WELCOME

Friday, September 23, 2011

နှစ်သက်ရာ ဓာတ်ပုံတခုကို တင်ပြီး ပိုက်ဆံရယူနည်း။


>
> ၁။ http://shareapic.net
 
ကို သွားလိုက်ပါ။ အကောင့်တခုလုပ်လိုက်ပါ။
> ၂။ ပြီးရင် ပုံ ၅ ပုံလောက်တင်လိုက်ပါ။ မိမိတို့ပုံ လင့်များကို မှတ်ထားပါ။
> ၃။ log off လုပ်လိုက်ပါ။
> ၄။ ပြီးရင် အောက်က လင့်မှာ ပါတဲ့ Tools ကို ဒေါင်းလုပ်ချပြီး မိမိတို့ပုံ
> လင့်များကို list လုပ်ပြီး tool ကို run လိုက်ပါ။
> ၅။ တနေ့ကို တခါလုပ်လျှင်လုံလောက်သည်။ အနည်းဆုံး US$ 20 ရမှ
> ထုတ်ခွင့်ပေးပါသည်။ ပိုက်ဆံများကို paypal သို့မဟုတ်
> တခြားနည်းလမ်းများဖြင့် ထုတ်ယူနိုင်ပါသည်။
>
> Tool Download:
> http://www.ziddu.com/download/15812216/ShareAPic_Hacker.rar.html
 

USB Drive တစ်ခုခုကို ဖြုတ်တဲ့အခါ Ejecting Problem ဖြစ်နေရင် ဘယ်လိုဖြုတ်မလဲ။

ကွန်ပြူတာအသုံးပြုသူအားလုံး ရင်ဆိုင်ရဖူးတဲ့ ပြဿနာတွေထဲက တစ်ခုပါ။ USB Drive ကို Safely Remove Hardware Icon လေး နှိပ်ပြီး ဖြုတ်ပေမယ့် The Device ‘Generic Volume’ cannot be stopped right now. Try stopping the device again later. ဆိုတဲ့ Ejecting Problem message box တက်လာတတ်ပါတယ်။





အဲဒီလိုဖြစ်လာရင် USB Drive ထဲက Program တွေ၊ File တွေ Floder တွေ ဖွင့်ထားသလား Task Bar နဲ့ System Tray မှာ စစ်ကြည့်ပါ။ ဖွင့်ထားရင် ဖွင့်ထားတာတွေ အားလုံးကို ပြန်ပိတ်ပြီး USB Drive ကို ဖြုတ်ကြည့်ပါ။ မရသေးရင် USB Drive နဲ့ ဆက်နွယ်ခဲ့တဲ့ Program တွေဖွင့်ထားရင် ပိတ်ပြီး ပြန်ဖြုတ်ကြည့်ပါ။ ပြဿနာ တက်နေသေးရင် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။

ပထမနည်းလမ်းကတော့ Task Manager ကိုဖွင့်ပြီး ဖြေရှင်းပါမယ်။ Ctrl+Alt+Delete ကို နှိပ်ပါ။ Windows Vista မှာတော့ Start Task Manager ကို နှိပ်ပါ။ Processes Tab ကို နှိပ်ပါ။ Processes List ထဲမှာ USB Drive ကလို့ထင်ရတဲ့ Process တစ်ခုခုကို ရွေးချယ်ပါ။ End Process Tab ကို နှိပ်ပါ။ ပြီးရင် Safely Remove Hardware Icon ကို နှိပ်ပြီး ဖြုတ်ကြည့် ပါ။





အဲဒီလုပ်လို့မှမရရင် ခုနက Process ကို Right click နှိပ်ပြီး End Process Tree ကို နှိပ်ပါ။ USB Drive ကို ဖြုတ်ကြည့်ပါ။

ဒုတိယနည်းလမ်းကတော့ ကွန်ပြူတာကို Shut Down လုပ်ပြီး USB Drive ကို Remove လုပ်တဲ့နည်းပါပဲ။ ဒါပေမယ့် ဒီနည်းကတော့ Computer ကို Reboot လုပ်ရမှာမို့ အချိန်ကုန်ပါတယ်။

တကယ်လို့ အခု ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုလို့မှ မအောင်မြင်ခဲ့ရင် နောက်နည်းလမ်းတစ်ခုကို သုံးပါမယ်။ USB Safely Remove Program ကို Download လုပ်ပြီး Install လုပ်ပါ။ အဲဒီ Program ဟာ System Tray ထဲက Safely Remove Hardware နေရာမှာ Icon တစ်ခုနေနဲ့ ပေါ်နေမှာ ဖြစ်ပါတယ်။ ဒီ Program ကို သုံးပြီး ဘယ် Process တွေကြောင့် ဒီ ပြဿနာ ဖြစ်ရသလဲ ဆိုတာ သိနိုင်သလို၊ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Program မှာ အခြား Feature တွေလည်း ပါရှိသေးတယ်။ USB Drive တွေကို နာမည် ပြောင်းပြီး၊ Drive တစ်ခုစီကို ရပ်ဖို့ Hot-key တစ်ခုစီကို Set လုပ်ပြီး၊ Auto Run Option လေးတွေ လုပ်လို့ရတယ်။ တကယ်လို့ Program တွေ Auto loading လုပ်တာ မလိုလားရင် Run on Windows Startup Option ကို 0ff ထားပြီး၊ USB Safely Remove Program ကို လိုအပ်တဲ့ အချိန်မှာပဲ ဖွင့်ပြီး အသုံးပြုနိုင်ပါတယ်မယ်။

FACE BOOK အကြောင်း သိကောင်းစရာများ။


ဒီနေ့တော့် FACEBOOK နဲ့ privacy အကြောင်းပြောချင်လို့ပါ။ personal မြင်တာပဲပြောမှာပါ။
နည်းနည်းတော့လန့်တယ်ဗျ။ ဘာလို့လဲဆိုတော့ လူတော်တော်များများက တစ်ခုခုဆိုရင် copy ကူးပြီးတော့ forward
mail လုပ်တတ်ကြတာကိုးဗျ။ မကူးရဘူး မဟုတ်ပါဘူး။ ကူးပါ။ ကျွန်တော့်ဆိုက်ထဲက ကြိုက်ရာကို ကြိုက်သလို
အသုံးပြုခွင့်ပေးထားပါတယ်။ ဒါပေမယ့် ကူုးတဲ့သူတွေက စေတနာ ဗလပွနဲ့ ကျွန်တော် တင်ထားတဲ့ထဲမှာ
မပါတာတွေကိုပါ ထပ်ထည့်ပြီးတော့ ပို့ကြတာကတော့ တော်တော်ကို ဆိုးပါတယ်။ အရင်တစ်ခေါက်ကလဲ ပြဿနာ
အစုလိုက် အပြုံလိုက် တက်ခဲ့ပြီးပြီ။ ဒီတစ်ခါတော့ ကြိုတောင်းပန်ထားမှ။ မဟုတ်ရင် မလွယ်ဘူးဗျ။ FACEBOOK
အကြောင်းဆိုတာကတော့ အဓိကက သူ့ရဲ့ policy အသစ်အကြောင်းပါ။ FACEBOOK F8 EVENT ပြီးတော့
အသစ်ဖြစ်လာတဲ့ TERMS AND CONDITION တွေ တော်တော်များများက ပွင့်ပွင့်လင်းလင်းပြောရရင် အချိုးမပြေလို့
ရေးဖြစ်သွားတာပါ။ အားလုံးလည်း သိထားသင့်တယ်လို့ထင်ပါတယ်။
Policy အသစ်ရဲ့ section 2.1 အရ FACEBOOK မှာ မိတ်ဆွေတင်သမျှ data including status update, photos,
video တွေအားလုံးက FACEBOOK ကပိုင်တယ်ဆိုတာကို သဘောတူပြီးသား အလိုအလျှောက်ဖြစ်တယ်ဆိုတာပါပဲ။
ဆိုလိုတာက သူတို့ အဲဒီ messages တွေကို သူတို့ လိုသလို သုံးနိုင်တယ်။ ဥပမာ - Live search လုပ်ချင်လည်း
လုပ်နိုင်တယ်။ ဓာတ်ပုံဆိုရင်လည်း သူတို့ပိုင်သွားတယ်ဆိုတော့ သူတို့ ကြိုက်တာ၊ လုပ်ချင်တာ လုပ်မယ်ဆိုတဲ့
သဘောပါပဲ။ wink.com လို personal Search Enging လုပ်ချင် လုပ်လို့ရသွာနိုင်တယ်။ ဒါမျိုးက ဆိုးပါတယ်။ ဥပမာ
- Deviant Art ဆိုက် မှာ ကျွန်တော် Art Work သွားတင်လည်းပြဿနာ မရှိပါဘူး။ Right က
ကျွန်တော့်ဘက်မှာပဲရှိပါတယ်။ သူတို့က Free Services ဖြစ်တာတောင်မှ အဲဒီ ကိုယ်တင်တဲ့ Art Work, Photo, ကို
Print လုပ်ချင်တယ်ဆိုရင်တောင် ကျွန်တော်ကို ဆက်သွယ်ရပါတယ်။ FACEBOOK Policy အရဆိုရင်Right တင်မက
Exact Data ကိုသူတို့ပိုင်တယ်ဆိုတဲ့ သဘောပါပဲ။ ဒါမျိုး Policy က ဘယ်လိုမျိုး Social Network Site မှာမှ မရှိပါဘူး။
Flick မှာတောင်မှ မရှိပါဘူး။ Stock Photo ရောင်းတဲ့ iStockPhoto မျိုးမှာတောင် ကိုယ့် Photo တင်ထား၊
ရောင်းရဦးတော့ သူတို့ မပိုင်ပါဘူး။ ကော်မရှင် ခပဲယူလို့ရပါတယ်။

