WELCOME

Thursday, November 10, 2011

(တကယ်မဟုတ်သော)ပညတ် နှင့် (အစစ်အမှန်)ပရမတ် တို့ တန်းတူထား ရောထွေးမှုနှင့် ပတ်သက်၍ လယ်တီဆရာတော်ဘုရားကြီး ရှင်းလင်းဖြေကြားမှု

Hello! Thank You Visited My Blog
၁၉၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက် နေ့စွဲပါ ကိုလံဘိုမြို့ ဗုဒ္ဓဘာသာသတင်း စာတွင် ပါလာသော မေးခွန်းပုစ္ဆာများကား-

၁။ ပုဂ္ဂိုလ်-သတ္တ၀ါ-ငါ-သူတစ်ပါး မဟုတ် (သို့)
ပုဂ္ဂိုလ်-သတ္တ၀ါ-ငါ-သူတစ်ပါးဟူ၍ ခြားနားခြင်း မရှိလျှင် ဒုစရိုက် အတွက် မည်သို့ တာဝန်ရှိနိုင်ပါမည်နည်း။
၂။ ပုဂ္ဂိုလ်-သတ္တ၀ါ-ငါ-သူတစ်ပါး ဟုတ်သည်ဆိုလျှင် (သို့)  ပုဂ္ဂိုလ်-သတ္တ၀ါ-ငါ-သူတစ်ပါး ဟူ၍ ခြားနားခြင်း ရှိလျှင် ၄င်းသဘော တရား သည် အနိစ္စသဘောတရားနှင့် ညိညွတ်ပါ၏လား။ (ပုဂ္ဂိုလ်/ သတ္တ၀ါ /ငါ /သူတပါး အဖြစ် အချိန်တစ်ခုကြာအောင် တောက်လျှောက်ရှိနေသည်ဆိုပါက အနိစ္စတရား (တရစပ်ပျက်စီးနေမှု) နှင့် ကိုက်ညီပါသလော။)
--------------------------xxxxxxxxxxxxxxxxxxxxxxxxxx...............................................................
ဆရာတော်ကြီး၏ ထိုမေးခွန်းနှစ်ခု၏အဖြေကို နားလည်နိုင်ရန်
ရှေးဦးစွာ ဗုဒ္ဓတရားတော်ကို ခွဲခြမ်းလေ့လာရာတွင် ဒေသနာ(၂)မျိုး (သို့) သာသနာ (၃)မျိုးဟူ၍ ရှိကြောင်း နားလည်ရပေမည်။

ဒေသနာ(၂)မျိုးတွင်
၁)ဝေါဟာရဒေသနာ (သမုတိသစ္စာ)
၂)ပရမတ္ထဒေသနာ (ပရမတ္ထသစ္စာ) ဟူ၍ နှစ်မျိုးရှိ၏။

အကျယ်ပြော ရမယ်ဆိုရင်-
၁။ ဝေါဟာရ(ပညတ်)ဒေသနာဆိုသည်ကား- လောက၌ ပုဂ္ဂိုလ် ရှိသည်။ သတ္တ၀ါ ရှိသည်။ အတ္တ ရှိသည်။ ဇီဝ ရှိသည်။ အတိတ်၊ ပစ္စပ္ပါန်၊ အနာဂတ် ဘ၀ရှိသည်။ အသက် ရှိသည်။ ငါ ရှိသည်။ သူ ရှိသည်။ ယောက်ျား-မိန်းမ ရှိသည်ဟု လောကီဘုံသား လူအများ တို့ ထင်မှတ် ပြောဆို ကြသော စကားမျိုးသည် ဝေါဟာရ (ပညတ်) မည်၏။

ထိုဝေါဟာရ (ပညတ်)
ရှိကြသည့်အတိုင်း ဟောတော်မူသော ၀ိနည်း - ဒေသနာ သုတ္တန် ဒေသနာတော် များသည် ဝေါဟာရ(ပညတ်) ဒေသနာ မည်၏။
(သမုတ်တိ သစ္စာတရား - တကယ် မဟုတ် သော မုသားမဖြစ်ရုံမှန်ကန်သော အမှန်တရား ဖြစ်လေသည်)

