WELCOME

Tuesday, November 22, 2011

Quick Format နှင့် Regular Formatအကြောင်း

Thank You Visited My Blog.
ဟ့ဒ်ဒစ်စ်ကိုအကြောင်းအမျိုးမျိုးကြောင့်ဖော်မက်တွေချကြပါတယ်။အဲ့ဒီမှာ
Quick Format နှင့် Regular Formatဆိုတဲ့အပိုင်းလေးတွေကိုသတိမထားမိဘဲ
အလွယ်တကုချကြတာကိုတွေ့ ရပါတယ်။
အဲ့ဒီအကြောင်းကိုသိပြီးလုပ်ဆောင်ရင်ပိုကောင်းမယ်ထင်လို့ ဒီပို့ စ်လေးကိုတင်
ပေးလိုက်ပါတယ်။
ကျွန်တော်တို့ Windows တင်တဲ့အခါမှာ Hard disk formatting နဲ့
ပက်သက်လို့ အောက်ပါအတိုင်းတွေ့ရပါတယ်။
တစ်ချို့ Windows တွေမှာ FAT File System မပါရှိတော့ပါဘူး
NTFS File System ဘဲ ပါပါတော့တယ်။နောက်ပြီး no Changes
လဲ ပါမလာတာတွေ ရှိပါတယ်။
Quick Format နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။

ဒီနေရာလေးထဲမှာ

Format the partition by using the NTFS file system (Quick)
Format the partition by using the FAT file system (Quick)
Format the partition by using the NTFS file system
Format the partition by using the FAT file system
Leave the current file system intact (no changes)

Quick Format


ကျွန်တော်တို့ Quick Format နဲ့ တင်တဲ့ အခါမှာ Windows တင်တဲ့ အပိုင်းက Disk ထဲက
File တွေကို ဖယ်ရှား (Remove) ပေးပါတယ်။ ဒါပေမဲ့ Drive ရဲ့ bad Sectors တွေကို
Scans မလုပ်ပေးပါဘူး။ တစ်နည်းအားဖြင့် Bad Sectors ရှိရဲ့သားနဲ့
bad Sectors ကို Scan မလုပ်ဘဲ badsector ကိုကျော်ပြီး ကောင်းတဲ့
နေရာမှာဘဲ တင်သွားတာပါ။
ဒါကြောင့် Quick Format က Windows တင်တာ မြန်ပေမဲ့ bad Sectors တွေကို
Scan မလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် မိမိ Drive မှာ Bad Sectors ရှိရဲ့သားနဲ့
မစစ်ဆေးဘဲ Quick Format နဲ့ဘဲ တင်နေမယ်ဆိုရင်
Hard Disk က ရေရှည်ခံနိုင်ရည် ရှိမရှိ စဉ်းစားသင့်ပါတယ်။
Disk Error ရှောင်ရှား နိုင်သလား ကိုယ်တိုင် စဉ်းစားကြည့်ပါ။

Regular Format

Regular Format လို့တော့ မပြပါဘူး။ Quick လို့ မပြတဲ့ အပိုင်းက Regular လို့ ခေါ်ပါတယ်။
Regular Format ကတော့ Files Permanently ကို ဖျက်ပေးရုံတင်မက bad Sectors တွေကိုပါ
Scan လုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် Quick Format ထပ်စားရင်
Drive မှာ Disk Error တွေကို ရှောင်းရှားနိုင်ပါတယ်။
ဒါကြောင့် Regular နဲ့ Quick ဘယ်သူ ပိုကောင်းသလဲ
ဆိုတာ ကိုယ်တိုင်သာ ဆုံးဖြတ်ကျပါတော့။

ဒာချိန်လေးနဲနဲပေးရတာ ဘာမှ မကြာပါဝူးရယ်...ပြီးတော့ ဟက်ဒစ်တွေကလည်း
ပမာဏများတာရှိရင်လည်း သီးခံပြီးပေးကြပါ..ကျွန်တော်ဆို
ဟက်ဒစ် ဂစ် ၁၀၀၀ ကို ၂၀၀ဂစ်ဆီ (၅) ခုခွဲပြီး regular format နဲ့ ပေးတာ
၃ နာရီခွဲကြာခဲ့တယ်...


