WELCOME

Saturday, March 17, 2012

Computer Security ပိုင်းကို ခြိမ်းခြောက်မှု အများစုမှကာကွယ်၇န် နည်းလမ်းများ.

Thank You Visited My Blog.


ကွန်ပျူတာလောကဟာ အလွန်ပင်ကျယ်ပြန့်ပါတယ်။
ကွန်ပျူတာကိုင်တွယ်အသုံးပြုသူတွေထဲမှာ ကွန်ပျူတာကို အင်တာနက်နှင့်ချိတ်ဆက် အသုံးပြုမယ်ဆိုရင်ဘယ်လို လုံခြုံမှုတွေရှိအောင်ကာကွယ်မလည်းဆိုတာကို မသိသေးသူများအတွက် ရေးသားလိုက်ပါတယ်။ 
ကျွန်တော်တို့ ကွန်ပျူတာ security ပိုင်းကို ခြိမ်းခြောက်မှုအများစုကို ကာကွယ်နိုင်ရန်အတွက် ရှောင်ရန်ဆောင်ရန် အချက်များစွာရှိပါတယ်..။

(၁)။အသုံးပြုနေသော operating system windows နှင့် Office Software တို့ကို update ဖြစ်စေရန် မှန်မှန် check လုပ်၍ လိုအပ်ပါက Microsoft website မှတဆင့် service packs များ security patch များကို download ရယူပါ။

(၂)။Personal firewall တစ်ခုကို install လုပ်၍ကာကွယ် မှုပြုလုပ်ပါ။

(၃)။Antispyware တစ်ခုခုကို install လုပ်ထားပါ။

(၄)။ကွန်ပျူတာတွင် password များအသုံးပြုရာတွင် ခိုင်မာစိတ်ချရသော password များကို အသုံးပြုသင့်တယ်( letter and number)။password ကို မကြာခဏ ပြောင်းလည်းပေးပါ။

(၅)။Email application(Outlook,Outlook express)တို့အတွက် security update များကိုလည်း မှန်မှန်စစ်ဆေး၍ download ရယူပြီး install လုပ်ဆောင်ပေးပါ။

(၆)။Antivirus software တစ်ခုခုကို install လုပ်ဆောင်ထားပြီး virus definition ကို အမြဲ update ဖြစ်နေစေရန် ဆောင်ရွက်ပေးပါ။

(၇)။ကွန်ပျုတာ၏ security ပိုင်းကို ချိန်းခြောက်နိုင်သည့် မကြခဏထွက်ပေါ်နေသော ခြိမ်းခြောက်မှု threats များကို မျက်ခြေမပြတ်ပဲ အမြဲသိရှိနိုင်ရန်အတွက် အသုံးပြုနေသော OS ထုတ်လုပ်သည့် website များမှာ မကြာခဏ သွားရောက်လေ့လာ ရှာဖွေပါ။

(၈)။မိမိထံရောက်ရှိလာသော Email များ စာဖိုင်များကို အလွယ်တကူ မဖတ်ရှုပဲနှင့် မည်သူ့ဆီကလာတယ် ဘာတွေလည်းဆိုတာကို သေချာလေးလေ့လာပြီးမှလုပ်ဆောင်သင့်ပါတယ်...။

အင်တာနက်ကို အသုံးပြုနေသောသူများအတွက် ထိုအချက်များကို အသေချာအလေးထားဆောင်ရွက်သွားသင့်ပါ တယ်ခင်မျာ။သို့မှသာလျှင် ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးကို စိတ်ချမ်းသာစွာနှင့်ကြာရှည်စွာ အသုံးပြုနိုင်ပါမယ်။

အခ မဲ့ ဖုန်းဂိမ်းများ--

Thank You Visited My Blog.


ဒီဆိုဒ် လေးကတော့ ဖုန်းနဲ့ ဂိမ်းဆော့ ချင်တဲ့ သူများ အတွက် အခမဲ့ ဖုန်းဂိမ်းလေး တွေကို ဒေါင်းလို့  ၇တဲ့ဆိုဒ်လေး ဖြစ် ပါတယ်--
လိုချင်တဲ့ သူများ အောက်က လင့်လေးကို ကလစ်ပေးပြီး သွားယူလိုက်ပါ----

http://www.cell11.com/

Gtalk ပွားနည်းလေးပါ

Thank You Visited My Blog.


