WELCOME

Thursday, September 22, 2011

8888




(Photo: AP)

ပိုစတာ ပြောင်းပြန် ကိုင်မိတာတောင်
ပိုစတာထဲက 8888 ကတော့ တာဝန်ကျေပွန်စွာဖြင့် တည့်မတ်စွာ နေပေးသွားခဲ့ပါသည်။

ဗထူးကွင်းကို Water polo ကွင်းအဖြစ် ပြောင်းလဲ


(Photo: Weekly Eleven)

ယခု ရက်ပိုင်းအတွင်း မန္တလေးမြို့ရှိ ဗထူးကွင်းကို ကမ္ဘာ့အဆင့်မီ Water polo ကွင်းအဖြစ် ပြောင်းလဲ ထားကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ဗထူးကွင်းတွင် ဘောလုံးပွဲစဉ်များကို ကျင်းပမည် မဟုတ်ဘဲ Water polo ပွဲများကိုသာ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လစ်ဗျား အာဏာရှင် ဂဒါဖီ ခွေးယောင်ဆောင်လျက်ရှိ


လစ်ဗျား အာဏာရှင် ဗိုလ်မှူးကြီး ဂဒါဖီ ခွေးယောင် ဆောင်နေကြောင်း သတင်းရရှိသည်။

အာဏာရှင် စနစ်ကို ဆန့်ကျင် ပုန်ကန်နေသူများထံတွင် အဖမ်းခံရမည် စိုးရိမ်သဖြင့် ခွေးကဲ့သို့ ပုန်းအောင်နေကြောင်း သတင်းတစ်ပုဒ်က ဖော်ပြသည်။



ထို့ပြင် ၄င်းအား တွေ့မြင်သူများ မမှတ်မိစေရန် မူလအမည် "ဂဒါဖီ" မှ "ကရာဖီ" သို့ အမည်ပြောင်းထား ကြောင်းလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

အီရတ် အာဏာရှင်ဖြစ်သူ ဆက်ဒမ် ဟူစိန် သည်လည်း ကြွက်ယောင် ဆောင်ပြီး၊ ကြွက်တွင်းထဲတွင် ပုန်းအောင်းဖူးသည့် သာဓက ရှိခဲ့ဖူးသည်။

