WELCOME

Friday, September 23, 2011

Right Click ထောက်မရတဲ့ Website မှာ Right Click ထောက်ရအောင် လုပ်မယ်

Right Click ထောက်မရတဲ့ Website မှာ Right Click ထောက်ရအောင် လုပ်မယ်


အခုနည်းလမ်းလေးကတော့ တစ်ချို့ Website တွေမှာ ဓါတ်ပုံဖြစ်စေ ၊ တစ်ခြား ကူးယူချင်တာပဲ ဖြစ်စေ ကူးယူလို့မရအောင် Right Click တွေကို Disable ပေးထားကြပါတယ်....ယခုနည်းလမ်းကတော့ Right Click Disable ပေးထားတာကို Enable ပေးနိုင်တဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်....

Internet Explorer Browser အတွက်
1. Tools>Internet options>Security ကိုသွားလိုက်ပါ...
2. Custom Level ကို Click လုပ်ပါ..
3. Scripting ဆိုတဲ့ခေါင်းစဉ်ကို လိုက်ရှာလိုက်ပါ..
4. တွေ့ပြီဆိုတာနဲ့ Active Scripting ကို Disable ပေးပြီး OK လုပ်လိုက်ပြီး Restart လုပ်လိုက်ပါ...



Mozilla Firefox Browser အတွက်
1. Tools>Options>Content ကိုသွားလိုက်ပါ...
2. Enable JavaScript မှာ အမှန်ခြစ်ပေးထားတာလေးကို ဖြတ်ပေးပြီး Ok လုပ်လိုက်ရင် ရပါပြီ....



Google Chrome Browser အတွက်
1. Browser ရဲ့ ညာဘက်ထောင့်နားမှရှိတဲ့ Wrench Icon ကို Click လိုက်ပါ...
2. Options ကိုဆက် Click လိုက်ပါ...
3. Under the Hood tab ကို ဆက်သွားပါ...
4. Content Setings ထဲမှာ JavaScript ကို Click လုပ်ပြီး Disable ပေးလိုက်ရင် ရပါပြီ...

RSS Feed ၏ အသုံးဝင်ပုံ


အခုဆိုရင် ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ အသုံးပြုနေတဲ့ အင်တာနက် ထဲမှာ အမျိုးမျိုး ၊ အဖုံဖုံသော Website တွေ ရှိကြပါတယ်...မိမိ ရှာဖွေလိုတဲ့ Application, Game, Knowledge အစရှိတာတွေကို Google Search Engine ကို အသုံးပြုပြီးတော့ နေရာအနှံ့သွားလာနေကြပါတယ်.....မိမိသိရှိလိုတဲ့ ဗဟုသုတ တွေကို အင်တာနက်ထဲမှာ ရှာဖွေကြသလို မိမိနားထောင်ချင်တဲ့ သီချင်း ၊ စာအုပ် အစရှိသည်တို့ကိုလည်း ဒီ အင်တာနက်ထဲမှာပဲ နေ့စဉ်နဲ့အမျှ ရှာဖွေဖတ်ရှု စုဆောင်းနေကြရပါတယ်.....

