WELCOME

Monday, November 7, 2011

သတိ! စာဖတ်ရန် မမေ့ပါနှင့်




ယနေ့ ခေတ်မှာ မီဒီယာတွေရဲ့တိုးပွားမှု (Media Population) က များသည်ထက် များလာသည်။ ယခင်က ပုံနှိပ် မီဒီယာ (Press Media) TV, Audio Media တို့ လောက်သာ ရှိခဲ့ရာမှ ယနေ့တွင် အွန်လိုင်းမီဒီယာ၊ ကြော်ငြာဘုတ်၊ ဆိုရှယ်နက်ဝက်ခ်များ၊ မိုဘိုင်းဖုန်းများ စသည်ဖြင့် Media မျိုးစုံအလျှိုလျှိုပေါ်ပေါက်လာကြသည်။
အထူးသဖြင့် မီဒီယာအေး (Cold Media) များဖြစ်သည့် စာအုပ်စာပေ Press Media များက Online, Internet ကဲ့သို့ သော Hot Media များနှင့်ယှဉ်လျှင် ယှဉ်ပြိုင်နိုင်စွမ်းများ သိသိသာသာ ကျဆင်းလာကြသည်။ အထူးသဖြင့်  အင်တာနက် ကဲ့သို့သော Hot Media တို့ မှာ အသုံးပြုသူများ သိရှိလိုသည့် သတင်း အချက်အလက်များကို အချိန်တိုအတွင်း လျင်မြန်စွာ ရှာဖွေပေးနိုင်ခြင်း ၊ အရုပ်အသံ စသည့် Media စုံ ကြည့်ရှုခံစားနိုင်ခြင်း ၊ အသုံးပြုသူ user အချင်းချင်း Email ၊ ချက်တင် စသည်တို့ ဖြင့် ဆက်သွယ်နိုင်ခြင်း၊ စသည်တို့ ကြောင့် ကာလတို အတွင်းမှာ သုံးစွဲသူ အရေအတွက် အဆမတန် များပြားလာခဲ့သည်။ အချို့ သော ကမ္ဘာကျော် သတင်းစာကြီးများ သည်ပင်လျှင် ယင်းတို့ ၏ Offline ပုံနှိပ် ထုတ်ဝေနေမှုများကို ရပ်ဆိုင်းကာ Online Version တစ်ခုတည်းဖြင့် ပြောင်းလဲ ရပ်တည် လာရသည်အထိ Hot Media တို့ က အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့သည်။
စခရင်ချည်းမကြည့်ဘဲ စာအုပ်ကြည့်ဖို့လည်း လိုအပ်ပါသတဲ့
စခရင်ချည်းမကြည့်ဘဲ စာအုပ်ကြည့်ဖို့လည်း လိုအပ်ပါသတဲ့
ICT ခေတ်ရဲ့ တိုးတက်မှုတွေကြားမှာ မွေးဖွားလာကြတဲ့ Cyber Citizen လူငယ်တွေဟာ ONLINE, INTERNET အရုပ်၊ အသံ လှုပ်ရှားမှုများတွေနဲ့ ပြည့်နှက်နေတဲ့ Multimedia ကမ္ဘာကြီး မှာပဲ သူတို့ ရဲ့ ဘ၀တွေကို မြှုပ်နှံ ထားချင်ကြပါတယ်။ သည်လိုဆိုရင် သူတို့ တစ်တွေအတွက် Cold Meida တွေဟာ မလိုအပ်တော့ဘူးလား။ Cold Media တွေရဲ့ ကျဆုံးခန်းဟာ ကျွန်တော်တို့ ရဲ့ ကမ္ဘာကြီးမှာ စတင် နေပြီလား။
သည်လို မေးလာခဲ့ရင်တော့ စာရေးသူက မဟုတ်ပါ။ လုံးဝ မဟုတ်ပါဟု ပြတ်ပြတ်သားသား ပြန်ဖြေရပါမည်။ မကြာသေးမီက အင်္ဂလန် နိုင်ငံမှာ ပြုလုပ်ခဲ့သည် သုတေသန စစ်တမ်း တစ်ခုအရ Online, Internet, Hot Media များ အကြား မွေးဖွား ကြီးပြင်းလာသည့် လူငယ် လူရွယ်တို့ မှာ စာအုပ် ၊ စာပေ ၊ မဂ္ဂဇင်းစသည့် Cold Media များ အကြားမှာ မွေးဖွား ကြီးပြင်းလာသော လူငယ်လူရွယ်များထက် စဉ်းစား တွေးခေါ်နိုင်မှု ၊ ဥာဏ်ရည် ဥာဏ်သွေးတို့  နိမ့်ကျနေကြောင်း အသေအချာ တွေ့ ရှိရပါသည်။ Hot Media တို့ ၏ သဘောမှာ အရုပ်၊ အသံ၊ လှုပ်ရှားမှုသည်တို့ မှာ ခူးပြီးခပ်ပြီး အသင့်ပြင်ဆင် ထားပြီးဖြစ်သဖြင့် ဦးနှောက်၏အလုပ် မလိုအပ်ဘဲ နှလုံးသားနှင့် အသင့်ခံစားရုံဖြစ်သည်။Cold Media တို့ ၏သဘောမှာ Hot Media ၏ ပြောင်းပြန်ဖြစ်သည်။
အထူးသဖြင့် ယနေ့ ဖွံ့ ဖြိုးပြီးနိုင်ငံကြီးများ (Developed Country) တွင် Hot Media များနှင့် Cold Media များ၏ လွှမ်းမိုးမှုမှာ တန်းတူရည်တူမျှသာ ရှိလာသော်လည်း စာရေးသူတို့ ကဲ့သို့  ဖွံဖြိုးဆဲ နိုင်ငံများတွင် Hot Media များ၏ လွှမ်းမိုးမှုမှာ အဆမတန် အားကောင်းလာသည်ဖြစ်ရာ တွေးခေါ်မှု စွမ်းရည်များ၊ တီထွင်ဖန်တီးနိုင်မှုများ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ ရှိရပါသည်။ သို့ ဖြစ်၍ လူငယ်လူရွယ်များ အနေဖြင့် Hot Media များတွင်သာ အချိန်ကုန် လုံးပမ်းမနေကြဘဲ Cold Media များဘက်သို့ လည်း တစ်လှည့်ပြန် လှည့်ကာ မိမိတို့ ၏ တွေးခေါ်မှုစွမ်းရည်များကို မြှင့်တင်ကြပါဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။
"ကျေးဇူးပြု၍ ... စာဖတ်ရန်မမေ့ကြပါနှင့်"

ကျန်းမာရေးလျှို့ဝှက်ချက်များ


တရုတ်ရုပ်သံလိုင်းဖြစ်တဲ့CCTVက အသက်(၇၆)နှစ် ရှိပြီဖြစ်တဲ့ တရုတ် ကျန်းမာရေး ပညာရှင် ပါမောက္ခ Wan Cheng Kuiနဲ့ အစီအစဉ် တစ်ခု တင်ဆက်သွားခဲ့တယ်။

အစီအစဉ်မှာ Wan Cheng Kuiက သူ့ရဲ့ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ အသက်ရှည်ရေး လျှို့ဝှက်ချက်တွေကို ပြောသွားခဲ့တယ်။


(၁) ကျန်းမာဖို့အတွက် သင့်ကိုယ်ပေါ်မှာ မူတည်တယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ လူတစ်ယောက်ရဲ့ အသက်ရှည်ရေးနဲ့ ကျန်းမာရေး ဟာ ၁၅%က မျိုးရိုးကြောင့်၊ ၁ဝ%က လူမှုပေါင်းသင်းရေးကြောင့်၊ ၈%က ရောဂါဘယကြောင့်၊ ၇%က ရာသီဥတုကြောင့်နဲ့ ၆ဝ%က ကိုယ့်ကိုယ်ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

လူအများသိပြီးကြတဲ့အတိုင်း မနက်စာကို ကောင်းကောင်းစား၊ နေ့လယ်စာကို ဝအောင်စား၊ ညစားကိုလျော့စားလို့ ဆိုကြပေမယ့် အခုခေတ်မှာတော့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။

အခုခေတ်လူတွေက မနက်စာကို ဖြစ်သလိုစား၊ နေ့လည်စာကို ကြုံရာစား၊ ညစားကို အဝအပြဲစား ကြတယ်။
ဒါဟာ ရောဂါရဲ့ရင်းမြစ်ဖြစ်တယ်။
မနက်စာဟာ အားဆေးနဲ့တူတယ်။ တစ်နေ့လုံးရဲ့အရေးပါတဲ့တစ်နပ်မို့ အာဟာရဖြစ်တာတွေ စားရပါတယ်။


