WELCOME

Wednesday, March 14, 2012

မြန်မာ ကနေ English..... အင်္ဂံလိပ် ကနေ Myanmar ......

Thank You Visited My Blog.

dictionary1.jpg
     စိတ်ဝင်စားသွားလား အဟဲ...... ကျွန်တော်အခု ပေးမှာက ထိုင်ရာက မထပဲ စာရွက်မလှန်ရပဲ မိမိတို့ ကွန်ပျူတာ ရှေ့မှာ ကိုယ်သိချင်တယ့် စာလုံးကို Keyboard ကနေရိုက်ထည့်ပြီး ရှာနိုင်တယ့် Myanmar-English   English-Myanmar Dictionary လေးပါ သူကလည်း Portable လေးပါပဲ ဒါလေးကလည်း သူငယ်ချင်းတစ်ယောက်ဆီက ရတာပါ ဟဲဟဲ သူငယ်ချင်းကောင်းတွေ ပေါတယ်နော်... သူက English စာလေ့လာနေတယ့်သူတွေ လေ့လာနေဆဲလူတွေအတွက် အများကြီး အထောက်အကူ ဖြစ်မယ်လို့ ထင်ပါတယ် ကျွန်တော်တောင် အခုသူလေးနဲ့ ဇိမ်ကျနေတာ အိမ်က Dictionary အထူကြီးဆို သနားဖို့တောင်ကောင်းတယ် ဖုန်တွေတောင် တက်လို့ ထားပါလေ အခုက IT ခေတ်ကြီးပဲ ဟုတ်ဘူးလား..... (ကိုယ် Dictionary လှန်ရမှာပြင်းရင် ပြင်းတယ်မပြောဘူး IT ကိုပဲ ဇွတ်ပုံချနေတာ ဟီးဟီး) ကဲကဲ စမ်းသုံးကြည့်ချင်သူတွေအတွက် တော့ထုံးစံအတိုင်း အောက်က လင့်ခ် လေးမှာ ဆွဲသွားလိုက်နော်........
Download Link. <--- ဒီမှာဒေါင်းနော်။

ကိုယ်ဘယ်အချိန် သေမလည်းတွက်ကြည့်မလား

Thank You Visited My Blog.

Death.gif
          လဝန်းညိုတစ်ကောင် ဘာပေါက်ကရ ရေးဦးမလည်း လို့တော့ မပြောနဲ့နော်။ အပျင်းပြေ ကလိစရာလေးတစ်ခု မျှဝေပေးမလို့။ လောကကြီးမှာ ရှိသမျှလူအားလုံး သေခြင်းတရားနဲ့ ကင်းနိုင်တယ့် သူဘယ်သူမှ မရှိကြပါဘူး။ ဒါပေမယ့် လူတိုင်းလူတိုင်း သေမှာ တော့တစ်နည်းမဟုတ်တစ်နည်း ကြောက်ကြတယ့် သူတွေ ချည်းပါပဲ။ ဒီလိုကြောက်နေသားနဲ့ကို သေခြင်းဆိုတယ့် အကြောင်းကိုလည်း မစဉ်းစားပဲ မနေနိုင်တာကလည်း လူတွေရဲ့ စပ်စုတတ်တယ့် ညဉ်ကလေးကြောင့်ဖြစ်မှာပါ။ လူသားအားလုံး စပ်စုတတ်ပါသည် (ပုံ လဝန်းညို) ဒီလိုဆိုတော့ လဝန်းညိုလည်း ဘာသားနဲ့ထုထားတာမို့လည်းနော် လူပဲဟာ ကိုယ်ဘယ်နေ့သေမလည်းတော့ သိချင်သေးတာပေါ့။ ဒါနဲ့ပဲ The Death Clock ဆိုတယ့် Website လေးကိုတွေ့တာနဲ့ အငမ်းမရ ဝင်ပြီး တွက်ချက်လိုက်တာ ဟီးဟီး တော်သေးတာပေါ့ လဝန်းညိုက သက်ဆိုးရှည်မယ်လို့ တွက်ပေးလိုက်လို့။ နောက်ထပ် နှစ်လေးဆယ်ကြီးများတောင်နေရဦးမယ် ဆိုတော့ ပျော်လိုက်တာပေါ့နော်။ ဒီလိုပဲ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကိုယ်ဘယ်အချိန်သေရမယ်ဆိုတာ သိချင်တယ့်သူများ  www.deathclock.com မှာဝင်ပြီး တွက်ချက်လိုက်ကြပါ။
အသက်ရှည်ကြပါစေ။

