WELCOME

Friday, September 23, 2011

နှစ်သက်ရာ စာလုံးထဲတွင် မိမိပုံကို ထည့်သွင်းခြင်း


ဒီ tutorial လေးကတော့ မိမိနှစိသက်တဲ့ စာလုံးတွေမဗာ မိမိပုံကို ထည့်သွင်းပုံဖေါ်ခြင်းလို့ပဲ အတိုချုံ့ပြီးပြောပါရစေ...
ဒီ tutorial အတွက် လိုအပ်တာကတော့ မိမိပြုလုပ်မဲ့ file အသစ်တစ်ခုရယ်.....စာလုံးတွေမှာ ထည့်သွင်းအသုံးပြုမဲ့ ပုံတွေရယ်ပါပဲ.....

ကဲ.........စပြီး ပြုလုပ်ကြည့်ရအောင်.............

1/  File အသစ်တစ်ခုခေါ်ပါ။ File > New (or ) Ctrl+N
     File name- WYTU
Background- Width;6 / Height ;4 နှင့်ပုံမှာပြထားတဲ့အတိုင်း setting ဖြည့်ပြီး OK ကို ကလစ်လိုက်ပါ။

2/  File အသစ်ရပြီဆိုတာနဲ့ Tool Box ထဲက Horizontal Type Tool ( T ) ကိုရယူလိုက်ပါ။


3/   Tool Box ထဲက Foreground Colour ကို Click လိုက်ရင် Foregroundcolour Picker Box ကိုမြင်တွေ့ရမှာပါ။
      Colour Picker မှာ အရောင်တစ်ခုကိုရွေးချယ်လိုက်ပါ။ ကျွန်တော်က တော့ အနီရောင်ကိုပဲယူလိုက်ပါတယ်...ပြီးရင် OK ကို Click လိုက်ပါ။အောက်မှာပြထားတဲ့အတိုင်းပေါ့။




4/ Font Family မှာ Impact ကိုရွေးလိုက်ပါတယ်။ Font Size ကိုတော့ 150pt လို့ရိုက်ထညိ့လိုက်ပါတယ်။





5/  File New ပေါ်မှာ Click တစ်ချက်နှိပ်ပြီး ဆွဲယူလိုက်ပါ။ လေးထောင်အကွက်လေးပေါ်လာပါလိမ့်မယ်။အဲဒီအကွက်ထဲမှာ WYTU ဆိုပြီးရိုက်ထည့်လိုက်ပါ။



6/  Layer Pattle မှာ opacity 30 %လောက်ထိလျှော့လိုက်ပါ။


7/  Tool Box ထဲက Move Tool (V) ကိုရွေးယူလိုက်ပါ။


8/  စာလုံးတွေထဲမှာ အစားသွင်းမဲ့ ပုံတွေကို ဖွင့်လိုက်ပါမယ်။ကျွန်တော်ကတော့ www.wytumyanmar.com
     ရဲ့ မော်ဒယ်ဖြစ်တဲ့ Sandy ပုံတွေကို ဖွင့်လိုက်ပါတယ်။

9/ ဖွင့်ထားတဲ့ Picture file တွေကို တစ်ပုံချင်းဆီ Move Tool (V) နဲ့ WYTU file ထဲကို Drug ဆွဲထည့်ပါမယ်။

10/  Layer Pattle မှာ WYTU Layer ဟာအောက်ကိုရောက်ျနပါလိမ့်မယ်။သူ့ ကိုအပေါ်ဆုံးသို့ပို့လိုက်ပါ။




11/  Edit>Free Transform ကိုအသုံးပြုပြီး Picture File လေးတွေကို စားလုံးလေးတွေထဲမှာနေရာချပါ။ဒီလိုနေရာချပြီး ချိန်တဲ့အခါမှာ Layer Pattle မှာ မိမိပြုလုပ်မဲ့ Layer ကိုပဲရွေးထားရပါမယ်။ Transform ကို သုံးတဲ့နေရာမှာလဲ Shift Key ကိုဖိပြီး အသုံးပြုပါ။တစ်ပုံချင်းစီ စိတ်ကြိုက်နေရာချပြီးတိုင်း Enter ခေါက်ပါ။