အဆင်ပြေကြပါစေဗျာ။

ကွန်ပျူတာShutdown လုပ်သည့်အချိန် ကြာမြင့်လွန်းလျှင်

Thank You Visited My Blog.
ကွန်ပျူတာသမားတော်တော်များများကတော့ Nvidia Driver Helper Service (Nvidia Video Card မှသုံးသည်) ဟာ Shutdown လုပ်တဲ့အချိန်ကို ကြာစေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း အဲဒီပြဿနာကို Nvidia Video Card Driver ကို Update လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ တစ်ချို့သူတွေကတော့ Terminal Service ကို Disable လုပ်လိုက်ရင် Shutdown လုပ်တဲ့အချိန် သိသိသာသာကို မြန်သွားတယ်လို့ ပြောကြပြန်ပါတယ်။ Terminal Services ဟာ Remote Assistance, Remote Desktop နဲ့ Fast User Switching တွေအလုပ်လုပ်နိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်။ သုံးမျိုးစလုံးကို မြန်မာနိုင်ငံက ကွန်ပျူတာသုံးစွဲသူတွေ မသုံးသလောက်နီးပါးရှိတဲ့အတွက် အဲဒီ Terminal Services ကို ပိတ်ထားလိုက်လို့ရပါတယ်။ ပိတ်နည်းကတော့
၁။ Start>Run မှတစ်ဆင့် services.msc ဟုရိုက်ပြီး Enter ခေါက်ပါ။
၂။ Services Window ပွင့်လာပါလိမ့်မည်။ Services အမည်များကိုလည်း တန်းစီပြီး တွေ့ရပါလိမ့်မည်။
၃။ ထိုအထဲတွင် Terminal Services ကိုတွေ့အောင်ရှာပါ။ တွေ့လျှင် Double Click နှိပ်ပါ။
၎။ Properties Dialog box တစ်ခုကျလာပါလိမ့်မည်။ Startup type drop down list box ကိုနှိပ်ပြီး Disabled ကိုရွေးပါ။ OK နှိပ်ပါ။
၅။ Computer ကို Restart လုပ်ပါ။ နောက်တစ်ခါ Shutdown လုပ်ကြည့်ပါ။ ပိုမြန်လာပါလိမ့်မည်။
shutdown အချိန်ကို ကြာမြင့်စေတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Windows ဟာ shutdown လုပ်တဲ့အခါမှာ Virtual Memory နဲ့ Hibernation Cache ကို ဖျက်ဖို့ ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို Virtual Memory နဲ့ Hibernation Cache ကို ဖျက်ခြင်းဟာ Shutdown လုပ်တဲ့အချိန်ကို အရမ်းကြာမြင့်စေပါတယ်။ တကယ်တမ်းတော့ အဲဒီဖျက်တဲ့ Function ကို Windows က ပိတ်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ software တွေက အဲဒါကို ပြန်ဖွင့်တတ်ပါတယ်။အဲဒီလို သွားဖျက်တဲ့ Feature လေး ကိုယ့်ပီစီမှာ ဖွင့်ထားသလား၊ ပိတ်ထားသလား ဆုံးဖြတ်ဖို့အတွက် Run ထဲမှာ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပွင့်လာရင် ဘယ်ဘယ်မှာရှိတဲ့ Computer Configuration>Windows Settings>Security Settings>Local Policies>Security Options ကို ရောက်အောင်သွားပါ။ ပြီးရင် ညာဘက်မှာပေါ်လာတဲ့ စာတန်းတွေထဲကနေ Shutdown: Clear virtual memory page file ဆိုတဲ့ စာသားလေးကို ရှာပါ။ Disabled ဖြစ်နေတယ်ဆိုရင် ပိတ်ထားတာပါ။ Enabled ဖြစ်နေတယ်ဆိုရင် Disabled လုပ်ပစ်ရမှာပါ။ Disabled လုပ်ဖို့အတွက် အဲဒီစာသားပေါ်မှာ Double Click နှိပ်ပြီး Disabled ကိုရွေးပါ။ OK ပေါ် နှိပ်ပါ။ ကွန်ပျူတာကို Restart လုပ်ပါ။

ဆိုက်ဘာကဖီး(သို့ )အင်တာနက်ဆိုင်ဖွင့်ကြည့်ရအောင်။(၁)

Thank You Visited My Blog.