ဒီနည်းလေး ကတော့ မိမိတို့ gtalk လေးကို သုံးလေး ခုဖွင့်လို့ ၇အောင် ပွားတဲ့ နည်းလေး ဖြစ်ပါတယ်--တော်တော်များများတော့ သိကြပါတယ်--မသိသေးတဲ့ သူများ အတွက်ဖြစ်ပါတယ်---မိမိတို့  gtalk လေး run ပြီးတဲ့ အခါ  ဖွင့်တဲ့ အချိန်မှာ သုံးလေး ခု ဖွင့်လို့ မ၇ပါဘူး---အဲချိန်မှာ အ၇င်ဆုံး gtalk shortcut လေးကို right click လေးထောက်ပြီး properties လေးကို သွားလိုက်ပါ --


 အဲမှာ Google\Google Talk\googletalk.exe" /startmenu ဆိုတဲ့ စာတန်းလေး ၇ှိပါတယ် ---အဲဒီစာတန်းလေးမှာ နောက်ဆုံးက startmenu ကိုဖျက်ပြိး startmenu နေ၇ာမှာ nomutex ထည့်ပေးလိုက်ပါ။
ပြီး၇င်Apply >>Ok ပေးလိုက်ပါ။ အဲဆို၇င်gtalk လေးကို သုံးလေးခု ဖွင့်
လို၇ပါပြီ-----

Adobe Reader 10.1.2

Thank You Visited My Blog.



ဒီကောင်လေး ကတော့ Adobe Reader လေးပါ ----ဘာအတွက် သုံးတယ်ဆိုတာ ကိုတော့ အားလုံးဘဲ သိကြ မယ်ထင်ပါတယ်----Update လေးပါ --ဖိုင်ဆိုဒ်ကတော့ 51.1 MB ၇ှိပါတယ်--

လိုချင်တဲ့ သူများ အောက်က download လင့်လေး ကနေ ယူသွားလိုက်ပါ----

Adobe Flash Player win 11.2.202.197 beta 5 x64

Thank You Visited My Blog.



ဒီကောင်လေး ကတော့ Adobe Flash Player လေးပါ--ဖိုင်ဆိုဒ်ကလဲ ဘယ်လောက်မှ မ၇ှိပါဘူး--မ၇ှိသေးတဲ့
သူများ လိုချင်တယ်ဆို၇င် အောက်က download လင့်လေး ကနေ ယူသွားလိုက်ပါ----

A ++ exam guide

Thank You Visited My Blog.



ဒီကောင်လေး ကတော့ A ++ စာအုပ်လေး ဖြစ်ပါတယ် ခင်ဗျာ---အသုံးတည့် မယ်လို ထင်ပါတယ်---ကိုယ်တိုင်
ဖတ်ကြည့်တဲ့ အခါ သုံးပုံသုံးနည်းလေး ကို သိ၇မှာ ဖြစ်ပါတယ်-----

လိုချင်တဲ့ သူများ အောက်က download လင့်လေး ကနေယူသွား လိုက်ပါ---

JAVA Programming

Thank You Visited My Blog.



ဒီကောင်လေးကတော့ JAVA Programming မြန်မာလို စာအုပ် လေး ဖြစ်ပါတယ်--- တောင်းထားတဲ့ သူငယ်ချင်းများ အတွက် ဖြစ်ပါတယ်-- လိုချင်တဲ့ သူများ လဲ အောက် က download လင့်လေး ကနေ ယူသွားလိုက်ပါ---

< download pdf >

ဒီစာအုပ် လေးကို  http://www.alinnthit.co.cc/   မှပြန်လည် မျှဝေ ပေးထားတာ ဖြစ်ပါတယ်

C++ Complete

Thank You Visited My Blog.



ဒီစာအုပ်လေး ကတော့ ဆ၇ာဦးအောင်မြင့်ေ၇းထားတဲ့ C++ complete စာအုပ်လေးပါ---
C++   ဘာသာ၇ပ်ကို လေ့လာချင်တဲ့ သူများ အတွက် အသုံးဝင်မယ့် စာအုပ်လေးပါ----
မြန်မာလိုေ၇းထားတာပါ--နားလည်သဘောပိတ် လွယ်မယ်လို ထင်ပါတယ်--
ဖိုင်ဆိုဒ်လေးကတော့ 3.2 MB ၇ှိပါတယ်--

လိုချင်တဲ့ သူများ အောက်က download လင့်လေး ကနေယူသွားလိုက်ပါ---

< download pdf >

အင်နက်နက်မှ တဆင့် တခြားကွန်ပျူတာကို ပြုပြင်ခြင်း(window 7)

Thank You Visited My Blog.