စာစီစာရိုက် သမားများအတွက်....(တခြားသူများနှင့်မဆိုင်)း P

Thank You Visited My Blog.

pagemakerid
     အသုံးလိုသူများ ယူထားလိုက်ကြပါဦး Page Maker 7.0 ပါ File Size ကလည်း116Mb ကျော်ကျော် လေးပဲ ရှိပါတယ် ကျွန်တော် ပေးထားတဲ့ .rar ဖိုင်လေးကိုဖွင့်ပြီးရင် အဲဒီထဲမှာပဲ setup.exe ဆိုတာလေးကိုတွေ့အောင်ရှာပြီး run ပေးလိုက်ပါ။ သူ့ Serial key ကတော့ Serial.txt ဆိုတဲ့ notepad ဖိုင် လေးထဲမှာရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ကွန်ပျူတာ စာစီသမားတွေအတွက် အသုံးဝင်မယ်ထင်လို့ တင်ပေးလိုက်တာပါ။ ပြီးတော့ ကျွန်တော်တို့ မြန်မာ Blog တွေမှာ တစ်ခြား Photo Shop, Microsoft Office, Front page စတယ့် Software တွေကို တင်ပေးထားကြပြီး ဒီ Page Maker လေးကိုမတွေ့သေးလို့ ကျွန်တော်လည်း ရှာပြီးတင်ပေးလိုက်တာပါ။ အားလုံးအဆင်ပြေကြပါစေ.....
    အခုကျွန်တော် Software တွေကို Share ပေးတာက Mediafire ကနေပဲ Share ပေးတာပါ... တစ်ခါတစ်လေ အဆင်မပြေတာ လေးတွေ လင့်ခ် သေနေတာလေးတွေ ရှိရင်လည်း အောက် မှာ Comment လေးပေးခဲ့ကြပါ......
Download Link.. <---ဒီမှာဒေါင်းကြပါ။

Thursday, March 8, 2012

facebook ပေါ်က အလွယ်တကူ Eng-Myan Dictionary

Thank You Visited My Blog.
 အခု Facebook က English - Myanmar Dictionary အကြောင်းမိတ်ဆက်ပေးချင်ပါတယ်။ English - Myanmar Dictionary ဆိုတာ ငါတို့gtalk ထဲမှာလဲရှိတာပဲ ဆိုပြီးတော့ ဆန္ဒမစောလိုက်ပါနဲ့ အခုတလော en2mm@mmgeeks.org ကပျောက်ချက် သားကောင်းနေပါတယ်။ တချို့တွေကတော့ gtalk မသုံးပဲ Facebook ကိုအရမ်း crazy ဖြစ်တဲ့သူတွေရှိပါတယ်။

Facebook crazy ဖြစ်လို့ သူတို့english meaning တစ်ခုကိုသိချင်တယ်ဆိုရင် gtalk ကလဲမသုံးတော့ အခက်တွေ့ပြန်ရော software dictionary တွေလဲ ရှိပါတယ်။ ဒါပေမဲ့ run ရဦးမယ်။ ကိုယ်သုံးတဲ့ Facebook ကနေပဲ လွယ်လွယ်ကူကူရှာချင်တယ်ဆိုရင် English - Myanmar Dictionary
(ဒါကတော့ English - Myanmar Dictionary ရဲ့ facebook page ပါ)
ဆိုတာလေးကို လမ်းညွှန်ပေးချင်ပါတယ်။အဲ့ကနေ အလွယ်တကူ ကိုယ်သိချင်တာကို ရိုက်ထည့်ပြီးရှာလိုက်ရုံပါပဲ။ အသုံးပြုနည်းကလည်း အရမ်းလွယ်ကူရိုးရှင်းပါတယ်။










 Copy From :  http://mgshwepyisoe.blogspot.com

Do you Know? လွယ်ကူ ပေါ့ပါး နည်းလမ်းများ

Thank You Visited My Blog.

