WELCOME

Thursday, October 20, 2011

ကုလားစကား အနည်းငယ်ပေါ့ ရှာထားတာလေးတွေပါ....

ကုလားပြည် ဆိုတာ( အိန္ဒိယနိုင်ငံ) ကိုပြောတာနော်။
ကျွန်တော် ရောက်တာ ခုဆိုလေးခေါက်မြောက် ဆိုတော့ ကုလားစကားလဲ
တောင် တလုံးမြောက်တလုံး တတ်နေပါပြီ။
ရေ= ဒီဟာ
ဟို= ဟိုဖက်
ဂျာနာဟဲ= သွားမယ်
အာရေကား =လာပြီ
ဆီဒါဂျောင်း= တည့် တည့် သွား
ခဘေး = ဘယ်ဘက်
ဧ= တစ်
ဒို= နှစ်
တိင်= သုံး
ချာ= လေး
ပန့်ခ်ျ= ငါး
ချေဲး= ခြောက်
ဆာတ့် = ခုနှစ်
အတ်ဒ်= ရှစ်
နော်န်= ကိုး
သတ်စ်= တစ်ဆယ်
ဧက်ရှော= ၁၀၀
ဒိုရှော= ၂၀၀
အက်ဟဇား= ၁၀၀၀
သတ်စ်ဟာဇာဒ= ၁၀၀၀၀
ပြောနေတာ ကိုတော့ တော်တော် လေးနားရည်ဝလာတော့ သိလာတယ်။
နောက် လိုက်ပြောတော့ နဲနဲ တတ်လာပါတယ်။
သူတို့  စကား ကတော့ ပါဌိ နဲ့ လည်း တော် တော် နီးစပ်တယ်ပြောတယ်။
နောက် ယဉ်ကျေးမှု့ အားဖြင့် တော့ နှစ်ပေါင်းမြောက်များ စွာ ကြာခဲ့ တော့ ကြွယ်ဝတာတော့ အမှန်ပါ။
ဘာသာ ရေး ကလည်း မြောက်ပိုင်းမှာ က ဆစ်ခ် နဲ့  ဟိန္ဒူ ဘာသာကလွှမ်းမိုးထားပါတယ်။
တောင်ပိုင်း နဲ့  အလယ်ပိုင်း ကတော့ ရောနေပါတယ်။ အရှေ့ ပိုင်း နဲ့  အလယ်ပိုင်း ကတော့ မူစလင်ဘာသာ
ဝင်များပါတယ်။
ဒေသတစ်ခုနဲ့ တခု ကွဲပြားတာနဲ့  ဘာသာစကား ကလည်း ကွဲပြားသွားပါတယ်။

တတ်ထားသင့်တဲ့ ကုလားစကား

သင်ထားသင့်သော ကုလားစကား...... တခါက တ၇ုတ်အဘိုးကြီးတယောက်နဲ့ ကုလားအဘိုးကြိးတယောက်တို့က အ၇မ်းကိုခင်ကြတဲ့ သူငယ်ချင်းတွေတဲ့လေ... တ၇က်ကျ ကုလားအဘိုးကြိးက ၇ုတ်တ၇က်နေမကောင်းလို့ ဆေးခန်းကတောင် လက်မြှောက်လိုက်၇လို့...ဆေး၇ုံတင်၇မယ်တဲ့လေ..
အဲဒီလိုနဲ့ ကုလားအဘိုးကြိးက ဆေး၇ုံတက်နေတာကို ဘယ်လိုမှ ကုလို့မ၇တော့ဘူးတဲ့လေ..ရောဂါက..
ဒါနဲ့ ကုလားကြိးက သေ၇တော့မယ်လေ..ဒါပေမယ့် သူက သူ၇ဲ့သူငယ်ချင်း တ၇ုတ်ကြိးကိုတွေ့ချင်လို့တဲ့လေ..
အဲဒါနဲ့ တ၇ုတ်ကြိးကိုခေါ်ခိုင်းလိုက်ပါတယ် ဆိုပါတော့...တ၇ုတ်အဘိုးကြီးကလည်း အမြန်အမြန်လာတာပေါ့...
အဲဒီလိုနဲ့ ကုလားကြီး ကုတင်နားလည်းေ၇ာက်ေ၇ာ ကုလားကြိးက ၇ုတ်တ၇က်ကြီး ထအော်တော့တာပေါ့လေ...
ဒါပေမယ့် သူအော်တာက ဗမာလည်းမဟုတ်..တ၇ုတ်လိုလည်းမဟုတ်..ကုလားလိုဖြစ်နေတယ်လေ...
ခက်တာက တ၇ုတ်ကြီးက ကုလားလိုဘယ်နားလည်မလဲလေ...အဲဒါနဲ့ သူကမေးလိုက်တယ် ကုလားအဘိုးကြီးကို
'သူငယ်ချင်း မင်းဘာပြောတာလဲ ဗမာလိုပြောလေ ဒါမှမဟုတ် တ၇ုတ်လိုပြောလေ ဒါမှငါနားလည်မှာပေါ့သူငယ်ချင်း၇ဲ့' လို့ပြောတာပေါ့
အဲဒီအချိန်မှာပဲ ကုလားကြိးက တခါထပ်အော်တယ်လေ ခုနကလို ကုလားလိုပဲ...အဲဒီလိုလည်းအော်ပြီးေ၇ာ ကုလားအဘိုးကြီးက
သေသွားပါလေေ၇ာလေ...သူသေပြီး အလောင်းမြေလည်းကျပြီးေ၇ာ တ၇ုတ်အဘိုးကြီးက အ၇မ်းဝမ်းနည်းနေသေးတာပေါ့..
သူသူငယ်ချင်း ဆုံးသွားလို့ ဒါနဲ့ သူကလည်း သူသူငယ်ချင်းနောက်ဆုံးဖြစ်ချင်တဲ့ ဆန္ဒလေးကိုတော့ ဖြည့်ဆည်းပေးချင်သေးတယ်..
ဒါကြောင့် သူကလည်း ကုလားစာ သင်တဲ့ စာအုပ်တအုပ်ကို ၀ယ်ပြီး ဖတ်တာပေါ့...ကုလားအဘိုးကြိးပြောသွားတဲ့ စကားကိုလည်း
ပြန်၇ှာကြည့်တယ်လေ...သူက သူသူငယ်ချင်း အဘိုးကြိး ပြောသွားတဲ့ စကားကိုလည်း ၇ှာဖတ်လို့လည်း ၇ေ၇ာ ပိုဝမ်းနည်းသွားတယ်
လေ..ဘာလို့လဲဆိုတော့....
သူသူငယ်ချင်း ကုလားအဘိုးကြိး ပြောသွားတဲ့ စကားက
'သူငယ်ချင်းတ၇ုတ်ကြိး မင်းင့ါအသက်၇ှူပိုက်ကို တက်နင်းထားတယ်...ဖယ်ပေးပါကွာ' တဲ့လေ.........