မနက်ပိုင်းအာဟာရတွဲဖက်စာအဖြစ် ပဲနို့ရည်၊ ကွေကာအုပ်နဲ့ ပန်းသီးတွေကို တွဲစားနိုင်ပါတယ်။

အဓိကအစာမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပါရပါမယ်။
အခုခေတ်လူတွေက့ ၂ဝ% မနက်စာ မစားကြသလို ၅ဝ%-၆ဝ% က မနက်စာ မစားတတ်ကြဘူး။

မနက်စားအာဟာရအတွက် နေ့လယ်၊ ညနေစာတွေနဲ့ ပြန်အစားထိုးလို့ မရနိုင်ပါဘူး။


(၂) လောကမှာ မကောင်းဆုံးအကျင့်က ဆေးလိပ်သောက်တာပဲ

လောကမှာ မကောင်းတဲ့အကျင့်(၅)ခုရှိတယ်။ ပထမတစ်ခုက ဆေးလိပ်သောက်တာပဲဖြစ်တယ်။
တစ်သက်လုံး ဆေးလိပ်သောက်သူဟာ နှစ်(၂ဝ)-(၂၅) စောသေကြတယ်။ ဆေးလိပ်တစ်ခါ သောက်ရင် (၁၁)မိနစ် အသက်တိုတယ်။
ကျွန်တော်ဘာလို့ အရွယ်တင်နေသလဲ?


ကျန်းမာနေသလဲဆိုတာ ကျွန်တော်တစ်သက်မှာ ဆေးလိပ်မသောက်ဖူးဘူး။
ကျွန်တော့်ရှေ့မှာ ဆေးလိပ်လာသောက်ရင် ဆောရီးပဲ တခြားနေရာမှာ သွားသောက်ပါ။
သင့်ကိုယ်သင် သေကြောင်းကြံလို့ရတယ်။ တခြားလူကိုတော့ သင်မသတ်ပါနဲ့။

မနက်ထလာတာနဲ့ ဆေးလိပ်သောက်တာ ပိုအန္တရာယ်ရှိတယ်။
ဆေးလိပ်သောက်သူတွေဟာ လေပြွန်နာ၊ အဆုတ်လေနာ၊ အဆုတ်အတွင်းနာ၊ အဆုတ်ကင်ဆာ စတဲ့ရောဂါတွေကို ရနိုင်ပါတယ်။




(၃) အာဟာရများရင်လည်း အဆိပ်ဖြစ်တယ်

နေ့တစ်နေ့တာရဲ့ အစားအစာတွေကက အရွက်စိမ်း (၈)အောင်စ သို့မဟုတ် (၅ဝဝ)ဂရမ်၊ အသီး (၂)လုံး၊ ဟင်းရွက်ဆီ (၃)ဇွန်း၊ (၂၅)ဂရမ်ထက်မပိုရ။ ထမင်း(၄)အောင်စ သို့မဟုတ် ပေါက်စီအသားလွတ်(၄)လုံးနဲ့ ပရိုတင်းအပြည့်အဝပါတဲ့ အစားအစာတွေဖြစ်တယ်။
တစ်နေ့ကို ရေ(၈)ခွက်သောက်ရတယ်။ ရေက လူတွေရဲ့အသက်ပဲ။ ဒါပေမဲ့ အခုခေတ်လူတွေက ရေအသောက်နည်းကြတယ်။ ဆာမှ သောက်ကြတယ်။ တကယ်ဆို ဆာမှသောက်တာမဟုတ်ဘဲ အားတာနဲ့သောက်နေရမယ်။ ရေအစား ရေနွေးကြမ်းရော ရသလားမေးရင် မရဘူး။ ကော်ဖီ၊ အချိုရည်၊ ဘီယာနဲ့အစားထိုးရင်ရော ရသလားမေးရင် မရဘူး။ ရေနွေးကြမ်းသောက်မယ်ဆိုရင်လည်း အခါးခြောက်နည်းရမယ်။ သေချာမှတ်ထားပါ.... ရေက လူတွေရဲ့အသက်ပါ။ (၄) လူတွေက အို၊ နာသေတာမဟုတ်ဘူး၊ စိတ်ကြောင့်သေတာ လူတွေ စိတ်မတိုဘဲနေနိုင်လား? လူဆိုတာ ခံစားချက်ရှိတဲ့သတ္တဝါတွေ။၊
ငိုမယ်၊ ရယ်မယ်၊ တိုမယ်၊ လွမ်းမယ်၊ ကြောက်မယ်၊ လန့်မယ်။ ပျော်ရင်ရယ်တယ်၊ မပျော်ရင် ငိုတယ်။ စိတ်တိုတဲ့အခါ နှစ်ခွန်းလောက်ဆဲလိုက်ရမှ ... ဒါဟာ လူတွေရဲ့ခံစားချက်ဖြစ်တယ်။

တကယ်လို့ ခံစားချက်တစ်မျိုးပဲရှိရင် ဒီလူ မကျန်းမာတော့ဘူး။

ခံစားချက်ပြည့်ဝတဲ့ လူတွေက ဘာလုပ်ချင်ရင် ဘာလုပ်ကြတယ်။
ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက အလွန်အကျွံမဖြစ်ရဘူး။
အလွန်အကျွံဖြစ်ခဲ့ရင်လည်း အချိန်မကြာရဘူး။ ခံစားချက်ကို ခပ်မြန်မြန်လေး ပြန်ထိန်းညှိရမယ်။
ဒါမှ ကျန်းမာတယ်။

ဘုရင့်ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းရေးထားပြီးသားပါ။
"စိတ်တိုရင် အသဲကိုထိတယ်၊
ပျော်ရင် နှလုံးကိုထိတယ်၊
စိုးရိမ်ကြောင့်ကြရင် အဆုတ်ကို ထိတယ်၊
လွမ်းဆွေးရင် သရက်ရွက်ထိတယ်၊
ကြောက်ရင် ကျောက်ကပ်ကိုထိတယ်၊
စိတ်ကြောင့် ရောဂါရတယ်"။


တကယ်တမ်းပြောရရင် လူအများက အိုသေ၊ နာသေတာမဟုတ်ဘူး။
စိတ်ကြောင့်သေကြတယ်။

အကြီးအကဲမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ဆရာမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ပိုက်ဆံရှာမရလို့ စိတ်ကြောင့် သေသွားတယ်။

လူအိုတချို့ ကိစ္စသေးသေးမွှားမွှားနဲ့ စိတ်ညစ်၊ စိတ်တိုပြီးသေသွားတယ်။ ဒီလိုလူမျိုးတွေ တော်တော်များများ ကျွန်တော်ကြုံဖူးတယ်။

ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ်။ "စိတ်တိုဒေါသထွက်လို့ရတယ်။ ဒါပေမဲ့ ထွက်တတ်ရတယ်။ ခံစားချက်ရဲ့ဓားစာခံတော့ မလုပ်ရဘူး။

ခံစားချက်ရဲ့အရှင်သခင်ပဲလုပ်ရမယ်။ ခံစားချက်ကို မောင်းနှင်သူဖြစ်ရမယ်၊ ခံစားချက်ရဲ့ အမောင်းနှင်ခံရသူတော့ မဟုတ်နဲ့"


(၅) လမ်းလျှောက်တာဟာ အကောင်းဆုံးအားကစားပါ
ဘယ်အရာမဆို အတိုင်းအတာတစ်ခုတော့ရှိတယ်။
စားတာလည်း အတိုင်းအတာ၊ အိပ်တာလည်း အတိုင်းအတာ၊ အားကစားလုပ်တာလဲ အတိုင်းအတာရှိတယ်။
အားကစားမလုပ်ရင် မကောင်းသလို လွန်လွန် ကျွံကျွံ လုပ်ရင်လည်း ရောဂါခုခံ နိုင်အားကို ကျဆင်းစေတယ်။

နေ့တိုင်း နာရီဝက်က တစ်နာရီထိ အားကစားလုပ်နိုင်တယ်။
လုပ်တဲ့နည်းကလည်း ရိုးရှင်းတဲ့နည်းကို အသုံးပြုလို့ရတယ်။
နာရီဝက်လောက် လမ်းလျှောက်ရုံပါပဲ။
ရိုးရှင်းပြီး ငွေကုန်ကြေးကျစရာလည်း မလိုဘူး။ အကျိုးလည်း အရမ်းရှိတယ်။