ထိုကဲ့သို့ ရှာဖွေစုဆောင်းရင်းနဲ့မှ မိမိအတွက် အသုံးဝင်မယ် ထင်တဲ့ Website တော်တော်များများကိုလည်း တွေ့ရှိလာခဲ့ကြပါတယ်....ယခု နောက်ပိုင်း ကျွန်တော်တို့ မြန်မာ အချင်းချင်း ဗဟုသုတ ရစေလိုတဲ့ ဆန္ဒနဲ့ မိမိသိထားသမျှတွေကို ပြန်လည် Share လုပ်တဲ့အနေနဲ့ Blogspot, Wordpress အပြင် ကျန်တဲ့ Free Hosting တော်တော်များများကနေ ကိုယ်ပိုင် Website တစ်ခု တည်ဆောက်ပြီး ဝေမျှနေကြပါတယ်....ဝေမျှတဲ့နေရာမှာလည်း စာဖတ်သူများအတွက်ပါ အဆင်ပြေအောင် RSS(Really Simple Syndication) Feed တွေ လုပ်ပေးထားပါတယ်.....RSS Feed ဆိုတာကတော့ စာရေးသူရဲ့ Website မှာ ရေးထားသမျှ Update Post တွေကို Feed Burner မှ တစ်ဆင့် Subscribe လုပ်ထားတဲ့ စာဖတ်သူရဲ့ E-mail ကို တစ်ဆင့်ခံအနေနဲ့ ပြန်လည် ဝေမျှပေးတဲ့လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးပါတယ်....ထို Feed Burner ကမှ တစ်ဆင့် မိမိဖတ်ရှုလိုတဲ့ Website ရဲ့ ပို့စ်တွေကို Subscribe လုပ်ပြီး မိမိ Mail မှတစ်ဆင့် ဖတ်ရှုနိုင်ပါတယ်....အဓိက အရေးကြီးတာကတော့ Subscribe Box မှာ မိမိလက်ခံလိုတဲ့ Email ကို ရိုက်ထည့်ပြီး Subscribe လုပ်ကြပေမယ့် Feed Burner ဆိုဒ်ကနေ ပေးပို့တဲ့ Activation Link ကို ပြန်လည်ပြီး Activate မလုပ်ခဲ့ဘူးဆိုရင်တော့ မိမိ Subscribe လုပ်ထားတဲ့ Email ကို ထို Website မှ Update ပို့စ်တွေ ပို့ပေးနိုင်မှာ မဟုတ်ပါဘူး.....ဘာဖြစ်လို့လည်း ဆိုတော့ Feed Burner ရဲ့ သဘောတရားက စာဖတ်သူမှ Agree လုပ်ပေးမှသာ ပို့စ်အသစ်တွေကို ပြန်လည် ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်....Feed Burner ရဲ့ အားသာချက်ကတော့ မိမိ
ဖတ်ရှုလိုတဲ့ Website တွေရဲ့ Update ပို့စ်တွေကို Email မှ အလွယ်တစ်ကူ နေ့စဉ်နှင့်အမျှ စောင့်ဖတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်....(ထို့ကြောင့် စာဖတ်ရတာ ၀ါသနာ ပါတဲ့သူတွေအတွက် RSS ဆိုတဲ့ Feed Burner ကို အသုံးပြုပြီး မိမိ၏ Email မှတစ်ဆင့် အလွယ်တစ်ကူ ဖတ်ရှုနိုင်သလို စာဖတ်လိုသူများဘက်မှလည်း Feed Burner ဆိုဒ်မှ ပို့ပေးသော Activation Link များကိုလည်း မမေ့မလျှော့ ပြန်လည် Activate လုပ်ဆောင်ပြီး မိမိ ဖတ်ရှုလိုသော Website များမှ Update ပို့စ်များကို အလွယ်တစ်ကူ ဖတ်ရှုနိုင်ရန် အကြံပြု ဖော်ပြလိုက်ပါတယ် ခင်ဗျာ....)

ဟုတ်မယ်ထင်တာပဲ..

( ၁ ) ချစ်သူဘဝ ။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏ ။
အိမ်ထောင်သည်ဘဝ ။ ။ အကြည့်ချင်းဆုံနေလျှင်လည်း အလကားဖြစ်၏ ။
( ၂ ) ချစ်သူဘဝ ။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏ ။
( ၃ ) ချစ်သူဘဝ ။ ။ ကလေး ဘယ်နှယောက် ယူလိုက်မည်ဟု စိတ်ကူး၏ ။
အိမ်ထောင်သည်ဘဝ ။ ။ စိတ်ကူးသည့်အတိုင်း ကလေးမယူဖြစ်ခဲ့ရင် အကောင်းသားဟု တွေး၏ ။
( ၄ ) ချစ်သူဘဝ ။ ။ ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေး၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင် တိတ်တိတ်လေး ထားလို၏ ။
( ၅ ) ချစ်သူဘဝ ။ ။ မွှန်နေသော်လည်း ကိစ္စမရှိဟု ဆို၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကိစ္စရှိမှ မွှန်၏ ။
( ၆ ) ချစ်သူဘဝ ။ ။တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေးပြော၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ဖုန်းထဲမှ အော်ရသည်ကိုပင် အားမရ ။
( ၇ ) ချစ်သူဘဝ ။ ။ ချစ်သူ့အကြောင်း ကဗျာရေးဖွဲ့၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကဗျာရေးသူ ငစနူ ။
( ၈ ) ချစ်သူဘဝ ။ ။ သူငိုလျှင် ကိုယ်လိုက်ငို၏ ။
အိမ်ထောင်သည်ဘဝ ။ ။ သူငိုလျှင် TV အစီအစဉ်ကောင်းပြီ ။
( ၉ ) ချစ်သူဘဝ ။ ။ သူ့မွေးနေ့ကို အလွတ်ရ၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ ။
( ၁၀ ) ချစ်သူဘဝ ။ ။ လူတောထဲတွင် လက်ချင်းချိတ်၍ သွားလေ့ရှိ၏ ။
အိမ်ထောင်သည်ဘဝ ။ ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍ သွားလေ့ရှိ၏ ။
( ၁၁ ) ချစ်သူဘဝ ။ ။ အစာစားလျှင် ခွံကျွေးမှ ကြိုက်၏ ။
အိမ်ထောင်သည်ဘဝ ။ ။ အစာစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏ ။
( ၁၂ ) ချစ်သူဘဝ ။ ။ အချစ်သီချင်းများသာ နားထောင်၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကက်ဆက်အကြောင်းသာပြော၏ ။
( ၁၃ ) ချစ်သူဘဝ ။ ။ ချစ်သူ အကြောင်းသာပြော၏ ။
အိမ်ထောင်သည်ဘဝ ။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏ ။
( ၁၄ ) ချစ်သူဘဝ ။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏ ။
အိမ်ထောင်သည်ဘဝ ။ ။ လူပေါင်းမှားခဲ့မိသည့်အတွက် ရင်ထုမနာ ဖြစ်၏ ။