Operating System

မနေ့ ညက ပျင်းပျင်းရှိတာနဲ့  … OS (Operating System)တွေ လိုက်ရှာနေရင်း…တွေ့ ရှိရသလောက် OS တွေကို မျှဝေပေးလိုက်ပါတယ်။
တကယ်ဆိုရင် Window Base System တွေထဲက ရုန်းမထွက်နိုင်သေးတဲ့ သူတွေ။Microsoft Office ရဲ့ အောက်မှာ လောင်းရိပ်မိနေသူတွေ အတွတ်ကတော့ 
ဒါတွေက စိတ်ဝင်စားစရာမကောင်းတဲ့ဟာတွေပါ။တစ်ချို့ က Window XP (or) Window 7 မကောင်းဘူးပြောရင် မခံနိုင်ကြဘူး။ တစ်ချို့ က Ubuntu ကို မကောင်းဘူးပြောရင် မကြိုက်ကြဘူး။ ဘာပဲ ပြောပြောပါ။ လူဆိုတာက ကိုယ်နဲ့ အဆင်ပြေတဲ့  OS ကို ရွှေးသုံးတာပါပဲ။ ။
ငဇူးတို့ ကတော့  Ubuntu လည်းသုံးတယ်။Window XP…Window 7 ။ Opensuse အကုန်သုံးပါတယ်။ အဲဒါမှ ဘယ်ဟာက ပိုကောင်းသလဲဆိုတာ သိရမှာပါ။
အခုတောင် ကျွန်တော်မသုံးဖူး။မကြားဖူး။မတွေ့ ဖူးတဲ့  OS တွေ အများကြီးရှိနေသေးပါတယ်။အားလုံးလိုက်သုံးနိုင်ဖို့ မလွယ်ပေ့ မယ်…လက်လှမ်းမှီသလောက်လေး စမ်းသုံးနေတဲ့ သဘောပါ။
အဲဒီလို OS တွေကို စမ်းသုံးရင်းတွေ့ ရတာလေးတစ်ခုက ကျွန်တော်တို့ ဟာ Microsoft က ထုတ်လုပ်တဲ့  OS တွေကို ပစ်ပယ်လို့ မရသေးဘူးဆိုတာပါပဲ။
သူအတွတ်အားလုံးဟာ အဆင်သင့်ရှိပြီးသားတွေပါ။ဘယ်လို Software မျိုးဖြစ်ဖြစ်ပေါ့။
Ubuntu ကို ကျွန်တော် 9.10 က စသုံးဖူးခဲ့ တာပါ။ဆရာသမားတစ်ယောက်လိုဖြစ်နေတဲ့ ဦးတွီက သုံးကြည့် ဆိုလို့ ပါ။သူက အခွေပဲပေးလိုက်တာ..ကျန်တာ ဘာမှပြပေးတာမဟုတ်ဘူး။ ~/Desktop /ls/Sudo တွေလောက်တော့ ပြပေးပါတယ်။ဒါတွေက ကျွန်တော်တို့  Window က cmd မှာ ၀င်ချင် cd/dir ဒါတွေရဲ့ 
သဘောတရားတွေ နဲ့ ထပ်တူညီတယ်လို့  သူက ရှင်းပြပါတယ်။ အဲဒီလောက်ကို ကြည့် ခဲ့ မြင်ခဲ့ ပြီး အပြန်မှာ ကိုယ်ဘာသာကိုယ် Try ရတာပါ။
တော်သေးတာတစ်ခုက အွန်လိုင်းရှိနေတာပါ။ကျန်တာတွေက google က ရှာ ဘာညာပေါ့ဂျာ။အခုဆိုရင် Ubuntu 10.04 ကို သုံးနေပါတယ်။
တော်တော်လေးအဆင်ပြေပါတယ်။မပြေတာက သူကို စစထွက်ခြင်းမှာ တင်လိုက်တဲ့ အတွတ် Driver မသိတာပါ။ ATI ကိုလေ။
မှတ်မိသေးတယ်။ ဦးဘန်တူးဖွင့်ထားတုန်း တန်းပေါ်လာတာ ညဘက် ၂ နာရီလောက်ကြီး။Driver ထွက်အလာကို စောင့်ရတဲ့ ဘ၀က ဒီတစ်ခါပဲ ရှိသေးတယ်။ :P
အခုတော့  Window 7 နဲ့ Ubuntu ဘယ်ဟာကြိုက်လဲပြောရင်။ဘယ်လို ဖြေရမှန်းမသိသေးပါဘူး။ Window 7 ကိုတော့  စိတ်နည်းနည်းလေးကုန်နေတယ်လို့ ပြောရမှာပါ။Ubuntu ကိုတော့  …တော်တော်လေးခိုက်နေတယ်။ :D အခုအချိန်မှာပါ။တကယ်ဆို Ubuntu က သေသေချာချာ ထဲထဲဝင်ဝင်သုံးလို့ ရမယ်လို့ ကျွန်တော်တော့ မထင်သေးဘူး။သုံးသူတွေလည်း သုံးနိုင်မှာပါ။ ကျွန်တော်တော့ မရသေးဘာ :P
အောက်က list လေးကတော့  ကျွန်တော် ရှာတွေ့ ထားတဲ့  OS တွေပါ။

Operating System Resources:

Windows Based

Microsoft Windows – Get support with current versions of Windows and learn about the features of the upcoming version.
Microsoft IIS Server Software – Learn about the featurs of IIS as well as support and tips.

Unix/Linux Based

Unix – Around since at 1969, Unix has since branched into a huge amount of distributions including Sun’s Solaris, Minix, Linux, and BSD.
Linux – Hundreds of operating systems are based upon the Linux operating system.
Ubuntu – The most popular Linux desktop distribution. Simple to use and has a large support network.
Open SUSE – Good for Linux beginners as well as experts. This softward is managed by Novell Inc.
Fedora – A project largely managed by Red Hat Inc. and has some interesting innovations however is sometimes difficult to use for newcomers.
Debian – A large Linux project with hundreds of developers which has gone on to create over 100 Debian-based operating systems.
Mandriva – Formerly Mandrake. While fully functional, Mandriva is often ignored by much of the Linux community.
Slackware – One of the cleanest distributions of Linux out there. The developers accomplish this by simplifying everything down to the core.
Gentoo – Originally designed for power users, many found it to be too tedious to use and update. Known for its extensive online documentation.
Cent OS – Stands for Community ENTerprise Operating System. Designed to be used with servers.
Free BSD – Known for its performance and stability, Free BSD is often used in servers and critical computers.
Web Hosting – Linux is a great Operating System for web hosting.
Apache – The most commonly used web hosting application on Linux based systems. 46% of all websites run on Apache.
သူရဲ့ မူရင်းလင့်က ဒီမှာပါ။
http://www.bighosts.com/top-operating-system-guide.php

စာတွေကို ကျော်ဖတ်ကြမှာလား…?

