WELCOME

Saturday, March 17, 2012

လူပွဲစားလက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ အလုပ်သမား ၅၄ ဦး ထိုင်းရဲ လွှတ်ပေး

Thank You Visited My Blog.

ထိုင်းနိုင်ငံ ဆဖန်ဘူရီခရိုင်က အိမ် ၃ လုံးမှာ ပြန်ပေးငွေနဲ့ ရွေးယူဖို့ လူမှောင်ခိုပွဲစားတွေက ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းအာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က မနေ့က ပြောပါတယ်။
(Photo: AFP)
ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP)
တချိန်ထဲမှာလည်း မြန်မာ ၂ ဦးအပါဝင် ထိုင်း ၄ ဦးပါတဲ့ အဲဒီလူမှောင်ခိုအဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားမ၀င် ဖမ်းဆီးချုပ်နှောင်မှု၊ အတင်းအကြပ် ငွေကြေးတောင်းခံမှုတွေနဲ့ ဖမ်းဆီး အရေးယူလိုက်ပါတယ်။ လူပွဲစားတွေဟာ မြန်မာ အလုပ်သမားတွေကို ဒီ အိမ် ၃ လုံးမှာ ရက်အနည်းငယ် ချုပ်နှောင်ထားခဲ့တယ်လို့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ဒေသဆိုင်ရာ ရဲမင်းကြီး ဗိုရာပေါင်းက ပြောပါတယ်။ ဒါပေမယ့် အခု မြန်မာ အလုပ်သမား ၅၄ ဦးကိုလည်း ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ တရား စီရင်ပြီး ပြည်နှင်ဒဏ်ပေးမယ်လို့လည်း သူက ပြောပါတယ်။ ဒီလူမှောင်ခိုဂိုဏ်းကို ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေထဲက တဦးရဲ့ ဆွေမျိုး နီးစပ်သူ တဦးက သတင်းပေးချက် အရ ထိုင်းရဲက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ တချိန်ထဲမှာလည်း ထိုင်းနိုင်ငံ တပ်ခရိုင် အနောက်ဖက်မှာ ထရပ်ကားငယ်တွေမှာ တင်ခေါ်လာတဲ့ တရားမ၀င် မြန်မာ အလုပ်သမား ၇၆ ဦးကို ဖမ်းဆီးခဲ့ သလို နောက်ထပ် မြန်မာ အလုပ်သမား ၁၀၀ ခန့်လည်း မြို့တော် ဘန်ကောက် အနီးမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမား ၂ သန်းခန့်ရှိပြီး အများစုဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကဖြစ်ပါတယ်။

