WELCOME

Friday, September 23, 2011

window7 မှာ folder တွေဖွင့်ရင်မကြာစေဖို့အတွက်....


ကျနော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်းတွေ သိတဲ့ အတိုင်း folder တွေ ဖွင့်တဲ့ အခါမှာ Windows 7 မှာ အတော်အတန့် ကြာပါတယ်... XP လို ချက်ခြင်း တက်မလာပါဘူး... ဖြေးဖြေးခြင်းမှ တက်လာပါတယ်...အဲဒီလို မဖြစ်ရအောင် လုပ်လို့ရတဲ့ နည်းဖြစ်ပါတယ်.. Windows 7 မှာ Folder တွေ အတက်မြန်စေချင်ရင်အောက်က နည်းများကို အသုံးသာချလိုက် မြန်လာမလား စမ်းကြည့် ကိုယ်တိုင်သိမည်....
နည်းလမ်း (၁)
Windows Search ကို Disabled ပေးခြင်း1. Start >> Run (Win Key +R) >> Services.msc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ...
2. အောက်ပါအတိုင်း ကျလာတဲ့ Properties Box မှ Windows Search ကို ရှာလိုက်ပါ။ Windows Search ပေါ်မှာ Double click ပေးလိုက်ပါ....General Tab မှ Startup Type မှာ Disabled ရွေးပြီး Apply ကိုနိုပ်ပြီး OK ပေးလိုက်ပါ.....

နည်းလမ်း (၂)

Disable Thumbnail Preview

1.ကြိုက်သစ်နှက်ရာ Folder တစ်ခုကို ဖွင့်ပြီး Organize >> Folder and Search Option ကို click လိုက်ပါ...( control pannel >> Folder Option ကို ဖွင့်လဲ ရပါတယ်... )အောက်ကပုံကိုကြည့်ပါ.....

2.အောက်ပါအတိုင်းကျလာတဲ့ Box မှ View ကနေ Advanced Settings မှာ Always Show icons, never Thumbnails ကို အမှန်ခြစ် ပေးလိုက်ပါ.... ပြီရင် Apply ကိုနိုပ်ပြီး OK ကို ပေးလိုက်ပါ.....

Download လုပ်ရာတွင် မြန်စေချင်


အင်တာနက်မှ မိမိတို့ အလိုရှိရာကို ဒေါင်းလုပ် လုပ်ယူရာတွင် နှေးကွေးသည့် ပြဿနာဟာ တော်တော်ကို ဆိုးပါတယ်။ မြန်မာနိုင်ငံရဲ့ ကွန်နက်ရှင်က ခပ်နှေးနှေး၊ ဒေါင်းလုပ် ယူရာတွင် ခပ်နှေးနှေး ဖြစ်နေရင်တော့ မိုးသာ လင်းသွားမည် ဖိုင်တစ်ခု ရဖို့ မလွယ်ကူလှပါ။ ဒီတော့ တစ်ဖက်ကလဲ ဒေါင်းလုပ် လုပ်ရာတွင် မြန်ဆန်ဖို့ အောက်က နည်းလမ်းလေးကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုထိ မြန်ဆန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

၁) Start မှ Run ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ဖွင့်ပါ။ Group Policy Editor ပေါ်လာပါက Computer Configuration ကို ရွေးပါ။
၃) ပြီးလျှင် Administration Templates မှ Network မှတစ်ဆင့် Qos Packet Scheduler ကို Select မှတ်ပါ။
၎) ညာဘက်တွင် Limit reservable bandwith ကို Double Clicke လုပ်ပါ။ Box ပေါ်လာလျှင် Enable လုပ်ပါ။
၅) bandwith limit ကို 0 ပြောင်းလိုက်ပါ။ အိုကေပါ။

USB Memory Stick ထဲကဖိုင်တွေကို ဖျက်မရ..ကော်ပီလုပ်မရတော့ဘူးလား။(ဖြေရှင်းနည်းလေးပါ)


ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး မိမိစက်ကိုပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက်ဝင်ရောက်သွားပါတယ်။
အဲဒီ Script ကဗိုင်းရပ်စ်လဲမဟုတ်ပြန်ပါဘူး။သူက Autorun ကနေတစ်ဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်
ဖြစ် အခြားသောအကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ..ဖျက်မရ
တော့ဘဲ..Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း
မသိအောင် ဖြစ်ရတော့တာပါဘဲ။ ကိုယ်တိုင်လဲ..ကြုံခဲ့ရဘူးပါတယ်။ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။

ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.
HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး
တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry
Editor မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့
Error မပေါ်တော့ပါ/
Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမ၀င်တော့ပါ။

မိုနာလီဇာဆိုတာ မိန်းမမဟုတ်ပါဘူးတဲ့.....