နည်းကတော့ လွယ်ပါတယ်။ ကျွန်တော်တို့  Google Reader ထဲမှာ ဆိုဒ်နိမ်းကို ထည့် လိုက်တာပါ။
ကိုယ်ဝင်ရောက်ချင်တဲ့ လင့်ကို Add a subscription နိပ်ပြီးထည့် လိုက်ယုံပါပဲ။အဲဒါဆိုရင်တော့  blogspot က ပိုစ်တွေကို သူက
သင့်ရဲ့ Google Reader ထဲမှာ လာရောက်ပြသမှာဖြစ်ပါတယ်။ပိုစ်တစ်ခုခြင်းဆီကို ဖတ်ရှုလို့ ရပါပြီ။ :D ဆိုဒ်ဒီဇိုင်းတွေ ဘာတွေတော့ မမြင်ရဘူးပေါ့ဂျာ :P
ကျော်နည်းကောင်းတွေထဲမှာ လုံခြုံမှုရှိပြီးတော့ …ကျော်ရအလွယ်ဆုံးဖစ်လို့ ဒါလေးကို ပြန်လည်မျှဝေတာပါ။
ပျော်ရွှင်ကြပါစေခင်ဗျ :D ။ ။

စကားထာ အပြင်းပြေပေါ့နော်...။

လာပြီနော်။



၁။ ၁၂လ ရှိတဲ့အထဲမှာ လူတွေစကားအနည်းဆုံး ပြောတဲ့လက ဘယ်လလဲ။

၂။ ခြေထောက်လေးချောင်း ရှိတာတောင် လမ်းမလျှောက် နိုင်တာ ဘာလဲ။

၃။ ဘ၀မှာ အတက်အကျအများဆုံး သူဟာ ဘယ်သူလဲ။

၎။ သူ့ကို ကြိုးချည်လိုက်တဲ့အခါ ပြေးပေမယ့် ကြိုးဖြေပေးလိုက်တာမှ


အသေကြီးရပ်နေတာ ဘာလဲ။

၅။ ဒီဇင်ဘာလ ကလွဲရင် ကျန်တဲ့ လ တွေမှာ မရှိတဲ့ အရာက ဘာလဲ။

၆။၁၀ နဲ့၁၀ ပေါင်းတာတောင် ၁၀ ပဲပြန်ရတာ ဘယ်အခါမှာလဲ။

၇။ သူက တစ်လက်မပဲရှိပေမယ့် သူ့အမြီက တစ်မိုင်လောက် ရှည်နိုင်တာဘာလဲ။



၈။ ကြာလာလေလေ အရပ်ပုလာလေလေ အဲဒါဘာလဲ။

၉။ ညမြင်နေ့ပျောက်ဆိုတဲ့အရာက ဘာလဲ။

၁၀။ သင်တစ်ဦးတည်း ပိုင်ဆိုင်သော အရာ ဖြစ်သော်လည်း သင်၏ မိတ်ဆွေ သူငယ်ချင်းများကသာ
အများဆုံး အသုံးပြုသော အရာကား အဘယ်နည်း။

အဖြေကိုမသိမှထည့်ပေးမယ် စဉ်းစားကြပေါ့..။
၁။ ဖေဖော်ဝါရီလ၂။ စားပွဲခုံ

၃။ ဓာတ်လှေကားမောင်းတဲ့သူ

၎။ ရှူးဖိနပ်

၅။ ဒ အက္ခရာတဲ့

၆။ လက်အိတ်စွပ်တဲ့အခါ

၇။ အပ်နဲ့အပ်ချည်

၈။ မီးထွန်းထားတဲ့ ဖယောင်းတိုင်

၉။ အမှောင်

၁၀။ သင်၏အမည် တဲ့။

သရဲမရှိဘူးဘယ်သူပြောလည်းရှိတယ်ကြည့်ကြည့်လိုက်နော်ကိုယ်တိုင်



Mc wai yan! သရဲ (၉) ကောင် ဖမ်းမိတယ်



အြမျိုးသမီးလေးတစ်ဦးထံမှာ ပူးဝင်နေတဲ့ သရဲကိုးကောင်ကို သူမရဲ့ နေအိမ်မှာ မလေးရှားနတ်ဆရာနှစ်ဦး က ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်…
အဆိုပါမိန်းကလေးဟာ မကြာခဏ သူမနေအိမ်ကနေပျောက်ဆုံးသွားလေ့ ရှိပြီး ဘိလပ်မြေဖျော်စက်၊ သင်္ချိုင်းကုန်း စသည့် နေရာတွေမှာ ပြန်တွေ့ ရလေ့ ရှိလို့ တစ်ရွာလုံးကတော့ သူမအကြောင်းပြောနေကြတာဖြစ်ပါတယ်….
အသက် ၂၂ နှစ်အရွယ်ရှိ စီတီဘယ်လ်ကစ်မိုဟာမက်နိုး ရဲ့ မိဘနှစ်ပါးဟာ ၎င်းတို့ သမီးလေးထူးဆန်းစွာ ပျောက်ဆုံးနေတတ်တဲ့ လျှို
့ဝှက်ဆန်းကြယ်မှုနောက်ကွယ်က တရားခံ နတ်မိစ္ဆာ သရဲတွေကို နတ်ဆရာတွေက အနိုင်ရခဲ့ လို့ ၎င်းတို့ မိသားစုဘ၀လေး ပုံမှန်ပြန်ဖြစ်တော့မည်ဟုဆိုကာ ယုံကြည်ဝမ်းသာနေကြပါတယ်….
ထိုတရားခံ နတ်မှင်စာတွေကို နတ်ဆရာများက ဖမ်းပြီး အထူးစီရင်ထားတဲ့ ပုလင်းထဲထည့် သွင်းထားသည့် သတင်းကြားရသည့် ရာပေါင်းများစွာသော ရွာသားတွေဟာ ထိုအိမ်ကို ရောက်ရှိလာခဲ့ ကြပါတယ်…
စိတ်ဝင်တစ်စားရှိနေခဲ့ ကြတဲ့ ရွာသားတွေဟာ သူ့ ထက်ငါအလုအယက်တိုးဝှေ့ ပြီး ထိုသရဲဖမ်းထားသည့် 
ပုလင်းများကို ဓါတ်ပုံများ၊ ဗီဒီယိုများ ရိုက်ယူခဲ့ ကြပါတယ်…
အမည်ဖေါ်ပြရန်ငြင်းဆိုခဲ့ သည့် အောက်လမ်းနတ်ဆရာ ၂ ဦးဟာ စီတီဘာလ်ဂစ် လေးရဲ့ ဖြစ်အင်ကို သတင်းစာတွေမှာ ဖတ်မိသိရှိခဲ့ ကြပြီးနောက် လွန်ခဲ့ သည့် သောကြာနေ့ ကစေတနာမေတ္တာဖြင့်အခမဲ့ လာရောက် ကုသပေးခဲ့ ခြင်းဖြစ်ပါတယ်…
ထိုနေ့ ည ၇ နာရီ ၃၀ မှာ နတ်ဆရာတစ်ဦးက မိသားစုနေအိမ်အတွင်း ရွတ်ဖတ်နေစဉ် နောက်တစ်ဦးကတော့ အိမ်ရှေ့ တံခါးအပြင်ဖက်ကနေ ကျမ်းစာတွေကို ရွတ်ဖတ်နေခဲ့ ပါတယ်…
၁၅ မိနစ်လောက်အကြာမှာတော့ အပြင်မှာရှိနေတဲ့ နတ်ဆရာဟာ အိမ်ထဲကနေ ပုံရိပ်သဏ္ဍာန်တစ်ခု ထိုးဖောက်ထွက်ပြေးသွားတာကို ရိပ်ကနဲတွေ့ လိုက်ရပါတယ်…
သူက နောက်ကနေလိုက်ဖမ်းခဲ့ တာ ဖမ်းမိသွားခဲ့ ပါတယ်…အဲဒီနောက်တော့ ထွက်ပြေးဖို့ ကြိုးစားခဲ့ ကြတဲ့ တစ္ဆေမှင်စာ ရှစ်ကောင်ကို တစ်ကောင်ပြီးတစ်ကောင်ဆက်တိုက် ဖမ်းဆီးရမိခဲ့ ကြပါတယ်…
တစ္ဆေမှင်စာတွေအနေနဲ့ နောက်ထပ် ဒုက္ခမပေးနိုင်အောင် အလုံပိတ်ထားတဲ့ ပုလင်းတွေကို ပင်လယ်ထဲကိုလွှင့် ပစ်လိုက်မှာဖြစ်တယ်လို့ နတ်ဆရာက ပြောကြားခဲ့ ပါတယ်…။ ။