၂။ ပရမတ္ထဒေသနာဆိုသည်ကား- လောက၌ ပုဂ္ဂိုလ် ဟူ၍မရှိ။ သတ္တ၀ါ ဟူ၍မရှိ။ အတ္တဟူ၍မရှိ။ ဇီဝ ဟူ၍မရှိ။ အသက်-၀ိညာဉ်-လိပ်ပြာ ဟူ၍မရှိ။ ငါ ဟူ၍မရှိ။ သူတပါး ဟူ၍မရှိ။ ယောက်ျား-မိန်းမ -တစ်ဦးဦး-တစ်ယောက်ယောက်- တစ်ခုခုဟူ၍မရှိ။
အသစ်အသစ် အစားထိုး ပြောင်းလဲသွားနေသော စွမ်းအင်ရုပ်ဓါတ်များအစု (မသိတတ်သော-မခံစားတတ် သောသဘောမျာ
းအစု) နှင့် နာမ်ဓါတ်များ အစု (သိတတ်-ခံစားတတ်-မှတ်သားတတ်သောသဘောများအစု) ဟူ၍သာ အမှန် တကယ် ရှိသည် ဟု ဟောတော်မူသော အဘိဓိဓမ္မာဒေသနာတော် သည် ပရမတ္ထ ဒေသနာ မည်၏ ( ပရမတ္ထ သစ္စာ - တရစပ်ပျက်စီးနေသောသဘော နှင့် အမှန်တကယ် ရှိနေသော-- အမှန်တရား ဖြစ်လေသည်)

ထို့အတူ သာသနာ(၃)မျိုးတွင် ------
၁)အဓိသီလသာသနာ
၂)အဓိစိတ္တသာသနာ
၃)အဓိပညာသာသနာ
ဟူ၍ သုံးမျိုးရှိ၏။

၁) အဓိသီလသာသနာ-သူတပါးအသက် မသတ်အပ်။ သူတပါးဥစ္စာ မခိုးအပ်။ အစရှိသဖြင့် ဆုံးမသော သာသနာသည် အဓိသီလသာသနာ ဖြစ်၏။

၂) အဓိစိတ္တသာသနာ - မေတ္တာပွားများရန်-စိတ်တည်ငြိမ်စေရန် သမာဓိဖြစ်စေရန် အမှတ်သတိဖြင့်နေရန် ဆုံးမသော သာသနာ သည် အဓိစိတ္တသာသနာ ဖြစ်၏။

၃) အဓိပညာသာသနာ - ငါမဟုတ်-သူမဟုတ်-ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်-တစ်ဦးဦးမဟုတ်-အတ္တမဟုတ်- ဇီဝမဟုတ်-အသက်-၀ိညာဉ်-လိပ်ပြာ-တစ်ခုခုမဟုတ်။ တစ်ယောက်ယောက်မဟုတ်-မသိတတ်- မခံစားတတ်သော ရုပ်ဓါတ်များအစု- နှင့် သိတတ်-ခံစား တတ်သော နာမ်ဓါတ်များ အစု ဟူ၍သာ ရှိလေသည်။

ထို ရှိတယ်ဆိုသော ရုပ်ဓါတ်အစု များ နာမ်ဓါတ်အစုများဟာလည်း ဒီရုပ်ဓါတ်-ဒီရုပ်ဓါတ်၊ ၊ ဒီနာမ်ဓါတ်-ဒီနာမ်ဓါတ်၊ ဒီစိတ်-ဒီစိတ်၊ ဒီဝေဒနာ-ဒီဝေဒနာ၊ ဒီအပူ-ဒီအပူ၊ ဒီတစ်ခု-ဒီတစ်ခု အနေနဲ့ တောက်လျှောက်ရှိနေတာမဟုတ်ဘဲ ဖြစ်ဆိုတာနဲ့ မရှိတော့ပေ။