ရောင်းစားခံရတဲ့ မြန်မာကလေး (၇) ဦး တရုတ် ရဲတပ်ဖွဲ့က ကယ်တင်

Thank You Visited My Blog.
2011-11-11
တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယူယောင်းမြို့က အထည်အလိပ် စက်ရုံတစ်ခုမှာ ကျွန်လို ခိုင်းစေခံနေရတဲ့ မြန်မာကလေး ၇ ဦးကို တရုတ် ရဲတပ်ဖွဲ့က မနေ့က ကယ်တင် လိုက်နိုင်တယ်လို့ သိရပါတယ်။
Photo: AFP)
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ အရွယ်နှင့်မမျှ အလုပ်လုပ်နေကြသော ကလေးသူငယ်များ ဖြစ်ပါသည်။ (Photo: AFP)
စက်ရုံက ထွက်ပြေးပြီးနောက် အဝေးပြေး လမ်းမကြီးပေါ်မှာ ၃ ရက်လောက် အစာရေစာ ပြတ်လပ်ပြီး ပင်ပန်းကြီးစွာ လမ်းလျှောက်နေတဲ့ မြန်မာ ကလေးငယ် ၂ ဦးကို ရဲက တွေ့ရှိခဲ့တာကြောင့် ကယ်တင်နိုင်ခဲ့တာလို့ အဲဒီဒေသထုတ် သတင်းစာ တစ်စောင်က ဖော်ပြပါတယ်။ အဲဒီ ဆယ်ကျော်သက်ရွယ် မြန်မာကလေး ၂ ဦးဟာ တရုတ် မြန်မာ နယ်စပ်မှာ ကျင်းပတဲ့ အလုပ်သမား ရှာဖွေရေးပွဲ တစ်ခုမှာ စုဆောင်းခံခဲ့ရတာလို့ ဆိုပါတယ်။ စက်ရုံကို စရောက်တာနဲ့ သူတို့ နိုင်ငံကူး လက်မှတ်တွေနဲ့ လက်ကိုင်ဖုန်းတွေကို အလုပ်ရှင်က သိမ်းယူလိုက်ပြီး ထွက်မပြေးအောင် အစောင့်တွေ ချထားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်ရုံကို တံခါးပိတ်ထားပြီး လုပ်ခလည်း လုံးဝ မပေးဘူးလို့ ဆိုပါတယ်။ အလုပ်ရှင်ဆီမှာ လုပ်အားခ တောင်းဆိုတိုင်း အရိုက်ခံကြရတယ်လို့ မြန်မာကလေးတွေက ပြောပါတယ်။ အဲဒီ မြန်မာ ကလေး နှစ်ယောက်ရဲ့ ဖွင့်ဟ ပြောဆိုချက်တွေအရ တရုတ်ရဲတွေက စက်ရုံကို ၀င်ရောက် စီးနင်း ရှာဖွေရာမှာ နောက်ထပ် မြန်မာ ကလေး ၅ ယောက် တွေ့ရှိခဲ့ပါတယ်။ ဒီမြန်မာကလေးတွေ အလုပ်လုပ်ရတဲ့ နေရာဟာ ရွှံ့တွေဗွက်တွေနဲ့ ၀က်ခြံတစ်ခုလို ညစ်ပတ် ပေရေနေတယ်လို့ တရုတ်ရဲတွေက ပြောပါတယ်။ စက်ရုံ ပိုင်ရှင်ကတော့ ရဲတွေ ရောက်မလာခင် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း၊ ဒီအမှုကို ရဲက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာအမျိုးသမီး ၇၀ နီးပါး ထိုင်းရဲက ကယ်တင်

Thank You Visited My Blog.
2011-11-14
ထိုင်းနိုင်ငံ Chanthaburi ခရိုင်မှာ ဖွင့်ထားတဲ့ အနှိပ်ခန်း တစ်ခုက မြန်မာ အမျိုးသမီး ၇၀ နီးပါးကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ကယ်တင်လိုက်ကြောင်း သိရပါတယ်။
RFA
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စိုက်ထူထားသော လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ပိုစတာ ဆိုင်းဘုတ်တခု ဖြစ်ပါသည်။ (Photo: RFA)
ကယ်တင်လိုက်တဲ့သူတွေထဲက တစ်ဝက်ခန့်ဟာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်တွေ ဖြစ်ကြောင်းနဲ့ သူတို့အားလုံးကို လူမှုဝန်ထမ်းဌာနက စောင့်ရှောက်ထားကြောင်း အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ DSI လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Komvich Pathanarat က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအပြီး အားလုံးကို မြန်မာနိုင်ငံဘက် ပြန်ပို့ပေးမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုက နှစ်လ သုံးလလောက် ကြာနိုင်တယ်လို့ သိရပါတယ်။ ဒီအမျိုးသမီးတွေထဲက တချို့ဟာ ပြည့်တန်ဆာအလုပ်လုပ်ဖို့ ထိုင်းနိုင်ငံကို တရားမ၀င် ရောက်လာခဲ့ကြတာဖြစ်ပြီး တချို့ကတော့ တရားဝင်အလုပ် လုပ်ရမယ်ဆိုပြီးမှ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခံရသူတွေလို့ ဆိုပါတယ်။ သူတို့ထဲမှာ ပြည့်တန်ဆာအဖြစ် အတင်းခိုင်းစေခံရတာ ဘယ်နှယောက်ရှိတယ်ဆိုတာ စုံစမ်း စစ်ဆေးနေပြီး ဘယ်သူခိုင်းစေခဲ့တယ်ဆိုတာ ရှာဖွေဖော်ထုတ်သွားမယ်လို့လည်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့လက Khon ဆိုတဲ့ ၁၆ နှစ်ရွယ် မြန်မာအမျိုးသမီးငယ်တစ်ဦး လူကုန်ကူးခံရတာကို စုံစမ်းစစ်ဆေးပေးဖို့ အမျိုးသမီးများလူကုန်ကူးခံရမှု တိုက်ဖျက်ရေးအဖွဲ့က DSI ကို မေတ္တာရပ်ခံခဲ့ရာက ဒီအမှုကို ဖော်ထုတ်နိုင်ခဲ့တာလို့ ဒီကနေ့ထုတ် Bangkok Post သတင်းစာမှာ ရေးသားထားပါတယ်။ အဲဒီအမျိုးသမီးငယ်က သူ့ကို လူကုန်ကူးဂိုဏ်းတခုက Chanthaburi ခရိုင် အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ဖို့ သိမ်းသွင်းခေါ်ဆောင်သွားကြောင်း၊ အဲဒီအနှိပ်ခန်းမှာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခံနေရတာ ၂ လ ရှိပြီဖြစ်ကြောင်း၊ အခကြေးငွေ တစ်ပြားမှ မရတဲ့အကြောင်း အဒေါ်ဖြစ်သူကို ဆက်သွယ်ပြောဆိုခဲ့ရာက အဒေါ်ဖြစ်သူက အမျိုးသမီးများလူကုန်ကူးခံရမှု တိုက်ဖျက်ရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမျိုးသမီးငယ်ကို ရှာဖို့အတွက် DSI အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Komvich Pathanarat ကိုယ်တိုင် အနှိပ်ခန်းကို ဧည့်သည်ဟန်ဆောင် သွားရောက် စုံစမ်းခဲ့ပြီးမှ ခရိုင်တရားရုံးက ရှာဖွေဝရမ်းနဲ့ ၀င်ရောက်စီးနင်းခဲ့ရာက ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတွေကို ကယ်ဆယ်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်