ရှေးဟောင်းအနုပညာကို လေ့လာနေတဲ့ အီတလီလူမျိုးတွေက ကမ္ဘာကျော်မိုနာလီဇာပန်းချီကားကို လေ့လာစူးစမ်းမှုတွေထပ်လုပ်ပြီး မိုနာလီဇာပန်းချီကားကို မော်ဒယ်လ်ထိုင်ပေးတဲ့ သူက အမျိုးသမီးမဟုတ်ဘဲ အမျိုးသားတစ်ယောက်မှန်း လေ့လာတွေ့ရှိကြပြန်ပါတယ်။

အီတလီအမျိုးသားရှေးဟောင်းယဉ်ကျေးမှုကော်မတီက ဥက္ကဋ္ဌ Silvano Vincetiက (အီတလီနိုင်ငံ) ဖလောရင့်မြို့ဖွား (ထိုခေတ်က နိုင်ငံရယ်လို့ သီးသန့်မခေါ်ဘဲ မြို့သားလို့ပဲ ခေါ်တတ်ကြပါတယ်)၊ လီယိုနာဒိုရဲ့ တပည့်ဒါမှမဟုတ် ချစ်သူလို့လည်း ပြောလို့ရတဲ့ Salaiဆလိုင်းရဲ့ ပုံတူလို့ပြောလိုက်ပါတယ်။ ဆလိုင်းကတော့ မီလန်မြို့သားပါ။ ဒါပေမယ့် သူ့ရဲ့တွေ့ရှိချက်ကို ယခုလက်ရှိ မိုနာလီဇာပန်းချီကားကို ပြသနေတဲ့ လုဗ်ပြတိုက်က ပညာရှင်တွေက မဖြစ်နိုင်ပါဘူးလို့ ချက်ချင်းပဲ ငြင်းဆိုလိုက်ပါတယ်။ (လုဗ်ပြတိုက်က ကမ္ဘာကျော်ပြတိုက်တစ်ခုဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ တည်ရှိပါတယ်။ လုဗ်ပြတိုက်က ၁၂ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ လုဗ်နန်းတော်ထဲမှာ တည်ရှိပါတယ်။ ၁၆၉၂ခုနှစ်မှာ လူးဝစ်ဘုရင်၁၄က နန်းတော်ကနေပြတိုက်အဖြစ်ပြောင်းခဲ့ပါတယ်၊ နှစ်ပေါင်းသုံးရာကျော် ရှေးဟောင်းလက်ရာတွေ စုဆောင်းလာတဲ့ လုဗ်ပြတိုက်မှာ တစ်နှစ်လုံးနေတာတောင် လေ့လာစရာတွေ မကုန်နိုင်ပါဘူးတဲ့။ သူတို့စုဆောင်းထားတဲ့ လက်ရာတွေမှာ မိုနာလီဇာပန်းချီကားလည်း ပါဝင်ပါတယ်)

ဆလိုင်းဆိုတဲ့ အဓိပ္ပါယ်က မကောင်းဆိုးရွားလေးတဲ့။ ဆလိုင်းရဲ့ တကယ့်နာမည်က Gian Giacomo Caprotti ပါ။ ဒါပေမယ့် သူ့ကို ဆလိုင်းလို့ပဲ ခေါ်တာများပါတယ်။ အဲဒီပန်းချီပညာရှင်လေးက လီယိုနာဒိုဆီမှာ ၂၅နှစ်လောက် အလုပ်လုပ်ခဲ့ပါတယ်။ ၁၄၉၀ခုနှစ်လောက်မှာ ၁၀နှစ်သားလောက်ပဲ ရှိသေးတဲ့ ဆလိုင်းက လီယိုနာဒိုအိမ်မှာ ပညာသင်အနေနဲ့ရောက်လာခဲ့ပါတယ်။

လီယိုနာဒိုရဲ့ မှတ်စုထဲမှာ ပညာသင်တပည့်တွေရဲ့ အမည်တွေရှိပေမယ့် တစ်ခုနဲ့တစ်ခု ဆက်စပ်မှု မရခဲ့ပါဘူး။ သူတို့တွေရဲ့ အနုပညာလက်ရာတွေ မပါခဲ့သလို လီယိုနာဒိုရဲ့ ချီးမွမ်းမှုတွေလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် သူတို့တွေထဲမှာ ဆလိုင်းတစ်ယောက်ပဲ ထင်ထင်ရှားရှားကျန်ခဲ့ပါတယ်။ ဆလိုင်းက လီယိုနာဒိုအကြိုက် အလွန်မှပင်ချောမောလှပတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အလှတွေမှာ ခွေခွေလိမ်လိမ်နဲ့ ပုခုံးပေါ်ကို ၀ဲကျနေတဲ့  ဆံနွယ်လေးတွေကြောင့်လည်းပါပါတယ်။ ဒါပေမယ့်ဆလိုင်းက အကျင့်စာရိတ္တအနေနဲ့ ခပ်ကောင်းကောင်းလူစားမျိုးမဟုတ်ပါဘူး။ ခိုးတတ်ဝှက်တတ် လိမ်တတ်ညာတတ်ပါတယ်။ သူလုပ်သမျှ ပြဿနာတွေကို လီယိုနာဒိုကပဲ ဖြေရှင်းတတ်ရပြီး ထောင်ထဲကနေ မကြာခဏဆွဲဆွဲထုတ်ခဲ့ရပါတယ်။ ဒီလိုအကျည်းတန်တဲ့ အကျင့်တွေရှိပေမယ့် ဆလိုင်းက လီယိုနာဒိုရဲ့ ပန်းချီကားတွေအတွက် မော်ဒယ်လ်ကောင်းကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ပန်းချီကားထဲက ဆလိုင်းရဲ့ မျက်နှာအပြင်က သူ့ရဲ့အကျည်းတန်တဲ့စာရိတ္တတွေကို မြူတမှုန်မျှပင် မြင်နိုင်မှာ မဟုတ်တော့ပါဘူး။ ဘယ်လိုပဲ စရိုက်ဆိုးဆိုး လီယိုနာဒိုက ဆလိုင်းကို ပစ်မထားခဲ့ပါဘူး။ နောက်ဆုံးသူသေဆုံးတဲ့အထိ ဆလိုင်းက လီယိုနာဒို့ဘေးနားမှာပဲ ရှိခဲ့ပါတယ်။ လီယိုနာဒိုသေဆုံးတဲ့အခါ သူ့ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို ဆလိုင်းကို ပေးခဲ့ရုံသာမကဘူး။ မိုနာလီဇာပန်းချီကားကိုပါ ဆလိုင်း ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ၁၅၂၃မှာတော့ သေနတ်ဒဏ်ရာနဲ့ ဆလိုင်းတစ်ယောက်သေဆုံးခဲ့ပါတယ်။