မျက်တောင်တစ်ခတ်-လျှက်တစ်ပြက်
အတွင်းမှာ ကုဋေနှင့် ချီကာ ပျက်စီးသွားလိုက် -အသစ် အစားထိုး ဖြစ်ပေါ်လာလိုက် နှင့် အနိစ္စ သာဟုတ်သည်။ ဒုက္ခသာဟုတ်သည်။ အနတ္တ သာ ဟုတ်သည် အနှစ်သာရမဟုတ် -အချည်းနှီးသဘော -သုညသဘော သက်သက် ဖြစ်သည် ဟု ပွါးများကြစေရန် ဆုံးမတော်မူသော သာသနာသည် အဓိပညာ သာသနာ ဖြစ်၏။

ထိုတွင် အဓိသီသာသာသနာ- အဓိစိတ္တသာသနာ နှစ်ပါးသည် ဝေါဟာရ ဒေသနာ(ပညတ်) နှင့် သက်ဆိုင်ပေသည်။ (တနည်း) - သီလအကျိုးငှာသမထ အကျိုးငှာ ဝေါဟာရဒေသနာများ-ပညတ်ချက်များ-သမုတိသစ္စာများ ကို နားလည်ရ အသုံးပြုရလေသည်။

အဓိပညာသာသနာ
သည် ပရမတ္ထဒေသနနှင့် သက်ဆိုင်ပေသည်။ (တနည်း) အသိဥာဏ်အမှန်-၀ိဿနာဥာဏ်များဖြစ်ပေါ်ရေး-မဂ်ဥာဏ်ဖိုလ်ဥာဏ်ဖြစ်ပေါ်ရေး- အမှန်တကယ်ဟုတ်သော သစ္စာတရား-နိရောဓ တရားကို မျက်မှောက်ပြု သိရှိနားလည်ရေး - အဓိပညာသာသနာ အကျိုးငှာ - ပရမတ္ထဒေသနာ - ပရမတ္ထသစ္စာတရားများကို သဘောပေါက် သိနားလည်ရပေမည်။
--------------------------xxxxxxxxxxxxxxxxxxxxxxxxxx...............................................................
လယ်တီဆရာတော်ကြီးမှ ပထမပုစ္ဆာ အဖြေ -

၁။ ပုဂ္ဂိုလ်-သတ္တ၀ါ-ငါ-သူတစ်ပါး ဟူ၍ ခြားနားခြင်းမရှိလျှင် (ပုဂ္ဂိုလ်- သတ္တ၀ါ - ငါ - သူတစ်ပါး - တစ်ဦးဦး - တစ်ယောက်ယောက် - တစ်ခုခု - အသက်- ၀ိညာဉ် - လိပ်ပြာအဖြစ် တစ်ခုတည်းမှ - တစ်ယောက်တည်းမှ
တောက်လျှောက် ရှိနေတာ မဟုတ်ဟု ဆိုလျှင်) ဒုစရိုက် အတွက် မည်သို့တာဝန်ရှိနိုင်မည်နည်း ဟူသော ပထမပုစ္ဆာ ၌အဖြေကား -
...ပုဂ္ဂိုလ်- သတ္တ၀ါ- ငါ- သူတစ်ပါး ဟူ၍ ခြားနားခြင်းမရှိ ဟူသောစကားသည် ပရမတ္ထဒေသနာ၏ ဆိုင်ရာပေတည်း။ ဒုစရိုက်အတွက် မည်သို့ တာဝန်ရှိနိုင်မည်နည်းဟူသော စကားသည် ဝေါဟာရ ဒေသနာ၏ ဆိုင်ရာပေတည်း။

အဓိသီလသာသနာ အဓိစိတ္တသာသနာ
ဟူသော သီလ၀ိသုဒ္ဓိ-စိတ္တ၀ိသုဒ္ဓိကို ပြဆိုရာ၌ ဝေါဟာရဒေသနာ ကို လွှတ်၍ (ဖယ်၍) ပြဆိုခြင်းငှာ မတတ်ကောင်း။