12/ ပုံတွေအားလုံးကိုနေရာချပြီးရင် Layer Pattle မှာ Picture layer တွေကိုပေါင်းလိုက်ပါမယ်။ဒီလို Layer တွေကိုပေါင်းစပ်တဲ့အခါမှာ ကိုယ်ပေါင်းစပ်မဲ့  Layer တစ်ခုစီပေါ်မှာ Ctrl Key ကိုဖိပြီး Click တစ်ချက်စီနှိပ်သွားပါ။ပြီးလျှင် Ctrel +E ကိုနှိပ်လိုက်ပါ။ Picture Layer တွေဟာ တစ်ခုတည်းဖြစ်သွားပါပြီ။






13/ Ctrl Key ကိုဖိထားပါ။ပြီးလျှင် Layer Pattle က WYTU Layer ရဲ့ လေးထောင်ကွက်လေးကို Click တစိချက်နှိပ်လိုက်ပါ။ထိုအခါ WYTU စာလုံးရဲ့ ဘေးပတ်ပတ်လည်မှာ selection area လေးတွေပြေးနေပါပြီ။ပြီးလျှင် Ctrl+Shift+I ကိုနှိပ်လိုက်ပါ။အဲဒီအခါမှာ selection area ဟာ ပြင်ပက Background လေးထောင့်ကွက်ပေါ်မှာပါ ပြေးနေတာကိုတွေ့ရမှာပါ။ပြီးရင် Delete ကို Click လိုက်ပါ။စာလုံးရဲ့ပြင်ပ Background ဟာပျက်သွားပါပြီ။



14/ Ctrl +D ကို Click လိုက်ပါ။ဘေးက selection တွေဟာ ပျောက်သွားပါပြီ။

15/  Layer Pattle ထဲက Picture Layer ကို click လုပ်ပြီး WYTU Layer က မျက်လုံးပုံလေးကို Click လုပ်ပြီး ပိတ်လိုက်ပါ။ထိုအခါ ကျွန်တော်တို့ စပြီးလုပ်တုန်းက ရွေးထားတဲ့ အနီရောင် နောက်ခံတွေဟာပျောက်ပြီး မိမိပုံတွေပဲကျန်ခဲ့မှာဖြစ်ပါတယ်။

16/  ထပ်မံပြီး Layer > Layer Style > Drop Shadow ကိုရွေးချယ်လိုက်ပါ။



16/ အောက်ပါ setting အတိုင်းပြင်လိုက်ပါ။



17/  ထပ်မံပြီး Layer > Layer Style > Bevel and Emboss ကိုရွေးလိုက်ပါ။အောက်ပါ setting အတိုင်းပြင်လိုက်ပါ။လှပတဲ့ စားလုံးလေးတွေရရှိလာပါလိမ့်မယ်။



18/  WYTU ဆိုတဲ့ စားလုံးလေးရဲ့ နောက်မှာ လှပတဲ့ Background တစ်ခုနဲ့ အစားထိုးကြည့်ရအောင်။Background Image File တစိခုကို ဖွင့်ပါ။

19/   Layer Pattle မှာ WYTU Background ကိုရွေးချယ်ထားပါ။

20/   Tool Box ထဲက Move Tool (V) ကိုရွေးချယ်ပြီး Drug ဆွဲ၍ထည့်လိုက်ပါ။

21/   Edit > Free > Transform ကိုအသုံးပြုပြီး လိုသလို ပြုလုပ်လိုက်မယ်ဆိုရင် WYTU စာလုံးလေးဟာ လှပစွာတည်ရှိနေတာကိုတွေ့မြင်ရမှာဘဲဖြစ်ပါတယ်။အောက်တွင်ပုံရိပ်ရောင်ပြန်ထည့်တဲ့အဆင့်ကိုတော့ ရှည်မှာစိုးတဲ့အတွက် ဖော်မပြတော့ပြီ။


