WELCOME
Sunday, October 16, 2011
မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း
လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။
(၁)
အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!
(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။
ဖုန်းကိုချဖို့ပဲ မလောပါနဲ့)
(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!
(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)
(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)
(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)
(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)
(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)
(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။
(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )
တရုတ်တွင် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတား ဖွင့်လှစ်
AddThis Social Bookmark Button
w64009
တရုတ်နိုင်ငံ အရှေ့ဘက် စာန်းတောင်ပြည်နယ်၊ ကျင်တောင်တွင် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတားကို တရုတ်က စတင် ဖွင့်လှစ်ပေးခဲ့သည်။ အရှေ့ဘက်ကမ်းရိုးတန်းမြို့ ကျင်တောင်နှင့်ကျောင်ကျိုး ပင်လယ်အော်ရှိ ဆင်ခြေဖုံး ဟွမ်တောင်မြို့တို့ကို ချိတ်ဆက်ပေးမည့် ၂၆ ဒသမ ၄ မိုင် (၄၂ ဒသမ ၄ ကီလိုမီတာ) ရှည်လျားသော ယင်းတံတားသည် ကျင်တောင်မြို့လယ်မှ ဟွမ်တောင်မြို့ကို ခရီးကြာချိန် မိနစ် ၂၀ နှင့် သွားလာနိုင်မည် ဖြစ်သည်။
w64010
ဇွန်လ ၂၇ ရက်နေ့က တံတား တည်ဆောက်ရေးနှင့် ပတ်သက်သည့် စမ်းသပ်မှုများ ပြီးစီးသွားခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ယာဉ်များ သွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ တရုတ်၏ ပင်လယ်ကူးတံတားသည် လက်ရှိ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတား ဖြစ်သည့် အမေရိကန်၊ လူဝီစီးယားနားပြည်နယ်မှ Lake Pontchartrain Causeway ထက် ၄ ကီလိုမီတာ ပိုမို ရှည်လျားသည်။ တံတားတည်ဆောက်ရန် ဒေါ်လာ ၁ ဒသမ ၅၅ ဘီလျံ သုံးစွဲခဲ့ရပြီး လေးနှစ်ကြာ တည်ဆောက်ခဲ့ရကြောင်း တံတားကို တိုင်ပေါင်း ၅၂၀၀ ကျော်ဖြင့် တည်ဆောက်ထားကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ ထိုတံတားပေါ်တွင် တစ်ရက်လျှင် ကား ၃၀၀၀၀ ကျော် ဖြတ်သန်းသွားလာမည်ဟု မျှော်လင့်ထားကြပြီး ကျင်တောင်နှင့် ဟွမ်တောင်မြို့ကြား သွားလာချိန်ကို မိနစ် ၄၀ အထိ လျော့ချနိုင်မည် ဖြစ်သည်။
သို့သော်လည်း ဤတံတားသည် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး မှတ်တမ်းကို ကြာကြာ ကိုင်စွဲထားနိုင်မည် မဟုတ်ပေ။ တရုတ်သည် ကုန်ထုတ်လုပ်ရေး ဗဟိုချက် ကွမ်တုံကို မကာအို၊ ဟောင်ကောင် တို့ကို ချိတ်ဆက်မည့် ၃၁ ဒသမ ၁ မိုင်ရှည် တံတားတစ်စင်းကို ၂၀၀၉ ခုနှစ်က စတင် တည်ဆောက်နေပြီး ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်
GSM ဖုန်းများအား အင်တာနက် တပ်ဆင် အသုံးပြု
နေပြည်တော်နှင့် ရန်ကုန်ရှိ ကျပ် ၁၅ သိန်းတန်နှင့် ၅ သိန်းတန် GSM ဖုန်းများအား အင်တာနက် တပ်ဆင် အသုံးပြုခွင့်ကို ယနေ့မှစတင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန် ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