Vincenti က လီယိုနာဒိုရဲ့ ပန်းချီကားတွေထဲက မျက်နှာပြင် ခံစားချက်တွေက ဆလိုင်းရဲ့ မျက်နှာအကျတွေနဲ့တူပါတယ်တဲ့။ အထူးသဖြင့် လီယိုနာဒိုရေးဆွဲခဲ့တဲ့ ခရစ်ယာန်ဘာသာရေးပုံတွေထဲက သူတော်စင် စိန့်ဂျွန်ရဲ့ပုံနှင့် နတ်သား (The angel incarnate) ပုံနှစ်ခုဟာဆိုလျင် မိုနာလီဇာရဲ့ နှုတ်ခမ်းနဲ့ နှာခေါင်းတို့နဲ့အတော့်ကိုတူပါတယ်။ အဲဒီပန်းချီကားတွေနဲ့ မိုနာလီဇာပန်းချီကားက အတော့်ကို ထင်ရှားတဲ့ တူညီမှုတွေ ရှိနေပါတယ်လို့ Vincenti က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဒီထက်ပိုပြီးထူးခြားထက်အချက်ကတော့ မိုနာလီဇာရဲ့ မျက်လုံးနှစ်ဖက်မှာ ၀ှက်ပြီးရေးဆွဲခဲ့တဲ့ S နဲ့ L အက္ခရာနှစ်ခုစီပါပဲ။ လီယိုနာဒိုက Symbolတွေသုံးရတာကို သဘောကျသူဖြစ်ပြီး သူက မိုနာလီဇာဘယ်သူလဲဆိုတာကို အဲဒီမျက်လုံးထဲမှာ မြှပ်ပြီးဖော်ပြခဲ့ပါတယ်။ လီယိုနာဒိုက မျက်လုံးဆိုတာ စိတ်ရဲ့ခံစားမှု ပြတင်းပေါက်တစ်ခုဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးကူးလူးဆက်ဆံတဲ့ Communication Tool လို့လည်း ယုံကြည်ပါတယ်။ မျက်လုံးထဲက အက္ခရာတွေက သာမန်မျက်လုံးနဲ့ဆို မမြင်ရပါဘူး။ စိမ်းညိုရောင်အပေါ်မှာ အနက်ရောင်နဲ့ရေးခြယ်ထားတဲ့ LVဆိုတာက သူမရဲ့ ညာဘက်မျက်လုံးအိမ်ထဲမှာ ရှိပါတယ်။ အဲဒီ LVက လီယိုနာဒိုအမြဲတမ်းသုံးလေ့ရှိတဲ့ သူရဲ့အတိုကောက်စာလုံးပါ။ ဒါပေမယ့် ဘယ်ဘက်မျက်လုံးအိမ်ထဲမှာ ရှိတဲ့ စာလုံးက ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ S for Salai, L for Leonado လို့ သတ်မှတ်ခဲ့ပါတယ်။ လုဗ်ပြတိုက်ကတော့ ဒါဟာ လီယိုနာဒို ရေးဆွဲခဲ့တဲ့ အက္ခရာတွေ မဖြစ်နိုင်ဘူး၊ နှစ်ကာလကြာလာတော့ ဆေးတွေမှာ အက်ကြောင်းထင်ပြီး ပေါ်ပေါက်လာတဲ့ အက်ရာတွေပဲလို့ ပြောလိုက်ပါတယ်။ နောက်ပြီး Vincenti အနေနဲ့ ပန်းချီကားကို ကိုယ်တိုင်ကိုယ်ကျလေ့လာမှုမရှိဘဲ ပြောချင်းသာဖြစ်ပါတယ်လို့လည်း ပြတိုက်တာဝန်ရှိသူတွေက ပြောပါသေးတယ်။ နောက်ပြီး ပြတိုက်က ဒစ်ဂျီတယ်နည်းပညာနဲ့ အကြိမ်ကြိမ်စစ်ဆေးခဲ့ပေမယ့် ဘာစာလုံးမှ တွေ့ခဲ့ချင်းမရှိပါဘူးလို့ ထပ်ပြောလိုက်ပြန်ပါသေးတယ်။ ဒါပေမယ့် ပညာရှင်တွေရော သာမန်လူတွေရောကပါ မိုနာလီဇာဆိုတာ ဆလိုင်းဖြစ်နိုင်တယ်ဆိုပြီး ထင်ကြေးပေးခဲ့တာ ဒစ်ဂျစ်တယ်နည်းပညာတွေ မပေါ်ခင်ကတည်းကပါ။

