WELCOME

Tuesday, September 27, 2011

မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် တရားဝင်ပါဝင်မည်


 မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှစက်တင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။ ထွက်ရှိမည့်ရက်ကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ၂၀၁၂ ခုနှစ်တွင် ဖြန့်ချိရန် လျာထားသည့် Windows 8 ၏ Preview versionကို စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထွက်ရှိခဲ့သော Mac OS Lion ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် ပါဝင်လာခဲ့ပြီးနောက် ယခုအချိန်တွင်Windows 8ကွန်ပျူတာစနစ်တွင်ပါ မြန်မာစာစနစ် တရားဝင် ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် ပြည်တွင်း မှကွန်ပျူတာ သုံးစွဲသူအများစုမှာ Windows စနစ်ကို အများဆုံး အသုံးပြုနေသဖြင့် Windows 8 ကွန်ပျူ တာစနစ်၌ မြန်မာစာစနစ်တရားဝင် ပါဝင်လာခဲ့ခြင်းကြောင့် မြန်မာ ယူနီကုဒ် သုံးစွဲသူ အရေအတွက် ပိုမို ကျယ်ပြန့်လာနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

Blue Screen Error ဖြေရှင်းနည်း (၂ )

ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်….:)။

Windows ကို Update ဘယ်လိုပိတ်ရမလဲ

windows 7 off update
ဒါက windows7 အတွက် အောက်ပါအတိုင်း လိုက်လုပ်ပါ။
၁။ အရင်ဆုံး Control Panel ဝင်လိုက်ပါ ပြီးရင်
၂။ ညာဘက်က အပေါ်မှာ Category မှာ ကလစ်ပြီး Large icons ကို ကလစ်လိုက်ပါ ပြီးရင်

၃။ အောက်ဆုံးမှာကြည့်လိုက်ပါ Windows Update ဆိုတာကို ကလစ်လိုက်ပါ ပြီးရင်
၎။ ဘယ်ဘက်မှာပြန်ကြည့်ပါ Change settings ကိုကလစ်လိုက်ပါ ပြီးရင် Important updates ရဲ့အောက်နားက ဘားလေးကို Never check for updates (not recommended) ကို ရွေးပေးလိုက်ပါ ပြီးရင် OK ပေးလိုက်ပါ။

windows vistar off update
ဒါကတော့ windows vistar အတွက် အောက်ပါအတိုင်း လုပ်လိုက်ပါ။
၁။ အရင်ဆုံး Control Panal ဝင်လိုက်ပါ ပြီးရင်
၂။ ဘယ်ဘက် အပေါ်မှာ Control Panal Home ကိုကလစ်လိုက်ပါ ပြီးရင်
၃။ Security မှာ အောက်က Check for updates ကို ကလစ်လိုက်ပါ ပြီးရင် ဘယ်ဘက်မှာ Change settings ကိုကလစ်လိုက်ပါ ပြီးရင်
၅။ Never check for updates (not recommended) ကို ကလစ်လိုက်ပါ ပြီးရင် OK ကိုသာနိပ်လိုက်ပါ။


windows xp off update
ဒါကတော့ windows xp အတွက် အောက်ပါအတိုင်း လိုက်လုပ်ပါ။
၁။ အရင်ဆုံး Control Panel ကိုဝင်လိုက်ပါ ပြီးရင်
၂။ Control Panel ထည်းမှာ Security Center ကိုရှာ တွေ့ရင်ကလစ်လိုက်ပါ
၃။ ပေါ်လာမယ့် ဝင်းဒိုးမှာ အောက်မှာဆုံးမှာကြည့်လိုက်ပါ Automatic Updates ဆိုတာကို ကလစ်လိုက်ပါ
၎။ နောက်ထပ်ဝင်ဒိုးမှာ Turn off Automatic Updates. ကို ကလစ်ပေးပြီး OK ပေးလိုက်ရင်ရပါပြီး။

ကဲဗျာ ဒီလောက်ဆို အဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ် လိုက်လုပ်ကြည့်ပါ update ကွိုင် မှ ကင်းဝေးကြပါစေ။

Desktop icon and folder တွေမှာ ဇော်ဂျီဖောင့် မပေါ်လို့ (window 7)

အကိုရေကျွန်တော်စက်က၀င်းဒိုးကျသွားလို`့ပြန်တင်တာ window 7 ဖြစ်နေလို မြန်မာလို i con တွေမှာမပေါ်လို`့ ကူညီ ပါ။ လေးစားစွာဖြင်
window xp မှာတော့

Desktop >> properties >> appearance >> advance >> icon ကိုနှိပ်ပြီး fonts ကို zawgyi-one ပြောင်းပေးလိုက်ပါ။

window 7 မှာတော့
Desktop >> rightclick >> personlize >> window colour ကိုသွားပါ။
ပြီးလျှင် Advanced appearance setting >> item မှာ icon ကိုရွေးပေးပြီး အောက်က font မှာ Zawgyi-one ကိုရွေးပေးလိုက်ပါ။

ဒါဆိုရင်တော့ မြန်မာလို ရိုက်လို့ရသလို မြန်မာလိုလဲ မြင်ရမှာဖြစ်ပါတယ်။

Monday, September 26, 2011

ွှTeam Viewer မသုံးပဲ Team Viewer လိုပဲကြည့်ရအောင်

ကျနော်Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြုပုံလေး တင်ပြချင်ပါတယ်...Team viewer တို့လို အသုံးပြုနိုင်တဲ့ Tools လေးပါ.. မိမိစက်ကနေ အွန်လိုင်းမှတစ်ဆင့် တစ်ခြားတစ်ယောက်ရဲ့ ကွန်ပျူတာကို ၀င်ကြည့်တာတို့ လိုအပ်တာလေးတွေ လုပ်ပေးလို့ရတဲ့ Toolsလေးပါ...WINDOW TOOLS လေးတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် စိတ်ဝင်စားဖို့ကောင်းမှာပါ...အောက်မှာလုပ်ပုံ လုပ်နည်းလေးတွေ ကြည့်လိုက်ပါဦး.....
လုပ်နည်း

အကြည့်ခံရမည့်သူ လုပ်ဆောင်ရမည့်အပိုင်း

၁။ START >> WINDOW REMOTE ASSISTANCE လို့ရိုက်လိုက်ပါ....
၂။ BOX လေးတစ်ခု ကျလာပါလိမ့်မယ်...ကျလာတဲ့ BOX လေးထဲမှာ အနီရောင်ဝိုင်းပြထားတဲ့ ကောင်လေးကို CLICK နှိပ်ပြီးဝင်လိုက်ပါ..
၃။ ပုံမှာပြထားတဲ့ အတိုင်း အနီရောင်ဝိုင်းပြထားတဲ့ BOX လေးကိုနှိပ်ပြီး ရလာတဲ့ ဖိုင်လေးကို DESKTOP မှာ SAVE ထားလိုက်ပါ...
၎။ SAVE လိုက်တာနဲ့ PASSWORD ပေးတဲ့ BOX လေးပါ။ တစ်ခါတည်း ကျလာမှာဖြစ်ပါတယ်...(BOX ကိုမပိတ်လိုက်ပါနှင့်...)
၅။ ရလာသည့် FILE နဲ့ PSSWORD ကို ကြည့်မည့်သူ ဆီသို့ G-TALK မှတစ်ဆင့် ပို့ပေးလိုက်ပါ...

