်စပ်ခဲ့ English ကဗျာလေးရွတ်တာဆို.......ဖြေ-ဒီကဗျာက ပာိုကဗျာထဲက နှစ်ကြောင်းလောက်၊ဒီကဗျာထဲက တကြောင်းလောက်ခိုးချတာပေါ့။ men may come and men may go ဆိုပြီးလို့တောင်ပါနေလို့ ဖြူဖြူ့အမက ဒီလောက်တော့ ခိုးမချလို့တားရသေးတယ်လေ....... ကဗျာရွတ်တယ်ဆိုတာကလဲဘာခက်တာလိုက်လို့၊ တွေ့ကရာလျှောက်ရွတ်ပေါ့...ခစ်ခစ် မြန်မာလိုရွတ်တာမှ မပာုတ်တာ...လူတွေကသိပ်ပြီးသတိမထားမိဘူးလေ....နားမလည်အောင်ရွတ်လိုက်တာပေါ့နော်...ဒါမှလဲ English ကို အရမ်းကျွမ်းပြီး ပီတဲ့ ပုံစံမျိုးဖမ်းရတာပေါ့....ခစ်ခစ်ခစ်..... မေး-ဖြူဖြူက အင်တာဗျူးတိုင်းမှာ အမြဲပြောတတ်တာက ဂရမ်မီရတဲ့ အဆိုတော်ဖြစ်ချင်တယ်လို့နော်။ဖြေ-အဲဒါနဲ့ပတ်သက်ပြီး အမြဲလိုလိုဖြူဖြူပြောပါတယ်။ဒါပေမဲ့ လဲ ဖြူဖြူ က ဂရမ်မီကို အင်္ဂလိပ်လို စာလုံးဘယ်လိုပေါင်းမှန်းတောင်မသိပါဘူး...ခစ်ခစ် စိတ်ထဲရှိတဲ့အ တိုင်းပေါတောတောလုပ်ကြည့်တာ ပါ........ စကားကြီး၊စကားကျယ်ပြောလိုက်တာပေါ့နော်......ဒါမှလဲ မသိတဲ့သူတွေက အထင်ကြီးမှာပေါ့...မပာုတ်ဘူးလား အကိုရယ်......... မေး- ဖြူဖြူရဲ့ သီချင်းတပုဒ်ကို MTV လိုမျိုးရိုက်တာ သိန်းနှစ်ဆယ်တောင်အကုန်အကျခံတယ်လို့ကြားလိုက်ရတယ်နော်ဖြေ-ဒါက အမှန်တကယ်ကုန်တာပါ။ ဒါရိုက်တာကို လဲ ရိုက်ခပေးရတယ်လေ......ဘယ်ဒါရိုက်တာကမှ မရိုက်ချင်လို့ အဲဒါပိုက်ဆံပေးပြီးရိုက်ခိုင်းရတာပေါ့။ ပရိုဂျုဆာ က ထုတ်ပေးတယ်ဆိုပြီးနာမည်ခံခိုင်းပြီးတော့ ဖြူဖြူ့ အိမ်က အကုန်ထုတ်ပေးရတာပေါ့။ဖေဖေကတော့ သူ့သမီးအောင်မြင်ရေးအတွက်ဆိုပြီး ဘာမှမပြောပေမဲ့ မျက်နှာတော့မကောင်းဘူးပေါ့။ မေမေကတော့ နှမြောလို့ (၃)ရက်လောက်ထမင်းမစားနိုင်ဘူးလေ.......ခစ်ခစ် မေး-ဖြူဖြူ က စာရေးတာရော ၀ါသနာပါလား။ ဖြူဖြူက ကဗျာတွေကို ကိုယ်တိုင်ရေးတယ်ဆိုလို့ဖြေ- အော်...အကိုရယ်....ဖြူဖြူကိုယ်တိုင်ပြောပြီးပြီပဲ။ ဂီတလောကမှာ အဆင်မပြေရင် စာပေလောကထဲဝင်လို့ရအောင် ကြိုကန်တဲ့သဘောပါလို့ဆိုနေမှမေး- ဖြူဖြူ ရုပ်ရှင်လောကထဲကို ၀င်ဖို့ အစီအစဉ်ရှိ မရှိလေးကို ပရိသတ်သိအောင်လို့ပြောပေးပါအုန်းခင်ဗျားဖြေ-အကိုရယ်.....မင်းသားတွေ၊မင်းသမီးတွေက ဘယ်သူပဲဖြစ်ဖြစ် အသံကောင်းကောင်း မကောင်းကောင်း သီချင်းပာစ်ဖို့ တော့ အထူးအထွေ စည်းရုံးစရာမလိုဘူး လေ။ခက်တာက ဖြူဖြူက ရုပ်ရှင် ၀င်ရိုက်လို့မရဘူးလေ။ရုပ်အခံကညံ့တာကိုး.........မေး-ဧပြီဖူးလ်နေ့က ဖြူဖြူမွေးနေ့နော်ဖြေ- ပာုတ်ကဲ့မေး- ဧပြီကောင်မလေးရဲ့ မွေးနေ့အစီအစဉ်ကိုပြောပြပါအုန်းနော်ဖြေ-ခစ် ခစ် ခစ် အကိုကတော့လုပ်ပြီ။ အဲဒီနေ့ကျရင် ဖြူဖြူရဲ့ တကိုယ်တော်ရှိုးကို ကန်တော်ကြီးမှာလုပ်မယ်လေ....one lady show ပေါ့။မေး- ၀င်ကြေးကိုရော ဘယ်လိုသတ်မှတ်ပြီး လက်မှတ်ဘယ်လိုရောင်းမလဲ အဲဒါလေးပြောပါအုန်းဖြေ- အကိုကလဲ .........