ကျနော် Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြုပုံလေး တင်ပြချင်ပါတယ်...Team viewer တို့လို အသုံးပြုနိုင်တဲ့ Tools လေးပါ.. မိမိစက်ကနေ အွန်လိုင်းမှတစ်ဆင့် တစ်ခြားတစ်ယောက်ရဲ့ ကွန်ပျူတာကို ၀င်ကြည့်တာတို့ လိုအပ်တာလေးတွေ လုပ်ပေးလို့ရတဲ့ Tools လေးပါ...WINDOW TOOLS လေးတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် စိတ်ဝင်စားဖို့ကောင်းမှာပါ...အောက်မှာလုပ်ပုံ လုပ်နည်းလေးတွေ ကြည့်လိုက်ပါဦး.....


လုပ်နည်း

အကြည့်ခံရမည့်သူ လုပ်ဆောင်ရမည့်အပိုင်း

၁။ START >> WINDOW REMOTE ASSISTANCE လို့ရိုက်လိုက်ပါ....
၂။ BOX လေးတစ်ခု ကျလာပါလိမ့်မယ်...ကျလာတဲ့ BOX လေးထဲမှာ အနီရောင်ဝိုင်းပြထားတဲ့ ကောင်လေးကို CLICK နှိပ်ပြီးဝင်လိုက်ပါ..
၃။ ပုံမှာပြထားတဲ့ အတိုင်း အနီရောင်ဝိုင်းပြထားတဲ့ BOX လေးကိုနှိပ်ပြီး ရလာတဲ့ ဖိုင်လေးကို DESKTOP မှာ SAVE ထားလိုက်ပါ...
 
၎။ SAVE လိုက်တာနဲ့ PASSWORD ပေးတဲ့ BOX လေးပါ။ တစ်ခါတည်း ကျလာမှာဖြစ်ပါတယ်...(BOX ကိုမပိတ်လိုက်ပါနှင့်...)
၅။ ရလာသည့် FILE နဲ့ PSSWORD ကို ကြည့်မည့်သူ ဆီသို့ G-TALK မှတစ်ဆင့် ပို့ပေးလိုက်ပါ...

ကည့်မည့်သူအပိုင်း

၁။ ကြည့်ခံရမည့်သူ ပို့လာတဲ့ ဖိုင်ကိုဖွင့် ပြီး ပေးထားတဲ့ PASSWORD ကို BOX ထဲမှာ ထည့်လိုက်ပါ..
၂။ အဲဒီအဆင့်တွေ ပြီးသွား၇င်တော့ ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ကြည့်လို့... ပြုပြင်လို....ရသွားပါပြီ


Friday, March 16, 2012

မြန်မာ Blogger အချို့၏အပျော်သဘောမှ Cyber Crime ဆီသို့

Thank You Visited My Blog.
 
အလွန်တရာတန်ဖိုးရှိပြီးအလွန်တရာအသိတရားရရှိတဲ့ပို့ စ်လေးပါမူလရေးသားသူကတော့
ကို Lunar ပါလာလည်သူမိတ်ဆွေတွေအကျိုးရှိမယ်ထင်လို့ တင်ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ သိပ်ယဉ်ကျေးသိမ်မွေ့တဲ့သူများ၊ရိုင်းပင်းကူညီတတ်ကြသူများ၊အားနာတတ်သူများ ဘာသာတရားကိုင်းရှိုင်းသူများ၊ကိုယ်ချင်းစာစိတ်၊ကူညီချင်စိတ်ကြီးမားသူ များ
အဖြစ် နာမည်ရပါတယ်။ အင်တာနက်ကို မြန်မာနိုင်ငံမှာ ပေါ်လာတဲ့အညီ အင်တာနက်ကို
ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုနိုင်မှုရှိလာပါတယ်။ လူငယ်တွေ အင်တာနက် ကို
ကျယ်ပြန့်စွာအသုံးပြုလာသလို Free Service ပေးတဲ့ Blogspot တို့လို web-site blog
လေးများကိုယ်ပိုင် အပျော်သဘောမျိုးလေးတွေလုပ်လာကြပါတယ်။