Photo in Fish Bowl


အခုတစ်ခေါက်တော့ ရေထဲမှာ ဓါတ်ပုံတစ်ပုံကို ဘယ်လိုထားမလဲ လေ့လာကြည့်ကြရအောင်။ အရင်ဆုံးလိုအပ်တဲ့ ပုံတစ်ပုံကိုဖွင့်လိုက်ပါတယ်။
photo from http://mottahedehchina.blogspot.com/2011_03_01_archive.html
အဲဒီနောက် ရေထဲမှာသွားထားမယ့် ပုံလေးကိုတော့ Girls Generation အဖွဲ့က Seo Hyun ပုံလေးကို သုံးပါမယ်
photo from http://girlsgeneration93.blogspot.com/2009/10/091020-seo-hyun-in-oh-boy-magazine.html
ဒီပုံလေးကို ငါးကန်ထဲကို Drag ဆွဲသွားလိုက်ပါမယ်၊ အဲဒါဆိုရင် ငါးကန်ပုံလေးမှာ Background layer နဲ့ Layer 1 ဆိုပြီး Layer နှစ်ခုဖြစ်လာပါပြီ၊ ငါးကန်ထဲက ကျောက်ခဲလေးတွေမှာ ဓါတ်ပုံကို သွားထောင်ထားတဲ့ပုံစံ ဖန်တီးမှာဖြစ်ပါတယ်။ အဲဒီတော့ ဓါတ်ပုံရှေ့နားက ကျောက်ခဲလေးတွေကို ပေါ်လာအောင်တော့ Seo Hyun ပုံရဲ့ အောက်နားလေးတွေကို ဖျက်ပေးရမှာပါ။ ပုံမှာကြည့်ပါ အနီရောင် marking ပြထားပါတယ်။
အရင်ဆုံး Seo Hyun ပုံကို visible ဖျောက်ထားလိုက်ပါမယ်။ နောက် Polygon Lasso tool သုံးပြီး Select လုပ်လိုက်ပါမယ်။
ပြီးရင် keyboard ကနေ Delete key နှိပ်ပေးလိုက်ပါမယ်၊ ဒါဆိုပုံကိုဒီလိုမြင်နေရပါပြီ။
နောက်တစ်ဆင့် အနေနဲ့ Filter>Liquify ရွေးလိုက်ပါမယ်၊ Liquify dialog ပေါ်လာတဲ့ အခါ Bloat tool ကိုရွေးလိုက်ပါမယ်၊ Bursh size ကိုပုံတစ်ခုလုံးငုံမိအောင် ကြီးပေးပါမယ်၊ Keyboard ကနေ [ နဲ့ ] တွေဟာ brush size အကြီးအသေး Option တွေပါ။ ပုံတစ်ခုလုံးငုံမိသွားရင်တော့ Click တစ်ချက်ပဲနှိပ်ပါမယ်၊ အကြာကြီး နှိပ်ထားတာမျိုးမဟုတ်ပါဘူး၊ အဲဒီ Bloat tool ဟာ ကြာကြာနှိပ်ထားလေ Effect များလာလေမို့ပါ။
ဒီအဆင့်ပြီးရင်တော့ ပုံလေးကို ဒီလိုမြင်ရပါမယ်၊ Distortion နဲနဲပါနေတဲ့ပုံမျိုးပါ၊ ဒီအဆင့်ဟာ ရေထဲကပုံမို့လို့ Distort ဖြစ်တာကိုဖန်တီးတာပါ၊
နောက်အဆင့်အနေနဲ့တော့ ဖန်အိုးထဲက ရေရဲ့ အရောင်ကို Seo Hyun ရဲ့ပုံပေါ်မှာ တင်ပေးမှာပါ၊ ဒါကြောင့် Eyedropper tool ကိုသုံးပြီပုံမှာပြထားတဲ့နေရာလေးကို Click ပေးလိုက်ရုံပါပဲ၊ ဒါဆို အဲဒီနေရာမှာရှိတဲ့ အရောင်ဟာ Foreground color ဖြစ်သွားပါတယ်။
နောက်ဆုံးအဆင့် အနေနဲ့တော့ Layer palette မှာ Seo Hyun ပုံဖြစတဲ့ Layer 1 ပေါ်မှာ Ctrl key ကိုနှိပ်ထားပြီး Click နှိပ်လိုက်ပါမယ်၊ ဒါဆို Layer 1 ကို select လုပ်ပြီးသားဖြစ်သွားပါတယ်၊ Edit>Fill ကိုနှိပ်လိုက်ပါမယ်၊ ပေါ်လာတဲ့ Fill dialog ကနေအောက်ပါ Setting တွေအတိုင်းပေးပြီး Ok နှိပ်လိုက်ပါမယ်။
ဒါဆိုပုံလေးကိုဒီလိုရနေပါပြီ၊ ရေထဲမှာပုံလေးကိုသွားထားတဲ့ ပုံစံမျိုးမြင်နေရမှာပါ။