သူမရဲ့ သမီးဖြစ်အင်ကို သတင်းစာမှာမကြာသေးမီက ဖော်ပြခဲ့ ပြီးနောက် နတ်ဆရာစုစုပေါင်း ၁၇ ဦးက ကူညီကာ သူရဲများကိုနှင်ထုတ်ပေးမယ်လို့ ကမ်းလှမ်းပြောဆိုခဲ့ တယ်လို့ စီတီဘာလ်ဂစ် လေးရဲ့ မိခင်ဖြစ် သူအသက် ၄၇ နှစ်ရှိ နိုရီဇန် ကပြောပြခဲ့ပါတယ်….လွန်ခဲ့ တဲ့ နှစ်လလောက်ကစပြီး သမီးဖြစ်သူ စီတီဘာလ်ဂစ် တစ်ယောက်ထူးဆန်းစွာပျောက်ဆုံးနေတတ်ခဲ့ ပြီးနောက် လာရောက်ကုသပေးခဲ့  သည့် နတ်ဆရာပေါင်း ၁၀၀ ခန့် အတွက် သူမတို့ မိသားစုဟာ ရင်း
ဂစ်ငွေသောင်းနဲ့ ချီပြီး ရှာဖွေကာ အကုန်အကျခံခဲ့ ရတယ်လို့ သူမကဆိုပါတယ်….
သို့ သော်လည်း သမီးလေးရဲ့ အဖြစ်ဆိုးကို ( ဘယ်သူမှမကယ်တင်နိုင်တဲ့ ) သတင်းမီဒီယာတွေက ဖော်ပြခဲ့ ပြီးနောက်မှာတော့ နတ်ဆရာတွေဟာ အခမဲ့ ကယ်တင်ကုသပေးဖို့ ကမ်းလှမ်းလာခဲ့ ကြပါတော့ တယ်….
နောက်ဆုံး အောင်မြင်မှုကြောင့် အခုတော့ မိသားစုအားလုံးဟာ စိတ်ချမ်းသာရပါပြီ…” လို့ လည်း သူမက ဆိုခဲ့ ပါတယ်…
အခုတော့ သူမကိုဒုက္ခပေးတဲ့ တရားခံတစ္ဆေမှင်စာများကို ဖမ်းမိခဲ့ ပြီမို့ သူမဟာ လွန်ခဲ့ တဲ့ နှစ်ရက်ကစပြီးပျောက်ဆုံးသွားခြင်းမရှိတော့ ပဲ ပုံမှန်ဘ၀ကိုသာ ဆက်လက်နေထိုင်လိုပါတော့တယ်လို့ စီတီဘာလ်ဂစ် ကပြောကြားခဲ့ ပါတယ်…
” ကျွန်မတို့ မိသားစုအားလုံးကို ကူညီခဲ့ ကြတာတွေအားလုံးအတွက် ဘယ်လာက်ကျေးဇူးတင်ရတယ်ဆိုတာ စကားလုံးနဲ့ တောင်ပြောပြလို့ မရနိုင်ပါဘူး….
အခုဆိုယင် ရုတ်တရက် ကိုယ့် ကိုယ်ကို မေ၇ာက်ဘူးတဲ့ စိုးရိမ်ထိတ်လန့် ဖွယ်နေရာတွေကိုရောက်နေတာရုတ်တရက်တွေ့ ရဖို့ မစိုးရိမ်ရတော့ တဲ့ အတွက် စိတ်သက်သာရာရခဲ့ ပါပြီ…” လို့ သူမကဆိုခဲ့ ပါတယ်…



မလေးရှားမှာတော့ အကဲမစမ်းနဲ့ နော်…သရဲဖမ်းမယ့် ဆရာတွေရှိတယ်…
သူတို့ နည်းသူတို့ ဟန်နဲ့ တော့ စွမ်းကြတာပါပဲ…။ ။

ရွာဦးကျောင်းက သရဲ တစ္ဆေများ

အစွဲအလမ်းတစ်ခုခု ကြီးပြီး သေသွားတဲ့သူများ ၊
လတ်တလော အစိမ်းသေ သေသွားတဲ့သူများ
ဟိုမရောက် ဒီမရောက် နေရာတွေမှာ ကျန်နေတတ်သည်ဟု
. . .