အင်တာနက်ဆိုင်ဆိုတဲ့ဆိုက်ဘာကဖီးဆိုင်ဖွင့်တယ်ဆိုတာလက်ရှိမြန်မာပြည်မှာ
ရေပန်းအစားဆုံးနဲ့ ခေတ်အမီဆုံးလုပ်ငန်းတစ်ခုဆိုရင်မမှားပါဘူး။
ဒါကြောင့်အွန်လိုင်းမှာမေးလာကြတဲ့သူငယ်ချင်းတွေအတွက်ဆိုင်ကိုဘယ်လိုစီစဉ်ဖွင့်လှစ်ရင်
ကောင်းမလဲဆိုတာလုပ်ခဲ့တဲ့အတွေ့ အကြုံနဲ့ အင်တာနက်မှာရှာဖွေပြီးသိသလောက် ဖော်ပြလိုက်ပါတယ်။
အရင်ကျွန်တော်အင်တာနက်ဆိုင်ဖွင့်တုန်းကလွယ်ကူမယ်ထင်ခဲ့ပါတယ်နောက်ပိုင်းလုပ်
ကြည့်မှအတော်အလုပ်ရှုပ်တဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်းတွေ့ ခဲ့ရပါတယ်။

၁။အင်တာနက်ဆိုင်ဖွင့်ဖို့ ပထမဦးစွာလိုအပ်တာကတော့စိတ်တိုတတ်တာတွေ။စိတ်မရှည်မှု့ 
တွေကိုအရင်ဦးစွာလျှော့ရပါ့မယ်။ဥပမာ(ခပ်တည်တည်လာပြီးဂျီတော့ခ်။ဂျီမေးလ်မသုံးတတ်
တာ။သူတို့ တို့ ဘာသာကလိကြပြီး ဆိုင်ကလူကိုလာမေးတတ်တာတွေမျိုးပေါ့)

အင်တာနက်ဆိုင်အတော်များများဟာ။များသောအားဖြင့်ဂိမ်း(Game)ဆိုင်နဲ့ တွဲထားတတ်
ကြပါတယ်။(Game)ဂိမ်းဆော့တဲ့သူတွေကအုပ်လိုက်လာအော်ဟစ်ကြတာတွေရှိပါတယ်များ
သောအားဖြင့်ပေါ့လေ။အင်တာနက်သုံးတဲ့သူတွေကတော့အေးဆေးစွာသုံးချင်ကြတာများပါ
တယ်။ဆူညံတဲ့ဂိမ်းနဲ့ အင်တာနက်ကိုတွဲဖွင့်မယ်ဆိုရင်အခန်းကိုကန့် ထားသင့်ပါတယ်။
အမှန်ဆိုအင်တာနက်သုံးတဲ့စက်တွေမှာကွန်ပျူတာအရည်အသွေး(Performance)
ဟာဂိမ်းဆော့တဲ့ စက်တွေလောက်တပ်ဆင်စရာမလိုအပ်ပါဘူး။ဘာလို့ လည်းဆိုတော့
အင်တာနက်သုံးသူအတော်များများဟာချက်တင်ထိုင်။စာဖတ်။သတင်းကြည့်။ဖိုရမ်လို့ ခေါ်တဲ့
ဆိုရှယ်နက်ဝပ်တွေ။အများဆုံးလိုအပ်ရင်သူတို့ လိုချင်တဲ့ဖိုင်တွေကိုဒေါင်းလုပ်လုပ်တာ
လောက်တင်ဖြစ်နေတတ်လို့ ပါ။ အင်တာနက်ဆိုင်ရှင်အတော်များများဟာအင်တာနက်သုံးဖို့ အတွက်စက်တွေကို
ဂိမ်းဆော့တဲ့စက်တွေကဲ့သို အရည်အသွေ့း(Performance)ကောင်းစွာတပ်ဆင်လေ့ရှိပါတယ်။
ကွန်ပျူတာတွေကိုအရည်အသွေးကောင်းအောင်ဆင်ရင်တပ်ဆင်သလောက်ငွေကုန်ကြေးကျ
များပြီးပျက်စီးပါကလည်းငွေကြေးပိုကုန်ကျတဲ့အတွက်အရင်းများပြီးအမြတ်မရှိဖြစ်တတ်ကြပါတယ်။
အမှန်ဆို အင်တာနက်သုံးဖို့ စက်က