အဲဒီနေ့လိုပွဲမျိုးကို ဖြူဖြူက ပိုက်ဆံတောင်းပြီးရှိုးလုပ်လိုက်ရင် ဘယ်သူ့မှလာကြည့်မှာမပာုတ်ဘူးလေ....ဒါကြောင့် ဖြူဖြူ က ၀င်ကြေး အလကားဆိုပြီး လုပ်လိုက်တာပေါ့။ဒါမှလဲ လူလာမှာပေါ့။ နို့မို့ဆိုရင် တယောက်မှမလာရင် ဖြူဖြူ အရှက်ကွဲမှာပေါ့........အကိုသိတဲ့အတိုင်း စင်ကာပူ ပွဲတုန်းက ၀င်ကြေးနဲ့ ဆိုတုန်းက သုံးလေးယောက်ပဲလာတာလေ......ဒါကြောင့်လူကြားကောင်းအောင်လို့ free show ဆိုပြီးလုပ်လိုက်တာပေါ့။ ပြီးတော့လဲကန်တော်ကြီးမှာ လက်ဝှေ့ပွဲတွေလဲ လုပ်တတ်တော့ မသိတဲ့ သူတွေက လက်ဝှေ့ပွဲနဲ့ မှားပြီးလာနိုင်တယ်လေ......ဒါကြောင့်ကန်တော်ကြီးကိုရွေးလိုက်တာပါ........မေး-Madalay ကပရိသတ်တွေက ဖြူဖြူ့ရှိုးက လက်မှတ်ဖိုးဈေးကြီးလို့ ကျူံးဘေးမှာ အပြင်က နားထောင်ခဲ့ရတယ်လို့ ဖြူဖြူပြောဘူးတယ်နော်....ဖြေ-ဒါကတော့အကိုရယ်....ဘယ်သူကမှသက်သေပြလို့ပြောတာမှ မပာုတ်တာ....အဲဒီတော့ ကိုယ်ဖြစ်ချင်တာတွေကို လျှောက်ပြောတာပေါ့နော်...ဘယ်သူသိတာ လိုက်လို့ ခစ် ခစ် ခစ်မေး-ဖြူဖြူ ကို ရှိုး ပါဖောမင့် ကောင်းတယ်ဆိုပြီး တော်တော်များများက ပြောကျတယ်နော်ဖြေ-အကိုရေ......လူတွေက အခုချိန်မှာ စီးပွားရေးကမကောင်း၊ကုန်ဈေးနှုန်းကြီး၊ မီးကမလာ ဆိုတော့ စိတ်တွေက အလိုလိုနေရင်းကို ရှုပ်နေကျတာပေါ့နော်........ဒါပေမဲ့ ဖြူဖြူက ပေါတောတောလဲ လုပ်ရော ဒါတွေကိုကြည့်ပြီးလူတွေက ရီကျတယ်လေ...ဒါကြောင့်ပါ။ မေး-သင်္ကြန်မှာ သီချင်းဆိုဖို့အစီအစဉ်ရှိလားဖြေ-ဖြူဖြူ့ကို အားလုံးကခေါ်ကျတယ်လေ........အိုင်စီကလဲခေါ်တယ်၊လေးဇီးကလပ်ကလဲခေါ်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေမလာရင် သံလေးသံကြောင် နဲ့ ဖြူ ဖြူ က သီချင်းစ ဆိုပေါ့လေ...။ စနေပြီ ဆိုတဲ့ သဘောမျိုးပေါ့......လူတွေလဲများလာရော ဖြူဖြူဆင်းပေါ့နော်....မျိုးကြီးတို့ဆိုဖို့အလှည့်ပေါ့။ လူတွေကများလာလို့ ပွဲဆူနေပြီဆိုရင် ပွဲကို ငြိမ်အောင်လုပ်ရပြီဆိုရင် ပရိသတ်တွေ စိတ်ညစ်ပြီြး ပန်သွားအောင်လို့ ဖြူဖြူကပြန်တက်ပေါ့...။ ဒါမှလဲလူတွေက စိတ်ညစ်ပြီး ပြန်မှာလေ.....။ ဒီလိုမျိုးလုပ်ပေးဖို့အားလုံးကခေါ်နေကျတယ်လေ....။ မေး-ဖြူဖြူရဲ့ နောက်ထွက်မဲ့ စီးရီးနာမည်လေး ပြောပြရင်းနဲ့ ကျွှန်တော်တို့ရဲ့ အင်တာဗျူးလေး အဆုံးသတ် လိုက်ရအောင်နော်...........။ ဖြေ-ခစ်ခစ် ဖြူဖြူကလဲ အရမ်းကိုပြောချင်နေတာ....။ အဲဒီမှာ ဖြူဖြူကိုယ်တိုင်ရေးထားတဲ့ သီချင်းနှစ်ပုဒ်ပါတယ်လေ......ကြွားချက်ကတော့ ကမ်းကုန်ပဲ နဲ့ ကြွားမ၀ ပေါ့ ..........။ ဖြူဖြူရဲ့ ရင်ထဲကကြွားလုံးတွေအကြောင်းထည့်ရေးထားတာလေ........။ ဂရမ်မီိလိုချင်တယ်ဆိုတာလဲပါတယ်.......။ အများကြီးပါပဲ...အဲ စီးရီးနာမည်က တော့ တေးဘူတိန် တဲ့ပြီးပါပြီ။
ခင်မင်စွာဖြင့်ကိုကိုမောင်
......... ........... အဟိ ချစ်လွန်လွန်းလို့.....