ကည့်မည့်သူအပိုင်း

၁။ ကြည့်ခံရမည့်သူ ပို့လာတဲ့ ဖိုင်ကိုဖွင့် ပြီး ပေးထားတဲ့ PASSWORD ကို BOX ထဲမှာ ထည့်လိုက်ပါ..
၂။ ကြည့်လို့ ပြုပြင်လို့ရသွားပါပြီ...

သူငယ်ချင်းအားလုံးပဲ အဆင်ပြေနားလည်မယ် လို့မျှော်လင့်ပါတယ်....

Dtac အကြောင်းတစ်စေ့တစ်စောင်း


ထိုင်းနိုင်ငံအတွင်း (သို့) ထိုင်းနယ်စပ်တွင် လူများအသုံးပြုနိုင်ရန်အတွက် ဖုန်းနံပါတ်ကဒ် ( Sim Card ) များကို ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချပေးနေသော Sim Card ကုမ္မဏီင်္ကြီး သုံးခုရှိသည်။ ၄င်းတို့မှာ Dtac, One 2 Call နှင့် Orange(Truemove)တို့ဖြစ်ပါသည်။ ၄င်း Sim Card များကို ထိုင်းနိုင်ငံရဲ့ နယ်စပ်များထဲမှ ထိုင်းနယ်စပ် မြန်မာတွင် တာချီလိတ်မြို့၊ မြ၀တီ နှင့် ထိုင်းနိုင်ငံနှင့်နီးသော နယ်စပ်မြို့များတွင်လည်းအသုံးပြုလို့ရပေသည်။ ၄င်း Sim Card တွေ၏တန်ဖိုးမှာ မြန်မာနိုင်ငံကလို ကျပ် သိန်း ၂၀ ကျော်လောက်တော့ မပေးရပါ။ ထိုင်း Sim Cardတစ်ခု၏ တန်ဖိုးသည် ထိုင်းငွေ ၄၉ဘတ်မှ ၂၅၀ဘတ်အထိသာရှိပါသည်။ကျပ်ငွေဖြင့်တွက်ရသော် ၁၅၀၀ကျပ်မှ ၈၅၀၀ ကျပ်အထိသာ။ လက်ထဲမှာ ထိုင်းငွေ ဘတ်500(သို့)မြန်မာငွေ 12000ကျပ်ကျော် လောက်ရှိရင်ဖြင့် အကောင်းစားမဟုတ်ရင်တောင်မှာ အပေါစားဖုန်းတစ်လုံးတော့ ကိုင်ဆောင်လို့ရပေမည်။ ထို့ကြောင့် ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် ပလပ်စတစ်ကောက်သမားကအစ ဖုန်းကိုင်ဆောင်နိုင်သည်မှာ ဧကန်အမှန်ဖြစ်ပေသည်။ စီးပွားရေးသမားတွေလည်း ထိုင်း Sim Card တွေရဲ့ စွမ်းဆောင်မှုကြောင့် အလွယ်တစ်ကူ အလုပ် လုပ်ကိုင်နိုင်ပေသည်။ ထိုင်းနိုင်ငံအတွင်း (သို့) ထိုင်းနယ်စပ်တွင် နေကြ၍ ထိုင်း Sim Card များကို အသုံးပြုသူများအတွက် Dtac, One 2 Call နှင့် Orange(Truemove)တို့တွင် Dtac အကြောင်းတစ်စေ့တစ်စောင်းကို တင်ပြအပ်ပေသည်။

*101*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်းတွင် အင်္ဂလိပ်ဘာသာဖြင့် ဖုန်းခေါ်ဆိုခ မည်မျှကျန်သည်ကို ဖော်ပြပေမည်။

*101# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်းတွင် ထိုင်းဘာသာဖြင့် ဖုန်းခေါ်ဆိုခ မည်မျှကျန်သည်ကို ဖော်ပြပေမည်။

*102*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်း၏ Simcardဖုန်းနံပါတ် ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*102# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်း၏ Simcardဖုန်းနံပါတ် ကို ထိုင်းဘာသာဖြင့် ဖော်ပြပေမည်။

*103*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်း၏ Promotion call ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*103# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်း၏ Promotion call ကို ထိုင်းဘာသာဖြင့် ဖော်ပြပေမည်။


*104*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် GPRS ဖွင့်ရန် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*104# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် GPRS ဖွင့်ရန် ထိုင်းဘာသာဖြင့် ဖော်ပြပေမည်။

*108*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် ယခင်လနှင့် ယခုလတွင် ဖုန်းခေါ်ဆိုခဲ့သော ကုန်ကျငွေစာရင်းကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*108# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် ယခင်လနှင့် ယခုလတွင် ဖုန်းခေါ်ဆိုခဲ့သော ကုန်ကျငွေစာရင်းကို ထိုင်းဘာသာဖြင့် ဖော်ပြပေမည်။

*110*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် ချီးငွေ ၃၀ဘတ်ကို ထုတ်ပေးပြီး ငွေချီးအခကို ၂ဘတ် ပေးဆောင်ရမည် ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*110# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် ချီးငွေ ၃၀ဘတ်ကို ထုတ်ပေးပြီး ငွေချီးအခကို ၂ဘတ် ပေးဆောင်ရမည် ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*112*0875833803*20*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်းထဲမှ ငွေကို တစ်ခြားတစ်ဦးကို လွဲလို့ပါက လွဲလို့ရနိုင်ပါသည် (အင်္ဂလိပ်ဘာသာ)

*112*0875833803*20# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်းထဲမှ ငွေကို တစ်ခြားတစ်ဦးကို လွဲလို့ပါက လွဲလို့ရနိုင်ပါသည် (ထိုင်းဘာသာ)

သတိပြုရန်။ ။ 112 ၏အနောက်တွင်ရှိသော ဖုန်းနံပါတ်၁၀လုံးမှာ လွှဲလို့သောသူ၏ ဖုန်းနံပါတ်ကို နိပ်ရပြီး နံပါတ်၁၀၏နောက်တွင် 20 ဆိုသောနေရာတွင် 20 မှ 200 အထိ လွှဲလို့ရပါသည်…။ ငွေလွှဲခကိုတော့ 2ဘတ်သာယူပါသည်။ Dtac တစ်ခုတည်းသာ။