မူးမော်သူများ၊အညော်မိတက်သူများ အနေဖြင့် ကြက်ဟင်းခါးရွက်ကို ပွတ်ခြေကာ ရူပေးခြင်းဖြင့်သက်သာစေပါသည်။
ဓါးတွင် ကြက်သွန်နံ့များမပျောက်ပါက အာလူးအခွံနဲ့ ပွတ်တိုက်ပါ။တအောင့်ကြာလျင် ဆပ်ပြာဖြင့်ပွတ်တိုက်ဆေးကြောပါ
ဖိနပ်လည်သာများ အရောင်တင်လိုပါက ငှက်ပျောသီးအတွင်းခွံနဲ့ ပွတ်တိုက်ပေးပါ။ ပြောင်စင်လာပါလိမ့်မည်။
အမှိုက်ပုံးများအနံ့ထွက်နေလျင် သံပုရာသီးအခွံများကိုထည့်ပြီး အဖုံးအုပ်ထားလိုက်ပါ။ခဏကြာလျင်
အနံ့များပျောက်သွားပါလိမ့်မည်။

သစ်ခွပင်များကိုရေလောင်းပါက ရေအစား ရေခဲတုံးလေးများထည့်ပေးခြင်းက ပိုမိုလွယ်ကူအဆင်ပြေစေပါလိမ့်မည်။

မျက်နှာတွင်ဝက်ခြံများပေါက်နေပါကသံပုရာရည်နစ်စက်၊ဆားနှင့်အပွေးကုန်သွားသောသနပ်ခါးတုံးကို ရော
ကာသွေးလိမ်းပါ။ပေါက်ကင်းပါလိမ့်မည်။
အဆီပြန်သူများအတွက် သလဲသီးနှင့် မျက်နှာကို ပွတ်တိုက်ပေးပါ။သက်သာပါလိမ့်မည်။

နှလုံးအားနဲနေသူများအတွက် ချောကလက်နှင့် ပန်းသီးကို ကျွေးပေးပါ။

အသားဟင်းများ အနူးလိုနေလျင် သဘောင်္သီးအစိမ်း ထည့်ချက်ပါ။အလျင်အမြန်နူးပါလိမ့်မည်။

နှာစေးနှာပိတ်နေသူများအတွက် ခြေထောက်ကို အနွေးဓာတ်ရစေရန် ဖယောင်းတိုင် (သို့မဟုတ်)
မီးခဲ ဖြင့် ခြေဖ၀ါးကိုကင်ပေးပါ။နွေးနေအောင်ကင်ပေးပါ။
ဆံသားတွေကျန်းမာနေစေရန် ဦးရေပြားကို ငါးမိနစ်လောက် နှိပ်ပေးပါ။
FWD Mail
amalinaeds@gmail.com

Wednesday, March 7, 2012

အိုင်တီခေတ် အင်တာနက်စကားပုံများ

Thank You Visited My Blog.




အိုင်တီခေတ် အင်တာနက်စကားပုံများ.
 အပျင်းပြေပေါ့














ကံကိုယုံ၍ ဆူးပုံမနင်းနှင့်
လျှပ်စစ်မီးကိုယုံ၍ Save မလုပ်ပဲ မနေပါနှင့်။အစက ပြန်လုပ်ရလိမ့်မည်။

ကျောချမှ ဓားပြမှန်းသိ
ဖုန်းအပိတ်ခံရမှ ကြိုတင်သွင်းငွေကုန်မှန်းသိသည်။


ခရီးသွားဟန်လွှဲ
အလုပ်ကိစ္စ၊ ကျောင်းစာအတွက် ဒေါင်းလုပ်လာဆွဲရင်း facebook လေးဝင်မန့်လိုက်၊
G-talk လေးဝင်ကြူလိုက် လုပ်သည်။

စစ်မရောက်ခင်မြားကုန်
တနေကုန်ဖုန်းဖွင့်ထားပြီး တကယ်တမ်းပြောမည်လုပ်ကာမှ
ဘတ္ထရီအားကုန်သည်။ (CDMA 450MHz)

တစ်ရွာတစ်ကျီဆောက်သည်
အင်တာနက်ကဖေးတစ်ခါထိုင်တိုင်း အီမေးလ် အသစ်တစ်ခုလုပ်သည်။



တစ်မိုးလုံး ဖျောက်ဆိတ်ချည်း
ဘယ်နားကြည့်ကြည့် facebook နှင့် G-talk ကပြေးမလွတ်ချေ။



ဒူးလောက်တင်မှ ရင်လောက်ကျသည်
ဒေါင်းလုပ်ဆွဲရာတွင် ၁ နာရီကြာမည်ဟူသော စာတန်းပေါ်ပါက အိမ်ကို ၂ နာရီကြာမည်ဟု ကြိုပြောထားပါ။