CPU = 2 Ghz
MEMORY = 1Ghz
HDD = 80Gb

VGA = 64 Mb

လောက်ဆိုလုံလောက်စွာသုံးစွဲနိုင်ပါတယ်။

အင်တာနက်ဆိုင်တစ်ခုမှာလူမသိသူမသိအရေးကြီးတာတွေရှိပါတယ်။ဒါတွေကတော့

အင်တာနက်အသုံးပြုဖို့ နေရာကိုတတ်နိုင်ရင်ကိုယ်သုံးနေတာကိုတခြားလူအလွယ်တကူ
မမြင်ရအောင်လုပ်ထားသင့်ပါတယ်။ဘာလို့ လည်းဆိုတော့အင်တာနက်သုံးစွဲသူအတော်
များများဟာသူတို့ ရဲ့
ကိုယ်ရေးကိုယ်တာတွေ။စိတ်ခံစားချက်တွေကိုတစ်ခါတစ်လေအွန်လိုင်းမှာဖော်ပြတတ်ကြပါတယ်
ကိုယ်သုံးနေတာတခြားလူမမြင်တဲ့အတွက်ဘေးကလူအတွက်လည်းအနှောင့်အယှက်။
မဖြစ်တော့ပါဘူး

အင်တာနက်ကွန်ပျူတာတပ်ဆင်ရာမှာ Keyboard နဲ့  Mouseကိုအကောင်းဆုံးကိုတပ်ဆင်သင့်ပါတယ်
ဘာလို့ လည်းဆိုတော့ဆိုင်အတော်များများဟာ
စက်ကကောင်းနေတတ်ပြီး Keyboard နဲ့  Mouse ကိုသာမန်ဈေးပေါတာတပ်ကြပြီးခနခနပျက်ပါကအသုံးပြုသူ
စိတ်ညစ်စေတတ်ပြီးနောက်တစ်ခါမလာချင်စိတ်ဖြစ်တတ်ပါတယ်။

နောက်ထိုင်ခုံတွေကိုသက်တောင့်သက်သာရှိတဲ့ခုံတွေအသုံးပြုသင့်ပါတယ်သက်တောင့်
သက်သာမရှိတဲ့ခုံတွေဟာလာသုံးတဲ့သူတွေကိုပြန်ပါတော့လို့ နှင်ထုတ်နေသလိုပါဘဲ။
တတ်နိုင်ရင်ရွှေပြောင်းရလွယ်ပြီးနေရာမယူတဲ့ခုံမျိုးကိုအသုံးပြုသင့်ပါတယ်။
အင်တာနက်ဆိုင်အခန်းကိုအေးစိမ့်စွာထားသင့်ပါတယ်။အရမ်းအေးရင်လည်းပြင်ပအပူချိုန်နဲ့ 
ကွာပြီးလူကိုထိခိုက်စေနိုင်ပါတယ်။နေပူထဲကလာတဲ့သူ။မိုးရွှာထဲကလာတဲ့သူအတွက်အန္တရယ်
ရှိနိုင်ပါတယ်။
နောက်ကွန်ပျူတာတွေကို အပူထွက်နည်းပြီးပါဝါစားသက်သာတဲ့ပစ္စည်းတွေကိုအသုံးပြုသင့်ပါတယ်။
ဥပမာ ။ CRT မော်နီတာနေရာမှာ LCD မော်နီတာသုံးတာမျိုး ပုံစံပေါ့။
နည်းနည်းလေးသက်သာပေမဲ့အရေအတွက်ကိုအများကြီးသုံးတာဖြစ်တဲ့အတွက်အများ
ကြီးသက်သာစေပါတယ်။
ဒါကြောင့်မီးပျက်တဲ့အချိုန်မှာမီးစက်နဲ့ အသုံးပြုရင်အဆင်ပြေမှာဖြစ်သလို
လစဉ်မီတာခလျှော့ကျတဲ့အတွက်သင်ဝမ်းသာပါလိမ့်မယ်။
နောက်ဆိုင်မှာထားတဲ့ဝန်ထမ်းတွေကလည်းစိတ်ရှည်ပြီးသဘောကောင်းတာရွှေး
ခန့် သင့်ပါတယ်။ဝန်ထမ်းကသူ့ ဘာသူချက်တင်တက်အဆင်မပြေလို့ မေးတဲ့အခါ
အော်ငေါက်တာနဲ့ ဆိုသင့်ဆိုင်နာမည်ကျပါလိမ့်မယ်။