သရဲ တစ္ဆေများ တကယ်ရှိသလား ကျွန်တော် မသိပါ။ တကယ်ရှိကောင်း ရှိနိုင်ပါသည်။ လူတွေက စိတ်ကူးယဉ်ပြီး ပြောနေကြတာလည်း ဖြစ်ချင် ဖြစ်နိုင်ပါသည်။ ကျွန်တော်ကို သရဲ တစ္ဆေများ တကယ်ရှိပါသည် ဟုလာပြောလျှင်လည်း ကျွန်တော် ယုံချင်မှ ယုံမိမှာပါ။ သရဲ တစ္ဆေများ တကယ်မရှိပါဟု ပြောလာလျှင်လည်း ကျွန်တော် ယုံမည် မဟုတ်ပါ။ ဒီလောကမှာ သိပ္ပံပညာနှင့် ရှင်းပြ၍ မရသော အရာများစွာ ရှိသည် ဟုကျွန်တော် ယုံကြည်ပါသည်။ သေသွားပြီးလျှင် နောက်ဘ၀ဆိုတာ ရှိကောင်း ရှိမည် ဟု ကျွန်တော်လက်ခံထားပါသည်။ သေသွားပြီးသူ ပြန်ဝင်စား တတ်သည် ဆိုတာလည်း ဖြစ်နိုင်ပါသည်ဟု ထင်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း လူများပြန်ဝင်စား တာလားဟု အမြဲ ငယ်ငယ်က တွေးခဲ့ရပါသည်။ အဲဒီအကြောင်းများကို ကျွန်တော် နောက် ကြုံမှ သေချာ ပြောပြပါ ဦးမည်။ လူ့ ပြည်ဆိုတာ ရှိသလို နတ်ပြည်နှင့် ငရဲပြည် ဆိုတာလည်း ရှိကောင်းရှိနိုင်ပါသည်။ အဲဒီဟာတွေ အပြင် ဟိုမရောက် ဒီမရောက် နေရာတွေလည်း ရှိနိုင်ပါသည်။ အစွဲအလမ်းတစ်ခုခု ကြီးပြီး သေသွားတဲ့သူများ ၊ လတ်တလော အစိမ်းသေ သေသွားတဲ့သူများ ဟာ ဟိုမရောက် ဒီမရောက် နေရာတွေမှာ ကျန်နေတတ်သည်ဟု ထင်ပါသည်။ အဲဒီ ဟိုမရောက် ဒီမရောက် နေရာမှာ ရောက်နေသူများသည် တခါတရံမှာ လူ့ လောကမှ တချို့ လူများ နှင့် ထူးဆန်စွာ ဆက်သွယ်လို့  ရတတ်ပါသည်။ ဒီအရာအားလုံး သည် ကျွန်တော် ကြားဖူးနားဝနှင့် ထင်မြင်ချက်များသာ ဖြစ်သည် သိပ္ပံပညာ အနေနှင့် သက်သေပြ၍ ရသော အရာများ မဟုတ်ပါ။ ကျွန်တော် ပြောပြမည့် ရွာဦးကျောင်းမှ သရဲ တစ္ဆေများ အကြောင်းကို လည်း တကယ့် အဖြစ်မှန်ဟုလည်း ကျွန်တော် မပြောလိုပါ၊ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတာ မဟုတ်ပါ။ ဒါကြောင့် သက်သေလည်း မပြနိုင်ပါ။ မည်သူက ကျွန်တော့်အားပြောပြသည်ကိုလည်း ကျွန်တော် ပြောမပြနိုင်ပါ။ ဒါကြောင့် စာဖတ်သူများ ကြားဖူးသော ပုံပြင်များ အဖြစ်သာ ထားစေလိုပါသည်။

( ယူကလစ်ပင်နှင့် နေထိုင်မကောင်းဖြစ်သောဆရာတော် )

ရွာဦးက ဘုန်းကြီးကျောင်းဝင်းမှာ အလွန်အရိပ်ကောင်းသော အပင်ကြီးများနှင့် စိမ်းစိမ်းစိုစို ရှိလှပါသည်။ နွေရာသီ တွင်ပင် အလွန် အရိပ်ကောင်း၍ ကလေးများ အမြဲ ဆော့ကစားရာ လူကြီးများ အမြဲ စကားစမြည် ပြောဆိုရာ နေရာ ဖြစ်ခဲ့သည်။ အဲဒီအပင်များထဲမှ ယူကလစ်ပင်တစ်ပင်သည် ကျောင်းဆောင် တစ်ခုနှင့် နီးကပ်စွာ ပေါက်နေသည် ။ အရွက်အကိုင်းများ လေတိုက်လျှင် အမြဲ ကျိုးကျသည်။ တနေ့ တွင် ဆရာတော် တပါးသည် အကိုင်းများ ကျိုးကျနေသည်ကို မြင်သော အခါ အနီးအနားတွင် လူရှိပါက အန္တရာယ် ရှိနိုင်သည့် အတွက် ယူကလစ်ပင်ကြီးအား ခုတ်ပစ်ရန် စီမံတော့သည်။ ခုတ်နေစဉ် အတွင်း အကိုင်းတစ်ခု ကျိုးကျ၍ ဆရာတော်သည် ခြေထောက် ပွန်းသွားသည်။ ” ဒီယူကလစ်ပင် တော်တော်ဒုက္ခပေးတယ် မြန်မြန် ခုတ်ပစ်တာကောင်းတယ်ဟု ” လွှတ်ကနဲ အော်ဟစ် ပြောဆိုလိုက်မိသည်။ များမကြာမီနေ့ များမှာ ယူကလစ်ပင် ခုတ်ခဲ့သော ဆရာတော်သည် နေထိုင်မကောင်း ဖြစ်ပါသည်။ ဗိုက်ကနာသလို ၀မ်းကလည်းသွားသည်။ ဆေးသောက် ဆေးကုသ သော်လည်း မပျောက်နိုင်ပဲ ကုတင်ပေါ်တွင်သာ တလှဲလှဲ နှင့်နေနေရသည်။

တနေ့  ဆွမ်းစားအပြီး စကားစမြည် ပြောဆိုနေချိန်တွင် ကျောင်းတိုင် ဆရာတော် ဆီသို့  အပြင်မှ အသက်ကြီးကြီး ခေါင်းပေါင်းနှင့် လူတယောက် ၀င်လာပြီး လျှေက်ထားသည်မှာ ” ဤဘုန်းကြီးကျောင်းတွင် ဆရာတော် တစ်ယောက် နေမကောင်း ဖြစ်နေပါသလား ။ ဖြစ်နေလျှင် ဖြစ်ရသည်မှာ ဆရာတော်သည် အပင်တစ်ပင်အား အခွင့်မတောင်းပဲ ခုတ်လိုက်သောကြောင့် အပင်၌ မှီခိုလျှက် နေသော တစ်စုံတစ်ယောက်က ဒေါသထွက်၍ လုပ်လိုက်တာ ဖြစ်ကြောင်း ၊ ထိုတစ်စုံတစ်ယောက်အား တောင်းပန်ပြီး နေရာအသစ်ပေးလိုက်လျှင် အဆင်ပြေသွားမည် ဖြစ်ကြောင်း ” လျှေက်တင်ခဲ့သည်။ စကားပြောနေစဉ် ကျောင်းတိုင် ဆရာတော်သည် တခြားကိစ္စ ကြောင့် သတိ သေချာ မပြုမိလိုက်မိပေ ။ သတိထားမိသော အခါ ထိုလူကြီးသည် မရှိတော့ပါ ။ ဘယ်ကလည်း ဘယ်သူသိလည်း မေးမြန်းသောအခါ ကျောင်းက မည်သူကမှ မသိ မတွေ့ မိကြောင်း ဆရာတော်ဘုရားကို လျှောက်ထားကြသည်။