ဖြူဖြူကျော်သိန်းနှင့်အင်တာဗျူး -၁

အင်တာဗျူးစူးရှအက်ကွဲပြီး မျောက်မင်းအူသံ နဲ့ သီချင်းဆို၊ အ၀တ်အစားဒီဇိုင်း ပေါကြောင်ကြောင် နဲ့ မြန်မာပြည်က အမျိုးသမီး အဆိုတော် ဘယ်သူလဲ လို့ မေးရင် အားလုံးက တညီတညွတ်တည်း ဖြူ ဖြူကျော်သိန်းလို့ပြောကျမှာဖြစ်ပါတယ်။ဒီလိုမျိုး ပေါကြောင်ကြောင် မိန်းကလေး တယောက်ရဲ့ ရင်ထဲမှာ ဘာတွေရှိတယ်ဆိုကို ပရိသတ်တွေ ကိုသိစေ ချင်တဲ့ အတွက် ကျွှန်တော် ကိုကိုမောင် တော်တော်ဆိုး ကိုယ်တိုင်ပဲ သွားရောက်တွေ့ဆုံပြီးအင်တာဗျူးဖြစ်ခဲ့ပါတယ်။ မေး-ဖြူဖြူကျော်သိန်းဆိုတာနာမည်အရင်းပဲလား။ ဖြေ-ပာုတ်ပါတယ်။ဒို့ကမွေးတုန်းကအသားအရမ်းမဲတယ်လေ....ပြီးတော့လဲဒို့မိဘတွေကအသားအရမ်းမဲနေတဲ့ဒို့ကိုဖြူတာလေးပါသွား အောင် လို့ ဖြူဖြူကျော်သိန်း လို့ မှည့်ခဲ့တာပေါ့...(ခစ်) မေး-အခုကျောင်းပြီးသွားပြီဆိုတော့ ဆရာဝန်အလုပ်ကိုဆက်လုပ်မလုပ်....... ဖြေ- အင်းဒါကတော့ ဘယ်လိုပြောရမလဲ...ဒို့ကဆရာဝန်ဖြစ်တယ်ဆိုပေမဲ့ စာကကောင်းကောင်းမတတ်ဘူးလေ ဆရာဝန်ဖြစ်လို့ဆေးကုလဲ ဘယ်လိုပြော မလဲနော်.... (ပီား)တော်ကြာဒေါက်တာ (အလောင်းစည်သူ) ဖြူဖြူကျော်သိန်းဖြစ်သွားမှာပေါ့..... မေး-အနုပညာကိုဝါသနာပါလာရတဲ့အကြောင်းရင်းခံလေးများပြောပြပါလား။ ဖြေ- အော်...ဒါလား....ဖြူဖြူကလေအနုပညာနဲ့ပတ်သက်ပြီးတော့ ၀ါသနာပါတယ်လို့တော့ မပာုတ်ဘူး ပေါ့နော်...ဒါပေမဲ့လဲ လူတွေက ပေါတောတောလုပ်ပြရင်ကြိုက်ကျတယ်မပာုတ်လား။ဒါကြောင့်ဖြူဖြူက ပေါတောတော တွေလုပ်ပြရတာပေါ့။ ပြီးတော့ အပေါ်မှာပြောခဲ့သလိုပဲ စာကလဲ ကောင်းကောင်းမရတာလဲ ပါတာပေါ့နော်။ အခုချိန်မှာ လုပ်စားလို့ ကောင်းတဲ့ ပေါတောတောတွေပဲလုပ်တာ ဆေးကုတာထက်ပိုပြီး income ကကောင်းမယ်လို့ ထင်မိလို့သီချင်းဆိုကြည့်တာပါ။ မေး-အနုပညာကိုငယ်ငယ်ထဲက ဘယ်လိုမျိုးစိတ်ဝင်စားတယ် ဆိုတာလေးများ ရှိရင် ပြောပြပါလား။ ဖြေ- အော်…ဒါကတော့လေ..ဖြူဖြူက ငယ်ငယ်က သရဲ အရမ်းကြောက်တော့ အိမ်သာတက်ရင်ပဲဖြစ်ဖြစ်၊ ရေချိုးရင်ပဲ ဖြစ်ဖြစ် သီချင်းတွေကို အကျယ်ကြီးအော်ဆိုတာပေါ့….ဘယ်လောက်များသရဲကြောက်တတ်လဲ ဆိုရင် ဖြူဖြူတခါမှ မှန်မကြည့်ဘူးလေ။ အခုကျတော့ အဲဒီတုန်းက သရဲကြောက်လို့ဆိုတာကို ၀ါသနာပါတယ်ဆိုပြီး ဆွဲထည့်တာပေါ့ နော်။ မေး-အခုကျောင်းပြီးပြီဆိုတော့ ပောာက်ဆာဂျင်လုပ်မလုပ်လေးပြောပါအုန်းနော်... ဖြေ- အော်...ဒါလား။ဖြူဖြူကိုဆို ကလေးမိဘတွေက အရမ်းအားကိုးတယ်...