ရယ်(ရီ)သောသူ အသက်ရှည်၏

( ၁ ) တစ်ခါက ချင်းတောင်က ချင်းအမျိုးသားတစ်ဦးဟာ မြစ်ဝကျွန်းပေါ်ဒေသကို ပထမဆုံးအနေနဲ့ အလည်အပတ် ရောက်လာသတဲ့ ။ ချင်းတောင်မှာ အုန်းပင် မရှိလို့ အုန်းသီး တခါမှ မစားဘူးတဲ့ ချင်းအမျိုးသားက အုန်းသီးကို စားကြည့်ပြီး မှတ်ချက်ချလိုက်ပုံက " အောက်ပြည်အောက်ရွာက အုန်းသီးကောင်းတယ်ဆိုလို့ စားကြည့်ပါတယ် ။ အရသာကလဲ ဖန်တွတ်တွတ်နဲ့ အစေ့ကလဲ အကြီးကြီး "

( ၂ ) တစ်ခါကရွာတရွာမှာ ကျောင်းထိုင် ဘုန်းကြီးတပါးက သူ့သွားတွေကို ဖြူဖွေးနေအောင် မနက်တိုင်း တိုက်လေ့ရှိသတဲ့။တနေ့တော့ မိန်းမကြီးတဦးက စိန်လက်စွပ်အကြီးကြီး ဝတ်ပြီး လက်ကို ခါယမ်းပြီး " ဒီနေ့ ဘာနေ့ - ဘာနေ့ပါလဲ ဘုရား " လို့ ဘုန်းကြီးကို မေးတော့ ဘုန်းကြီးစိတ်ထဲမှာ " အင်း ...ဒီ ဒကာမကြီးတော့ ငါ့ကို သူ့စိန်လက်စွပ်ကြွားနေပြီ ။ ငါလဲ ဘာပြန်ကြွားရမလဲ " လို့ စဉ်းစားပြီး ဖြေလိုက်ပုံက"ဗုဒ္ဒဟီး....ဒကာမကြီး ...." လို့ သွားကိုဖြဲပြီးဖြေလိုက်သတဲ့ ။

( ၃ ) တစ်ခါက ရွာတရွာမှာ မောင်လှဆိုတဲ့ လူရွယ်တဦးရှိသတဲ့ ။ မောင်လှ အရွယ်ရောက်လာတော့ မိဘများက အိမ်ထောင်ချပေးချင်ပေမဲ့ မောင်လှမှာ အောက်နှုတ်ခမ်းပြတ်နေလို့ ယုမဲံ မိန်းမ မရှိဘူးတဲ့ ။ တနေ့တော့ မိတ်ဆွေဟောင်းဆီက တဆင့် တခြားရွာတရွာက သမီးပျိုကို မိဘချင်း စကားကမ်းလှမ်းကြသတဲ့ ။ မောင်လှ မိဘများက သူတို့သားအောက်နှုတ်ခမ်းမရှိတာကို ဖုံးကွယ်ချင်တော့ မင်္ဂလာ အခမ်းအနားကို ညဖက်မှာပဲ မီးမှောင်ချပြီး ကျင်းပရမယ်လို့ အဆိုပြုတယ် ။ သတိုသမီးရှင်ဖက်ကလဲ ကန့်ကွက်ခြင်းမရှိတော့ မောင်လှရဲ့ မင်္ဂလာပွဲကို နေ့ကောင်းရက်သာ ရွေးပြီး တညမှာ မီးမှောင်ချပြီး ကျင်းပကြသတဲ့ ။ မင်္ဂလာဦး ထမင်းစားဝိုက်းမှာ မောင်လှက ဟင်ချိုပူကြောင်းကို " ဟင်းချိုကလဲ ဝူလိုက်တာ " လို့ပြောတော့ သတိုသမီး ပြန်ပြောလိုကိပုံက " ဝူရင် ဝုတ်တောက်ပေါ့ " တဲ့ ။