ဘာပဲပြောပြော Vincentiကတော့ သူ့ရဲ့သီအိုရီမှန်မှန် ဆုံးဖြတ်ဖို့ ပြင်သစ်နိုင်ငံက တာဝန်ရှိသူတွေနဲ့လက်တွဲပြီး ဆက်လေ့လာဖို့ ကြိုးစားနေပါတယ်။ Vincenti အဖွဲ့အနေနဲ့ ပဲရစ်ကိုသွားပြီး ပန်းချီကားမှာရှိတဲ့ အက္ခရာနံပါတ်နားက ဆေးကိုအနည်းငယ်ယူပြီး၊ ပန်းချီကားဆွဲစဉ်ကတည်းက ရှိတာလား၊ နောက်လူတွေက ထပ်ဖြည့်ထားတာလားဆိုတာကို ထိုဆေးစက်တွေကို ဓါတ်ခွဲခန်းမှာ လေ့လာကြည့်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောပါတယ်။ တကယ်လို့သာ လုဗ်ပြတိုက်ကသူရဲ့ လေ့လာခွင့် လျောက်ထားချက်ကို ခွင့်ပြုခဲ့မယ်ဆိုရင်တော့ ပန်းချီကားထဲက အမျိုးသမီးဘယ်သူဖြစ်နိုင်မလဲဆိုတာ အဖြေပေါ်တော့မယ်လို့ ထင်ပါတယ်။

 ဆလိုင်းကိုယ်ဟန်ပြသရုပ်ဆောင်ထားသော ခရစ်ယာန်သူတော်စင် စိန့်ဂျွန်ရဲ့ ပုံ၊ ၁၅၁၄ခုနှစ်မှာ လီယိုနာဒိုရေးဆွဲခဲ့သည်။

စိန့်ဂျွန်ပုံနှင့်ဆက်စပ်မှုရှိနိုင်သော ဆလိုင်း၏ပုံ(Angel Incarnate လို့အမည်တွင်ပါတယ်) လီယိုနာဒိုရဲ့ ပုံဆွဲမှတ်စုစာအုပ်မှာ ရှိပြီး ပုံရဲ့ နောက်ကျောမှာ ဆလိုင်းနာမည်ပါရှိပါတယ်။


 ဆလိုင်းရဲ့ ပုံတူပန်းချီကား။ ရေးဆွဲသူနာမည်မသိပါဘူး။ တချို့ကလည်း လီယိုနာဒိုလို့ ယူဆကြပါတယ်။


 


http://www.itsjustlife.com မှ နှိုင်းယှဉ်ချက် ပုံများ

ဘယ်အချိန်ပဲသွားကြည့်ကြည့် လုဗ်ပြတိုက်မှာ မိုနာလီဇာပန်းချီကားကို ကြည့်ဖို့ အခုလိုလူတွေအုံခဲနေတတ်ကြပါတယ်။(Picture from wikimedia)

ပို့စ်ကို Yahoo News မှ မှီငြမ်းပြီး ရေးပါသည်။ အထက်ပါအချက်အလက်များ မှားယွင်းပါက စာရေးသူ၏ လိုအပ်ချက်သာဖြစ်ပါသည်။

ဧဒင်ဥယျာဉ်ထဲက အာဒမ်၏ ပထမဆုံးဇနီး လီလစ်



 Lilith (1892) by John Collier in Southport Atkinson Art Gallery(from Wikimedia)

History Channelမှာ  ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ ဧဒင်ဥယျာဉ်အကြောင်းကြည့်ရင်း အမှတ်မထင် အာဒံရဲ့ ပထမဆုံးဇနီး လိလစ် Lilith အကြောင်းကို ကြည့်လိုက်ရတယ်။ ငယ်ငယ်ကတည်းက အချစ်ဆိုတာ အာဒံနဲ့ဧ၀က စတယ်ဆိုပြီး သီချင်းလေး ညည်းဖူးခဲ့တာကို မှတ်မိနေခဲ့တယ်။ လိလစ်အကြောင်း ဖတ်လိုက်ရတော့ အမျိုးသမီးဝါဒ Feminism လှုပ်ရှားမှုတွေအကြောင်းကို အမှတ်ရမိတယ်။ ဘာလို့လည်းဆိုတော့ ၁၉ရာစုမှာ အမျိုးသမီးတန်းတူအခွင့်အရေး လှုပ်ရှားမှုနှင့်အတူ လိလစ်က ပြန်လည် မွေးဖွားလာခဲ့တာကိုး။

လီလစ်နဲ့ ပါတ်သက်ပြီး ဘယ်သူမှ သေသေချာချာ ဂဂဏဏမသိကြပါဘူး။ Book of Genesis (Hebrew bible or Christian Old Testament) ထဲမှာတော့ ဘုရားသခင်က အမျိုးသမီးဖန်ဆင်းရာမှာ ၂ခန်းခွဲထားပါတယ်လို့ဆိုပါတယ်။ ပထမတပိုင်းက အမျိုးသမီးနဲ့ အမျိုးသားတပြိုင်တည်း ဖန်ဆင်းတာဖြစ်ပြီး၊ နောက်တမျိုးကတော့ အမျိုးသားရဲ့ နံရိုးကိုယူပြီး အမျိုးသမီးဖန်ဆင်းတာပါတဲ့။ (မှတ်ချက်။ Genesis စာအုပ်ကို စာရေးသူ မဖတ်ဖူးပါ။ History Channel နဲ့ တခြားလက်လှမ်းမီရာများမှ ဖတ်ရှုထားခြင်း ဖြစ်ပါသည်)