ကဲနောက်ဆုံးတော့ ဒီလို လှပတဲ့ စာသားနဲ့ ပုံလေးရရှိလာပါပြီ။



အားလုံး အဆင်ပြေဖို့မျှော်လင့်ပါတယ်။

Internet Connection မြန် အောင် လုပ် တဲ့  နည်းလေး ပါ


အင်တာနက်ကွန်နက်ရှင်မြန်အောင် လုပ်တဲ့ နည်းလေးပါ ။ ပထမဆုံး ...Run box လေးမှာ ဒါလေး ရိုက်ထည့်ထားလိုက်ပါဗျာ ။gpedit.msc  ။ ခဏလေးစောင့်လိုက်ပါဗျာ ။ ပြီးရင်Folder တစ်ခုတက်လာပါလိမ့်မယ် ။ ပေါ်လာရင်တော့ အောက်ပါအလိုက်တိုင်းပဲ အစဉ်တိုင်းပဲသွားလိုက်ပါဗျာ ။
LocalComputerPolicy-->ComputerConfiguration-->AdministrativeTemplates-->Network-->QOS
Packet Scheduler-->Limit Reservable Bandwidth အဲဒီအဆုံးမှာ LImit ကို နှစ်ချက်တိုက်လောက် လင့်ပေးလိုက်ရင်
Box (Folder)တစ်ခုတက်လာပါလိမ့်မယ် ။
အဲဒီမှာ Enabled, Bandwidth limit (20) အသီးသီးရွေးပေးလိုက်ပါ ။ ဒါက တစ်နည်းပြီးသွားပြီ ။
 
ကဲ နောက်တစ်နည်းကတော့ လွယ်ပါတယ် ။
Task bar က အင်တာနက် Connected  to က VPN ကို Right cleck နဲ့ တစ်ချက်လင့်လိုက်ပါ ။
အဲဒီမှာ Properties >>>Configure>>>Hardware featrues မှာ အစက်တွေကို ဖြုတ်ပေးလိုက်ပါ ။ OK လိုက်ပေါ့ ။

မိမိပုံ နောက်ခံ နဲ့ Gmail



gmail. နောက်ခံမှာ ကိုယ်စာတ်ပုံလေးကို ထည့်ချင်သူများ....




1...ညာဘက် အပေါ် ထောင့်က settings ကို ကလစ်ပါ...



2...Themes ကို ကလစ်ပါ...



3...ပြီးရင် အပေါ်က ပုံလို အောက် ဆုံးနား ညာဖက် က create your own theme ကို ကလစ်ပါ..


http://www.freeimagehosting.net/newuploads/d1588.jpg
4...ပြီးရင် ပေးလာတဲ့ ၀င်းဒိုးရဲ့ ညာဘက်ဒေါင့် ( အပေါး်က ပုံလို ) က Text Link မှာ ကလစ် လုပ်ရင် မိမိစိတ်ကြိုက် ကာလာ ရွေးစရာ
နေရာ ကို တွေ့ ရပါမယ်...


http://www.freeimagehosting.net/newuploads/13dd0.jpg
5...ပြီးရင် အပေါ်ကပုံလို Aling ကတော့ Left / Right ကြိုက်တာရွေးပါ...
နောက် Tiling ကတော့ Both ရွေး ရင် ပုံ ကဘေး ဘယ် ညာ ပေါ်မယ်...


6...ပြိးရင် ပုံတင်ဖို့ Select ကို ကလစ်လုပ် ပုံရွေး ..ပြီးရင် အောက်နားက


7...Upload ပေါ့

8...ပြီးရင် body ၇ယ် Sidebar ရယ် Header ၇ယ် Footer တို့ မှာ Background color , Link color , Text color တို့ ကို
အသေးစိတ်ရွေး...လှအောင်ရွေး...

http://www.freeimagehosting.net/newuploads/ce0a6.jpg

9...ပြီးရင် Save

10...မိမိပုံရဲ့ အကြီး အသေးပေါ်မူတည် ပြီး Gmail မှာ နောက်ခံလေးပေါ်နေပါမယ်....

Volkswagen Logo ဆွဲမယ်


ပထမဦးဆုံးအနေနဲ့  File New ခေါ်ပါမယ် ...

ပြီးရင် foreground နဲ့ background color ကို အောက်ပါအတိုင်းပြင်ချလိုက်ပါတယ် ..

ပြီးသွားရင် layer အသစ်ခေါ်ပြီးတော့ .. elliptical marquee tool နဲ့ ခုလိုလေးဆွဲလိုက်ပါတယ် ..

စက်ဝိုင်း လေးထောင့်ဆန်ဆန်ဝိုင်းရန် ဆွဲနေစဉ်အတွင်း shift ဖိပါ .. နောက်ထပ် space bar ကိုပါ ထပ်ဖိထားရင် mouse နဲ့ ထို circle selection ကို ရွှေ့လို့ရပါတယ် ..

အခု အဲ့ဒီ စက်ဝိုင်းထဲမှာ Gradient Tool ကိုယူပြီး ခုလိုမျိုးခြယ်လိုက်ပါတယ် ..


ဒါဆို ခုလိုရလာပါပြီ ..

ပြီးရင် elliptical marquee tool ကိုယူပြီး သူ့ထက်နည်းနည်းသေးတဲ့ selection လေးလုပ်ပါဦးမယ် ..