( ၄ ) ခွေးကို နောက်ခြေနှစ်ချောင်းနှင့် ရပ်တတ်ရန် မိန်းမဖြစ်သူ သင်ပေးနေသည်ကို ကြည့်၍ ယောကျာ်းဖြစ်သူက သဘောမကျသော လေသံဖြင် ပြောသည်။ " ဟေ့ ကြိုးစားပြီး သင်ပေးမနေနဲ့ ၊ ဒီကောင်က ခေါင်းမာတဲ့အကောင် ၊ လိုက်လုပ်မှာ မဟုတ်ဘူး ။ " " ရှင် ဘာမှ ဝင်မစွက်နဲ့ ၊ ရှင်လဲ အစတုန်းက ကျွန်မ စကားကို ဘယ်မှာ နားထောင်လို့လဲ "

( ၅ ) မောင်မြသည် ကပ်ရပ်ခြံမှ ကိုဘလှကို လှမ်းအော်ပြောလိုက်သည်။ " ဟေ့ ကိုဘ ၊ ခင်ဗျား ခွေးက ကျုပ်မွေးထားတဲ့ ကြက်ဖကို ကိုက်စားလိုက်ပါပကောဗျာ " " ခင်ဗျား သတင်းပေးတဲ့အတွက် ကျေးဇူးပဲ ၊ ဒီကောင့်ကို ညနေစာ ကျွေစရာ မလိုတော့ဘူး ။ "

( ၆ ) ညဥ့်အချိန်တွင် သင်္ချိုင်းဘေးမှ အမျိုးသမီးငယ် တစ်ဦး ဖြတ်လျှောက်သွားသည်။ ၎င်း၏ နောကမှ လူရိပ်တစ်ခု လိုက်လာပြီး သူမကို မှီလာသည်။ "ကြောက်သလား" ဘေးက အမည်မသိ လူက မေးလိုက်သည်။"ကြောက်တာပေါ့ရှင်" "အင်း ကျွန်တော်လည်း အသက်ရှင်တုန်းက ကြောက်ခဲ့တာပဲ"

( ရ ) အမည်မသိ လူတစ်ဦး ဆရာဝန်ထံ ဖုန်းဆက်သည်။ "ဒေါက်တာ လုပ်ပါဦး ၊ ကျွန်တော့် သားငယ်လေး ဖောင်တိန်ကို မြိုချလိုက်တယ်ဗျ" "အမြန်ဆုံး လာခဲ့မယ်၊ဒါနဲ့ အခု ခင်ဗျား ဘာလုပ်နေလဲ" "ခဲတံနဲ့ရေးနေတယ်"

( ဂ ) "ဒေါက်တာ ကျွန်တော်ချောင်းခဏခဏဆိုးနေတယ်ခင်ဗျာ" "အန်ကယ့်အသက် ဘယ်လောက်ရှိပြီလဲ" "၇၅နှစ်ပါ" "အသက်၂၀- အရွယ်တုန်းက ချောင်းဆိုးဖူးသလား" "ဟင့်အင်း" "အသက်၄၀-အရွယ်တုန်းကရော" "မဆိုးခဲ့ပါဘူး""ရှင်းနေတာပဲ အန်ကယ်ရယ်၊ဒီအရွယ်မှာ မှ ချောင်းမဆိုးရင် ဘယ်အချိန်မှာ သွားဆိုးမှာလဲ"

( ၉ ) "မေမေ၊ နတ်မိမယ်ဆိုတာ ဘာလဲဟင်" "နတ်မိမယ် ဆိုတာ လူနဲ့ တူတဲ့ အမျိုးပေါ။ ဒါပေမယ့် သူက ကောင်းကင်ထဲ ပျံတတ်တယ်ကွဲ့" "မမှန်ဘူး" "ဘာဖြစ်လို့လဲ" "မနေ့က ဘေးအိမ်ခန်းက အန်တီကို ဖေဖေက တင်ပါးဆုံကို လက်နဲ့ပုတ်ပြီး မင်းဟာ နတ်မိမယ်ပဲလို့ပြောတယ်။ ဒါပေမဲ့ သူက မပျံတတ်ဘူးဗျ။"