ဒါပေမဲ့ လမ်းလျှောက်ရာမှာ သတိပြုရမယ့်အချက်တွေရှိတယ်။
လူငယ်တွေက မြန်မြန်လျှောက်ရတယ်။


တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)ထိ၊ နှလုံးခုန်နှုန်း တစ်မိနစ်ကို (၁၂ဝ)ကြိမ်ထိ ခပ်မြန်မြန်လေးလျှောက်ရတယ်။
ဒါမှ နှလုံးကို လေ့ကျင့်ပေးရာရောက်တယ်။
တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)၊ နှလုံးခုန်နှုန်း(၁၂ဝ) ရောက်ဖို့က ခဏလေးနဲ့တော့ လုပ်လို့မရဘူး။
ခြေလှမ်းမှန်မှန် မြန်မြန်လှမ်းနိုင်မှရတယ်။

ဒါကို နှစ်ဝက်လောက် သင်လုပ်နိုင်ရင် သင့်နှလုံး၊ အဆုတ်ရဲ့အကျိုးကို ၃ဝ% က ၅ဝ%ထိ မြင့်တင်ပေးနိုင်ပါတယ်။


လူတစ်ယောက်ဟာ လူငယ်အရွယ်ကစ စံသတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားရမယ်။
ကျွန်တော်ဆိုရင် အသက်(၃ဝ)ကတည်းက ဒီခန္ဓာအလေးချိန်ပဲ။
ဝလာပြီဆိုတာနဲ့ အလေးချိန်လျော့ဖို့က ခက်သွားပြီ။
အဓိက,က ပါးစပ်ကိုထိန်းမယ်၊ ခြေများများလှုပ်ရှားမယ်။
လူတွေက ပါးစပ်ကသာပြောတယ်။
ခြေကတော့ မလှုပ်ဘူး။


(၆) အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ

ကမ္ဘာကထုတ်ပြန်တဲ့ မကျန်းမာတဲ့နေထိုင်မှု(၆)မျိုးထဲမှာ -
(၁) ဆေးလိပ်သောက်တာ
(၂) အရက်သောက်တာပါတယ်။
အရက်ကို အလွန်အကျွံသောက်တာဖြစ်တယ်။
အရက်ကို နည်းနည်းသောက်ရင် ကောင်းကျိုးရှိနိုင်သေးတယ်။

ဥပမာ-- နေ့တိုင်းအရက်ဖြူကို တစ်အောင်စသောက်မယ်၊
ဝိုင် အထူးသဖြင့် စပျစ်ဝိုင်နီကို ၂အောင်စသောက်မယ်၊
ဘီယာကို ၂၅ဝဂရမ် ဒါမှမဟုတ် ၅ဝဝဂရမ်လောက် သောက်နိုင်ပါတယ်။

အလွန်အကျွံသောက်တာက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။
အသဲ၊ ဦးနှောက်၊ နှလုံး စတဲ့ ကိုယ်အင်္ဂါတွေကို ထိခိုက်စေပါတယ်။


အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ။
ဒါကို မှတ်ထားပါ။ အရက်သောက်တာက အသဲကိုထိခိုက်စေတဲ့အပြင် မှတ်ဉာဏ်ကိုလည်း ကျဆင်းစေတယ်။

အရက်ကြောင့် ဦးနှောက်ဆဲလ်တွေ သေသွားလို့ဖြစ်တယ်။
တစ်နေ့ကို ၁အောင်စလောက်သောက်တာက လုံခြုံစိတ်ချရတဲ့ အနေအထားပါ။


(၇) မိသားစု မသင့်မြတ်ရင်လည်း ကျန်းမာရေးကို ထိခိုက်စေတယ်

လူတွေကိုရောဂါဖြစ်စေတဲ့နှုန်း ၇ဝ%က မိသားစုက လာတယ်လို့ တတ်ကျွမ်းသူအချို့က ဆိုပါတယ်။
ကင်ဆာ ရောဂါဖြစ်နှုန်း ၅ဝ%က မိသားစုကလို့ဆိုတယ်။
မိသားစုဟာ အရေးကြီးသလား မကြီးဘူးလား?

အိမ်မှာက "ရန်ပွဲအသေး နေ့တိုင်းရှိတယ်၊ ရန်ပွဲအကြီး တစ်ရက်ခြားရှိတယ်"ဆိုတာမျိုး မဖြစ်ပါစေနဲ့။
ရေသေအိုင်လိုလည်း မိသားစု အိုင်မဖြစ်စေနဲ့။
အငြင်းမပွား၊ စကားမပြောဘဲ လဝက်လောက် နေကြည့်ပါလား! ပျင်းရိ ခြောက်သွေ့ပြီး သေသွားနိုင်တယ်။

လင်မယားကွာရှင်းထားတဲ့လူ၊ အိမ်ထောင်ဖက်သေဆုံးသွားတဲ့လူတွေရဲ့ အသက်ဟာ ပိုတိုကြောင်း အစီအစဉ်မှာ ကျွန်တော်ကြည့်ခဲ့ရဖူးတယ်။
သိပ္ပံပညာမှာလည်း ဒါကိုအသိအမှတ်ပြုထားတယ်။
အထီးကျန်တာဟာ ဆင်းရဲတာထက် ပိုကြောက်ဖို့ ကောင်းတယ်။


အချင်းချင်းချစ်ကြတဲ့ လင်မယားတွေက အသက်ပိုရှည်တယ်။
တစ်ယောက်ထဲ ထီးထီးနေသူတွေက အသက်ပိုတိုပြီး ရောဂါပိုများတယ်။
ဒီလိုဆိုရင် သင့်မြတ်တဲ့ မိသားစုတစ်စုဖြစ်အောင် ဘယ်လိုလုပ်မလဲ? ဒါလည်း ပညာသား ပါပါတယ်။

သင့်မြတ်တဲ့မိသားစုဖြစ်ဖို့-
(၁) အသက်ကြီးသူကို လေးစားပါ၊
(၂) ကလေးတွေကို ပြုပြင်ထိန်းကျောင်းပါ၊
(၃) ယောက္ခမ_ချွေးမကြားကဆက်ဆံရေးကို ကောင်းမွန်အောင်လုပ်ပါ၊
(၄) လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ပါ.. ဒါဟာ အရေးအကြီးဆုံး အချက်ဖြစ်တယ်။


လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ဖို့ အချက်(၈)ချက်ကို လုပ်နိုင်ရပါမယ်။

အချင်းချင်းလေးစားမှု၊
အချင်းချင်း ချစ်ခင်မှု၊
အချင်းချင်းယုံကြည်မှု၊
အချင်းချင်း ရိုင်းပင်းမှု၊
အချင်းချင်းနှစ်သိမ့်မှု၊
အချင်းချင်းအားပေးမှု၊
အချင်းချင်း အလျော့ပေးမှု၊
အချင်းချင်း ခွင့်လွှတ်မှုတွေဖြစ်တယ်။


လူတိုင်းမှာ အကျင့်စရိုက်ကိုယ်စီရှိကြပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုအမြဲ အသိပေးရပါတယ်။
ထားလိုက်တော့... သူ(သူမ) ဝမ်းသာပျော်ရွှင်ရင် ပြီးတာပါပဲ။

ကိုယ်ချစ်တဲ့လူကို ငယ်ရွယ်စဉ်အချိန်အခါမှာ ချစ်ရုံတင်မက၊ သူ(သူမ) အိုမင်းသွားတဲ့အခါလည်း ချစ်မယ်၊ သူ(သူမ) ကျန်းမာတဲ့အခါလည်း ချစ်မယ်၊ မကျန်းမာတဲ့အခါ ပိုချစ်မယ်၊ သူ(သူမ)ရဲ့ ကောင်းကွက်ကို ချစ်ရုံတင်မက ဆိုးကွက်ကိုလည်း ချစ်ရပါမယ်။
ဒါဟာ ကျွန်တော့်ရဲ့ သတိပေးစကားပါ။
သေချာမှတ်ထားပေးပါ။

နေ့တိုင်းကျန်းမာတဲ့ဘဝကိုရဖို့ အချက်(၇)ချက်ကို လုပ်ရပါမယ်။
(၁) တစ်နေ့ထမင်းသုံးနပ် မှန်မှန်စားရပါမယ်
(၂) တစ်နေ့(၈)နာရီ မှန်မှန်အိပ်ရပါမယ်
(၃) တစ်နေ့ အားကစားနာရီဝက် မှန်မှန်လုပ်ရပါမယ်
(၄) စိတ်နှလုံးကျန်းမာဖို့ တစ်နေ့ နာရီဝက် ပြုံးရယ်ရပါမယ်
(၅) ဒါက ထူးခြားချက်ပါ။ နေ့တိုင်း အိမ်သာတက်ရပါမယ်။
လူတွေက အပေါ်ပေါက်အဝင်ခံပြီး အောက်ပေါက်က မထွက်ကြဘူး။
ဒါဟာ သဘာဝဖြစ်စဉ်ပါ။
အိမ်သာတက်ကိုတက်ရပါမယ်။