Section 4.6 အရ မိတ်ဆွေဟာ FACEBOOK မှာ Update မဖြစ်ရင် status Update မလုပ်ရင် Notice အပေးပဲ
ဖျက်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ( ၈ ) နှစ်လောက်က ကျွန်တော် အင်တာနက် စသုံးတဲ့အချိန်မှာ
ဖွင့်ထားတဲ့ g-mail account က တစ်နှစ်လောက်ပဲ သုံးလိုက်ရပါတယ်။ နောက်ပိုင်း password မေ့သွားလို့
မသုံးဖြစ်တာ ( ၇ ) နှစ်လောက်ရှိပါပြီ။ ခုနောက်ပိုင်းမှ သတိရလို့ပြန်လုပ်ကြည့်တော့ ခုထိရှိနေတုံးပဲဗျ။
ကျွန်တော်တွေးမိတယ်။ FACEBOOK မှာဆိုရင် account က ဒီလောက်ခံပါဦးမလားလို့။ Gizmodo ကထောက်ပြတာ
တစ်ခုရှိသေးတယ်ဗျ။FACEBOOK FOUNDER, CEO Zukerbag ရဲ့ Ethic ပြဿနာတွေရှိနေသေးတယ်လို့ဆိုပါတယ်။
Founder ကိုယ်တိုင်က အရင်တုန်းက user တွေရဲ့  account က password ကိုကြည့်ပြီး personal e mail
တွေကိုဝင်ဖတ်ဖူးတဲ့ပြဿနာရှိထားဖူးတယ်တဲ့ဗျ။
FACEBOOK က F8 Conference မှာ Open Graph ဆိုတဲ့ API ကိုစတင် မိတ်ဆက်ပေးပါတယ်။ အမှန်တော့်
ကျွန်တော် Personally မကြိုက်ပါဘူး။ ကျွန်တော်တင်မဟုတ်ပါဘူး။ နိုင်ငံခြားက အလောဂ်တွေမှာ ကော်မန့်တွေ မှာ
လူတွေ မကြိုက်တာကို တွေ့ရပါတယ်။ Open Graph အစား Open Gab လို့ နံမည်ပြေင်းလိုက်ရင်
ကောင်းလိမ့်မယ်ထင်တယ်။ ဘာပြဿနာတွေရှိနေလို့လဲဆိုရင် FACEOOK LIKE button ပါတဲ့ အခြား ဘလော့ဂ်
တစ်ခုခုမှာ ကျွန်တော်က Like နှိပ်လိုက်တယ်ဆိုရင် ကျွန်တော့် FACEBOOK သူငယ်ချင်းတွေရဲ့ Timeline မှာ
ကျွန်တော်က အဲဒီလင့်ခ်မှာ Like လုပ်တဲ့အကြောင်း သွားပြပါတယ်။ ကျွန်တော် အဲဒီပို့စ်ကို သူငယ်ချင်းတွေဆီမှာ Share
လုပ်မှာလား၊ မလုပ်ဘူုးလားလဲ မမေးပါဘူး။ နောက်ဆိုရင် Like လုပ်တာတောင် သတိထားရမယ့်ပုံပေါက်နေပါပြီ။ Like
မနှိပ်ခင်မှာ အဲဒီ ကိစ္စကိုပါ စဉ်းစားဖို့ လိုလာပါပြီ။ FACEBOOK မှာက Friend လို့သာပါတာ ကိုယ်နဲ့ လုံးဝ
မသိတဲ့သူတွေက အများကြီးပါ။

FACEBOOK မှာ Status Message က အရင်ကတည်းက Public လုပ်မှာလား၊ Private လုပ်မှာလားဆိုပြီးရှိပါတယ်။
ကျွန်တော်ကတော့ Friends Only Private လုပ်ထားတဲ့အတွက် အောက်မှာ Lock ပုံကလေးက အမြဲပါပါတယ်။
ခုချိန်မှာတော့ Public က Friends Only တင်မက၊ Friends Of Friends တင်လည်း မဟုတ်တော့ပါဘူး။
FACEBOOK Society အားလုံး ပါသွားပါပြီ။ FACEBOOK API သုံးထားတဲ့နေရာမှန်သမျှကို Public လို့ဆိုလိုတာ
ဖြစ်သွားပါပြီ။ အဲဒါကိုလည်း သတိထားဖို့လိုပါတယ်။
နောက်တစ်ခုက FACEBOOK Application တွေက User Data တော်တော်များများကို Access
လုပ်ခွင့်ရနေတယ်ဆိုတာပါပဲ။ ကျွန်တော်က Developer မဟုတ်တဲ့အတွက်ကြောင့် သေသေချာချာတော့ မသိပါဘူး။
ဒါပေမယ့် သတင်းတွေတိုင်းလိုလိုမှာတွေ့နေရတော့ သတိထားဖို့တော့လိုပါတယ်။ တချို့ Application တွေဆိုရင်
ကိုယ်ဓာတ်ပုံဖိုင်တွေထဲ ၀င်မွှေပြီးတော့ Idiot Of The Day လုက်လုပ်လိုလုပ်နဲ့ အဲဒီပုံတွေကို Access
လုပ်လိုရကတည်းက နည်းနည်းတော့လန့်နေပြီဗျ။ F8 လည်းပြီးရော ကြော်ငြာတွေက GOOGLE ADSENSE
ထက်ပိုတိကျတာကိုတောင်တွေ့နေရပါတယ်။ ဥပမာ - စင်ကာပူမှာ Rock Concert ရှိတယ် ဘာညာပေါ့ဗျာ။
Advertiser တွေကလည်း ကျွန်တော့် Profile Data ကို Access လုပ်လို့ရနေပြီဆိုတဲ့ သဘောပါပဲ။ ဘယ်မှာနေတယ်၊
ဘာ Movie ကြိုက်တယ်၊ သီချင်းဆိုလည်း ဘယ်လို Music မျိုးကိုကြိုက်တယ်ဆိုတာ အကုန်ယူထားပါတယ်။
တစ်ခါတစ်လေတော့လည်း Update တွေကိုသိရတာပေါ့လို့တွေးမိပေမယ့်လည်း ကိုယ့် Data
တွေကိုယူသုံးနေတယ်ဆိုတာသိရတော့လည်း နည်းနည်းတော့ တင်းလာပြန်တယ်ဗျ။
ပြီးတော့ Technical Problems တွေ၊ Hotel တွေလည်းရှိတယ်လို့ဆိုပါတယ်။ အဲဒီ Technical Problems
တွေအသာထားပြီး Social Problems တွေကိုပဲပြောပြပါတော့မယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်
ပြဿနာမျိုးလည်းရှိနေကြမယ်ထင်ပါတယ်။ ဖြစ်ပုံက နည်းနည်းတော့ရီစရာကောင်းတယ်ခင်ဗျ။ သူ့အကောင့်ထဲမှာ သူ့
အရင်ရည်းစား ရဲ့ ညီမနဲ့သူနဲ့က Friends တွေဖြစ်နေတုန်းပါ။ အဲဒီမှာ ပြဿနာရှင်းအောင် A, B, C, D
နဲ့ပဲပြောတော့မယ်ဗျာ။ သူ့အရင် ရည်းစားဟောင်းကို A လို့ထားလိုက်မယ်။ အရင်ရည်းစားညီမကို B
လို့ထားလိုက်မယ်ဗျာ။သူ့အရင်ရည်းစား A နဲ့က REMOVE လုပ်ထားတာ ကြာပါပြီ။ အဲဒီမှာ B ဖြစ်တဲ့ သူ့ညီမနဲ့က
Friend အနေနဲ့ရှိနေသေးတယ်ဆိုတော့ ရည်းစားဟောင်း A နဲ့ Friend မဟုတ်တော့ပေမယ့် ၀င်ကြည့်လို့ရနေသေးတယ်။
အဲဒီမှာ ပြဿနာက စတယ်ပြောရမှာပဲ။ အခု ကျွန်တော့် သူငယ်ချင်းက မိန်းမရသွားတာ နှစ် နှစ်လောက်ရှိပြီ။ သူ့မိန်းမက
သူ့ iPhone ကနေ၀င်ကြည့်တော့ ပြဿနာမျိုစုံတက်တော့တာပဲ။ B ကိုပါ ဖျက်ပစ်ချင်တာ ကံများဆိုးချင်တော့ iPhone
FACEBOOK Application မှာက Remove မပါတော့ ကျွန်တော်နဲ့တွေ့တော့မှ ကျွန်တော့် Laptop ကနေ Remove
လုပ်ပေးလိုက်ပါတယ်။
နောက်ပြဿနာတစ်ခုရှိနေပါသေးတယ်။ အဲဒါက Photo တွေကို Tag လုပ်လိုက်ရင် Profile Album ထဲမှာ
လာလာပေါ်နေတာပါပဲ။ ငယ်ငယ်တုန်းက အတူတူသောင်းကျန်းခဲ့ကြတာတွေကို ဘော်ဒါတွေက ပြန်တင်ပြီး Tag
လုပ်လိုက်ရင် Profile ထဲမှာ ခန့်ခန့်ကြီး ပေါ်နေတာပါပဲ။ ကျွန်တော့် ဘော်ဒါ တစ်ယောက်ဆိုရင် ညဘက်ကြီး အင်္ကျီ
ချွတ်ကြီးနဲ့ လမ်းဘေးက အုတ်ခုံမှာ ထိုင်ပြီး Guiter တီးနေတဲ့ပုံတွေကို သူများတင်တော့ Tag ခံလိုက်ရပြီး Profile ထဲမှာ
လာပေါ်နေတော့ တာပါပဲဗျာ။ အောက်မှာ ကော်မန့်တောင် အပေးခံလိုက်ရပါသေးတယ်။ အစ်ကိုတို့ ငယ်ငယ်တုန်းက
တော်တော် စရိုက်ကျတာပဲတဲ့။ တိန်။ ကောင်းကြရောဗျာ။ ဒီကြားထဲ Application များက Fake Tag ကြတာက
အပြွတ်လိုက် ပါလာကြသေးတာ။ အဆိုးဆုံးကတော့ My SIM ဆိုလား မသိဘူး။ တစ်ခါ Tag လိုက်ရင် အများကြီးပဲ။
ကြည့်မရတဲ့ FACEBOOK က သူငယ်ချင်းတွေကို အရှက်ခွဲချင်တယ်ဆိုရင်တော့ ငယ်ငယ်က ပုံတွေကိုသာ ပြန်တင်ပြီး
Tag ပေးလိုက်ဗျာ။ သူတို့ Timeline ထဲမှာ သွားပေါ်ပြီးတော့ တခြားသူတွေကိုပါ ကြေငြာပြီးသားဖြစ်သွားလိမ့်မယ်။
တစ်ခုတော့ သတိထားဗျ။ တင်သမျှပုံတွေကို FACEBOOK က သူပိုင်တယ်ဆိုပြီး လုပ်မှာနော်။
ပြဿနာတွေထဲမှာ FACEBOOK Icon တွေလို လုပ်ထားတဲ့ Fake Application တွေကလည်း ရှိသေးတယ်။
နောက်တစ်ခု သတိထားစရာက FACEBOOK က Avata, Profile Photo တွေဟာ လုံးဝ Public
ဖြစ်ပြီးသားဆိုတာပါပဲ။ website တွေ၊ ဘလော့ဂ်တွေက Sidebar မှာ Like လုပ်ထားရင်
နောက်လာဖတ်တဲ့သူမှန်သမျှကို ကိုယ်နဲ့ သိသိ၊ မသိသိ Fan အနေနဲ့ပြမှာပါ။ Post ကို Like လုပ်တာက Friends Only
ပြမှာဖြစ်ပေမယ့် အဲဒီ Fan Like လုပ်တာက Public ဖြစ်တာမို့ ကိုယ့်ကောင်မလေးနဲ့ရိုက်ထားတဲ့ပုံတွေကို တင်ရင်
သတိထားဖို့လိုအပ်ပါတယ်။ ယောက်ဖတွေ၊ ယောက္ခမတွေ တွေ့သွားရင်တော့ လုံးဝ မလွယ်ကြောပါပဲ။ Update
FACEBOOK မှာ လောလောဆယ် Malware တစ်ကောင်ပြန့်နေတယ်ပြောပါတယ်။ အဲဒါက Sexy Movies တွေကို
ကိုယ်လည်း မတင်ပဲနဲ့ သူ့အလိုလို တက်တက်လာတာပါပဲ။ စာသားက “this is without doubt sex video ever”
လို့ပေါ်ပါတယ်။ နောက်တစ်ခုက “Candid Camera Park [HQ] “ လို့ပေါ်နေပါတယ်။ ကြည့်မိရင် ကိုယ့်ဆီကိုလည်း
ကူးပါတယ်။ သူငယ်ချင်းတွေဆီမှာ ဒီရင်ပိုင်းအတွင်း အဲဒါတွေ တက်တက်နေတာကို သတိထားမိပါတယ်။ Comment
ပေးပြီးတော့တော့ နောက်လို့အကောင်းသားဗျ။ ကြည့်ချင်ဦးဟဲ့ Sexy videos တွေဆိုပြီးတော့လေ။
ကဲဒီနေ့တော့ တော်တော်ညဉ့်နက်နေပြီမို့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါကြပါ။ မြန်မာလို အများဆုံးရေးပြီး Status
message update လုပ်တာတွေကို သူတို့ တစ်ချိန်ချိန်မှာ သုံးလို့ရ၊ မရ မသိပေမယ့် Photo, Video တွေ
ကိုပါပိုင်တယ်ဆိုတဲ့ FACEBOOK ရဲ့ Policy ကိုမကျေနပ်လို့ အများသိအောင် ဒီပို့စ်ကို ရေးဖြစ်သွားတာပါ။ FACEBOOK
အနေနဲ့ကတော့ Google Buzz လိုမဖြစ်အောင် အချိန်မှီပြင်ဆင်သင့်နေပြီလို့ ထင်ပါတယ်။ လောလောဆယ်တော့
FACEBOOK ACCOUNT ကို Delete လုပ်ဖို့ Campaign တွေရှိနေတာကိုလည်းတွေ့နေရပါတယ်။
ဖျက်ဖို့ဆိုတာကတော့ မလွယ်သေးတဲ့ ကိစ္စတစ်ခုပါပဲ။ ဓာတ်ပုံတွေ ဗီဒီယိုတွေ တင်တာကိုတော့ ဆင်ခြင်နိုင်တာ
ကောင်းပါတယ်။ လောလောဆယ်တော့ US Congress ကလည်းစာတွေပို့ပြီး စုံစမ်းနေတယ်လို့ သိရပါတယ်။ HAVE A
NICE DAY.
ကျွန်တော်ပို့စ်တွေတင်တာ အသိသေးတဲ့သူတွေအတွက်ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သိပြီး တတ်ပြီးလို့ ယူဆကြတဲ့ ဆရာ့
ဆရာကြီးများ အတွက် မရည်ရွယ်ပါ။ ကိုယ့်ကိုယ်ကိုယ် သိပြီး၊ တတ်ပြီးလို့ ယူဆရင် ကျွန်တော်တင်တဲ့ ပို့စ်တွေကို လာမဖတ်ကြပါနဲ့။
အစကတော့ မပြောတော့ဘူုးလုပ်နေပေမယ့် မနေနိုင်လို့ ပြောလိုက်မိတာပါ။ကျေးဇူးတင်ပါတယ်။
ကဲသူငယ်ချင်းများအားလုံး ပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ။

သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ


သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ
Email အဟက်ခံရတယ်ဆိုတာဟာ များသောအားဖြင့် ဟောဒီအချက်တွေကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

၁။ social engineering ဆိုတဲ့ အယုံသွင်းပြီး password ကိုယူသွားတာ
၂။ cookies အခိုးခံရတာ
၃။ key logger လိုဟာမျိုးနဲ့ ကိုယ်ရိုက်ထားသမျှတွေထဲကနေ password ကိုသိသွားတာ

ကျွန်တော် သိသလောက်ကတော့ ကျွန်တော်တို့ဆီမှာ ကြုံကြရတာဟာ အမှတ်(၁) အမျိုးအစား က များပါတယ်။ Gmail team ကလိုလို၊ တခြား ယုံကြည်ရတဲ့ Site တစ်ခုခုက လိုလိုနဲ့စာတွေပို့ပြီး အယုံသွင်း တတ်ကြပါတယ်။ များသောအားဖြင့် အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့ သူတွေ ပိုပြီးခံရကြပါတယ်။ ပြီးတော့ လူ့လောဘကို အသာလေးဆွပေးလိုက်တဲ့ စာမျိုးတွေလည်း လာတတ်ပါသေးတယ်။

တစ်ခြားသူ တစ်ယောက်ယောက်ရဲ့ password ကိုသိချင်ရင် သူပို့လိုက်တဲ့ အထူးပရိုဂရမ် ကိုသုံးကြည့်ဖို့ ပေါ့လေ။ လူတိုင်းဟာ သူများရဲ့ အတွင်းရေးကို သိချင်ကြသူတွေချည်းပဲမဟုတ်လား။ အဲဒီအချိန်မှာ သတိလွတ်သွားပြီး သူတောင်းတဲ့အတိုင်း ကိုယ့် password ကို ပေးလိုက်မိပါတယ်။ ပြီးရင် တစ်ဖက်က စာပြန်လာတတ်ပါတယ်။ မင်းသိချင်တာအတွက် အလုပ်လုပ်နေဆဲမို့လို့ ခဏစောင့်ပါ ဘာညာပေါ့လေ။
အဲဒါကတော့ auto responder လုပ်ထားလို့ ပြန်ရောက်လာတဲ့စာပါပဲ။ ကိုယ့်မေး(လ်) နဲ့ password ကတော့ သူ့ဆီရောက်သွားပါပြီ။ ကြုံဖူးရင်ကြုံဖူးကြမှာပါ။ ဒီတော့ကာ အဲဒီလို စာမျိုးတွေကို ဘယ်တော့မှ မယုံပါနဲ့။
ဒီလိုလုပ်လို့ သူများ password ကို ဘယ်လိုမှ မသိရနိုင်ပါဘူး။ တစ်ဖက်က mail server ထောင်ထားတဲ့ သူတွေကလဲ သူငယ်နှပ်စားလေးတွေမှ မဟုတ်တာ။ သူတို့ဒီလောက်တောင် အ, ရင် ကုန်သွားတာကြာပြီပေါ့။

အမှတ်(၂) အမျိုးအစားကတော့ ခင်ဗျားတို့လောလောဆယ် အီးမေး(လ်)ကဲ့သို့သော login name နဲ့ password သုံးရတဲ့ ဆိုက်မျိုး တစ်ခုခုကို ၀င်နေချိန်မှာ အဲဒီ အချက်အလက်တွေကို ခင်ဗျားတို့ရဲ့ browser က ယာယီဖိုင်ကလေးတွေဖြစ်တဲ့ cookies လေးတွေအဖြစ် စက်ထဲမှာ သိမ်းထားပါတယ်။ အဲဒါမျိုးကို တစ်ဖက် ဆာဗာကနေ java code, php code လို script လေးသုံးပြီး ယူလိုက်လို့ရပါတယ်။ ပြီးရင် သူ့ဆာဗာ တစ်နေရာမှာ သိမ်းထားလိုက်မှာပေါ့လေ။ နောက်တော့မှ အဲဒီ cookies တွေကို သူ့ browser ထဲကို import လုပ်လိုက်ရင် ခုနက ခင်ဗျား login ၀င်ထားတဲ့ အနေအထားမျိုးပြန်ဖြစ်သွားပြီး ခင်ဗျားရဲ့ မေး(လ်)ထဲကို ရောက်သွားပါလိမ့်မယ်။

အဲဒီလို cookies ခိုးတာဟာ server side script ရော client side script ရော နှစ်မျိုးစလုံးနဲ့ လုပ်လို့ရပါတယ်။
Firefox plug-in တွေဖြစ်တဲ့ grease monkey တို့ chicken foot တို့လိုဟာမျိုးတင်ထားပြီး၊ java script ထည့်ထားရင် အဲဒီ ပရိုဂရမ်ဟာ background process အဖြစ်နဲ့ ခင်ဗျားရဲ့ cookie တွေကို အချိန်တိုင်း သူ့ဆာဗာဆီကို လှမ်းပို့နေပါလိမ့်မယ်။ အဲဒါမျိုးကို antivirus တွေမသိနိုင်ပါဘူး။
ဒီတော့ကာ ဆိုင်မှာသုံးတဲ့အခါ ကိုယ်သုံးမဲ့ Firefox က add-on နေရာမှာ ဘာတွေရှိနေ သလဲဆိုတာ အရင်ကြည့်ကြည့်ပါ။ grease monkey တို့ chicken foot တို့တွေ့ရင် uninstall လုပ်လိုက်ပါ။
ပြီးတော့က WOT Web of Trust ဆိုတဲ့ Firefox plug-in တစ်ခုကိုတင်ထားစေချင်ပါတယ်။ သူက စိတ်ချရတဲ့ Site အဆင့်အတန်းကို ၀ါ စိမ်း နီ အရောင်နဲ့ပြပါတယ်။ အနီရောင်ဆိုရင် ၀င်မကြည့်သင့်ပါဘူး။ များသောအားဖြင့် crack.ms တို့လို password တွေ serial တွေပေးတဲ့ Site တွေ နဲ့ porn site တွေဟာ စိတ်မချရပါဘူး။ နောက်ပြီးတော့ Beef ဆိုတဲ့ browser exploitation framework တစ်ခုရှိပါသေးတယ်။
ဟောဒီ link ကနေ သွားကြည့်ကြပါ။ http://www.bindshell.net/tools/beef အဲဒီဟာကတော့ server side application တစ်ခုဖြစ်ပြီး ကိုယ်ဆာဗာပေါ်မှာ အဲဒါကိုတင်ထားပြီး သူလုပ်ခိုင်းတဲ့အတိုင်း configuration လုပ်ထားရင်၊ admin panel ကနေ ကိုယ့်ဆီလာကြည့်သမျှစက်တွေထဲကို လုပ်ချင်တာလုပ်လို့ရနေတဲ့ သဘောရှိပါတယ်။ XSS proxy ပုံစံမျိုးပါပဲ။ XSS နားလည်တဲ့သူတွေကတော့ သဘောပေါက်ကောင်း ပေါက်နိုင်ပါတယ်။ ဒေါင်းပြီး ကိုယ့်စက်ထဲမှာ စမ်းကြည့်လို့လဲရပါတယ်။ တကယ်ဖြစ်ပါတယ်။ ကျွန်တော် စမ်းပြီးသားပါ။ အဲဒီလိုဟာမျိုးတွေကိုလဲ ကြောက်ရပါတယ်။