phone400“ရန်ကုန်နဲ့ နေပြည်တော် နှစ်မြို့မှာပဲ အင်တာနက် သုံးလို့ရမှာပါ။ GSM ဖုန်းမိတဲ့ နေရာတိုင်းမှာ သုံးခွင့်ပြုတာမျိုး မဟုတ်ပါဘူး” မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာတဦးက ပြောသည်။
ကျပ် ၅ သိန်းတန် GSM ဖုန်းများ ချထားပေးခွင့် လုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိထားသော ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၊ E-Lite ကုမ္ပဏီနှင့် Asia Mega Link ကုမ္ပဏီများကလည်း GSM ဖုန်းများတွင် အင်တာနက် တပ်ဆင်ပေးသော ၀န်ဆောင်မှုများ ယနေ့ စတင် လုပ်ဆောင်နေပြီဟု ပြောကြသည်။
“၅ သိန်းတန် GSM ဖုန်းကတ်တွေကိုတော့ ကုမ္ပဏီမှာပဲ ချက်ချင်း ကျပ် ၁ သောင်းသွင်းခိုင်းပြီး အင်တာနက်ကတ် ပြောင်းထုတ် ပေးလိုက်တယ်။ ၁၅ သိန်းတန် ဖုန်းတွေကတာ့ ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ သွားပြီး လျှောက်မှ အင်တာနက် တပ်လို့ရမယ်” ဟု ဗဟန်းမြို့နယ် ပုလဲကွန်ဒိုရှိ E-Lite ရုံးချုပ်မှ အကြီးတန်း ၀န်ထမ်းတဦးက ပြောသည်။
အင်တာနက် တပ်ဆင်ခအဖြစ် ကျပ် ၁ သောင်းပေးသွင်းရမည် ဖြစ်ပြီး အင်တာနက် အသုံးပြုခမှာ ၁ မိနစ်လျှင် ၄ ကျပ် ဖြစ်သည်။
GSM ဖုန်းများတွင် အင်တာနက် တပ်ဆင်အသုံးပြုခွင့် ပေးလိုက်သောကြောင့် အင်တာနက် အသုံးပြုနိုင်သည့် ဖုန်းဟန်းဆက် များ ဈေးကွက်တွင် အရောင်းအ၀ယ်ကောင်းမွန် လှုပ်ရှားလာမည်ဟု ရန်ကုန်မြို့ရှိ Mr. Fone ဟန်းဆက် အရောင်းဆိုင် ၀န်ထမ်းတဦးက ပြောသည်။
“အင်တာနက် သုံးနိုင်တဲ့ ဟန်းဆက်တွေ ၀ယ်အား ထိုးတက်လာမယ် ထင်ပါတယ်။ ကျပ် ၅ သိန်းတန် 800 MHz ဖုန်းတွေမှာ အင်တာနက် သုံးခွင့်ပေးလိုက်တုန်းကလည်း အင်တာနက်သုံးနိုင်တဲ့ Huawai C8500၊ C8600 လို ဖုန်းမျိုးတွေ ချက်ချင်း ဆိုသလို ၀ယ်တဲ့သူ အရမ်းများလို့ ပစ္စည်းပြတ်တဲ့အထိ ဖြစ်သွားတယ်” ဟု လူကြီးမင်း ဖုန်းဆိုင်ဝန်ထမ်းတဦးက ဆိုသည်။
ရန်ကုန်မြို့ခံ တချို့က GSM ဖုန်းများတွင် အင်တာနက် အသုံးပြုခွင့် ပေးလိုက်သည်ကို ကြိုဆိုကြသော်လည်း နေရာကန့်သတ်ချက်ရှိမှုအပေါ် သဘောမကျကြကြောင်း ပြောဆိုကြသည်။
“ဘာပဲပြောပြော အင်တာနက်ကို ထိတွေ့ခွင့်ပေးတာကို တော့ကြိုဆိုတယ်။ ဒါပေမယ့် နေပြည်တော်နဲ့ ရန်ကုန်ပဲ သုံးခွင့်ပေးတာကိုတော့ မကြိုက်ဘူး။ အကုန်လုံး သုံးခွင့်ပေးသင့်တယ်။ နိုင်ငံတကာမှာလိုပဲ ဈေးပေါပေါနဲ့ ဖုန်းသုံး နိုင်အောင် လုပ်ပေးသင့်တဲ့အပြင် မြို့ရော တောပါမကျန် အင်တာနက် သုံးနိုင်အောင် လုပ်ပေးသင့်တယ်” ဟု ရန်ကုန် အခြေစိုက် ဧည့်လမ်းညွှန် တဦးက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၁၀ ပြည့်နှစ်တွင် CDMA 800 MHz ဖုန်းများဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုခွင့် ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် ဖုန်းအလုံးရေ ၂ သန်းကျော်ရှိပြီး လာမည့် ၅ နှစ်အတွင်း GSM မိုဘိုင်းလ်ဖုန်း အလုံးပေါင်း သန်း ၃၀ ချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
မြတ်စွာဘုရားကို ဘာ့ကြောင့် ရှိခိုးရပါသလဲ။
Why do you pay homage to the Buddha?