(၆)ကိုယ်ချစ်တဲ့လူနဲ့ ပေါင်းသင်းဆက်ဆံရေးသင့်မြတ်ရပါမယ်။
သူ(သူမ)နှစ်သက်တဲ့ စကားသုံးခွန်းကို ပြောပေးပါ။
ယောက္ခမနဲ့လည်း ဆက်ဆံရေးကောင်းမွန်ရပါမယ်။

(၇) အရက်၊ ဆေးလိပ် ဝေးဝေးရှောင်ရပါမယ်

(၈) ဦးနှောက်နဲ့ထမင်းစားပြီး ကျန်းမာရေးကိုထိန်းပါ

ကျန်းမာဖို့ နေ့တစ်နေ့တာကစရပါတယ်။
နေ့တိုင်းကျန်းမာမှ တစ်သက်ကျန်းမာနိုင်မှာပါ။
"စားနိုင်သောက်နိုင်တိုင်း မကျန်းမာဘူး၊ စားတတ်သောက်တာမှ ကျန်းမာတယ်။
လျှောက်စား လျှောက်သောက်ရင် ပိုဆိုးတယ်"၊
"ဗိုက်နဲ့အစားစားတာ ပြည့်ဝဖို့၊
ပါးစပ်နဲ့ အစားစားတာ အရသာခံဖို့၊
ဦးနှောက်နဲ့ အစားစာတာ ကျန်းမာဖို့"၊

"မနက်စာ ဘုရင်လိုစားပါ၊
နေ့လယ်စာ မှူးမတ်လိုစားပါ၊
ညစာ သူတောင်းစားလိုစားပါ"
ကျွန်တော့်ရဲ့ဒီစကားတွေကို မှတ်ထားပေးပါ။



(၉) ကန်စွန်းဥက ကမ္ဘာပေါ်မှာ အကောင်းဆုံး အစား အစာပါ

အသီးအရွက်စားနှုန်းက ၇ဝ%-၈ဝ% ရှိရပါမယ်။
အသားစားနှုန်းက ၂ဝ%- ၃ဝ%ရှိရပါမယ်။
ဒါကို မှတ်ထားပါ။ ဒါပေမဲ့ အခုခေတ်က ပြောင်းပြန်ဖြစ်နေတယ်။
ဒါကြောင့် ရောဂါပေါင်းစုံဖြစ်ကြရတယ်။
အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ။


အသီးအရွက်တွေမစားလို့ မရပါဘူး။
အခုခေတ်ကလေးတွေက ဟင်းသီးဟင်းရွက်တွေ မစားကြဘူး။
အသီးစားတာလည်း နည်းသွားတယ်။
တစ်နေ့ကို အသီး ၃,၄မျိုး၊ အရွက် ၄,၅မျိုး စားရပါမယ်။ ဒါတွေဟာ ကင်ဆာကို ကာကွယ်သလို နှလုံးကိုလည်း ကာကွယ်ပါတယ်။

ဒါဟာ ၂၁ ရာစုရဲ့အာဟာရအစာတွေပါ။

ကန်စွန်းဥကတော့ အကောင်းဆုံး အစားအစာပေါ့။
အရင်ဂျပန်က ကင်ဆာရောဂါအဖြစ်ဆုံး နိုင်ငံပါ။
ကင်ဆာရောဂါဖြစ်နှုန်း ကျအောင်ဆိုပြီး ဂျပန်လူမျိုးတွေက နည်းအမျိုးမျိုး တွေးတောခဲ့ကြတယ်။
ဒါပေမဲ့ အကျိုးမရှိခဲ့ဘူး။

နောက်တော့ သူတို့က အသီးအနှံ အမျိုး(၂ဝ)နဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။
အဲဒီအထဲမှာ ကန်စွန်းဥက အကောင်းဆုံး ဆိုတာကို တွေ့လိုက်တယ်။
ကန်စွန်းဥအစိမ်း၊ အကျက်က ကင်ဆာကိုကာကွယ်ပေးတယ်၊ နှလုံးကို ကာကွယ်ပေးတယ်၊ သွေးကြောကို ပျော့ပြောင်းစေတယ်၊ ဝမ်းပျော့စေတယ်။

တကယ်လို့ ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အရာတွေအားလုံးက သုညပါ။


ကောင်းတဲ့ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အလုပ်အကိုင်၊ စီးပွားရေး... စတာတွေက သုညဖြစ်တယ်။
ကျန်းမာရေးကောင်းရင် ကျန်းမာရေး(၁)နောက်မှာ တခြားအရာ(သုည)တွေ လိုက်လာလိမ့်မယ်။
ဒီလိုဆိုရင် ၁ဝဝ, ၁ဝဝဝ, ၁ဝဝဝဝ တွေနဲ့ ဆတိုးဖြစ်လာမှာဖြစ်တယ်။

ကျန်းမာတဲ့ ၁ကိုပိုင်ဆိုင်ထားရင် တခြားအရာတွေ နောက်ကလိုက်လာပါတယ်။
ဒီလိုဆိုရင် ပျော်ရွှင်ကျန်းမာတဲ့ဘဝကို သင်ပိုင်ဆိုင်နိုင်ပါပြီ

"SKODENG" catched in CHINA!


What should kidS do??? yes! thats it! stay in the house and do whatever parents told to~
BUT, there is some disgusting things happen here~ I dunno how to explain, you judge it by yourself~ it was very2 HOT topics~ just share you all pics that I found~
(TEXT THAT INCLUDED JUST FOR FUN, DON'T TAKE IT EMOTIONALLY~ :'p )


HYE! HYE! HYE! how dare you do that in PUBLIC??!
HOW COULD YOU!! Where did you learn it?? :'p




OMG!! HYE! HYE! don't you realize I'm captureS all your pics here??? (people that catch this pics, not me, okay!! :'P)



NO! NO! I CAN'T TAKE IT ANYMORE! STOP DOING THAT DISGUSTING THINGS!!
It was just scenes in MOVIE!! :'P


YEAH! I can't deny that it was just romantic~ But just for people 18 and above and get married!
You both should marry first!! :'P


OH MAN! You two makes me WANNA vomit! POLICE!! POLICE!! Come here and please STOP this SCENES! :'P


I DUNNO WHAT TO DO ANYMORE~ JUST LET IT BE THE END BY ITSELF~
I just have to watch it and tell your PARENTS later~ Let them kick your A*S!!~ :'P

NOT done yet??!
OKAY~ OKAY~ I did call your parents~ They'll gonna come in a minutes~
:'P



HE! HE! HE! DO NOT TRY IT AT HOME!