အမှတ်(၃) အမျိုးအစားဖြစ်တဲ့ key logger ဆိုတာကတော့ ကီးဘုတ်က ရိုက်သမျှတွေအကုန်လုံးကို စက်ထဲမှာ
ဖိုင်လေးတွေဖွင့်ပြီး သိမ်းထားတဲ့ဟာမျိုးပါပဲ။ ဒီတော့ကာ ခင်ဗျားရိုက်သမျှကိုသိရပြီပေါ့ဗျာ။ ဒါကတော့ task manager ကနေကြည့်ရင် ဘာ run နေလဲဆိုတာသိနိုင်ပါတယ်။ စိတ်မချရတဲ့ဆိုက်ဆိုရင် မသွားနဲ့ပေါ့။ ပြီးတော့ user name တို့ password တွေရိုက်တဲ့အခါမှာ အမှားတွေရောပြီးရိုက်လိုက် back space နဲ့ ပြန်ဖျက်လိုက်၊ ထပ်ရိုက်လိုက် ... အဲဒါမျိုးရိုက်ထည့်ပါ။ အဲဒါဆိုရင် key logger က log file ကိုကြည့်တဲ့အခါ တော်တော် ခေါင်းစားပြီး password အမှန်ကို သိအောင် တော်ကြိုးစားရပါလိမ့်မယ်။ များသောအားဖြင့်ကတော့ key logger တွေကို antivirus တွေက လက်မခံပါဘူး။

ဒီတော့ကာ အခုပြောခဲ့သမျှတွေကို သေချာနားလည်အောင်ဖတ်ပြီး ကာကွယ်ကြပါတော့။ အကောင်းဆုံး ကတော့ password ကို မကြာမကြာပြောင်းပေးဖို့ပါပဲ။ တစ်ချို့ကလဲ password မှန်သမျှကို တစ်မျိုးထဲ ထားတတ်ကြပါတယ်။ ဒါလဲ မလုပ်သင့်ပါဘူး။ ပြီးတော့ security question တွေကို လေးလေး နက်နက် သဘောထားပြီး ခန့်မှန်းလို့ခက်မဲ့အဖြေမျိုးတွေကိုပဲ ဖြေကြစေချင်ပါတယ်။ ပြီးတော့ကာ secondary mail ကို သူများမေး(လ်) မထားကြပါနဲ့။ သူများကိုလဲ မေး(လ်)မလုပ်ခိုင်းပါနဲ့။ ခုခေတ်မှာ ရည်းစားနဲ့ မေး(လ်)ချင်း ဖလှယ်တာတွေကို အမြဲတွေ့နေရပါတယ်။ တကယ်တမ်းကတော့ အပြန်အလှန် လျှို့ဝှက်ချက်မရှိကြောင်း သက်သေထူချင်တာပါပဲ။ ချစ်ဆိပ်တက်နေတုန်းမှာ ဘာမှ မဖြစ်ပေမယ့်၊ ရန်ဖြစ်ကြပြီဆိုရင် တစ်ဖက်လူက ကိုယ့်မေး(လ်)က ဟာတွေ အကုန်ရသွားပါလိမ့်မယ်။ ဒါမျိုးနဲ့ အရှက်တကွဲအကျိုးနည်းရတာတွေကြားဖူးပါတယ်။

hackerတွေ ရဲ့ skills မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းတာလဲတခု အပါအဝင်လို့ပြောချင်ပါတယ်
ကိုယ် h*** ချင်တဲ့လူနဲ့ ခင်အောင်ပေါင်းပြီးသူ့ရဲ့ Security Question ကို Guess လုပ်တာပါ Exp... Birthday, mother middle name ... etc....

Site, Company တခု ကို h*** တော့မယ်ဆိုရင်အဲ့ဒီ company မှာလုပ်နေတဲလူနဲ့ တည့်အောင်ပေါင်းပြီး information ကိုရအောင်ယူကြတယ်။ Exp... Hardware, Software, network topology, server OS, etc....... That's social engineering. ဒါကြောင့် အပျော်သုံးဖို့နဲ့ အလုပ်လုပ်ဖို့ စသဖြင့် မေး(လ်)တွေ အမျိုးမျိုးခွဲထားပါ။ မြန်မာပြည်မှာ password အခိုးခံရတာဆိုတာတော့ အများအားဖြင့် သုံးစွဲသူတွေရဲ့ security အသိပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် များပါတယ်.. g-mail ကို server ထိ လိုက် h*** ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါ။

1) g-talk, gmail သေချာ sign out လုပ်ပါ။ login ၀င်လျှင် remember password ကို check မပေးပါနဲ့။ never for this site သာချပါ။history, cookies တို့ကို clear လုပ်ခဲ့ပါ။

2) g-lite တွေကို ဖြစ်နိုင်ရင် မ၀င်ပါနဲ့ ။ php နည်းနည်းလေးသိတာ လောက်နဲ့တင် အလွယ်တကူ ခိုးယူလို့ရပါတယ်။

3) g-mail, yahoo, hotmail အစရှိသော mail တို့ရဲ့ password တောင်းရာ site တွေကို လုံးဝ password မပေးပါနဲ့။ ဥပမာ (friendster, multiply, zorpia, hi5 etc.,) ကိုယ့်သူငယ်ချင်းတွေဆီ spam မေးတွေရောက်သလို။ ကိုယ့် အကောင့်နဲ့ သူချယ်လှယ်ချင်တာ ချယ်လှယ်တာ ခံရပါလိမ့်မယ်။

4) ကိုယ့်သုံးတဲ့ စက်မှာ golden eye, key logger အစရှိသော user အား trace လိုက်ရာ program များ run ခြင်းရှိမရှိ စစ်ကြည့်ပါ။ မသကာၤပါက end process သာ ကစ္ပစ္ပါ။ restart မှတပါး ဘာမှ ပြဿနာ မရှိနိုင်၊ မဖြစ်နိုင်ပါ။

Cyber Café မှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

တော်တော်များများက Gmail password h*** မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး။

တချို့ Forum တွေ Blog တွေမှာ ရေးကြတာကတော့ connection ကျအောင်အရင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ... အဲဒီထက် ကောင်းတဲ့နည်း ရှိတယ်ဗျ ... see password လို့ ခေါ်တယ်။ ဒီ software လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ဒါကြောင့် ရှိမရိလညှ်း မသိရတော့ဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ် ကြားတွေ ပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် Cyber ကနေ သုံးရတဲ့လူတွေ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေလို ဖြစ်သွားမယ် ။ )

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျွန်တော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံး မှတ်ပေးနိုင်တယ် ဆိုတာ မယုံဘူးလား .. Software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။ ကဲ ကြာပါတယ် .. ကိုယ်ရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ key logger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက် တာပါပဲ...ဘာလို့ဆို ရိုးရိုး user တွေအနေနဲ့က ဘယ်လို file က အချက်အလက်တွေကို ရီကော့လုပ်တာလဲ ဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ Application ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။

အဲ့ဒီ Software က media server ဆိုတဲ့ အရေခြုံထားတာပါ။ internal name ကတော့ KeyLogger.exe ပါ။
Data Doctor Key Logger လို့လဲခေါ်ကြပါသေးတယ်။ OS ကိုလိုက်ပြီး သိမ်းတဲ့နေရာကွဲသွားပါတယ်။
C:\Windows\System for Windows 95/98/ME
C:\Winnt\System32 for Windows NT/2000
C:\Windows\System32 for Windows XP and Vista
အဲဒီနေရာတွေမှာ ရှာကြည့်ပါ။ ပြီးရင် Registry ထဲက Run, RunOnce, RunServices ဒါမှမဟုတ် RunServicesOnce နေရာတွေမှာရှာပြီးဖျက်ပစ်ပါ။ အောက်မှာ ပြထားတဲ့ နေရာတွေနဲ့ file တွေတွေ့ရင် delete လုပ်ပစ်ပါ။ safe mode နဲ့ လုပ်ပါ။
%ProgramFiles%\KeyLog\Key.exe
%ProgramFiles%\KeyLog\Uninstall.exe
%ProgramFiles%\KeyLog\msdts.exe
%UserProfile%\Desktop\Key.exe

ဒါက DLL file တွေကို ကစ်ဖို့ ..
%ProgramFiles%\KeyLog\Registration.dll
%ProgramFiles%\KeyLog\Support.dll
%System%\Urncb.dll
%System%\Urncbc.dll

ဒါကတော့ registry မှာ ရှာဖို့၊ တွေ့ရင်ဖျက်...။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Uninstall\Data Doctor KeyLogger (Trial) 2.0.1.5

အဲ့ဒီ Software ဟာ default home page ကိုလဲ change သွားတတ်ပါသေးတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဒီနည်းနဲ့ H*** ခံခဲ့ရဖူးပါတယ်။
================================================== ==
တကယ်တော့ Gmail password ပဲ h*** ခံရမှာကြောက်နေတာလား အခြားဟာ တွေကော h*** ခံရမှာ မကြောက်ကျဘူးလား ဘယ် web site ကိုပဲဖွင့်ဖွင့် Gmail, friendster, zopia, hi5,WAYN အဲဒါတွေဖွင့်တယ် VZO သုံးတယ် ပြီးတော့အမူမဲ့အမှတ်မဲ့ပြန်သွားကြတယ်လေ အဲဒီမှာနောက်လူကလာတော့တွေ့ရော သူများအကြောင်းကိုယ့်အကြောင်းစပ်စုချင်တဲ့သူက၀င်မှာပဲလေ အဲဒီအခါကျတော့ h*** သလို ဖြစ်သွားတာ ပေါ့နော် တကယ့် h***** ကြီးတော့မတွေ့ဘူးသေးဘူး ရှိလဲ ဒီလို Gmail လောက်ကိုလိုက် မhack ဘူးထင်တာပဲလေ အကောင်းဆုံးကတော့ ကိုယ်သုံးပြီးရင်သေချာ log out လုပ်ခဲ့လားဆိုတာကိုပြန်စစ်ပေါ့… VZO ကတော့အများဆုံးကျန်တတ်တယ် သတိတော့ထားပေါ့နော် Gmail ကတော့ ဒီတိုင်းပိတ်လိုက်ပြီး ပြန်ဖွင့်ရင်တောင် username and password တောင်းပါတယ် လွယ်လွယ်လေးနဲ့ h*** လို့်မရပါဘူး
ကိုယ့်အကောင့်ကို ကိုယ်သေချာ logout လုပ်ခဲ့ပါ အပေါ်ကပြောသလို key logger လိုဟာတွေရှိမရှိစစ်ပေါ့နော်
ရှိရင်လဲ ပိတ်ထားလိုက်ပေါ့ မပိတ်တတ်ရင် ဆိုင်ရှင်ကို ပိတ်ပေးဖို့ပြောလိုက်ပေါ့ဗျာ အဲဒါပိုကောင်းပါမယ်။