အဓိပညာ သာသနာ
ဟူသော ဒိဌိဝိသုဒ္ဓိ ကို ပြဆိုရာ၌ ဝေါဟာရဒေသနာနှင့် ပြဆိုခြင်းငှာ မတတ်ကောင်း၊ ပရမတ္ထဒေသနာ၏ဆိုင်ရာသာ ဖြစ်သောကြောင့် ဖြစ်၏။ ပုစ္ဆာ ၌မူကား- ဝေါဟာရဒေသနာဆိုင်ရာ နှင့် ပရမတ္ထဒေသနာဆိုင်ရာတို့ ရောထွေးလျက် ရှိ၏။ ရှေးဦးပထမ ပြဆိုခဲ့သော ဒေသနာ အပြား(ဒေသနာအမျိုးအစားများ) နှင့် သာသနာအပြား (သာသနာ အမျိုးအစားများ) တို့အပေါ် ထောက်ထား၍ ယူလေ။ (ခွဲခြားနားလည်၍ သဘောပေါက်ရန် လိုပေသည်။) ပထမပုစ္ဆာ အဖြေ ပြီး၏။


၂။ ပုဂ္ဂိုလ်-သတ္တ၀ါ- ငါ-သူတစ်ပါး ဟူ၍ ခြားနားခြင်းရှိလျှင် (ပုဂ္ဂိုလ်- သတ္တ၀ါ - ငါ - သူတစ်ပါး - တစ်ဦးဦး တစ်ယောက်ယောက် -တစ်ခုခု-အသက်- ၀ိညာဉ် -လိပ်ပြာအဖြစ် တစ်ခုတည်းမှ- တစ်ယောက်တည်း မှ တောက်လျှောက် ရှိနေတာ ဟုတ်သည်ဟု ဆိုလျှင်) ၄င်းသဘော တရားသည် (တရစပ်ပျက်စီးနေမှု) အနိစ္စသဘောတရားနှင့် ညီညွတ်ပါ၏လော ဟူသောဒုတိယပုစ္ဆာ ၌ -

အဖြေကား ...ပုဂ္ဂိုလ်- သတ္တ၀ါ- ငါ- သူတစ်ပါး မည်သည် တစ်ဘ၀မှာ တစ်ခါသာ သေမြဲဖြစ်၏။ တစ်ဘ၀မှာ အခါခါ သေသည် ဟူ၍မရှိ အနိစ္စမျိုး မည်၏။

ဗုဒ္ဓဘာသာ၌ အနိစ္စဆိုသည်ကား
(ဗုဒ္ဓ အဓိက နားလည် ရှုမြင်စေ လိုသော အနိစ္စ ဆိုသည်ကား) ရုပ်ဓါတ်တရား-နာမ်ဓါတ်တရား တို့၏ တရစပ်လျင်မြန်စွာ ချုပ်ခြင်း(ပျက်ခြင်း) ကို ဆိုလို၏။ ထိုရုပ်ဓါတ်တရား- နာမ်ဓါတ်တရား တို့၏ ချုပ်ခြင်း(ပျက်စိးခြင်း) မည်သည် မျက်တောင်တစ်ခတ်-လျှပ်တစ်ပြက် ခဏအတွင်းမှာ အကြိမ်များစွာ ချုပ်၏။ ပျက်စီးနေ၏။

ထို့ကြောင့် ပုဂ္ဂိုလ်- သတ္တ၀ါ- ငါ- သူတစ်ပါး ဟူ၍ အမှန်မရှိ။ အမှန်မဟုတ်။ (ငါ- တစ်ဦးဦး-တစ်ယောက်ယောက် - တစ်ခုခု - အသက်- ၀ိညာဉ် -လိပ်ပြာအဖြစ် တစ်ခုတည်းမှ တစ်ယောက်တည်းမှ တောက်လျှောက် ရှိနေတာ မဟုတ်)။

အကယ်၍ ပုဂ္ဂိုလ်- သတ္တ၀ါ- - ငါ- သူတစ်ပါး အဖြစ် (လူ - နတ်) (ဧကန်ရှိနေသည် - ဧကန်ဟုတ်သည်) ဟု ထင်မြင်ယူဆခဲ့လျှင် အနိစ္စ၀ိပဿနာဥာဏ်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ အနိစ္စ ၀ိပဿနာဥာဏ်ကို ပေါက်ရောက်လျှင် ထိုအယူပျက်၏။ ထိုအယူပျက်မှပင် မဂ်ဥာဏ် - ဖိုလ်ဥာဏ်သို့ ရောက်နိုင်၏။