လူဦးရေ သန်း ၇ ထောင် နှင့် ဆင်းရဲချမ်းသာ ကွာဟမှု



ခရစ်ယာန်ဘုန်းတော်ကြီး တောမတ်စ် မလ်သပ်စ် (Thomas Malthus) က "ကမ္ဘာမြေက လူအားလုံး ၀မ်းရေးဖူလုံအောင် ထုပ်လုပ်ပေးနိုင်စွမ်းထက်ကို လူဦးရေက ပိုများပြားနေပြီ" ဟု ပြောဆိုခဲ့သည်။
မလ်သတ်စ် အဲဒီလိုပြောတဲ့ ၁၈၁၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေက ၁ ဘီလီယံ (သန်းတစ်ထောင်) ရှိခဲ့သည်။
အခု ကုလသမဂ္ဂက အောက်တိုဘာ ၃၁ ရက်နေ့မှာ ကမ္ဘာ့လူဦးရေ ၇ ဘီလီယံ (သန်း ၇ ထောင်) ပြည့်မည်ဟု ကြေငြာထားပြီး၊ ၂၀၅၀ ခုနှစ်မှာ ၉ ဘီလီယံ (သန်း ၉ ထောင်) အထိ ရှိလာမည်ဟု မျှော်လင့်ထားသည်။ မလ်သပ်စ် ပြောခဲ့တဲ့ လူဦးရေထက်ကို အခုပိုများလွန်းနေသည်။ အဲဒီများပြားလှတဲ့ လူတွေကို ကမ္ဘာဂြိုဟ်က ပုံမှန်ကျွေးမွေးဖို့ တောင့်ခံထားနိုင့်ပါ့မလားဆိုတာ ငြင်းခုန် ဆွေးနွေးစရာ ဖြစ်လာသည်။
San Diego State University မှ နိုင်ငံတကာ လူဦးရေဌာန ဒါရိုက်တာ ဂျွန်ဝိခ်စ် က "လူ ၇ ဘီလီယံကို လုံလောက်အောင် ဘယ်လို ကျွေးနိုင်မလဲဆိုတာ ကျနော်တို့ မသိပါဘူး။ အခုပဲ ကမ္ဘာပေါ်မှာ ဆာလောင် မွတ်သိပ်နဲ့တဲ့လူ ၁ ဘီလီယံ ရှိနေတယ်။ နောက်ထပ် ၉ ဘီလီယံ၊ ၁၀ ဘီလီယံ ဖြစ်လာရင် ဘယ်လို ကျွေးမလဲ ဆိုတာတော့ မတွေးတတ်အောင်ပါပဲ" အယ်လ်ဂျားဇီးယား ရုပ်သံကို ပြောခဲ့သည်။
"ကျနော်ထင်တာတော့ အခု ၇ ဘီလီယံကို ထိန်းထားနိုင်ဖို့တောင် လုံ့လောက်တဲ့ ရင်းမြစ်တွေ မရှိဘူး။ အခု အနောက် နိုင်ငံတွေမှာရှိတဲ့ လူနေမှုအဆင့်အတိုင်း လူ ၉ ဘီလီယံ နီးပါး နေနိုင်စားနိုင်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပါ။ ဘုန်းတော်ကြီး မလ်သပ်စ်လည်း မှားယွင်းခန့်မှန်းတာတွေရှိတယ်။ ဥပမာ စိုက်ပျိုးထုတ်လုပ်မှုမှာ နည်းပညာရဲ့ စွမ်းအားကို လျှော့တွက်ခဲ့တယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ လူဦးရေအတွက် ရင်းမြစ်တွေ ဘယ်လို ထိန်းသိမ်း ဖြည့်ဆည်းပေးကြမလဲ ဆိုတာတော့ အခုထိ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပါ" ဟု ဂျွန်ဝိခ်စ် က ပြောခဲ့သည်။
မလ်သပ်စ် က လူဦးရေ ထိန်းချုပ်ဖို့ အစောကြီးကတည်းက ပြောခဲ့ပေမဲ့၊ သူနဲ့ အမြင်မတူသူများလည်း ရှိသည်။ ၁၉၇၀ နှစ်တွေမှာ မိုက်ခရိုစကုတ်တွေ တီထွင်ခဲ့တဲ့ ဒတ်ခ်ျလူမျိုး Antoni van Leeuwenhoek က ကမ္ဘာဂြိုဟ်က လူ ၁၃.၃၈၅ ဘီလီယံအထိ ကျွေးမွေးထားနိုင်မည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။
မလ်သပ်စ် တို့လို လူဦးရေ ထိန်းချုပ်ရေးသမားတွေကို ဝေဖန်သူများက လူဦးရေတိုးပွားမှုက ပြဿနာမဟုတ်၊ အလွန်အကြူး စားသုံးနေတဲ့သူတွေ၊ လူတန်းစားမညီမျှမှုကို မောင်းပို့နေတဲ့သူတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးအောင် ဖျက်ဆီးနေတဲ့သူတွေကသာ ပြဿနာပါဟု ဆိုကြသည်။
ကာရိုလို်င်းနားပြည်နယ် လူဦးရေထိန်းချုပ်ရေးဌာနက Ricahard E Bilsborrow ကလည်း "ချမ်းသာတဲ့သူ တစ်ဦးချင်းရဲ့ စားသုံးမှုက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတာပါ။ ၀င်ငွေနည်းသူ၊ ရင်းမြစ်ပါးရှားသူ လူအများစုထက် ချမ်းသာတဲ့သူတွေက ကမ္ဘာကြီးကို ပိုအန္တရာယ်ပေးနိုင်တယ်။ ချမ်းသာတဲ့လူတွေ အလွန်အကျွံ စားသုံးမှုကြောင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ သဘာဝရင်းမြစ်တွေ ပျက်စီးယိုယွင်းနေရတာပါ" လို့ အယ်ဂျာဇီးယားကို ပြောခဲ့သည်။
ဝမ်းဗိုက်ရှိသူတိုင်း လက်နှစ်ဖက်ပါ
တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သူ မော်စီတုံးကတော့ "၀မ်းဗိုက်ရှိတဲ့ လူတိုင်းမှာ ရှာစားဖို့ လက်နှစ်ဖက် ပါတာချည်းပဲ" ဆိုပြီး လူဦးရေနဲ့ပတ်သက်လို့ မစိုးရိမ်ခဲ့။ သူ့အမြင်က စားသုံးမှုအတွက် လိုအပ်ချက်ကို ထုတ်လုပ်နိုင်စွမ်းနဲ့ ဖြည့်ဆည်းပေးဖို့ ဖြစ်သည်။ ဥက္ကဌမော်ရဲ့ အယူအဆက လူဦးရေတိုးပွားမှုကို ကျိန်စာဟု မယူဆဘဲ၊ ကောင်းချီးမင်္ဂလာဟု လက်ခံခြင်းဖြစ်သည်။
၁၉၉၈ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဈေးကွက်စီးပွားရေးပညာရှင် Julian Simon ကလည်း "ရင်းမြစ်တွေက ထင်သလောက် မရှားပါးဘူး၊ လူဦးရေတိုးတက်မှုကို ကြိုဆိုရမယ်။ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုတွေက တဆင့် ကမ္ဘာ့ပြဿနာကို ဖြေရှင်းနိုင်မယ့် ပါရမီရှင်တွေ လူတွေထဲမှာ အများကြီးပါလာမှာပဲ" ဟု ပြောခဲ့သည်။
ဒါပေမဲ့ ဒီနေ့ မော်နဲ့ ဆိုင်မွန်ရဲ့ အယူအဆက ခေတ်အောက်သွားခဲ့သည်။ နိုင်ငံတိုင်း ပညာရှင်တိုင်းက လူဦးရေ ထိန်းချုပ်ဖို့ပဲ ပြောလာကြသည်။
တရုတ်မှာ ၁၉၅၀ ပြည့်လွန်နှစ်တွေက သန်း ၆၀၀ ရှိရာက ၁၉၇၈ ခုနှစ်ကျတော့ ၁ ဘီလီယံ နီးပါးအထိ တိုးပွားလာတဲ့နောက်၊ တရုတ်ခေတ်သစ်ခေါင်းဆောင်တွေက လူထပ်မပွားဖို့ မိသားစုတစ်စုကို ကလေးတစ်ယောက် ပေါ်လစီကို ချမှတ်ခဲ့ရသည်။ ဗိုက်ဟောင်းလောင်းနဲ့ အလုပ်လက်မဲ့ လက်နှစ်ဖက်လူတွေ ထပ်တိုးမလာဖို့ ဖြစ်သည်။