ဘုရားသခင်က ကမ္ဘာကြီးကိုဖန်တီးတဲ့ ခြောက်ရက်မြောက်နေ့မှာ အာဒမ်နဲ့တကွ သက်ရှိအဟိတ်တိရစ္ဆာန်တွေကို ဖန်ဆင်းပါတယ်။ အာဒံက ကျေးငှက်တွေ သားရဲတိရစ္ဆာန်တွေကို နာမည်ပေးလိုက် အဖိုအမတွဲပေးလိုက်နဲ့ အလုပ်ရှုပ်ရသတဲ့။ အဖိုအမတွေရဲ့ ချစ်ခြင်းကို မနာလိုဖြစ်လာတဲ့ အာဒမ်က နောက်ဆုံးကျတော့ အမ-အမချင်းတွဲပေးလိုက်ပြန်ပါတယ်။ (အဲဒီမှာ လိင်တူစတယ်ထင်ပါရဲ့) အာဒမ်ရဲ့တောင်းဆိုချက်နဲ့ ဘုရားသခင်က အာဒမ်အဖော်ရဖို့အတွက် အမျိုးသမီးတစ်ယောက်ကို အာဒမ်ကို ဖန်ဆင်းခဲ့သလို ဖန်ဆင်းပေးပါတယ်။ ဒီနေရာမှာ အာဒမ်ကို ဖန်ဆင်းတုန်းက ဖုန်မှုန့်(Pure Dust)လေးတွေက ဖြစ်ပေမယ့် လီလစ်လို့ခေါ်တဲ့ မိန်းမကို ဖန်ဆင်းတော့ အမှိုက်၊ကျောက်ခဲတွေ ရောပြီးပါပါတယ်တဲ့။ ဘုရားသခင်က ဒီနေရာမှာ မျက်နှာအတော်လိုက်တယ်လို့ ဆိုရမှာပဲ။

ဒါပေမယ့် ဘုရားသခင်လိုချင်သလို အာဒမ်နဲ့ လီလစ်က ကြင်နာယုယတဲ့ အတွဲတွေ ဖြစ်မလာကြပါဘူး။ အမြဲတကျက်ကျက်နဲ့ ရန်ဖြစ်နေကြတယ်။ အဓိက ပြဿနာကတော့ တစ်ဦးနဲ့တစ်ဦး နှီးနှောစပ်ယှက်တဲ့အခါမှာ အာဒမ်က လီလစ်ကို အမြဲတမ်းအောက်မှာပဲ နေစေချင်တယ်။ လီလစ်ကလည်း ငါ.. ဘာလို့နင့်အောက်မှာ နေရမှာလဲ။ နင်လည်း ဖုန်မှုန့်ကဖြစ်တာပဲ။ ငါလည်းဖုန်မှုန့်က ဖြစ်တာပဲ။ ငါတို့က အတူတူ(equal) ပဲဆိုပြီး သူလည်းအပေါ်မှာ နေသင့်တယ်ဆိုပြီး တန်းတူအခွင့်အရေးညှိတယ်။ အာဒမ်က မရမက အကျပ်ကိုင်တဲ့အခါ လီလစ်ကစိတ်ဆိုးပြီး လေထဲကို ပျောက်ကွယ်သွားပြီး အာဒမ်နဲ့ အေဒင်ဥယျာဉ်ကြီးကို ထားခဲ့တာပေါ့။

တစ်ယောက်ထဲ မနေတတ်တဲ့ အာဒမ်က ဒီတခါဘုရားသခင်ကို အပူကပ်ပြန်ရော။ မနေသာတဲ့ ဘုရားသခင်က နတ်သမီး၃ပါးလွှတ်ပြီး ပင်လယ်နီက လီလစ်ကို ပြန်ခေါ်ခိုင်းလိုက်ပါတယ်။ ဒါပေမယ့် လီလစ်က ပြန်မလာတော့ဘဲ စေတန်နတ်ဆိုးကိုပဲ ယူလိုက်ပြီး တနေ့ကို မကောင်းဆိုးရွား တစ်ရာလောက်မွေးသတဲ့။ တတ်လည်းတတ်နိုင်တဲ့ မိန်းမပဲနော်။ နတ်သမီးတွေက နင်.. အာဒမ်ဆီကို ပြန်ရင်ပြန်၊ မပြန်ရင် ရေထဲနှစ်သတ်ရမယ်ဆိုတော့ လီလစ်က သူအသက်မသေဘဲ နေလို့ရတဲ့ နည်းလမ်းကို နတ်သမီးတွေဆီကတောင်းခံလိုက်တယ်။ နတ်သမီးတွေကလည်း မွေးကင်းစ ကလေးငယ်လေးတွေကို ဖျက်ဆီးနိုင်ရင်ဖျက်ဆီး၊ မဖျက်ဆီးနိုင်ရင်တော့ ကိုယ့်ကိုသတ်သေရမယ်တဲ့လေ။  အာဒမ်ဆီ့ကို မပြန်တော့ ဘုရားသခင်က လီလစ်ရဲ့ သားတွေကို အပြစ်ပေးတဲ့အနေနဲ့ နေ့စဉ်ဖျက်ဆီးပစ်ပြန်ပါတယ်။

လီလစ်ပြန်မလာတော့ ဘုရားသခင်က အာဒမ်အတွက် မိန်းမတစ်ယောက်ဖန်ဆင်းပေးပြန်ပါတယ်။ ဘုရားသခင်က သူ့ရှေ့မှာတင်အမျိုးသမီးကို သွေးသား၊အရည်ပြား၊ ဆံနွယ်တွေ တဖြေးဖြေးပုံသွင်းပြီး ပြပြန်ပါတယ်။ အာဒမ်က အဲဒါကို စိတ်မ၀င်စားတဲ့အပြင် ရွံလာမိတာနဲ့ မအောင်မြင်ပြန်ပါဘူး။ နောက်ဆုံးမှာတော့ ဘုရားသခင်က အာဒမ်အိပ်ပျော်နေတုန်း သူ့ရဲ့နံရိုးတစ်ချောင်းကို ယူပြီး မိန်းမတစ်ဦး ဖန်ဆင်းပြန်တယ်။ အာဒမ်ရဲ့ နံရိုးနဲ့ လူဖြစ်လာတဲ့ မိန်းမက အာဒမ်အလိုကျ လိုက်ကရမယ့် အမျိုးသမီး ဧ၀ပေါ့။ အဲဒီကစပြီး အာဒမ်ဦးဆောင်ရာ ဧ၀က တကောက်ကောက်လိုက်ရပါတော့တယ်။

ဒီအခါမှာ မိန်းမဆိုးအဖြစ် ကျော်ကြားရတာကတော့ လီလစ်ပါပဲ။ လီလစ်ခမျာ သူအသက်ရှင်ဖို့နဲ့ ဘုရားသခင်ဖျက်ဆီးခံရတဲ့ သူ့သားတွေအတွက် ကလဲ့စားချေနိုင်ဖို့အတွက် မွေးကင်းစကလေးတွေကို ဖျက်ဆီးရပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေပေါ့။ အဲဒါကြောင့် ၁၈ရာစုနောက်ပိုင်းအထိ ကလေးတွေမွေးပြီဆိုရင် လီလစ်ကို ပင်လယ်နီမှာ သွားခေါ်တဲ့ နတ်သမီးသုံးပါးရဲ့ နာမည်ပဲဖြစ်ဖြစ် ပုံပဲဖြစ်ဖြစ် ချိတ်ဆွဲထားလို့ရှိရင် လီလစ်က မဖျက်ဆီးနိုင်တော့ဘူးဆိုတဲ့ အယူရှိကြပါတယ်။ တကယ်လို့ ကလေးလေးက ဘယ်သူမှမရှိဘဲ တခစ်ခစ်ရယ်နေလို့ရှိရင် အနားမှာ လီလစ်ရောက်လာပါပြီလို့လည်း အယူရှိကြပါတယ်။ အဲဒါဆိုရင် ကလေးရဲ့ နှာခေါင်းလေးကို လက်ညှိုးလေးနဲ့ အသာထိပေးလိုက်ရင် လီလစ်ပြန်ထွက်သွားပါတော့တယ်။

နောက်ပြီး အမျိုးသားတွေ အိပ်နေတုန်း အိပ်မက်မက်ပြီး သုတ်ရည်လွှတ်တတ်ကြပါတယ်။ ခရစ်ယာန်တွေက အဲဒီလို သုတ်လွှတ်ရင် အပြစ်တခုလို သတ်မှတ်ကြပါတယ်။ တကယ်တော့ အဲဒီအပြစ်ရဲ့နောက်ကွယ်မှာ အကြောင်းတရားရှိပါတယ်။ အဲဒီအကြောင်းတရားကတော့ လီလစ်က အိပ်မက်ထဲမှာ အဲဒီအမျိုးသားနဲ့ ပျော်ပါးပြီး မျိုးဆက်ပွားလို့ဖြစ်ပါတယ်တဲ့။

တကယ်တော့ လီလစ်က မကောင်းဆိုးရွားအဖြစ်ကျော်သာကျော်ကြားသာ တကယ်တမ်း မကောင်းဆိုးရွားက အာဒမ်ပါ။

ဟုတ်တယ်လေ။ အာဒမ်က လိုချင်အားကြီးတယ်။ အရာရာကို သူပဲ ချယ်လှယ်ချင်တယ်။ နောက်ပြီး ဘုရားသခင်ကို သူပဲ အမျိုးမျိုးအပူကပ်တယ်။ လီလစ်လိုမိန်းမမျိုးရတော့လည်း သူပဲ ဗိုလ်ကျချင်တယ်။ လီလစ်က ပစ်ပြေးတော့လည်း သူပဲ မနေတတ်ပြန်။ နောက်ထပ်အမျိုးသမီးတစ်ဦး ဖန်တီးပေးပြန်တော့လည်း လီလစ်လိုမိန်းမမျိုးပဲ ပြန်လိုချင်ပြန်။ သူ့ချည်းပဲ အမျိုးမျိုးဖြစ်နေတော့တာပဲ။ တကယ်တမ်းရလာဒ်ကတော့ မိန်းမတွေမှာ သူ့လိုတန်းတူအခွင့်အရေးမရှိတော့ဘူးပေါ့။ အဲဒါကြောင့်မို့လားမသိ။ ၂၀ရာစုနှောင်းပိုင်းမှာ အမျိုးသမီးတန်းတူအခွင့်အရေး လှုပ်ရှားမှုတွေ ကမ္ဘာတ၀န်းပေါ်ပေါက်လာတော့ လီလစ်လိုမိန်းမတွေ အများကြီး ပေါ်ထွက်လာတယ်။ ဧ၀လိုမိန်းမတွေကတော့ အိမ်မှာ ထမင်းချက်လိုက် ကလေးမွေးလိုက်ပေါ့ဗျာ။


ခရစ်နှစ် ၁၅၀၈-၁၅၁၂ မှာ မိုက်ကယ်အိန်ဂျလို ရေးဆွဲခဲ့တဲ့ Sistine Chapel မျက်နှာကျက်က အာဒမ်နဲ့ ဧ၀ပုံ။ တချို့ကလည်း လီလစ်က မြွေယောင်ဆောင်ပြီး တားမြစ်ထားတဲ့ အသီးကိုစားဖို့ မြူဆွယ်တယ်လို့လည်း ဆိုပါတယ်။ ဒီပုံမှာ ယခုလိုမြွေယောင်ဆောင်ထားပြီး သစ်သီးကို စားဖို့ တိုက်တွန်းနေတဲ့ လီလစ်ကိုတွေ့ရမှာပါ။