နောက်တစ်ခုကအင်တာနက်ဆိုင်ကကောင်တာမှာထားတဲ့ဆာဗာအကြောင်းပါ။
အင်တာနက်ဆိုင်တွေမှာကောင်တာမှာထားတဲ့ဆာဗာကွန်ပျူတာတွေကို….


ဆက်လက်ဖော်ပြပါမည်...

ကွန်ပျူတာအစုတ်တစ်လုံးနှင့်စိတ်မညစ်စေဖို့ ရာ

Thank You Visited My Blog.


အခုတလောလူတိုင်းစိတ်ဝင်စားလာ အလွယ်တကူကိုင်ဆောင်လို့ ရပြီးစတိုင်ထုတ်လို့ ကောင်းတဲ့
NOTE BOOK လို့ ခေါ်တဲ့လပ်တော့ပ်ကွန်ပျူတာလေးတွေဟာ။ဈေးနှုန်းတွေလည်းအတော်ချိုသာ
လာတာတွေ့ ရပါတယ်။သွားလေရာမှာယူဆောင်ရလွယ်ပြီးအလုပ်လည်းအတော်ဖြစ်ကြတော့
လူတိုင်းကိုင်ဆောင်ချင်လာကြပါတယ်။
အဲ့နေရာမှာ အသစ်အသစ်ဆိုပြီး ပိုက်ဆံတတ်နိုင်သူတွေရှိသလို။လုပ်ငန်းအတွက်တကယ်လိုအပ်ပြီး
ပိုက်ဆံရောစီးပွားရေးအတွက်ပါသုံးမဲ့သူတွေအတွက်လည်း။တပတ်ရစ်လပ်တော့ပ်ဈေးကွက်က
ကျယ်ပြန့် လာပါတယ်။တစ်ချို့ ကလည်း အသစ်ဘယ်လောက်ကောင်းကောင်းဘရန်းတက်လို့ 
ခေါ်တဲ့နာမည်ကြီးတပတ်ရစ်လပ်တော့ပ်တွေရဲ့ခိုင်မာမှု့ အကြမ်းခံမှု့ တွေကိုနှစ်သက်ပြီး
ဘရန်းတက်တပတ်ရစ်လပ်တော့ပ်တွေကိုကိုင်ဆောင်ကြပါတယ်။
တပတ်ရစ်လပ်တော့ပ်ကိုဝယ်ယူရာမှာ အာမခံနည်းပါးမှု့ ။ပြန်လည်ပြုပြင်ထားမှု့ ။
တချို့ စက်တွေမှာမမြင်ရတဲ့ပြစ်ချက်ပေါင်းများစွာရှိမှု့ တွေနဲ့ အတူ စိတ်ညစ်စရာတွေ
ဖြစ်ပေါ်လာပြီး တပတ်ရစ်ကွန်ပျူတာလပ်တော့ပ့်ကိုမသုံးစွဲချင်စိတ်တွေဖြစ်ပေါ်လာပါတယ်။

ဘယ်လိုအကြောင်းဘဲဖြစ်ဖြစ်။တပတ်ရစ်လပ်တော့ပ်ကိုကိုင်ဆောင်တော့မယ်ဆိုရင်တော့ဖြင့်
အောက်ကအချက်များကိုမှတ်သားပြီးဝယ်ယူပါကအတော်အတန်စိတ်ညစ်မှု့ ပြေပျောက်ပါလိမ့်မယ်။
တပတ်ရစ်လပ်တော့ကိုဝယ်ယူတော့မယ်ဆိုရင်ဖြင့်.....