*113*30*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်း၏သက်တမ်းသည် ရက်ပေါင်းသုံးဆယ်တိုးလာပါမည်။( အင်္ဂလိပ်ဘာသာ)

*113*30# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် မိမိဖုန်း၏သက်တမ်းသည် ရက်ပေါင်းသုံးဆယ်တိုးလာပါမည်။(ထိုင်းဘာသာ)

သတိပြုရန်။ ။ 113 ၏နောက်တွင် 30, 60, 90, 120, 150, တိုးလိုသော ဂဏန်းများကိုနိပ်ထည့်ပါက မိမိဖုန်းတွင်လိုချင်သော သက်တမ်းရပါမည်။

ရက်ပေါင်း 30 ဆယ် ကို ၀န်ဆောင်ခ 2ဘတ်ပေးဆောင်ရပါမည်။ တစ်လကို2ဘတ်ဖြစ်၍ ရက်ပေါင်း150 ဆိုရင် ၀န်ဆောင်ခ 10ဘတ်သာ။

*114*0875833803*9# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် တစ်ဖက်ဖုန်းတွင် ဖုန်းပြန်ဆက်လာပါရန်ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေမည်။

*114*0875833803# ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ရင်ဖြင့် တစ်ဖက်ဖုန်းတွင် ဖုန်းပြန်ဆက်လာပါရန်ကို ထိုင်းဘာသာဖြင့် ဖော်ပြပေမည်။

သတိပြုရန်။ ။ 114၏ နောက်တွင် ဖုန်းနံပါတ်ဆယ်လုံးသည် ဖုန်းပြန်ဆက်လာစေလိုသော ဖုန်းနံပါတ်ကို နိပ်ပါလေ။ ၀န်ဆောင်ခကို ပေးဆောင်စရာမလိုပါ။


Update.............

*77 ကိုဖုန်းတွင် နိပ်ထည့်၍ call လိုက်ပြီး တစ်ဖက်က ပြောသော စကားများကိုနားထောင်၍ ပြောသည့်အတိုင်း နံပါတ် (၁) ကိုဆက်၍နိပ်လိုက်ရင်ဖြင့် မိမိဖုန်းပိတ်ထားနေစဉ်အတွင်း တစ်ဖက်လူမှ ဖုန်းခေါ်ထားကြောင်းကို Messages ပို့ပေးလာပါလိမ့်မည်။ ( free Service )

တစ်ဖက်လူကဖုန်းခေါ်သောအခါ သီချင်းသံကြားရပါမယ် အဲ့ဒီလိုလုပ်ဖို့အတွက် *7001 ကိုနိပ်၍ call လိုက်ရင် Dtac မှ မြန်မာလိုရှင်းပြတာကိုနားထောင်း၍ ပြောသည့်အတိုင်းလိုက်နိပ်လိုက်ပါ။


မှတ်ချက်။ ။ ထိုင်းနိုင်ငံ (သို့) ထိုင်းနယ်စပ် တွင် နေကြ၍ ထိုင်းဖုန်းနံပါတ်ကတ် (Dtac)ကို အသုံးပြုသူများအတွက်ရည်ရွယ်ပါသည်။

Format & Restore Nokia Phone (Nokia ဖုန်းကို မြန်စေခြင်း)

Nokia ဖုန်းကို အသုံးပြုသာ ကြာသွားတဲ့အခါမှာ Menu သို့မဟုတ် Applications တွေကို ၀င်တဲ့အခါမှာ စက်ကဟမ်းသွားသလိုလို ဒါမှမဟုတ် တစ်ခုကိုသွားချင်ရင် စောင့်ရတာမျိုးတွေကို ကြုံရတတ်ပါတယ်၊ အဲ့ဒီလို ကြုံရတာမျိုးတွေက ရေထဲကို ဖုန်းပြုတ်ကျသွားတာမျိုး(သို့) ဖုန်းထဲရေ၀င်သွားတာမျိုး၊ Applications တွေ ထည့်တာများတာမျိုးတွေကြောင့် ဖြစ်တတ်ပါတယ်၊ မိမိအသုံးပြုနေတဲ့ ဖုန်းက ဟမ်းသွားတာမျိုးတို့ နှေးတာတို့ ခလုတ်တွေနိပ်ရတာ အဆင်မပြေတာမျိုးတွေကို မြန်ဆန်သွားအောင်လုပ်လို့ရပါတယ်၊ နည်းလမ်းကတော့ Format ချလိုက်ခြင်းပါပဲ။

အဲ့ဒီလို Format ချလိုက်ခြင်းဖြင့် ဖုန်းထဲမှာ ရှိသမျှ Applications တွေအကုန် ကုန်သွားပါမယ်၊ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေပျောက်သွားပါလိမ့်မယ်၊ Applications တွေ ပျောက်သွားတာကတော့ စိုးရိမ်စရာမရှိပါဘူး၊ အင်တာနက်မှ FreeDownload လုပ်ယူလို့ရနေလို့ပါပဲ၊ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေကိုတော့ ဖုန်းကနေ Simcard ကို ပြောင်းပြီး Save ထားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်၊

Restore လုပ်ခြင်း
Nokia ဖုန်းတွေထဲက Setting မှာ ၀င်ရောက်ကလိလိုက်တဲ့အခါ တစ်ခုခုဖြစ်သွားတာမျိုးတွေပေါ့၊ ဥပမာ အ၀င်Call၊ အထွက်Call တွေ ဖုန်းလိုင်းလွှဲလိုက်တာမျိုးတွေ ဘာမှမသိကလိသွားမိတာမျိုးတွေပေါ့ အဲ့ဒီလိုမျိုး ဖြစ်သွားလို့ ပြန်မလုပ်တတ်တဲ့အခါမှာ ဖုန်းကို Restore လုပ်လိုက်ရင် Setting တွေက Original အတိုင်းဖြစ်သွားပါလိမ့်မယ်။ ဒီနည်းလမ်းက Setting တွေကိုပဲ ပကတိအတိုင်းထားပေးတဲ့နည်းပါ၊ အဲ့ဒီလိုလုပ်ချင်ရင် နှစ်နည်းရှိပါတယ်

Code ကိုအသုံးပြုပြီး လုပ်မယ်ဆိုရင် *#7780# နိပ်ပြီး Call လိုက်ပါ အဲ့ဒီအခါ Password တောင်းလာရင် 12345 ဆိုပြီးနိပ်ပေးလိုက်ပါ
(Restore သို့မဟုတ် Format ချတဲ့အခါ Password ကို 12345 ထည့်ပေးရပါတယ်)