Hacking လုပ်စရာ Gmail တခုထဲရှိတာမဟုတ်ဘူးဆိုတာကိုလည်း မမေ့ပါနဲ့ ပြီးတော့ မြန်မာပြည်က Gmail တော်တော်များများဟာ personal များပါတယ် အဲဒီမေးလ်တွေကို့ hacker တွေက မhack လောက်ပါဘူး
ဒီလိုပဲသာမာန် user ထဲကနည်းနည်းပိုတတ်တဲ့သူက ကလိတာဖြစ်မှာပါ ကိုယ့်အကောင့် ကိုသိသွားတာ မခံချင်စရာပေါ့နော် သုံးပြီး ပြန်ကြည့် သတိရှိရင် မခံရနိုင်ပါဘူး

================================================== ==

နောက်တစ်ခုကတော့ ကျွန်တော်ရဲ့ Close Friend တစ်ယောက်အကြောင်းပါ၊ သူက စလုံး မှာ ကျောင်းတက် နေတာ သူရဲ့ Gmail ကို H*** လုပ်ခံလိုက်ရတာပါ။ သူကတော့ သူ့ laptop ကို သူတစ်ယောက်ပဲသုံးတာပါ။

တနေ့ သူ Gtalk မှာ h***** လိုပြောတဲ့ သူ တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်း က မင်း h***** ဆိုရင် ငါ့ Gmail ကို ရအောင် h*** ဆိုပြီး ပြောလိုက်တယ်။ h***** ကပြောတယ် 24 hr အတွင်း h*** ပြမယ်လို့ပြောတယ်။ နောက်နေ့ မနက်မှာ h***** ရဲ့ Gtalk's status မှာကျွန်တော့် သူငယ်ချင်းရဲ့ password ကိုတင်ထားတာ တွေ့တော့ ကျွန်တော့သူငယ်ချင်း shock ဖြစ်သွားပါတယ်။ ကျွန်တော် သူငယ်ချင်း က h***** ကိုပြောလိုက်တယ် မင်းမှာ Gmail ကို h*** တဲ့ tools ရှိလိုမင်း h*** လုပ်လို့ရတာ။ ဒါက ကလေးတောင် လုပ်နိုင်တယ်လို့ ပြောပြီး သူ့ကျောင်း email ကိုပေးပြီး h*** လုပ်ဖို့ ထပ်ပြောလိုက်တယ်။ အရင်အတိုင်းပါပဲ နောက်တစ်နေ့ မနက်မှာ h***** ရဲ့ Gtalk's status မှာ ကျွန်တော့်သူငယ်ချင်းရဲ့ password ထပ်ပြီး တင်ထားလိုက်ပြန်တယ်။

အဲဒီမှာတင် ကျွန်တော့်သူငယ်ချင်းလည်း h***** ဆိုတဲ့ ကောင်ကို ငါရှုံးတယ်။ မင်း h***** ဆိုတာ အသိအမှတ်ပြုတယ်။ မင်းရဲ့ h*** လုပ်တဲ့ နည်းငါ့ကို သင်ပေးပါလို့ ပြောလိုက်တယ်။ h***** ကကျွန်တော် သူငယ်ချင်းကို Block လုပ်ပစ်လိုက်ပါတယ်။ ကျွန်တော့ သူငယ်ချင်းက တခြား account တွေ လုပ်ပြီး invite လုပ်ပေမယ့် ဘယ်လိုမှလုပ်လို့ မရတော့ပါဘူး။ အဲဒါ လွန်ခဲ့တဲ့ ၂ နှစ် လောက်က ဖြစ်ခဲ့တာပါ။ ခုတော့ ကျွန်တော်တို့ h***** ရဲ့ Gmail account ကို မေ့သွားကြပါပြီ။ h***** ကလည်း ကျွန်တော့်သူငယ်ချင်းကို ဘာဒုက္ခမှ မပေးခဲ့ပါဘူး။ ကြည့်ရတာ White H***** ဖြစ်မယ့်ပုံပါပဲ။ ခု cyber cafe တွေမှာ h*** ခံရတာ ဒီလို h***** မျိုးတွေရဲ့ လက်ချက်တော့ မဟုတ်နိုင်ပါဘူး။ key logger သုံးနေတာ ပဲဖြစ်မယ်ထင်ပါတယ်။

================================================== ==

ဒါဟာ wifi သုံးတဲ့သူတွေ ခံရတတ်တဲ့ နည်းပဲလို့ တွေးမိပါတယ်။ packet sniffer ဆိုတဲ့ tools တွေရှိပါတယ်။ windows အတွက်နာမည်ကျော်ကတော့ Cain and able ဆိုတာပါပဲ။ Linux ရော Windows မှာပါသုံးနိုင်တာကတော့ wire shark ပါ။ အဲဒီ tools တွေနဲ့ တစ်ဖက်လူ သုံးနေတဲ့ TCP packet တွေကို ကြည့်နိုင်ပါတယ်။ wifi သုံးတဲ့သူဆိုရင်တော့ လေထဲကတင် အနံ့ခံပြီးရှာနိုင်တာပါပဲ။ အဲဒီအခါ ခုနက ကျွန်တော်ပြောခဲ့တဲ့ cookies တွေကို ရသွားပါလိမ့်မယ်။ Gtalk ကိုဝင်နေဆဲ cookies ရသွားပြီဆိုရင်တော့ အဲဒါကို import ပြန်လုပ်လိုက်ရုံပဲရှိပါတော့တယ်။ ဒီလိုလုပ်လိုက်တာဖြစ်မှာပါပဲ။

================================================== ==

ဒီနေရာမှာ အများ သတိမထားမိတဲ့ အချက်လေးတစ်ခု ကျွန်တော်ပြောပြချင်ပါတယ်။ Password security အကြောင်းလေးပါ။

Internet ကိုစတင်အသုံးပြုသူတွေဟာ Website အသစ်တွေ့တိုင်း Signup လုပ်၊ သူငယ်ချင်းတွေရဲ့ Email တွေကို ပါ ဖိတ်မာန်တက ပြုပြီး signup လုပ်စေပါတယ်။

ဆိုကြပါစို့ ကျွန်တော်က မသမာတဲ့ h***** တစ်ယောက်ဆိုပါတော့။ အခုခေတ်မှာ Domain တစ်ခုဝယ်ပြီး forum တစ်ခု Setup လုပ်တာ လွယ်မှလွယ်။ ဒါ့ကြောင့် လူစိတ်ဝင်စားမယ့် နာမည်နဲ့ Website တစ်ခုထောင်၊ ပြီးတော့ free software တွေ၊ file download တွေပေးပြီး၊ User တွေကို attract လုပ်ပါတယ်။ User တွေကလည်း subscribe လုပ်ကြတယ်ပေါ့။

ဒီမှာတင်စပါပြီ။ အတွေ့အကြုံနည်းတဲ့ User တွေဟာ မှတ်ရလွယ်တဲ့ password တစ်ခုတည်းကို နေရာတိုင်းမှာ သုံးပါတယ်။ Subscription တွေများတော့ အကုန်မမှတ်နိုင်တော့ဘူး၊ Gmail Account တစ်ခု Password တစ်ခုတည်းနဲ့ Site တိုင်းမှာ Subscribe လုပ်ထားတော့၊ မသမာတဲ့ H***** ရဲ့ website မှာလည်း ဒီ Gmail နဲ့ပဲ ဒီ Password နဲ့ပဲ၊ Subscribe လုပ်မိရင်၊ မသမာတဲ့ h***** ဟာ Gmail နာမည်နဲ့ Password တွဲရက်ကိုသိသွားပါပြီ။ ( ဒီနေရာမှာ ဆရာသမားများက Encrypt လုပ်ထားရင် ဘယ်လိုမှ မသိနိုင် ဘူးပြောကြပါမယ်။ Forum system တွေမှာ password ကို Plain text နဲ့ သိမ်းအောင်လုပ်ရတာမျိုးဟာ ဘာမှမခက်ပါဘူး။ အကယ်၍ Encrypt လုပ်ထားရင်တောင် Algorithm နဲ့ Salt နဲ့သိရင် Password ထဲက တချို့စာလုံးတွေကို ဖော်ပြီး၊ အားလုံးကို မှန်းဆဖို့ဟာ မခက်တော့ပါဘူး။)

ကဲ သူကသင့်ရဲ့ Gmail နဲ့ Password ကိုသုံးပြီး သင့်ရဲ့ Gmail ကို အရင် စမ်းကြည့်မယ်။ ပြီးရင် တခြား Forum တွေ Subscription တွေကို Login ၀င်ကြည့်မယ်။ နာမည်တူ နဲ့ တခြား email တွေ ဥပမာ
…………..@gmail.com ဆိုရင် ………….@hotmail.com, ……………@yahoo.com တို့ရှိနိုင်တယ်
Password တစ်ခုတည်းကိုပဲသုံးတော့ အဲဒီ Email တွေကိုပါ စမ်းဝင်ကြည့်တော့မယ်။
ကဲ နောက်ဆက်တွဲကိုတော့ ဆက်ရှင်းပြစရာမလိုတော့ဘူးထင်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းများကို စမ်းစစ်ကြည့်တော့၊

၁။ ။ တွေ့ကရာ Website မှာ Signup လုပ်တာ။

၂။ ။ password တစ်ခုတည်းကို နေရာတိုင်းမှာ သုံးတာ ကြောင့်ဆိုတာတွေ့ရပါတယ်။

အကယ်၍ မသမာတဲ့ Website မှာ Subscribe လုပ်မိရင်တောင်မှ၊ Password တစ်ခုတည်းကို Account တိုင်းမှာ မသုံးရင်၊ ဒီလိုပြဿနာ မျိုးကနေ ကာကွယ်နိုင်ပါတယ်။

နောက်ပြီး၊ အများသုံးကွန်ပျူတာမှာ (internet cafe မှာ) Login လုပ်ရင် Remember Password option ကို လုံးဝမရွေးထားဖို့။(ကျွန်တော်တော့ ကိုယ်ပိုင် computer မှာတောင် မလုပ်ပါဘူး။) သံသယရှိရင်၊ Login မလုပ်ခင်၊ ဆိုင်ရှင်ကို အကြောင်းကြား မေးမြန်းဖို့။ ကိုယ့်လုံခြုံရေးကို တက်တက်ကြွကြွသတိရှိရှိ ဖြစ်နေဖို့ အရေးကြီးပါတယ်။

Software မလိုဘဲ English လို လေ့ကျင့်ကြမယ်


Control panel ထဲမှာရှိတဲ့ Speech မှ "you have selected microsoft sam as the computer's default Voice" ဆိုတာကို ဖြတ်လိုက်ပြီး ကိုယ်ထွက်ခိုင်းချင်တဲ့ English စာသားကို ရိုက်ထည့်ပြီး Preview voice မှာနှိပ်ပါ။ တိတိကျကျ အသံထွက်ပေးပါလိမ့်မယ်။ တခါနဲ့မရရင် အခေါက်ပေါင်း မြောက်များစွာ Preview voice ကိုနှိပ်ပြီး နားထောင်လေ့ကျင့်နိုင်ပါတယ်။ ဘာ Software ကိုမှ ခက်ခက်ခဲခဲ ရှာစရာမလိုဘဲ လွယ်ကူစွာ အသုံးပြုလို့ရတဲ့ Speech ကို အကျိုးရှိရှိ အသုံးပြုလိုက်ကြပါ......