နေမကောင်းဖြစ်နေသော ဆရာတော်သည်လည်း သက်သာ မလာပဲ တစ်နေ့ တစ်ခြား ပို၍ ဆိုးလာသည်။ နောက်ဆုံးတွင် ကျောင်းတိုင် ဆရာတော် ဘုရားသည် ဟုတ်သော်လည်း အမြတ်၊ မဟုတ်သော်လည်း အကျိုးမယုတ် ဟုတွက်ခါ လူကြီးပြောခဲ့သော စကားကို သတိရ၍ လူကြီး အကြံပြုချက်အတိုင်း လုပ်ရန် ဆုံးဖြစ်လိုက်သည် ။ ခုတ်ထားသော ယူကလစ်ပင် ကြီး အနားသွား၍ တောင်းပန်စကား ပြောကြားပေးသည် ။ “ဤယူကလစ်အပင်၌ မှီခိုလျှက် နေခဲ့သောသူ၊ အပင်အား ခွင့်မတောင်းပဲ ခုတ်မိသော ဘုန်းကြီးအား အပြစ်မယူရန် ၊ အများကောင်းကျိုးကို ကြည့်၍ ဘုန်းကြီးက ခုတ်ခဲ့တာ ဖြစ်ကြောင်း ၊ ဘေးနားက သရက်ပင်အား သူကို အစားပေးပါကြောင်း ၊ သရက်ပင်တွင် ပြောင်းရွှေ့ နေထိုင်ရန် နှင့် ဘုန်းကြီးကျောင်းမှ သူများကို နောင် ဒုက္ခ မပေးရန် တောင်းပန် ” ပြောဆိုသည်။ နောက်နေ့ များမှ စ၍ နေထိုင်မကောင်းသော ဆရာတော်သည် သိသိသာသာ အခြေအနေ တိုးတက်၍ ပြန်ကောင်းမွန်လာသည်။

ကျွန်တော်ထင်ပါတယ်။ ဒီကိစ္စ တိုက်ဆိုင်သွားတာလည်း ဖြစ်ကောင်းဖြစ်မယ်။ တကယ်လည်း ဖြစ်ချင်ဖြစ်နိုင်သည် ။ ငယ်ငယ်ကတည်းက ကျွန်တော်ကြားဘူးသည်မှာ အပင်ကြီးများကို ခုတ်သည့်အခါပဲ ဖြစ်ဖြစ် တောအုပ်များကို ရှင်းသောအခါမှာပဲ ဖြစ်ဖြစ် သင်္ချိုင်းကုန်းများကို ရွှေ့ ပြောင်းသော အခါပဲ ဖြစ်ဖြစ် နဂိုနေရာများတွင် ရှိကောင်း ရှိနေနိုင်သောသူများ နေရာမပျောက်အောင် ဒုက္ခမရောက်အောင် အမျက်မထွက်အောင် သူတို့ အား နေရာအသစ် ပေးထားရပါသည်။ ခွင့်ပြုချက်တောင်းရပါသည်။ ဤ အယူအဆွဲကို ယုံကြည်သူများရှိသလို မယုံသူများလည်း ရှိပါသည်။ ကျွန်တော် ကတော့ ငယ်ငယ်ကတည်းက ဖြစ်ဖူးတာလေးတွေလည်း ရှိ ၊ ကျွန်တော့်အား ဆေးကုသပေးသော ဆရာကြံ ရှင်းပြခဲ့သည်များလည်း ရှိခဲ့တော့ ၊ မယုံတယုံပေမဲ့ အရှုံးမရှိဟု တွက်ခါ အပင်များ ခုတ်ခါနီးတိုင်း ခွင့်တောင်းတတ်သည့် အကျင့် စွဲနေပါသည်။

( ကျိုက်ထီးရိုးဘုရားပေါ်မှ မနန်းဖြူစော )

ကျောင်းတိုင် ဆရာတော်ဘုရားနှင့် ဆရာတော်များသည် တနေ့ တွင် ကျိုက်ထီးရိုးဘုရားဖူး ခရီး ထွက်ခဲ့ကြသည်။ ဆရာတော်ဘုရားနှင့် ကိုရင်ကြီး လေးပါး ပါလာသည် ။ တောင်ပေါ်တက်စဉ် လမ်းခုလတ် တစ်နေရာ၌ အမျိုးသမီးငယ် လေးနှစ်ယောက်သည် လမ်းဘေး ကျောက်တုံးများပေါ်တွင် ထိုင်နေသည်ကို တွေ့ ရသည် ။ ဆရာတော်များ အနားရောက်လာသော အခါ အမျိုးသမီးတို့ သည် သူတို့ နှင့်ပါလာသော ရေကို ကပ်သည် ။ ဆရာတော်များ နားနေစဉ် သူတို့ သည် ဆရာတော်များနှင့် တောင်ပေါ်သို့  လိုက်ခဲ့ချင်ပါကြောင်း ၊ လမ်းတွင် ရေအေး ရေနွေး ကပ်ချင်ပါကြောင်း လျှောက်ထားသည်။ ကျောင်းတိုင်ဆရာတော်သည် ဆရာတော်များနှင့်တိုင်ပင်ကာ ဘုရားအတူ လိုက်ဖူး စေချင်ပါသော်လည်း မသင့်တော်ကြောင်း မိန်းကလေးများအား ကိုယ့်လမ်းကိုသွားကြတာ ပိုသင့်တော်ကြောင်း ပြောကြားပြီး တောင်ပေါ်သို့ ဆက်တက်ခဲ့ကြသည်။

ဆရာတော်များ တောင်ပေါ်သို့ ရောက်သောအခါ အံ့သြဖွယ်ရာ သူငယ်မလေးနှစ်ယောက်သည် အရင်ရောက်နှင့်သည်ကို တွေ့ ရသည်။ မေးမြန်းကြည့်သော အခါ သူငယ်မလေးများသည် သူတို့ လာနေကြမို့ လို့  ဖြတ်လမ်းတွေ သိသဖြင့် အရင် ရောက်နှင့်တာ ဖြစ်ကြောင်း မတင်မကျ ပြောပြသည် ။ သူငယ်မလေး နှစ်ယောက်သည် ဆရာတော်များအား ရေအေး ရေနွေး ကပ်ချင်ပါကြောင်း လျှောက်ထားသည်။ ဆရာတော်များလည်း လက်ခံ၍ ဆုမွန်ကောင်းများ တောင်းပေးလိုက်သည် ။ တောင်အောက်သို့  ပြန်ကြွခါနီးတွင် သူငယ်မလေးနှစ်ယောက်ထဲမှ တစ်ယောက်သည် ကိုရင်ကြီးတစ်ပါး နားကပ်၍ “နောင် ကံမကုန်လျှင် ပြန်ဆုံလိုကြောင်း နှင့် သူ့ နာမည်မှာ မနှင်းဖြူစော ဖြစ်ကြောင်း ၊ သူ့ အား သတိတရ လိုအပ်တာရှိလျှင် တမ်းတလိုက် စေချင်ကြောင်း ” ဦးချ၍ ရှောက်ထားခဲ့သည်။ တအံ့တသြနှင့် ဆရာတော်များလည်း ပြန်ကြွခဲ့ကြသည်။ အပြန်လမ်းတွင် ချောချောမောမော ရောက်ခဲ့သည် ။ လမ်းခုလတ်တွင် သူငယ်မလေးနှစ်ယောက်သည် ရေပူရေအေး အကြိမ်ကြိမ် ကပ်ခဲ့သည်။