Code မသုံးပဲ လုပ်မယ်ဆိုရင် Setting ထဲက factory settings ကိုနိပ်ပြီး Password ကို 12345 ထည့်ပေးလိုက်ရင် ရပါပြီ၊ ဖုန်းက Restart ကျသွားပြီး ပြန်ဖွင့်လာတဲ့အခါ အိုကေသွားပါလိမ့်မယ်။


Format ချခြင်း
မိမိသုံးနေတဲ့ ဖုန်းကို ဘာကြောင့် format ချရသလိုဆိုတာ အထက်မှာရေးခဲ့ပါပြီ၊ ဖုန်းအသစ်ကိုလည်း မ၀ယ်ချင်ဘူး၊ လေးနေနှေးနေတဲ့ ဖုန်းလေးကိုပဲ မြန်အောင်လုပ်ပြီး သုံးချင်ရင်ပေါ့၊ ဒီလိုFormat ချလိုက်ခြင်းဟာ မိမိကိုယ်တိုင် ထည့်သွင်းထားတဲ့ Applications တွေပျောက်မယ်၊ ဖုန်းနံပါတ်တွေပျောက်မယ်၊ ဖုန်းထဲမှာထည့်ထားတဲ့ Data တွေပျောက်မယ်၊ သို့ပေမဲ့ ဖုန်းနဲ့တွဲသုံးတဲ့ Memory card ထဲက data တွေတော့ ပျောက်သွားမှာ မဟုတ်ပါဘူး၊ ဖုန်းထဲက data တွေပဲ ပျောက်သွားမှာဖြစ်ပါတယ်၊

*#7370# ကို နိပ်လိုက်ပါ၊ Password တောင်းလာရင် 12345 ကိုထည့်ပေးလိုက်ပါ

မှတ်ချက်
သင့်ရဲ့ ဖုန်းကို မြန်စေချင်တယ်ဆိုမှ Post ထဲက အတိုင်းလုပ်ပါ၊ Nokia တစ်မျိုးတည်းအတွက်သာ။

History Brush Tool ဖြင့် အရောင်ခွဲထုတ်ခြင်း


ကျနော်အနေနဲ့ အရင်ဆုံး Photoshop Program ကို ဖွင့်လိုက်ပြီး ကျနော်လိုချင်တဲ့ ဓါတ်ပုံကို Open ယူလိုက်ပါတယ်၊

{ကျနော်အနေနဲ့ ဒီနေကြာပန်းပုံလေးကို ရွေးထားလိုက်ပါတယ်}

အောက်ပါပုံအတိုင်း ပွင့်သွားပြီဆိုတော့ အရောင်ခွဲဖို့ကျန်ပါတယ် အရင်ဆုံးအရောင်မခွဲခင် အခုရှိနေတဲ့ ပုံကို အဖြုအမဲဖြစ်အောင် လုပ်ရပါတယ်


အလွယ်ကူဆုံးနည်းအနေနဲ့ Ctrl+Shift+U ကို တွဲနိပ်ပေးလိုက်မယ်ဆိုရင် အောက်မှာပြထားတဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်...

{အဖြူအမဲ လိုချင်ရင်လည်း ထိုနည်းအတိုင်းလုပ်ယူလို့ရနိုင်ပါတယ်}

အဖြူအမဲပုံဖြစ်လာပြီဆိုရင် အရောင်ခွဲဖို့ပဲကျန်ပါတော့တယ် အဲ့ဒီအတွက် History Brush Tool  ကိုသုံးရပါတယ် အောက်ပါ ပုံကို ကြည့်နိုင်ပါ၏။


History Brush Tool ကိုရွေးပြီးတော့ ပုံထဲက မိမိလိုချင်တဲ့ နေရာကို လိုက်၍ ပွတ်ပေးလိုက်ရုံပါပဲ၊

History Brush Tool သုံးပြီး မိမိလိုချင်တဲ့နေရာကို Bursh နဲ့ လုပ်ပြီးပွတ်ပေးလိုက်တာနဲ့တင် အဖြူအမဲထဲကမှ အရောင်နဲ့ထွက်လာပါတယ်၊


{အထက်ပါနည်းအတိုင်း လုပ်လိုက်တဲ့ အခုလိုပုံရလာပါတယ်}

တစ်ကယ်တော့ History Brush Tool သုံးပြီး လုပ်တာ အဆင့်နှစ်ခုပဲရှိပါတယ် ပထမက- Ctrl+Shift+U ကို တွဲနိပ်ပေးတာနဲ့ ဒုတိယက History Brush Tool သုံးတာ အဲ့ဒါပဲ ရှိပါတယ်၊ စမ်းကြည့်ပါ အလွယ်ကူဆုံး ပြထားပါ၏


{Blogger Day တုန်းက ပြည်က ရွှေဆံတော်ဘုရားမှာရိုက်ခဲ့တဲ့ပုံတစ်ချို့ကို အထက်ပါနည်းအတိုင်းပြုပြင်ထားပုံ}
Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Friday, September 23, 2011

ကဲဗျာ Google+ တဲ့လေ

Facebook ကိုများ အလဲထိုးဖို့ ကြံသလား အောက်မေ့ရပါတယ်။ Google+
ထွက်ရှိလို့လာပါပြီ။ ထူးခြားတာကတော့ စကားလုံးအသစ်အဆန်းတွေနဲ့
ဆွဲဆောင်ထားတာပါပဲ။ Circle, Spark, Hangout စသည်ဖြင့် အသစ်တွေကိုသာ
သုံးထားပါတယ်။ ဒါပေမဲ့ လုပ်ဆောင်ပုံသဘောတရားကတော့ FB နဲ့ ခပ်ဆင်ဆင်ပါပဲ။
လောလောဆယ်တော့ Limited ကာလမို့ invite လုပ်မှဘဲ အသုံးပြုနိုင်မှာပါ။ ကဲ
ကြည့်ကြရအောင်။

လိပ်စာကတော့ plus.google.com ဖြစ်ပါတယ်။ Google+ သုံးဖို့အတွက် Google က
Profile မှာPhoto, Birthday, School စသည်တို့ကို ဖြည့်စွက်ခိုင်းပါတယ်။
ဖြည့်စွက်ပြီး နောက်တစ်ဆင့်မှာဆိုရင် Google+ ရဲ့ Homepage ပေါ်လာပါပြီ။
Stream ဆိုတာကို ထင်ထင်ရှားရှား မြင်ရပါလိမ့်မယ်။
ကိုယ်တင်တဲ့စာတွေ၊ပုံတွေ သူငယ်ချင်းတွေတင်တဲ့
စာတွေ၊ပုံတွေ၊ဗီဒီယိုတွေအားလုံး
ကို သူက Stream ဆိုပြီး ခေါ်ဆိုလိုက်ပါတယ်။
Stream ဆိုတဲ့ textbox ထဲမှာ ကိုယ် Share ပေးချင်တာတွေကို
ရိုက်ထည့်ပေးရမှာပါ။ ပြီးရင် Share ကို နှိပ်ရုံပါပဲ။ ဒါပေမဲ့ Share
လုပ်တဲ့အခါမှာ သူက Stream ကို ဘယ် Circle ထဲ ထည့်မှာလဲဆိုတာ
မေးပါလိမ့်မယ်။ အဲဒီအချိန်မှာ Circle ကို ရွေးပေးရမှာပါ။