Movement


လူတစ်ယောက် ဒါမှမဟုတ်အရာဝတ္ထုတစ်ခုရွေလျားသွားတဲ့အခါမှာ ကျန်ခဲ့တဲ့အရိပ်ပြေးလေးတွေကို အခု tutorial မှာလုပ်ကြည့်ကြမှာပါ
ပထမဆုံး မိမိအသုံးပြုမယ့်ပုံကိုဖွင့်ပါ၊ အခုတော့ mmphotoshop ရဲ့ Sponsor site ဖြစ်တဲ့ http://dandaryee.org/ ကနေဟောဒီပုံလေးကိုယူသုံးလိုက်ပါတယ်
ဒီပုံလေးထဲက မိန်းကလေးနှစ်ယောက်ပုံကို selection ဖြစ်ယူပြီး Document တစ်ခုထဲမှာသွားထားလိုက်ပါတယ်။
Layer တွေကတော့ပုံမှာပါတဲ့အတိုင်းရှိနေပါမယ်၊ Girls ဆိုတဲ့ Layer ကို shade ပြေးနေတဲ့ပုံလေးလုပ်မှာပါ
အဲဒီ Girls ကို Ctrl+ J ကိုနှိပ်ပြီး copy ၃ခုပွားလိုက်ပါမယ်။ အားလုံးပေါင်း Girls layer လေးခုဖြစ်သွားပါမယ်၊ ပုံမှာကြည့်ပါ။
Girls copy 3, Girls copy 2, Girls copy, Girls ဆိုတဲ့ Layer တွေထဲကမှ အောက်ဆုံးက Girls layer ကို Active လုပ်လိုက်ပါမယ်။
နောက်တဆင့်အနေနဲ့ Filter>Blur>Motion Blur ကိုရွေးလိုက်ပါမယ်။ Shading လေးကို နောက်မှာကျန်တဲ့ effect မျိုးလုပ်မှာ ဖြစ်တဲ့အတွက် Angle ကို 0 degree ထားပါတယ်၊ Distance ကိုတော့ 100 ထားလိုက်ပါမယ်(မိမိအသုံးပြုသည့်ပုံပေါ်မှုတည်ပါသည်)၊ OK နှိပ်လိုက်ပါမယ်။
အောက်ဆုံးက Layer ပြီးသွားတော့ သူ့အပေါ်က Girls copy Layer ကိုဒီအတိုင်း လုပ်ပါမယ်၊ အရင်ဆုံးအဲဒီအပေါ်က Layer ကို Select အရင်လုပ်ပါမယ်
ပြီးရင်တော့ စောစောကအတိုင်း Filter>Blur>Moton Bur ကိုယူပါမယ်၊ Distance ကိုတော့ နဲနဲလျော့ပေးလိုက်ပါမယ်၊ ပုံမှာကြည့်ပါ
ပြီးရင်တော့ Girls copy 2 layer အလှည့်ပါ
အရှေ့က Layer တွေအတိုင်းပါပဲ
နောက်တဆင့်ကတော့ အဲဒီ Blur လုပ်ထားတဲ့ Layer တွေကို Merge လုပ်မှာပါ၊ Ctrl + E ကို နှိပ်လိုက်ပါ၊ ဒါဆို Girls copy 2 နဲ့ Girls copy တို့ဟာ Layer တစ်ခုထဲဖြစ်သွားပါပြီ၊ နောက်တစ်ခါထပ်ပြီး Ctrl + E ထပ်နှိပ်လိုက်ပါဦးမယ်၊ ဒါဆိုရင် သူ့အောက်က Layer ဖြစ်တဲ့ Girls layer နဲ့ပါပေါင်းသွားပါပြီ၊ အခုတော့ Blur effect လုပ်ထားတဲ့ Layer သုံးခုပေါင်းပြီး Girls ဆိုတဲ့ Layer တစ်ခုပဲကျန်ပါတော့မယ်။