အခုခေတ်ကလဲ ကလေးတွေက အရင်လိုဒေဝေါနဲ့ ခြောက်ရင်မကြောက်တော့ဘူးလေ။ အဲတော့ကလေး တွေငြိမ်အောင်လို့ ဆိုပြီးတော့ ပိာုအသားမဲမဲနဲ့ဆရာဝန်မကြီး ကိုခေါ်ပြီးဆေးထိုး ခိုင်းလိုက်မယ်လို့ပြောရင် ကလေးတွေက ကြောက်ကျတယ်လေ.. မေး-ဒါဆိုဖြူဖြူကပေါတောတောလုပ်နေရတယ်ဆိုတာလုပ်ငန်းသဘောပေါ့နော်။ ဖြေ- ဒါတော့မပာုတ်ဘူး။ဖြူဖြူကနဂိုထဲက ပေါတောတော၊ရူးကြောင်ကြောင်လုပ်ပြီး လူတွေစိတ်ဝင်စားအောင်လုပ်တာ ငယ်ငယ်ထဲကပါ... မေး-ဖြူဖြူက ပွဲကျရင် ၀တ်စားတာနဲ့ ပတ်သက်ပြီးတော့ သီချင်းမဆိုခင်လူမမြင်အောင်နေတယ်နော်…အဲဒါနဲ့ ပတ်သက်ပြီးတော့ တခု ခု လောက်များ ရှင်းပြပါလား။ ဖြေ- ခစ်ခစ်ခစ်…ဖြူဖြူကလေ ၀တ်လို့ရှိရင်ပုံပုံစတိုးကမှ ၀တ်တာ။ ဈေးလဲသက်သာတယ်လေ..ဖြူဖြူကိုယ်တိုင်ပဲ ဖရေဇာမှာရှိတဲ့ ပုံပုံစတိုး မှာ ရွေးယူတာပေါ့။ လူတွေကတော့ ဖြူဖြူကို အပြင်မှာမြင်ရင်မမှတ်မိကျဘူးလေ။ ဒါပေမဲ့တော်တော်များများက ပုံပုံအထည်ဆိုရင် သိတာများလို့ ဖြူဖြူက ထမင်တကာ ပိုက်ဆံပေးပြီးကြည့်ရတဲ့ ပရိသတ်အတွက်ပဲ လို့ ပာန်လုပ်ပြီးပြောရတာပါ။ မဆိုခင်လူတွေတွေ့သွားရင် ဖြူဖြူကို ပုံပုံအထည်တွေ ၀တ်ထား တယ်ဆိုတာ သိကုန်ကျမှာပေါ့။ စင်ပေါ်ရောက်တော့ မီးရောင်နဲ့ ဆိုတော့ ပုံပုံအထည်မှန်း သိပ်မသိတော့ဘူးလေ။ မေး-ဖြူဖြူကဘာသာရေးနဲ့ပတ်သက်ပြီးတော်တော်ကိုင်းရှိုင်းတယ်နော်။ ပထမဆုံးစီးရီး အင်တာဗျူးတုန်းက ဘုရားသခင်ပေးသနားတဲ့ အသံလို့ပြောဘူးတယ်နော် ဖြေ- အော်....ဒါကလဲအဲဒီတုန်းကဒီလိုမျိုးပေါတောတောစလုပ်ရမှာဆိုတော့ မအောင်မြင်ရင်ရှက်စရာကြီးလေ...ဒါကြောင့် ကိုယ့်အပြစ်မဖြစ် အောင်လို့ဘုရားသခင်ကိုဆွဲထည့်လိုက်တာပါ။ခစ်...ခစ်...အောင်မြင်ရင်တော့ကိုယ်တော်လို့ပေါ့နော် မေး-အခုလက်ရှိမှာရောအောင်မြင်ပြီလို့ပြောလို့ရပြီလား။ ဖြေ- ဒါကတော့ဘယ်လိုပြောမလဲနော်...လူဆိုတာကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့...ပေါတောတောလုပ်ပြတာကြိုက်တဲ့သူတွေကတော့ ဖြူဖြူကိုအရမ်းအားပေးတာပေါ့။ တချို့ကျတော့လဲ ဖြူဖြူကို ပေါတာမ ပေါ့လေ... ဖြူဖြူကတော့ ကိုယ့်ကိုပေါတာမလို့ ခေါ်တာကိုလုံးဝစိတ်မဆိုးပါဘူး။မှန်တာကိုခေါ်တာပဲနော်စိတ်ဆိုးစရာလား...ခစ်ခစ်ခစ်ခစ် မေး-ဖြူဖြူကသီချင်းဆိုတဲ့အခါမှာပာန်ပန်အပြည့်နဲ့ဆိုတယ်နော်....အဲဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက် ရှင်းပြ ပါအုန်း။ ဖြေ- ဒါကတော့ပြောရမယ်ဆိုရင်အရှည်ကြီးပဲ..ကြုံကြိုက်လို့ပြောရမယ်ဆိုရင်တော့...ဖြူဖြူရဲ့အကြောင်းကိုသိတဲ့သူတွေက ကြီး(၃)ကြီးမဲပလေ လို့ခေါ်တယ်လေ...