မှားယွင်းတဲ့မြန်မာလူငယ်အချို့ ဟာ ကွန်ပြူတာကျွမ်းကျင်မှုရှိတယ်ဆိုပြီး၊မိမိကိုယ်ကို
ယုံကြည်မှုလွန်ကဲပြီး၊
အင်တာနက်ရဲ့  လွတ်လပ်မှု၊ အခမဲ့ web-blog များတည်ဆောက်ရယူနိုင်မှုကို
အခွင့်ကောင်းအဖြစ် သတ်မှတ်ပြီး၊ကိုယ့်ပျော်ရွှင် မှု ၊နောက်ပြောင်လိုမှု သက်သက် ကနေ ကိုယ့်မြန်မာနိုင်ငံသားများ၊ Celebrity များ၏အတွင်းရေးများ၊ဓါတ်ပုံများ၊ဗီဒီယိုများ၊
အသံဖိုင်များကို ကာယကံရှင်ရဲ့ သဘောတူညီမှုမရရှိဘဲ၊ သက်ဆိုင်ရာ ပုဂိုလ်များရဲ့ 
နံမည်ရင်းများတပ်ကာ Blogspot တို့လိုအခမဲ့ web-blogတွေနဲ့ ကိုယ့်ပျော်ရွှင်မှု၊
သူတပါးထိခိုက်နစ်နာမှုကို ကိုယ့်လူမျိုး၊ကိုယ့်ယဉ်ကျေးမှု၊ကိုယ်ကိုးကွယ်တဲ့ ဘာသာတရား၊ ကိုယ့်မိသားစုဂုဏ်သိက္ခာကိုမျက်ကွယ်ပြုပြီး၊ ပြုလုပ်လာကြ ကြောင်းတွေ့ ရပါတယ်။

အဲ့လိုပြုလုပ်တဲ့နေရာမှာ Blogger ရဲ့ အမည်နာမကိုလည်း အင်တာနက် blogger များ၊
ဖိုရမ်များတွင် Nick လုပ်သူများ၏ ထုံးစံရပ်အတိုင်း မိမိတို့ ၏နံမည်ရင်းကိုမယူသည့်တိုင်အောင် အပြင်လောကတွင် ဆင်တူယိုးမှား Common ဖြစ်သည့်နံမည်များ၊ မိမိတို့နှင့်ခင်မင်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများအား နောက်ပြောင်ကျီစားလိုသဖြင့် မိတ်ဆွေ၊သူငယ်ချင်းများ
၏ အမည် ရင်းများ ယူပြီး Blog များတည်ဆောက်ပြီး၊ လိင်ဗီဒီယို၊ဓါတ်ပုံများတင်ပြီး
အပျော်သဘောပေါ့ ဆိုပြီးပေါ့ပေါ့ဆဆသဘောထားပြီးလုပ်လာကြတာကိုတွေ့ရ ပါတယ်။
အပျော်သဘောဘဲဖြစ်စေ၊နောက်ပြောင်လို့ဘဲဖြစ်စေ၊ တစ်ပါးသူများရဲ့ အတွင်းရေး၊ဓါတ်ပုံ၊
ဗီဒီယို၊ဖုံးနဲ့ ခိုး ဖမ်းထားတဲ့ အသံဖိုင် တွေကို ကာယကံရှင်ခွင့်ပြုချက်မရဘဲ Blog နဲ့  တင်ပြီးအရှက်ခွဲရင်၊ဂုဏ်သိက္ခာကျဆင်း အောင်လုပ်ရင် Cyber Crime ဖြစ်ပါတယ်။
Blogger ဟာ Criminal ဖြစ်ပါတယ်။

Blogger ဟာ ငါလုပ်တာဘယ်သူမှမသိနိုင်ပါဘူး၊ ငါ့ကို ဘယ်တော့မှ Trace လုပ်နိုင်မှာ
မဟုတ်ပါဘူးထင်ရင်မှားပါတယ်။မြန်မာကွန်ပြူတာသမားတွေ၊ဟက်ကာတွေထက်အဆ
ပေါင်းများစွာကျွမ်းကျင်တဲ့ပြည်ပနိုင်ငံသား ကွန်ပြူတာ လူငယ် တွေ စမ်းရင်း၊ထွင်ရင်း
နောက်ပြောင်ရင်းနဲ့  Cyber Crime ဖြစ်သွားပြီး၊ ထောင် အနှစ် ၃၀-၄၀
တွေကျခံသွားရတာ အများကြီးပါ။ နိုင်ငံတွေကျော်ပြီးတော့တောင်လိုက်
ဖမ်းတယ်လို့ဖတ်ရှုရပါတယ်။