ဒီနောက်လုပ်စရာက Girls Layer ကို ပုံမှာပြထားတဲ့အတိုင်း Polygon Lasso tool သုံးပြီး selection တစ်ခုလုပ်ပါမယ်
ပြီးရင်တော့ Delete key နှိပ်ပြီးဖျက်လိုက်ပါမယ်၊ ပြီးရင် Ctrl + D ကိုနှိပ်ပြီး Deselect လုပ်လိုက်ပါမယ်။ ဒါဆိုပုံကိုဒီလိုမြင်ရပါပြီ
အဲဒါပြီးတော့ ခြေထောက်နားလေးကို select လုပ်ပါဦးမယ် အရိပ်ဟာ နောက်ကိုပြေးမှာဖြစ်တဲ့အတွက် ဒီလိုပုံမျိုး selection လုပ်ရတာပါ
ခုလုပ်ထားတဲ့ Selection ကို Ctrl + Alt +D key သုံးခုပေါင်းနှိပ်ပြီးတော့ feather လုပ်ပါမယ်။ Feather radius setting ကတော့ ပုံကိုလိုက်ပြီး နဲနဲကွာနိုင်ပါမယ်
Feather selection လုပ်ပြီးသွားရင်တော့ Delete key နှိပ်ပြီးအဲဒီနေရာကို ဖျက်လိုက်ပါမယ်။ ပြီးရင် Ctrl + D ကိုနှိပ်ပြီး Deselect လုပ်ပါမယ်။ ခြေထောက်နားက selection မှာဘာကြောင့် Feather လုပ်ရတာလဲလို့မေးစရာ ရှိနိုင်ပါတယ်။ တကယ်လို့ Feather မသုံးပဲ ဖျက်မိရင် အဲဒီနေရာဟာ အကွက်လိုက်ကြီးဖြစ်နေမှာပါ။ Feather လုပ်လိုက်တဲ့အခါကြတော့ ဖျက်လိုက်တဲ့အခါမှာ ပြေပြေပြစ်ပြစ်ရှိပါတယ်။ စမ်းကြည့်ပါ၊ အခုနောက်ဆုံး result ကဒီလိုဖြစ်သွားပါပြီ။
shading လမ်းကြောင်းကိုရှည်ရှည်လိုချင်ရင် Motion blur မှာ Distance ကိုများများပေးလိုက်ရုံပါပဲ၊ Layer သုံးခုကို Motion blur Distance ပေးတဲ့အခါမှာ အောက်ဆုံးက အများဆုံး အပေါ်ဆုံးက အနဲဆုံးသုံးထားပါတယ်၊ ဒီအစီအစဉ်ကိုတော့ မမေ့ပါနဲ့။
ဒီအောက်ကပုံကလဲ http://dandaryee.org/ ကပုံလေးကိုပြုပြင်ထားတာပါ၊ အထက်မှာပြောခဲ့တဲ့ အစီအစဉ်တွေအပြင် ဆိုင်ကယ်ဘီးမှာတော့ Radial Blur နဲနဲပါ အသုံးပြုထားပါသေးတယ်။ လေ့လာကြည့်ပါဦး။