ပထမကြီးတကြီးက သောက်စားကြီးတာပါ၊ ဒုတိယကြီးကတော့ သောက်ပြောကြီးတာပါ၊နောက်ဆုံးကြီးကတော့ သောက်ပျင်းကြီးတာပါ။ဥပမာပြောရရင် ဖြူဖြူ့ အရင်တုန်းက အေးချမ်းမေရဲ့သီချင်းကို ယုဇန က ဆိုတုန်းက လူတွေက မကြိုက်ကျဘူးလေ.. City FM နှစ်ပတ်လည်မှာ ဖြူဖြူအလှည့်လဲကျရော ဖြူဖြူကအားလုံးထက်သာအောင်ဆိုမယ်ပေါ့နော်... အရည်အချင်းကနဲတော့ ပာာမိုနီလိုက်မဲ့သူတွေကို အများကြီးခေါ်၊ပြီးတော့ သီချင်းဆိုတာကို လူတွေသိပ်ပြီးသတိမထားမိအောင်လို့ ဖြူဖြူထက် ရုပ်ချောတဲ့မော်ဒယ်လ်ကို သုံး။ဒီလိုမျိုးကြံဖန်ရ တာပေါ့နော်။ပြီးတော့လဲအဲဒီနေ့ကဖြူဖြူက ပဲကြီးပာင်းတွေ စားထား တယ်လေ.... ၀တ်ထားတာကလဲအဖြူရောင်ဆိုတော့ တော်တော်နေရခက်တာပေါ့နော်......သီချင်းကိုဆိုနေရင်း နဲ့ ဖြူဖြူက အရမ်းဗိုက်နာလာတယ်လေ...ဒါကြောင့်မျက်နှာကြီးကို ရှူံမဲ့ထားတာပေါ့။ နောက်ပြီး ဗိုက်က အရမ်းနာနေတော့ သီချင်းဆိုနေရင်းထွက်ကျမှာစိုးလို့ စင်ပေါ်မှာ ပိာုလျှောက်လိုက်၊ဒီလျှောက်လိုက်နဲ့ လုပ်နေတာပေါ့... ခစ်ခစ်ခစ်.. တခုကံကောင်းတာက လူတွေက ဖြူဖြူဗိုက်နာ နေတာကိုမသိဘူးလေ... ဖြူဖြူခံစားချက်အပြည့်နဲ့ ဆိုနေတယ်ပဲ ထင်နေကျတာလေ....သီချင်းလဲဆိုပြီးတော့ဖြူဖြူလဲ တန်းပြီးအိမ်သာကိုပြေးရတာပဲ။စဉ်းစားကြည့်ပေါ့နော်….ဖြူဖြူကို ပရိသတ် က တကယ် လက်ခံပြီ ဆိုရင် ဆုတွေပေးတဲ့အထဲ မှာ ဖြူဖြူပါရမှာပေါ့။ အခုသူများတွေပဲရတယ်ဆိုတော့ ဖြူဖြူကို လူတွေက သိပ်ပြီးလက်မခံ သေးတဲ့ သဘောရောက်တာပေါ့။ မေး-ဖြူဖြူစင်္ကာပူမှာ သီချင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာလေးတွေရှိရင် တခုလောက်…. ဖြေ- ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ပာမ်ဘာဂါတလုံးကို (၃၅)ဒေါ်လာပေးရတယ်ဆိုတာက ဆင်လောက်ကြီးတဲ့ ပာမ်ဘာဂါကိုပြောတာ ဖြူဖြူတို့ စားတဲ့ ဘာဂါက (၃၅) ဒေါ်လာဆိုတာ လူ (၁၀)ယောက်စာကိုပြောတာလေ။ ဒါပေမဲ့ အင်တာဗျူးတခုမှာ ခပ်တည်တည်နဲ့ ဖြီးတာပေါ့ ။ဘယ်ရမလဲ။ ပြီးတော့လဲ ပရိုဂျူဆာတွေက လာကြည့်တယ်ဆိုတာကလဲ သူတို့ဖာသာ စင်ကာပူ ဂေးလန်းကို လာတာလေ.. လမ်းကြုံလို့ဝင်ကြည့် သွားတဲ့သဘောပါ။ သူတို့အိမ်တွေကိုလဲ အကြောင်းပြလို့ကောင်းသွားတာပေါ့နော်။ မေး-ဖြူဖြူကပြောတော့ စင်္ကာပူမှာသီချင်းဆိုတုန်းက ခေါင်းကိုမော့ပြီးဆိုတယ်လို့ပြောတယ်နော်။ ဖြေ- အော်…ဒါလား။ဖြူဖြူရဲ့ အရပ်က ခွေးပစ်တဲ့တုတ်သာသာလေးပဲ ရှိတာဆိုတော့ အရပ်ကို မရှည်ရှည်အောင်လို့ မော့ထားရတာပါ။ ဒါပေမဲ့ အင်တာဗျူးမှာကျတော့ လူတွေအထင်ကြီးအောင်လို့ ခပ်တည်တည်နဲ့ ဖြီးဖြန်းတာပေါ့။ မေး-စင်ကာပူမှာ လာပြီးအားပေးတဲ့ မြန်မာတွေရော များလား။ ဖြေ- ခစ် ခစ် ခစ် လူဆိုတာမျိုးက လမ်းဘေးက မျောက်ပွဲတောင်အုံကြည့်ကျသေးတာပဲ… လာကြည့်ကျတာပေါ့။ အများကြီးတော့ မပာုတ်ပါဘူး။ (၃) (၄) ယောက်ပေါ့နော်။ ပြီးတော့ သူတို့တွေပွဲလဲပြီးရော ငိုကျတယ်။ လာကြည့်ရတဲ့ ပိုက်ဆံကို မုန့်စားတာမှ ပိုပြီး အကျိုးရှိနိုင်တယ်ဆိုပြီးတော့ပေါ့.........