အထူးသဖြင့် gmail account တွေဖွင့်ရင်၊ Blogger ဆာဗာမှာမှတ်ပုံတင်ရင်ဘဲဖြစ်ဖြစ်၊
Google Server ဟာ -သူ့ကို register လုပ်လာတဲ့ ယူဆာက ၀ယ်သုံးတဲ့ အင်တာနက် ISP
လို့ ခေါ်တဲ့ Internet Service Provider က ကိုယ့် အိမ် က ကိုယ့် ကွန်ပြူတာ၊ ကို Assign
လုပ်ထားတဲ့ Internet Protocol လို့ ခေါ်တဲ့ IP address နဲ့ တကွ၊လိပ်စာ၊နေအိမ်၊
ဖုံးနံပါတ် တွေနဲ့ သာမက အထူးဆော့ဖ်ဝဲတွေနဲ့ ကိုယ်တည်ရှိတဲ့ နေရာကို မြေပုံပါ
ထုတ် ပြီိး Google က Record ယူထားပြီးသားပါ။ ဘယ်လောက်ဘဲ သူတို့  Customer ရဲ့ 
Privacy ကို ထိန်းသိမ်းပါတယ်ဆိုပေမဲ့၊ အကယ်လို့  သူတို့ Service တွေကိုအခြေပြုပြီး၊
Cyber Crime တွေ လုပ်လာ ရင် ...သူတို့လဲ ဥပဒေဘက်ကဘဲရပ်တည်ကြမှာပါ။
အပျော် blogger ဟာ ငါလုပ်လိုက်လို့ နစ်နာသူတွေက Google ကို Abusive Report
လုပ်လိုက်လို့  ငါ့ Blog ပိတ်သွား လဲ ဂရုမစိုက်ပါဘူး၊ ငါ့ကိုမသိနိုင်ပါဘူး၊ နောက်တခြားနေရာတွေမှာဆက်လုပ်မယ် ဆိုရင်တော့ မှားပါတယ်။

၂၀၀၆ခုနှစ်က ထုတ်ခဲ့တဲ့ weekly eleven ဂျာနယ်မှာဖတ်ခဲ့ဘူးပါတယ်။ သက်ဆိုင်ရာ
နစ်နာသူများအနေနဲ့ ကွန်ပြူတာကျွမ်းကျင်သူအဖွဲ့ အစည်းများ၊ ဥပဒေရေးရာ ကျွမ်းကျင်သူများနဲ့ အမှုဖွင့်အရေးယူနိုင်တယ်လို့ပါရှိခဲ့ပါတယ်။

Google လို ကမ္ဘာထိပ်သီး အိုင်တီကုမ္ပဏီကြီး အနေနဲ့  သူ တို့  Service ကို အလွဲသုံးပြီး
Cyber Crime ကျူးလွန်မှုတွေ ဖြစ်ရင် နစ်နာသူ Victim ကို အမေရိကန်ဒေါ်လာ
တစ်သိန်းအထိ ပင် လျော်ကြေးပေးနိုင်ပြီး၊ တစ်ဖက်နစ်နာသူက တရားဥပဒေလမ်းကြောင်းနဲ့ 
စနစ်တကျ ဆောင်ရွက်လာခဲ့ရင် သူတို့  ကုမ္ပဏီကြီးရဲ့ ဂုဏ်သိက္ခာဘက်လိုက်မလား။
တစ်ပြားမှမ၇ဘဲ ရာဇ၀တ်မှုကျူးလွန်သွားတဲ့  Criminal ဘက်လိုက်မလားဆိုတာအရှင်းကြီး ပါ။
Cyber Crime ပြသနာတွေကိုကိုင်တွယ်ဖို့  Google မှာ Legal Team လ ည်း သတ်သတ် ဖွဲ့ စည်းထားပါတယ။် အများအားဖြင့် မြန်မာကွန်ပြူတာ လူငယ်များဟာအပျော် web-blog
တွေ လုပ်ရာမှာ Terms and Condition ကို ဘယ်တော့မှမဖတ်ဘဲ လွယ်လင့်တကူ
အကောင့်ဖွင့်ပြီး blog လုပ်တတ်ကြပါတယ်။ blog မှာ တင်လိုက် တဲ့ Content ဟာ
အကောင့်ရှင် တင်သူ၏ Responsibility လုံးလုံးလျားလျားဖြစ်ပါကြောင်း၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုဖောက်ဖျက်ရင် Google LEGAL TEAM ရဲ့  အရေးယူဆောင်
ရွက်မှုနဲ့ အတူ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအကြောင်း အရ ပြင်းပြင်းထန်ထန်အရေးယူခံ
ရနိုင်ပါတယ်။ Google LEGAL TEAM နဲ့  google ရုံးတွေကို တိုင်ကြားတဲ့ စနစ်တွေ၊ စာပုံစံတွေ၊ ရုံးလိပ်စာ-FAX ၊ ဖုံးနံပါတ်တွေ ၊အီးမေးလိပ်စာတွေအကုန် ပေးထားပါတယ်။