( ၁၀ ) "ကျွန်မ ဆရာပေးတဲ့ ပိန်းဆေးကို သောက်နေတာ ၂-လ ရှိပြီ၊ ပိန်းလည်းမပိန်ပါလားရှင်" "တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ် သောက်တာလဲ" "ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်ရမယ်လို့ ဆရာပြောတဲ့အတိုင်းပဲလေ"

( ၁၁ ) ပြင်သစ်ကုမ္မဏီတစ်ခု၏ အုပ်ချုပ်ရေးမှူးသည် ဝန်ထမ်းများအားလုံးကို စုရုံးစေကာ အောက်ပါအတိုင်းပြောသည်။ "လာမယ့်ရက် အနည်းငယ်အတွင်းမှာ ကျွန်တောတို့ရဲ ကုမ္မဏီဟာ ၂၅-နှစ် ပြည့်တော့မယ်၊ ဒီနှစ်ပတ်လည်နေ့ကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ကျင်းပရမှာ ဖြစ်တယ်၊ဒါကြောင့် ဘယ်လို ကျင်းပရင် ကောင်းမလဲဆိုတာ နဲ့ ပတ်သက်ပြီး အကြံဉာဏ်များပေးကြပါ" မိနစ်အနည်းငယ်အကြာတွင် အခန်းထောင့်တစ်နေရာမှ ဝန်းထမ်းတစ်ဦး နေရာမှ ထရပ်သည်။ "ကျွန်တော့်ဆီမှာ အကြံဉာဏ်တစ်ခုပေါ်လာပါတယ်" "ပြောပါ" "အီဖယ်လ်မျှော်စင်ကနေ အုပ်ချုပ်ရေးမှူးကြီး ခုန်ခါပါ၊ ဒီအတွက် မျှော်စင်ပေါ်တက်ခ လက်မှတ်ဖိုးပဲကုန်ပါမယ်၊ ပြင်သစ်တစ်နိုင်ငံလုံးကလည်း ခုန်ချတဲ့အကြောင်းနဲ့ ကျွန်တော်တို့ကုမ္မဏီအကြောင်းကို ပြောကြမှာသေချာတယ်၊အဲ ဝန်ထမ်းတွေရဲ့ ကျေနပ်အားရမှုကတော့ ဘယ်လိုမှမဖော်ပြတတ်အောင်ပါပဲ"

( ၁၂ ) လူရွယ်တစ်ဦး ဆေးဆိုင်သို့ရောက်လာကာ အရောင်းသမကို တိုးတိုးပြောသည်၊ အမျိုးသမီးက ကျယ်ကျယ်ပြန်ပြောသည်။"ဘာ ကာကွယ်ရေးပစ္စည်းလဲ၊ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့် ကာကွယ်ရေး ဝန်ကြီးဌာန မဟုတ်ဘူး"

( ၁၃ ) စကားထစ်သူတစ်ဦးသည် ဆိုင်မှ ရေခဲသေတ္တာဝယ်သည်။ ဆိုင်မှ အလုပ်သမာ်းက ရေခဲသေတ္တာကို ငါးထပ်တိုက်ပေါ်ကို ထမ်းတ်ငသည်။ လှေခါးတစ်လျှောက်တက်စဉ် စကားထစ်သူက တစ်စုံတ်စခု ပြောရန်ကြိုးစားသည်။ အလုပ်သမားက နားမထောင်ပဲ ပြန်ပြောသည်။"အပေါ်ရောက်မှ ပြောဗျာ"အပေါ်ဆံုးထပ်သို့ရောက်သည်။ "ကိုင်း.ဘားပြောချင်လို့လဲ၊ ပြော" "ကျွန်တော်တို့ ဝင်ပေါက်မှား...မှား ဝင်မိတယ်ဗျ" အလုပ်သမားသည် ဆဲရေးတိုင်းထွာပြီး ရေခဲသေတ္တာကို လာခဲ့သောလှေခါးအတိုင်း ထမ်းပြီးပြန်ဆင်းသည် ၊ အဆင်းလမ်းတွင် စကားထစ်သူက စကားပြောရန် ကြိုးစားသည် ၊ အောက်သို့ရောက်လာသည်။ "ဒီတစ်ခါ ဘာပြောဦးမလို့လဲ" "ကျွန်တော် ကျီ. . . ကျီ စားတာပါ ခင်ဗျ"