Thank You Visited My Blog.

၂ဝ၁၅ ခုနှစ် နောက်ပိုင်း AEC ခေါ် အာဆီယံ စီးပွားရေးအဖွဲကြီး ပေါ်ပေါက် လာပြီးတဲ့အခါ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အလုပ်သမားတွေကို ရရှိနိုင်ဖို့ မလွယ်ကူတော့ဘဲ အလုပ်သမား ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်-ပစ်ဆူဝမ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။
Photo: AFP
မြန်မာနိုင်ငံမှ မိန်းကလေးငယ်များစွာသည် ပြည်တွင်းတွင် စားဝတ်နေရေး မဖူလုံသောကြောင့် အခြားနိုင်ငံများသို့ စွန့်စား သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြရပါသည်။ (Photo: AFP)
ဘန်ကောက်မြို့မှာ မနေ့က ပြုလုပ်တဲ့ စီမံခန့်ခွဲရေး စည်းဝေးပွဲတရပ်မှာ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်က အဲဒီ အချိန်ကာလ ရောက်တဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ သူ့နိုင်ငံသား အလုပ်သမားတွေကို သူ့ ပြည်တွင်းက စီးပွားရေးဇုံနယ်မြေ သုံးခုမှာ အလုပ်အကိုင်တွေပေးဖို့ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်လို့ မြန်မာ အလုပ်သမားတွေအပေါ် အဓိက အားထားလုပ်ကိုင်နေတဲ့ ထိုင်းအလုပ်ရှင်တွေ ထိုင်းစက်ရုံတွေ အနေနဲ့ အခက်အခဲ တွေ့လာရနိုင်ကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် ထိုင်း လုပ်ငန်းရှင်တွေအနေနဲ့ လူ့လုပ်အား များများ အသုံးမလိုတဲ့ ခေတ်ပေါ် နည်းပညာတွေကို ရှာဖွေကြဖို့နဲ့ တခြား အာဆီယံနိုင်ငံတွေကို လုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင် ကြိုးစားကြဖို့ လိုကြောင်း၊ အစိုးရ အာဏာပိုင်တွေကလည်း ဒီလုပ်ငန်းရှင်တွေကို အခုလက်ရှိထက် ပိုပြီး ပံ့ပိုးအားပေးဖို့ လိုကြောင်း မစ္စတာ ဆူရင်က တိုက်တွန်း ပြောကြားသွားပါတယ်။