ဒီမေးခွန်းလေးကို ဦးဇင်းအား နိုင်ငံခြားသားများရော ယဉ်ကျေးမှုသင်တဲ့အခါတိုင်းမှာရော လူငယ်တွေနဲ့ စကားထိုင်ပြောဖြစ်တဲ့အခါတိုင်းမှာရော မေးလေ့ကြရှိတဲ့ မေးခွန်းလေးပါ။ နိုင်ငံခြားသားတွေက သူတို့တန်ခိုးကြီးဘုရားတွေ သွားတဲ့ခါ ဗုဒ္ဓဘာသာများ မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ရှိခိုးနေတာတွေ့ရတော့ အဲဒါ ဘာလုပ်တာလဲ။ ဘာေ့ကြာင့် ဒူးထောက်အညံ့ခံ ရှိခိုးရတာလဲတဲ့။ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းမှာလည်း လူငယ်တွေက သေချာမသိတော့ ဘယ်လိုအာရုံပြုပြီး ရှိခိုးရမလဲတဲ့။ ဦးဇင်းရောက်တဲ့အရပ်မှာ ဦးဇင်းကိုခင်ပြီး ကျောင်းလာကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးများနဲ့ စကားပြောဖြစ်တဲ့အခါမှာလည်း သူတို့က ဘုရားကို ရှိခိုးတဲ့ခါ ဘာသာတစ်ခုနှင့်တစ်ခု ရှိခိုးတာခြင်း မတူသလို အာရုံပြုတာချင်းလည်း မတူလောက်ဘူးနော်တဲ့။ ဦးဇင်း အဲဒီမေးခံရတဲ့ မေးခွန်းတွေကို ဦးဇင်းတက်သိနားလည်သလောက် ဒီလို ဖြေပေးခဲ့ပါတယ်။
ဦးဇင်းတို့ မြတ်စွာဘုရားသည် ဦးဇင်းတို့ သတ္တ၀ါတွေအတွက် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး သူ့အတွက်မဟုတ်ဘဲ အများကောင်းကျိုးရဖို့ရန် သူများမလုပ်နိုင်သော ပါရမီများကို ဖြည့်ကျင့်ပြီး သဗ္ဗညုတဉာဏ်ရအောင် လုပ်ခဲ့ပါတယ်။ သူ့တစ်ယောက်တည်းအတွက်ဆို သုမေဓာရှင်ရသေ့ဘ၀တည်းက နိဗ္ဗာန်ကိုရပါလျက်နဲ့ နိဗ္ဗာန်ကို မသွားသေးဘဲ ဆင်းရဲပင်းပန်းခံကာ ပါရမီတွေကို ဖြည့်ကျင့်ပေးခဲ့တယ်။
နောက်ပြီး ဘုရားဖြစ်လာတဲ့အခါမှာလည်း တစ်ရက်ကို(၂၄)နာရီ ရှိရာ ဘုရားရှင်က (၂)နာရီပဲ အနားယူကျိန်းစက်ပြီး (၂၂)နာရီ အလုပ် လုပ်ပေးခဲ့ပါတယ်။ မိမိတို့ သတ္တ၀ါတွေ ကောင်းတာမကောင်းတာ ခွဲခြားတတ်ပြီး ပြုလုပ်ဆောင်ရွက်နိုင်အောင် ချမ်းသာသုခများရရှိအောင် လုပ်ပေးခဲ့တဲ့ ဘုရားရှင်ရဲ့ ကျေးဇူးများဟာ မိမိတို့အပေါ်မှာ များပြားလှတဲ့အတွက်ကြောင့် အဲဒီကျေးဇူးတွေကို အာရုံပြုပြီး ရှိခိုးဦးချသလို ဘုရားရှင် သည် မိမိတို့ထက် သီလ သမာဓိ ပညာအစရှိတဲ့ ဂုဏ်တော်တွေသည် မိမိတို့ထက် အများကြီးသာလွန်ပါတယ်။ ဘုရားရှင်ကို မိမိတို့ တုနိုင်တဲ့အရာ တစ်ခုမှမရှိပါဘူး။ အဲဒါကြောင့် မိမိတို့အပေါ်ရှိနေတဲ့ ကျေးဇူးတရားတွေ၊ မိမိတို့ထက် သာလွန်သောဂုဏ်အပေါင်းနှင့်ပြည့်စုံနေသော မြတ်စွာဘုရားရှင်ကို မိမိတို့က ရှိခိုးဦးချ ရိုသေလေးစားရခြင်း ဖြစ်ပါတယ်လို့ နိုင်ငံခြားသားများကို ဖြေရှင်းပေးခဲ့ပါတယ်။
ထို့အတူ တရားတော်များသည်လည်း မိမိတို့အား ကောင်းတာ မကောင်းတာကို ညွှန်ပြပေးခြင်းစတဲ့ ဂုဏ်ကျေးဇူးများရှိတာကြောင့် ရှိခိုးရတာပါ။ သံဃာတော်များသည်လည်း မိမိတို့အား မျက်မှောက်သံသရာ ကောင်းစားရေးများကို လမ်းညွှန်ဆုံးမပြောဆိုပေးတဲ့ ဂုဏ်ကျေးဇူးတွေရှိတာရယ်၊ မိမိတို့ မစောင့်ထိန်းနိုင်တဲ့ အကျင့်သီလများကို စောင့်ထိန်းလိုက်နာ ကျင့်သုံးနိုင်တာကြောင့်ရယ် လှူဒါန်းပူဇော် ရှိခိုးဦးချရခြင်းဖြစ်ပါတယ်။
တစ်ခါ မိဘဆရာသမားများသည်လည်း မိမိတို့အပေါ်၌ ကျေးဇူး တရားများပြားသောကြောင့်ရယ်၊ မိမိတို့အား အတက်ပညာ လူလိမ်မာလေးများဖြစ်အောင် ပြောဆိုဆုံးမသွန်သင်ပေးတာကြောင့်ရယ် ရှိခိုးဦးချ ရိုသေရခြင်းဖြစ်ပါတယ်လို့ ဖြေကြားပေးခဲ့ပါတယ်။
ဦးဇင်းလည်း ခု 5.6.2011 မှ သီရိလင်္ကာကို ပြန်ရောက်တာဆိုတော့ ဒီကရှေ့ အရင်မြန်မာပြည်နေစဉ် မေးထားတဲ့မေးခွန်းများကို ဖြေပေးပါတော့မယ်။ ခု ဦးဇင်းအမေးအဖြေလုပ်ထားတဲ့ ဦးဇင်းကိုယ်ပိုင်ဆိုဒ်မှာရော ကျန်တဲ့ဆိုဒ်တွေမှာရော တင်ထားတဲ့ အမေးအဖြေတွေကို မြန်မာပြည်ပြန်စဉ် စိတ်ဝင်စားတဲ့လူတွေက စာအုပ်ထုပ်ဝေကြပါတယ်။ Shade မန္တလေးထုတ်ဂျာနယ်ကလည်း ဦးဇင်းစာတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီလို ဦးဇင်းစာတွေကို အားပေးကြတာတွေ့ရတော့ ဦးဇင်းလည်း တော်တော်လေး ပီတိဖြစ်ခဲ့ရပါတယ်လေ။ အဲဒီလိုပီတိတွေ များများစားနိုင်ဖို့အတွက် ဒေါက်တာဘွဲ့တက်ရင်း ဆက်လက်ကြိုးစားသွားပါမယ်လို့ ဆန္ဒပြုလျက်…………..။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
သာသနတက္ကသီလဓမ္မာစရိယ
B.A (Buddhism)
M.A (Sri lanka)
sanninaymin@gmail.com
http://www.sanninaymin.com
၊ ဘ၀သစ်တွင် ပဋိသန္ဓေနေသောသူသည်
' ဘန္ဒေ နာဂသေန ၊ ဘ၀သစ်တွင် ပဋိသန္ဓေနေသောသူသည် ရှေးဘ၀က သူပင်လော ၊ သို့မဟုတ် အခြားသူလော''