ကမ္ဘာကိုလည်း ကြည့်ရင် ၂၀၀၀ ခုနှစ်မှာ လူငယ်ဦးရေ ၃.၆ ဘီလီယံရှိရာက၊ ၂၀၁၀ ခုနှစ်မှာ ၄.၄ ဘီလီယံအထိ ဖြစ်လာခဲ့သည်။
လူဦးရေနှင့် မညီမျှမှု
၂၀၁၁ အစောပိုင်းမှာ IMF က လူတန်းစားမညီမျှမှုကို မဖြေရှင်းရင် အကျိုးဆက်အဖြစ် ကြောက်မက်ဖွယ် ကပ်ဘေးဆိုးကို ရင်ဆိုင်ကြရမယ့်အကြောင်း စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။
ဇန်န၀ါရီလမှာ The Economist မဂ္ဂဇင်း ကလည်း "ကမ္ဘာ့ဓနကြွယ်ဝမှု သုံးထောင့်တြိဂံပုံမှာ ချမ်းသာတဲ့ လူတွေက ထိပ်ဆုံးပိုင်းမှာ အရမ်းချွန်မျှနေပြီး၊ ဆင်းရဲတဲ့လူအများကတော့ အောက်ခြေပိုင်းမှာ အရမ်းကျယ်ပြန့်လာနေတယ်" ဟု သတိပေးခဲ့သည်။ ကမ္ဘာပေါ်မှာ ချမ်းသာတဲ့သူ ၁ ရာခိုင်နှုန်းက ကမ္ဘာ့ရင်းမြစ် ၄၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။ အချမ်းသာဆုံး ၁၀ ရာခိုင်နှုန်းက ကမ္ဘာ့ရင်းမြစ် ၈၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။ အောက်ခြေဆင်းရဲသား ၅၀ ရာခိုင်နှုန်းက ကမ္ဘာ့ရင်းမြစ် ၂ ရာခိုင်နှုန်းပဲ ရရှိထားသည်ဟု တွက်ပြထားသည်။
ငွေကို ရေလိုသုံးနေသူတွေ၊ ကိုယ်ပိုင်ဂျက်လေယာဉ် ထည်လဲစီးနေသူတွေ၊ အိမ်ခြံမြေဧကများစွာ ပိုင်ဆိုင်ထားသူတွေ၊ ငွေကြေးဈေးကွက်မှာ ကစားနေသူတွေမှာ အမှန်တကယ် ကြောက်စရာ ကောင်းနေသည်။ လုံးဝ စားစရာ မရှိသူနဲ့ ဇိမ်ခံရွက်လှေ စီးနေသူတွေအကြား ကွာဟချက်က ထိတ်လန့်စရာ။
တကယ်လို့ မိုးနဲ့မြေလို့ဖြစ်နေတဲ့ အဲဒီဆင်းရဲချမ်းသာကွာဟချက်ကို ကျဉ်းအောင် လုပ်ပေးနိုင်မယ်ဆိုရင်၊ ကမ္ဘာ့ရင်းမြစ်တွေက လူအားလုံးကို ၀၀လင်လင် ကျွေးထားနိုင်မှာပဲဟု ပညာရှင်တွေက သုံးသပ်လာသည်။ ပြဿနာက လူဦးရေတိုးပွားမှုမဟုတ်၊ လူတန်းစားမညီမျှမှုဟု ဆိုသည်။
လက်ရှိ ကမ္ဘာ့ပေါ်မှာ ရှိတဲ့ ဓနငွေကို လက်ရှိလူဦးရေနဲ့ စားကြည့်ရင် တစ်ဦးကို ဒေါ်လာ ၃၀၇၀၀ ကနေ ၄၃၈၀၀ အထိ ရရှိမည်ဟု The Economist က သုံးသပ်သည်။ နည်းနည်းနောနော ပမာဏမဟုတ်။ တကယ့်လက်တွေ့မှာ အဲဒီဓန အများစုကို ကိုင်ထားတာက ကမ္ဘာ့အချမ်းသာဆုံး ၁ ရာခိုင်နှုန်းသော လူတွေဖြစ်သည်။ ကျန် ၉၉ ရာခိုင်နှုန်းသော ကမ္ဘာ့လူထုက နေ့စဉ်စားဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲဖြစ်သည်။
ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးသူများ
သဘာဝပတ်ဝန်းကျင် ဆရာသမားတွေကတော့ လူသားတွေဟာ သဘာဝကနေ ထုတ်ယူသုံးနေစွဲတာ တရားလွန်လွန်းနေပြီဟု ပြောကြသည်။ အနောက်တိုင်း လူ့အဖွဲ့အစည်းတွေလို နေချင်စားချင်တဲ့ နိုင်ငံသားတွေ တစ်နေ့ထက်တစ်န့ များလာတာနဲ့အမျှ ကမ္ဘာဂြိုဟ်ကို ဆက်ထိန်းထားနိုင်ဖို့ ခက်လိမ့်မည်ဆိုသည်။
ကမ္ဘာကနေ အစားအစာ၊ စွမ်းအင်၊ ရုပ်ဝတ္ထုပစ္စည်း၊ ရေ စတာတွေကို လူသားတွေ ထုတ်ယူသုံးစွဲနေတာဟာ ကမ္ဘာရဲ့ ပုံမှန်ပေးနိုင်စွမ်းထက် ၃၅ ရာခိုင်နှုန်း ပိုနေပြီဟု ဂေဟဗေဒပညာရှင် Mathis Wackernagell က တွက်ချက်ပြသည်။ လူအများစုက ကမ္ဘာကနေ စားစရာနေစရာ ရှာမရဖြစ်နေချိန်မှာ၊ လူအချို့က မိုက်မိုက်မဲမဲ သုံးဖြုန်းနေကြသည်။ မဟားတရားစားသုံးရင်း ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးပစ်နေတဲ့ လူနည်းစုဖြစ်သည်။
ကနေဒါ၊ အမေရိကနဲ့ အနောက်ဥရောပတိုင်းပြည်တွေက လူတွေထက် ပိုမို စားသုံးတဲ့သူတွေ ရှိသေးသည်။ ယူအေအီး၊ ကာတာနဲ့ ဘာရိန်း တို့လို အာရပ်နိုင်ငံတွေဟာ ရေနံကို အလွန်အကျွံထုတ်၊ လေအေးပေးစက် မနားတမ်းဖွင့်၊ နောက်ဆုံးပေါ်ဇိမ်ခံကားတွေ အပြိုင်စီးပြီး ကမ္ဘာမြေကို ဒုက္ခအပေးဆုံးလူတွေ ဖြစ်နေသည်။
အဲဒီအသုံးအဖြုံးကြီးသူတွေရဲ့ လူနေမှုအဆင့်အတန်းကို လျှော့ချမလား၊ ဒါမှမဟုတ် ဆင်းရဲဒုက္ခပေါင်းစုံနဲ့ သေနှုန်းမြင့်မားမှုကိုပဲ ရွေးကြမလား၊ နောက်ဆုံး ဒီနှစ်လမ်းပဲ ရှိသည်ဟု သဘာဝပတ်ဝန်းကျင်သမားတွေက သုံးသပ်သည်။
ပဋိပက္ခနဲ့ လူဦးရေ
ကမ္ဘာ့လူဦးရေ တိုးတက်လာတယ်ဆိုပေမဲ့၊ ချမ်းသာတဲ့ နိုင်ငံတွေမှာ လူဦးရေ တိုးတက်မှုနှုန်း ကျဆင်းလာတာကို ပညာရှင်တွေက ၀မ်းသာကြသည်။ အထူးသဖြင့် လူနေမှုအဆင့်အတန်းမြင့်မားမှု၊ မိသားစုစီမံကိန်းထားမှုနဲ့ အမျိုးသမီးအခွင့်အရေးတို့ကြောင့် အဲဒီတိုင်းပြည်တွေမှာ ကလေးမွေးဖွားနှုန်း လျှော့ကျခဲ့သည်။
ဒါပေမဲ့ လူဦးရေ အတိုးပွားဆုံးက ပဋိပက္ခအများဆုံးဒေသ ဆဘ်ဆာဟာရအာဖရိက ဖြစ်သည်။ ဘာသာရေး၊ လူမျိုးရေးနဲ့ သံယံဇာတပြဿနာတွေ ထူပြောလေလေ ကလေးမွေးဖွားနှုန်းများလေလေ ဖြစ်နေသည်။ ပဋိပက္ခနဲ့ လူဦးရေတိုးပွားမှုက ဆက်စပ်နေသည်ဟုပင် ပြောရမလို။
အဲဒီဒေသကို ၀၀လင်လင်ကျွေးနိုင်ဖို့က စိုက်ပျိုးရေးလုပ်ငန်းတွေကို နည်းပညာနဲ့ ပေါင်းစပ်ပေးနိုင်ဖို့လိုသည်။ များသောအားဖြင့် လယ်သမားတွေက အခြေခံနည်းပညာကို လက်လှမ်းမမှီ ဖြစ်နေကြသည်။ ထုတ်လုပ်မှု နည်းနာတွေကို ပညာပေးဖို့ လိုအပ်နေသည်။ သို့သော် လောလောဆယ်တော့ ချမ်းသာတဲ့နိုင်ငံတွေက အဲဒီဒေသကို လက်နက်တွေ ချရောင်းဖို့သာ စိတ်ဝင်စားနေသည်ဟု San Diego State University မှ နိုင်ငံတကာလူဦးရေဌာန ဒါရိုက်တာ ဂျွန်ဝိခ်စ် က ပြောဆိုသည်။