ပြီးသွားရင် stoke ထည့်ဖို့ အောက်ပါအတိုင်းလုပ်ပါ ...


ခုလိုရလာတဲ့အခါမှာ logo ကိုစဆွဲတော့မယ် .. ဒီနေရာလေးပဲနည်းနည်းခက်တာပါ .. ဒါပြီးရင်လွယ်ပြီ .. သဘောတရားလေးတွေ ပေးချင်လို့ .. အောက်ကပုံလေးကို ကူးပြီးတော့ photoshop ထဲကနေထပ်ဖွင့်ပါမယ် ..

အဲ့ဒီ selection နေရာကို pen tool နဲ့ လိုက်ထပ်ဆွဲမို့ပါ .. ကိုယ့်ဖာသာဒီဇိုင်းလုပ်တော့ ကိုယ်လိုချင်တဲ့ပုံလေးတွေ အဲ့လိုထည့်ပြီး pen tool နဲ့ကောက်ကြောင်းလိုက်လို့ရတာကို သိစေချင်တာပါ ...

layer အသစ်ခေါ်ပြီးမှ pen tool နဲ့ဆွဲနော် .. ခုလိုမျိုးလေး ထပ်ပြီးတော့ဆွဲလိုက်ပါ ..

ပြီးရင် CTRL+Enter နဲ့ selection လုပ်လိုက်ပြီး .. အဖြူရောင်ခြယ်လိုက်ပါ ..  ပြီးရင် CTRL+D ( deselect )
ပြီးတော့ .. ကျွန်တော်တို့ အပေါ်က ထပ်ပြီးဆွဲဖို့ ခေါ်ထားတဲ့ layer က မလိုတော့လို့ မီးပိတ်လိုက်ပါမယ် ..
ထို့နောက် .. CTRL+T နဲ့ခုလို လုပ်လိုက်တယ် ...





အခု အဖြူရောင် shape တွေကို CTRL+Click နဲ့ select ပေးပြီး CTRL+E နဲ့ပေါင်းတော့မယ်နော် ..

ပြီးရင် Blending Options မှာ ခုလိုပြင်ပါမယ် ...