Blog hack မခံရအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ။



ဒါကတော့ Blogger.com က dashboard မှာရှိတဲ့ Settings ကိုနှိပ်ပါ။
အထက်ပါ ပုံအတိုင်း Export ကိုနှိပ်ပါပြီးနောက်
DOWNLOAD BLOG ကိုနှိပ်ပါ။ ဒါဆိုရင် 
Save file ဆိုပြီးတော့ Save ခိုင်းပါလိမ့်မယ် ဒီအခါမှာ ကိုယ့်ရဲ့ Computer ထဲမှာဖြစ်ဖြစ်၊
USB ထဲမှာဖြစ်ဖြစ်...လုံခြုံတဲ့နေရာမှာ သိမ်းထားရုံဘဲ.. 
ကယ်ဒီ blog hack ခံရပြီး လုံးဝဖွင့်မရတော့ဘူးဆိုရင် Blogger Account တခုပြန်ဖွင့်ပြီးတော့
import blog မှာ အရင်က DOWNLOAD လုပ်ထားတဲ့ Blog ကိုပြန်တင်..
နဂိုအတိုင်း Comments ပါအပါအ၀င်ပြန်လည်ရရှိပါမယ်။။။။

Virus နဲ့ Hacking နဲ့ဆိုင်လား

Virus ဆိုတဲ့ စကားလုံးနဲ့ Hacking ဆိုတာနဲ့က ဘာမှမဆိုင်သလိုထင်ရပါတယ်.
ကျွန်တော် အချို့ ကိုမေးကြည့်ပါတယ်။ Virus ဆိုတာနဲ့ hacking နဲ့ ပက်သက်မှုရှိလားလို့ သူတို့ကတော့
ဘာမှမဆိုင်ဘူးလို့ပြန်ဖြေကြတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ တကယ်ကို ခွဲလို့မရတဲ့ ပက်သက်မှုကြီးရှိနေပါတယ်။ ဒီနေ့ ကျွန်တော်လည်းအချိန်ရတုန်း ဗဟုသုတလေးရအောင် ကျွန်တော်
သိထားတဲ့ ဟာလေးကို ပြန်ပြီး ဝေမျှလိုက်ပါတယ်။ ဒါကတော့ Hacking ကိုစိတ်ဝင်စားပြီး ဘယ်လိုစကမှန်းကို မသိသူတွေ အတွက်လဲ အထောက်အကူဖြစ်မှာပါ။

ကျွန်တော်တို့ အခုဆိုရင် ငါ့ကွန်ပျုတာ Virus ကိုက်သွားပြီးဆိုပြီး ပြောတက်ကြတယ်.ဒါက တနည်းနဲ့ပြောမယ် ဆိုရင်လဲ ကိုယ်ကွန်ပျုတာ Hack ခံရပြီးလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ Virus ၀င်တိုင်းလဲ Hack ခံရတာတော့ မဟုတ်ပါဘူး. ဒါပေမဲ့ သူ့ရဲ့သဘောတရားကတော့  hack ခံရတာပါ။
တကယ်တမ်း hacking ကိုတက် ဖို့ဆိုလို့ရှိရင် Virus ရေးတက်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ hacking အရင်းအမြစ်က Virus programs ကိုရေးပြီး ကိုယ့်ကနေ Virus ကို Control လုပ်မှာဖြစ်ပါတယ်.
ဒါက ဘယ်လိုလဲဆိုတော့
ဥပမာပြောရရင် ကိုယ်က Virus programs ကိုထဲကိုရေးပြီး ဒီကွန်ပျုတာထဲကို ထည့်လိုက်တယ်ပြီးတော့  "ဒီကွန်ပျုတာက cursor မလှုပ်တော့ဘဲ မိနစ် ၃၀လောက် ရပ်နေရင် ဒီ Virus ကို လှုပ်ရှားခိုင်းပြီး သူကို Data တွေကို copy ကူးပြီး ကိုယ်ဆီကို ပြန်ပို့ခိုင်းမယ်" သူရဲ့ လှုပ်ရှားပုံက ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့
Tutorial တွေ လုပ်တဲ့အခါမှာ Desktop ကို Record လုပ်ထားရင် Cursor က ဟိုရွေ့ ဒီရွေ့ နဲ့ လိုက်နှိပ်နေသလိုမျိုး၊ Virus ကလဲ သူကို ရေးထားတဲ့ အတိုင်းကို Cursor ကရွေ့ ပြီးလိုက်
လုပ်တာဖြစ်ပါတယ်။   တချို့ Virus ကျတော့လဲ ကွန်ပျုတာထဲက အရေးကြီးတဲ့ File တွေကို
Delete လုပ်ပစ်တာမျိုးရှိပါတယ်။ ဒါလဲ Virus ရေးတဲ့ လူပေါ်မှာ မှုတည်ပါတယ်။ အချို့ကတော့လဲ
Website ကို attack လုပ်ဖို့ Zombie Computer အဖြစ်လဲ အသုံးပြုတက်ပါတယ်။ ဒီ Zombie Computer က
ဘယ်လိုလဲဆိုတော့ Virus တမျိုးပါဘဲ ဒီ Virus က၀င်သွားပြီးဆိုရင် ဘာမှာတော့ ကိုယ်ကို ဒုက္ခမပေးဘဲ
ကိုယ့် Computer က ဒီ Virus ရေးတဲ့လူ တိုက်ချင်တဲ့ website ကို
တချိန်ထဲမှာ အခြား ထိုကဲ့သို့ Zombie Computer တွေ အများကြီးကို တပြိုင်နက်ထဲမှာ page တခုထဲကို ၀င်ကြည်ခိုင်းတာဖြစ်ပါတယ်။ ဒီအခါမှာ ထောင်သောင်းချီတဲ့ Computer တွေက၀င်ရောက်ပြီး ဟိုဟာကို နှိပ်ပြီးခိုင်းလိုက် ဒီဟာကို နှိပ်ပြီး ခိုင်းလိုက်လုပ်တဲ့အခါမှာ  Website ရဲ့ Server က ကြောင်ပြီး ဘာမှမလုပ်နိုင်တော့ပါဘူး ဒီအခါမှာ Website ဖွင့်လို့မရတော့ပါဘူး ဒီလို Website ကို ၀င်ကြည့်ပြီး တိုက်တဲ့နေရာမှာ ဓားစခံအဖြစ်အသုံးပြုခံရတာမျိုးလဲရှိပါတယ်။   ဒါကြောင့် ကျွန်တော်တို့ ဘာကြောင့်
Anti-Virus ကို Update လုပ်ဖို့လဲဆိုတော့ အထက်ပါကိစ္စတွေကြောင့်ပါ
Virus ဆိုတာ ကိုယ်ကိုတိုင်ရေးရင် ကိုယ်ကြိုက်တဲ့ နာမည်ပေးလို့ရပါတယ်။ ဆိုတော့ ဒီလိုမျိုးဘဲများစွာ
သော Black hacker တွေက Virus အသစ်တွေကို ရေးပြီး ကွန်ပျုတာတွေကို ၀င်ရောက် hack တက်ပါတယ်။
ဒီလို အချိန်မျိုးမှာ ကိုယ်က Anti-virus ကို update မလုပ်ထားရင် Anti-virus က Virus အမျိုးတစ်ထောင်
လောက်ဘဲသိတယ်ဆိုရင်
ဥပမာ Anti-virus က A ကနေစပြီး Z အထိ Virus ဘဲသိတယ်။ ဒါပေမဲ့ အသစ်ထွတ်တဲ့ Virus က
 1 2 3 လို့ နာမည်ပေးထားရင် Anti-virus ကသိမှာမဟုတ်ဘူး။ ဒီအခါမှာ Anti-virus ကလဲ သတ်နိုင်မှာ
မဟုတ်ပါဘူး။ ဒါကြောင့် Anti-virus ကို update အမြဲလုပ်ပေးခြင်းအားဖြင့် Virus နာမည်အသစ်တွေကို
Anti-virus ထဲကို ထည့်ပေးထားတာမို့ အသစ် Virus တွေကိုလဲ update လုပ်ခြင်းအားဖြင့် သိနိုင်ပြီး
သတ်နိုင်မှာဖြစ်ပါတယ်။

Hacking ကာကွယ်နည်း (1)