ပထမဦးစွာ လပ်တော့ပ်ဘော်ဒီကိုသေချာကြည့်ရှု့ ပါပြုတ်ကျလို့ ကွဲပြီးပြန်ဖာထေးထားတာ
တွေရှိလားဆိုတာ။

CPU ရဲ့တန်ဖိုးကို ကြည့်ပါ။အိမ်သုံးကွန်ပျူတာတွေမှာ CPU ကိုအဆင့်မြှင့်တာလွယ်ပေမဲ့
လပ်တော့ပ်မှာတော့။CPU လဲလှယ်ဖို့ အဆင်မပြေဘူးဆိုတာသတိရပါ။

လပ်တော့ကိုပါဝါဖွင့်ပြီး စမ်းပါက ဟာ့ဒ်ဒစ်ကနေအသံတွေအတော်ထွက်နေပြီလားဆိုတာ
နားထောင်ပါ။အသံထွက်နေပါကမကြာခင်မိတ်ဆွေဆီကနေပိုက်ဆံထပ်ထွက်တော့မှာပါ။


လပ်တော့မှာ WIFI တံဆိပ်ပါရှိတယ်ဆိုပြီး ရမ်းသမ်းမယူပါနဲ့  တချို့ လပ်တော့တွေကအင်တာနယ်
ဆားကဒ်ပျက်နေတတ်သလို။ဝိုင်ဖိုင်ကဒ်မပါလာတာတွေရှိပါတယ်။


USB function အပေါက်တွေအလုပ်လုပ်မလုပ်စမ်းကြည့်ပါ။တစ်ပတ်ရစ်လပ်တော့ပ်တွေမှာ
USB functionတွေပျက်စီးတတ်တာတွေရှိတတ်ပါတယ်။

Optical Drive လို့ ခေါ်တဲ့ CD,DVD ,ကိုအခွေထည့်ပြီးဖတ်မဖတ်သေချာစမ်းကြည့်ပါ။
သူလည်းအပျက်များတဲ့စာရင်းမှာပါပါတယ်။

ကီးဘုတ်ကစာတွေအကုန်ရိုက်ရမရnotepad or wordနဲ့ 
သေချာစွာစစ်ဆေးပါ။အိမ်ကျမှဟိုဟာနှိပ်မရဒီဟာနှိပ်မရနဲ့ ဖြစ်တတ်ပါတယ်။

လပ်တော့ပ်မှာရှိတဲ့မောက်စ်အလုပ်လုပ်မလုပ်စစ်ဆေးပါ။လပ်တော့မော့က်စ်တွေလည်း
ကပ်ပြီးကြောင်တောင်တောင်လုပ်တတ်ပါတယ်။

လပ်တော့ပ်မှာရှိတဲ့ NETWORK အပေါက်ကောင်းမကောင်း တပ်ဆင်စစ်ဆေးပါ။

လပ်တော့ပ်ပုံဖော်မျက်နှာပြင်မှာတုန်နေတာကြာမှမှိန်သွားတာ။တဖြတ်ဖြတ်ခပ်နေတာတွေ
ရှိမရှိ။ပုံဖော်မျက်နှာပြင်မှာပစ်ဇယ်လို့ ခေါ်တဲ့အစက်အပြောက်ရှိမရှိကိုတည်ငြိမ်တဲ့နောက်ခံ
ပုံဖော်ပြီးစစ်ဆေးပါ။