Ubuntu 11.10 အသစ်မှာ လိုအပ်တဲ့ ဆော့ဝဲလ် တွေ တင်မယ်


Ubutnu 11.10 မှာ လိုအပ်မယ် ဆော့ဝဲလ်တွေ အသုံးတဲ့မယ် ဆော့ဝဲလ်တွေ တစ်ခါတည်း တင်ပြီးသားပါပါတယ်။ သီချင်းနားထောင်မလား၊ ရုပ်ရှင်ကြည့်မလား၊ အင်တာနက်သုံးမလား အိုကေပါတယ်။ Developer အနေနဲ့အသုံးပြုမယ်ဆိုရင်တော့ Image Editors တို့ Design fonts တို့ စသည်ဖြင့် နည်းနည်းပါးပါး ထပ်ပြီး install လုပ်ရအုံးမှာပါ။
default ပါပြီးသား application တွေကို မကြိုက်လို့ပဲ ဖြစ်ဖြစ်၊ အသုံးပြုရတာ ကိုယ်နဲ့ လိုက်လျှောညီထွေမှု မရှိလို့ပဲ ဖြစ်ဖြစ် အသစ် အသစ် တွေကို ကိုယ့်စိတ်ကြိုက်ပြန်တင်ခွင့်လည်း Ubuntu 11.10 မှာ ရှိနေပြီးသားပါ။
ubutnu 11.10 ကို ထပ်ပြီး တင်သင့်တဲ့ ဆော့ဝဲလ် ၁၀ ခုလောက် ကြည့်ကြည့်ရအောင်။
၁၊ Update Ubutnu (Repository cache)
ပထမဆုံးလုပ်သင့်တာကတော့ Update ပါပဲ။ ဘယ် Libiary တွေ အသစ်ထွက်လည်း၊ နောက်ဆုံး ထွက်တဲ့ ဆော့ဝဲလ် တွေ သူဟာသူ Update လုပ်သွားပါလိမ့်မယ်။
update လုပ်နည်း နှစ်မျိုးရှိပါတယ်။
command ကနေလုပ်ချင်ရင်တော့၊ (Ctrl + Alt + t) command line terminal ဖွင့်လိုက်ပါ။ ပြီးတော့ အောက်ပါ Command နှစ်ခုကို ရိုက်လိုက်ပါ။
sudo apt-get update
sudo apt-get upgrade
နောက်တစ်နည်းကတော့ update manager ကနေလုပ်တာပါ။

၂၊ "Ubuntu Restricted Extras" codecs/plugins
mp3 ဖိုင်တွေ ဖွင့်နားထောင်ဖို့အတွက် mp3(MPED Layer3) decoders တင်ဖို့လိုပါတယ်။ youtube(HTML 5 နဲ့ ကြည့်လို့ ရအောင် လုပ်ထားပေမယ့်လည်း) နဲ့ တစ်ခြား video တွေ အင်တာနက်မှာ ကြည့်လို့ရဖို့အတွက် Adobe Flash Player လည်း တင်ဖို့လိုပါတယ်။ အဲဒီလိုအပ်တဲ့ဟာတွေ သင့်တင့်လျှောက်ပတ် သလို တင်သွားစေချင်တယ် ဆိုရင်တော့ "ubuntu restricted extras" ကို တင်လိုက်ပါ။
Ubuntu software center ကနေ တင်လို့ ရသလို Command Teminal( ဖွင့်ရန် Ctrl + Alt + t) ကနေလည်း တင်လို့ရပါတယ်။
sudo apt-get install ubuntu-restricted-extras
Restricted library/packages for playing encrypted DVD's
ubutnu-restricted-extras တင်လိုက်ရင် (mp3,avi,flv ..) စသည့်ဖိုင်များ ဖွင့်လို့ရပြီ ဖြစ်ပေမယ့် တစ်ချို DVD ဖိုင်တွေက CSS(Content Scramble System) နဲ့ encrypted လုပ်ထားတာတွေ ရှိနေပါသေးတယ်။ အဲဒီဖိုင်တွေကို ဖွင့်နိုင်ဖို့အတွက်တော့ libdevcss2 ကို တင်ပေးဖို့လိုပါတယ်။ Command Teminal( ဖွင့်ရန် Ctrl + Alt + t) ဖွင့်ပါ။ အောက်ပါ command ရိုက်ပါ။
sudo apt-get install libdvdread4
sudo /usr/share/doc/libdvdread4/install-css.sh
၃၊ Install Additional (graphics card and webcam) drivers
သင့်စက်က 3D Graphics/vidoe card ပါတယ် ဆိုရင်တော့ (အထူးသဖြင့် laptop တွေမှာပါတတ်ပါတယ်. Nvidia, ATI စသည်ဖြင့်) Ubuntu unity ဒါမှမဟုတ် Gnome-shell ကို 3D effects တွေနဲ့ အသုံးပြုလို့ရပါလိမ့်မယ်။ များသောအားဖြင့် Ubuntu က အဲဒီ Driver တွေကို Auto Detect လုပ်ပြီး Install လုပ်ဖို့ လာမေးတတ်ပါတယ်။ အဲဒါဆိုရင် သင့်တော့ရာ တစ်ခုခုကို ရွေးပြီး Activate လုပ်ပေးလိုက်ရုံပါပဲ။

Auto detect မလုပ်ဘူးဆိုရင်လည်း စိတ်မပူပါနဲ့အုံး။ System Settings -> Additional Drivers ကို ဖွင့်ပါ။ ခန စောင့်နေလိုက်ပါ။ ကိုယ့်စက်မှာ ရှိတဲ့ Driver ကို ရှာပြီး လာပြပါလိမ့်မယ်။ Activate လုပ်ပေးလိုက်ပါ။
cheese – webcam software/driver for your webcam
သင့်ရဲ့ webcam နဲ့ ဓါတ်ပုံရိုက်ချင်တယ်၊ video ရိုက်ချင်တယ်ဆိုရင်တော့ webcam ဆော့ဝဲလ် တစ်ခုတင်ဖို့လိုပါလိမ့်မယ်။ လူသုံးအများဆုံးဖြစ်တာကတော့ cheese ပါ။ Ubuntu software center ကနေ တင်လို့ ရသလို Terminal ကနေလည်း တင်လို့ရပါတယ်။
sudo apt-get install cheese
၎၊ Chromium Web browser for faster browsing
Ubuntu 11.10 မှာ Default web brower Firefox ပါ။ Firefox က တစ်ခါတစ်လေကျရင် အရမ်းလေးလေးနေတတ်ပါတယ်။ RAM ကိုလည်း အများကြီး ပေးထားတတ်ရပါတယ်။ (tabs တွေအများကြီးဖွင့်ထားတာမျိုး၊ Add-on တွေ အများကြီးထည့်ထားတာမျိုးဆိုရင်) အဲဒါဆိုရင် မြန်လည်း မြန်တဲ့၊ ပေါ့ပေါ့ပါးပါးလည်း ရှိ၊ လူသုံးလည်း အရမ်းများလာတဲ့၊ Google က ထုတ်ထားတဲ့ Chromium browser ကို အသုံးပြုနိုင်ပါတယ်။ Ubuntu software center ကနေပြီး တင်လို့ရပြီး အရမ်း ပေါ်ပြူလာဖြစ်နေပါတယ်။ terminal (Ctrl+Alt+T ) ကနေ တင်ချင်တယ် ဆိုရင်တော့
sudo apt-get install chromium-codecs-ffmpeg-extra
၅၊ VLC Player
VLC player ကတော့ Open source မှာ ပေါ်ပြူလာ အဖြစ်ဆုံးပါ။ all in one media player လို့တောင် ခေါ်ကြပါတယ်။ အခု ခေတ်ပေါ် မီဒီယာ(mp3,mp4,avi,fly etc) တွေ အကုန်လုံးဖွင့်လိုရမယ့် Feature တွေပါပါတယ်။ ubuntu 11.10 မှာ ရှိသင့်တဲ့ ဆော့ဝဲ တစ်ခုပါ။ Ubuntu Software Center ကနေလည်း တင်လို့ရပါတယ်။ terminal (Ctrl+Alt+T ) နေတင်ချင်တယ်ဆိုရင်တော့
sudo apt-get install vlc

၆၊ Image editing program
ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ ပြင်ချင်တယ်။ Design တွေဘာတွေလည်း နည်းနည်းပါးပါး လုပ်ချင်တယ်ဆိုရင်တော့ အောက်ပါ image editor လေးတွေ တင်ထားသင့်ပါတယ်။
GIMP