'' မဟာရာဇ ၊ ရှေးဘ၀က သူလည်းမဟုတ် ၊ အခြားသူလည်းမဟုတ် ''
'' ဥပမာ ပြပါဦး ဘန္ဒေ ''
'' မဟာရာဇ ၊ သင်သည် ပက်လက်အိပ်သော ကလေးသူငယ်ဖြစ်ခဲ့၏ ၊ ယခုအခါ ကြီးလာသော သင်သည် ထိုခလေးသူငယ်ပင်လော ''
'' ဘန္ဒေ မဟုတ်ပါ ၊ ယခုအခါ ကြီးလာသော ငါက တခြားဖြစ်ပါ၏။ ''
'' မဟာရာဇ သို့ဖြစ်ပါလျှင် အမိ အဖ ဟူ၍လည်းကောင်း ဖြစ်နိုင်တော့မည်မဟုတ် ၊ ဆရာသမား ၊ သီလရှိသူ ၊ အတတ်အညာတတ်သူဟူ၍လည်း ဖြစ်နိုင်တော့မည်မဟုတ် ၊ မဟာရာဇ အသို့နည်း ၊ ဘ၀အစ ကလလ ရည်ကြည်
တည်စဉ်က အမိတစ်ယောက် ၊ အမြုပ်ဖြစ်စဉ်က အမိတစ်ယောက် ၊ သားတစ် အတုံးအခဲဖြစ်စဉ်က အမိတစ်ယောက် ၊ သုငယ်ဖြစ်စဉ်က အမိတစ်ယောက် ၊ ကြီးသောအခါ အမိတစ်ယောက်ဖြစ်ပြီး အတတ်ပညာသင်ကြားသူက တစ်ယောက် ၊အတတ်ပညာတတ်သူက တစ်ယောက်ဖြစ်မည်လော၊ အခြားတစ်ယောက်က မကောင်းမှုပြု၍ အခြားတစ်ယောက်က အပြစ်ဒဏ်ခံရမည်လော ''
'' ဘန္ဒေ ၊ ထိုသို့မဖြစ်နိုင်ပါ၊ အကယ်၍ အရှင့်အား တစ်စုံတစ်ယောက်က ဤမေးခွန်းကို မေးခဲ့ပါလျှင် အရှင်ဘယ်သိုဖြေမည်နည်း ''
'' မဟာရာဇ ငါသည် ပက်လက်အိပ် သော ကလေးသူငယ်ဖြစ်ခဲ့ပြီး ၊ ငါသည်ပင် ယခုအခါ ကြီးရင့်၏ ၊ ဤကိုယ်ကိုသာအမှီပြုပြီး ၊ ထိုအလုံးစုံသော သူငယ်အရွယ် စသည်တို့သည် တပေါင်းတစည်းတည်းဖြစ်ကုန်၏ ''
'' ဥပမာပြပါဦး ဘန္ဒေ ''
'' မဟာရာဇ တစုံတယောက်သည် ညဥ့်ဦးက မီးထွန်းထား၏ ၊ ထိုမီးသည် တညလုံးပင် ထွန်းလင်းတောက်ပနေရာ ညဥ့်ဦးယံက မီးသည် တခြားလော ၊ သန်ကောင်ယံက မီးသည် တခြားလော ၊ မိုးသောက်ယံမီးသည် တခြားလော ''
'' မဟုတ်ပါ ဘန္ဒေ ၊ ထိုညဥ့်ဦးယံမီးကိုသာ အမှီပြု၍ တညလုံးထွန်းလင်းနေပါ၏ ''
'' မဟာရာဇ ထိုအတူပင် တရားအစဉ်အဆက်သည် ရှေ့နောက် ဆက်စက်၏ ၊ အခြားတရားတပါး ဖြစ်ပေါ်လာ၏ ၊ အခြားတရားတစ်ပါး ချုပ်ငြိမ်း၏ ၊ မရှေးမနှောင်းတစ်ပြိုင်နက်ကဲ့သို့ ရှေ့နောက်ဆက်စပ်၏ ၊ ထိုသို့ တစ်ပြိုင်နက် ကဲ့သို့ဖြစ်၍ ချုပ်ပျက်ဆက်စပ်ခြင်းကြောင့် ထိုရှေးသူလည်းမဟုတ် ၊ အခြားသူလည်းမဟုတ် ၊ ရှေးဝိညာဏ်တွင် နောက်ဝိညာဉ် ပေါင်းဆုံခြင်းဖြစ်၏ ''
'' ဥပမာ ပြပါဦး ဘန္ဒေ ''