လက်လွတ်စပယ် စဉ်းစားဆင်ခြင်ခြင်း၊ကိုယ်ချင်းစာ ထောက်ထားညှာတာမှု
ကင်းမဲ့ပြီး၊မြန်မာ့ဂုဏ်သိက္ခာ ကိုညှိုးနွမ်းအောင် ကိုယ့်မြန်မာ့နိုင်ငံသား အချင်းချင်း၊ အပျော်နောက်ပြောင်ပြီးဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ၊
blogspot များဖြင့် အသရေ ဖျက် ဂုဏ်သရေ ညှိုးနွမ်းအောင်လုပ် ရင် အဲ့ဒီ
Cyber Criminal အတွက် လောကီ၊လောကုတ္တရာ ၂ ခုလုံး တွင် ဆိုးကျိုးများ၊
တန် ပြန် သက်ရောက်မှု ၀ဋ် ဒုက္ခများ မလွဲမသေခံစားရမည်ဖြစ် ပါတယ်။ သူများ
အရှက်တကွဲ အကျိုးနဲ လို့  ကိုယ် ဘယ်လောက်ကြာအောင်ပျော်နိုင်မှာလဲဆိုတာ ရှိပါတယ်။
အပျော်ပျောက်ရင် နောက်ဘ၀မကူးခင်လက်ရှိဘ၀ မှာတင်ဘယ်သူမှ မသိနိုင်သည့်တိုင် မိမိကိုယ်တိုင်ကျက်သရေတုံးသကဲ့သို့  ခံစားသိရှိရမှာဖြစ်ပြီး၊ နောက်ဆုံးရင်ဆိုင်ရမည်
မှာ ဆိုင်ရာနိုင်ငံဥပဒေ၊ မိခင်နိုင်ငံဥပဒေများနှင့်ဖြစ် ပါတယ်။

မသမာသူများ၊ နောက်ပြောင်ကျီစယ်သူများ က- မိမိတို့ ၏နံမည်ရင်းများကို နစ်အဖြစ်
အလွဲအသုံးပြုပြီး blogspot များနှင့်အခြား Blog များပြုလုပ်ခြင်းခံရသည်သူများအနေဖြင့်လည်း ရုံး၊ကုမ္ပဏီဝန်ထမ်းများဖြစ်ပါက မိမိတို့ သက်ဆိုင်ရာ ရုံးဌာနများအလိုက်၊ အကြီးအကဲများထံ ၊မန်နေဂျာ အရာရှိများထံ တရားဝင် ရုံး စာများဖြင့် Primary Report လုပ် ပြီး Record ယူ Case File လုပ် ထားသင့်ပါတယ်၊ ကိုယ်ပိုင် စီးပွားရေးလုပ်သူများ၊ကျောင်းသားကျောင်းသူ အရပ်သား များဖြစ်ပါက မိမိတို့  နှင့်နီး စပ်ရာ Police Station တစ်ခုခုမှာဖြစ်စေ၊ သက်ဆိုင်ရာ နိုင်ငံရဲ့ အာဏာပိုင်ရုံးတစ်ခုခုမှာဖြစ်စေ (ပြည်တွင်းမှာဖြစ်စေ/ပြည်ပမှာဖြစ်စေ) တရားဝင် Report ကြိုတင်လုပ်ထားသင့်ပါတယ်။