မှတ်ချက် – နဲနဲရှည်သွားပြီ ကျွန်တော် နောက်မှ ဆက်ရေးတော့မည်။ ကိုရင်ကြီး ၊ မနန်းဖြူစော ၊ ယူကလစ်ပင် မှ သရက်ပင်ရောက်သွားသော သူ ၊ အပြုစားခံရသော ကိုရင်လေး ၊ ဆရာတော် မြင်တွေ့ လိုက်သော အရက်မြင့်မြင့် အသားမဲမဲ သူ ၊ သပြေပင်အောက်နားက ကိုရင်လေး မွေးထားသော သရဲလေး နှစ်ကောင် အကြောင်းများ ကျွန်တော် နောက်မှ ဆက်ပြောပြတော့မယ်ဗျာ ။ ကျွန်တော့်အား ပြောပြသည့် သူများသည် ယုံကြည်လောက်၍ ကျွန်တော် အတွက်ကတော့ တကယ့် အဖြစ်အပျက် များဖြစ်ပါသည်။ ဒါပေမဲ့ ကျွန်တော်အစက ပြောခဲ့တာကို မမေ့ကြပါနှင့် ၊ ဤ အရာများကို ကြားဖူးသော ပုံပြင်များ အဖြစ်သာ မှတ်ထားစေလိုပါသည်။

မှတ်ချက်။ ။ www.ainmat.com မှ ကူးယူဖော်ပြသည်။

FTTx စနစ် မြန်မာပြည်ရဲ့ FTTx စနစ်

ခေတ်မီ အဆင့်မြင့် ဆက်သွယ်ရေး ဆိုင်ရာ ဖိုင်ဘာကြိုး တစ်ချောင်းသွယ် တန်း ရယူခြင်း ဖြင့် အင်တာနက် ဖျော်ဖြေ မှု များကို ကြည့်ရှု နိုင်သည့် IPTV မြန် နှုန်းမြင့် အင်တာနက်၊ အသံကြည်လင် ပြတ်သား သည့် VOIP တယ်လီဖုန်း သုံး မျိုး သုံးနိုင် သည့် FTTx စနစ်ကို ပြင်ဦး လွင် နှင့် မန္တလေးမြို့၌ စီစဉ် ဆောင်ရွက် လျက် ရှိနေပြီး မကြာမီ ရန်ကုန်မြို့၌ လည်း ရောက်ရှိ လာတော့ မည်ဖြစ်ကြောင်း သိရ သည်။ မိတ်ဆက်ပြသ

ရန်ကုန် ပြည်သူ လူထု အတွက် FTTx မိတ်ဆက် ပြသမှုကို ELITE TECH IT SERVICE CO., LTD သည် ရန် ကုန်မြို့ တပ်မတော် ခန်းမ၌ ကျင်းပ ခဲ့သည့် လူနေမှု နှင့် မော်တော်ယာဉ် ပြပွဲ ၂၀၁၀ တွင် တခမ်း တနား ပြသ ခဲ့သည်။

အဓိပ္ပာယ်

FTTx ဆိုသည်မှာ Fiber to the x ဖြစ်ကြောင်း၊ X သည် မသိကိန်း ကိုယ် စားပြုခြင်း ဖြစ်ပြီး Home (အိမ်)၊ Building (အဆောက်အအုံ)၊ Enterprise သို့မဟုတ် Coporate များအဖြစ် ပြောင်းလဲ သုံးစွဲ နိုင်ခြင်းကို ညွှန်း ဆိုခြင်း ဖြစ်ကြောင်း သိရသည်။ နေအိမ်သုံး အတွက် ဆက်သွယ်လျှင်FTTH (Fiber to the Home) ဖြစ်ကြောင်း၊ အဆောက် အအုံသုံး အတွက် ဆက်သွယ်လျှင် FTTB (Fiber to the Building) ဖြစ် ကြောင်း စသည်ဖြင့် ဖွင့်ဆိုချက် များကို သိရသည်။

နိုင်ငံတကာ

အဆိုပါ စနစ်ကို ယူအေအီး၊ တ ရုတ်၊ စပိန်၊ စင်ကာပူ စသည်တို့ တွင် အသုံးတွင် ကျယ်လျက် ရှိကြောင်း သိရ သည်။

သုံးမျိုးအသုံး

အဆိုပါ FTTx စနစ်ကို ဆက် သွယ်အသုံးပြုလျှင် IPTV အတွက်၊ Internet အတွက်၊ VOIP တယ် လီဖုန်းအတွက် သုံးမျိုး အသုံးပြု နိုင်ကြောင်း သိရသည်။

တီဗီအသုံး

IPTV အသုံးပြု နိုင်မှုမှာ I-Movies ဇာတ်လမ်း ရုပ်ရှင်များ၊ I-Series စိတ်ဝင်စားဖွယ် ကောင်းသော ဇာတ် လမ်း တွဲများ၊ I-Sports နိုင်ငံတကာ အား ကစား ရုပ်သံ လိုင်းများ နှင့် သတင်းများ၊ I-Music နိုင်ငံ တကာ မှ နာမည်ကျော် သီချင်းများ အပြင် အခြား နာမည်ကျော် ရုပ်သံ လိုင်းများကို အဆင့်မြင့် နည်း ပညာ High Defination ရုပ်ထွက်ဖြင့်ဖမ်းယူ ကြည့်ရှု နိုင်ကြောင်း သိရသည်။ အထူးဝန် ဆောင်မှု အဖြစ် မိမိ နှစ်သက် ရာ ဇာတ် လမ်း Movies များနှင့် အစီအစဉ်များကို ရွေးချယ် ကြည့်ရှု နိုင်မည့် video on demand ၀န်ဆောင် မှု ရှိကြောင်း သိရသည်။ ထို့အပြင် Interactive Web Portal မှ တစ်ဆင့် မိုးလေ၀သ ဆိုင်ရာ သတင်းများ၊ နိုင်ငံတကာ သတင်းများ၊ ဗဟုသုတ ဆိုင် ရာ သတင်းအချက် အလက်များကို အချိန် နှင့် တစ်ပြေးညီ သိရှိ နိုင်ကြောင်းသိရသည်။