မေး-ဖြူဖြူအင်တာဗျူး မှာ ဘုရားသခင် ကို ကောင်းကောင်းကြီး ခုတုံးလုပ်ခဲ့တယ်ဆိုတာကို ဖြူဖြူပြောခဲ့ပြီးပြီနော်။ ကျွှန်တော်နောက်တခုသိချင်တာက ငယ်ငယ် က ဘာသာရေးနဲ့ပတ်သက်ပြီး လုပ်ခဲ့တာလေးတွေ၊ မှတ်မှတ်ရရ ရှိခဲ့တာလေးတွေကိုပြောပြပါအုန်း။ဖြေ-ခစ်ခစ်ခစ် ငယ်ငယ်တုန်းကတော့ ဖြူဖြူက sunday school ကို တက်ရတယ်။ အဲဒီမှာ ဘုရားသီချင်းတွေဆိုရတာပေါ့နော်.....အဲဒီလိုဆိုရပြီးဆိုဖြူဖြူကို ဘယ်တော့မှ မဆိုခိုင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြားသူတွေ ဘုရားသီချင်းကို မုန်းသွားမှာစိုးလို့ပေါ့ (ခစ်ခစ်ခစ်) ပြီးတော့ ဘုရားကျောင်းကို တက်တယ် ဆိုတာကလဲ ယုံကြည် လွန်းလို့တော့ မပာုတ်ပါဘူး။ ကံကောင်းထောက်မစွာနဲ့ ရည်းစားလေး ဘာလေး ရမလားလို့တက်နေရတာ... မေး-ဒါဆို ဖြူဖြူ့ရဲ့ အချစ်အကြောင်းလေး တီးတိုးလေးများရှိခဲ့ရင်တခုလောက်ပြောပြပါအုန်း။ဖြေ- ဖြူဖြူ က ကိုယ်တိုင်သာ အသားမဲတာ ဒါပေမဲ့ ရည်းစားကျတော့ အသားဖြူတဲ့လူကို ပိုပြီးစိတ်ဝင်စားတယ်လေ။ အခုချိန်ထိတော့ ဖြူ့ ကို ကြိုက်တဲ့လူတယောက် မှမရှိသေးဘူး။ ကျောင်းတက်တုန်းကဆို ဖြူဖြူက လိုက်ကြိုက်တာတောင် ကောင်လေးတွေက ထွက်ပြေးကျတယ်လေ....ဒါကြောင့် ဖြူဖြူရဲ့ အရင်းနှီးဆုံး သူငယ် ချင်းတွေက ဆို ဖြူဖြူကို ရွယ်ခူးလို့ခေါ်တယ်လေ..... (ကိုယ်ရည်ရွယ်လိုက်ရင် သူများကခူးသွားလို့ပေါ့) ခစ်ခစ်ခစ် မေး-ဒါဆိုဆေးကျောင်းတက်တော့ မှ ချစ်သူရတယ်လို့ပဲပြောရတော့မှာပေါ့ဖြေ-ဆေးကျောင်းကလူတွေကပိုဆိုးတယ်...စာပဲစိတ်ဝင်စားကျတာ..ဖြူဖြူကို ဂရုတောင်မစိုက်ကျဘူး။ တခါတလေတော့ သန့်ရှင်းရေးကုလားမနဲ့တော့ တချို့က မှားဘူးကျတယ်လေ......ကြိုက်မဲ့သူလုံးဝကိုမရှိခဲ့တာပါ....မေး-ဖြူဖြူကိုအဆိုတော်မဖြစ်ခင်ဆေးကျောင်းက အမှတ်တရလေး တခုလောက်ဖြေ-ဖြူဖြူကဆယ်တန်းနဲ့ ဆေးကျောင်းမပြီးခင် ........အင်းဘာလို့ပြောရမလဲ အဆိုတော်မဖြစ်ခင်က နည်းနည်းဝတယ်လေ..အဲဒါကြောင့် တချို့က နဂိုကလဲမဲတော့ ဖြူဖြူကို ဆေးဘဲဥ လို့တော့ ချစ်စနိုးခေါ်ကျတယ်။မေး-ဖြူဖြူ အားတဲ့အချိန်ကျရင်ဘာတွေလုပ်တယ်ဆိုတာလေး တခုလောက။်ဖြေ-အော်ဒါလား...ပြောပြီးသားပဲလေ...ဖြူဖြူက သောက်ပျင်းကြီးတော့ စားပြီးရင်အိပ်နေတာပေါ့လို့ ...........ခစ်ခစ်ခစ် ဒါပေမဲ့ တခါကတော့ ဖြူဖြူမအိပ်ပဲ ကဗျာတပုဒ်ရေးဘူးတယ်။ ပာင်းပာင်းပာင်း( အောက်ကလိသံဖြင့်ရီသည်) ဖြူဖြူ့ ကဗျာကို လူတိုင်းက ကောင်းလွန်းလို့တဲ့ ....ကဗျာနဲ့ပတ်သက်ပြီး ကျွမ်းကျင်တယ်လို့တော့မပာုတ်ပါဘူး။ဒါပေမဲ့ ကျော်ကြားချင်တော့လဲ စိတ်ကူးတည့်ရာလျှောက်လုပ်တာပေါ့နော်.......