( ၁၄ ) ချာတိတ်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အားကျမခံ စကားနိုင်ထိုးနေကြသည်။ "ငါ့အဖေက မင်းအဖေထက်သာတယ်ကွ" "မဟုတ်ဘူး၊ ငါ့အဖေက သာတယ်" "ငါ့အစ်ကိုက မင်းအစ်ကိုထက်သာတယ်ကွ" "မသာဘူး၊ငါ့အစ်ကိုက သာတယ်" "ငါ့အမေက မင်းအမေ ထက်သာတယ်ကွ" "အေး...အဲဒါတော့ မင်းမှန်တယ်၊ငါ့ အဖေကလည်းပြောတယ်"

( ၁၅ ) "မေမေ၊ သားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်ကအန်တီလေးကို ဖက်နမ်းတယ်ဗျ သိလား" "နေပါစေ သားရယ်၊ သူတို့က လက်ထပ်တော့မှာပဲ" "ဒါဆို သားတို့ ဖေဖေရော အိမ်ဖော်ကောင်မလေးကို လက်ထပ်တော့မှာတဲ့လားဟင်"

( ၁၆ ) ဆရာဝန် ။ ။ "အင်း...ခင်ဗျားရောဂါက နမိုးနီးယားပဲဗျ"
လူနာ ။ ။ "သေချာရဲ့လားဆရာရယ်၊ ဟိုတလောက ကျွန်တော့ သူငယ်ချင်း တစ်ယောက်ကို နမိုးနီးယားဆိုပြီး ဟိုဘက်ခန်းက ဆရာဝန်ကုလိုက်တာ အဲဒီ လူနာသေတော့ ငှက်ဖျားရောဂါနဲ့သေတာဗျ"
ဆရာဝန် ။ ။ "အင်း...ဒါတော့မစိုးရိမ်ပါနဲ့ဗျာ၊ ကျုပ်ကပိုပြီးသေချာတဲ့လူပါ၊ ကျုပ်ကသာ နမိးနီးယားလိုံဆုံးဖြတ်ထားရင် အဲဒီလူ နမိုးနီးယားနဲ့ပဲ သေမှာပါ ဒါတော့စိတ်ချ ကိုယ့်လူ"

( ၁၇ ) စိတ်လှုပ်ရှားနေသော လူငယ်စုံတွဲတစ်တွဲ စိန်ရွှေရတနာဆိုင်ထဲသို့ ဝင်လာပြီး တန်းဖိုးကြီး နားကပ်များ၊ လက်ကောက်များ ကို အငမ်းမရကြည့်သည်။ လူငယ်သည် မိမိ၏ အိတ်ထောင်ကို အလောတကြီး နှိုက်သည်။ ရှိသမျှ အိတ်များကို နှိုက်သော်လည်း ရျာသည့်ပစ္စည်းကိုမတွေ့ချေ။ ထိုအခါ အမျိုးသမီးက ဆိုင်ရှင်ကိုပြောသည်။ "ကိစ္စမရှိပါဘူး၊ ကျွန်မတို့ နောက်တစ်ခေါက်လာခဲ့မယ်၊ ကျွန်မရဲ့ အမျိုးသားက ခြောက်လုံးပြူးထည့်ယူလာဖို့ မေ့သွားတယ်"

( ၁၈ ) "ခင်ဗျားမိန်းမကို လူတစ်ယောက် နမ်းဖို့ကြိုးစားနေတာ ခုနကပဲ ကျွန်တော် တွေ့ခဲ့တယ်ဗျ" "ဟုတ်လား၊ သူကြိုးစားတာ အောင်မြင်သွားလား" "ဟင့်အင်း" "အဲဒါဆို ကျွန်တော့် မိန်းမ မဖြစ်နိုင်ဘူး"

( ၁၉ ) "မင်းဘေးမှာ ငါထိုင်ပြီး စကားပြောနေတာ တစ်နာရီ မကတော့ဘူး၊ ခုထက်ထိ မင်းဆီက စကားတစ်ခွန်းမှ တုန့်ပြန်မပြောသေးဘူး၊ ကဲ ဒါဆိုလည်း ကိုယ်ပြန်ပါတော့မယ်၊ နောက်ဆုံး ခင်မင်မှု အထိမ်းအမှတ်နဲ့ စကားလေးတစ်ခွန်းလောက်တော့ပြောစမ်းပါ" "ရှင် ထိုင်နေတဲံ ကုလားထိုင်က စောစောကမှ ဆေးသုတ်ထားတာရှင့်"