'' ညှစ်သောနိ့သည် ကြာလျှင် နိ့ဓမ်းဖြစ်၏ ၊ နို့ဓမ်းမှ ဆီဦး ၊ ဆီဦးမှ ၊ ထောပတ်ဖြစ်၏ ၊ ယင်းနို့ပင်လျှင် နိ့ဓမ်း၊ ထင်းနို့ဓမ်းပင်ဆီဦး ၊ယင်းဆီဦးပင် ထောပတ်ဟုပြောလျှင် မှန်မည်လော ''
'' မမှန်နိုင်ပါ ဘန္ဒေ ၊ ထိုနို့ကိုအမှီပြု၍သာ နို့ဓမ်း စသည် ဖြစ်ရပါ၏ ''
'' မဟာရာဇ ထို့အတူသာ ဆိုခဲ့သည့်အတိုင်း တရားအစဉ်အဆက် ရှေ့နောက် ဆက်စက်နေခြင်း ဖြစ်လေသည် ''
ဟယ်…တဏှာလက်သမား၊
ကျွန်ုပ်တို့သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဘုရားဖြစ်ဖြစ်ချင်း ဤသို့ ကျူးရင့် တော်မူလေသည်…………
  • အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊ 
     ဂဟကာရံ ဂဟေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
  • ဂဟကာရက ဒိဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
     သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ
၎င်း ဥဒါန်းစကားတော်၏ ဆိုလိုရင်းမှာ
“ငါ၏ ဘ၀ ခန္ဓာအမျိုးမျိုးကို တည်ဆောက်လာသော ဟယ်…………တဏှာလက်သမား၊ ငါသည် သင့်ကို အမှန်တကယ် မသိခဲ့သော ကြောင့် သင့်ကို ရှာဖွေရင်း ဘ၀များစွာသံသရာပတ်လုံး တပြောင်းပြန်ပြန် ကျင်လည် ပြေးသွားခဲ့ရတယ်။ ယခုမူ ငါသည် သင့်ကို တွေ့ပြီ။ ဤအချိန်က စပြီး သင်သည် ငါ့အတွက် ဘ၀ခန္ဓာအသစ် ထပ်မံဖြစ်အောင် လုပ်ခွင့်ရတော့မည် မဟုတ်။ ငါသည် သင့်ခန္ဓာအိမ်ရဲ့ အခြင်ရနယ်တွေကိုလဲ ဖျက်ချလိုက်ပြီ၊ အမိုးအစွန်း အထွတ် ကိုလဲ လှဲလိုက်ပြီ၊ ယခု ငါ့စိတ်သည် သင်၏နယ်ပယ်မှ လုံးဝကင်းလွတ်သော နိဗ္ဗာန်ကို မြင်နေပြီ၊ ငါရဲ့ စိတ်သည် သင်တဏှာရဲ့ နယ်မှ လွတ်ပြီ…..ကျွတ်ပြီ” ဟူ၍ အဓိပ္ပါယ်ရပါသည်။
ဗုဒ္ဓဟောကြား မြတ်တရား ရေးသားပူဇော်သည်။
** ကောင်းသောအရာကိုလုပ်ရန် ** ကောင်းသောစကားပြောရန်
လူ့လောကတွင် သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ရန်အတွက် ချွေးစက်ပေါင်းများစွာနှင့် ရင်းကြရတယ်။ သမာအာဇီဝနှင့် လုပ်ကိုင်စားသောက်သော လူများမှာ နှစ်ရှည်လပေါင်းများစွာ လုံ့လဝီရိယစိုက်ပြီး ကြိုးစားကြရပါတယ်။ တစ်ကိုယ်ကောင်းဆန်သူတွေမှာတော့ သူတစ်ပါးအသက် သတ်ဖြတ်၊ သူများပိုင်ပစ္စည်းကိုလိမ်ညာယူပြီး ချမ်းသာလာကြတယ်။
