WELCOME

Wednesday, March 28, 2012

ရှေးမြန်မာ. နန်းတွင်းမှစ ၍ ထင်ရှားကျော်ကြားသော သူများ၏ ရှားပါသမိုင်းဓါတ်ပုံများ

Thank You Visited My Blog.
 


























































သမိုင်းဝင်ဓါတ်ပုံများ ဖြစ်ပါတယ်။ ရှေးမြန်မာ.ဘုရင်များ၏ မင်းမှုထမ်းများ၊ရှေးမြန်မာ.ပိုက်ဆံများ၊ သာသနာ.အဆောက်အဦးများ၊ ဦးသန်. ၊  ဗိုလ်ချုပ်အောင်ဆန်းတို.လို ခေါင်းဆောင်များ၊ အစရှိသည်.ရှားပါးပြီတွေ.ရမြင်ရခဲသော ဓါတ်ပုံများ ဖြစ်ပါတယ်။

Saturday, March 17, 2012

လူပွဲစားလက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ အလုပ်သမား ၅၄ ဦး ထိုင်းရဲ လွှတ်ပေး

Thank You Visited My Blog.

ထိုင်းနိုင်ငံ ဆဖန်ဘူရီခရိုင်က အိမ် ၃ လုံးမှာ ပြန်ပေးငွေနဲ့ ရွေးယူဖို့ လူမှောင်ခိုပွဲစားတွေက ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းအာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က မနေ့က ပြောပါတယ်။
(Photo: AFP)
ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP)
တချိန်ထဲမှာလည်း မြန်မာ ၂ ဦးအပါဝင် ထိုင်း ၄ ဦးပါတဲ့ အဲဒီလူမှောင်ခိုအဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားမ၀င် ဖမ်းဆီးချုပ်နှောင်မှု၊ အတင်းအကြပ် ငွေကြေးတောင်းခံမှုတွေနဲ့ ဖမ်းဆီး အရေးယူလိုက်ပါတယ်။ လူပွဲစားတွေဟာ မြန်မာ အလုပ်သမားတွေကို ဒီ အိမ် ၃ လုံးမှာ ရက်အနည်းငယ် ချုပ်နှောင်ထားခဲ့တယ်လို့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ဒေသဆိုင်ရာ ရဲမင်းကြီး ဗိုရာပေါင်းက ပြောပါတယ်။ ဒါပေမယ့် အခု မြန်မာ အလုပ်သမား ၅၄ ဦးကိုလည်း ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ တရား စီရင်ပြီး ပြည်နှင်ဒဏ်ပေးမယ်လို့လည်း သူက ပြောပါတယ်။ ဒီလူမှောင်ခိုဂိုဏ်းကို ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေထဲက တဦးရဲ့ ဆွေမျိုး နီးစပ်သူ တဦးက သတင်းပေးချက် အရ ထိုင်းရဲက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ တချိန်ထဲမှာလည်း ထိုင်းနိုင်ငံ တပ်ခရိုင် အနောက်ဖက်မှာ ထရပ်ကားငယ်တွေမှာ တင်ခေါ်လာတဲ့ တရားမ၀င် မြန်မာ အလုပ်သမား ၇၆ ဦးကို ဖမ်းဆီးခဲ့ သလို နောက်ထပ် မြန်မာ အလုပ်သမား ၁၀၀ ခန့်လည်း မြို့တော် ဘန်ကောက် အနီးမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမား ၂ သန်းခန့်ရှိပြီး အများစုဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကဖြစ်ပါတယ်။

ရောင်းစားခံရတဲ့ မြန်မာကလေး (၇) ဦး တရုတ် ရဲတပ်ဖွဲ့က ကယ်တင်

Thank You Visited My Blog.
2011-11-11
တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယူယောင်းမြို့က အထည်အလိပ် စက်ရုံတစ်ခုမှာ ကျွန်လို ခိုင်းစေခံနေရတဲ့ မြန်မာကလေး ၇ ဦးကို တရုတ် ရဲတပ်ဖွဲ့က မနေ့က ကယ်တင် လိုက်နိုင်တယ်လို့ သိရပါတယ်။
Photo: AFP)
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ အရွယ်နှင့်မမျှ အလုပ်လုပ်နေကြသော ကလေးသူငယ်များ ဖြစ်ပါသည်။ (Photo: AFP)
စက်ရုံက ထွက်ပြေးပြီးနောက် အဝေးပြေး လမ်းမကြီးပေါ်မှာ ၃ ရက်လောက် အစာရေစာ ပြတ်လပ်ပြီး ပင်ပန်းကြီးစွာ လမ်းလျှောက်နေတဲ့ မြန်မာ ကလေးငယ် ၂ ဦးကို ရဲက တွေ့ရှိခဲ့တာကြောင့် ကယ်တင်နိုင်ခဲ့တာလို့ အဲဒီဒေသထုတ် သတင်းစာ တစ်စောင်က ဖော်ပြပါတယ်။ အဲဒီ ဆယ်ကျော်သက်ရွယ် မြန်မာကလေး ၂ ဦးဟာ တရုတ် မြန်မာ နယ်စပ်မှာ ကျင်းပတဲ့ အလုပ်သမား ရှာဖွေရေးပွဲ တစ်ခုမှာ စုဆောင်းခံခဲ့ရတာလို့ ဆိုပါတယ်။ စက်ရုံကို စရောက်တာနဲ့ သူတို့ နိုင်ငံကူး လက်မှတ်တွေနဲ့ လက်ကိုင်ဖုန်းတွေကို အလုပ်ရှင်က သိမ်းယူလိုက်ပြီး ထွက်မပြေးအောင် အစောင့်တွေ ချထားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်ရုံကို တံခါးပိတ်ထားပြီး လုပ်ခလည်း လုံးဝ မပေးဘူးလို့ ဆိုပါတယ်။ အလုပ်ရှင်ဆီမှာ လုပ်အားခ တောင်းဆိုတိုင်း အရိုက်ခံကြရတယ်လို့ မြန်မာကလေးတွေက ပြောပါတယ်။ အဲဒီ မြန်မာ ကလေး နှစ်ယောက်ရဲ့ ဖွင့်ဟ ပြောဆိုချက်တွေအရ တရုတ်ရဲတွေက စက်ရုံကို ၀င်ရောက် စီးနင်း ရှာဖွေရာမှာ နောက်ထပ် မြန်မာ ကလေး ၅ ယောက် တွေ့ရှိခဲ့ပါတယ်။ ဒီမြန်မာကလေးတွေ အလုပ်လုပ်ရတဲ့ နေရာဟာ ရွှံ့တွေဗွက်တွေနဲ့ ၀က်ခြံတစ်ခုလို ညစ်ပတ် ပေရေနေတယ်လို့ တရုတ်ရဲတွေက ပြောပါတယ်။ စက်ရုံ ပိုင်ရှင်ကတော့ ရဲတွေ ရောက်မလာခင် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း၊ ဒီအမှုကို ရဲက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။