Hacking အကြောင်းကို ပြန်စကျရအောင်...ဆိုတော့ အဓိက ခေတ်စားနေတဲ့ Hacking နည်းလမ်းသုံးမျိုး
ကို ကျွန်တော် သိရသလောက် ပြန်ပြီး ရှင်းပြပေးပါမယ်။ ပြီးတော့ ဒီလိုမျိုးတွေကနေ ဘယ်လို ကာကွယ်ရ
မလဲ ဆိုတာကိုပေါ့။
အောက်ပါ Hacking ကို ကာကွယ်နည်းက ကျွန်တော်အနေနဲ့ Blogger.com တခုထဲကိုသာ 
ရှင်းပြထားတာမို့ Blogger.com တခုထဲအတွက်လို့ ထင်နေမိပါမယ်။ မဟုတ်ပါဘူး ဒီ hacking ကာကွယ်နည်းက Gmail,Hotmail,Yahoo စတဲ့ e-mail account တွေ အားလုံးအတွက်ဖြစ်ပါတယ်။
Phishing
Key-logging 
Social engineering
Primary email address hack
Phishing -ကတော့ website ကို တပုံစံထဲ အတုလုပ်ပြီး php code fake login page ကနေ Password ခိုးခြင်းဖြစ်ပါတယ်။ဒါကို ကျွန်တော် လေ့လာဖို့ လုပ်ထားတဲ့ တခုကိုပြပါမယ်။
အောက်ပါပုံစံလိုမျိုးစာ တခုပေါ့
"We have encounters that your blog had many traffic and visitors for last couple months. So that we want you to offer our blogger team advertisement on your blog.
if you interest to make money with us
click below link and verify
လိုမျိုးပေါ့ ဒါကတော့ ကျွန်တော်ရေးထားတာ ဆိုတော့ သိပ်ပြီး စိတ်ဝင်စားစရာမကောင်းပါဘူး၊
အများဆုံး စိတ်ဝင်စားပြီး အငိုက်ခံလိုက်ရတာက  "Your password is expiring soon "
"Final Warning to Reset your password " စတာတွေ လိုမျိုး email subject နဲ့လာတက်ပါတယ် ဒီလိုမျိုးတွေမှာ ခံရတာများပါတယ်။
ဆိုတော့ ဒီလို Phishing လို့ ခေါ်တဲ့ Hacking ကို ဘယ်လိုကာကွယ်ရမလဲ
၁) ရောက်လာတဲ့ စာကိုသေသေချာချာ အချိန်ပေးပြီး ဂရုစိုက်ဖတ်ပါ။ ပြီးတော့ စာသားကိုကြည့်ရပါမယ် တအားကြီး လွန်လွန်ကဲကဲကြီး မလုပ်မနေရခိုင်းတာမျိုး၊ ချိန်းခြောက်စာမျိုး၊ အလကားပေးနေတာမျိုး စာသားတွေဆိုရင် ဒါဟာ hacking တိုက်စစ်ဆင်နေကြောင်းကို သတိထားရပါတယ်။
အရင်က ကျွန်တော်ရေးခဲ့ဖူးတဲ့ Online fishing ကိုလဲ ဖတ်ကြည့်ပါ။
နောက်တချက်က - Senter mail address ကို gmail က mail တခုကို ဖွင့်လိုက်ရင် ပေါ်လေးမှာ
Details ဆိုတာ ပါပါတယ်၊ 
ဒီမှာ Senter mail address ကိုကြည့်ပါ။ လိပ်စာက Blogger Support (Support@blogger.com)
 ဆိုတော့  mail ခဏခဏကိုင်နေတဲ့ လူကိုတောင် ကြောင်သွားစေတာပေါ့ တကယ်ဘဲ Blogger.com က
စာပို့တင်လို့ဘဲ ထင်မိမှာဖြစ်ပါတယ်။  Support@blogger.com or Support@facebook.com စတာတွေ  လုပ်ထားလို့ရပါတယ်။ဆိုတော့ အထင်မှား စရာရှိပါတယ်။
ဒါပေမဲ့ အထက်က ပုံမှာတွေ့သလိုမျိုးဘဲ ကျွန်တော် Support@gmail.com ဆိုပြီး စမ်းကြည့်တယ်။
ဒီမှာ Google(gmail) က အစွမ်းပြလိုက်တာပါဘဲ၊
"This message may not have been sent by: support@gmail.com  Learn more  Report phishing"
Gmail ကိုတော့ Phishing လုပ်လို့မရပါဘူး။ ဒီတချက်ကိုတော့ hacker တွေလဲ သတိထားကျနော်၊ :P
ဟဲဟဲ ....ဒါပေမဲ့လဲ ကိုယ့်ဖက်ကတော့ ဒီစာသား မပေါ်လဲဘဲ ဒီ စာသားက hacking လုပ်ပြီး ပို့တာလား၊
တကယ် gmail ကပို့တာလားကို ကိုယ့်ကိုတိုင် ဆုံးဖြတ်တက်ရပါမယ်။


နောက်တခု သတိပြုရမှာက အပေါ်မေးမှာ ကျွန်တော်ပြထားတဲ့ www.blogger.com/ads-verify/38432fksjdfah link ပါဘဲ ဒါကျွန်တော် အစမ်းလုပ်ထားတာပါ တကယ် blogger.com က လင့်
ကိုယူပြီးလဲ လုပ်လို့ရပါတယ်။ ဒီနေရာမှာ ကြည့်လိုက်ရင် အော်..တကယ် blogger.com ကပါလား။
မှားစရာရှိပါတယ်။ ဒါပေမဲ့ Html နဲ့ ပြန်ပြီး လင့်တဲ့နေရာမှာ သူတို့ရဲ့ fake login page ကို redirect link
ထားပါတယ်။ ဒါကြောင့် ကိုယ်က link ကို blogger.com မြင်တာနဲ့ တခါတည်း မနှိပ်လိုက်မိစေပါနဲ့။
ဟုတ်ပြီး ကျွန်တော် အထက်ကပြောခဲ့တဲ့ အချက်တွေကို သတိမထားမိဘဲ ကျော်လာခဲ့မိတယ်။ ယုံခဲ့မိတယ်။
ဆိုပါတော့ Login page ကိုရောက်လာပါပြီး 
E.g " ဒီနေရာမှာ အထူးကိုသတိထားရပါမယ် ဒီက ဘာနဲ့တူသလဲဆိုတော့
အိမ်ချင်းတူတိုင်းလဲ မ၀င်နဲ့ လိပ်စာကိုသေချာကြည့်၊ လိပ်စာကိုသေချာမကြည့်ဘဲ အိမ်တူတိုင်း
ငါ့အိမ်ဘဲဆိုပြီး ၀င်ရင် အတွင်းထဲကလူတွေက ကိုယ့်ကို ၀င်ရိုက်ကြပါလိမ့်မယ်။"
ဒါက ဟာသ လိုလိုပေါ့ ကျွန်တော် စိတ်ကူးထဲမှာ ၀င်လာလို့ အခုရေးနေတဲ့ ပိုစ့်နဲ့ အကိုက်ဖြစ်တာနဲ့
ထည့်လိုက်တာ ဟုတ်ပြီး။
ဆိုတော့ ပေါ်က ပြောသလိုဘဲ အိမ်တူတိုင်းမ၀င်နဲ့ဆိုတာက 
အခု အပေါ်မှာ မြင်နေရသလိုမျိုးဘဲ Blogger.com နဲ့တူတယ်ဒါပေမဲ့ ကျွန်တော်တို့ လိပ်စာကို သတိမထား
မိကြပါဘူး။.. အခုပေါ်ကပုံမှာ လိပ်စာကို ကြည့်ပါ။ လိပ်စာက တခြားဟာဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
ဒီမှာ ကိုယ့်က မသိဘဲ ID and password ကိုထည့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ account က hack ခံလိုက်
ရပါပြီး အခိုးခံလိုက်ရပါပြီး။ ဆိုတော့ ဘယ်တော့ မဆို Gmail ဖြစ်ဖြစ်၊ blogger ဖြစ်ဖြစ်၊ Hotmail ဖြစ်ဖြစ်
Login page ကိုရောက်ပြီးဆိုတာနဲ့ လိပ်စာကို Check ဖို့ မမေ့နဲ့လို့ ပြောခြင်ပါတယ်။

ဟုတ်ကဲ အထက်ပါအချက်တွေအားလုံးကို မေ့သွားတယ်။ ကိုယ့် Password & ID လဲထည့်လိုက်မိပြီး
ဟုတ်ကဲ ဖြစ်တက်ပါတယ် ဒီလိုဖြစ်သွားတယ်ဆိုပါစို့ ဒီ fake login page က အစစ်မဟုတ်တဲ့အတွက်
ကိုယ့် ID & password မှန်လဲ ၀င်လို့ရမှာ မဟုတ်ပါဘူး။ ဆိုတော့ ကိုယ့်က ဒီမှာ ချက်ချင်းသတိရရပါမယ်။
ပြီးတော့ လိပ်စာ (website URL) ကိုချက်ခြင်း စစ်ရပါမယ်။ (www.gmail.com , www.hotmail.com)
လား ဆိုပြီးတော့ အကယ်၍ မဟုတ်ခဲ့ဘူးဆိုရင် အခုဖွင့်နေတဲ့ စာမျက်နှာကို ချက်ခြင်းပိတ်ပြီး
www.gmail.com ဆိုပြီး ရိုက်ကာ Gmail မှာ ကိုယ့်ရဲ့ Account ကိုဝင်ပါ။ ပြီးတာနဲ့ ချက်ချင်း 
Password ကို ပြန်  change ပါ။ ဒါမှာ သာလျှင် စိတ်ချရမှာ ဖြစ်ပါတယ်။
အခု Gmail ရဲ့ Security function အသစ်ကို ကြည့်ကြပါအုန်း၊ Turn On မလုပ်ရသေးရင်လဲ 
ဒီမှာ ဖတ်ပြီးလုပ်ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Function က သူများက ကိုယ့်ရဲ့ password သိရင်တောင်
ဝင်လို့မရနိုင်အောင် ထိန်းချုပ်ပေးထားတဲ့ အလွန်ကောင်းမွန်တဲ့ Function လေးဖြစ်ပါတယ်။
အိုကေ ဒီနေ့တော့ ဒီလောက်ပေါ့ နောက်ကျန်သေးတဲ့

Key-logging 
Social engineering
Primary email address hack 
ကို ဆက်ရေးပေးပါမယ်။


ကျွန်တော် ကိုယ်တိုင်လဲ အချိန်ပြည့်ကျောင်းတက်နဲ့တဲ့ ကျောင်းသားတစ်ယောက်မို့ တခါတလေ
ကျွန်တော်ရဲ့ စာဖတ်မိတ်ဆွေတွေကို သိစေခြင်လွန်းလို့သာ ရေးတာရှိပြီး ကိုယ်တိုင်စာရေးတာ
ဝါသနာက မပါပါဘူး။ ဆိုတော့ တခါတလေ စိတ်ကူးပေါက်တာနဲ့ တခါတည်းတန်းရေးလိုက်တယ်။
ည(၁)နာရီ(၂)နာရီထိုးသွားတယ် ဒါနဲ့ ပိုစ့်အသစ်မရှိမှာဆိုးတာနဲ့ တန်းတင်လိုက်တယ်။ တခါတလေ
ကျွန်တော်ရေးထားတာကို ကျွန်တော်ပြန်ဖတ်ကြည့်ရင်တောင် နာမလည်းခဲ့တဲ့ အချိန်တွေတောင်ရှိခဲ့တယ်။
ဒါပေမဲ့လဲ နာလည်းပြီး သေချာဖတ်ပေးကျတဲ့ မိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။
အခု ဒီပိုစ့်ကလဲ တခုတလော hacking နဲ့ ပက်သက်ပြီး mail တွေ တော်တော်များများ  hack ခံရတာကို
ကြားရသိရတဲ့ အတွက် စိတ်မကောင်းဖြစ်မိပြီး ချက်ချင်းသိသလောက်ကို ရေးလိုက်တာဖြစ်ပါတယ်
ဒါကြောင့် အမှားတွေပါတာ မရှင်းတာရှိရင်လဲ Comments ၊မေးခွန်း၊အကြံအဥာဏ်ပေးခဲ့နိုင်ပါတယ်။


ဒီပိုစ့်လေးကတော့ Hacking ကို စိတ်ဝင်စားပြီး hack တဲ့အကြောင်းကို သေချာမသိသေးရင်လဲ
Hack တယ်ဆိုတာ ဒီလိုမျိုးပါလားဆိုပြီး နည်းနည်း Hacking အသွားအလာကို သိလာရအောင်ရယ်၊
အထူးသဖြင့် ကိုယ့် Email ကို  hack မခဲရအောင် ကာကွယ်တက်ဖို့ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ သူငယ်ချင်းတွေကို လက်ကမ်းဝေမျှဖို့ မမေ့နဲ့နော်.....