( ၂၀ ) နာတာရှည်ရောဂါဝေဒနာနဲ့ မသက်မသာခံစားနေရတဲ့ လင်ယောက်ျားကို မယားဖြစ်သူအားပေးနေပါတယ်။ "မောင်...အားမငယ်နဲ့နော် ကျွန်မရှင့်ကို ပြုစုလာခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ မကြာခင်မှာ ပျောက်သွားမှာပါ" "ရောဂါက မသက်သာဘူး မိန်းမရယ်" "ဒါဆို ကျွန်မ ဘာလုပ်ပေးရမလဲဟင်" "စောစောက မီးဖိုချောင်က ကြက်သားနံ့ရတယ်ကွာ၊ အဲဒါ နည်းနည်းလောက် စားချင်လို့" "အို..အဲဒါ ဟိုလူဖို့တော့်"

ဥာဏ်စမ်း ( 1 )

၁)

ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of Science ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလိုဆိုထားပါတယ်။

မေးခွန်းက အကယ်၍
၁= ၅
၂= ၂၅
၃= ၁၂၅
၎= ၆၂၅
၅= ?

လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်... ကျွန်မတို့အားလုံးမှာ ဟားဗတ် တက်နိုင်တဲ့ အရည်အချင်းရှိကြပါတယ်။

၁= ၅ ဆိုတော့
အဖြေက ၅ = ၁ ပါတဲ့။

***********************************
၂)
ချိုချဉ်တစ်လုံးကို ၁ကျပ်ပေးရတယ်။
ချိုချဉ်အခွံ ၃ခုကို ချိုချဉ်တစ်လုံးနဲ့ လဲနိုင်တယ်။
၁၅ ကျပ်ဖိုး ၀ယ်တယ် ဆိုပါစို့။
စုစုပေါင်း ချိုချဉ်ဘယ်နှစ်လုံး စားရမလဲ.. ?

က) ၀ လုံး
ခ) ၁၅ လုံး
ဂ) ၂၀ လုံး
ဃ) ၂၁ လုံး
င) ၂၂ လုံး

အဖြေက (၂၂)လုံး ဖြစ်ပါတယ်။

၁၅ကျပ်ဖိုးဝယ်တော့ ချိုချဉ်က = ၁၅ လုံး
အခွံ၁၅ခုနဲ့ ချိုချဉ်ပြန်လဲတော့.....= ၅လုံး
ရတဲ့ ၅လုံးထဲက အခွံ၃ခုနဲ့ ပြန်လဲတော့ = ၁လုံး
ကျန်တဲ့ အခွံနှစ်ခုနဲ့ နောက်ဆုံးရတဲ့ အခွံပေါင်းပြီး ပြန်လဲတော့ နောက် ၁ လုံးထပ်ရတယ်။ စုစုပေါင်း (၂၂) လုံးရပါတယ်။ ရှိသမျှအခွံကို လွှင့်မပစ်ဘဲ အကုန်လဲစားလိုက်တာ..း)

***********************************
၃)
တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။
ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။

အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ?
စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။ ဖတ်ဖူးတဲ့ ဆိုက်ဒ်ထဲမှာတော့ တစ်ချို့က လက်နဲ့ တစ်ခုခုကို ညှပ်နေတဲ့ ပုံစံလုပ်ပြမှာပေါ့လို့ ဖြေထားကြတယ်။ မျက်မမြင်က မျက်စိသာ မမြင်တာ ဆွံအသူ မဟုတ်ဘူးလေ။ ကတ်ကြေးတစ်လက် ပေးပါလို့ ပြောလိုက်ရုံပါပဲ။

I don't know why?


သေဒဏ်စီရင်ပုံ(လျှပ်စစ်ကုလားထိုင်)


သရုပ်ဆောင်နေတာလားမသိဘူးနော်


အပြစ်တငိမနေကြတော့နဲ့


Thursday, September 22, 2011

မြန်မာအမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံတွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာ

ဆင်းရဲသဖြင့် လက်ဖက်ရည် ရောင်းနေရသော မရင်လတ် 
(Photo: Irrawaddy Blog)

ထိုင်းလွှတ်တော်က မြန်မာအမျိုးသမီးတစ်ဦး ဖြစ်သော ဒေါ်ရင်လတ်ကို ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် မဲပေး ရွေးချယ်လိုက်ကြောင်း ဘန်ကောက်မှလာသော သတင်းများတွင် ဖော်ပြထားသည်။

အသက် ၄၄ နှစ် အရွယ် ဒေါ်ရင်လတ်၏ မြန်မာ အမည်ရင်းမှာ ဒေါ်ရင်လှ ဖြစ်ပြီး စကားမပီသော ထိုင်းလူမျိုးများက ရင်လတ် (Yingluck) ဟု အသံထွက်ကြောင်း သိရသည်။ ငယ်နာမည်မှာ မပု (nickname= Pu) (Thai စာလုံးပေါင်း: ปู) ဖြစ်သည်။ သူမသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဇင် (ထိုင်းတွေက မပီကလာဖြင့် သက်ဆင် ဟု ခေါ်ကြသည်)၏ နှမအငယ်ဆုံး ဖြစ်သည်။