ပုဂ္ဂိုလ်- သတ္တ၀ါ- - ငါ- သူတစ်ပါး ၊ ယခုဘ၀၊  နောက်ဘ၀အဖြစ် (လူ - နတ် - တိရစ္ဆာန်) သမုတိသစ္စာကို (ပညတ်တရားကို) မိမိ လူ့ဘ၀ တစ်ဘ၀ တစ်နပ်စာကောင်းစားရေး အဆင်ပြေစေရေးအတွက်သာ ကြည့်ပြီး ပစ်ပယ်ပါက ကိုယ်ကျင့်တရား၊ ဗြဟ္မစိုရ်တရားများ၊ ကိုယ်ချင်းစာတရားများ ခေါင်းပါးလာကာ လောကကြီး ပျက်စီးလေသည်။

ပုဂ္ဂိုလ်- သတ္တ၀ါ- - ငါ- သူတစ်ပါး ၊ ယခုဘ၀၊  နောက်ဘ၀၊ ယောက်ျားဘ၀၊ မိန်းမဘ၀၊ ယောဂီဘ၀၊ ဆင်းရဲသားဘ၀၊ သူဌေးဘ၀ စသည့် သမုတိသစ္စာ (အဖြစ်တရား-အကျိုးတရား)များသည် အဟုတ်ထင်၊ အတည်ယူ၊ ဆုပ်ကိုင်၊ အဓိကထား ငြိတွယ်နေဖို့ မဟုတ်သလို  ပစ်ပယ်ဖို့ ဆန့်ကျင်ဖို့လည်းမဟုတ် ........အမှန်တရားသစ္စာတရား နားလည်ရေးအတွက် အသုံးချရုံ သက်သက်၊ တွေ့ကြုံရုံ သက်သက် ဖြစ်စေဖို့သာ။

ပညတ်မျိုး ၆-ပါး။ ။

Hello! Thank You Visited My Blog.
အနက်ကို သိစေတတ်သော သဒ္ဒပညတ် အပြား ၆-ပါးဟူ၏၊ အမည်နာမကို ဆိုသည်။

(၁)ဝိဇ္ဇမာန ပညတ်- ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်, ဝေဒနာ, သညာ စသော အမည်ပညတ်မျိုး၊
(၂) အဝိဇ္ဇမာန ပညတ်- ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မြေ, တောင်, လူ, နတ်, ရဟန်းစသော အမည်ပညတ်မျိုး၊
(၃) ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်- ထင်ရှားရှိ၍ ထင်ရှားမရှိသော'ဆဠာ ဘိည, ရဟန်း' စသော အမည်ပညတ်မျိုး၊
(၄) အဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်- ထင်ရှားမရှိ၍ထင်ရှားရှိသော ဣတ္ထိ, သဒ္ဒေါ စသော အမည်ပညတ်မျိုး၊
(၅) ဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်ထင်ရှားရှိသည်ဖြစ်၍ ထင်ရှားရှိသော စက္ခု, ဝိညာဏ စသော အမည်ပညတ်မျိုး၊
(၆) အဝိဇ္ဇမာနေနအဝိဇ္ဇမာန ပညတ်- ထင်ရှားမရှိသည်ဖြစ်၍ ထင်ရှားမရှိသော ရာဇ, ပုတ္တော စသောအမည်ပညတ်မျိုး၊

ပညတ်နှင်.ပရမတ်တွဲပြီးသိ သံသရာမှလွတ်ကြောင်းဖြစ်၏
 

Wednesday, November 9, 2011

Tsunami (Phuket Beach)

 သေဆုံးကြတဲ့အရေအတွက်တော်တော်များခဲ့တယ်လေ...
 ကြည့်ပါလားတော်တော်ကြောက်ဖို့ကောင်းတာနော်....
 မသိရင်ရုပ်ရှင်ထဲ့ဇတ်ဝင်ခန်းလိုပဲ
 ကျောင်းတက်တုန်းကသင်ခဲ့ရတဲ့ဆူနာမီခေါ်လိုင်းလုံးကြီးများဆိုတာလေ...
 တကယ်တွေ့ကြုံလိုက်ရတော့သံဝေဂရသလိုလိုပဲ..တော်တော်ကြောက်လန့်မိကြတာ..
သူက သစ္စာတော့ရှိတယ်ဗျ၊ လူမျိုး၊ ဘာသာ၊ လူတန်းစား၊ အသားအရောင်မရွှေးဘူး၊ အကုန်သေပဲ..
                     ပါတ်စပို့၊ အလုပ်လုပ်ခွင့်ကဒ်ပြားတောင်..မစစ်ဆေးဘူးဗျ...
Hello! Thank You Visited My Blog