ရင်မှာမီးတောက်
ဖင်မှာချီးခြောက်
အဲဒါမင်းကြောင့်
အဲဒါ ဖြူဖြူ စပ်ထားတဲ့ ကဗျာလေ...ခစ်ခစ်ခစ်....

အနံ့ခံကောင်းသူ
.......................................................................................................

တစ်နေ့သ၌ ကျွန်ုပ်မှာ ရုံးအားရက်ဖြစ်သဖြင့် ရုပ်ရှင်သွားကြည့်ရန် အလို့ငှာ စံပြရုပ်ရှင်ရုံသို့ သွားရောက်ခဲ့ပါသည်။ ရုပ်ရှင်ကားမှာ “သေသောသူသည် သုသာန်သို့ သွားသည်” ဆိုသော ကားဖြစ်သည်။ ကျော်ဟိန်းကလည်း သရုပ်ဆောင်ကောင်းသည်။ ဝေဠုကျော်ကလည်း သရုပ်ဆောင်ကောင်းသည်။ ဇာတ်လမ်းကလည်း ကောင်းနေသဖြင့် ပြီးဆုံးသည်အထိ ကြည့်ဖြစ်ခဲ့သည်။ ရုပ်ရှင်ပြီးတော့ ကျွန်တော့်မှာ ဇာတ်လမ်းကို တွေးနေသဖြင့် အပေါ့သွားရန်ကိုပင် မေ့လျော့နေခဲ့သည်။ စံပြမှတ်တိုင်တွင် ကားစောင့်ရင်း လက်ဖက်ရည်ဆိုင် ဝင်ထိုင်ခဲ့လေသည်။ ပုလဲကားမှာ တော်တော်နှင့် ပေါ်မလာ၍ ရေနွေးတစ်အိုးပြီး တစ်အိုး သောက်နေမိသည်။ ရေသောက်တာများ၍ အပေါ့သွားချင်စိတ် ဖြစ်ပေါ်လာကာ လက်ဖက်ရည်ဖိုး ရှင်းပေးပြီး သန့်စင်ခန်းသို့သွားရန် ထွက်လာခဲ့သည်။
လက်ဖက်ရည်ဆိုင်က အထွက် (ပုလဲ-ဆူးလေ) ကားကို တွေ့လိုက်မိ၍ စဉ်းစား မနေတော့ဘဲ ကားပေါ်သို့ တက်လာခဲ့သည်။ နေ့ခင်းဘက်ဖြစ်၍ ကားမှာ အနည်းငယ် ချောင်နေသည်။ မြေနီကုန်းမှတ်တိုင်သို့ ရောက်သော် ကံကောင်းထောက်မစွာ နေရာရခဲ့သည်။ ရုပ်ရှင်ရုံတွင် မသွားဖြစ်သော ကိစ္စသည် အခုမှ အရေးတကြီး ပေါ်လာတော့သည်။ အခုမှ ဒုက္ခရောက်ပြီ။ ရေနွေးတွေ ဖိသောက်ထား၍ ဆီးက အရမ်းသွားချင်နေသည်။ ထိန်းမရ။ ဆီးကျင်လွန်း၍ ကျွန်တော့်မှာ ပေါင်နှလုံးကို စေ့ထားရသည်။ မှတ်တိုင်တစ်ခုတွင် ဆင်းသွားရန် စိတ်ကူးသော်လည်း လွယ်မည် မဟုတ်။ မည်သည့်နေရာတွင် သွားမည်နည်း။ ပုလဲကားကလည်း ရခဲသည်။ ထိုစဉ် မှတ်တိုင်တစ်ခုမှ ကလေးငယ်ကို ချီ၍တက်လာသော အမျိုးသမီးသည် ကျွန်တော့်ဘေးတွင် လာရပ်သည်။ အမျိုးသမီးသည် အသက် (၃၀) ဝန်းကျင်လောက်ရှိမည်။ ကလေးမှာ (၆) လ၊ (၇) လ လောက်သာ ရှိဦးမည်။ ပထမတော့ ကျွန်တော်လည်း နေရာဖယ်ပေးမည်ဟု စဉ်းစားကာ နောက်မှ အကြံရသွားသဖြင့် ဆက်ထိုင်နေလိုက်ပြီး ...“ကလေး ကျွန်တော့်ကို ပေးလေ၊ ကျွန်တော် ချီထားမယ်” ဟုပြောလိုက်သည်။
အမျိုးသမီးက ကျေးဇူးတင်ဟန်ဖြင့် ကလေးကို ပေးသည်။ တော်သေးသည်။ ကလေးမှာ မငိုဘဲ ကျွန်တော့်ဆီ ပါလာသည်။ ကျွန်တော်လည်း ကလေးကို ပေါင်ပေါ်တင်ကာ ဘေးဘီကို အကဲခတ်၍ မိမိကိစ္စ ရှင်းရတော့သည်။ ကျွန်တော့ အကြံက ဒီလို။ ကလေးကို ပေါင်ပေါ်တင်ထားမည်။ ပြီးလျှင် မိမိကိစ္စ ဖောမည်။ နောက် ကလေးကို လွှဲချမည်။ ကျွန်တော့်အကြံ မပိုင်လော။ ကျွန်တော်လည်း ထိုအကြံအစဉ်အတိုင်း အကောင်အထည်ဖော်နေရာ အရေးထဲ ဆီးကြောက ရှည်နေသည်။ တော်တော်နှင့် မပြီး။ ထိုစဉ် “ ကဲ သားလေးလာ၊ မေမေတို့ ဆင်းတော့မယ်” အမျိုးသမီးက ပြောသည်။ “အယ်...ခဏနေပါဦး။ မပြီးသေးဘူး” ကျွန်တော်လည်း ယောင်ပြီး ပြောမိသည်။ ကလေးမိခင်မှာ ကလေးကို ဆွဲခေါ်ရာ ကျွန်တော်က မလွှတ်သဖြင့် မျက်လုံးပြူးသွားပြီး....... “ဘာမပြီးသေးတာလဲ၊ ကျွန်မတို့ ဆင်းရတော့မယ်”။ ထိုအခါမှ ကျွန်တော်လည်း “ သြော် ဘာမှ မဟုတ်ပါဘူး။ ကားရပ်မှ ဆင်းပါလို့ ပြောတာပါ။ တော်ကြာ ကလေးနဲ့ ချော်လဲနေမှာ စိုးလို့ပါ”။ သို့နှင့် တဆက်တည်း ဆက်ပြီး “ ဟာ ဒုက္ခပဲဗျာ....အစ်မ ကလေးက ရူးတွေ ပေါက်ချလိုက်ပြီ။ ကျွန်တော့်ကိုတော့ အချစ်စမ်းလိုက်ပြီဗျို့” ဟု ခပ်တည်တည်နှင့် ဖြီးလိုက်သည်။