နူရာဝဲစွဲ လဲရာသူခိုးထောင်း
လိုင်းကျနေသည်ဆိုမှ မိုးကအုံ့သည်။ မီးကလဲ ပျက်သေးသည်။

ပေါက်သည့်နဖူး မထူးတော့
၁၅ သိန်းပေး၍ ဝယ်ထားရသော GSM ကြီးကိုဆိုလိုသည်။

ရှင်ဘုရင်တစ်ခါထွက်၊ ပဲကြီးတစ်လှေချက်
G-mail တစ်ခါတက် ထမင်းအိုး တစ်ခါချက်

သမင်မွေးရင်း ကျားစားရင်း
ဒေါင်းလုပ်ဆွဲရင်း ပျက်ကျရင်း
အမဲရိုးနှယ် ဟင်းအိုးမှအားမနာ
သုံးသည့် စက်များကတော့ international Standard ရှိပါသည်။ သို့သော် ကွန်နက်ရှင်ကတော့...
FWD Mail , Images from google

g+ Attack , FaceBook ပက်လက်

Thank You Visited My Blog.

အားလုံးသိကြတဲ့အတိုင်း g+ ကတော့ facebook ကို အမှီလိုက်နေပါပြီ။ facebook က g+ ကို mini facebook လို့ နှိမ်ချပြီး ခေါ်ပေမယ့် g+ ကတော့ ခြေလှမ်းပိုပို ကျဲလာပါတယ်။ အခုပုံလေးတွေကတော့ g+ က facebook ကို အပီအပြင် နှိပ်စက်နေတဲ့ gif ပုံလေးတွေပါ။ www.mmcfamily.org ကနေ ကြိုက်လို့မလာတာပါ။


ဟဲ့ဟဲ့ facebook

အင့်ဟာ

ရော့ ဒါပဲ
အခွပ် အပျောက်ပဲ

မင်း ဒါပဲကိုင်ထား

g+ ရဲ့ passing

facebook တော့ကွဲပြီ

ဆန့်ငင်ဆန့်ငင် facebook

ဒီနှစ်ကောင်ကြောင့် twitter ပါ ကြားထဲက သေတော့မလို့

ထိမ်းမနိုင် သိမ်းမရ g+

နေဦး၊ အခုမှ မပြေးနဲ့
Copy From : www.mmcfamily.org

မိအောင်ဖမ်း..မိရင်နမ်း..

Thank You Visited My Blog.

မှော်ဆရာ Group ကဝင်လာတဲ့ mail ပါ။ ကြာပြီ ထင်တယ်။ အခုမှ ဖတ်မိတာ။ ရီရလို့ ၊ မဖတ်ဖူးတော့ ကျနော့အတွက်တော့ အသစ်ပါ။ ဒါကြောင့် တင်ပေးလိုက်ပါတယ်။ ဒီဇတ်လမ်းလေးကို ဖတ်ပြီး ရတဲ့ သင်ခန်းစာကတော့ လောဘအရမ်းမကြီးကြနဲ့ တဲ့။ FwD Mail  ပို့ပေးသော  fri  နှင့် မှော် ဆရာ Group   ကို ကျေးဇူးပါ။ ရယ်လိုက်ရလို့။

ကိုလူချော တစ်ယောက် အခုတစ်လော အလွန်ဝလာသဖြင့် အလွန်စိတ်ညစ်နေသည်။စိတ်ညစ်ညစ်နှင့် အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ရင်း သတင်းစာကို ယူကြည့်ရာကြော်ဋ္ဌာတစ်ခုကို တွေ့ လိုက်ရသည်။
ကြာ်ဋ္ဌာက... သင်၏ အဆီများကျဖို့ ကျွန်တော်တို့ ကတာဝန်ယူပါသည်။ တစ်ပတ်အတွင်း မည်မျှကျချင်ကြောင်းသာဖုန်းနံပါတ်..... သာဆက်သွယ်လိုက်ပါဟု တွေ့ ရသဖြင့် ခေါ်ဆိုကြည့်ရာ တစ်ဖက်မှ


..ဟုတ်ကဲ့ Slim Body Groupမှကြိုဆိုပါတယ်....