ဒါတွေအားလုံးကောင်းမွန်ပါကစတင်ဈေးဆစ်ကာဝယ်ယူပါလို့ အကြံပေးပါတယ်။

တပတ်ရစ်ကွန်ပျူတာစိတ်ညစ်မှု့ ကင်းဝေးကြပါစေ။


အဆင်ပြေကြပါစေဗျာ။ 

COMPUTER ကိုဘယ်သူသုံးသေးလဲ

Thank You Visited My Blog.
နည်းလေးကတော့လွယ်လွယ်လေးပါ။မသိသေးတဲ့လူတွေအတွက်ပါ။
ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ Run ကနေ Recent လို့ ရိုက်ပြီး ဘာတွေ ဖွင့်လဲဆိုတာ ကြည့်ရင်သိမှာပေါ့လို့ပြောမယ်ထင်တယ်။ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင်ကော ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်တော့ဘူးမလား။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာသူတို့ သုံးခဲ့တဲ့ နေ့ရက် အချိန်နာရီတွေနဲ့ ဘာတွေကို ဘယ်လိုသုံးခဲ့လည်းဆိုတာတွေ့ပါလိမ့်မယ်။
 

"ဓါတ်ပုံမှတ်တမ်း"(ချာလီငါးလုပ်ငန်း)

                          Manager Mr.Too နှင့် စာရေးလူမိုက် နိုင် အစန်း
                         စာရင်းမှားနေသောကြောင့်သူဌေးဦးတေဇာအားမန်နေဂျာမှတောင်းပန်နေစဉ်
                အလုပ်သမားများအားမပြောနိုင်သောကြောင့်လက်မိုင်ချနေသောရှမ်းသူဌေး(ခုံတွင်ထိုင်နေသူ)
ပင်လယ်ဘုရင်ငါးမန်းများအားဖမ်းဆီးခြင်းဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသူကိုအညာ သေဆုံးသူလင်ယောကျာ်းကိုဇနီးမှအလေးပြုနေစဉ်
Thank You Visited My Blog.

Sunday, November 20, 2011

နိုကီယာတွင်မြန်မာဖောင့်မြင်စေရန်

Thank You Visited My Blog.


Somyac.Font Zoomer.v2.21 ဖြစ်ပါတယ်
သူက ဘာအတွက်အသုံးဝင်လည်းဆိုတော့ NOKIA ဖုန်းတွေမှာ မြန်မာစာမြင်အောင်

ဇော်ဂျီဖောင့်ကို အသုံးပြုလို့ရအောင်အထောက်ပံပေးနိုင်တဲ့ဆောစ့်ဝဲလ်လေးပါခင်ဗျာ
အသုံးပြုနည်းကတော့ အရင်ဆုံးSomyac.Font Zoomer ဖုန်းထဲကို Run လိုက်ပါ
ပြီးရင် ဖုန်းမန်မိုရီ C:Somyac.Font Zoomer ဖိုင်ထဲကို ဇော်ဂျီဖောင့်ထည့်လိုက်ပါ
Somyac.Font Zoomer ဖွင့်လိုက်ပါ ပြီးရင် Options ကိုနိုပ်ပြိး
Show Font List ထဲဝင်လိုက်ပါ ပြီးရင် ဇော်ဂျီဖောင့်ကို Select ပေးလိုက်ပါ
ပြီးရင် Apply ကိုနိုပ်ပြီး ထွက်လိုက်ပါ ဖုန်းကိုလည်းပိတ်လိုက်ပါ ဖုန်းပြန်ဖွင့်လိုက်တဲ့အခါြ
မန်မာစာဖောင့်ဖတ်လို့ရတာကို မြင်ရပါမယ် အဆင်ပြေပါစေ
နောက်တစ်ခြားဖုန်းနဲ့ပက်သက်နဲ့တဲ့ မြန်မာဖောင့်ကိုလေ့လာချင်ရင်
http://www.myanmarmobileapp.com/ ထဲမှာလေ့လာနိုင်ပါတယ်

WoPDF_2.6.1.3_Portable

Thank You Visited My Blog.