အင်တာနက်အသုံး

အင်တာနက် အသုံးပြုနိုင် မှုမှာ မြန် နှုန်းမြင့် 30 Mbps ရှိသော high speed internet access ဖြစ်ခြင်း၊ Upload နှင့် download ကို speed တူညီစွာဖြင့် အသုံးပြုနိုင်ခြင်း၊ အင်တာနက် အသုံးပြု နိုင်ရေး အတွက် တယ်လီဖုန်း လိုင်းနှင့် modem များ မလိုအပ်ခြင်း စသည့် ထူး ခြားချက်များ ရှိကြောင်း သိရသည်။

တယ်လီဖုန်း အသုံး

တယ်လီဖုန်း အသုံးပြု နိုင်မှုမှာ သာ မန် PSTN တွင် ပြောဆို နေ ရသကဲ့သို့ အသံ အလွန် ကြည်လင်ပြတ် သား မှုရှိသော VOIP Telephone Service ဖြစ်ကြောင်း၊ Fax Service ကို လည်း အသုံးပြု နိုင်ကြောင်း သိရသည်။

ရတနာပုံတယ်လီပို့

အဆိုပါ FTTx စနစ်ကို ရတနာပုံ တယ်လီပို့က ၀န်ဆောင်မှု ပေး ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း၊ အဆိုပါ စနစ်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ တွင် ပြုလုပ် ခဲ့ သည့် ရတနာပုံ အိုင်စီတီ ရက်သတ္တပတ် တွင် စတင် မိတ် ဆက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းစနစ်ကို ၂၀၁၀ ခုနှစ်အတွင်းဝန် ဆောင်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက် ရှိကြောင်း၊ ၀န်ဆောင်မှု အပြင် လို အပ်သည့် ပစ္စည်း အစိတ် အပိုင်း အချို့ ကို လည်း စက်ရုံ တည်ဆောက် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

တပ်ဆင်ခ

အဆိုပါ လိုင်း တပ်ဆင်ခမှာ ကျပ် ၁၀ သိန်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းပြီး လစဉ်ကြေး မှာလည်း ထိုက် သင့်သ လောက်သာ ရှိမည် ဖြစ်ကြောင်း သိရ သည်။ မန္တလေး တွင် ရတနာပုံ တယ်လီ ပို့က ၂၀၁၀ နှစ်လယ်ပိုင်း အတွင်း ပြု လုပ် ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တွင် အဆိုပါ ကိစ္စကို ရှင်းလင်း ပြောကြားခဲ့ ကြောင်း သိရသည်။

ပုံရိပ်များကို ထိတွေ့ကိုင်တွယ်နိုင်မည့် ပထမဆုံး 3D TV စမ်းသပ်တီထွင်

“စနစ်ဟာ အသုံးပြုသူရဲ့ အလေ့အထကို သိရှိသဘောပေါက်ပြီး နည်းပညာနဲ့ တုံ့ပြန်မှုပေးပါတယ်။ ပုံရိပ်တွေကို အာရုံခံ နည်းပညာအရ သင့်တော်တဲ့ ပုံစံမျိုး ရွေ့လျားအောင် တွန်းအားပေးထားပါတယ်”


ဂျပန်နိုင်ငံမှ သုတေသန ပညာရှင်များသည် ထုတ်လွှင့်ပြသနေသည့် ပုံရိပ်များကို ထိကိုင်ခံစားခွင့် ရရှိနိုင်မည့် ပထမဆုံး 3D TV တစ်မျိုးအား စမ်းသပ်တီထွင်နေကြောင်း သိရသည်။ နည်းပညာသစ်ဖြင့် ဖန်တီးထားသည့် TV စနစ်အရ ရွေ့လျားနေသော ပေါလောမြောနေသည့် ပုံရိပ်များကို ကြည့်ရှုသူများက ထိတွေ့ခြင်း၊ ဖိညှစ်ခြင်းနှင့် ဆွဲဆန့်ခြင်းများ ပြုလုပ်နိုင်မည်ဟုဆိုသည်။

Monitor-detectorကင်မရာ (၆)ခုတို့က TVကြည့်သူ၏ လက်လှုပ်ရှားမှုကို ထောက်လှမ်းသိရှိပြီး လက်များက ပုံရိပ်ကို ထိသည့်အခါ လိုက်လျောညီထွေ တုံ့ပြန်ရန် လှုံ့ဆော်ပေးမည်ဖြစ်သည်။ ဂျပန်နိုင်ငံ အမျိုးသား အဆင့်မြင့် စက်မှုနည်းပညာ သိပ္ပံနှင့် နည်းပညာဌာန (AIST)က i3Spaceဟု အမည်ပေးထားသည့် ယင်းTVစနစ်အား အကောင်အထည်ဖော်ခဲ့ခြင်းဟု သိရသည်။ ဌာနမှ တာဝန်ရှိသူ တစ်ဦးက “စနစ်ဟာ အသုံးပြုသူရဲ့ အလေ့အထကို သိရှိသဘောပေါက်ပြီး နည်းပညာနဲ့ တုံ့ပြန်မှုပေးပါတယ်။ ပုံရိပ်တွေကို အာရုံခံ နည်းပညာအရ သင့်တော်တဲ့ ပုံစံမျိုး ရွေ့လျားအောင် တွန်းအားပေးထားပါတယ်”ဟု ရှင်းလင်းပြောကြားသွားသည်။




ပြီးခဲ့သည့် သီတင်းပါတ်က သရုပ်ပြမှုအရ ကမ္ဘာလုံးပုံ 3Dပုံရိပ်အား ခပ်ပျော့ပျော့ ရော်ဘာဘောလုံးသဖွယ် ညှစ်ပြခြင်း၊ Screenနှင့် ကန့်လန့်ဖြတ် ကျယ်ဝန်းအောင် ဆွဲဆန့်ပြခြင်းများ ပြုလုပ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ သုတေသီများက i3Spaceသည် ခွဲစိတ်ဆရာဝန်များ လက်တွေ့မခွဲစိတ်မီ လေ့ကျင့်မှုများ ပြုလုပ်ရာတွင် လက်တွေ့ဂိမ်းတစ်ခုသဖွယ် အသုံးဝင်မည်ဟု မျှော်လင့်ထားသည်။ တစ်နေ့နေ့တွင်မူ ယင်းTVသည် Star Trekရုပ်ရှင်များမှ Holodeckပုံစံ Reality TVတစ်မျိုး ဖြစ်လာမည်ဟုလည်း ပညာရှင်များက ယုံကြည်လျက်ရှိသည်။ AISTသည် စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဂျပန်၏ အကြီးမားဆုံး Game Developingညီလာခံဖြစ်သော CEDEC 2010တွင်လည်း ယင်းနည်းပညာနှင့် ပတ်သက်ပြီး Presentation ပြုလုပ်သွားမည်ဟု သိရှိရသည်။