ကမ္ဘာပေါ်မှာသိပ်ယဉ်ကျေးတဲ့ ချစ်စရာကောင်းတဲ့ စေတနာကောင်းတဲ့ ငါတို့ မြန်မာနိုင်ငံသားတွေ၊
လူမချမ်းသာရင်နေပါ။ အကျင့်သီလ ၊ ဂုဏ်သိက္ခာ နေရာမှာ တိုင်းတစ်ပါးသား တွေထက်
သာတယ် ၊ စာနာတယ်၊ထောက်ထားတယ်၊ ကိုယ်ချင်းစာစိတ်၊ အရှက်အကြောက်တရားနဲ့ 
ပြည့်စုံကြပါတယ် ဆိုတာ သက်သေပြကြပါ။

ကိုယ်ရဲ့ အပျော်စိတ်လေးတစ်ချက်ကြောင့် ကွန်ပြူတာ ကီး လေးတစ်ချက်နှိပ်လိုက်မိတာကြောင့်
ငါတို့ ချစ်တဲ့ အားပေးနေတဲ့ အနုပညာသည်တွေ မိသားစုတွေ ၊အိမ်ထောင်ရေး၊လူမှုရေး
တွေ ထိခိုက် နစ်နာဆုံးရှုံး မှုတွေခံစားကြရတယ်။ အရှက်တကွအကျိုးနဲ တွေ ဖြစ်ကြတယ်။ လူပတ်ဝန်းကျင်မှာလူတောမတိုးရဲအောင်ဖြစ် သွားကြတယ်ဆိုရင် ၊ တကယ်ပျော်ရဲ့ လား၊
ဗုဒ္ဓ¨ဘုရားရှင်ကကော သာဓုခေါ်မှာလား၊ အဖဘုရားသခင် သခင်ယေရှု ကကော
ကောင်းချီးပေးမယ်လို့ ထင်ပါသလား၊ အဲလိုထင်ခဲ့ရင် အဲဒီ့အပျော်ရအောင် သူများ ကို ထိခိုက်အောင်လုပ်လိုက်ပါဦး၊ ပြီးရင် ငါ ပျော်လိုက်တာ၊ ကောင်းလိုက်တာဆိုတဲ့စကားကို
ညအိပ်ယာဝင် ခါနီး ဘုရားစင်ရှေ့မှာ လက်အုပ်လေးချီပြီး ဗုဒ္ဓရဲ့ ကြည်လင်နေတဲ့
မျက်နှာတော် ကို မော့ကြည့်လိုက်တဲ့အချိန်မှာ ရဲရဲ ကြီး ပြောကြည့်လိုက်ပါလား။
ဒါမှမဟုတ် တနင်္ဂနွေ ဘုရားကျောင်း ထဲမှာ အဖဘုရားသခင်ရဲ့  မျက်နှာကိုကြည့်ပြီး
ပြောကြည့်လိုက်ပါလား။

တစ်ချက်လေး ကိုယ်ချင်းစာကြည့် ပေးလိုက်ပါလား- ကျွှန်တော်တို့ အားလုံးဟာယဉ်ကျေးတဲ့၊
ချစ်စရာကောင်းတဲ့ မြန်မာနိုင်ငံသားတွေချည်းပါဗျာပညာလေ့လာသူအချင်းချင်းကိုယ်ချင်းစာ
မှုလေးတွေထားနိုင်ကြပါစေဗျာ




( အင်တာနက်သုံးသူ လူငယ်တွေ ကိုယ့်ဆီ ပြန်လာမည့် အန္တရယ်/အကုသိုလ်တရားများ ကိုမသိဘဲတစ်ပါးသူများအား ပါစင်နယ် ထိခိုက်နစ်နာစေသော web-blog များ မလုပ်မိစေ
ဘဲဆင်ခြင်မိစေရန်၊ ဒုက္ခမရောက်စေရန်၊ နှမသားချင်းစာနာကြ စေရန်၊ ငရဲမကျစေရန် မေတာရပ်ခံပြီး အရေးကြီးသော ဒီ သတိ၊ပညာပေး စာ လေး အား Cyber Crime နဲ့ ပတ်သက်တဲ့ အသိပညာပေး
စာတစ်ခုမျှ သာဖြစ်ပါတယ်။)