ဘင်္ဂလားဒေ့ရှ် မြန်မာ ရေပိုင်နက်ပြဿနာ ဘင်္ဂလားဒေ့ရှ် အနိုင်ရ

Thank You Visited My Blog.
2012-03-14
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာဥပဒေဆိုင်ရာ တရားခုံရုံး (ITLOS) က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား အငြင်းပွားနေတဲ့ ရေပိုင်နက်ပြဿနာကို မတ်လ ၁၄ ရက် မနေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အနိုင်ပေးလိုက်ပါတယ်။
Photo courtesy of ITLOS web site
၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်က ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အပြည်ပြည်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာဥပဒေဆိုင်ရာ တရားခုံရုံး (ITLOS)တွင် မြန်မာကိုယ်စားလှယ်အဖွဲ့အားတွေ့ရစဉ်။
တရားရုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်စား တရားရင်ဆိုင်ခဲ့သူ အဖွဲ့ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က မိမိတို့ မျှော်မှန်းတာထက် ပိုပြီးပေါက်မြောက် အောင်မြင်ခဲ့တယ်လို့ ဂျာမနီနိုင်ငံကနေ သူ့နိုင်ငံကို ဖုန်းဆက်အကြောင်းကြား ပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပင်လယ်ပြင်ရေပိုင်နက် အကျယ်အဝန်း စတုရန်းကီလိုမီတာ တစ်သိန်း ခုနစ်ထောင် ပိုင်ဆိုင်သင့်ကြောင်း တောင်းခံခဲ့ရာမှာ တရားရုံးက စတုရန်းကီလိုမီတာ တစ်သိန်း တစ်သောင်း တစ်ထောင်အထိ ပေးအပ်လိုက်ပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကမ်းခြေကနေ မိုင်နှစ်ရာ အကွာအဝေးထိ သီးသန့်စီးပွားရေးဇုန်အဖြစ် ပိုင်ဆိုင်ကြောင်း တရားခုံရုံးက အသိအမှတ်ပြုလိုက်တဲ့အပြင် နှစ်နိုင်ငံနယ်စပ် ရေပိုင်နက်ကိစ္စအတွက် စိန့်မာတင်ကျွန်းကို အခြေခံ သတ်မှတ်ရာမှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို အသာပေးခဲ့တဲ့အတွက် မိမိတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်အားလုံး ပြည့်ဝခဲ့ပြီလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မိုနီက ပြောပါတယ်။
ဒီဆုံးဖြတ်ချက်တွေကို ITLOS တရားရုံး တရားသူကြီး ၂၂ ဦးအနက် တရားသူကြီး ၂၀ ရဲ့ထောက်ခံချက်နဲ့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ဒီအကြောင်း အသေးစိတ်ကို ဦးကိုကိုအောင်က တင်ပြထားပါတယ်။
မေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်။

USB လေးတပ်လိုက်၇ုံ ဖြင့် data တွေပါသွားနိုင်

Thank You Visited My Blog.



ဒီပိုစ့်လေး ကတော့  USB Flash Drive ကနေ Hack လို့ ရတဲ့ အကြောင်းလေးကို ဖော်ပြပေးမှာ ဖြစ်ပါတယ် --- သယ်ချင်းများ လဲ သိကြမှာ ဖြစ်ပါတယ်---- USB လေးတပ်လိုက်တာနဲ့  မိမိတို့  စက်ထဲ က data တွေ ပါသွားတာ မျိုးပေါ့----အဓိက ပြောချင်တာ ကတော့ အဲလိုမျိုး hack ခံ၇ပြီ ဆို၇င် ဘာတွေ ပါသွားလဲ ဆိုတာပါ----

တော်တော်များများ  anti virus တွေကတော့  အဲလိုမျိုးကို  proactive defense alarm တက်ပေမယ့် Deny လုပ်လိုက်ရင် computer က ဟန်း သွားပြီး  data တွေ USB Drive ထဲကို ပါသွားတော့ တာပါဘဲ---

ပါသွားတဲ့ data တွေကတော့ ---

history , IMClients , InstalledUpdates , Mail , MozillaCookies ,
NetworkAdapter , OpenPorts , ProductKey , PstPasswor , Selected , Started , Startup ----

အားလုံး firefox document အနေနဲ့ရတာပါ ။  danger တော့ ကျတာပေါ့ ဗျာ--။ ပြီးတော့ Computer User ရဲ့ Mail password တွေ account password တွေ ပါ ပါသွားတတ်ပါတယ်----

သူငယ်ချင်း USB ကို ယူသုံးရင် မင်္သကာရင် တချက်လောက်စစ်ကြည့်ပေါ့ ။
USB ကို explore လုပ်လိုက်ရင်

batexe
Dump
icons
autorun
nircmd

ဖိုင် (၅) ဖိုင်တွေ့ပါမယ် ။
Data တွေက Dump ဖိုဒါထဲမှာပါ ။

အကောင်းဆုံးကတော့ ကိုယ့် flash drive နဲ့ ကိုယ်သုံးတာပါပဲ--- ဒီကောင်လေး တွေကို ကာကွယ် ဖို့ ဆို၇င်တော့  USB Firewall လေးခံပြီး စမ်းကြည့် စေချင်ပါတယ်  ။ USB Firewall က USB Flash ၀င်လာတာနဲ့ Auto Run file ကို ရှာပြီး delete လုပ်ခိုင်းမှာ ဖြစ်ပါတယ်----

Microsoft Security Essentials 2.1.1116 Vista / window 7 for 32-bit

Thank You Visited My Blog.
 