 
 WoPDF_2.6.1.3_Portable
သူကတော့ဖိုင်ပြောင်းတာတော်တော်လေးအဆင်ပြေပါတယ် စမ်းသုံးကြည့်ပြီးပါပြီ
အဆင်ပြေကျပါစေ

ဗိုလ်ချုပ်အောင်ဆန်းနဲ့ သက်ဆိုင်တဲ့ စာအုပ်လေးတွေ

Thank You Visited My Blog.
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သက်ဆိုင်တဲ့ စာအုပ်လေးတွေကို ကျွန်တော် ဇော်ဖာဝါရီ ၁၃ရက်နေ့ မွေးနေ့မှာ တင်မလို့ပါ။ ဒါပေမယ့် စာအုပ်တစ်ချို့က error တက်နေတာရယ်၊ နောက်ပိုင်း လုံးဝမအားတော့တာနဲ့  တော်တော်လေးကြာသွားပါတယ်။ အခုတင်ပေးလိုက်တဲ့ စာအုပ်လေးတွေမှာ တချို့စာအုပ်တွေက loading အရမ်းကြာပါတယ်။ တချို့စာအုပ်လေးတွေက အရမ်းဟောင်းနေပြီ ဖြစ်တဲ့အတွက် ကြည်ကြည်လင်လင် မမြင်ရပါဘူး အဲဒါလေးကို သည်းခံပေးကြပါ။
စာအုပ်တွေကတော့
 ဗဟုသုတပေါ့ဘောဘောတို့ရယ်........

ချက်နည်းပြုတ်နည်း

Thank You Visited My Blog.

ဒီနေ့တော့ ချက်နည်းပြုတ်နည်းစာအုပ်လေးတွေကို စုစည်းပြီးတင်ပေးလိုက်ပါတယ်။
အခြားခြားသောချက်နည်းပြုတ်နည်းစာအုပ်များဝက်ဆိုဒ်များရှိပါကလည်း ဒီပိုစ့်အောက်မှာ ကော့မန့်ထားပြီးရှယ်ယာလုပ်ပေးပါအုန်း။
စာအုပ်အမည် – Lu Lu Cooking Bookစာရေးသူ       – လုလုRead Online – Google Document Scribd DocumentCredit To      – www.lulucooking.blogspot.com အထက်ဖော်ပြပါ ၀က်ဘ်ဆိုဒ်လေးမှာနောက်ထပ်ချက်နည်းပြုတ်နည်းများကို ထပ်မံလေ့လာနိုင်ပါတယ်။
စာအုပ်အမည် – ချက်နည်းပြုတ်နည်းများ (မူရင်းစာအုပ်အမည်ရှာမတွေ့လို့ဒီအတိုင်းပေးထားခြင်းဖြစ်ပါသည်)စာရေးသူ       – မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းDownload     -  Google Document(online reading is not available due to big file size )Credit to      -  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၊ စကားဝါမြေစာကြည့်တိုက် ဒီစာအုပ်လေးဟာ ချက်နည်းပြုတ်နည်းတွေတင်မကပဲ အခြားအိမ်တွင်းမူအနုပညာတွေဖြစ်တဲ့ လက်ကိုင်ပ၀ါခေါက်နည်း၊ အသားနွာနည်းနည်းများ နဲ့ အခြားခြားသော ဗဟုသုတအများအပြား ပါဝင်ပါတယ်။
စာအုပ်အမည် – မြန်မာကျူးပစ်ဒ် ဟင်းချက်နည်းများစာရေးသူ       – မြန်မာကျူဒ်ပစ်ဒ်ဖိုရမ်Read Online - Scribd Document Google Document Credit to      – မြန်မာကျူးပစ်ဒ်ဖိုရမ် ဒီစာအုပ်လေးမှာ မြန်မာကျူးပစ်ဒ်ဖိုရမ်ရဲ့ ချက်နည်းပြုတ်နည်းလေးတွေကို စုစည်းဖော်ပြပေးထားတာဖြစ်ပါတယ်။ ဒီစာအုပ်လေးက ၂၀၀၈ ခုနှစ်ရဲ့ ၀ိညာဉ်သစ် Top 10 Most Reading Books of the Year မှာ နံပါတ် 5 ချိတ်ခဲ့ပါတယ်။
စာအုပ်အမည် – အဓိပတိ ဟင်းချက်နည်းများစာရေးသူ       -  နန်းစန်းစန်းအေး (အဓိပတိ ဖြူး)Read Online – Google Document Scribd Document Credit to      -  လင်းထက်ဖိုရမ် ။ စကားဝါမြေ
.
စာအုပ်လေးတွေဖတ်ပြီး ဗဟုသုတတိုးပါစေ။