Photo to Sketch


ဒီတစ်ခါတော့မိမိရဲ့ပုံတူ Sketch တစ်ခုကို Photoshop နဲ့ဆွဲကြည့်ကြရအောင်ဗျာ၊ ဒီမှာအဓိက လိုအပ်တာကတော့ ပန်းချီအမြင်ပါ။ ဒါပေမယ့် ပန်းချီဆရာတစ်ယောက်ရဲ့ အမြင်မျိုးထိမဟုတ်ပါဘူး၊ အလင်းအမှောင်ကြည့်တတ်ရုံ မျက်နှာတစ်ခုမှာ ပေါ်လွင်တဲ့နေရာကြည့်တတ်ရုံ လောက်ပါ။ Sketch ဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့မျက်နှာမှာ ပေါ်လွင်တဲ့အမှတ်အသားကြည့်တတ် ရေးခြယ်တတ်ရင်တော့ပိုကောင်းပါတယ်။ ကရေကချာပုံဆွဲနိုင်တဲ့ ပညာရှင်အဆင့်လိုမျိုးဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ Photoshop ကတော့သင့်စိတ်ကူကို အကူအညီပေးရုံသက်သက် ရယ်ပါ။ အခုအသုံးပြုမယ့်ပုံကိုဖွင့်လိုက်ပါမယ်
အရင်ဆုံး Layer ၂ခုကို Create လုပ်ပါမယ် (Ctrl + Sift + N)။ ပုံမှာပြထားတဲ့အတိုင်း Backgraound Layer ပေါ်က Layer 1 ကိုအဖြူရောင် Fill လုပ်ထားပါမယ်။ Layer 2 ကိုတော့ ဒီအတိုင်းပဲထားလိုက်ပါ။
Pen tool ဟာ အခု Tutorial မှာအဓိကအကျဆုံး Tool ပါ၊ Pen tool ကိုရွေးပြီးတော့ ပုံပေါ်မှာ Path လမ်းကြောင်းလေးတွေဆွဲမှာပါ။ Pen tool အကြောင်းကိုအရင်သင်ခန်းစာတွေမှာဖော်ပြခဲ့ပြီးပါပြီ။ အခု Pen tool နဲ့တွဲသုံးမယ့် Tool တွေကတော့ Path Selection Tool နဲ့ Direct Selection Tool တွေပါ။ Path Selection Tool ဟာမိမိဆွဲထားတဲ့ Path လမ်းကြောင်းတစ်ခုကို Select လုပ်ပေး move လုပ်ပေးနိုင်ပါတယ်၊ Direct Selection Tool ကတော့ အဲဒီ Path တစ်ခုထဲက Node လေးတွေကို Select လုပ်ပေး move လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Node ရဲ့ Handle လေးကိုရွေ့ပေးခြင်းဖြင့် Path ရဲ့ပုံစံကိုပါ ပြောင်းပေးနိုင်ပါသေးတယ်။
အခု path တွေကိုစဆွဲပါမယ်၊ ဒီမှာစောစောက Layer 1 အဖြူရောင်ကြီးကို ပိတ်ဖွင့်လုပ်ခြင်းဖြင့် မျက်စိအမြင်ကို ချိန်ဆကာ Path တွေကို ပြင်ဆင်ခြင်းပြုလုပ်နိုင်ပါတယ်။ Path တစ်ကြောင်းဆွဲပြီးတိုင်း Move tool ကိုရွေးကာ Path လမ်းကြောင်းများမရှိသောနေရာတွင် Click နှိပ်ပေးပါ။ ဒါဆိုရင် အဲဒီ Path လမ်းကြောင်းကို Deselect လုပ်တာ (သို့) အဲဒီ Path ကိုဆွဲပြီးသွားပြီလို့ဆိုလိုတာပါ။ ပြီးမှ Path tool ပြန်ယူပြီး နောက်ထပ် Path လမ်းကြောင်းများထပ်ဆွဲပါ။
သင့်စိတ်ကြိုက် Path လိုင်းများဆွဲပြီးသွားရင်တော့ Layer 2 ကို Active ပေးလိုက်ပါ၊ အဲဒီနောက် window>Paths palette ကိုဖွင့်လိုက်ပါ ပြီးရင်တော့ အဲဒီ Palette ထဲက work path ဆိုတဲ့စာသားလေးပေါ်နေတဲ့နေရာကို Right click နှိပ်ပါ။ အဲဒီကမှ Stroke Path ကိုနှိပ်လိုက်ပါမယ်၊
Stroke path option မှာ Tool ကိုတော့ Pencil ရွေးထားလိုက်ပါမယ်၊ အဲဒီတော့ Setting တွေက Pencil tool အတိုင်းဖြစ်လာမယ်ပြောတာပါ Brush size တို့ color တို့ကိုပြောတာပါ။ OK နှိပ်ပါ၊ Result ကိုကြည့်ပြီး Stroke size တို့ Color တို့ပြင်ချင်ရင် Undo (Ctrl+ Z) လုပ်ပြီး Pencil tool ကိုရွေးကာ option တွေပြင်ပါ၊ ပြီးမှစောစောကပြောခဲ့တဲ့အတိုင်း Path palette ရဲ့ fly out menu ကနေ Stroke path ပြန်လုပ်ပါ။ အိုကေ ဒါဆိုပုံကိုဒီလိုရနေပါပြီ။
မေးစရာတစ်ခုရှိနိုင်ပါတယ် ရယ်နေပြုံးနေတဲ့နေရာတွေမှာ ပါးကအရိပ်လေးတွေဘာကြောင့်မထည့်ရသလဲဆိုတာပါ၊ အဲဒါကတော့ ကြည့်သူအမြင်မှာ ပိုကောင်းအောင်လို့ပါ။ တစ်ခါပုံဆွဲခြင်းရဲ့လျှို့ဝှက်ချက်ပဲဆိုရလေမလား မျက်လုံးတွေကိုဆွဲတဲ့အခါမှာ အောက်မျက်ခမ်းဟာ အပေါ်မျက်ခမ်းထက်အမြဲပါးနေရပါမယ်၊ လုံးဝထင်းမနေရပါဘူး။ ဒီအချက်လေးတွေကိုလဲဂရုစိုက်ရပါမယ်။ ဒီပုံစံ Sketch လေးတွေဟာ ဖန်တီးသူရဲ့ အမြင်နဲ့သာ သက်ဆိုင်ပါတယ်။ အကယ်၍သင်ဟာ ပန်းချီအနုပညာဖန်တီးမှုမှာ အားသာခဲ့ရင်တော့ ဒီထက်ကောင်းတဲ့ပုံတွေကို ဖန်တီးနိုင်မှာပါ။ အောက်မှာနမူနာပြထားတဲ့ပုံကိုလေ့လာကြည့်ပါဦး