Google+ ရဲ့ Circle ဆိုတာကိုတော့ စာရေးသူက အသိုင်းအ၀ိုင်း လို့ပဲ
ဘာသာပြန်ချင်ပါတယ်။ ကိုယ့်အသိုင်းအ၀ိုင်းမှာဆိုရင်
မိသားစုအသိုင်းအ၀ိုင်း၊ သူငယ်ချင်း၊ အွန်လိုင်းမိတ်ဆွေ စသည်ဖြင့်
ရှိကြမှာ ဖြစ်သလို Google+ မှာလည်း Friend Circel, Family Circle,
Acquaintance Circle နဲ့ Following Circle ဆိုပြီး ပါဝင်လာပါတယ်


Friend Circle နဲ့ Family Circle ကတော့ ထွေထွေထူးထူးမရှိပေမဲ့
Acquanintance Circle ထဲမှာတော့ မြင်ဖူးတွေ့ဖူးရုံ လောက်ပဲရှိပြီး
သိပ်မရင်းနှီးတဲ့သူတွေကို ထည့်သွင်းပေးရမှာပါ။ Following Circle
ထဲမှာတော့ ကိုယ်နဲ့လည်းမသိဘူး၊ သူရေးတာလေးတွေ တင်တာလေးတွေကို
ကိုယ်သဘောကျတဲ့သူတွေကို ထည့်သွင်းဖို့ ဖြစ်ပါတယ်တဲ့။
Stream ကို Share လုပ်တဲ့အခါမှာ Circle ကို ရွေးပေးရမှာမို့ ကိုယ် Share
လုပ်တာတွေက သက်ဆိုင်ရာ Circle ထဲမှာရှိတဲ့ လူတွေဆီပဲ ရောက်သွားမှာပါ။ ဒါက
FB နဲ့ ကွာသွားတဲ့ အချက်ပါ။ FB မှာ share လုပ်ရင် အသိအားလုံးဆီ
ရောက်သွားပေမဲ့ Google+ ကတော့ အဲဒီလိုမဟုတ်တော့ပါဘူး။



Stream တစ်ခုကို FB မှာလိုမျိုး Like လုပ်လို့ရဖို့အတွက် +1 ဆိုပြီး
ပါဝင်လာပါတယ်။ Google +1 = FB Like ပါပဲ။ FB ထက်ပိုကောင်းသွားတာက ကိုယ့်
Stream ကို Comment ပေးမရအောင်၊ Reshare လုပ်မရအောင် Disable
လုပ်နိုင်တာပါပဲ။
Google က လူမှုကွန်ရက် နဲ့ ပတ်သက်ပြီး စီမံကိန်းအသစ်တစ်ခုကို ပြီးခဲ့တဲ့ အပတ်က ကြေငြာခဲ့ပါတယ်။ အဲဒီ စီမံကိန်းက တော်တော်လေး ရည်မှန်းချက်ကြီးပါတယ်။ အဲဒါကတော့Google+ (Google Plus) ဆိုတဲ့ ၀န် ဆောင်မှု အသစ်တစ်ခုပဲ ဖြစ်ပြီး လောလောဆယ်မှာတော့ ရုံးတွင်း စမ်းသပ် ဆဲအဆင့်သာ ရှိပါသေးတယ်။ အခု ကျနော်တို့စောင့်ကြည့်ရမှာကတော့ အားလုံးက စိတ်ဝင်စားနေကြတဲ့ Facebook, Twitter စတဲ့ လူမှုကွန်ရက် ၀န်ဆောင်မှုတွေကို အလဲထိုးနိုင်မှာလားဆိုတဲ့ ခန့်မှန်းချက်တွေကိုပါ တင်ဆက်ပေးလိုက်ပါတယ်။

Google+ဆိုတာ ဘာလဲ

အဓိကအားဖြင့် Google+ ဆိုတာကတော့ Mobile နဲ့ Web ပေါ်က လူမှုကွန်ရက်ကို ပြန်လည်ဆန်းသစ်မှု တစ်ခုပဲ ဖြစ်ပါတယ်။ Google+ ကို အဓိက မျှဝေခြင်းအပေါ် အခြေခံထားတာဖြစ်ပြီး Website Link တွေ ဓါတ်ပုံတွေသာမက ဗွီဒီယိုတွေ သတင်းအချက်အလက်ပေါင်းစုံအထိ ဝေမျှနိုင်ဖို့ရည်ရွယ်ထားပါတယ်။ Google ရဲ့ Senior Vice President of Engineering – Vic Gundotra အဆိုအရ google+ ရဲ့Sharing ပုံစံက တကယ့် အပြင်မှာလိုပဲဖြစ်အောင် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ လူတွေဟာ သတင်းအချက်အလက်တွေကို မျှဝေခြင်း လုပ်ချင်တဲ့အခါမှာ လူတိုင်းနဲ့တပုံစံတည်း မျှဝေချင်ကြတာမဟုတ်ပဲ ကိုယ့်သူငယ်ချင်းတစ်ယောက် ချင်း၊ ဒါမှမဟုတ် အုပ်စုလိုက်ပေါ် မူတည်ပြီး မျှဝေချင်ကြမှာပါ။ Google+ ကို စတင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ဘ၀ထဲက လူတွေနဲ့ ပိုကောင်းတဲ့နည်းလမ်းတွေသုံးပြီး ချိတ်ဆက်နိုင်ဖို့ပါပဲ”လို့ ပြောသွားပါတယ်။