ဒေါ်ရင်လတ်၏ အဘေးဖြစ်သူ ဦးစိန် (Seng)မှာ တရုတ်မျိုးနွယ် တစ်ဦး ဖြစ်ပြီး၊ တရုတ်ပြည် ကွမ်တုံနယ်မှ လာရောက်ကာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် (Siam) တွင် အခြေချ ခဲ့ကြောင်း သိရသည်။ ဦးစိန်၏ သားကြီးဖြစ်သူ တရုတ်နွယ်ဖွား မြန်မာပြည်သား ဦးချိန် (Chiang)မှာ သက်ဇင် နှင့် မရင်လတ် တို့၏ အဖိုးဖြစ်သည်။

နောက်ပိုင်းတွင် မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများ အဖြစ် ပြောင်းရွှေ့ ထွက်ခွာသွားခဲ့ပြီး၊ ရင်လတ်တို့၏ ဖခင်ဖြစ်သူ ဦးလှ (Lert)ကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် မွေးဖွားခဲ့သည်။ ဦးလှကို ထိုင်းလူမျိုးများက ဦးလတ်ဟု ခေါ်ကြ၏။

ဦးလတ်သည် ဇင်းမယ် ညဈေးတန်း တွင် လက်တွန်းလှည်းကလေးဖြင့် လက်ဖက်ရည် ရောင်းခဲ့ပြီး၊ နေ့လည်အချိန်များတွင် လိမ္မော်သီး ရောင်းခဲ့သည်။ ဦးလတ်၏ ဇနီးကလည်း ပန်းရောင်းခဲ့ကြောင်း သိရသည်။
သမီးဖြစ်သူ မရင်လတ် အနေဖြင့်လည်း ငယ်စဉ်ကပင် မိဘနှစ်ပါးကို လက်ဖက်ရည်၊ လိမ္မော်သီးနှင့် ပန်းများ ရောင်းပေးခဲ့သည်။ အစ်ကိုဖြစ်သူ သက်ဇင် ကလည်း ရုပ်ရှင်ရုံများ အနီးတွင် ကွမ်းယာ၊ ဆေးလိပ်များ ရောင်းကာ မိဘကို ကူညီခဲ့ကြောင်း သိရသည်။ ရင်လတ်တို့ မိသားစုမှာ လွန်စွာ ဆင်းရဲကြသည်။

ရင်လတ် အရွယ်ရောက်သောအခါ ထိုင်းလူမျိုး ဆင်းရဲသား တစ်ဦး ဖြစ်သော Anusorn Amornchat နှင့် လက်ထပ်ခဲ့သည်။ Anusorn မှာ ၀က်မွေးမြူရေး၊ ကြက်မွေးမြူရေးများ လုပ်ပြီး ကြက်ဥရောင်းသော အလုပ်ကို လုပ်ကိုင်သည်။ သူလုပ်ကိုင်သည့် ကြက်ဥ ကြက်သား ဆိုင်ကို (စီပီ)ဟု အမည်ပေးထားသည်။

ဒေါ်ရင်လတ်မှာ ဆင်းရဲသား ဘ၀မှ ၀န်ကြီးချုပ် ဖြစ်လာသဖြင့် ချွေတာရေး လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်လျက် ရှိသည်။ ချွေတာရေး အစီအစဉ်အဖြစ် ကျောင်းသူကျောင်းသား ကလေးငယ်များကို ဗလာစာအုပ်ဖြင့် စာရေးမှတ်ခြင်း မပြုကြဘဲ မိရိုးဖလာ ကျောက်သင်ပုန်းများ ဖြင့်သာ စာရေးကြရန် တိုက်တွန်းထားသည်။ ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်းကလည်း ကလေးငယ်များကို ကျောက်သင်ပုန်း (ကျောက်သင်ပုန်း ဓာတ်ပုံ-ရှု) တစ်ယောက်တစ်ခုစီ အလကား ပေးမည်ဖြစ်ပြီး ဝေဖာ (wi-fi) များလဲ ကျွေးမည်ဟု မဲဆွယ်ခဲ့ဖူးသည်။

(ဒေါ်ရင်လှ ခေါ် ဒေါ်ရင်လတ် အကြောင်း အကြံပြုသူ- WTH)