ပုံတူပွားခြင်းနဲ့ ပတ်သက်၍


KZO: ဗျို့... ဆရာဟန်... ကူပါဦးဗျာ...
HTN: ဘာတွေ ဖြစ်နေတာလဲဗျာ...
KZO: ဟို... ဟိုဟာဗျာ... ပုံတူ... ပုံတူ... မျိုးပွား... ပွားတဲ့ကိစ္စဗျာ...
HTN: ဟေ့လူ... ဆရာကျော်... မျိုးပွားတဲ့ ကိစ္စက `အိုဂျီ´ တွေ အလုပ်လေ...
KZO: ဟာ... ဆရာသမားက တယ်ဝေးသကိုး... လယ်ဝေးပို့ရတော့မယ်... ဒီမှာ... ပုံတူမျိုးပွားတယ်ဆိုတာ Cloning ကိုပြောတာ... Cloning ကိုပြောတာ...
HTN: အဲဒီတော့...
KZO: ဟာ... ဆရာသမားကလည်း ကျုပ်ဒီမနက်ပဲ ဟိုးတုန်းက ရုပ်ရှင်ကားဟောင်းကြီး ကြည့်လာတာ... အဲဒီမှာ... ကျုပ်တို့မင်းသားကြီး ၀င်းဦးက ခုနှစ်ကိုယ်ခွဲပြီးတော့...
HTN: ဟိုး... သိပြီဆရာ... `ချစ်သူရွေးမယ် ချစ်ဝဲလယ်´ ဆိုတဲ့ရုပ်ရှင်မဟုတ်လား... အဲဒါမျိုး ဒီဘက်ခေတ်မှာ ရာဇာနေ၀င်းကလည်း `ရာဇာနေ၀င်း Clone´ ဆိုပြီး တစ်ကားရိုက်သေးတယ်ဗျ...
KZO: ဟုတ်တယ်ဗျ... အဲဒါတွေထဲကလို...
HTN: ဟေ့လူ... ဒါမျိုးလား...
KZO: ဟာ... ဟုတ်ပါ့ ဆရာသမားရေ... ဆရာသမားက တယ်လက်သွက်သကိုး... ဒါကြောင့်လည်း ဆရာဟန်၊ ဆရာဟန်ဆိုပြီး အသာစံနေတာပေါ့...
HTN: တော်... တော်... ခင်ဗျားမြှောက်ပင့်စကားတွေ...
KZO: ကဲ... ထားဗျာ... အပိုစာသားတွေ၊ စာသားအပိုတွေ လုပ်မနေနဲ့... ဘယ်လို လုပ်သလဲဆိုတာ... အခုတစ်ခါတည်း ပြောပြ... မဟုတ်ရင်တော့နော်... ဆရာ့သတင်းတွေ၊ အတင်းတွေ...
HTN: ဟေ့လူ... တော်... တော်ဗျာ... အခုပြောပြမယ်... ပထမဆုံး အဲလိုပုံတွေရဖို့ ဓာတ်ပုံရိုက်တဲ့အခါ တစ်နေရတည်းမှာ (Tripod) လို့ခေါ်တဲ့ ထောက်တိုင်နဲ့ ထောက်ပြီးရိုက်ရမယ်ဗျ။ အဲဒါမှ ပုံတွေကို ပြန်ပေါင်းတဲ့အခါ အဆင်ပြေမှာ...
ပြီးရင် အဲဒီပုံလေးပုံကို ပေါင်းမယ်ဗျာ။ အဲဒီလိုပေါင်းတဲ့အခါ ဘယ်ပုံကို အောက်ဆုံးမှာ ထားရမလဲဆိုတာကိုတော့ သေချာရွေးဗျာ။ ဒီနမူနာမှာတော့ အောက်ဆုံးပုံအဖြစ် ဒီပုံကိုထားလိုက်တယ်။