Google + ထဲမှာ ဘာတွေပါလဲ

Google + က တကယ်တမ်းတော့ ၀န်ဆောင်မှု အသေးလေးတွေ စုပေါင်းထားတာဖြစ်ပြီး လောလောဆယ်မှာ တော့ အဓိက ၀န်ဆောင်မှု လေးခုရှိပါတယ်။ သင့်ရဲ့ Google Account ထဲမှာ Gmail, Reader, office စတဲ့ ၀န်ဆောင်မှုလေးတွေ စုပေါင်းထားသလိုမျိုးပေါ့။ Google+ ရဲ့ အဓိက ၀န်ဆောင်မှု လေးခုက Circles, Stream (Home), Hangouts နဲ့ Sparks တို့ပါပဲ။ ဒါပေမယ့် သင် ဘာမှ မလုပ်နိုင်ခင်မှာပဲ အရမ်းကို အသေးစိတ်ကျတဲ့ Profile တစ်ခုကို ဖြည့်ရပါတယ်။ အဲဒီမှာတင် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို Google က အလေးထား ကြောင်း ပြသထားပါတယ်။ သင်ဘာပဲဖြည့်ဖြည့် အကွက်တိုင်းရဲ့ဘေးမှာ ဘယ်သူတွေနဲ့ Share မလဲ ဆိုတာ ရွေးချယ်ပေးလို့ရပါတယ်။ သင့်မှာ Google Account ရှိပြီးသား ဖြစ်ခဲ့ရင် အဲဒီထဲက information တွေကို လွှဲ ပေးလိုက်လို့ရပါတယ်။ ပြီးတော့ Profile ကို ရုံးသုံးနဲ့ ကိုယ်ရေးကိုယ်တာဆိုပြီး ခွဲထားလို့ရပြီး Profile တွေထဲကို Google Map စတဲ့ အခြား Google ရဲ့ ၀န်ဆောင်မှုတွေထဲက အချက်အလက် (data) တွေကို ပေါင်းထည့်ပေး လို့ ရပါသေးတယ်။

Circles
Google + ကို သုံးဖို့အတွက် သင်က Circle လို့ခေါ်တဲ့ အုပ်စုလေးတွေကို သတ်မှတ်ပေးရပါမယ်။ Friend, Family, Acquaintances နဲ့ Following ဆိုပြီး Circle လေးခုကို ကြိုတင်လုပ်ထားပေမယ့် သင်ကြိုက်သ လောက်ထပ်လုပ်နိုင်ပြီ။ Circle တွေမှာ လူအကန့်အသတ်မရှိပါဘူး။ ကျန်တဲ့ Circle သုံးခုက ရှင်းပေမယ့် Following ဆိုတဲ့ Circle ကတော့ သင်သူတို့နဲ့ တိုက်ရိုက် မဆက်ဆံချင်ပေမယ့် သူတို့ဘာတွေလုပ်နေလဲ ဆို တာကို သိချင်တဲ့သူတွေအတွက်ပါပဲ။ Circle က Facebook ရဲ့ အဓိကပြဿနာကြီးဖြစ်တဲ့ သူငယ်ချင်းတွေကို ဘယ်လိုမှ ခွဲခြားလို့မရဘဲ အုပ်စုကြီးတစ်ခုထဲ ပေါင်းထည့်ထားတာကို ဖြေရှင်းထားပုံ ပေါ်ပါတယ်။ သူငယ်ချင်း တွေကို Circle ထဲ ထည့်ရတာ အရမ်းလွယ်ပြီး နာမည်ရိုက်ထည့်၊ ဒါမှမဟုတ် သူတို့ပုံကို Circle ထဲ ဆွဲထည့် လိုက်ရုံနဲ့ပြီးပါတယ်။ ဒါပေမယ့် အခု စမ်းသပ်ဆဲကာလမှတော့ ပြဿနာတွေအများကြီး ရှိပါသေးတယ်။ အီးမေလ်တွေအများကြီးရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို Drag ဆွဲထည့်လိုက်တာ ချက်ချင်းအလုပ်မလုပ်ပါဘူး၊ နောက်ပြီး Circle တွေက တစ်ယောက်ချင်းစီ သီးသန့်ရှိရမှာဖြစ်ပေမယ့် အခု Circle တွေက သွားသွားပူးပြီး ပြဿနာတွေ တက်တက်လာပါတယ်။ ဒါပေမယ့် Google + က ရုံးတွင်းစမ်းသပ်ဆဲ ကာလမှာသာ ရှိသေးလို့ အပြစ်ပြောလို့မရဘဲ စောင့်ကြည်ရပါဦးမယ်။

Stream

Stream က Facebook ရဲ့ Wall လိုပဲဖြစ်ပြီး သင့်ရဲ့ comment တွေ၊ ဓါတ်ပုံတွေ အဓိက share တဲ့ နေရာပါပဲ၊ ဒါပေမယ့် သူက facebook wall ထက် အလုပ်ပိုများပြီး comment တွေသာမက ဖိတ်စာတွေ တခြား ၀န် ဆောင်မှုတွေက အကြောင်းကြားစာတွေ တခြား Google + Service နှစ်ခုဖြစ်တဲ့ Hangout နဲ့ Mobile တို့က အချက်အလက်တွေကိုပါ ဖော်ပြပေးထားမှာပါ။ Wall နဲ့မတူတာက stream မှာ version တွေ အများကြီးရှိပြီး သင်သိချင်တဲ့ အချက်အလက်တွေကို အလွယ်တကူပဲ ရွေးချယ်နိုင်ပြီး ၀င်လာတဲ့ သတင်းတွေကိုလည်း ကန့်သတ်ထားလို့ ရပါတယ်။ ဥပမာ – ကိုယ့်ရဲ့ Circle တစ်ခုချင်းစီရဲ့ Stream တွေကြည့်မလား၊ အလုပ်နဲ့ဆိုင် တဲ့ Stream တွေပဲ ကြည့်မလားဆိုပြီး ရွေးချယ်လို့ရပါတယ်။ Google + ရဲ့ Home က Stream ပဲဖြစ်လို့ သူ့ မှာ သီးသန့် Icon မရှိပါဘူး။ Stream က လောလောဆယ်မှာတော့ Feature တွေ မစုံလင်သေးဘဲ comment တွေ ကလည်း နေရာအရမ်းယူလို့ အရမ်းများလာရင် မျက်စိရှုပ်သွားပါတယ်။

Hangouts

Hangouts ဆိုတာကတော့ Google ရဲ့ Voice Chat ကို သုံးပြီး အုပ်စုလိုက် Chat ကြတာဖြစ်ပြီး facebook သုံး ပြီး အုပ်စုလိုက် Chat ကြတာဖြစ်ပြီး Facebook သုံးတဲ့သူတွေကို ဆွဲဆောင်နိုင်မယ့် အဓိက feature တစ်ခု ဖြစ် လာနိုင်ပါတယ်။ Google ရဲ့ အဆိုအရ ဘယ်သူမဆို Hangout ကို သုံးလို့ရပြီး ဖွင့်လိုက်တာနဲ့ Stream ထဲမှာ ပေါ်လာမှာပါ။ လူ ၁၀ ယောက်အထိ တပြိုင်တည်း chat လို့ရပြီး ဗွီဒီယို အရည်အသွေးကတော့ connection ပေါ်မူတည်ပါလိမ့်မယ်။ ဒါပေမယ့်သူက အသံကို ဦးစားပေးထားတာကြောင့် ရုပ်ကိုကောင်းကောင်း မမြင်နိုင်ရင် တောင်မှ အသံကိုတော့ ကောင်းကောင်းကြားရပါလိမ့်မယ်။ နောက်ပြီး အုပ်စုလိုက် chat တဲ့ feature တွေ ထပ် ထည့်ပေးမယ်လို့ ဆိုထားပြီး Hangout ကို Google က တော်တော်လေး မျှော်လင့်ထားပါတယ်။