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ရန် ကြိုးစားရသော လူသည် လောဘ၊ မောဟ၊ ဒေါသ၊ ကိလေသာတို့နှင့်မဝေးပါဘူး။ ယနေ့ခေတ်ကြီးတွင် လူအချင်းချင်းစီးပွါးရေးအရ ဆက်ဆံရာမှာ လည်းဖြစ်လာရသော ဒေါသတို့၊ စိတ်မွန်းကျပ်မှုတို့သည် မိမိကိုယ်ကိုပြန်ဖိစီးနေပါတယ်။ ဒီလိုနှင့်ချမ်းသာလာကြသော သူဌေးကို ကိလေသာထဲက သူဌေးလို့မြင်နိုင်ပါတယ်။
လူတိုင်းတွင် အသက်ကြီးလာသည်နှင့်အမျှ ဘဝ၏ရင့်ကျက်မှု ရလာကြတယ်။ လေးနက်စွာတွေးခေါ်လာတတ်ကြတယ်။ ဘဝ၏အဓိပ္ပါယ်တစ်ခုရစေရန်မိမိတို့နေထိုင်ရာရှူတ်ထွေးပွေလီသော မြို့တော်မှ ခေတ္တခဏထွက်ပြီး အေးချမ်းတိတ်စိတ်သော နေရာတစ်နေရာ၌ ထိုင်ကာ မိမိကိုယ်ကိုပြန်လည်စမ်းစစ်ပြီး မိမိဘာကိုလိုသလဲ၊ ဘာဖြစ်ချင်လဲ အဖြေရှာကြည့်လျှင် နှလုံးသားမှ ငြိမ်းချမ်းမှုကို တောင်းဆိုပါလိမ့်မယ်။
ဗုဒ္ဓတရားတော် ဆုံးမစာများတွင် ကောင်းသောအရာကိုစဉ်းစား၊ ကောင်းသောအရာကိုလုပ်၊ ကောင်းသောစကားကိုပြောရန်ပါရှိပါတယ်။
** ကောင်းသောအရာကိုလုပ်ရန် - လူ့ဘဝသက်တန်းတစ်လျှောက်လုံးတွင် ကောင်းမှုကုသိုလ်များ လုပ်စရာတွေအများကြီး ရှိနေပါတယ်။
** ကောင်းသောစကားပြောရန် - မိမိ၏စကားတစ်ခွန်းသည် လူတစ်ဘက်သားကို မထိခိုက်စေရန်လို အပ်ပါတယ်။ နှစ်ဘက်စိတ်ချမ်းသာစေမဲ့စကား၊ အကျိုးရှိစေမဲ့စကားများသာ ပြောသင့်ပါတယ်။
ကောင်းသောအရာကိုစဉ်းစား၊ ကောင်းသောအရာကိုလုပ်၊ ကောင်းသောစကားကိုပြောခြင်းဖြင့် လူတစ်ယောက်နှင့်တစ်ယောက် ခွင့်လွှတ်တတ်ခြင်း၊ စာနာတတ်ခြင်း၊ လေးစားတတ်ခြင်း တို့ဖြစ်ပေါ်စေပါတယ်။ ဤသည် မိမိနှင့်မိသားစု အပါအဝင် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် လုံးကိုငြိမ်းချမ်းမှုဖြစ်စေပါတယ်။ ကောင်းသောအရာကိုစဉ်းစား၊ ကောင်းသောအရာကိုလုပ်၊ ကောင်းသောစကားကို ပြောခြင်းတို့သည် လောဘ၊ မောဟ၊မာန်မာနတို့အား လျှော့ချခြင်း၊ ကိလေသာနည်းခြင်းတို့နှင့် မိမိ၏ဦးနှောက်နှင့် စိတ်နှလုံးကိုကြည်လင်စေပါတယ်။ ပူပင်သောကကိုလျှော့နည်းစေ၍ ကျန်းမာရေးလည်းကောင်းပြီး အသက်ရှည်စေပါတယ်။