ဒီကောင်လေး ကတော့  Microsoft Security Essentials 2.1.1116 software လေးပါ--Vista/window 7 32-bit အတွက် ဖြစ်ပါတယ်---
Microsoft Security Essentials ကိုမှ သုံးချင်သူတွေ အတွက် update ဖြစ်တဲ့ Antivirus software လေးပါ--
ဒီကောင်လေး ၇ဲ့ ဖိုင်ဆိုဒ်ကတော့ 7.5 MB ၇ှိပါတယ်--

လိုချင်တဲ့ သူများ အောက်က download လင့်လေးကနေ ယူသွားလိုက်ပါ---

< download software >

Software Engineering အကြောင်း

Thank You Visited My Blog.

ယနေ့ ခေတ်မှာ အိုင်တီ နည်းပညာဟာ နယ်ပယ်ရပ်အသီးသီးကို မရှိမဖြစ်ပံ့ပိုး ကူညီပေးနေ တဲ့ နည်းပညာရပ် တခုဆိုတာ မည်သူမှ မငြင်းနိုင်တော့ ပါဘူး။ ဒါကိုလည်းလက်ခံယုံကြည်လာကျပြီဖြစ်ပါတယ်။ အိုင်တီနည်းပညာ ရဲ့ ဖွံဖြိုးတိုတက်မှု အရှိန်ဟာ အရမ်းကိုမြန်ဆန် လွန်းပြီ လူသားတွေ ကိုလည်း အစစအရာရာကို လွယ်ကူ သက်သာ စေဖို့ အတွက် ကူညီ လာနေပါပြီ။ လူငယ်အတော် များများဟာ လည်းအိုင်တီ ကို စိတ်ဝင်စား မှုများလာ သလို လေ့လာ မှုများလာကျပါတယ်။

Software Engineering ဆိုတာ ဘာလဲ ? ပြီးတော့ Software Engineering နဲ့  ကွန်ပျုတာ Science နဲ့ ဘာကွာလဲ။။
 Computer သိပ္ပံဆိုတဲ့ ဘာသာရပ် ကြီးရဲ့ အောက်မှာ Network Engineering, Software Engineering , Database Management System Administration စတဲ့ဘာသာရပ်တွေ ရှိပါတယ်.ကွန်ပျုတာ သိပ္ပံကိုလေ့လာမယ် ဆိုရင် တော့ အဆိုပါဘာသာရပ် များ အားလုံးကိုအခြေပြု theory and fundamentals ကိုလေ့လာရမှာဖြစ်ပြီး academic education ဆန်ပါတယ်။ Software Engineering ဟာ Computer Science အောက်က ဘာသာရပ် တခုဖြစ်ပြီး Developing လုပ်ငန်းတွေကို လက်တွေ့ ပိုင်းအားဖြင့်အများစုလေ့လာ ကျရပါတယ်။


ဒီလို လက်တွေ့ လုပ်ရာမှာ delivering useful software များကို အသုံးပြုပြီးတော့ လက်တွေ့ ပိုင်းပိုဆန် ပါတယ်။ Delivering useful software ဆိုတာ ကတော့ application တခုရဖို့ အသုံးပြုရတဲ့ OS ဒါမှ မဟုတ် အဲ application တခုရဖို့ အသုံးပြုရတဲ့ ဆော့ဝဲလ်ပါ။။ ဥပမာအားဖြင့် Java language software နဲ့ application တခုရေး သလိုပေါ့ အဲလိုမျိုးပါပဲ Java ဟာ Delivering useful software ပဲပေါ့.။ SE တရောက်ဟာ Computer Science ရဲ့  theory ပိုင်းဆိုင်ရာ ဗဟုသုတများလည်းရှိထားရမှာပါ။ Electrical Engineer တယောက် ဟာ Physics ဘာသာရပ်ရဲ့ concept ကိုသိရမှာဖြစ်သလိုပေါ့။။ SE ဟာ Computer Science ရဲ့ အောက်က ဘာသာရပ်တခုဖြစ်တယ်လို့ နားလည်ထားလို့ ရပါတယ်။