Tuesday, November 8, 2011

ဇော်ဂျီယူနီကုဒ်ဖေါင့်ဖြင့် မြန်မာစာရိုက်ခြင်း

ပထမဆုံး ဇော်ဂျီ လက်ကွက်ကို ဒေါင်းလုဒ် လုပ်ပြီး အင်စတောလ် လုပ်ပါ။ [Link]။ စက်ထဲတွင် အခြား မြန်မာ ယူနီကုဒ် အမျိုးအစားများ မရှိစေရန် သတိပြုရပါမည်။ ရှိနေခဲ့ရင် Uninstall လုပ်ပစ်လိုက်ပါ။ ဇော်ဂျီ အင်စတောလ် လုပ်ပြီးလျှင်-
1. Control Panel > Regional and Language ကိုသွားပါ။
2. Regional Language Box မှ Language ဆိုသော ခလုတ်လေးကို နှိပ်ပါ
3. Language > Detail ကိုရွေးချယ်ပါ။

အဆိုပါ Box ထဲမှာ Default Input Language ဆိုတဲ့ နေရာလေးကို စစ်ဆေးပါ။ ဇော်ဂျီ ကီးဘုတ်ကို မြင်နေရမည် ဖြစ်သည်။ ထို့နောက် အောက်ဆုံးက -

4. Preference > Language Bar ကိုသွားပါ။
5. Desktop မှာ Keyboard အလွယ်တကူ ချိန်းနိုင်ရန် အဆိုပါ ဗောက်စ်ထဲမှ အကွက် လေးများကို Check လုပ်ပေးပါ။
6. OK နှိပ်ပါ။

အဲဒီအခါ ၀င်းဒိုးစ်ရဲ့ အောက်ညာဘက် နာရီအချိန် ပြတဲ့ နေရာမှာ ကီးဘုတ်ပုံလေး ပေါ်လာပါလိမ့်မယ်။
7. မြန်မာ စာသားကို ရိုက်လိုတဲ့အခါ Clt+Shift ကိုနှိပ်ရပါမယ် (၀ဘ်ဆိုဒ်များနှင့် ၀ဘ်ပေ့ခ်ျ များတွင်သာ သုံးနိုင်သည်)။ အင်္ဂလိပ်စာကို ရိုက်လိုလျှင် အဆိုပါ Clt+Shift ကို ထပ်နှိပ် ပေးရပါမည်။

[ ကိုညီလင်းဆက် Blog မှ ကူယူမှတ်သားထားခြင်း ဖြစ်သည် ]

Monday, November 7, 2011

အာရပ်နွေဦးတော်လှန်ရေးများနှင့် ငြိမ်းချမ်းရေး နိုဗယ်ဆု


အာရပ်နွေဦးဖြစ်စဉ်တွင် အွန်လိုင်းမှလှုံ့ ဆော်ခဲ့သူများမှာ ယခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ တွင် ချီးမြှင့် မည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေကြောင်းသိရသည်။

ယခုနှစ်တွင် ဆန်ကာတင်စာရင်းဝင်သူ ၂၄၁ ဦးအထိရှိကြောင်း နော်ဝေနိုဗယ်ဆုရွေးချယ်ရေးကော်မတီက ထုတ်ပြန်ခဲ့သော်လည်း စာရင်းဝင်သူများကို ထုံးစံအတိုင်း လှို့ ဝှက်ထားခဲ့သည်။