“ ဟယ် .... ဟုတ်ပါရဲ့၊ အားနာလိုက်တာရှင် ”
“ ရပါတယ်.... ကိစ္စ မရှိပါဘူးဗျာ”
“ ဟို...အဲဒါဆို သွားတော့မယ်၊ ဆင်းရမယ့် မှတ်တိုင် ရောက်နေလို့ ”
“ သွား သွား အစ်မ ရတယ်။ ကျွန်တော် ပုဆိုး လှည့်ဝတ်လိုက်မယ် ”
အမျိုးသမီးမှာ ကလေးငယ်ကို ချီပြီး ကားပေါ်မှ ဆင်းသွားသည်။ ကျွန်တော်လည်း ပုဆိုးကို လှည့်ဝတ်လိုက်ပြီး စိတ်သက်သာရာရသွားကာ သက်ပြင်းမောတစ်ခုကို ဖူးခနဲ မှုတ်ထုတ်လိုက်သည်။ ထိုစဉ် ဘေးနားက ထိုင်နေသော လူ၏ ပြောစကားကြောင့် ကျွန်တော့်မှာ စိတ်ကသိကအောက် ဖြစ်သွားရသည်။
“ ဟွန်း ....ကလေးသေးနံ့ကလည်း နံစော်နေတာပဲ။ လူကြီးသေးနံ့ကျနေတာပဲ ”
ကျွန်တော်ကလည်း စိတ်ထဲက “ အရေးထဲ အနံ့ခံကောင်းတဲ့သူနဲ့ လာတွေ့နေရသေးတယ်” ဟုသာ။

ဟာသလေးပါ

ဟာသ
  နေရာ ... စိတ္တဇဆေးရုံ>
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
  နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
  ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
  လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

  နောက်တစ်နေ့ ....
  နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်
  ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်
  လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က
  ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး
  ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
  မစားချင်ဘူးလားကွ" ဟူတည်း။
ဟာသ(၂)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့
အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်
 ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့
 အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က
 နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က
 နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိုဖော်ကောင်လုပ်တဲ့အတွက်" လို့
 ပြောလိုက်သတဲ့။
ဟာသ(၃)
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
  နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
  ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်
  ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
  ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင်
  လူနှစ်ယောက်ပျော်ရမယ်"
  တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက်
   ပျော်ရမယ်"
  သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို
  ပြောလိုက်သတဲ့...
  "အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့
  လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။

No comments: