WELCOME

Tuesday, October 25, 2011

သူယောင်မယ်သီး


imagebam.com imagebam.com

သူယောင်မယ်သီးဆိုပြီး မြန်မာ့ရှေးဟောင်းကျမ်းတွေမှာ ဆိုပါတယ်။ ပါးစပ်ရာဇ၀င်အရ ၀ိဇ္ဇာ၊ဇော်ဂျီ၊တပသီစတဲ့လောကီထွက်ရပ်ပေါက် ပုဂ္ဂိုလ် များဟာ သူတို့ ရဲ့ လောကီဣဒ္ဓိပ္ပါဒ်အစွမ်းဖြင့် အသက်ဝင်အောင် ဖန်တီးပြီး ပျော်ပါးလေ့ရှိကြောင်း အဆို အမိန့် များရှိကြပါတယ်။ မိန်ခလေးသဏ္ဌာန်နဲ့  အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတောင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲထပ်မံသိရပါသေးတယ်။ Naree ဆိုတာကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။ မိန်းကလေးသစ်ပင်ပေါ့ဗျာ..။ အားလုံး ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

myanmarbloggers.org ဖြင့် ဒိုမိန်းခွဲ ပြုလုပ်ခြင်း


အခုတစ်လော Co.CC ကနေယူထားတဲ့ သူတွေအနေနဲ့ အခက်တွေ့နေတာလေးတစ်ခုပါ အဲ့ဒါကတော့ အမြဲတမ်းအလကားပေးမယ်ပြောပြီး အခုတော့ တစ်နှစ်ပဲပေးတော့ပါတယ်။ CO.CC ကို ပြောင်းလိုက်ခြင်းဖြင့် ပြည်တွင်းမှ ကျော်ကြည့်စရာမလိုအောင် ပြောင်းကြခြင်းဖြစ်ပါသည်။
ထို့အတူ မြန်မာဘလော့ဂါ {myanmarbloggers.org} အမည်ဖြင့် ဒိုမိန်းခွဲပြီး ပေးနေပါပြီ။ ထိုဒိုမိန်း အမည်အား ရရှိထားရင်ဖြင့် ပြည်တွင်းမှ ကျော်ကြည့်စရာမလိုပါ။ မြန်မာဘလော့ဂါ အမည်ပါသောကြောင့် ပို၍ခန့်ညားပါ၏ :D။ ထို့ကြောင့် အောက်ပါ ပိုစ့်အား ကိုအရုပ်ကလေး ထံမှ ကူးယူ၍ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။



myanmarbloggers.org ဒိုမိန်းဖြင့် ဒိုမိန်းခွဲများအား မည်သူ့ကိုမဆို ပြုလုပ်ပေးနေပါသည်။ ထိုသူသည် ဘလော့ဂ်တစ်ခု ရှိရန်သာ လိုအပ်ပါသည်။ myanmarbloggers.org ဒိုမိန်းအား တောင်းခံလိုသူများသည် bloggers@myanmarbloggers.org သို့ အီးမေးလ်ပို့ တောင်းခံနိုင်ပါသည်။ တောင်းခံနေသူများအား အီးမေးလ် နမူနာ ဖော်ပြပေးလိုက်ပါသည်။

Subject >> "Subdomain တစ်ခု တောင်းခံခြင်း"

ယခုလက်ရှိ သုံးစွဲနေသော ဘလော့ဂ်လိပ်စာ - http://idulize.blogspot.com
ပြောင်းလဲလိုသော လိပ်စာအသစ် - http://idulize.myanmarbloggers.org
တောင်းခံသူ နာမည် - အရုပ်ကလေး

Wordpress သမားများ အနေဖြင့် ဒိုမိန်းတောင်းဆိုလိုပါက မိမိ ဘလော့ဂ် တင်ထားသော ဆာဗာ၏ လိပ်စာပါ ထည့်ပေးရမည် ဖြစ်ပါသည်။ မိမိ Hosting Server ၏ လိပ်စာ သိမှသာ အသစ်ပေးမည့် လိပ်စာမှာ အလုပ်လုပ်မည် ဖြစ်ပါသည်။ ထို့ကြောင့် အီးမေးလ်ထဲတွင် အောက်ပါ ပုံစံဖြင့် တစ်ကြောင်း ပိုထည့်ပေးရပါမည်။

Sample >> ဘလော့ဂ်ဆာဗာ လိပ်စာ - ghs.google.com.

Blogspot သမားများ ဒိုမိန်း ပြောင်းလဲရန် နည်းပညာ အခက်အခဲ ရှိပါက ကိုပီကေ ရေးသား ဖော်ပြထားသော ပို့စ်တွင် သွားရောက် လေ့လာနိုင်ပါသည်။
How to setup Custom Domain in Blogger.com
http://knowhow.myanmarbloggers.org/2008/08/custom-domain.html

မှတ်ချက် ။
ဒိုမိန်းတောင်းခံသူများသည် အီးမေးလ် မပို့ခင် (သို့) ပို့ပြီးပြီးချင်း Setting ကို မပြောင်းပစ်သေးဘဲ ဒိုမိန်း ပြုလုပ်ပြီးကြောင်း အကြောင်းကြားစာ ရမှသာ Setting များ ပြောင်းလဲပေးပါရန် တောင်းဆိုအပ်ပါသည်။

myanmarbloggers.org ဖြင့် သုံးစွဲနေပြီးသူများသည် မိမိ ကိုယ်ပိုင်ဒိုမိန်းအသစ် (သို့) တခြား ဒိုမိန်း တစ်ခုခုသို့ ပြောင်းရွှေ့လိုပါက အီးမေးလ်ပို့ အကြောင်းကြားပေးပါရန် တောင်းဆိုအပ်ပါသည်။

myanmarbloggers.org ဒိုမိန်းအား တောင်းဆိုသူ မည်သူ့ကိုမဆို ဘလော့ဂ်ရှိရုံဖြင့် အခမဲ့ ပြုလုပ်ပေးနေပါသည်။ သို့သော် myanmarbloggers.org ဒိုမိန်းဖြင့် သုံးစွဲနေသူများသည် MBS ၏ ဂုဏ်သိက္ခာကို ထိပါးစေသော အပြုအမူ လုပ်ရပ်များ အထင်အရှား ရှိခဲ့ပါလျှင် ကျူးလွန်သူ မည်သူ့ကိုမဆို ဒိုမိန်းသုံးစွဲခွင့် ရုတ်သိမ်းပစ်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

bloggers@myanmarbloggers.org သို့ ပေးပို့သော တောင်းခံစာများကိုသာ လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

myanmarbloggers.info ဖြင့် ရှိနှင့်ပြီးသူများ myanmarbloggers.org အဖြစ် ပြောင်းလဲလိုပါကလည်း လက်ခံဆောင်ရွက်ပေးပါမည်။

မိမိ Gmail Address လေးမကျန်ရလေအောင်


၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ၊
(သို့မဟုတ်) Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။ထို Folder ၅ခုမှ
ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။ List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။ List
ကျလာပါလိမ့်မည်။

၇။ Account နှိပ်ပါ။ Gmail Address များကိုတွေ.ရပါလိမ့်မည်။
မိမိ Gmail Address နာမည်ပေါ်နေပါလိမ့်မည်။ဖျက်လိုပါက မိမိနာမည်
ပေါ်တွင် Right ကလစ်နှိပ်၊ Delete ကိုနှိပ်လိုက်ပါ။ Name/Type/Data တို.အောက်ကျန်
ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။

မှတ်ချက်॥အင်တာနက်ဆိုင်မှာသုံးသူများအတွက်ပိုပြီးအဆင်ပြေပါတယ်..ပြီးတော့သူများအကောင့်လေးကိုလည်း
ခိုးလို့ရတယ်နော်॥ကိုယ့်ရှေ့ကသုံးသွားတဲ့ကောင်လေးကောင်မလေးရဲ့ ဂျီမေးလ်လေးကိုလည်းသိလို့ရတာပေါ့॥
ခိုးခိုင်တာဟုတ်ဘူးနော်..သားသားနဲ့ဆိုင်ဘူး....

Virus ကာကွယ်ရေးအတွက်လမ်းညွှန်၂၃ချက်


၁။ Anti-virus ဆော့ဖ်ဝဲလ်တွေဟာ မလုံလောက်ပါ။ ‘Removal tools’ ကိုinstall လုပ်ပါ။ (virus ကာကွယ်ရေး ဆော့ဖ်ဝဲလ် တွေဟာ ပီစီ ကို spyware ဒါမှမဟုတ် adware တွေငြိကပ် ကူးစပ်တဲ့အခါ မဆိုင်သလို လုပ်နေလေ့ ရှိတတ်ပါတယ်။

၂။ spyware/adware removal tools ကိုအနည်းဆုံး၂ခုထားပါ။ (anti-virus tool တွေ ကသာ အချင်းချင်း ရန်စောင် ပြဿနာ တက်တတ် ကြပေမယ့် spyware ကာကွယ်ရေး ဆော့ဖ်ဝဲလ်တွေ ကတော့ အချင်းချင်း သင့်မြတ် ကြလေ့ ရှိပါတယ်။

၃။ Firefox လား? IE လား? သေချာစွာ စဉ်းစားပါ။ (များသောအားဖြင့် spy-ware တွေဟာ အဲဒီလို browser နှစ်ခုအကြား ဗျာများ နေတဲ့ အချိန်မှာ ဝင်လာ တတ်ပါတယ်။ တချို့ website တွေ ဟာတတ်ပါတယ်။ တချို့website တွေဟာတတ်ပါတယ်။ တချို့ website တွေဟာ IE နဲ့အလွမ်းသင့်ပြီး တချို့ကျတော့ firefox နဲ့မှ အဆင်ပြေ တတ်ကြတဲ့ အတွက် တွေဝေမှုကို လျှော့ချပါ။

၎။ P2P ကွန်ရက်ကို သတိထားပါ။ (’.torrent’ တွေကနေ တစ်ဆင့် adware/spyware တွေ ကူးစက်တတ်တာ ခုနောက်ပိုင်းမှာ ပုံပြင် သစ်တွေ ဖြစ်လာနေပါပြီ။ မလိုအပ်ရင် P2P မသုံး ဘဲ ရိုးရိုးသာ download ချပါ။

၅။ Bazooka Scanner ကို down-load ရယူပါ။ (spyware,adware) ရှိမရှိ အဓိက စစ်ဆေးပေးတ bazooka scan-nerကိုအခမဲ့ ရနိုင် ပါတယ်။

၆။ ဆော့ဖ်ဝဲလ် update ကို ကိုယ်တိုင်တိုင် လုပ်ပါ။ (တစ်ခါတလေမှာ ဆော့ဖ်ဝဲလ် update လုပ်ပေးပါမယ် ဆိုတိုင်း အတင်းကာရာ လက်မခံ လိုက်ပါနဲ့။ အရင်ဆုံး ကိုယ့်ရဲ့ anti-spyware ဟာ update ဖြစ်မဖြစ် စစ်ဆေးပါ။)

၇။ firewall ကို ကိုယ်ကိုယ်တိုင် တည်ဆောက်ပါ။ (ဥပမာ Zonealarm လိုမျိုး firewall ဟာ အမြင်ကတ်စရာ ကောင်းလောက်အောင်ကို တာဝန်ကျေပြီး ကိုယ်သုံးစွဲ ချင်တဲ့၊ ယုံကြည်ရတဲ့ software list တွေကို သူ့ကို ပေးထား လိုက်ရုံနဲ့ အဆင်ပြေပါတယ် firewall ထားရှိတဲ့အတွက် RAM ကတော့ မသိမသာ ထပ်လိုပါမယ်။)

၈။ EULA ကို ဖတ်ပါ။ (end user license agreement ဆိုတာဟာ ဆော့ဖ်ဝဲတိုင်းနဲ့ website အတော် များများမှာ ပါဝင် တတ်ပါတယ်။ ဆော့ဖ်ဝဲလ် အသစ်တစ်ခုဟာ ကိုယ့်နဲ့ မရင်းနှီးသေး ရင် EULA ကို အဓိကထားပြီး ဖတ်ရှုပါ။

၉။ back up လုပ်ပါ။ back up လုပ်ပါ။ back up လုပ်ပါ။ (ပညာရှင်တိုင်း လိုလိုက data တွေကို back-up လုပ်ဖို့ အကြံပြုခဲ့ပေမယ့် user တိုင်းလိုလိုက မေ့လျော့ နေကြဆဲပါ။ အရေးကြီးတဲ့၊ တန်ဖိုးရှိတဲ့ အချက်အလက်တွေ မဆုံးရှုံးစေဖို့ နည်းလမ်းကောင်းတွေထဲက တစ်ခုက back up လုပ်ခြင်းပဲဖြစ်ပါတယ်။)

၁၀။ home page ပြောင်းလဲ သွားတာမြင်တာနဲ့ scan လုပ်ပါ။ (ကိုယ်တိုင်မသိလိုက် ပါပဲနဲ့ home page ပြောင်းလဲ သွားပြီ ဆိုတာနဲ့ ချက်ချင်း scan လုပ်ပါ။ အဲဒါဟာ spyware ဖြစ်ဖို့ အခွင့်အလမ်း များနေပါပြီ။)

၁၁။ window ကို အဆင့်မြှင့် တင်ပါ။ (အကယ် XP သုံးစွဲနေရင် service pack 2 ကို ပြောင်းလဲ သင့်ပြီး XP SP2 သုံးစွဲနေရင် vista ကို အဆင့်မြှင့် တင်သင့် ပါတယ်။ လူသိ နည်းနေတဲ့ OS ဟာ အတိုက်အခိုက် ခံရမှု နည်းပါး နေဦးမှာပါ။)

၁၂။ ကြော်ငြာတွေဟာ spyware တွေလား။ (မသေချာပါ။ ကြော်ငြာတိုင်းဟာ spyware မဟုတ်သလို spyware တိုင်း ကတော့ Advertising တိုင်းဆီကနေ ၀င်ရောက် လာတာပဲ ဖြစ် ပါတယ်။)

၁၃။ Keylogger တွေကို ကာကွယ်လို့ ရနိုင်ပါတယ်။ (တကယ်လို့ကိုယ်ပိုင် ဗဟုသုတ နည်းပါး နေရင် keylogger တွေ ရဲ့ သွင်ပြင် လက္ခဏာ တွေကို ရှာဖွေ ဖတ်ရှုပါ။ ‘Ctrl+Alt+Del’ သုံးစွဲပြီး system မှာ run နေတဲ့ မသင်္ကာတဲ့ ‘exe’ ဖိုင် မှန်သမျှကို ဖယ်ရှား ပစ်ပါ။ အဲဒီလို ဖယ်ရှားပစ်ခြင်း အားဖြင့် system ဖိုင်အစစ်တချို့ ဆိုရင် လတ်တလောမှာ အလုပ် မလုပ် တော့တာကလွဲပြီး ဘာမှ မဖြစ်နိုင်ပါ။)

၁၄။ အများသုံး ကွန်ပျူတာတွေ ဆီမှာ ကိုယ်ပိုင် အချက်တွေ မသုံးစွဲ ပါနဲ့။ (လူအများနဲ့ စပ်တူ သုံးစွဲရတဲ့ ကွန်ပျူတာ တွေဆီမှာ လိုအပ် ချက် ကြောင့် (ဥပမာ cyber cafe လိုမျိုး နေရာ) ကိုယ်ပိုင် အချက်အလက်တွေ သုံးစွဲ ရမယ်ဆိုရင် သတိ ထားပါ။ ကွန်ပျူတာကနေ ထွက်ခွာ မယ်ဆိုင်ရင် ကိုယ့် history တွေကို ရှင်းလင်းပစ်ခဲ့ပါ။

၁၅။ Upload ဖိုင်တွေကိုလဲ သတိထားပါ။ (ဓာတ်ပုံ သို့မဟုတ် အခြား အချက် အလက်များ မဖြစ်မနေ တင်ပို့ ရပြီ ဆိုပါရင် secure ရှိတဲ့web host တွေကို သုံးစွဲပါ။)

၁၆။ anit-spyware software အခမဲ့ပေးတဲ့ website- ဥပမာအားဖြင့် AVG anit-spyware website ကနေ အခမဲ့ ပေးထား ပါလျက်နဲ့ download ချလို့မရနိုင်တာမျိုးရှိပါတယ်။ (အဲဒါဟာ သိပ်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ပီစီမှာ spyware ၀င်နေတာကို AVG ကသိနေလို့ပါ။ နောက်တစ်မျိုးက ကိုယ့်ရဲ့ spyware က anti-spyware ကိုလက်မခံလို့ပါ။ ဒါဆိုရင်တော့ သတိကြီးကြီးနဲ့ ရှင်းလင်းပစ်ရပါလိမ့်မယ်။)

၁၇။ DOS တိုက်ခိုက်မှု ရှိလာနိုင်သလား။ ကွန်ပျူတာရဲ့ အတွင်းပိုင်းစနစ်အထိ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်တိုက်ခိုက်မှု ဖြစ်ပါတယ်။ P2P network မှာ ကိုယ်မသိတဲ့ လူတွေဆီကို sharing မလုပ်ဖို့နဲ့ အခမဲ့ရတဲ့ software တိုင်းကို မယုံကြည်ဖို့ zip/ rar file တွေကို သတိ ထားဖို့ လိုပါမယ်။

၁၈။ icon တွေကို desktop ပေါ်မှာအတင်းအကျပ် နေရာယူပြီဆိုရင် spyware ဖြစ်နေပါပြီ။ (ဆော့ဖ်ဝဲတိုင်းမှာ desktop icon shortcuts သဘောမျိုးဖန်တီးပေးပေမယ့် သုံးစွဲသူ ခွင့်မပြုဘဲ နေရာ မယူတတ်ကြပါ။)

၁၉။ အချက်ပေးပုံသဏ္ဍာန်တွေ မှားယွင်နေတဲ့အခါ anti-spyware ဆော့ဖ်ဝဲလ်တွေဟာ ပြီးပြည့်စုံမှု မရှိပါ။ သူတို့ကိုရှင်းလင်း ပစ်တိုင်းမှာ uninstall ကို အသေအချာ ပြုလုပ်ပါ။ သဘောတရားအရပြောရရင် anti-spyware ဆော့ဖ်ဝဲလ် ကိုယ်က spyware တစ်ခုပါပဲ။

၂၀။ Remote Access Trojan ဆိုတာ virus လိုမျိုး။ program ငယ်ကလေး တစ်ခုကို ကွန်ပျူတာ စနစ်အတွင်း ကိုယ်မသိ လိုက်ရပါပဲ ၀င်ရောက်စေခဲ့ပြီး အဲဒီပရိုဂရမ်ကလေးဟာကိုယ်လုပ်နေသမျှသတင်းအချက်တွေနဲ့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စ၀ိစ္စ မှန်သမျှကို ပိုင်ရှင် ဆီကိုသတင်းပြန်လည်ပေးပို့နေလေ့ ရှိပါတယ်။

၂၁။ Drive-By Download ဆိုတာ အဓိက အားဖြင့် ပုဂ္ဂလိက အချက်အလက်တွေနဲ့ လုံခြုံမှုကို ထိပါးစော်ကားတဲ့ တိုက်ခိုက်မှုတစ်မျိုးကို ခေါ်ဆိုပါတယ်။ တကယ်လို့ ကြော်ငြာ pop-up တွေကို သတိထားပြီး တားဆီးမယ်ဆိုရင် တိုက်ရိုက်ထိတွေ့ခံရမှု မရှိနိုင်ပါ။ Pop-up blocker ပါဝင်တဲ့ firefox လို borwser မျိုးကို သုံးစွဲသင့်ပါတယ်။

၂၂။ Search bar တွေကို မယုံကြည်ပါနဲ့။ google.com နဲ့ google toolbar… Yahoo နဲ့  Yahoo toolbar တို့လို ယုံကြည်စိတ်ချ ရတဲ့ အရာတွေ ရှိနေပြီးတဲ့ အချိန်မှာ web ကို အထူး ရှာဖွေပေးမယ် ဆိုတဲ့ toolbar တွေကို ယုံကြည်ကိုးစား မနေပါနဲ့တော့။ www.google.com လို့ address bar မှာ ရိုက်လိုက်ရတာဟာ မရေရာ မသေချာတဲ့ toolbar တွေကို install လုပ်လိုက်နေတာထက် အများကြီး လုံခြုံမှုရှိပါတယ်။

၂၃။ ဒီနေရာကိုသွားပါ။ Virus နဲ့ ပတ်သက်ပြီး အကောင်းအဆိုးတွေကို ပုံမှန် သတင်းပေးရင်း ကာကွယ် ဖို့နည်းလမ်းတွေကို အခမဲ့ ဖြန့်ချီနေတဲ့ နေရာတွေ ရှိသလို အခု website တွေကတော့ spyware, adware, malware စတာတွေကို ရင်ဆိုင် ဖြေရှင်းဖို့ သတင်း တွေ၊ tools တွေ၊update new တွေ ရနိုင်ပါတယ်။

(ကွန်ပျူတာ ဂျာနယ် ၂၀၀၈ခုနှစ်၊ မေလ၊ အမှတ် ၁၇၁)


Spam အကြောင်း သိကောင်းစရာ (၂)


Spam အကြောင်း သိကောင်းစရာ (၂)

Spam ပို့လွှတ်သူအများစုဟာ Hoax e-mail အသုံးပြုပြီး e-mail လိပ်စာ အများအပြားကို ရယူကြပါတယ်။ တစ်ခါတစ်ရံတွင်
ထူးဆန်းသော Message များဖန်တီးပေးပို့ကြပြီး ဆက်လက်၍ ဖြန့်ဝေရန် နှိုးဆော်စာများ ပါရှိပါတယ်။
လူအချို့ကတော့ ထိုစာသား Message များကို ယုံကြည်ကြပြီး အခြားသူများထံသို့ ဆက်လက်ပေးပို့တာကြောင့်
အချိန်တိုအတွင်း Spam များ အများအပြား ပြန့်ပွားကုန်ကြပါတယ်။ ထို့အတွက် Spam ပေးပို့သူများဟာ e-mail လိပ်စာ
အများအပြားရရှိစေဖို့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
တကယ်တော့ Spam ပေးပို့မှုဟာ တရားမ၀င်လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထို Spam များ မိမိ e-mail ထဲသို့
မရောက်ရှိအောင် ကာကွယ်ဖို့ကတော့ အတော်လေးခဲယဉ်းပါတယ်။ ထို့ပြင် Spam ပေးပို့သူများ သိရှိနိုင်ရန်နှင့်
ဖမ်းဆီးနိုင်ရန်ကတော့ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် ထို Spam များရန်မှ ကာကွယ်သင့်ပါသလဲ။
(၁)    မိမိ e-mail အတွင်း Spam များ မရောက်ရှိအောင် Spam Filter ကို အသုံးပြုသင့်ပါတယ်။ G-mail, Yahoo, Hotmail
များတွင် ထို Filter ဟာ Default ပါဝင်ပါတယ်။ ထို Filter ဟာ Spam များအား
အလိုအလျောက် Spam Folder အတွင်းသို့ ရွှေ့ပြောင်းကာ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အချို့ Spam များကို
ထိရောက်စွာ မကာကွယ်ပေးနိုင်ပါဘူး။

(၂)    ဖိုရမ်များ၊ Chatroom များတွင် သင်၏ e-mail address ကို အသုံးမပြုသင့်ပါဘူး။ ထို Site များတွင် အခြား e-mail
လိပ်စာကိုသာ အသုံးပြုသင့်ပါတယ်။
(၃)    Website များတွင် e-mail လိပ်စာတောင်းယူပါက e-mailaddress@yoursite.come-mailaddress@yoursite.com ဟု မရေးသားဘဲ
e-mailaddress[at]yoursite.com ဟုရေးသားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ထို့အပြင် မိမိ e-mail လိပ်စာအတွင်းသို့
Spam-mail များ ၀င်ရောက်လာပါက ဆက်လက်၍ မပေးပို့ဘဲ ဖျက်ပစ်ရမှာပဲ ဖြစ်ပါတယ်။
အထက်ပါအချက်များအား လိုက်နာအသုံးပြုခြင်းအားဖြင့် Spam များ ၀င်ရောက်လာခြင်းကို အတော်အသင့်
ရှောင်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။
source:ICT Reader

Spam အကြောင်း သိကောင်းစရာ (၁)


Spam အကြောင်း သိကောင်းစရာ (၁)

အင်တာနက်အသုံးပြုသူ လူတိုင်းလိုလိုဟာ နေ့စဉ်နှင့်အမျှ စိတ်ပျက်ဖွယ်ကောင်းသော Spam Mail များ
ဝင်ရောက်လာမှုကို ကြုံတွေ့ခဲ့ရပါတယ်။ သင့်အနေဖြင့် E-Mail Account တစ်ခုကို ရယူသုံးစွဲလိုက်သည်နှင့်တစ်
ပြိုင်နက် မကြာမီရက်ပိုင်းအတွင်း Spam များ ၀င်ရောက်လာတာကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ထို Spam များဟာ
မည်သည့်နေရာမှ ၀င်ရောက်လာပါသလဲ။ ဘာကြောင့် ထို Spam များ ၀င်ရောက်လာကြပါသလဲ။
Spam ဆိုတာဟာ Electronic Messaging System စနစ်အရ အသံလွှင့်မီဒီယာများ၊ Website များ၊
Electronic စက်ရုံ၊ အလုပ်ရုံများမှ ကြော်ငြာပေးပို့ခြင်းဖြစ်ပါတယ်။ ထို Spam များဟာ ကုမ္ပဏီ၏ စေခိုင်းချက်အရ
Spammer (Spam ပို့လွှတ်သူများ) မှ ပို့လွှတ်ခြင်းဖြစ်ကြောင်း တစ်ကြိမ်တည်းဖြင့် E-Mail လိပ်စာထောင်ကျော်ကို
ပို့လွှတ်နိုင်ကြောင်း သိရှိရပါတယ်။ ထို Spam ပို့လွှတ်သူများဟာ Manually အနေဖြင့် ပို့လွှတ်ကြပြီး တစ်ခါတစ်ရံ
မှာတော့ အလိုအလျောက် Spam ပေးပို့နိုင်သော Spambot ကို အသုံးပြုလေ့ရှိကြပါတယ်။
Spam ပို့လွှတ်ရခြင်း၏ ရည်ရွယ်ချက်ကတော့ ၎င်းတို့၏ ကြော်ငြာ (သို့မဟုတ်) Message များအား လူအများ
မှတ်မိသိရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဥပမာအနေဖြင့် လူတစ်ယောက်ဟာ အင်တာနက်ပေါ်မှတစ်ဆင့်
E-book စာအုပ်များ ရောင်းဝယ်လုပ်ကိုင်ရာ၌ ကြော်ငြာအသုံးပြုမယ့်အစား Spam များပေးပို့လုပ်ဆောင်ခဲ့ပါတယ်။
Spam ပေးပို့သူများအနေဖြင့်လည်း စာအုပ်တစ်အုပ်ဝယ်ယူတိုင်း ၁၀ဒေါ်လာခန့်ရရှိပြီး E-Mail တစ်သောင်းဆီသို့
ကြော်ငြာပို့လွှတ်ပါက ဒေါ်လာတစ်သိန်းခန့်ရရှိမှာ ဖြစ်ပါတယ်။ ထို့ကြောင့် Spam ပေးပို့သူများဟာ E-Mail လိပ်စာ
များနိုင်သမျှများအောင် ပို့လွှတ်ကြပါတယ်။
ကျွန်ုပ်တို့နေ့စဉ် အသုံးပြုနေသော အင်တာနက်ပေါ်ရှိ Website အချို့ဟာ e-mail ID များအား စုဆောင်းရယူ
ထားကြပြီး Spam ပို့လွှတ်သူများထံသို့ ထို e-mail လိပ်စာများအား ပြန်လည်ရောင်းချကြပါတယ်။
ထိုအတွက်ကြောင့် မိမိ၏ e-mail လိပ်စာဟာ Spam ပို့လွှတ်သူများထံသို့ရောက်ရှိပြီး Spam ပို့လွှတ်မှုကို
ခံကြရပါတယ်။ ထို Spam Webiste များထဲတွင် သတင်းအဖွဲ့အစည်းများ၊ ဖိုရမ်များ၊ အင်တာနက် Chatroom များ
အများစုပါဝင်ကြကြောင်း သိရှိရပါတယ်။

အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း


တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်


တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility


RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

All-in-one diagnostic Tools
Autoruns


ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။

Process Explorer

ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။

Hijack This

Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို


Malware Bytes

Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။
Download Links:






Ref:Ref: mediasection/www.planetcreator.net & World wide myanmar

Virus ၏ ပင်ကိုယ်သဘောကို ရှင်းပြခြင်း


အခုထွက်နေတဲ့ သတင်းတွေ၊ Web Site Forum တွေမှာ ကြည့်လိုက်ပါ...။


ဘာတွေအတွေ့များလဲ။ ကျွန်တော့်စက်မှာတော့ Folder Option မပေါ်တော့ပါဘူး။ Virus ကိုက်နေပြီ။ ဘယ် Virus
အသစ်တွေကတော့ ပေါ်လာပြန်ပြီ။ ကယ်ကြပါ...ဒီမှာ ဘယ်လိုသတ်သတ် မသေဘူး အဲဒါတွေများနေတယ်မလား။
ဟုတ်တယ် Virus..Virus..။ လူတွေကို တော်တော် ဒုက္ခပေးတယ်။ ကုမ္ပဏီတွေကိုလည်း ဒုက္ခပေးတယ်။ ကြီးကြီးငယ်ငယ်
အရွယ်အားလုံးကို ဒုက္ခပေးတယ်။ ကြားရင်တော့ ရယ်စရာကောင်းနေမလားမသိဘူး။
ကွန်ပျူတာ Virus ဆိုတာ သတင်းတွေ၊ အချက်အလက်တွေအားလုံးအတွက် အံ့ဩဖွယ်ရာသက်တမ်း အရှည်ဆုံးဖြစ်ပါတယ်။
နောက်တစ်ခုပြောသေးတာက Virus  ဆိုတာ ကိုယ်တွေဘယ်လောက် တန်ဖိုးရှိလည်း တော်လဲတတ်လဲဆိုတာ
ပြောပြပေးတဲ့ကောင်တဲ့။ အင်း.. ဒီလိုဆိုတော့ Virus ကို ထိုင်တောင် ရှိခိုးချင်စိတ်ပေါက်သွားပြီ။
သေသေချာချာ ထွင်ထားတဲ့ Virus  တစ်ခုကဆိုးကျိုးပေးတာ၊ ထိခိုက်စေတာ ပိုများတယ်။
နောက်ပိုက်ဆံသန်းပေါင်းများစွာကို နစ်နာစေတယ်။ ဟုတ်တယ်နော်..သူပြောထားတာလည်း ဟုတ်သားပဲ။ Virus တစ်ခု
ပေါ်လာတာက လူတွေကြောင့်ပဲ မဟုတ်လား။ ဒီတော့ သူတို့က ပိုထိခိုက်စေလေ လူတွေတော်ကြောင်း ပိုကြွားသလို
ဖြစ်လေပဲပေါ့။ ထွင်တဲ့လူတွေကိုပဲ ကျေးဇူးတင်ပါတယ် လိုက်ပြောရမလိုပဲနော်။
Virus ဆိုတာကလည်း တစ်နှစ်ပြီးတစ်နှစ်ကို ပေါ်လာတာအမျိုးမျိုးပဲ။ ၂၀၀၄၊ ဇန်န၀ါရီတုန်းကဆို Mydoom Worm
ပေါ်လာပြီး တစ်ရက်တည်းမှာတင် မီလျံလေးပုံတစ်ပုံလောက် ရှိတဲ့ Computer တွေကို ကူးသွားတာ။ ပြီးခဲ့တဲ့ ၁၉၉၉
မတ်လတုန်းကလည်း ကြည့်ပါလား။
Melissa Virus  ဆိုပြီး ပေါ်လာတယ်လေ။ Microsoft နဲ့တစ်ခြားကုမ္ပဏီ အကြီးကြီးတွေ အားလုံး Virus ရှိနေသမျှ သုတို့
E-mail System တွေကို သုံးလို့မရဘူးဖြစ်သွားတာ။
၂၀၀၀ ပြည့်နှစ်တုန်းက I Love You Virus  တုန်းကလည်းဒီအတိုင်းပဲ။ ဟော.. ၂၀၀၇၊ ဇန်န၀ါရီလည်း ရောက်ရော Storm
ဆိုတဲ့ Worm တစ်ကောင်ပေါ်လာပြန်ရော။ အဲဒီ Virus ကြောင့် အောက်တိုဘာလလည်းကျရော ကွန်ပျူတာပေါင်း သန်း ၅၀
အထက်ကို အကူးခံရပါရောလား။ ကဲကြည့်လေ..ဘယ်လောက်တောင် အထင်ကြီးစရာကောင်းတဲ့ Virus တွေလဲလို့..။
IT နဲ့ ပတ်သက်တဲ့ သတင်းတွေကို နားထောင်တဲ့လူတိုင်းက Virus ကူးပုံကူးနည်းအမျိုးမျိုး အကြောင်းကြားနေရမှာ အမှန်ပဲ။
ဒီအောက်မှာဖော်ပြပေးထားတဲ့ Viruses တွေကို ဖော်ပြပေးထားပါတယ်။

(၁)Viruses

Virus  ဆိုတဲ့ကောင်က Software လေးပဲ။ Software မှာမှ တကယ့် လူတွေအသုံးများတဲ့၊ သုံးနေတဲ့ Program တွေ၊
နောက်မှာကပ်ပါးလျက်ပါး ခိုးကြောင်ခိုးဝှက်လိုက်လာတဲ့ ကောင်တွေပေါ့။ ဥပမာပြောရရင် Spreadsheet Program လေး
နောက်မှာ Virus လေးကကပ်ပါလာတယ်ဆိုပါတော့။ ဒီတော့ အဲဒီ Spreadsheet Program Run တိုင်း၊ Run တိုင်းမှာ
Virus Program လေးကလည်းလိုက် Run နေတာပေါ့။ ဒီကောင်က Program တစ်ခုမှာ ကပ်ရုံနဲ့
မပြီးဘူး။ဂြိုလ်သားတွေလိုပဲ.. ပွားနိုင်တယ်။ အခု ဒီ Program ကနေ၊ နောက် Program တွေကိုလည်း
လိုက်ကပ်နိုင်သေးတယ်။

(၂)Email Virus

Email Virus ကတော့ Email Virus ဆိုတဲ့အတိုင်းပဲ။ လူတွေ လူတွေ ပို့သမျှ Email နောက်ကနေ ကပ်လိုက်သွားတာလား။
လိုက်လည်းလိုက်သွားပြီးရော အကူးခံရတဲ့ လူရဲ့ Address Book ထဲကနေ၀င်ပြီး တစ်ခြားလူတွေဆီ သူ့ဟာသူ အော်တို
Mail တွေ ပို့တော့တာပဲ။
အဲဒီတော့ အပို့ခံရတဲ့ လူကမသိ၊ ဖွင့်လည်းဖွင့်လိုက်ရော သူ့ Address Book ထဲ ပါဝင်ပြီး ကူးပြီးတော့ နောက်လူတွေပါ
ဆက်ပို့တော့တာပဲ။ တစ်ဆင့်ကူး၊ တစ်ဆင့်ကူးနဲ့ ပလူပျံကုန်တော့ တာပေါ့။ G-Galk Virus က အဲဒီလိုမျိုးသွားတာလေ။

(၃)Trojan Horses

Trojan Horses ကလည်း ကွန်ပျူတာ Program တစ်ခုပဲ။ ဒါပေမယ့် ဒီကောင်က အယောင်ဆောင်ကောင်။ ဥပမာ-Game
လိုလို၊ ဘာလိုလို အယောင်ဆောင်ထားတာပေါ့။ ကိုယ်ကမသိလို့သွားလည်း Run
လိုက်ရော...ကိုယ့်စက်ကြီးဖျက်ခံရပါလေရော..။
အခန့်မသင့်ရင် Hard Disk ကိုတောင် ၀င်ကိုက်သွားတာနော်။ ဒါပေမယ့် ဒီကောင်က သူ့ဟာသူမပွားနိုင်ဘူး။

(၄)Worms

Worm ကတော့ Network တွေ၊ Security တွေရဲ့ ယိုပေါက်တွေကနေ တစ်ဆင့် ကူးပြီး သူ့ဟာသူ ဆက်ပွားသွားတာ။
Worm ရဲ့ Copy ကောင်က ဘယ်စက်မှာ Security ပိုင်း ယိုကွက်/ ဟာကွက်ရှိနေလဲလိုက်ချောင်း၊
ချောင်းပြီးလို့တွေ့တာနဲ့ကူးတော့တာပဲ။
ကူးပြီးတာနဲ့ ဘယ်စက်ကို ထပ်ကူးရင်ကောင်းမလဲ ထပ်ရှာတယ်။ အဲဒီလိုနဲ့ မျိုးပွားတဲ့ ကောင်တွေ၊ ရောက်ရာအရပ်မှာ
မျိုးစေ့ချတယ်လေ။ ကဲ ဒါကတော့ Worms Virus ပါပဲ။

Drive တစ်ခု ထပ်ခွဲမယ်


တစ်နေ့က မိတ်ဆွေတစ်ယောက်က သူရဲ့ Hard disk (D:) က ပြည့်နေလို့ ကူညီပါအုံးတဲ့။ ဒါနဲ့ သူစက်ရဲ့ System (C:) ကို ကြည့်လိုက်တော့ ပိုနေတာတွေ ရှိသေးတယ်။ ဒါနဲ့ စိတ်မပူနဲ့ လုပ်ပေးမယ်ဆိုပြီး လုပ်ပေးခဲ့တယ်။ G: drive တစ်ခု ထပ်ပေါ်လာတာပေါ့။ လုပ်နည်းလေးကတော့ အောက်ကအတိုင်းပဲ။

(၁) My Computer ကို Right Click လုပ် Manage ကို ရွေး။
(၂) ပြီးရင် Disk Management ကို Click လုပ်။ ညာဘက်မှာ C: , D: ဆိုတာ ပေါ်လာလိမ့်မယ်။ အောက်ကအတိုင်း။


(၃) C: အကွက်ကို Right Click လုပ်။ Shrink Volume ဆိုတာကို ရွေး။ ခဏစောင့်။
(၄) Box တစ်ခု ကျလာလိမ့်မယ်။ Enter the amount of space to shrink in MB: ဆိုတဲ့အကွက်က C: မှာ လွတ်နေတဲ့ ပမဏာပဲ။ အဲဒီအကွက် အကုန်လုံးကို မယူသင့်တဲ့အတွက် မိမိ လိုချင်သလောက်ခွဲယူ။
(ဥပမာ- C: က 60 GB ဆိုပါတော့။ သုံးထားတာက 30 GB ။ ဒါဆို 30 GB ပိုနေတယ်။ အကုန်လုံး မယူသင့်တဲ့အတွက် 20 GB လောက်ပဲ ခွဲယူပါ။ 20 GB ဆိုရင် 20240 လို ရိုက်ထည့်လိုက်။ ပြီးရင် Shrink ကို နှိပ်။
(၅) ဒါဆို Drive တစ်ခု ထပ်ပေါ်လာလိမ့်မယ်။ အဲဒီ Drive ကို Right Click လုပ်။ New ဆိုတာနဲ့ သူပြောတဲ့ အဆင့်တွေ အတိုင်း လုပ်သွားလိုက်။ ဒါဆို Drive တစ်ခု ပိုထွက်လာပြီပေါ့။

ကွန်ပျူတာအတိုကောက်အခေါ်အဝေါ်လေးတွေ


ADSL - Asymmetric Digital Subscriber Line
AGP - Accelerated Graphics Port
ALI - Acer Labs, Incorporated
ALU - Arithmetic Logic Unit
AMD - Advanced Micro Devices
APC - American Power Conversion
ASCII - American Standard Code for Information Interchange
ASIC - Application Specific Integrated Circuit
ASPI - Advanced SCSI Programming Interface
AT - Advanced Technology
ATI - ATI Technologies Inc.
ATX - Advanced Technology Extended


â€" B â€"
BFG - BFG Technologies
BIOS - Basic Input Output System
BNC - Barrel Nut Connector

â€" C â€"
CAS - Column Address Signal
CD - Compact Disk
CDR - Compact Disk Recorder
CDRW - Compact Disk Re-Writer
CD-ROM - Compact Disk - Read Only Memory
CFM - Cubic Feet per Minute (ft�/min)
CMOS - Complementary Metal Oxide Semiconductor
CPU - Central Processing Unit
CTX - CTX Technology Corporation (Commited to Excellence)

â€" D â€"

DDR - Double Data Rate
DDR-SDRAM - Double Data Rate - Synchronous Dynamic Random Access Memory
DFI - DFI Inc. (Design for Innovation)
DIMM - Dual Inline Memory Module
DRAM - Dynamic Random Access Memory
DPI - Dots Per Inch
DSL - See ASDL
DVD - Digital Versatile Disc
DVD-RAM - Digital Versatile Disk - Random Access Memory

â€" E â€"
ECC - Error Correction Code
ECS - Elitegroup Computer Systems
EDO - Extended Data Out
EEPROM - Electrically Erasable Programmable Read-Only Memory
EPROM - Erasable Programmable Read-Only Memory
EVGA - EVGA Corporation

â€" F â€"
FC-PGA - Flip Chip Pin Grid Array
FDC - Floppy Disk Controller
FDD - Floppy Disk Drive
FPS - Frame Per Second
FPU - Floating Point Unit
FSAA - Full Screen Anti-Aliasing
FS - For Sale
FSB - Front Side Bus

â€" G â€"
GB - Gigabytes
GBps - Gigabytes per second or Gigabits per second
GDI - Graphical Device Interface
GHz - GigaHertz

â€" H â€"
HDD - Hard Disk Drive
HIS - Hightech Information System Limited
HP - Hewlett-Packard Development Company
HSF - Heatsink-Fan

â€" I â€"
IBM - International Business Machines Corporation
IC - Integrated Circuit
IDE - Integrated Drive Electronics
IFS- Item for Sale
IRQ - Interrupt Request
ISA - Industry Standard Architecture
ISO - International Standards Organization

â€" J â€"
JBL - JBL (Jame B. Lansing) Speakers
JVC - JVC Company of America

- K â€"
Kbps - Kilobits Per Second
KBps - KiloBytes per second

â€" L â€"
LG - LG Electronics
LAN - Local Are Network
LCD - Liquid Crystal Display
LDT - Lightning Data Transport
LED - Light Emitting Diode

â€" M â€"
MAC - Media Access Control
MB � MotherBoard or Megabyte
MBps - Megabytes Per Second
Mbps - Megabits Per Second or Megabits Per Second
MHz - MegaHertz
MIPS - Million Instructions Per Second
MMX - Multi-Media Extensions
MSI - Micro Star International

â€" N â€"
NAS - Network Attached Storage
NAT - Network Address Translation
NEC - NEC Corporation
NIC - Network Interface Card

â€" O â€"
OC - Overclock (Over Clock)
OCZ - OCZ Technology
OEM - Original Equipment Manufacturer

â€" P â€"
PC - Personal Computer
PCB - Printed Circuit Board
PCI - Peripheral Component Interconnect
PDA - Personal Digital Assistant
PCMCIA - Peripheral Component Microchannel Interconnect Architecture
PGA - Professional Graphics Array
PLD - Programmable Logic Device
PM - Private Message / Private Messaging
PnP - Plug 'n Play
PNY - PNY Technology
POST - Power On Self Test
PPPoA - Point-to-Point Protocol over ATM
PPPoE - Point-to-Point Protocol over Ethernet
PQI - PQI Corporation
PSU - Power Supply Unit

â€" R â€"
RAID - Redundant Array of Inexpensive Disks
RAM - Random Access Memory
RAMDAC - Random Access Memory Digital Analog Convertor
RDRAM - Rambus Dynamic Random Access Memory
ROM - Read Only Memory
RPM - Revolutions Per Minute

â€" S â€"
SASID - Self-scanned Amorphous Silicon Integrated Display
SCA - SCSI Configured Automatically
SCSI - Small Computer System Interface
SDRAM - Synchronous Dynamic Random Access Memory
SECC - Single Edge Contact Connector
SODIMM - Small Outline Dual Inline Memory Module
SPARC - Scalable Processor ArChitecture
SOHO - Small Office Home Office
SRAM - Static Random Access Memory
SSE - Streaming SIMD Extensions
SVGA - Super Video Graphics Array
S/PDIF - Sony/Philips Digital Interface

â€" T â€"
TB - Terabytes
TBps - Terabytes per second
Tbps - Terabits per second
TDK - TDK Electronics
TEC - Thermoelectric Cooler
TPC - TipidPC
TWAIN - Technology Without An Important Name

â€" U â€"
UART - Universal Asynchronous Receiver/Transmitter
USB - Universal Serial Bus
UTP - Unshieled Twisted Pair

â€" V â€"
VCD - Video CD
VPN - Virtual Private Network

â€" W â€"
WAN - Wide Area Network
WTB - Want to Buy
WYSIWYG - What You See Is What You Get
â€" X â€"
XGA - Extended Graphics Array
XFX - XFX Graphics, a Division of Pine
XMS - Extended Memory Specification
XT - Extended Technology