ဒါဆိုခုလိုမျိုးလေးရလာပါမယ် ... အဆင်ပြေပါစေ ... ^_^



Ctrl + Z ရဲ့ လျို့ဝှက်ချက်များ



    ကျွန်တော်ခု Ctrl + Z အကြောင်းကို နည်းနည်းလောက် ဖောချင်တယ်ဗျာ :D  ကျွန်တော်ရဲ့ သုံးနေကျ အမြဲတမ်းပဲ အသုံးဝင်နေတဲ့ Ctrl + Z ဆိုတဲ့ Shortcut key ပါ ။ သိပြီးသား လူဆိုရင်လည်း နားငြီးနေမှာပေါ့ဗျာ ။ ဒါပေမယ့် မသိသေးတဲ့ လူတွေတော့ ကျွန်တော့်ကို အထင်မကြီးပါနဲ့ :D တကယ် ဘာမှမဟုတ်လို့ပါဗျာ ။
သိသလောက်ကတော့....
      ၁။ ဖျက်မှား သမျှဖိုင်တွေကို ပြန်ယူနိုင်ခြင်း (Undo)
     ဒါတော့ ကျွန်တော်ရဲ့ ဖြစ်နေကျ အမှားလေးပဲ အပုံတွေကို လုပ်ပြီးတော့ စာတွေဘာတွေရေး ဘလောဂ့်မှာ တင်ဖို့လေ ။ အဲဒါကို မသုံးရသေးတဲ့ အပုံတွေကို ခဏခဏဖျက်မှားနေကျ ။ အဲဒီခါကျရင် Ctrl + Z ကို နိပ်လိုက်ရုံနဲ့ အေးဆေးပဲ ပြန်ရပြီ ။ ဒီလိုဖြစ်ရင် ဒီနည်းကို မမေ့နဲ့ ။ တစ်ခုတော့ ရှိတယ် Recycle Bin ထဲကို ရောက်ပြီးတော့ ဖျက်ပြီးသွားရင်တော့ Ctrl + Z က မကယ်နိုင်တော့ကြောင်းပါ ။ အရေးကြီးတယ် ဆိုရင်တော့ မှားဖျက်သမျှကို ပြန်ယူပေးတဲ့ ဆောပ်ဝဲလ်ကို ကျွန်တော် တင်ပေးပြီးပါပြီဗျာ ။
     ၂။ဖိုင်နာမည်ကို မှားပြောင်းရင် ပြန်ပြင်နိုင်ခြင်း
      ဒါတော့ ဖြစ်လာရင် သုံးလို့ရပါတယ် ။ တစ်ချို့ဆောပ်ဝဲလ်ကို နာမည်ပြောင်းမှားတာတို့ဘာတို့ ။ ချုပ်ရရင် နာမည်မှားပြီးပြောင်းရင် Ctrl + Z ကို နိပ်လိုက်ရုံဖြင့် မူလ နာမည်သို့ ပြန်ရောက်စေချင်းပါ ။
      ၃။ နေရာပြောင်းရာတွင် နေရာပြောင်းမှားခြင်းကို မူလနေရာသို့ ပြန်ရောက်စေချင်း
ဒီတစ်ချက်တော့ ဆိုပါတော့ Folder တစ်ခုက GB နဲ့ ချီပြီးတော့ ရှိတာကိုး ။ ပြောင်းမှားရင် ဘယ်နှယ့်လုပ်မှာတုန်း Copy + Past ရင်ပေါ့ ။ ဒါမှမဟုတ် အလွယ်တကူပဲ Move နဲ့ ဟိုထဲ ဒီထဲကို ဆွဲထည့်မှားပြီးတော့ ဘယ်နားရှိမှန်း မသိပျော်သွားရင်ရော....ပြန်ပြီးတော့ ကော်ပီဖို့က နည်းတဲ့ ဆိုဒ်မဟုတ်ဘူး ။ ကြာမယ်...အချိန်ကုန်မယ်... မတော်လို့ ခက်ခက်ခဲခဲ ပို့လာပေးတဲ့ အပုံကို (မြန်မာနိုင်ငံက ကွန်နဲ့ ဆိုရင်ပေါ့ ) ဟီး...အနော်တောင် ပို့ခိုင်းတာ မရသေးဘူး ။ ဖိုင်အများကြီးထဲ သွားရောနေရင်ကော ခက်ချေဘူးလား :D ဒီအတွက်လည်း Ctrl + Z ကို နိပ်လိုက် မူလနေရာကို ပြန်ရောက်နေလိမ့်မယ်ဗျာ ။
    ၄။ မှားချက်တဲ့ စာသားတွေကို ပြန်လည် ယူချင်း
ဒီတစ်ချက်ကလည်း အသုံးဝင်ပါတယ် ။ စဉ်းစားကြည့်နော်...ခံစားချက်ပြင်းပြင်းနဲ့ တွေးပြီး ရေးတဲ့ စာသားက မှားပြီးတော့ ဖျက်မိလိုက်ရင် ဘယ်နှယ့်တုန်း သေပြီဆရာပဲ...နှမြောစရာကြီးနော်.... ကျွန်တောင် ဘလော့ကိုပြင်တယ် စာရေးတယ် HTML ကို ပြင်တယ် ။ မှားပြီးတော့ ဖျက်မိတာများတယ် ။ မမှုဘူး....
Ctrl + Z ကို တစ်ချက်တည်း နိပ်လိုက်ရုံနဲ့ စာသားတွေက ဘွားကနဲ့ ပြန်ပေါ်လာရော... အသုံးဝင်လှပါတယ်။
    ၅။ ဖိုတိုရှောပ်စတဲ့ ဆောပ်ဝဲလ်ကို သုံးရင်း မှားလုပ်ခဲ့မိတာကို ပြန်လည် ပြင်ဆင်နိုင်ခြင်း
ဒါတော့ ဖိုတိုရှောပ်သမားတိုင်းသိပါတယ် ။ ကျန်တဲ့ Office တို့မှာလည်း တူတူပဲပေါ့ ။ အဲ....မသိသေးရင်ဗျာ..ဖိုတိုရှောပ်က Ctrl + Z ဆိုရင် သိပ်စုံသေးဘူး Ctrl + Ait + Z တွဲနိပ်လိုက်ရင် တော်တော်လေးကို နောက်ပြန်ဆုတ်လို့ရတယ်ဗျာ ။ ဒါလည်း အသုံးဝင်တာပါပဲဗျ ။
Ctrl + Z ရဲ့ အသုံးဝင်မှုကို သိလောက်ကြမယ် ထင်ပါတယ်ဗျာ ။ ဒါတော့ ကျွန်တော် သိတာ အကုန်ပဲ ။ သိကြသေးရင် ပြောပြပါဦးလို့ ။