ပေါ်ပြုလာအဖြစ်ဆုံး Open source image editor ပါ။ အခမဲ့ရပါတယ်။ Adobe Photoshop လောက်နီးပါး အသုံးပြုနိုင်ပါတယ်။ အလယ်အလတ်တန်းစား Graphits designs/images လုပ်ဖူးတဲ့သူတွေ အသုံးပြုဖို့ အတွက်သင့်တော်ပါတယ်။ Ubuntu Software Center ကနေလည်း တင်လို့ ရပါတယ်။ terminal (Ctrl+Alt+T ) ကနေတင်ချင်တယ်ဆိုရင်တော့
sudo apt-get install gimp
extra plugin (brushed, web 2.0 gradients, etc...) တွေလည်း တင်လို့ရပါသေးတယ်။
sudo apt-get install gimp-data-extras
sudo apt-get install gimp-plugin-registry
Pinta

image editor အခုမှ စသုံးမယ့်သူတွေ အတွက် သင့်တော်ပါတယ်။ အသုံးပြုရလွယ်ကူပြီး MS Paint program နဲ့ တူပါတယ်။ Ubuntu Software Center ကနေလည်း တင်လို့ ရသလို terminal (Ctrl+Alt+T ) ကနေတင်ချင်တယ်ဆိုရင်တော့
sudo apt-get install pinta
၇၊ Gnome shell ကို ကြိုးစားသုံးကြည့်ပါအုံး။
Ubutnu 11.10 မှာ Unity က Default UI/window manger ပါ။ ဒါပေမယ့် ubuntu 11.10 က Gnome 3 ကို အခြေခံထားပါတယ်။ ဒါကြောင့် Unity ကော Gnome shell နှစ်ခုလုံး တင်သုံးလို့ပါတယ်။ gnome-shell အသုံးပြုရတာကတော့ အမြင်တစ်မျိုးဆန်းစေပြီး၊ Desktop user တွေ အတွေ့အကြုံအသစ်တွေ အပြောင်းအလဲ အများကြီး ဖြစ်ပေါ်အောင် စွမ်းဆောင်ထားတာတွေ ပါပါတယ်။ Next generation Desktop လို့တောင် ညွှန်းဆိုထားပါသေးတယ်။ Ubuntu 11.10 မှာ official repository ပါလာပါပြီ။ တင်ချင်တယ် ဆိုရင်တော့ terminal (Ctrl+Alt+T )
sudo apt-get install gnome-shell

၈၊ setup an online file backup program
အရေးကြီးတဲ့ ကိုယ့် ဖိုင်တွေကို အွန်လိုင်းမှာ သိမ်းထားချင်တယ် ဆိုရင်တော့ အခုခေတ်မှာ cloud backup လုပ်လို့ရတာတွေ အများကြီး ရှိနေပါပြီ။ Ubuntu 11.10 မှာဆိုရင်တော့ "Ubuntu One" 2GB လောက် အခမဲ့ပေးထားပါတယ်။ (သီချင်းဖိုင်တွေကိုလည်း ဆာဗာပေါ်ကနေတိုက်ရိုက် နားထောင်လို့ရပါသေးတယ်။) "Dropbox" ကတော့ sync features ပါပါလို့ အသုံးတည့်ပါတယ်။

Ubuntu One
သူကတော့ Ubuntu 11.10 တင်ကတည်းက တစ်ခါတည်း ပါလာပြီးသားပါ။ Ubuntu One launcher ကနေ၀င်ပြီးတော့ အဆင့်အဆင့် ပြုလုပ်သွားယုံပါပဲ။ ကိုယ်တင်ထားတဲ့ ဖိုင်တွေကို တစ်ခြား device (Android, iPhone) တစ်ခုခုကနေလည်း လှမ်းဖွင့်လို့ရပါတယ်။ အဲဒီ device ကနေတစ်ဆင့် သီချင်းတွေပါ တစ်ခါတည်း ဖွင့်နားထောင်လို့ ရပါတယ်။
Dropbox

သူကတော့ File share and backup အတွက် ပေါ်ပြူလာ အဖြစ်ဆုံး ဆော့ဝဲလ် ပါ။ အကောင့်စစဖွင့်ချင်း 2GB အခမဲ့ သိမ်းလို့ရပါတယ်။ အလုပ်တူတူတွဲလုပ်တဲ့ သူတွေ နဲ့ File တွေ အလွယ်တကူ ဝေမျှ နိုင်ပါတယ်။ ဖျက်လိုက်တဲ့ ဖိုင်တွေကိုတောင် မှ ရက် ၃၀ အတွင်း ပြန်ယူလို့ ရပါသေးတယ်။ Ubuntu 11.10 မှာ တော့ Dropbox က File explorer ဖြစ်တဲ့ Nautilus နဲ့ တွဲထားပါတယ်။ Ubuntu Software Center ကနေလည်း တင်လို့ ရသလို terminal (Ctrl+Alt+T ) ကနေတင်ချင်တယ်ဆိုရင်တော့
sudo apt-get install nautilus-dropbox
၉၊ gnome tweak tool
Gnome3 UI ကို ဟိုဟာ ဒီဟာ နည်းနည်းပါးပါး ပြောင်းသုံးကြည့်ချင်တယ်ဆိုရင်တော့ Gnome-tweak-tool ကို တင်သင့်ပါတယ်။ windows look/behavior, theme, fonts စတာတွေ ပြောင်းလို့ရပါတယ်။ default ပါတဲ့ appearance settings က သိပ်များများစားစား လုပ်လို့မရတဲ့အတွက် ထပ်တင်သင့်တာပါ။

sudo apt-get install gnome-tweak-tool
၁၀၊ themes / icons
Default ကိုမကြိုက်ရင်လည်း တစ်ခြား themes တွေတင်လို့ရပါသေးတယ်။ လူတစ်ကိုယ် စိတ်တစ်မျိုးပေါ့ဗျာ။ Ubuntu 11.10 မှာ တစ်ခြား Themes တွေ တော်တော်များများ ပါပါတယ်။ ဒါမှ မကျေနပ်သေးပဲ ဒေါင်းလုပ်လုပ်ပြီး တင်ချင်တယ်ဆိုရင်တော့ ဒီမှာပါ။
ဘယ်လို တင်မလည်းဆိုရင်တော့ ဒေါင်းလုပ်လုပ် ထားတာကို ဖြည့်လိုက်ပါ။ ပြီးတော့ /usr/share/themes မှာသွားထားပါ။ gnome-tweak-tool ကို ဖွင့်ပါ။ ပြီးတော့ စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ (GTK, Icon, window etc...) ဒါလေးပါပဲ။
ဒါတွေမှ မကျေနပ်သေးဘူးဆိုရင်တော့ Ubuntu software center မှာ ရှာပြီး စိတ်ကြိုက် ကိုယ်လိုချင်တာတွေ အလွယ်တကူ တင်လို့ရပါတယ်။
Additional
မြန်မာစာ (zawgyi) တင်ချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းလုပ်လုပ်ပါ။
ဒေါင်းလုပ်လုပ်ထားတာကို ဖြေပါ။ zawgyi folder ထဲကို သွားပါ။
sudo sh install.sh
မေးခွန်းလေး အနည်းငယ် ဖြေလိုက်ပါ။ တင်ပြီးသားဖြစ်သွားပါလိမ့်မယ်။ Keyboard ပေါ်အောင် ဆိုရင်တော့ System Settings > Keyboard Layout > Layouts က ဘယ်ဘက်အောက် ဒေါင့်နားက + လေးကို နိပ်လိုက်ပါ။ Burmese ကို မှတ်ပြီး Add button ကို နိပ်လိုက်ပါ။ Options button ကို ထပ်နိပ်ပါ။ Keys(s) to change layout က တော့ English နဲ့ မြန်မာစာ ပြောင်းချင်တဲ့ Key ပါ။ ကြိုက်တာ ရွေးပေးလို့ရပါတယ်။ laptop ဆိုရင်တော့ Left Win က အဆင်ပြေပါတယ်။ ပါတ်ဆင့်တွေရိုက်ဖို့အတွက်တော့ Key(s) to change 3rd level မှာ ရွေးပေးရပါမယ်။ laptop ဆိုရင်တော့ Right Alt က အဆင်ပြေပါတယ်။ အဆင်မပြေတာ ရှိရင်လည်း comment မှာ ရေးထားခဲ့နိုင်ပါတယ်။
Games
Counter-Strike လိုပစ်ခတ်ချင်တယ်ဆိုရင်တော့ OpenArena ရှိပါတယ်။ Dota ခုတ်သလိုမျိုးဆိုရင်တော့ battle-for-wesnoth ရှိပါတယ်။ ကားမောင်းချင်တယ်ဆိုရင်တော့ TORCS ရှိပါတယ်။ ၃ ခုလုံး အခမဲ့ပါ။ 3D Graphic လိုပါတယ်။ Ubuntu Software Center ကနေ တင်လို့ရပါတယ်။
Source: sudobits