ပြီးရင် နောက်ထပ် အဲဒီ Layer ထက် ရှေ့နည်းနည်းရောက်မယ်ထင်တဲ့ Layer တစ်ခုကို သူ့အပေါ်မှာ ထပ်တင်မယ်ဗျာ... အဲ... တင်ပြီးတဲ့အခါ အဲဒီ Layer ရဲ့ Opacity ကို 60% လောက်ခဏထားကြည့်ပြီး အောက်က ပုံနဲ့ တစ်ထပ်တည်း ကျမကျ ကြည့်ရမယ်။ မကျရင်တော့ ရွှေ့ရမယ်ပေါ့ဗျာ။
ပြီးရင် အဲဒီ Layer ရဲ့ Opacity ကို 100% မှာ ပြန်ထားမယ်... ပြီးတော့ Layer Mask တစ်ခုခေါ်ပြီး မလိုတဲ့ အခြမ်းတွေကို ဖျက်ပစ်မယ်ဗျာ။ ဒီမှာ တစ်ခုတော့ ပြောရမယ်... တကယ်လို့သာ Photoshop CS3 ကို အသုံးပြုမယ်ဆိုရင်တော့ Auto-Align Layers နဲ့ အလွယ်တကူ အဆင်ပြေပြေပဲ ဒီအဆင့်တွေကို ဦးမစားဘဲ လုပ်လို့ရမယ်ဗျာ။
အဲလိုပဲ... နောက်ထပ် Layer တွေကိုလည်း အထက်ကအတိုင်းလုပ်မယ်။ ပြီးရင် Layer Mask သုံးပြီး မလိုတဲ့နေရာတွေကို ဖျက်ပစ်မယ်။ ဒီလိုမျိုးဗျာ...
အဆုံးသတ် ဖန်တီးပြီးသွားရင်တော့ ပုံအတိုင်း တွေ့ရမှာပေါ့ဗျာ...
KZO: ဟိုက်ရှားဘား... ရေရေလည်လည်ကို လန်းတယ် ဆရာသမားရေ... ကျုပ်လည်း ကိုယ်ပွားတွေ ဖန်တီးကြည့်လိုက်ဦးမယ်။ တကယ်လို့ လူတွေအများကြီး ပါမယ်ဆိုရင် ခက်လည်းခက် ရှုပ်လည်းရှုပ်ကုန်မှာပေါ့နော်...
HTN: အင်း... လူချင်းမထပ်အောင်တော့ ဓာတ်ပုံရိုက်တဲ့အခါ သေချာနေရာရွေးပေါ့ဗျာ... အဓိကကတော့ Tripod ဆိုတဲ့ ထောက်တိုင်နဲ့ သုံးပြီးရိုက်ဖို့ပဲဗျ။ ပြီးတော့ ပတ်ဝန်းကျင် အလင်းအမှောင် အပြောင်းအလဲမမြန်တဲ့နေရာမျိုးမှာပေါ့ဗျာ။ ဒီမှာ နမူနာတွေ ရှိသေးတယ်... ကြည့်သွားဦး...
KZO: အင်း... ဒါကြောင့်လည်း ဆရာဟန်၊ ဆရာဟန်ဆိုပြီး နာမည်ကျော်နေတာကိုး... မြန်မာပြည်မှာ မျောက်မင်းဝူခုံးကားရိုက်ရင်... ဆရာ့ကိုခေါ်သုံးမှပဲ...
HTN: တော်... တော်တော့ ပုဂ္ဂိုလ်... အပိုစာသားတွေ၊ စာသားအပိုတွေ အခုရပ်...
KZO: အေးပါဗျာ... ကျုပ်လည်း တော်တော်အသွင်ထူးတဲ့ ကျော်ဇင်ဦးဖြစ်သွားအောင်... ပေါ်တင်ကူးလိုက်တော့မယ်ဗျာ...
HTN: အဟား... ဟား... ဟား...