Software Engineering ဆိုတာ ကကော ဘာတွေလုပ်တာလဲ ။။

Engineering ဆိုတဲ့လုပ်ငန်းရဲ့  အဓိကရည်ရွယ်ချက်က တခုခု ကို တည်ဆောက်ဖို့ ပဲ ဖြစ်ပါ တယ်။ မြို့ ပြအင်ဂျင်နီယာက တံတားတွေ စတာတွေဆောက်တည်ဆောက်တယ်၊ လေကြောင်းနှင့် အာကာသ Engineer က လေယဉ်ပျံတွေတည်ဆောက်တယ်၊ လျှပ်စစ် အင်ဂျင်နီယာက circuit တည်ဆောက်ပါတယ် ။ Software Engineering တွေကတော့ Software application သို့ မဟုတ် Software system တွေကိုတည်ဆောက် ထုတ်လုပ်ကျပါတယ်။ ခု ကျနော်တို့ လေ့လာမယ့် Software Engineering ဆိုတဲ့ဘာသာရပ်ဟာ ကျနော်တို့ လိုချင်တဲ့ Product ရဖို့ လာဖို့ အတွက် ဘယ်လို လုပ်ငန်းစဉ်တွေ ဘာနည်း ဥပဒေတွေကိုလိုက်နာ ရမယ် ဆိုတာတွေကိုလေ့လာမှာဖြစ်ပါတယ်။ Product ကောင်းတခုထွက်ဖို့ အတွက် Process ကောင်း တခုရွေးချယ် တက်ဖို့ ကအရေးကြီးတာကိုး ..။ ဒီနည်း ဥပဒေတွေဟာ အများအားဖြင့် logical thinking ကနေ ထွက်ပေါ်လာ တဲ့ abstract statements ဖော်ပြချက် တွေပါပဲ။ ဒါဟာ methodology တခုကိုလေ့လာ တာပါပဲ။ Methodology ဆိုတာ နည်းစနစ် (method) နှင့် နည်းပညာ (technique) ကို အတူတကွပေါင်းစပ်ထား တာပဲဖြစ် ပါတယ်။ Methodology ဟာ ပျက်သနာတရပ်ကို ဖြေရှင်းဖို့ ရာ နည်းလမ်း( to solving a problem) ပဲဖြစ်ပါတယ်------

ကော်နက်၇ှင် မကောင်း၇င် ကျော်ခွသုံးလို့ ၇မယ့် ဆိုဒ်များ

Thank You Visited My Blog..

http://www.ebuddy.com/#gtalk  ကို Mozilla Firefox မှာ ရိုက်ထည့်လိုက်ပါ။ ပွင့်လာတဲ့အခါမှာ gtalk ပုံလေး တွေ့ပါလိမ့်မယ်။ အဲဒီပုံလေးနှိပ်ပြီးအကောင့်ဝင်လိုက်တာနဲ့ နောက်စာမျက်နှာတစ်ခုပေါ်လာပြီး ခဏနေရင် ပွင့်လာလိမ့်မယ်။



နောက်တစ်ခုက http://karoolark.com/ ပါ။ သူကလည်း gtalk ၀င်လို့ရတဲ့ဆိုဒ်ပါပဲ။


အကောင်းဆုံးကတော့ နံပါတ်တစ်ဆိုဒ်ပါ။ တစ်ခုမရမှ နောက်တစ်ခု စမ်းကြည့်ကြပေါ့လေ။


gmail ၀င်မရရင်တော့ ဒီကနေhttp://mistakeproxyarea.appspot.com/gmail.com ၀င်လိုက်ပါ။ အကောင့်ဝင်ပြီး မေးလ်ဖတ်လို့ ရပါပြီ။


အဲဒီကမှာမရရင် ဒီကနေ ၀င်လိုက်ပါ။ http://mistakeproxyarea.appspot.com/webuzz.im/ ဒါကို ဖွင့်ပြီး တာနဲ့ အောက်ဆုံးမှာ gtalk gmail ၀င်လို့ရမဲ့ ပုံလေးတွေ တွေ့ပါလိမ့်မယ်။ gtalk ပုံကတော့ ရှင်းပါတယ်။ gmail ပုံကတော့ gtalk အောက်ဆုံးမှာပေါ်တဲ့ပုံစံလေးအတိုင်းပါပါတယ်။ အဲဒါလေးကို ထောက်နှိပ်လိုက်ရင် gmail ၀င်လို့ရပါပြီ။