အထက်ပါ ပို့စ်သည် ဘာသာရေးကို နောက်ပြောင် ရေးသားခြင်းမဟုတ်ပါ။ စာရေးသူ ဖတ်ရှိရခြင်းကို မျှဝေခြင်းဖြစ်ပါသည်။ 

Device Drivers နှင့်ပတ်သက်၍ ပြဿနာရှိ မရှိ စစ်ဆေးနည်း

တစ်ခါတစ်လေ ကျွန်တော်တို့စက်မှာ Device Drivers နှင့်ပတ်သက်ပြီး ဖြစ်တတ်တဲ့
Blue Screen ပေါ်တာတို့ Safe Mode နှင့်ဝင်မရတော့တာတို့စတဲ့ ပြဿနာများ တွေ့ရှိတတ်ပါတယ်၊
ဒါကြောင့် မိမိစက်မှာ ပြဿနာ တစ်ခုခုဖြစ်တဲ့အခါ Device Drivers တွေကိုစစ်ဆေးသင့်ပါတယ်။

စစ်ဆေးနည်းကတော့ ....
Start > Run > သို့သွားပြီး verifier ဟုရိုက်ပြီး enter ခေါက်ပါ၊












create standard settings ကိုရွေးပါ၊












Automatically select unsigned drivers ကိုရွေးပါ၊












Drivers များကိုစစ်ဆေးလျှင် ခဏစောင့်ပါ၊











ပြဿနာရှိသော Device Drivers များကိုဖော်ပြပေးပါလိမ့်မည်












ပြီး။

ဝင်းဒိုး အတက်နှေးလျှင်

ကျွန်တော်တို့ ၀င်းဒိုး စတက်လာချိန်မှာ Desk top ကြီးပေါ်လာပြီး
ကွန်ပျူတာ အလုပ် လုပ်လို့မရသေးဘဲ အကြာကြီး စောင့်နေရတဲ့
ဝဋ္ဋ်က လွတ်ဖို့အတွက်...
Run=>msconfig=>System Configuration Utility
ကြလာလျှင် အထဲမှာ start up tab မှာရှိတဲ့ check box ထဲမှာ
အားလုံးကို uncheck လုပ်ပေးပါ
ok နှင့်ထွက်ပြီး Restsrt ပြန်ချပါ ။

Window တက်မြန်အောင်လုပ်နည်း

Window key + R ကိုနှိပ်ပြီး Run box ကိုခေါ်လိုက်ပါ Run box ထဲမှာ Regedit ဟုရိုက်ပါ
Register Editor box ကြလာရင် အောက်ကအတိုင်း ဆက်သွားပါ
HKEY_LOCAL_MACHINE\SYSTEM\CurrentControlset\Control\
Session manager\Memory management အောက်က
prefetchparaters ကိုနှိပ်ပါ ညာဘက်က Box ထဲမှာ Enable prefetcher ကိုရှာပါ
ပြီးရင် Enable prefetcher အပေါ်မှာ Right click ထောက်ပြီး modify ကိုရွေးလိုက်ပါ
Edit Dword box ကြလာရင် value data အောက်က ၃ နေရာမှာ ၅လို့ပြောင်းပေးပါ
ok နှိပ်ပြီးထွက်ပါ ပြီးရင် ကွန်ပျူတာကို Restart လုပ်ပေးလိုက်ပါ။