ကိလေသာနည်းလျှင် သတိဆိုသောအရာက မိမိ၏အရှက်နှင့်ဂုဏ်သိက္ခါတို့ကထိန်းသိမ်း စေတယ်။ ဟန်ဆောင်သောကမ္ဘာက မိမိထံမှထွက်သွားပြီး လေးနက်မှုရှိသော မိတ်ရင်းဆွေရင်းသာ ကျန်ခဲ့မည်။ ထိုသို့သောသူသည် သမာအာဇီဝနှင့် လုပ်ကိုင်စားသောက်ပြီး ဘဝ၏တန်ဘိုးရှိသော လမ်းကြောင်းပေါ်မှာ မှန်ကန်စွာလျှောက်သွားပါက ထိုသူသည် စိတ်ပိုင်းဆိုင်ရာ၊ လူပိုင်းဆိုင်ရာ ဖြူစင်သော သန်းကြွယ်သူဌေး တစ်ယောက်ဖြစ်မည်။
ငွေဟူသောအရာတစ်ခုတည်းက မိမိအား သန်းကြွယ်သူဌေးဖြစ်စေခြင်းမဟုတ်။ မိမိသည်သာလျှင် မှန်ကန်သောလမ်းကို ရှာဖွေ၍ ဖြူစင်ကြည်လင်သော စိတ်ဓါတ်တို့ကို မွေးမြူရမည်။ ထိုသို့ပြုကျင့်နိုင်ပါက သင်သည်လည်းဘဲ '' သန်းကြွယ်သူဌေး '' တစ်ယောက်ပင်တည်း။
ငါသာငါထက် မာန်မတက်နှင့်
အထက်နေမင်း
လေကျွန်းချဉ်းလည်း
မလင်းတိမ်တိုက်
တစ်ကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ
ဤအရာကို
ပညာရှိက သတိရလိ့မ်။
(ရှင်မဟာသီလဝံသ)
Saturday, October 15, 2011
ကြိုက်လား...တလက်ယူသွားလေ..
Modern Sniper Rifles Wallpapers
Guns Wallpaper for your desktop These wallpapers are for whose peoples who love Guns , Ammo nation , Bullets.These wallpapers are the best wallpapers for your desktop 
Modern Sniper Rifles Wallpapers | Guns Wallpapers
Modern Sniper Rifles Wallpapers | Guns Wallpapers
Modern Sniper Rifles Wallpapers | Guns Wallpapers
Modern Sniper Rifles Wallpapers | Guns Wallpapers
Modern Sniper Rifles Wallpapers | Guns Wallpapers
Modern Sniper Rifles Wallpapers | Guns Wallpapers
ကြိုက်လား...တလက်ယူသွားလေ
Best HD Guns Wallpapers For Desktop | Gun Wallpapers
Best HD Guns Wallpapers For Desktop | Gun Wallpapers
Best HD Guns Wallpapers For Desktop | Gun Wallpapers
Best HD Guns Wallpapers For Desktop | Gun Wallpapers
Best HD Guns Wallpapers For Desktop | Gun Wallpapers
Best HD Guns Wallpapers For Desktop | Gun Wallpapers
Best HD Guns Wallpapers For Desktop | Gun Wallpapers
Best HD Guns Wallpapers For Desktop | Gun Wallpapers