ဒါလေးကတော့ http://mistakeproxyarea.appspot.com/ မိမိကြည့် ချင်သောဆိုဒ်များကို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်လေးပါ။ ဒါလေးကို အရင်ဖွင့်ပြီး မိမိကြည့်ချင်တဲ့ဆိုဒ်နာမည်ကိုရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်တာနဲ့ ပွင့်လာပါလိမ့်မယ်လေ။
 ဒါကလည်း http://www.polysolve.com/ ၀က်ဆိုဒ် များကို ကျော်ကြည့် တဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်ကို ဖွင့်ပြီးတဲ့ခါ ကြော်ညာတစ်ခုအပေါ်ကနေ ဖုံးနေတာတွေ့ပါလိမ့်မယ်။ အဲဒါကို ကြက်ခြေခတ်လေးနှိပ်ပိတ်လိုက်ပါ။ ပြီးရင် Begin Solving ရှေ့မှာ မိမိဖွင့်ချင်တဲ့ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ ရိုက်ထည့်ပြီးတာနဲ့ Begin Solving ဆိုတာကို နှိပ်လိုက်ပါ။ ပွင့်လာပါလိမ့်မယ်။ အပေါ်ကဟာနဲ့မရရင် ဒါလေးနဲ့ ကျော်ဝင်ကြည့်ပေါ့လေ။


တစ်ခါတလေကျတော့လည်း မြန်မာပြည်ကော်နရှင်က Access has been Denied လို့ ပြတတ်ပါတယ်။ အဲဒီလိုပြတဲ့အခါ မိမိဖွင့်နေတဲ့ဆိုဒ် သို့မဟုတ်မေးလ်ရဲ့အပေါ်ဘားတန်း http:// နောက်မှာ https:// ဆိုပြီး (S) လေးထည့်ပေးမှ ပွင့်တာမျိုးလည်း ရှိပါတယ်။


ခုပြောခဲ့တဲ့နည်းတွေမှ မရရင်တော့ proxy နဲ့ကျော်ကြည့်ပေါ့လေ။ တစ်ချို့ proxy ကျတော့လည်း ၀ယ်မှရတာဆိုတော့ မ၀ယ်နိုင်တဲ့လူတွေအတွက် ဒုက္ခများပါတယ်။ အဲဒီတော့ မိမိမ၀ယ်နိုင်ရင် ခုပြောပြခဲ့တဲ့ နည်းစနစ်လေးတွေနဲ့ သုံးကြည့်ကြပါ။ကော်နက်ရှင် လုံးဝကျမှသာလျှင် ဖွင့် မရတာ ပါ။ ကော်နက်ရှင် နည်းနည်းလေး ရှိရင်တော့ အနည်းဆုံး gtalk တော့ ကျော်ဝင်လို့ ရပါတယ်။


နောက်တစ်ခုကတော့ 
 https://imo.im/
သူကဘာတွေသုံးလိုရလဲဆိုတော့


*MSN
*Skype
*Yahoo
*G-Talk
*Facebook
*AIM/ICQ
*Jabber
*Vkontakte
*My Space
*Hyves


(၁၀) မျိုးတောင်သုံးလိုရတယ်ဗျာ။ အသုံးပြုရတာလဲ ကိုယ်သုံးမယ် Messenger ပေါ်ကလစ် နှိပ်ပီး user name နဲ့ password ရိုက်ပြီး sign in ၀င်လိုက်၇င် ၇ပါပြီ။


နောက်တစ်ခုက E-mail ရော Messenger ရောသုံးလို့ ရတယ်။ 
 http://www.livego.com/
သူမှာသုံးလိုရတာတွေက


*Facebook
*MSN
*Twitter
*Yahoo
*G-Talk
*AOL


(၆) မျိုးသုံးလိုရပါတယ်။

Photoshop မှတ်စု(၂)

Thank You Visited My Blog.
  Photoshop မှတ်စု () လေးကို အောက်ပါ တင်ပေးလိုက်ပါတယ်----
အသုံးတည့်တဲ့ သူများ  PDF ဖိုင်လေး နဲ့  အောက်က download လင့်လေးကနေ ယူသွားလိုက်ပါ---