Sparks

သင်စိတ်ဝင်စားတဲ့ အကြောင်းအရာခေါင်းစဉ်တခုခုမှာ ထူးခြားပြီဆိုတာနဲ့ သင့်ကို အကြောင်းကြားမှာပါ။ ဥပမာ – ရုပ်ရှင်တစ်ခု၊ ဂိမ်းတခုအကြောင်းပဲဖြစ်ဖြစ်၊ သတင်းစာခေါင်းစဉ်တစ်ခုပဲဖြစ်ဖြစ် web ပေါ်မှာ သတင်းသစ်တွေ ရှိလာပြီဆိုတာနဲ့သင့်ကို အနှောင့်အယှက်မဖြစ်စေတဲ့ ပုံစံနဲ့အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ သူကြိုတင် သတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်တွေ (ဥပမာ – car, comic)တွေရှိသလို ကိုယ့်စိတ်ကြိုက် ထပ်ထည့်ပေးလို့ ရပါ တယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အဲဒါက google alert လောက်တောင် သုံးလို့ မကောင်းသေးပါဘူး၊ တကယ်တော့ သူက spark ကို အရမ်းအဆင့်မြှင့်တဲ့ google search နဲ့ တွဲပေးလိုက်သင့်ပါတယ်။ ဒါပေမယ့် လည်း ဒါက အခုမှ အစပဲရှိသေးတာဆိုတော့ မျှော်လင့်ချက် ရှိပါသေးတယ်။

Google + Mobile and Photo

Google + App လက်ရှိ Mobile OS တွေ အားလုံးအတွက် ထွက်လာမှာဖြစ်ပြီး လောလောဆယ်မှာတော့ Android Version ပဲရပါသေးတယ်။ Google + App ကို သုံးပြီး ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကို upload လုပ်ရင် ချက်ချင်းကြီး Share လုပ်ရမှာ မဟုတ်သေးပဲ သင့်ရဲ့ ကိုယ်ပိုင်သိမ်းစရာနေရာထဲကို ရောက်သွားမှာပါ။ ပြီးမှ သင့်စိတ်ကြိုက် ဘယ်ပုံကို ဘယ် circle နဲ့ Share လုပ်မလဲ စသဖြင့် အလွယ်တကူ ရွေးချယ်ပေးလို့ရပါတယ်။ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကို အကန့်အသတ်မရှိပဲ ကြိုက်သလောက်တင်လို့ရပြီး ဗွီဒီယိုကတော့ အကြာဆုံး ၁၅ မိနစ်ပဲရှိရပါမယ်။ နောက်ပြီး picassa နဲ့ ချိတ်ပြီးတော့လည်း ဓါတ်ပုံတွေ share လို့ ရပါသေးတယ်။ ပြီးတော့ Huddle ဆိုတဲ့ အုပ်စုလိုက် chat တဲ့ feature တစ်ခုလည်း ပါပါသေးတယ်။ သူက Blackberry messenger လို ပဲ သူငယ်ချင်းတွေ အုပ်စုဖွဲ့လိုက်ပြီး ၀ိုင်း chat တာပါပဲ။ ဥပမာ – နေ့လည်စာ ဘယ်မှာသွားစားရင် ကောင်းမလဲ ဆိုတာမျိုးပေါ့။ (Skyrider itzen journal)

သင့်ရဲ့ အချက်အလက်တွေအတွက် google ကို ယုံကြည်ရပါ့မလား

ဒီပြဿနာက တော်တော်ကြီးပါတယ်။ လူတွေက အဲဒီကိစ္စနဲ့ပတ်သက်ပြီး facebook အပေါ် အစာမကြေ ဖြစ် နေတာ google က သိထားပါတယ်။ google ရဲ့ blog တစ်ခုထဲမှာ ပြောထားတာက “သင်နဲ့ တခြား ဘီလီယံ နဲ့ ချီတဲ့ လူတွေ google အပေါ်ထားတဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါ’’တဲ့။ ဒါပေမယ့်လည်းပဲ google ရဲ့ အရင်တုန်းက ထွက်ခဲ့တဲ့ Buzz ကို ကြည့်ရင် တကိုယ်ရေလွတ်လပ်ခွင့်ကို သိပ်အလေးမထားတာကို တွေ့ရမှာ ပါ။ ဒါကြောင့် သင့်ရဲ့ အချက်အလက်တွေကို Google ဆီမှာ ယုံကြည်စိတ်ချစွာထားနိုင်သလားဆိုရင် မသေချာ ဘူးလို့ပဲ ဖြေရမှာပါ။

Google + ဘယ်တော့ထွက်မလဲ

Google + ကတော့ လောလောဆယ်မှာတော့ invite-only အဆင့်မှာပဲရှိသေးပြီး လူတွေကို သုံးခွင့် မပေး သေးပါဘူး။ အဲဒါကြောင့် sign up လုပ်ပြီး သင့်အလှည့်ကို စောင့်နေရုံပဲ ရှိပါတယ်။ ဘယ်လောက်ကြာမယ် ဆို တာကတော့ ဘယ်သူမှ မသိပါဘူး။ သေချာတာတစ်ခုကတော့ google က လူမှုကွန်ရက်လောကကို အင်နဲ့ အားနဲ့ ၀င်လာတာဖြစ်ပြီး အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ လှုပ်ခတ်မှုတစ်ခုတော့ ဖြစ်သွားပါ လိမ့်မယ်။