မိတ်ဆွေအနေဖြင့်..နေရပ်လိပ်စာနှင့် တစ်ပတ်အတွင်း ပေါင်မည်မျှကျချင်ကြောင်း ပြောပြပါဟုပြန်ဖြေလေသည်။ထိုအခါကိုလူချော.....တစ်ပတ်အတွင်း ၅ပေါင်ကျချင်ကြောင်းပြောရာ တစ်ဖက်မှ...ဟုတ်ကဲ့ မနက်ဖြန်ကစပြီး လူကြီးမင်းရဲ့ ကိုယ်အလေးချိန် ၅ပေါင်ကျဖို့ တာဝန်ယူကြောင်း...ဤအစီအစဉ်ကိုကြိုက်နှစ်သက်လိမ့်မည်ဟုယုံကြည်ကြောင်း ပြန်ဖြေလေသည်။


နောက်နေ့ မနက်
အိမ်တံခါးခေါက်၍ သွားဖွင့်ရာ...
ငယ်ရွယ်ချောမောလှပသော မိန်းမပျိုလေးတစ်ယောက် အားကစားဝတ်စုံ ၀တ်လျှက် စောင့်နေသည်ကို တွေ့ ရလေသည်။ သူမ၏လည်ပင်းတွင် ကတ်ပြားတစ်ခုချိတ်ဆွဲထား၍ ဖတ်ကြည့်ရာ.....မိအောင်ဖမ်း..မိရင်နမ်း...ဟုတွေ့ ရသည်။

ထိုမိန်းကလေး က ဘာမှမပြောဘဲပြေးထွက်သွားရာ ကိုလူချောလည်း မှီအောင်လိုက်ရတော့သည်။
၂မိုင်လောက်ပြေးလိုက်မှ ထိုမိန်းကလေးကို မိတော့သည်။ ဒီလိုနှင့်ထိုမိန်းကလေးနောက်ပြေးလိုက်ရာ တစ်ပတ်မျှကြာသော်...အမှန် တစ်ကယ်ပင်၅ပေါင်ကျသွားကြောင်းတွေ့ ရသည်။


ကိုလူချောချာတစ်ယောက် အပျော်ကြီးပျော်သွားပြီး ယင်း Group အား ထပ်မံ၍ တစ်ပတ်အတွင်း
၁၀ပေါင်ကျချင်ကြောင်း အကြောင်းပြန်လိုက်သည်။


နောက်နေ့ တွင် ယခင်ကထက် ပိုမိုချောမောလှပသော မိန်းမပျိုလေးတစ်ယောက်ဘောင်းဘီတိုလေးနှင့်စောင့်နေ သည်ကို တွေ့ ရပြန်သည်။ ထိုမိန်းကလေး၏ကတ်ပြားလေးမှာလဲ........... မိအောင်ဖမ်း..မိရင်နမ်း ပင်ဖြစ်သည်။ ထိုမိန်းကလေးနောက်ပြေးလိုက်ရာ....၅မိုင်လောက်မှမှီလေသည်။ထုံးစံအတိုင်း တစ်ပတ်ပြည့်၍ ပေါင်ချိန်ကြည့်ရာ စ်ကယ်၁၀ပေါင်ကျသွားလေသည်။


ကိုလူချောတစ်ယောက် လောဘတက်လေပြီ။ ၂ ပတ်အတွင်းပေါင် ၅၀ ကျချင်ကြောင်းအကြောင်းကြားရာ ထို Group က ထိုအစီအစဉ်မှာလွန်စွာ ပင်ပန်းကြောင်းနှင့် ဖြည်းဖြည်းချင်း ပေါင်ချလျှင်လည်း


ရနိုင်ကြောင်းပြောပြသည်။ သို့ သော်ကိုလူချောကရပါတယ်..ဒီလောက်တော့အပျော့ပေါ့ ဟုပြန်ပြောကာ ၂ ပတ်တွင်ပေါင် ၅၀ကျရန်သဘောတူလိုက်သည်။ နောက်နေ့ မနက်ရောက်၍ ၀မ်းသာအားရ

တံခါးသွားဖွင့်ရာ....တံခါးတွင်...ထောင်ထောင်မောင်း မောင်း သန်သန်မာမာ

ယောကျာ်းတစ်ယောက်ကိုတွေ့ ရ၍ အံအားသင့်သွားသည်။ ထိုသူ၏ လည်ပင်းတွင်

ချိတ်ဆွဲထားသော ကတ်ပြားလေး၌......

လွတ်အောင်ပြေး...မိရင်နာမယ်..ဟူ၍ဖြစ်လေသတည်း....။

ပြေးပြေး ကိုလူချော ပြေး::::::::
ကိုလူချော ပေါင် ဘယ်လောက်ကျသွားမယ်လို့ထင်ပါသလဲ :D