မရှင်းသေးရင်တော့ အောက်မှာကြည့်လိုက်ပါ




















Exposure


နွေရာသီ ပူပြင်းသောနေ့တစ်နေ့တွင် KZO ဟုခေါ်သော လူတစ်ယောက်သည် ရှိစုမဲ့စု ငွေလေးဖြင့် ကင်မရာ တစ်လုံးကို IT Show မှ Discount ရသဖြင့်ဝယ်လာခဲ့လေသည်။ လမ်းတစ်နေရာရောက်သောအခါ သူဟာပန်းပွင့်လေးတွေကို သဘောကျသဖြင့် ဓါတ်ပုံရိုက်ခဲ့လေသည်။ ကင်မရာ setting များကိုလည်းသေသေချာချာ မသိသေးသဖြင့် ဟိုစမ်းသည်စမ်းဖြင့်ရိုက်ခဲ့လေသည်။ အိမ်ပြန်ရောက်သောအခါထိုပုံတွေကို ပြန်ကြည့်ရာ အောက်ပါပုံများ အတိုင်းဖြစ်နေလေတော့သည်။ ဤအချိန်မှစ၍ ကျွန်ပ်တို့၏ exposure tutorial ကြီးပေါ်ပေါက်လာခဲ့လေသတည်း။
KZO:  ဗျို့ဆရာသမား ကျုပ်ဒီနေ့ရိုက်လာတဲ့ပုံတွေ ဘာတွေဖြစ်နေတာတုန်း ကြည့်ပေးပါဦးဗျာ
ZMO: ဟာ ခင်ဗျားက Exposure ကိုသေသေချာချာမှ မချိန်ခဲ့ပဲကို အဲဒါကြောင့် ဒီလိုဖြစ်နေတာ
KZO: Exposure ကြောင့်လား
ZMO: အင်းလေ ပတ်ဝန်းကျင်အခြေအနေကိုကြည့် နဲနဲမှောင်တယ်ထင်ရင် exposure တင်ပေး၊ လင်းနေရင်တော့ exposure လျှော့ပေးရတယ်ဗျ၊ exposure အကြောင်းအသေးစိတ်ကိုတော့ ဒီမှာဖတ်ဗျာ
KZO: အခုဟာကိုပြင်ပေးလို့မရဘူးလား
ZMO: Photoshop မှာပြင်လို့ရတယ်ဗျ Over Multi, Under Screen လို့မှတ်ထားရင်ရပြီ
KZO: Over Multi, Under Screen အင်းဟုတ်အဓိပ္ပာယ်လေး ပြောပြပါဦးဗျ
ZMO: လက်တွေ့လုပ်ပြမယ်၊ အခု အလင်းများနေတဲ့ ပုံကိုဖွင့်လိုက်
ZMO: အဲဒီ Layer ကို Ctrl + J key နှိပ်ပြီး Duplicate လုပ်လိုက်မယ်(Layer>Duplicate Layer ကိုနှိပ်လဲရပါသည်) ပြီးရင်ပေါ်က Layer ရဲ့ Blending mode ကို Multiply ပြောင်းလိုက်ရုံပဲ။
ZMO: တွေ့လားပုံကို ဒီလိုမြင်နေရပြီ
KZO: ဟုတ်ပါ့ တော်တော်လေးကောင်းသွားပြီဗျ
ZMO: အင်းဒါမှ စိတ်တိုင်းမကျသေးရင် အပေါ်မှာရှိတဲ့ Blending mode ပြင်ထားတဲ့ Layer ကို Duplicate သာထပ်ခါထပ်ခါ လုပ်လိုက်ပေတာ့။ ဒါဆို Over Multi ဆိုတာသိပြီပေါ့
KZO: ဟဟ Over exposure ဖြစ်နေတဲ့ပုံဆိုရင် duplicate layer လုပ်ပြီး Blending mode ကို Multiply သုံးလို့ပြောတာပဲ၊ ဒါဆို Under exposure ဖြစ်နေတဲ့ပုံဆိုရင်တော့ duplicate layer လုပ်ပြီး Blending mode ကို Screen သုံးပေါ့ ဟဟ သိပြီ။

Windows 7 မှာ Login Password ကို သူများချိန်းမရအောင် လုပ်မယ်



ဒီနည်လေးကတော့ ကျွန်တော်တို့ ကွန်ပျူတာ မှာ ပေးထားတဲ့ မိမိအသုံးပြုနေတဲ့ Password ကို တစ်စုံတစ်ယောက်က မိမိ မသိရှိစေပဲ Password ကို ချိန်းသွားတဲ့ အခါမျိုးမှာ မိမိနောက်တစ်ကြိမ် ကွန်ပျူတာ ဖွင့်လိုက်တာနဲ့ Wrong Password ဆိုတာမျိုး ဖြစ်သွားပါတယ်.......ထိုအခါမျိုးမှာ Bios Setting မှတစ်ဆင့် Password များကို ကျော်ဝင်ခြင်းတွေ လုပ်ကြရပါတယ်.....ယခုလို မိမိအသုံးပြုထားတဲ့ Login Password ကို တစ်ခြားသူ တစ်ယောက် ပြောင်းလဲမှု မပြုလုပ်နိုင်အောင် လုပ်ဆောင်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်.......အဆင့်များကို တစ်ဆင့်ခြင်း အောက်မှာ ဖော်ပြထားပါတယ်......

၁။ ပထမဆုံးအနေနဲ့ Run Box ကို ဖွင့်ဖို့အတွက် Start-->Run (သို့) Win+R ကိုနှိပ်ပြီး Run Box ကို ဖွင့်ပါ့မယ်.....Run Box ပွင့်လာပြီ ဆိုတာနဲ့ lusrmgr.msc ဆိုတဲ့ Command ကိုရိုက်ထည့်ပါ့မယ်......



၂။ ထို Command ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်တာနဲ့ Local Users and Groups Box ပွင့်လာပါလိမ့်မယ်.....ထို့နောက် ဘယ်လက်မှာ ရှိတဲ့ Users ထဲသို့ ၀င်လိုက်ပါ့မယ်....



၃။ ၀င်လိုက်တာနဲ့ User Name တွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်....မိမိ အသုံးပြုထားတဲ့ Password ကို မပြောင်းလဲ စေလိုတဲ့ User Name မှာ Right Click ထောက်ပြီး Properties ကို သွားပါ့မယ်.....



၎။ ထို့နောက် Properties Box တစ်ခု ကျလာပါလိမ့်မယ်.....ထို Properties Box ရဲ့ Full Name မှာ မိမိ အသုံးပြုထားတဲ့ နာမည်ကိုရေးပြီးတော့ User cannot change password ဆိုတာလေးကို အမှန်ခြစ်ကလေး ပေးလိုက်ပါ့မယ်......



၅။ ထို့နောက် Apply / Ok ပေးပြီးတာနဲ့ ပိတ်လိုက်ပါ....ထို့နောက် မိမိ အသုံးပြုထားတဲ့ Password ကို တစ်ခြား Password နဲ့ ပြောင်းလဲတဲ့ အခါမှာ User cannot change password ဆိုတဲ့ Warring ကို ဖော်ပြမှာပဲ ဖြစ်ပါတယ်....



အခုဆိုရင် မိမိအသုံးပြုထားတဲ့ Login Password ကို မည့်သူတစ်ဦး တစ်ယောက်ကမှ ပြောင်းလဲနိုင်မှု မလုပ်နိုင်တော့ပါဘူး.......စမ်းသပ်ရင်း အဆင်ပြေနိုင်ကြပါစေ....