CD ( Liquid Crystal Display) Monitor ၀ယ်ယူရာတွင် သိထားသင့်သည့် အချက်(၇)ချက်

အခုနောက်ပိုင်းမှာ CRT မော်နီတာတွေရဲ့ နေရာကို LCD မော်နီတာတွေက အစားထိုး ဝင်ရောက်နေရာယူလိုက်ပြီ ဖြစ်ပါတယ်။ LCD မော်နီတာတွေ ဝယ်ယူတဲ့အခါမှာ အောက်ပါ အချက် (၇) ချက်ပေါ် အဓိကထား နှိုင်းယှဉ် ပြီး ဝယ်ယူသင့်ပါတယ်။
အဲဒါတွေကတော့
(1) Resolution
(2) Contract Ratio
(3) Monitor Ratio
(4) Response Time
(5) View Angle
(6) Port (DVI/VGA) နဲ့
(7) Warranty တို့ပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးထားတဲ့ အချက်တွေနဲ့ ပတ်သက်တဲ့ သိရှိထားသင့်တာတွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်။
(1) Resolution
Resolution ဆိုတာကတော့ မော်နီတာပေါ်မှာ ပုံဖော်ပေးနိုင်မယ့် အစက်အပြောက်အရေအတွက်ပဲ ဖြစ်ပါတယ်။ resolution များလေ မော်နီတာရဲ့ ကြည်လင်ပြတ်သားမှု ပိုကောင်းလေပါပဲ။ resolution ကို pixel ပမာဏနဲ့ ဖော်ပြ ပေးပါတယ်။ ဥပမာ မော်နီတာရဲ့ resolution 1280 x 1024 megapixel ဆိုရင် အဲဒီနှစ်ခုကို မြှောက်ရန် မော်နီတာမှာ ပုံဖော်ပေးမယ့် အစက်အရေအတွက် ရပါတယ်။
(2) Contract Ratio
Contract Ratio ဆိုတာကတော့ ပုံရိပ်ဖော်ရာမှာ အသုံးပြုတဲ့ အစက်အပြောက် တစ်ခုချင်းစီရဲ့ အတောက်ပဆုံး အဖြူရောင်နဲ့ အနက်ရောင်စစ်စစ်တို့ကို ဘယ်လောက်အထိ ရလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းပဲဖြစ်ပါတယ်။ Contract Ratio ကွာခြားချက် တန်ဖိုးမြင့်လေ ဖော်ပြတဲ့ ပုံရိပ်ရဲ့ ကြည်လင်တောက်ပမှု ပိုအားကောင်းလေ ဖြစ်ပါတယ်။ စကရင် ဆိုဒ်အရွယ်အစား တူညီတဲ့ အမျိုးအစားမတူတဲ့ မော်နီတာ နှစ်မျိုးကို ရွေးချယ်တဲ့ အခါမှာတော့ Contract Ratio ပိုများတာကို ရွေးချယ်သင့်ပါတယ်။
(3) Monitor Ratio
Monitor Ratio ဆိုတာကတော့ မော်နီတာရဲ့ အလျားနဲ့ အနံအချိုးကို ဆိုလိုတာဖြစ်ပြီး အခုဈေးကွက်ထဲမှာရှိတဲ့ မော်နီတာတွေမှာ square view နဲ့ wide view ဆိုပြီး နှစ်မျိုး တွေ့နိုင်မှာ ဖြစ်ပါတယ်။ wide view အချိုးမှာတော့ 16:10 နဲ့ 16:9 ဆိုပြီး နှစ်မျိုးရှိပြီး square view အချိုးကတော့ 4:3 ဖြစ်ပါတယ်။ 4:3 ကတော့ CRT မော်နီတာတွေမှာသုံးတဲ့ အချိုးအစားဖြစ်ပြီး ရုံးလုပ်ငန်းသုံးအတွက် သင့်တော်ပါတယ်။ Wide view ကတော့ ရုပ်ရှင်ကြည့်တာမျိုးနဲ့ Multi-media လုပ်ငန်းသုံးအတွက် အထူးသင့်လျော်ပါတယ်။
(4) Response Time
မော်နီတာပေါ်မှာ ပုံရိပ်ဖော်ဖို့အတွက် pixel လေးတွေကို အဖွင့်အပိတ်ပြုလုပ်ပေးရပါတယ်။ အဲဒီလိုလုပ်ပေးရာမှာ ဘယ်လောက်မြန်မြန် လုပ်နိုင်သလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းအတာပဲ ဖြစ်ပါတယ်။ Response Time နည်းပါက ပိုမိုကောင်းမွန်ပါတယ်။ အခုဈေးကွက်ထဲမှာတွေ့နေရတဲ့ မော်နီတာအများစုကတော့ 2ms, 5ms, 7ms စတာတွေရှိပါတယ်။ 2 milli second (2ms) ဆိုရင် Response Time က တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံနှစ်ပုံ ကြာတာကို ဆိုလိုတာဖြစ်ပါတယ်။
(5) View Angle
Verticle View Angle နဲ့ Horizonal View Angle ဆိုပြီး နှစ်မျိုးရှိပါတယ်။ မော်နီတာရဲ့ မျက်နှာပြင်ကို ဘေးစောင်းကနေ ဘယ်လောက်ထိကြည့်လို့ရသလဲနဲ့ အပေါ်အောက် ဘယ်လောက်ထိ စောင်းကြည့်နိုင်လဲဆိုတာကို တိုင်းတာတဲ့ အတိုင်းအတာဖြစ်ပါတယ်။ View Angle ကျဉ်းရင် ဘေးစောင်းကြည့်တဲ့အခါ မော်နီတာမျက်နှာပြင်က မည်းနေပါ လိမ့်မယ်။ View Angle ကျယ်လေ ပိုကောင်းလေ ဖြစ်ပါတယ်။
(6) Port
မော်နီတာ ဝယ်ယူတဲ့အခါမှာ ဘယ်လို Port တွေနဲ့ချိတ်ဆက်အသုံးပြုလို့ရလဲဆိုတာကိုပါ သိရှိဖို့လိုပါတယ်။ DVI port နဲ့ VGA port ဆိုပြီး နှစ်မျိုးရှိပါတယ်။ DVI port ကတော့ ဒစ်ဂျစ်တယ်ကနေ ဒစ်ဂျစ်တယ်ကို တိုက်ရိုက် output အနေနဲ့ ထုတ်ပေးတဲ့အတွက် VGA port ထက်ပိုကောင်းပါတယ်။ သင့်ရဲ့ system unit မှာ DVI output ပါတယ်ဆိုရင်တော့ DVI port ပါတဲ့ မော်နီတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အခုနောက်ပိုင်းမှာပေါ့ HD အရည်အသွေးတိုင်း ထောက်ပံ့ပေးနိုင်တဲ့ HDMI port ပါဝင်တဲ့ အမျိုးအစားတွေလည်း ဝင်ရောက်လာပါတယ်။
(7) Warranty
Warranty ကိုတော့ ဝယ်ယူတဲ့အခါမှာ သေချာမေးဝယ်သင့်ပါတယ်။ တချို့တွေက Warranty သုံးနှစ်လို့ ပြောပေမယ့် ဆားဗစ်ပဲ ပေးတာမျိုးရှိပါတယ်။ ဥပမာ - Warranty သုံးနှစ်ဆိုပါစို့။ Warranty ကို ဆားဗစ်ရော အစိတ်အပိုင်း (parts) နှစ်မျိုးလုံး သုံးနှစ် ပေးတာလား၊ LCD panel ကိုရော သုံးနှစ်ပေးတာလားဆိုတာကို သေချာမေးပြီး ဝယ်ယူသင့်ပါတယ်။