တူနီးရှား၊ အီဂျစ်၊ လစ်ဗျားတို့ တွင် အာဏာရှင်အစိုးရများပြုတ်ကျစေခဲ့မှု၊ ဆီးရီးယား၊ ယီမင်၊ ဘာရိန်းတို့ တွင် ကန့် ကွက်မှုများဖြစ်ပေါ်စေခဲ့မှုတွင် အွန်လိုင်းမှ စတင်လှူံ့ ဆော်ခဲ့သူများ၏ အခန်းကဏ္ဍမှာ ကြီးမားစွာပါဝင် ခဲ့သည်။

နိုဗယ်ကော်မတီဥက္ကဌ သောဘ်ဂျိုယန်ဂျက်ဂ်လန်ကမူ “ဒီနှစ်အတွက်တော့ (ရွေးရတာ) သိပ်မခက်ပါဘူး။ ငြိမ်းချမ်းရေးကို တန်ပြန်နှောင့်ယှက်နေတဲ့အလားအလာတွေ အများကြီးရှိသလို အကောင်းဘက်ကိုသိသိသာသာ ရွေ့ ခဲ့တာတွေလည်း ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။


ဂျက်ဂ်လန်သည် ၂၀၀၉ ခုနှစ်က နိုဗယ်ကော်မတီဥက္ကဌဖြစ်လာခဲ့ပြီးနောက် အငြင်းပွားဖွယ်ရွေးချယ်မှုများ အဖြစ် သမ္မတဖြစ်ကာစ ဘာရက်အိုဘာမား၊ နောက်တစ်နှစ်တွင် တရုတ်နိုင်ငံမှ အကျဉ်းကျနေသောအတိုက်အခံ လျူကျောင်းပိုတို့ ကို ရွေးချယ်ရာတွင်ဦးဆောင်ခဲ့သည်။

တူနီးရှားမှ ဘလော့ဂါအမျိုးသမီးလီနာဘင်န်မီနီ၊ အီဂျစ်မှ ဧပြီ ၆ လှုပ်ရှားမှုကို စတင်တည်ထောင်သော ဆိုက်ဘာလှုပ်ရှားသူများဖြစ်သည့် အစ္စရာအဘ်ဒယ်ဖာတာနှင့် အာမက်မာဟာ၊ အီဂျစ်မှ ဂူဂဲလ်အမှုဆောင် တစ်ဦးဖြစ်သူ ၀ဲလ်ဂိုနင်မ်တို့ မှာ ဆုရရှိရန်အထူးရေပန်းစားသည်။

လီနာဘင်န်မီနီ

အသက် ၂၇ နှစ်အရွယ်ရှိ ဘလော့ဂါအမျိုးသမီးသည် တူနီးရှားစံပယ်ဖြူတော်လှန်ရေးကို Tunisia Girl အမည်ဝှက်ဖြင့်လှုံ့ ဆော်ပေးခဲ့သည်။ ဇန်န၀ါရီအတွင်း ဇိုင်အယ်လ်အဘီဒင်ဘီအလီအစိုးရ၏ ဖိနှိပ်မှုများကို ဖွင့်ချဖော်ထုတ်ခဲ့သည်။ ၂၃ နှစ်ကြာအုပ်စိုးသော ဘင်အလီ နိုင်ငံမှထွက်ပြေးခဲ့ပြီး လှုပ်ရှားမှု အောင်မြင်ခဲ့သည်။

ထောင် ၆ နှစ်ကျခံခဲ့ရသည့် လက်ဝဲယိမ်းနိုင်ငံရေးလှုပ်ရှားသူတစ်ဦး၏ သမီးဖြစ်သူလီနာသည် ၄င်း၏ ဘလော့တွင် ၂၀၀၇ ခုနှစ်မှစပြီး နိုင်ငံတွင်းလူ့ အခွင့်အရေးချိုးဖောက်မှုများကို ရေးသားခဲ့သည်။ ၄င်းသည် တူးနစ်တက္ကသိုလ်တွင် အင်္ဂလိပ်စာဆရာမလုပ်နေသူဖြစ်သည်။