ဂူဂယ် ခရုန်းမှာ မြန်စာ ဇော်ဂျီဖောင့်တွေ ပေါ်စေဖို့


မိတ်ဆွေ များ၏ စက်တွင် Google Chrome ကို Install လုပ်ပြီး ဇော်ဂျီ မြန်မာ ဖောင့်များ ပေါ်စေဖို့ အောက်တွင် ပြထားသော ပုံပါ အတိုင်း အဆင်ဆင့် ပြုလုပ်သွားပါ။

ပထမဦး Windows XP တွင် ပြုလုပ်ပါက

  • အဆင့် ၁။ Local Disk ထဲမှာ Documents and Settings ကို သွား၍ မိမိ ကွန်ပျူတာ နံမည်ဖြင့် ပေးထားသော Folder ကို ဖွင့်ပါ။
  • အဆင့် ၂။ Local Settings ဆိုတဲ့ Folder ကိုဖွင့်ပါ။
  • အဆင့် ၃။ Local Settings Folder ထဲမှ Application Data ဆိုတဲ့ folder ကို ဖွင့်ပါ။
  • အဆင့် ၄။ Application Data Folder ထဲမှ Google ဟု ရေးထားသော folder ကို ရှာပြီး ဖွင့်လိုက်ပါ။
  • အဆင့် ၅။ Google Folder ထဲမှ Chrome ဆိုတဲ့ Folder ကို ဖွင့်ပါ။
  • အဆင့် ၆။ Chrome Folder ထဲမှ User Data ကို ဖွင့်ပါ။
  • အဆင့် ၇။ User Data Folder ထဲမှ Default Folder ကို ဖွင့်ပါ။
  • အဆင့် ၈။ Default Folder ထဲမှ User StyleSheets ဆိုတဲ့ Folder ကို ဖွင့်လိုက်ပါ။
  • အဆင့် ၉။ User StyleSheets ဖိုင် အတွင်း၌ Custom ဆိုတော့ .css ( Cascading Style Sheet Document) ကို ညာ (right clip) နှိပ်၍ Edit ကို ကလစ်ပေးပြီး * , html, body, div,p {font-family:Zawgyi-One !important;} ဒီစားသားအား ကော်ပီကူး၍ ထည့်ပြီး save လုပ်လိုက်ပါ။ အဆင့်ပြီးမြောက် အောင်မြင် သွားပါပြီ။
windows 7 တွင်လည်း ပြုလုပ်ပုံ အဆင့်ဆင့်အား ပုံတွင် ကြည့်၍ လုပ်ဆောင်ပါ။ folder ကို မမြင်ရပါက အောက်တွင် ပြသထားပါသည်။ Menu bar ထဲမှာ tools >> Folder Options ထဲမှ View >> Show Hidden Files and folde ကို selete ပေး၍ ဖွင့်ပါ။


Source by :http://tech-

နှစ်သက်ရာ စာလုံးထဲတွင် မိမိပုံကို ထည့်သွင်းခြင်း


ဒီ tutorial လေးကတော့ မိမိနှစိသက်တဲ့ စာလုံးတွေမဗာ မိမိပုံကို ထည့်သွင်းပုံဖေါ်ခြင်းလို့ပဲ အတိုချုံ့ပြီးပြောပါရစေ...
ဒီ tutorial အတွက် လိုအပ်တာကတော့ မိမိပြုလုပ်မဲ့ file အသစ်တစ်ခုရယ်.....စာလုံးတွေမှာ ထည့်သွင်းအသုံးပြုမဲ့ ပုံတွေရယ်ပါပဲ.....

ကဲ.........စပြီး ပြုလုပ်ကြည့်ရအောင်.............

1/  File အသစ်တစ်ခုခေါ်ပါ။ File > New (or ) Ctrl+N
     File name- WYTU
Background- Width;6 / Height ;4 နှင့်ပုံမှာပြထားတဲ့အတိုင်း setting ဖြည့်ပြီး OK ကို ကလစ်လိုက်ပါ။

2/  File အသစ်ရပြီဆိုတာနဲ့ Tool Box ထဲက Horizontal Type Tool ( T ) ကိုရယူလိုက်ပါ။


3/   Tool Box ထဲက Foreground Colour ကို Click လိုက်ရင် Foregroundcolour Picker Box ကိုမြင်တွေ့ရမှာပါ။
      Colour Picker မှာ အရောင်တစ်ခုကိုရွေးချယ်လိုက်ပါ။ ကျွန်တော်က တော့ အနီရောင်ကိုပဲယူလိုက်ပါတယ်...ပြီးရင် OK ကို Click လိုက်ပါ။အောက်မှာပြထားတဲ့အတိုင်းပေါ့။




4/ Font Family မှာ Impact ကိုရွေးလိုက်ပါတယ်။ Font Size ကိုတော့ 150pt လို့ရိုက်ထညိ့လိုက်ပါတယ်။





5/  File New ပေါ်မှာ Click တစ်ချက်နှိပ်ပြီး ဆွဲယူလိုက်ပါ။ လေးထောင်အကွက်လေးပေါ်လာပါလိမ့်မယ်။အဲဒီအကွက်ထဲမှာ WYTU ဆိုပြီးရိုက်ထည့်လိုက်ပါ။



6/  Layer Pattle မှာ opacity 30 %လောက်ထိလျှော့လိုက်ပါ။


7/  Tool Box ထဲက Move Tool (V) ကိုရွေးယူလိုက်ပါ။


8/  စာလုံးတွေထဲမှာ အစားသွင်းမဲ့ ပုံတွေကို ဖွင့်လိုက်ပါမယ်။ကျွန်တော်ကတော့ www.wytumyanmar.com
     ရဲ့ မော်ဒယ်ဖြစ်တဲ့ Sandy ပုံတွေကို ဖွင့်လိုက်ပါတယ်။

9/ ဖွင့်ထားတဲ့ Picture file တွေကို တစ်ပုံချင်းဆီ Move Tool (V) နဲ့ WYTU file ထဲကို Drug ဆွဲထည့်ပါမယ်။

10/  Layer Pattle မှာ WYTU Layer ဟာအောက်ကိုရောက်ျနပါလိမ့်မယ်။သူ့ ကိုအပေါ်ဆုံးသို့ပို့လိုက်ပါ။




11/  Edit>Free Transform ကိုအသုံးပြုပြီး Picture File လေးတွေကို စားလုံးလေးတွေထဲမှာနေရာချပါ။ဒီလိုနေရာချပြီး ချိန်တဲ့အခါမှာ Layer Pattle မှာ မိမိပြုလုပ်မဲ့ Layer ကိုပဲရွေးထားရပါမယ်။ Transform ကို သုံးတဲ့နေရာမှာလဲ Shift Key ကိုဖိပြီး အသုံးပြုပါ။တစ်ပုံချင်းစီ စိတ်ကြိုက်နေရာချပြီးတိုင်း Enter ခေါက်ပါ။



12/ ပုံတွေအားလုံးကိုနေရာချပြီးရင် Layer Pattle မှာ Picture layer တွေကိုပေါင်းလိုက်ပါမယ်။ဒီလို Layer တွေကိုပေါင်းစပ်တဲ့အခါမှာ ကိုယ်ပေါင်းစပ်မဲ့  Layer တစ်ခုစီပေါ်မှာ Ctrl Key ကိုဖိပြီး Click တစ်ချက်စီနှိပ်သွားပါ။ပြီးလျှင် Ctrel +E ကိုနှိပ်လိုက်ပါ။ Picture Layer တွေဟာ တစ်ခုတည်းဖြစ်သွားပါပြီ။






13/ Ctrl Key ကိုဖိထားပါ။ပြီးလျှင် Layer Pattle က WYTU Layer ရဲ့ လေးထောင်ကွက်လေးကို Click တစိချက်နှိပ်လိုက်ပါ။ထိုအခါ WYTU စာလုံးရဲ့ ဘေးပတ်ပတ်လည်မှာ selection area လေးတွေပြေးနေပါပြီ။ပြီးလျှင် Ctrl+Shift+I ကိုနှိပ်လိုက်ပါ။အဲဒီအခါမှာ selection area ဟာ ပြင်ပက Background လေးထောင့်ကွက်ပေါ်မှာပါ ပြေးနေတာကိုတွေ့ရမှာပါ။ပြီးရင် Delete ကို Click လိုက်ပါ။စာလုံးရဲ့ပြင်ပ Background ဟာပျက်သွားပါပြီ။



14/ Ctrl +D ကို Click လိုက်ပါ။ဘေးက selection တွေဟာ ပျောက်သွားပါပြီ။

15/  Layer Pattle ထဲက Picture Layer ကို click လုပ်ပြီး WYTU Layer က မျက်လုံးပုံလေးကို Click လုပ်ပြီး ပိတ်လိုက်ပါ။ထိုအခါ ကျွန်တော်တို့ စပြီးလုပ်တုန်းက ရွေးထားတဲ့ အနီရောင် နောက်ခံတွေဟာပျောက်ပြီး မိမိပုံတွေပဲကျန်ခဲ့မှာဖြစ်ပါတယ်။

16/  ထပ်မံပြီး Layer > Layer Style > Drop Shadow ကိုရွေးချယ်လိုက်ပါ။



16/ အောက်ပါ setting အတိုင်းပြင်လိုက်ပါ။



17/  ထပ်မံပြီး Layer > Layer Style > Bevel and Emboss ကိုရွေးလိုက်ပါ။အောက်ပါ setting အတိုင်းပြင်လိုက်ပါ။လှပတဲ့ စားလုံးလေးတွေရရှိလာပါလိမ့်မယ်။



18/  WYTU ဆိုတဲ့ စားလုံးလေးရဲ့ နောက်မှာ လှပတဲ့ Background တစ်ခုနဲ့ အစားထိုးကြည့်ရအောင်။Background Image File တစိခုကို ဖွင့်ပါ။

19/   Layer Pattle မှာ WYTU Background ကိုရွေးချယ်ထားပါ။

20/   Tool Box ထဲက Move Tool (V) ကိုရွေးချယ်ပြီး Drug ဆွဲ၍ထည့်လိုက်ပါ။

21/   Edit > Free > Transform ကိုအသုံးပြုပြီး လိုသလို ပြုလုပ်လိုက်မယ်ဆိုရင် WYTU စာလုံးလေးဟာ လှပစွာတည်ရှိနေတာကိုတွေ့မြင်ရမှာဘဲဖြစ်ပါတယ်။အောက်တွင်ပုံရိပ်ရောင်ပြန်ထည့်တဲ့အဆင့်ကိုတော့ ရှည်မှာစိုးတဲ့အတွက် ဖော်မပြတော့ပြီ။


ကဲနောက်ဆုံးတော့ ဒီလို လှပတဲ့ စာသားနဲ့ ပုံလေးရရှိလာပါပြီ။



အားလုံး အဆင်ပြေဖို့မျှော်လင့်ပါတယ်။