အစ္စရာအဘ်ဒယ်လ်ဖာတာနှင့် အာမက်မာဟာ

အသက် ၃၃ နှစ်ရှိ အမျိုးသမီးအစရာနှင့် အသက် ၃၀ အရွယ်ရှိ အာမက်တို့ သည် အီဂျစ်တွင် ဧပြီ ၆ လှုပ်ရှားမှုကို ပူးတွဲတည်ထောင်ခဲ့ပြီး မူဘာရက်အစိုးရကို ကန့် ကွက်ရေးတွင် လူငယ်များနိုးထလာရေး လှုံ့ ဆော်နိုင်ခဲ့သည်။ တဟီရာရင်ပြင်၌ စုရုံးကန့် ကွက်မှုများဖြစ်ပေါ်ရာတွင် အဓိကဦးဆောင်မှုပေးခဲ့သည်။

ဝဲလ်ဂိုနင်မ်

ဂူဂဲလ်၏အီဂျစ်အမှုဆောင်တစ်ဦးဖြစ်ပြီး အီဂျစ်တွင် “ဖေ့စ်ဘွတ်ခ်တော်လှန်ရေး”၏ ပြယုဂ်တစ်ယောက် ဖြစ်ခဲ့ကာ လူငယ်များကို လှုံ့ ဆော်ဦးဆောင်နိုင်ခဲ့သည်။ ၁၂ ရက်ကြာထိန်းသိမ်းခံရပြီးနောက် ရုပ်သံဆွေးနွေးပွဲ တစ်ခုတွင် ပြန်ပေါ်လာခဲ့ပြီး အထူးထင်ရှားခဲ့သည်။ နောက်တစ်ရက်တွင် တဟီရာရင်ပြင်သို့ ပြန်လာခဲ့ရာတွင် သူရဲကောင်းတစ်ဦးအဖြစ်ကြိုဆိုခံခဲ့ရသည်။

ရုရှားလူ့ အခွင့်အရေးအုပ်စု Memorial ကို ပူးတွဲတည်ထောင်သူ စဗက်လာနာဂန်နက်ရှ်ကီနာနှင့် အာဖဂန် အမျိုးသမီးများအခွင့်အရေးအတွက် တိုက်ပွဲဝင်သည့်ဆရာဝန်အမျိုးသမီး ဆီမာဆမ်မာတို့ လည်း ရေပန်းစား သည့်စာရင်းတွင်ပါဝင်သည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုကို ၁၉၀၁ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ရာ အမျိုးသမီး ၁၂ ဦးသာ ရရှိခဲ့ဖူးသည်။



ငြိမ်းချမ်းရေးနိုဗယ်ဆုရရျိခဲ့သည့် အမျိုးသမီးများ

၁၉၀၅ - ဘာသာဘွန်ဆက်တ်နာ ( သြစတြီးယား - ဟန်ဂေရီ )
၁၉၃၁ - ဂျိန်းစ်အဒမ်စ် ( အမေရိကန် )
၁၉၄၆ - အီမီလီဂရီဘယ့်လ်ခ်ျ ( အမေရိကန် )
၁၉၇၆ - ဘက်တီဝီလျံ ( ဗြိတိန် )
၁၉၇၆ - မေရိဒ်ကော်ရီဂန် ( ဗြိတိန် )
၁၉၇၉ - မာသာထရီဇာ ( မက်ဆီဒိုးနီးယားနှင့် အိန္ဒိယ )
၁၉၈၂ - အယ်လ်ဘာမီရ်ဒယ် ( ဆွီဒင် )
၁၉၉၁ - ဒေါ်အောင်ဆန်းစုကြည် ( မြန်မာ )
၁၉၉၂ - ရီဂိုဘာတာမန်ချူး ( ဂွာတီမာလာ )
၁၉၉၇ - ဂျိုဒီဝီလျံ ( အမေရိကန် )
၂၀၀၃ - ရှီရင်အီဘာဒီ ( အီရန် )
၂၀၀၄ - ၀န်ဂါရီမာထိုင်း ( ကင်ညာ )

Ref - AFP

( Bi weekly ELEVEN အတွဲ ၂၇၊ အမှတ် ၄ “အာရပ်နွေဦးဖြစ်စဉ်တွင် အွန်လိုင်းမှ လှုံ့ ဆော်ခဲ့သူများ ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေ” မှ ကူးယူဖော်ပြပါတယ် )